ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ဖြေရှင်းရန်နည်းလမ်းကို ကျွန်ုပ်သိပြီ

22.05.2022

ရမ်ဆီ ဖာနန်ဒို မာရီယို၊ မက္ကဆီကိုနိုင်ငံ

ကျွန်တော်သည် ကတ်သလစ် မိသားစု၌ ကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက သူတို့နှင့်အတူ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့သည်။ အရွယ်ရောက်လာသည့်အခါ ယုံကြည်သူအချို့က တနင်္ဂနွေနေ့များမှာ ဘုရားကျောင်းကို သွားသော်လည်း၊ ပုံမှန်အားဖြင့် မယုံကြည်သူများကဲ့သို့ ဆေးလိပ်သောက်၊ အရက်သောက်ပြီး ပါတီပွဲများ လုပ်ကြသည်ကို ကျွန်တော် သတိထားမိသည်။ သူတို့က သခင်၏ သတ်မှတ်ချက်များကို မလိုက်နာဘဲ၊ အပြစ်ပြုနေသည်ဟု ကျွန်တော်ခံစားရသည်။ ကျွန်တော်လည်း မကြာခဏ အပြစ်ထဲမှာ ရှင်သန်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က လိမ်ညာသည်၊ စိတ်တိုသည်၊ မနာလိုဖြစ်သည်။ ကျွန်တော်အပြစ်များကို ဘုန်းတော်ကြီးဆီမှာ ဝန်ခံလျှင်ပင် အပြစ်လုပ်လိုက်၊ ဝန်ချလိုက်၊ အပြစ်ပြန်လုပ်လိုက်ဆိုသည့် သံသရာမှ မလွတ်မြောက်နိုင်ပါ။ ကျွန်တော် လုံးဝ လမ်းပျောက်နေသလို ခံစားရသည်။ သို့နှင့် အပြစ်မှ လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့အတွက် ကျွန်တော်တို့အသင်းတော်မှ ထွက်ပြီး အခြားဂိုဏ်းဂဏတစ်ခုကို ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

နောက်ပိုင်းတွင် အလုပ်လုပ်နေစဉ် ခရစ်ယာန်ဖြစ်သည်မှာ ကြာပြီဖြစ်သည့် အစ်ကိုရာအူးနှင့် ကျွန်တော်တွေ့သည်။ သင်းအုပ်ဆရာများ၏ တရားများမှာ ထိုးထွင်းသိမြင်မှု မရှိသည့်အပြင် သူတို့က အလှူငွေများကိုသာ အမြဲတမ်း တောင်းနေသောကြောင့် မတူသည့် အသင်းတော်များစွာသို့ သူရောက်ပြီးသော်လည်း သူဆက်မတက်ခဲ့ဟု သူက ပြောခဲ့သည်။ သူတို့က ပိုက်ဆံကိုသာ စိတ်ဝင်စားပြီး ညီအစ်ကိုမောင်နှမများက ပြဿနာအချို့နှင့် ပတ်သက်ပြီး သူတို့ထံမှ အကူအညီကို လိုချင်သည့်အခါမှာ သူတို့က “တရားဟောဆရာကို အရင်သွားမေးလိုက်။ အဖြေမရှာနိုင်သေးရင် ကျုပ်ကို အသိပေး” ဟုသာ ပြောသည်ဟု သူကပြောသည်။ ကျွန်တော် တော်တော် ခေါင်းရှုပ်သွားသည်။ အသင်းတော်တစ်ခုမှာ အဘယ်ကြောင့် ဤကဲ့သို့ အရာများ ဖြစ်ရသနည်း။ ထို့နောက်တွင် အခြားခရစ်ယာန် အသင်းတော်ငါးခု၊ ခြောက်ခုလောက်ကို ကျွန်တော်သွားခဲ့သည်၊ အားလုံးက အစ်ကိုရာအူး ပြောပြခဲ့သည့်အတိုင်း အတိအကျ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ဝတ်ပြုအစီအစဉ် တစ်ခုတွင် အချို့ယုံကြည်သူများက ချက်စ်ကစားနေပြီး စားပွဲသောက်ပွဲများ ကျင်းပကြသည်ကို ကျွန်တော် မှတ်မိသေးသည်။ အသင်းတော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲ ဘာသာရေးသမားများအတွက် ဖျော်ဖြေပွဲကျင်းပသည့်နေရာနှင့် ပိုတူလာသည်ကို ကျွန်တော်တွေ့ရသည်။ ကျွန်တော် အသင်းတော်ကို ထပ်မသွားချင်တော့ပါ။ သို့ရာတွင် ကျမ်းစာတွင် “လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။” (ဟေဗြဲသြဝါဒစာ ၁၀:၂၅)ဟု ပြောထားသည်။ သို့ဖြစ်၍ ကျွန်တော် တကယ်ကို လမ်းပျောက်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော် စုဝေးပွဲတက်ဖို့ မည်သည့်နေရာကို သွားသင့်သနည်း။ ခရစ်ယာန်ဂိုဏ်းဂဏများက ၁၀ဝ၀ကျော် ရှိသောကြောင့် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသည့် အသင်းတော်ကိုရှာဖို့က အလွန်အမင်း ခက်ခဲပေလိမ့်မည်။ အစ်ကိုရာအူးလည်း မည်သည့်နေရာကို သွားရမှန်း မသိခဲ့ပါ။ သို့နှင့် ကျွန်တော်တို့ အဖွဲ့ကနေ ထွက်ပြီး ကျမ်းစာလေ့လာဖို့အတွက် ကိုယ့်အားလပ်ချိန်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်တော်တို့ အတူတူ ကျမ်းစာကို တော်တော်ဖတ်ပြီး နားလည်မှုကို မျှဝေကြသည်။ အချင်းချင်း ကူညီပံ့ပိုးကြသည်။

ထိုနည်းအတိုင်း နှစ်နစ်၊ သုံးနှစ် ကြာသွားခဲ့ပြီး ကျွန်တော် နေ့တိုင်း ဆုတောင်းရင်း၊ ကျမ်းစာဖတ်သော်လည်း၊ ကျွန်တော် တကယ် စိတ်အနှောင့်အယှက် ဖြစ်ရသည်မှာ ကျွန်တော်က ကိုယ်မကြိုက်သည့်အရာ တစ်ခုခု ဖြစ်သည့်အခါ၊ ကိုယ့်အကျိုးစီးပွားများကို ထိခိုက်လာသည့်အခါ ကိုယ့်ဒေါသကို ထိန်းနိုင်ခြင်း မရှိသေးခြင်း ဖြစ်ပါသည်။ တစ်ခါတလေ အစ်ကိုရာအူးနှင့် အလုပ်အတူလုပ်ချိန်တွင် သူက ကျွန်တော့်ကို တစ်ခုခုလုပ်ခိုင်းပြီး သူပြောသည့်အရာကို ကျွန်တော် အပြည့်အဝနားမလည်ပါက၊ သူက ကျွန်တော့်ကို တော်တော် ကြမ်းကြမ်းတမ်းတမ်း ပြောပြီး ကျွန်တော်လည်း တကယ် စိတ်ဆိုးခဲ့သည်။ သူကောင်းကောင်းမွန်မွန် မပြောခဲ့သည်မှာ ရှင်းနေသည်၊ သို့သော် သူကျွန်တော့်ကို အော်ငေါက်ပြီး ငအ တစ်ယောက်ကဲ့သို့ လာဆက်ဆံနေသည်၊ ယင်းကို ကျွန်တော်ငြိမ်ခံနေဖို့ မလိုဟု ကျွန်တော် တွေးမိသည်။ သို့ဖြစ်၍ ကျွန်တော်သူ့ကို ချက်ချင်းပြန်အော်သည်။ ကျွန်တော်တို့ တော်တော်ကို ထူပူလာပြီး မည်သို့ပင်ဖြစ်စေကာမူ ကိုယ့်ဒေါသကို မထိန်းနိုင်ကြတော့ပါ။ နောက်ဆုံး၌ စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားကြဖို့သာ တတ်နိုင်ကြသည်။ သူပြောသည့်အရာကို ကျွန်တော်နားမထောင်ချင်ပါ၊ သို့မဟုတ် သူ့ကို ရှင်းမပြချင်ပါ။ သို့ရာတွင် စိတ်ငြိမ်သွားပြီးသည့်နောက်မှာ ကျွန်တော်တို့သည် ကိုယ့်အမှားများကို အသိအမှတ်ပြုပြီး အချင်းချင်း တောင်းပန်ကြသည်။ အပြစ်ကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်ရသေးကြောင်း၊ အပြစ်ဆက်လုပ်နေပြီး ဘုရားသခင်ကိုသာ ဆန့်ကျင်နေမည် ဖြစ်ကြောင်း ကျွန်တော်သိခဲ့သည်။ သို့ဖြစ်၍ ကျွန်တော် ဆုတောင်းပြီး ဘုရားသခင်ဆီ ဝန်ချသည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ချင်ခဲ့သည်။ သို့ရာတွင် မည်မျှပင် ကြိုးစားပါစေ နေ့တွင် အပြစ်လုပ်လိုက်၊ ညတွင် ဝန်ချလိုက်နှင့် အမှားများသာ ဆက်လုပ်မိနေသည်။ ဤမရပ်မနားသည့် သံသရာထဲတွင် ဆင်းရဲဒုက္ခနှင့် အပြစ်ရှိခြင်းထဲကို ကျွန်တော်နစ်မြုပ်သွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းစိတ်ပျက်မိခဲ့သည်။ ဘာကြောင့် အပြစ်လုပ်ခြင်းကို မရပ်နိုင်ရသနည်းဟု ကိုယ့်ကိုယ်ကိုယ် မေးမိသည်။ ယင်းနှင့်ပတ်သက်ပြီး အစ်ကိုရာအူးနှင့် ကျွန်တော် ခဏခဏ ပြောခဲ့ကြသည်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခြင်း၊ ကျွန်တော်တို့၏ ကိုယ့်ကိုယ်ကိုယ် အမှန်မြင်မှု၊ မာနကြီးမှု၊ အတ္တကြီးမှုများက သိသာထင်ရှားပါသည်၊ ထို့ကြောင့် သန့်ရှင်းခြင်းကို ကျွန်တော်တို့ မရနိုင်သည်ကို သိခဲ့ကြသည်။

တစ်ကြိမ်တွင် သမ္မာကျမ်းစာကို ကျွန်တော်တို့ လေ့လာနေသည့်အချိန်တွင် ဤကျမ်းစာပိုဒ်များကို တွေ့ခဲ့သည်။ “ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်း ရှိကြလော့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၆) “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဤကျမ်းပိုဒ်များကြောင့် ကျွန်တော်တို့ အလေးအနက် တွေးမိသည်။ ကျွန်တော်တို့က သန့်ရှင်းရမည်ဟု သခင်က ပြောသည်။ သို့ရာတွင် ကျွန်တော်တို့က အပြစ်ထဲမှာ ရှင်သန်နေကြသည်။ သန့်ရှင်းခြင်းကို ကျွန်တော်တို့ ဘယ်လိုရနိုင်မည်နည်း။ ကျွန်တော်တို့မှာ လမ်းကြောင်းမရှိခဲ့ပါ။ ယင်းနှင့်ပတ်သက်ပြီး သင်းအုပ်တစ်ဦးကို ကျွန်တော် မေးသည်။ သူက “ကျွန်တော်တို့က လူ့ဇာတိနှင့် အသက်ရှင်နေသရွေ့ သန့်ရှင်းခြင်းကို လုံးဝ ရမှာမဟုတ်ဘူး။ သခင်ယေရှုက ကျွန်တော်တို့ကို ကိုယ့်အပြစ်တွေကနေ ရွေးနုတ်ပေးခဲ့တယ်။ ကျွန်တော်တို့အပြစ်တွေက ခွင့်လွှတ်ခံရပြီးပြီ။ သခင်က ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ မမြင်ဘူး။ မိုးတိမ်စီးပြီး သူကြွဆင်းလာတဲ့အခါမှာ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်သွားမှာပါ” ဟု ကျွန်တော့်အား ပြောခဲ့သည်။ ကျွန်တော့်အတွက် ဤကဲ့သို့ ကြားရသည်မှာ စိတ်သက်သာရာရသလိုတော့ ရှိပါသည်။ သို့ရာတွင် ခေါင်းရှုပ်နေဆဲဖြစ်သည်။ သခင်က သန့်ရှင်းသော်လည်း၊ ယခုအခါတွင် ကျွန်တော်တို့က အမြဲတမ်း အပြစ်ထဲမှာ ရှင်သန်သည်။ သူပြန်ကြွလာသည့်အခါတွင် ကျွန်တော်တို့ကို သူ့နိုင်ငံတော်ထဲသို့ တကယ်ခေါ်ဆောင်မလား။

၂၀၁၉၊ ဇူလိုင်လ၏ နေ့တစ်နေ့တွင် အစ်ကိုရာအူးနှင့် ကျွန်တော်က ခါတိုင်းကဲ့သို့ပင် ကျမ်းစာလေ့လာနေကြသည်။ “ကျမ်းစာ” ဟု အင်တာနက်မှာ ရိုက်ရှာကြည့်သည့်အခါ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ထုတ်သည့် “နောက်ဆုံးရထားကို မီခဲ့သည်” ဟု ခေါ်သည့် ရုပ်ရှင်ကို တွေ့လိုက်ရသည်။ ရုပ်ရှင်ကို ကြည့်ပြီးသည့်နောက် ကျွန်တော် တော်တော် အံ့သြသွားခဲ့သည်။ ရုပ်ရှင်က သိပ်ကောင်းပြီး မိတ်သဟာယပြုထားသည့် သမ္မာတရားများက တကယ်ကို ဉာဏ်အလင်းပွင့်စေသည်၊ အထူးသဖြင့် ညီအစ်မတစ်ဦးက အောက်ပါအတိုင်း ပြောခဲ့သည့်အပိုင်းတွင် ဖြစ်သည်။ “သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ကိုယ်တော်က လူတွေရဲ့ အပြစ်တွေကိုပဲ ခွင့်လွှတ်ခဲ့တာ။ ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့ သဘာဝကို မဖြေရှင်းခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့က အပြစ်ဆက်လုပ်နေပြီး ဘုရားကို အာခံနေကြတာပေါ့။ ဘုန်းတော်ကြီးကနေ သာမန်ယုံကြည်သူတွေအထိ သခင့်ကို ယုံကြည်တဲ့သူတွေကို ကြည့်ကြည့်ရင် ဘယ်သူက အပြစ်ကနေ လွတ်မြောက်ပြီလို့ ပြောနိုင်လဲ။ တစ်ယောက်မှ မရှိဘူး။ ဘာခြွင်းချက်တစ်ခုမှ မရှိဘဲ လူသားတွေဟာ အပြစ်တရားရဲ့ ချုပ်နှောင်မှုနဲ့ ကန့်သတ်မှုကို ခံရတယ်။ ကျွန်မတို့က မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စဉ်းလဲခြင်းနှင့် လောဘတွေနဲ့ ပြည့်နေကြတယ်။ ကျွန်မတို့က အပြစ်မလုပ်ချင်တဲ့အခါမှာတောင် အပြစ်မပြုဘဲ မနေနိုင်ကြဘူး။ တချို့က နှိမ့်ချပြီး ယဉ်ကျေးပုံပေါက်ပေမဲ့ သူတို့စိတ်နှလုံးတွေက ဖောက်ပြန်ပျက်စီးမှုတွေ ပြည့်နေတယ်။ ကျွန်မတို့က အဆုံးမှာ ဘုရားက ရယူဖို့ အလိုရှိတဲ့၊ ဘုရားအလိုတော်ကို လိုက်လျှောက်တဲ့ သန့်ရှင်းတဲ့လူတွေ မဟုတ်ကြဘူး၊ ပြီးတော့ ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီဘူး။ ဒါကြောင့် ဘုရားသခင်က သူ့ရဲ့အစီအစဉ်အတိုင်း နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ့ရဲ့အမှုတော်ကို ဆက်လုပ်ဖို့၊ ကျွန်မတို့ အပြစ်က ရုန်းထွက်လွတ်မြောက်ပြီး သန့်စင်လာဖို့ ကျွန်မတို့ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့အတွက် အပြစ်လွှတ်ခြင်းဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်ကနေ တရားစီရင်ခြင်းအမှုရဲ့ အဆင့်တစ်ဆင့်ကို ပြုဖို့ လိုအပ်တာ။ ဒီလိုနဲ့ ကျွန်မတို့တွေ အပြစ်ကနေ လွတ်မြောက်နိုင်ပြီး သန့်စင်နိုင်ဖို့၊ ပြီးရင် ဘုရားရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ပြီး ထာဝရအသက်ကို ရဖို့အတွက်ပေါ့” ဟု ဖြစ်သည်။ ရုပ်ရှင်ထဲတွင် ပြောသမျှက မှန်ကန်သည်။ ကျွန်တော် သိပ်စိတ်လှုပ်ရှားသွားခဲ့သည်။ ဤကဲ့သို့အရာမျိုးကို ကျွန်တော် တစ်ခါမှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။ ဆန်းသစ်သည့် ဉာဏ်အလင်းဖွင့်ပြမှုများစွာကို သူတို့ မည်သို့များ မျှဝေနိုင်သနည်း။ ယင်းကို မည်သည့်နေရာမှ ၎င်းတို့ ရကြသနည်း။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟုခေါ်သည့် စာအုပ်တစ်အုပ်ကို သူတို့ဖတ်နေသည်ကို ကျွန်တော်တွေ့သည်။ အကြောင်းအရာများက တန်ခိုး အာဏာနှင့် ပြည့်နေပြီး ယခင်က ကျွန်တော် တစ်ခါမျှ မကြားဖူးသည့်အရာများနှင့် ပြည့်နေသည်။ ကျွန်တော် တကယ်ကို ဆက်ပြီး စူးစမ်းချင်ခဲ့သည်။ ရုပ်ရှင်ပြီးသွားသည့်နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်တော်တို့ ဆက်သွယ်ပြီး အွန်လိုင်းစုဝေးပွဲများ၊ ဖတ်ရွတ်ပြခြင်းများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယခြင်းများ စတက်ခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်း ခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့် ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏ မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်ကာ၊ ယင်းက ကျွန်တော်တို့အပြစ်နှင့်မသက်ဆိုင်ဖို့အတွက်သာ ရွေးနုတ်ခဲ့ခြင်းဖြစ်ပြီး လူသားမျိုးနွယ်၏ အပြစ်ပြုသည့် သဘာဝကိုမူ မဖယ်ရှားရသေးပါ။ ထို့ကြောင့် ကျွန်တော်တို့က ဆက် လိမ်ညာကာ၊ အပြစ်လုပ်နေပြီး ဖောက်ပြန်ပျက်စီးမှုကို ဖော်ပြနေသည်ကို ကျွန်တော်တွေ့ခဲ့သည်။ တွေးကြည့်သည့်အခါ အားလုံးက မှန်ကန်နေသည်ကို ကျွန်တော် သဘောပေါက်သွားသည်။ ကျွန်တော် စိတ်မထိန်းနိုင်သည့်အချိန်တိုင်းမှာ ကျွန်တော် နောင်တရမည်။ သို့ရာတွင် ကျွန်တော် မကြိုက်သည့်အရာတစ်ခုခု ဖြစ်သည့်အခါတိုင်း စိတ်မဆိုးဘဲ မနေနိုင်ဆဲ ဖြစ်ပါသည်။ ကျွန်တော့်၏ အပြစ်ပြုသည့်သဘာဝကို မဖြေရှင်းပါက အပြစ်မှ မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်ဘဲ၊ အတွေးများ၊ စကားများ၊ လုပ်ရပ်များမှာ ဘုရားသခင်ကို ဆန့်ကျင်နေမိမည်ကို ကျွန်တော် သဘောပေါက်ခဲ့သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖော်ထုတ်ဖို့နှင့် သန့်စင်ဖို့ နောက်ဆုံးသော ကာလ၌ သမ္မာတရားကို ဖော်ထုတ်ပြီးဖြစ်သည်ကိုလည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်တော် တွေ့မြင်ခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်အကြောင်း စူးစမ်းလိုစိတ် အပြည့်ဖြင့်၊ နောက်ပိုင်းတွင် ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အများကြီးကို ဖတ်ပြီး သူသည် လူသားမျိုးနွယ်၏ အပြစ်ပြုသည့်သဘာဝနှင့်ပတ်သက်ပြီး အရာရာတိုင်းကို ထုတ်ဖော်ပြသည်ကို တွေ့ခဲ့သည်။ လူများကို စာတန်က မည်သို့ဖောက်ပြန်ပျက်စီးစေသည်၊ ကျွန်တော်တို့ အပြစ်မှ မည်သို့လွတ်မြောက်နိုင်ပြီး သန့်စင်ခံရနိုင်သည်၊ ကောင်းကင်နိုင်ငံတော်ကို မည်သူဝင်ရောက်နိုင်ပြီး ဘယ်သူက အပြစ်ဒဏ်ပေးခံရမည်၊ ပြီးလျှင် မတူညီသည့် လူအမျိုးအစားများ၏ အဆုံးသတ်တို့ဖြစ်သည်။ လူသားမျိုးနွယ်ကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သူ့၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းပါဝင်သည်။ သူ့စကားက ဘယ်လောက်ခက်ထန်ပါစေ ယင်းတို့ အားလုံးက သမ္မာတရားကို ကျွန်တော်တို့ နားလည်နိုင်ဖို့၊ စာတန်က ကျွန်တော်တို့ကို မည်သို့ဖျက်ဆီးခဲ့ကြောင်း သမ္မာတရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မုန်းတီး၍ နောင်တရပြီး ပြောင်းလဲကြဖို့အတွက် ဖြစ်ပါသည်။ ဤအရာအားလုံးကို နားလည်သည်နှင့်တစ်ပြိုင်နက် ကျွန်တော်သည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်လျှံကာ၊ နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တနေမိသည်။ ကျွန်တော်သည် စည်းဝေးပွဲများ တက်ရောက်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယ ပြုရသည်ကိုလည်း ကျွန်တော် အလွန် နှစ်သက်နေခဲ့သည်၊ ပြီးလျှင် ကျွန်တော့်၏ အပြစ်ရှိသော သဘာဝကို ပြောင်းလဲနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံနိုင်ဖို့ မျှော်လင့်ခဲ့ပါသည်။

နောက်ပိုင်းတွင် လူသစ်များ၏ အသင်းတော်အတွက် ခေါင်းဆောင်အဖြစ် ကျွန်တော်အရွေးခံရသည်။ တစ်ခါတွင် ညီအစ်မတစ်ယောက်က သူမ၏တာဝန် ထမ်းဆောင်ရာ၌ ကြုံတွေ့ရသည့် ပြဿနာများနှင့်ပတ်သက်ပြီး ကျွန်တော့်ကို အကူအညီလာတောင်းသည်။ ပြီးလျှင် ကျွန်တော်လည်း သူမလုပ်သင့်သည့်အရာအပေါ် အကြံဉာဏ်အချို့ ပေးခဲ့သည်။ ကျွန်တော့်အကြံပြုချက်ကို သူမနှင့် အခြားအစ်မတစ်ယောက် ကြားပြီးသည့်နောက် ထိုအတိုင်း ပြုမူဆောင်ရွက်ဖို့ ၎င်းတို့က သဘောတူခဲ့ကြသည်။ ဤအချိန်တွင် ခေါင်းဆောင်တစ်ဦးက ကျွန်တော်တို့ကို ခေါ်ပြီး ညီအစ်မနှစ်ဦးက ကျွန်တော့်အကြံဉာဏ်များကို သူမကိုလည်း ပြောပြဖို့ တောင်းဆိုခဲ့ကြသည်။ ကျွန်တော် ရှင်းပြပြီးသည့်နောက် ခေါင်းဆောင်က မည်သည့်အရာမျှ မပြောဘဲ၊ ပြန်လည်သုံးသပ်ဖို့ မှတ်တမ်းတစ်ခုကို ပေးခဲ့သည်၊ ထို့နောက်တွင် ကျွန်တော်တို့ မည်သို့လုပ်သင့်သည်ကိုလည်း ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ကျွန်တော် တော်တော် စိတ်တိုသွားသည်။ ကျွန်တော်ဆို လိုသည့်အရာကို သူတကယ်နားလည်ခြင်း မရှိဟု ခံစားမိသည်။ မည်သည့်အရာ ရမည်ကို ဤအစ်မနှစ်ယောက်နှင့် ကျွန်တော် ဆွေးနွေးပြီးနှင့်ပြီးဖြစ်ကာ၊ တာဝန်ကို မည်သို့ ဆောင်ရွက်ဖို့ရန်နှင့်ပတ်သက်၍ အချိန်များစွာယူ၍ တွေးတောပြီးဖြစ်သည်။ ကျွန်တော် ကြိုးစားလုပ်ဆောင်ထားသမျှ အားလုံးက တကယ်ကို အလဟဿ ဖြစ်သွားခဲ့သလား။ “ကျွန်တော်ပြောတာကို နားလည်လိုက်လား။ ဒါကို ကျွန်တော်တို့ သဘောတူပြီးသွားပြီ။ နှစ်ဦးနှစ်ဘက် နားလည်မှုရှိတယ်” ဟု စိတ်တိုတိုနှင့် ခေါင်းဆောင်ကို ကျွန်တော်ပြောလိုက်သည်။ ခေါင်းဆောင်က “အစ်ကိုအကြံပြုတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲဒါက သိပ်ထိရောက်မှာ မဟုတ်ဘူး” ဟု ကျွန်တော့်ကို ပြောသည်။ ထို့နောက်တွင် ထိုတာဝန်ကို ပြီးအောင်လုပ်ဖို့ ပိုမြန်ပြီး ပိုရိုးရှင်းသည့် နည်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြသည်။ သူမ၏ဖြေရှင်းချက်က ကောင်းသည့် ဖြေရှင်းချက် တစ်ခုဖြစ်သည်ဟု ကျွန်တော် အမှန်တကယ် တွေးခဲ့သော်လည်း၊ ကျွန်တော် သိပ်မကျေနပ်ခဲ့ပါ။ ကျွန်တော် အချိန်များစွာသုံးခဲ့သည့် ချဉ်းကပ်နည်းကို မသုံးခဲ့ပါက၊ ညီအစ်မနှစ်ဦးက ကျွန်တော့်ကို မည်သို့ တွေးထင်မည်နည်းဟု ကျွန်တော် စဉ်းစားနေခဲ့သည်။ ကျွန်တော်က အသုံးမကျဘူး၊ အလုပ်လေးတစ်ခုကိုပင် မစီစဉ်နိုင်ဘူးဟု ၎င်းတို့က တွေးထင်မလား။ ယင်းက တော်တော်ရှက်စရာကောင်းမည် ဖြစ်သည်။ စဉ်းစားလေလေ၊ စိတ်ညစ်လေလေ ဖြစ်လာသည်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်ကို ထိုအစ်မနှစ်ယောက်နှင့် တာဝန်ကို ဆောင်ရွက်ခိုင်းခဲ့သည်။ ကျွန်တော်က ဤအရာကို တော်တော်ခုခံနေပြီး သူ့ကို သိပ်နူးနူးညံ့ညံ့မပြောပါ။ နောက်ပိုင်းမှာ တာဝန်ကို ကျွန်တော် ပြီးစီးသွားပါသည်။ သို့ရာတွင် လုပ်ငန်းစဉ် တစ်လျှောက်လုံး ကျွန်တော်နေမထိထိုင်မထိဖြစ်ပြီး တကယ်ကို အပြစ်ရှိသည်ဟု ခံစားရစေသည့် ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်တော် ပြသခဲ့သည်။ နောက်ပိုင်းတွင် ခေါင်းဆောင်က တာဝန်ယူပြီး ကျွန်တော်တို့ အလုပ် ထိရောက်မှု တိုးတက်စေဖို့ အကြံကောင်းအချို့ ပေးသည်နေခြင်း ဖြစ်သည်ကို ကျွန်တော့်ဘာသာ တွေးမိသည်။ ဤအရာက ဘုရားသခင့်အိမ်တော်၏ အလုပ်အတွက် ကောင်းသည်။ သို့ရာတွင် ကျွန်တော်က ယင်းကို လက်မခံနိုင်ခဲ့ဘဲ စိတ်ပင်ဆိုးခဲ့သည်။ ကျွန်တော်သည် သင့်တော်သည့် ထင်မြင်ချက်များကို လက်မခံနိုင်ဘဲ၊ ယင်းတို့က ကျွန်တော့်ကို စိတ်ပင်ဆိုးစေခဲ့သည့် အကြောင်းအရင်းကို ကိုယ့်ကိုယ်ကိုယ် မေးခဲ့သည်။ ဤအခြေအနေမှ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့၊ ယင်း၏ အရင်းအမြစ်ကို ကျွန်တော်ရှာဖို့လိုသည်။

ထိုနေ့ ညနေမှာ ဒေါသနှင့်ပတ်သက်သည့် အချက်များအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်များကို အသင်းတော်ဝဘ်ဆိုဒ်မှာ ကျွန်တော်ရှာဖွေခဲ့သည်။ ပြီးလျှင် ဤအပိုဒ်ကို ကျွန်တော် တွေ့ခဲ့သည်။ “လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများ ဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) လူသားများ ရုတ်တရက် ဒေါသထွက်တတ်သည့် အကြောင်းပြချက်တစ်ခုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် ကျွန်တော် တွေ့လိုက်သည်။ ကျွန်တော်တို့ အကျိုးစီးပွားများ၊ ဂုဏ်သတင်းများ အထိခိုက်ခံရသည့်အခါမှာ ကျွန်တော်တို့၏ မကျေနပ်မှုကို မကြာခဏ ဖွင့်ချကြသည်၊ စိတ်တိုပြကြသည်၊ သာမန်လူသားအသိစိတ် ပျောက်ဆုံးကြသည်။ ကျွန်တော်တို့ ပြသည့်အရာများမှာ ဆိုးယုတ်သည့် စိတ်သဘောထားများ၊ အပျက်သဘောဆောင်သည့်အရာများ ဖြစ်လေသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရင်းနှင့် ကျွန်တော့်စိတ်ကူးများကို ငြင်းပယ်ခံရပြီး ကျွန်တော်သည် သိပ်ခုခံလာသည်ကို မြင်ခဲ့သည်။ ခေါင်းဆောင်၏ နည်းက ကျွန်တော့်နည်းထက် ပိုကောင်းသည်၊ မြန်ပြီး ရိုးရှင်းမည်ကို ကျွန်တော်သိသော်လည်း စိတ်ဆိုးနေဆဲဖြစ်ပြီး အခြားသူများက ကျွန်တော့်ကို အသုံးမကျဟု ထင်မည်ကို စိုးရိမ်နေဆဲဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ကို ကျွန်တော် မယဉ်မကျေး ပြောခဲ့သည်။ ဤနေရာမှာ ကျွန်တော်က တကယ်ကို မာနထောင်လွှားကြောင်း၊ နာမည်နှင့် ဂုဏ်အဆင့်အတန်းကို အာရုံစိုက်လွန်းနေကြောင်း ကျွန်တော် မြင်ခဲ့သည်။ မိမိ၏အမြင်ရှုထောင့်က အလွန်ကောင်းသလို ကျွန်တော် အမြဲခံစားခဲ့ရပြီး အခြားသူများကို နားမထောင်ချင်ခဲ့ပါ။ ဘုရားသခင့်အိမ်တော်၏အလုပ်ကို အကျိုးဖြစ်စေမည့်အရာကို မည်သို့မျှ ကျွန်တော် ထည့်မစဉ်းစားခဲ့ပါ။ ကျွန်တော်က အသိစိတ်များ မဲ့သည်အထိ မာနထောင်လွှားပြီး ကျိုးကြောင်းခိုင်လုံသည့် အကြံပြုချက်ကို လက်ခံဖို့ပင် များစွာ ဒုက္ခဖြစ်နေသည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ယင်းကို သတိပြုမိသည်နှင့်၊ ကျွန်တော်သည် နောင်တဖြင့် ပြည့်ခဲ့သည်။ နောင်တရဖို့အတွက် ဘုရားသခင်ကို ကျွန်တော် ဆုတောင်းသည်။ ကိုယ့်ကိုယ်ကိုယ် ပိုသိပြီး ကျွန်တော့်၏ မာနထောင်လွှားမှုကို ဖယ်ရှားဖို့အတွက် လမ်းပြဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။

နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ကျွန်တော်ဖတ်ခဲ့သည်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံး ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဤကျမ်းပိုဒ်ကို အနည်းငယ် ဆင်ခြင်ကြည့်သည့်အခါ ကျွန်တော်က မာနထောင်လွှားသည့် စိတ်သဘောထား ရှိသောကြောင့် အခြားသူများ၏ အကြံပြုချက်ကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်သည့် အကြောင်းရင်းကို ကျွန်တော် သဘောပေါက်ခဲ့သည်။ အခြားလူများကို ကျွန်တော့်ကို နားထောင်စေချင်သည်။ အခြားသူများ၏ အကြံပြုချက်များကို လက်ခံဖို့၊ သို့မဟုတ် ကြားဖို့ မလိုလားခဲ့ပါ။ အစ်ကိုရာအူးနှင့် ကျွန်တော် အလုပ်လုပ်သည့်အခါတွင်၊ ကျွန်တော်က ထိုအတိုင်း ဖြစ်ခဲ့သည်။ ကျွန်တော်က မာနထောင်လွှားလွန်းသည့်အတွက် သူက ကျွန်တော့်ကို ထိုသို့လေသံတင်းတင်းနှင့် ပြောသည်ကို သည်းခံဖို့ မဆိုထားနှင့်၊ သူ၏လမ်းညွှန်ချက်များကို နာခံဖို့ ကျွန်တော် မလိုလားခဲ့ပါ။ နေ့စဉ်အသက်တာ၌ ကျွန်တော့်အမျိုးသမီး၊ သို့မဟုတ် အခြားသူများနှင့် ကျွန်တော် ဆက်ဆံသည့်နေရာမှာ ကျွန်တော့်မှာ အကောင်းဆုံးစိတ်ကူးများရှိသည်၊ ကျွန်တော်က မှန်သည်၊ ကျွန်တော်ပြောသည့်အရာကို သူတို့နားထောင်သင့်ပြီး ကျွန်တော် ပြောသည့်အတိုင်းလုပ်သင့်သည်ဟု အမြဲတမ်း ထင်ခဲ့သည်။ ကျွန်တော်ယုံကြည်မှု ရပြီး ညီအစ်ကိုမောင်နှမများနှင့်အတူ တာဝန်တစ်ခုကို ယူပြီးသည့်နောက်မှာလည်း မာနထောင်လွှားခြင်းနှင့် ကျွန်တော် ဆက်အသက်ရှင်ခဲ့ပြီး အခြားလူများ၏ အကြံပြုချက်များကို လက်မခံချင်ခဲ့ပါ။ ကိုယ့်နည်းလမ်းက သိပ်မကောင်းသည်ကို သိသည့်အခါတွင်ပင် ကိစ္စများကို ကျွန်တော့်နည်းလမ်းအတိုင်း လုပ်စေချင်ပြီး အခြားသူများကို ကျွန်တော်ပြောသည့်အရာအား နားထောင်စေချင်ဆဲဖြစ်သည်။ ကျွန်တော်က မာနထောင်လွှားလွန်းသည်မှာ ပြောစရာ ဆင်ခြင်တုံတရားပင် မရှိပေ။ ကျွန်တော်၏ မာနထောင်လွှားသော သဘာဝကြောင့် ကိစ္စများကို ကျိုးကြောင်းဆက်စပ်ပြီး မကြည့်နိုင်ခဲ့ပါ။ ကျွန်တော်က အမြဲတမ်းမှန်သည်ဟု ခံစားရသော်လည်း မကြာခဏဆိုသကဲ့သို့ အခြားလူများမှာ တကယ်ပဲ ကျွန်တော့်စိတ်ကူးထက် ပိုကောင်းသည့်စိတ်ကူးများရှိပြီး ပိုပြည့်စုံသည့် အမြင်များရှိကြသည်။ ဥပမာအနေဖြင့်၊ ကျွန်တော်သည် မှန်သည်ဟု အစဉ်တွေးထင်သည်၊ မကြာခဏဆိုသကဲ့သို့ ကျွန်တော်၏အမျိုးသမီးကို ကျွန်တော် အစီအစဉ်အတိုင်း လုပ်ဆောင်စေသည်၊ သို့ရာတွင် ယင်းက မကောင်းသည့်ရလဒ်များ ဖြစ်လာသည်။ ဤတစ်ကြိမ်တွင်လည်း အတူတူပင် ဖြစ်သည်။ ခေါင်းဆောင် အကြံပေးသည့် နည်းလမ်းက ရိုးရှင်းသည်၊ အချိန်ကုန်သက်သာပြီး ပိုကောင်းသည့် ရလဒ်များ ရနိုင်သည်။ သို့ရာတွင် ညီအစ်မနှစ်ယောက်ဖြင့် မိတ်သဟာယပြုခဲ့သည့် ကျွန်တော့် နည်းလမ်းက ရှုပ်ထွေးပြီး အချိန်အတော် ယူရမည် ဖြစ်သည်။ ကျွန်တော့်မှာ အရမ်းမာနထောင်လွှားနေစရာ မည်သည့်အကြောင်းမျှ မရှိတာကို အချက်အလက်များက ပြနေသည်။ ကျွန်တော် လက်တွေ့ကျသင့်သည်။ နှိမ့်ချသင့်သည်။ ကိုယ့်နေရာ ကိုယ်သိသင့်သည်။ ဤကဲ့သို့ မာနထောင်လွှားမှုနှင့် ဆက်ပြီး ရှင်သန်နေပါက ကောင်းကင်တမန်မင်းကဲ့သို့ ဘုရားသခင်ကို အလေးထားခြင်းမရှိဘဲ ဘုရားသခင်ကို အာခံပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်သည်၊ ယင်းအတွက် ဘုရားသခင်က ကျွန်တော့်ကို အပြစ်ဒဏ်ပေးပြီး ကျိန်ဆဲလိမ့်မည်။ ဤအရာကို သဘောပေါက်လိုက်သည်နှင့် ကျွန်တော် “ဘုရားသခင် သားရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း အသက်မရှင်ချင်ပါဘူး။ သာမန်လူ့သဘာဝအတိုင်း ရှင်သန်နေထိုင်ချင်ပါတယ်။ သားတာဝန်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို နားထောင်ချင်ပါတယ်။ သူတို့တွေနဲ့ ကောင်းကောင်း အလုပ်လုပ်ပြီး ကိုယ်တော့်အလိုတော်ကို ဖြည့်ဆည်းဖို့ တာဝန်ထမ်းဆောင်ချင်ပါတယ်” ဟု ဘုရားသခင်ကို အမြန်ဆုတောင်းသည်။

ထို့နောက်တွင် ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သုံး၊ လေးပိုဒ် ဆက်ဖတ်သည်။ “မာနထောင်လွှားသောသဘာဝက သင့်ကို ဇွတ်တရွတ်နိုင်စေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် ထင်တိုင်းကြဲပြီး မဆင်မခြင်ပြုတတ်ကြသည် မဟုတ်လော။ သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ ဥပမာအနေဖြင့် သင့်ထံတစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်၌ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အစီအစဉ်များ ရှိသည်ဆိုကြပါစို့၊ မည်သည့်အရာလုပ်ရမည်ကို ဆုံးဖြတ်ပြီးသည့်နောက်၊ သင်၏အတွေးများနှင့် အစီအစဉ်တို့သည် မှန်ကန်ခြင်း ရှိမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သင့်အား ပြောပြရန် လူတိုင်းကို တောင်းဆိုလျက်၊ သင့်အတွက် နောက်ဆုံး စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် လူတိုင်းကို တောင်းဆိုလျက်၊ သင်သည် ဤအရာနှင့်ပတ်သက်၍ သင် တွေးထင်သည့်အရာ၊ ယုံကြည်သည့်အရာတို့နှင့်ပတ်သက်၍ သမ္မာတရားကို ရှာဖွေပြီး လူတိုင်းနှင့် မိတ်သဟာယပြုရမည်။ ဤသည်မှာ ထင်ရာမြင်ရာပြုခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို ဖြေရှင်းသည့် အကောင်းဆုံး နည်းစနစ် ဖြစ်ပေသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာ ဤထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်း စိတ်သဘောထားကို အောင်နိုင်ရန်အတွက် သင် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် ကမူးရှုးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကို ရှာသင့်သည်— ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ပြင်ဆင်ဖို့ အခက်ခဲဆုံးသော ပြဿနာမှာ တူညီသည့် အမှားဟောင်းများကို လုပ်ခြင်းဖြစ်သည်။ ဤအရာကို ဟန့်တားဖို့ လူများသည် ဦးစွာ ၎င်းတို့ သမ္မာတရား မရရှိသေးကြောင်း၊ ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှု မရှိသေးကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်ငြားလည်း၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေဆဲ ဖြစ်ကာ၊ ကယ်တင်ခြင်း မခံရသေးကြောင်း သတိပြုမိရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ထံမှ အချိန်မရွေး သွေဖည်နိုင်ခြေရှိကြသည်။ ၎င်းတို့၌ ဤဘေးကျပ်နံကျပ် ဖြစ်သည့်စိတ်ရှိပါက— ဆိုရိုးရှိသည့်အတိုင်း၊ ၎င်းတို့သည် ငြိမ်းချမ်းသော ကာလတွင် စစ်ပွဲအတွက် ပြင်ဆင်ခြင်းခံရပါက— ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်အတန် ထိန်းချုပ်နိုင်ပြီး ၎င်းတို့အား တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းပြီး ဘုရားသခင်အပေါ် မှီခိုလိမ့်မည် ဖြစ်သည်၊ ပြီးလျှင် တူညီသော အမှားဟောင်းများ ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ လူများသည် မိမိကိုယ်ကိုယ် သတိပြုမိခြင်း ကင်းမဲ့ပြီး ၎င်းတို့၏ ဆိုးယုတ်သော သဘာဝသည် ၎င်းတို့၌ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲ ဖြစ်သည်ကို မသိကြလျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ အန္တရာယ် ရှိနေဆဲဖြစ်ပြီး စဉ်ဆက်မပြတ် ပျက်စီးခြင်း အလားအလာကို ရင်ဆိုင်ကြရလေသည်။ ဤသည်မှာ စစ်မှန်သည်။ ၎င်းတို့ သတိထားရမည်။ မှတ်ထားရမည့် အရေးအပါဆုံး အချက်သုံးချက် ရှိလေသည်။ နံပါတ်တစ်မှာ သင်သည် ဘုရားသခင်ကို မသိသေးပေ။ နံပါတ်နှစ်မှာ သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုမျှ မရှိသေးပေ။ ပြီးလျှင် နံပါတ်သုံးမှာ သင်သည် လူသား၏စစ်မှန်သော ပုံသဏ္ဌာန်ကို အသက်ရှင်မနေထိုင်ရသေးပေ။ ဤအရာသုံးခုသည် အမှန်တရားနှင့် ကိုက်ညီသည်၊ စစ်မှန်သည်၊ ပြီးလျှင် သင်သည် ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းရမည်၊ သင်သည် မိမိကိုယ်ကိုယ် သတိပြုမိရမည်။ ဤပြဿနာကို ပြင်ဆင်ဖို့ သင်၌ စိတ်ဆန္ဒရှိပါက၊ သင်သည် သင်၏ကိုယ်ပိုင် ဆောင်ပုဒ်ကို ရွေးချယ်သင့်သည်။ ဥပမာအနေဖြင့် ‘ကျွန်ုပ်သည် နတ်ဆိုးဖြစ်သည်၊’ သို့မဟုတ် ‘ကျွန်ုပ်သည် ယခင်လမ်းဟောင်းများထဲ မကြာခဏ ပြန်ရောက်သည်၊’ သို့မဟုတ် ‘ကျွန်ုပ်သည် အစဉ် အန္တရာယ်ရှိသည်၊’ သို့မဟုတ် ‘ကျွန်ုပ်သည် မြေကြီးပေါ်က နွားချေးဖြစ်သည်၊’ ဤအရာများထဲမှ မည်သည့်အရာမဆိုသည် သင်၏ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်အဖြစ် သုံးဖို့ သင့်တော်သည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် တစ်ချိန်လုံး သတိပေးလျှင် အထောက်အကူဖြစ်လိမ့်မည်။ သင့်ကိုယ်သင် ယင်းကို ထပ်တလဲလဲ ပြောလော့၊ ယင်းကို ဆင်ခြင်သုံးသပ်လော့၊ ပြီးလျှင် သင်သည် အမှားများ ပြုလုပ်ခြင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်လိမ့်မည်၊ သို့မဟုတ် အမှား လျှော့လုပ်ကောင်း လျှော့လုပ်လိမ့်မည်— သို့ရာတွင် အရေးအကြီးဆုံးဖြစ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို နားလည်ခြင်း၊ မိမိကိုယ်ပိုင် သဘာဝကို သိခြင်းနှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ရုန်းထွက်လွတ်မြောက်ခြင်းတို့၌ အချိန်ပိုသုံးရန် ဖြစ်သည်။ သို့မှသာလျှင် သင်သည် ဘေးကင်းလုံခြုံလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”)

မာနထောင်လွှားမှုကို ဖြေရှင်းဖို့အတွက် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ဖို့၊ ရှာဖွေပြီး မိတ်သဟာယဖွဲ့ဖို့ သင်ယူရမည်ကို နားလည်အောင် ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်တော့်ကို ကူညီပေးခဲ့သည်။ အလုပ်ဆွေးနွေးမှုများ၌ ညီအစ်ကိုမောင်နှမများနှင့် ကျွန်တော့်အတွေးကို မျှဝေသင့်သည်။ ပြီးလျှင် အခြားသူများ၏ ထင်မြင်ချက်များနှိမ့်ချပြီး ရှာဖွေသင့်သည်။ ကျွန်‌တော် အကြံပေးသည့်အရာနှင့် ယင်းတို့က ကွဲပြားသည်ဖြစ်စေ၊ ကိုယ်မှန်သည်ဟု ထင်သည့်အရာကို ဘေးဖယ်ထားသင့်သည်။ အခြားသူများက ပြောခဲ့သည်ကို အခြေခံဟု ကျွန်တော်ဆုတောင်းပြီး ရှာဖွေသင့်သည်။ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက သင့်တော်သည်တို့ကို ကျွန်တော့်အား ပြဖို့ ကျွန်တော်ကိုယ်တိုင်၏ ချို့ယွင်းချက်နှင့် အားနည်းချက်တို့ကို ကျွန်တော့်အား ပြဖို့ ကျွန်တော့်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြခွင့် ဘုရားသခင်ကို ပေးသင့်သည်။ ကျွန်တော် ပြောသည့်အရာ မှန်သည်ဟု ကျွန်တော် ထင်သည့်အချိန်တွင်ပင်၊ မိမိ၏ကိုယ်ပိုင် အကြံဉာဏ်များကိုသာ ဖက်တွယ်ထား၍ မရဘဲ၊ သမ္မာတရားကို ကျွန်တော် ရှာဖွေရမည်၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရမည်။ ပြီးလျှင် အခြားတစ်ယောက်ယောက်မှာ ကျွန်တော့်ထက် ပိုကောင်းသည့်၊ ပိုမှန်သည့် စိတ်ကူးရှိသည်ကို ကျွန်တော်မြင်သည့်အခါ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး သူတို့ပြောသည့်အရာကို လက်ခံဖို့ သင်ယူသင့်သည်။ ဤအရာက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး အမှားများ မလုပ်အောင် တားဆီးပေးသည်။ ထို့အပြင် ကျွန်တော့်၏ မာနထောင်လွှားသည့် သဘာဝနှင့်ပတ်သက်ပြီး “ငါက နွားချေးသက်သက်ပါပဲ။ ငါဟာ မာနထောင်လွှားလို့ မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုကင်းမဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲ အန္တရာယ်ဖြစ်စေတယ်” ဟု ကျွန်တော့်ဘာသာ ဆောင်ပုဒ်တစ်ခု ရေးခဲ့သည်။ ယင်းက မာနထောင်လွှားသည့် ကိုယ့်အခြေအနေများ၏ အရှက်ရမှုကို သတိရစေခဲ့ပြီး မာနထောင်လွှားခြင်းနှင့် ရှင်သန်ခြင်း၏ အန္တရာယ်နှင့် အကျိုးဆက်များကို အမှတ်ရစေခဲ့သည်။ ထို့နောက်တွင် ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အခြားသူများ၏ စိတ်ကူးများကို နားထောင်သည့်နေရာမှာ စပြီး အာရုံစိုက်ခဲ့သည်။ အိမ်မှာ၊ သို့မဟုတ် အသင်းတော်မှာ ညီအစ်ကိုမောင်နှမများနှင့်အတူ တာဝန်ထမ်းရာမှာ တစ်ယောက်ယောက်က ကျွန်တော်နှင့်မတူသည့် အကြံပြုချက်၊ ထင်မြင်ချက်ပေးသည့်အခါ ကျွန်တော့်၏အတ္တကို ဘေးဖယ်လာခဲ့သည်။ အခြားလူများမှာ တကယ်ပဲ ကျွန်တော့်ထက် ပိုပြည့်စုံသည့် စိတ်ကူးများရှိကြသည်ကို ကျွန်တော်မြင်ခဲ့ပြီး သူတို့၏ စိတ်ကူးများကို စိတ်နှလုံးထဲကနေ လက်ခံပြီး အကြံကောင်းများကို အကောင်အထည် ဖော်ဖို့ကို သင်ယူခဲ့ရသည်။ ယင်းကို လက်တွေ့လုပ်ဆောင်ပြီးသည့်နောက်မှာ ကျွန်တော်က ညီအစ်ကိုမောင်နှမများအပေါ် မကြာခဏဆိုသလို သိပ်စိတ်မဆိုးတော့ဘဲ အခြားလူများပြောသည့်အရာကို နားထောင်ပြီး လက်ခံနိုင်လာသည်ကို သိခဲ့သည်။ ကျွန်တော် ယခင်ကထက် အများကြီးပိုပြီး သက်သောင့်သက်သာ ရှိလာသည်။ ဘုရားသခင်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။

နောက်ပိုင်းတွင် နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းတစ်ပိုဒ်ကို ကျွန်တော် ဖတ်ရသည်။ “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်) ကျွန်တော်တို့သည် မိမိတို့၏ စိတ်သဘောထားများကို ထိန်းချုပ်ဖို့၊ ပြောင်းလဲဖို့အတွက် ကိုယ့်အင်အား၊ ကိုယ့်ဇွဲလုံ့လကို အမှီပြု၍မရနိုင်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြသခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ အားစိုက်ထုတ်ခြင်းများ အားလုံးက အချို့အပြုအမူများကို ပြောင်းလဲပေးနိုင်ပြီး ထိုပြောင်းလဲမှုများက အကြာကြီးမခံပါ။ တကယ့်စိတ်သဘောထား ပြောင်းလဲခြင်းကို ကြုံတွေ့လိုပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကျွန်တော်တို့လက်ခံပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအပြင်၊ စမ်းသပ်မှုနှင့် စစ်ဆေးမှုတို့ကို လက်ခံရမည်။ ယင်းကသာ ကျွန်တော်တို့၏ ဆိုးယုတ်သည့် သဘာဝကို အမှန်တကယ်သိပြီး ဆိုးယုတ်သည့် စိတ်သဘောထားများနှင့် ရှင်သန်ခြင်း၏ အန္တရာယ်ရှိသည့် အကျိုးဆက်များကို ရှင်းရှင်းလင်းလင်းမြင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။ သို့ဆိုလျှင် ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မုန်းတီးပြီး စွန့်ပစ်နိုင်သည်။ စစ်မှန်သည့်နောင်တကို ရရှိပြီး ပြောင်းလဲနိုင်ပါသည်။

သမ္မာတရားများကို ကျွန်တော်သင်ယူနိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ်သိပြီး ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းနိုင်ဖို့ သူ့၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ကြုံတွေ့ဖို့ အခွင့်အရေးပေးသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ကျွန်တော် အင်မတန် ကံကောင်းသည်ဟု ခံစားရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော်တို့၏ အပြစ်၏ ဇာစ်မြစ်နှင့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံ၏ သရုပ်သကန်များကို ထုတ်ဖော်ခဲ့သောကြောင့် ကျွန်တော် အရမ်းလမ်းပျောက်ပြီး ရှုပ်ထွေးနေသလို မခံစားရတော့ပါ။ အပြစ်ကို ဖယ်ရှားပြီး အသက်စိတ်သဘောထား၌ ပြောင်းလဲမှုကို ရဖို့အတွက် လမ်းကြောင်းလည်း သူကျွန်တော်တို့ကို ပေးသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကြွယ်ဝများပြားပြီး ကျွန်တော်တို့ လိုအပ်သည့်အရာများအားလုံးကို ပေးသည်။ ကျွန်တော်တို့၏ မေးခွန်းများနှင့် အခက်အခဲများနှင့် အားလုံးအတွက် အဖြေကို ပေးသည်။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော်တို့ဖတ်ပြီး စိတ်နှလုံးထဲကနေ လက်ခံသရွေ့၊ ကျွန်တော်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်လိုစိတ်တို့ကို နားလည်နိုင်ပြီး ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် လမ်းကြောင်းကို ရှာတွေ့နိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကျေးဇူးတော်ပင် ဖြစ်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နာမတော်တို့၏ နက်နဲမှု

“ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။