သုံးပါးတစ်ဆူ ပဟေဋိကို ဖော်ထုတ်ခြင်း

22.05.2022

အကြီးအကဲတစ်ဦးကြောင့် လွန်ခဲ့တဲ့ အနှစ် ၂၀ က ခရစ်ယာန်ဘာသာထဲ ကျွန်တော် ပြောင်းလဲခဲ့ပါတယ်။ စင်္ကြဝဠာထဲက အရာရာအားလုံးမှာ လူသားမျိုးနွယ်၊ ကောင်းကင်၊ မြေကြီး နဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ ဘုရားတစ်ပါးတည်းရှိတယ်လို့ သူ ပြောခဲ့တယ်။ ဒါကျွန်တော်အတွက် စိတ်ဝင်စားစရာပဲလေ။ နောက်ပိုင်းမှာ သူက သခင်ယေရှုဟာ ဘုရားသားတော်ဖြစ်ပြီး၊ သူ့ကို ယုံကြည်ခြင်းကနေ ကျွန်တော်တို့ ကယ်တင်ခံရနိုင်တယ်လို့ ပြောခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော် နည်းနည်း မရှင်းမလင်း ဖြစ်သွားတယ်။ ဘုရားတစ်ပါးပဲ ရှိတာမဟုတ်လား။ သူ့မှာ ဘယ်လို သားတော်တစ်ပါး ရှိရမှာလဲပေါ့။ အမှန်တကယ် ဘုရားဘယ်လောက် ရှိသလဲဆိုတာ ကျွန်တော် နားကိုမလည်နိုင်ခဲ့ဘူး။ အဲဒီနောက်၊ ကျွန်တော်တို့ သင်းအုပ်က တစ်ယောက်ယောက်ကို ရေနှစ်ခြင်းပေးတဲ့အခါတိုင်း သူက၊ “မင်းကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် နာမနဲ့ ဗတ္တိဇံ ပေးတယ်” လို့ပြောတာ သတိထားမိတယ်။ မရှင်းလို့ သူ့ကို ကျွန်တော် မေးခဲ့တယ်၊ “ဘုရားဘယ်နှစ်ပါး ရှိတာလဲ။ ဘာလို့ လူတွေကို ဘုရားနာမည်အများကြီးနဲ့ နှစ်ခြင်းမင်္ဂလာ အမြဲတမ်း ပေးရတာလဲ” လို့ပေါ့။ သူ့အဖြေက၊ “ဘုရားတစ်ပါးထဲပဲ ရှိပေမယ့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ရှိတဲ့ သုံးပါးတစ်ဆူ ဘုရားဖြစ်တယ်၊ သူတို့က သီးခြား ပုဂ္ဂိုလ်တွေဖြစ်ပေမယ့် တစ်ဦးတည်းအဖြစ် အတူတည်ရှိကြတယ်”တဲ့။ ကျွန်တော် နားမလည်သေးတာ မြင်တော့၊ သူက၊ “ဒါဟာ နားလည်ဖို့ တကယ်ကို နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရမယ့် အရာတစ်ခုပဲ။ အခု နားမလည်ရင် ကိစ္စမရှိဘူး။ သူတို့အားလုံးကို ဘုရားလို့သာ သဘောထားလိုက်။ ဖခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော် အားလုံး အတူအလုပ် လုပ်ကြတယ်လို့ ဆက်ပြောပါတယ်။” သူ့ရဲ့ ရှင်းပြချက်က ကျွန်တော့်ကို ဇဝေဇဝါ ဖြစ်စေတုန်းပါပဲ။ သူက တစ်ပါးတည်းသော ဘုရားဖြစ်ရင်၊ ဘယ်လိုလုပ် ပုဂ္ဂိုလ်သုံးပါး ရှိနိုင်မှာလဲ။ ဒါပေမယ့် အဲဒါက ခရစ်ယာန် ဘာသာရဲ့ အခြေခံ သက်ဝင်ယုံကြည်မှုဖြစ်လို့ မမှားနိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါကြောင့် အဲဒါက ဘုရားရဲ့ နက်နဲတဲ့ နက်နဲမှုတစ်ခု ဖြစ်နိုင်မှာပါပေါ့။

နောက်ပိုင်းမှာ ဘုရားကို ပိုကောင်းကောင်း အစေခံနိုင်ဖို့ ဒီဗီနီတီ ကျောင်းကို ကျွန်တော် သွားခဲ့တယ်။ အဲဒီမှာ ရှိနေတုန်းမှာလည်း သုံးပါးတစ်ဆူ အဓိပ္ပာယ်ကို အများကြီး စဉ်းစားခဲ့တယ်။ ကျွန်တော်ရဲ့ မရှင်းလင်းမှုကို ရှင်းလင်းသွားစေဖို့ ကြိုးစားတဲ့အနေနဲ့၊ စာအုပ်၊ဆောင်းပါးအများကြီးနဲ့ ကျမ်းစာကို စလေ့လာခဲ့ပြီး၊ သင်းအုပ်ဆရာတစ်ချို့ကို မေးခဲ့ပေမယ့်၊ အဖြေ လုံးဝ မတွေ့ခဲ့ဘူး။ ကျွန်တော့် လေ့လာသင်ယူမှုတွေ ပြီးသွားတော့၊ အသင်းတော်မှာ ဥပုဒ်စာဖြေကျောင်းအတွက် စေတနာ့ဝန်ထမ်း လုပ်ခဲ့တယ်။ သုံးပါးတစ်ဆူကို ရှင်းပြဖို့ တစ်ချို့ ညီအစ်ကို မောင်နှမတွေက တောင်းဆိုကြတယ်။ ဘာလုပ်ရမှန်း ကျွန်တော် မသိခဲ့ဘူး၊ ဒါကြောင့် သင်းအုပ်ပြောခဲ့ပြီးတဲ့အရာနဲ့ပဲ သူတို့ကို ကျွန်တော် နှပ်ချလိုက်တယ်။ သူတို့ မျက်စိလည်နေသေးပုံရတာကို မြင်တော့၊ ကျွန်တော် တကယ် စိတ်မကောင်းဘူး။ ဘုရားကို ကျွန်တော် အစေခံရမယ်မှန်း သိခဲ့ပါတယ်၊ ဒါကြောင့် ခရစ်ယာန် ယုံကြည်မှုမှာ အရမ်းကို အခြေခံကျတဲ့ အရာတစ်ခုကို မရှင်းပြနိုင်ခဲ့လို့ အရမ်းအရှက်ရမိတယ်။

၂၀၀၇ ခုနှစ်မှာ၊ ကမ္ဘာ့ တရုတ်သင်းအုပ်နဲ့ အကြီးအကဲ သင်းတန်းအစည်းအဝေးမှာ ကျွန်တော် ပါဝင်ခဲ့တယ်။ ကမ္ဘာ့အနှံ့အပြားက ကျော်ကြားတဲ့ သင်းအုပ်တွေနဲ့ တရားဟော ဆရာတွေ အတူစုဝေးကြတာကို တွေ့ရတာဟာ ကျွန်တော့်အတွက် အရမ်း စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တယ်။ ကျွန်တော် စိတ်ထဲက မရှင်းလင်းမှုကို ရှာဖွေ၊ ဖြေရှင်းဖို့ အဲဒီအခွင့်အရေးကို ကျွန်တော် အသုံးချချင်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ အစည်းအဝေးပြီးတဲ့ နောက်မှာ ကျွန်တော် လူသိများတဲ့ သင်းအုပ်တစ်ယောက်ကို ချဉ်းကပ်ခဲ့တယ်။ သုံးပါးတစ်ဆူအပေါ် သူ့ရဲ့ နားလည်မှုအကြောင်းကို ကျွန်တော် မေးခဲ့ပြီး၊ သူက၊ “ခမည်းတော်က အရာရာကို ဆုံးဖြတ်တယ်၊ သားတော်က ခမည်းတော်ရဲ့ အစီအစဉ်ကို ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က အစီအစဉ်ကို စီမံတယ်” လို့ ပြန်ဖြေခဲ့တယ်။ ပိုပြီး အသေးစိတ်ပြောဖို့ သူ့ကို ကျွန်တော် တောင်းဆိုခဲ့ပေမယ့်၊ သူက မေးခွန်းကို ကျွမ်းကျွမ်းကျင်ကျင် ရှောင်သွားတယ်။ အဲဒီအကြောင်းကို တခြား သင်းအုပ်ဆရာကို ကျွန်တော် မေးခဲ့ပြီး သူက၊ “ယေဟောဝါက ဘုရားဖြစ်တယ်၊ သခင်ယေရှုက ဘုရားဖြစ်သလို သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားဖြစ်တယ်။ သူတို့အားလုံး ဘုရားဖြစ်တယ်။ မင်း ဆုတောင်းချင်တဲ့သူကို ဆုတောင်းလိုက်။ ဒါပေမယ့် သခင်ယေရှုကို ဆုတောင်းဖို့ အကြံပေးချင်တယ်၊ ဘာလို့လဲဆိုရင် သူက လူသားဖြစ်လို့လေ။ သူ့မှာ သာမန် လူ့ခံစားချက်တွေရှိပြီး လူ့စိတ်နှလုံးထဲကို မြင်နိုင်တယ်။ နိမိတ်လက္ခဏာတွေ အများကြီးလည်း သူ ဆောင်ရွက်ခဲ့တယ်။ ယေဟောဝါက ဝိညာဉ်တော်ဖြစ်လို့ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်တယ်။ သူတို့ကို မြင်လို့၊ ထိလို့မရဘူး။ အဲဒါက ကမ္ဘာမြေနဲ့ဆိုင်တဲ့ ဘုရားနဲ့ ဆက်သွယ်ပြောဖို့ ပိုကောင်းရတဲ့ အကြောင်းရင်းပဲ။” ဒီအရာနဲ့ ကျွန်တော် ပိုတောင် စိတ်ရှုပ်ထွေးသွားပြီး၊ “ပုဂ္ဂိုလ်သုံးပါးထဲမှာ ပိုကြီး၊ ပိုယုတ်တဲ့သူ မရှိဘူးလေ၊ ဘယ်လိုလုပ် တစ်ယောက်ကို ဆုတောင်းတာပိုကောင်းရမှာလဲ ယေဟောဝါကလည်း ကျွန်တော်တို့ စိတ်နှလုံးထဲကို မြင်ပြီး နိမိတ်လက္ခဏာမျိုးစုံ မဆောင်ရွက်နိုင်ဘူးလား။” ကျွန်တော် မရှင်းမလင်းဖြစ်တာ မြင်တော့၊ သူက၊ “ဘုရားက ဝိညာဉ်တော်ဖြစ်ပြီး သူ့ကို နားလည်လို့မရနိုင်ဘူး။ ကျမ်းစာကို ဆယ်စုနှစ်တွေကြာ ဘာသာပြန် အတွေ့အကြုံရှိတဲ့ သင်းအုပ်အများကြီးက ဒါကို အပြည့်အဝ မရှင်းပြနိုင်ကြသေးဘူး။ ပြီးတော့ ငါလည်း ဒါကို လေ့လာနေတုန်းပဲ” လို့ ထပ်ဖြည့်ပြောတယ်။ အဲဒီနောက် ကျွန်တော့်မှာ ဘာမှပြောစရာ မကျန်တော့ဘူး။ ဆုတောင်းချက် အရေးကြီးတာကို သင်းအုပ်ဆရာက ခွဲခြားသိပုံရတဲ့အကြောင်း တွေးမိတော့ ကျွန်တော့်ကို နေမထိထိုင်မထိ ဖြစ်စေခဲ့တယ်။ အဲဒါက ဘုရားကို ရိုသေလေးစားတဲ့ ချဉ်းကပ်မှု မဟုတ်သလို ခံစားမိခဲ့ပေမယ့်၊ ဘယ်လိုနားလည်သင့်မှန်း ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော့်ရဲ့ သုံးပါးတစ်ဆူ ယုံကြည်ချက်၊ မရှင်းလင်းမှုနဲ့ အားလုံးကို ထိန်းသိမ်းထားလိုက်တယ်။ ဥပုသ်စာဖြေအတန်းတွေမှာ သုံးပါးတစ်ဆူအကြောင်း ပါလာချိန်တိုင်း၊ အဲဒါကို ဖွမိလို့ ဘုရားကို ပြစ်မှားမိမှာစိုးလျက်နဲ့ ဖော့ပြောလိုက်တယ်။ ဒါပေမယ့် အဲဒါကို စိတ်ထဲမှာ ကျွန်တော် လုံးဝ တကယ် နားမလည်ခဲ့ဘူး။

လျှပ်တစ်ပြက်မှာ ဆယ်စုနှစ်တစ်ခုကျော် ကုန်လွန်သွားခဲ့တယ်။ အစ်မ ဆုနဲ့ ၂၀၁၇ ခုနှစ်မှာ ကျွန်တော် ဆုံခဲ့တယ်။ သူ့ရဲ့ ကျမ်းစာ မိတ်သဟာယက တကယ် အသိဉာဏ်ပွင့်စေပြီး၊ သူ့မှာ တကယ်ထိုးထွင်းအမြင်ရှိတဲ့ သိနားလည်မှု ရှိတယ်။ အဲဒီကနေ ကျွန်တော် အများကြီး ရလိုက်တယ်။ နောက်တော့ အုပ်စုငယ် အွန်လိုင်း စုဝေးပွဲမှာ ပါဝင်ဖို့ သူ ကျွန်တော့်ကို ဖိတ်ခဲ့တယ်။ အဲဒီ စုဝေးပွဲတွေထဲက တစ်ခုမှာ၊ အစ်ကို လီက ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်မှုနဲ့ ကျမ်းစာနောက်ကွယ်က ဇာတ်လမ်းနဲ့ပတ်သက်တဲ့ မိတ်သဟာယ မျှဝေခဲ့တယ်။ အဲဒါက အရမ်း အမြင်ပွင့်စေခဲ့တယ်။ ဗျာဒိတ်ကျမ်းက ပရောဖက်ပြုချက်တွေကိုလည်း သူဖော်ပြခဲ့ပြီး၊ “လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုက အဆင့်သုံးဆင့်နဲ့ ဖြစ်တယ်။ ဓမ္မဟောင်းက ပညတ်တော်ခေတ်၊ ဓမ္မသစ်က ကျေးဇူးတော်ခေတ်ဖြစ်ပြီး၊ ဗျာဒိတ်ကျမ်းက နောက်ဆုံးသော ကာလ အမှုတော်ကို ပရောဖက်ပြုထားတယ်။ ဘုရားက နာမသစ် ယူပြီး အဆင့်အသီးသီးမှာ မတူတဲ့ အလုပ်ကို လုပ်တယ်။ ပညတ်တော် ခေတ်အတွင်း ဓမ္မဟောင်းကျမ်းမှာ ဘုရားနာမက ယေဟောဝါဖြစ်ပြီး၊ သူက မောရှေကနေတစ်ဆင့် ပညတ်တရားနဲ့ ပညတ်ချက်တွေကို ထုတ်ပြန်ခြင်းအားဖြင့် အပြစ်အကြောင်း သွန်သင်ခဲ့တယ်။ အစောပိုင်း လူကို ကမ္ဘာမြေပေါ်က သူတို့ဘဝတွေမှာ လမ်းပြရင်းပေါ့။ ပညတ်တော်ခေတ် နှောင်းပိုင်းမှာ၊ ဘယ်သူမှ ပညတ်တရားကို မထိန်းသိမ်းကြဘဲ ပိုပိုပြီး အပြစ်ပြုနေခဲ့ကြတယ်။ အယောက်တိုင်းက ပညတ်တရားအောက်မှာ ရှုတ်ချခြင်းနဲ့ သေခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ ဘုရားက လူတွေကို ရှုတ်ချခံရတဲ့အဖြစ်ကနေ ကယ်တင်ဖို့ သခင်ယေရှုအဖြစ် လူ့ဇာတိခံလာခဲ့တယ်။ သူဟာ ကျွန်တော်တို့ရဲ့ အပြစ်တွေကနေ ရွေးနှုတ်ဖို့ ကိုယ်တိုင် ကားစင်တင်ခံခဲ့ရတယ်။ သခင်ယေရှုကို ကျွန်တော်တို့ လက်ခံပြီး သူ့ကို ဝန်ချ၊ နောင်တရသရွေ့၊ ငါတို့ အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။ ဒါပေမယ့် ငါတို့မှာ အပြစ်ရှိတဲ့ သဘာဝ ရှိနေတုန်းပဲ၊ ဒါကြောင့် ငါတို့ အပြစ်ပြုမြဲပြုပြီး ဝန်ချမြဲ ဝန်ချကြတယ်။ ငါတို့ဟာ အပြစ်နှောင်ကြိုးတွေကနေ မသန့်စင်၊ မလွတ်မြောက်ကြသေးဘူး။ ငါတို့ဟာ အဲဒီလိုနည်းနဲ့ ကောင်းကင်နိုင်ငံတော်နဲ့ မထိုက်တန်ဘူး။ နောက်ဆုံးသော ကာလမှာ၊ ဘုရားက လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်နဲ့အညီ သမ္မာတရားကို ဖော်ပြတယ်။ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ဖို့၊ ငါတို့ရဲ့ အပြစ်သဘာဝကို ဖြေရှင်းဖို့ နဲ့ စာတန်ရဲ့ အုပ်စိုးမှုကနေ အပြည့်အဝ ကယ်တင်ဖို့ သူ အမှုပြုတယ်။ ဒါတွေက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားအမှု အဆင့်သုံးဆင့် ဖြစ်တယ်။ သူ့အမှု အဆင့်တိုင်းဟာ လူသားမျိုးနွယ် လိုအပ်တဲ့အရာအပေါ် အခြေခံတယ်။ အမှုရဲ့ ဒီအဆင့်သုံးဆင့်ကနေတစ်ဆင့်၊ အပြစ်ကို ငါတို့ သိကြတယ်၊ အပြစ်ကနေ ရွေးနှုတ်ခံရပြီး အပြန်အလှန်အနေနဲ့ အပြစ်ကနေ လွတ်ကင်းကြတယ်။ အပြစ်ကနေ ငါတို့ လွတ်ဖို့ နောက်ဆုံးသော ကာလ ဘုရားအမှုကို လက်ခံခြင်းကပဲ ငါတို့ အပြည့်အဝ ကယ်တင်ခံရပြီး ဘုရားရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တစ်ခုတည်းသော လမ်းဖြစ်တယ်”လို့ ပြောခဲ့တယ်။

ဘုရားရဲ့ အမှုအဆင့်သုံးဆင့်က မြဲမြဲ ဆက်နွှယ်ကြပြီး၊ ဒါဟာ ကျမ်းစာနဲ့ ဆက်စပ်တယ်လို့ အစ်ကိုလီက မိတ်သဟာယပြုခဲ့တယ်။ အဲဒါက ကျွန်တော့်ကို တကယ်ဆွဲဆောင်ခဲ့တယ်။ ကျမ်းစာကို အကြိမ်အများကြီး ဖတ်ပြီး တရားဒေသနာအများကြီး ကျွန်တော် ကြားခဲ့ရပေမယ့်၊ ဘုရားရဲ့ အမှုနဲ့ ပတ်သက်လို့ တစ်ယောက်ယောက်က ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုတာ လုံးဝ မကြားဖူးဘူး။ အစ်ကို လီက ကျမ်းတစ်ပိုဒ် ဆက်ပို့ပေးခဲ့တယ်။ “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ အစ်ကိုလီက၊ “ဘုရားတစ်ဆူတည်းပဲ ရှိတယ်။ ဘုရားက လူသားမျိုးနွယ်အားလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူကိုယ်တိုင် လူသားကို စီမံခန့်ခွဲပြီး ကယ်တင်နေတယ်။ လောက ဖန်ဆင်းခြင်းကနေ ခုထိ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ အလုပ်လုပ်နေခဲ့ပြီး၊ အမှုရဲ့ အဆင့်အသီးသီးမှာ သူ့နာမတွေ မတူသလို၊ အလုပ်၊ အချိန်ကာလနဲ့ နေရာတွေ မတူပေမယ့်၊ တစ်ဆူတည်းသော ဘုရားက အားလုံးကို လုပ်ဆောင်တာဖြစ်တယ်။ အဆင့်တိုင်းက ရှေ့ကအဆင့်တစ်ခုအပေါ် တည်ဆောက်ထားပြီး အဆင့်တိုင်းမှာ ပိုမြင့်မား၊ နက်နဲသွားတယ်” လို့ မိတ်သဟာယပြုခဲ့တယ်။ ဒါကို ကျွန်တော် ကြားရတော့ တကယ် အံ့ဩသွားမိပြီး၊ “အမှုရဲ့ အဆင့်တိုင်းကို ဝိညာဉ်တော် တစ်ပါးတည်းက လုပ်ဆောင်တယ်၊ ဒါကြောင့် ယေဟောဝါနဲ့ သခင်ယေရှုဟာ ဝိညာဉ်တစ်ခုတည်းဖြစ်တယ်။ ဘုရားတစ်ဆူထဲရှိတယ်၊ ဝိညာဉ် သုံးပါးမရှိဘူးလို့ သူပြောတယ်။ အစ်ကို လီရဲ့ မိတ်သဟာယက လုံးဝ အဓိပ္ပာယ်ရှိပြီး၊ သံသယထားဖို့၊ ချေပဖို့ ဘာတစ်ခုမှ ကျွန်တော် မတွေ့ရဘူး။ ဒါပေမယ့် သူပြောတဲ့အရာပေါ် အခြေခံပြီး၊ ကျွန်တော်တို့ ယုံကြည်တဲ့ သုံးပါးတစ်ဆူဆိုတာ မခိုင်မာဘူး မဟုတ်လား။ ဘုရားရဲ့ တစ်ပါးတည်းဖြစ်ခြင်း၊ အများဖြစ်ခြင်းနဲ့ပတ်သက်လို့ ဘာသာရေး လောကမှာ ဆွေးနွေးမှု ရှိခဲ့ပေမယ့်၊ အများစုက သုံးပါးတစ်ဆူကို ယုံကြည်ကြတယ်။ သူတို့အားလုံး မမှားနိုင်ဘူးလေ။ ဒီလို မိတ်သဟာယကို အရင်က ကျွန်တော် လုံးဝ မကြားဖူးဘူး။ ဘာသာရေး အသိုင်းအဝိုင်းမှာ သိနားလည်မှု အသစ်တစ်ခု ရှိလား။” ကျွန်တော့် ခံစားချက်တွေ အသားမကျနိုင်ဘဲ၊ နည်းနည်း စဉ်းစားလို့ရအောင်လို့ ကျွန်တော် စောစော ပြန်ခဲ့တယ်။

ရှင်းလင်းမှု တစ်ချို့ရဖို့ ကြိုးစားရင်းနဲ့၊ ကျမ်းစားကို ကျွန်တော် စလှန်လှောခဲ့ပြီး၊ တရားဟောချက် အရင်းအမြစ်တွေ အများကြီးကို ကြည့်ခဲ့တယ်။ ဘာကိုမှ နားမလည်ဘဲ ရက်တွေကြာ ကျွန်တော် လေ့လာရှာဖွေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် စသောကရောက်ခဲ့ပြီး၊ “အစ်ကို လီရဲ့ မိတ်သဟာယက ဘာသာရေး လောက ပြောတဲ့အရာနဲ့ မတူပေမယ့်၊ ဆန်းသစ်ပြီး ကျမ်းစာနဲ့ ကိုက်ပုံရတယ်။ နောက်ထပ် စုဝေးပွဲကို ငါ တက်သင့်လား။ ငါ ဆက်သွားပြီး သုံးပါးတစ်ဆူ စိတ်ကူးကို ငြင်းပယ်ရင်၊ ဘာသာရေး အသိုင်းအဝိုင်းက ငါ့ကို တွန်းထုတ်ကြမှာ သေချာတယ်။ အဲဒီနောက် တစ်ခါ၊ အသင်းတော်မှာ ငါမရနိုင်တဲ့ အသိဉာဏ်ပွင့်လင်းမှုကို သူ့ရဲ့ မိတ်သဟာယကနေ ငါ ရပြီးပြီလေ။ အဲဒါကို ငြင်းဆန်ရမှာကိုပဲ ငါ မုန်းမိတယ်”လို့ ကိုယ့်ကိုယ်ကိုယ် တွေးမိခဲ့တယ်။ ကျွန်တော့်စိတ်ကို ကျွန်တော် မဆုံးဖြတ်နိုင်ဘူး၊ ဒါကြောင့် စုဝေးပွဲမှာ အစ်ကိုလီ ပို့ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ကျွန်တော် တွေ့တယ်။ ဖတ်နေရင်းနဲ့ ကျွန်တော် တွေးဆခဲ့ပြီး ပိုတွေးလေ၊ အဲဒါကို ဘယ်သာမန်လူကမှ စိတ်ကူးနိုင်မှာ မဟုတ်ဘူးလို့ ပိုခံစားမိခဲ့တယ်။ ပြီးတော့ ဘယ်ဝိညာဉ်ရေး ပုဂ္ဂိုလ်ကမှ ဘုရားရဲ့ စီမံခန့်ခွဲမှု အလုပ်ကို အဲဒီလေသံမျိုးနဲ့ ပြောဝံ့မှာ မဟုတ်ဘူး။ အဲဒါက တကယ် ဘုရားနှုတ်ကပတ်တော်တွေ ဖြစ်နိုင်လား။ အများကြီး တွေးပြီးတဲ့နောက်၊ ဘာသာရေး လောကက ဘာကိုပဲ တွေးပါစေ၊ အစ်ကိုလီရဲ့ မိတ်သဟာယကို ငါ နားထောင်ပြီး ငါ့ရဲ့ မရှင်းလင်းမှုကို ရှင်းလင်းစေနိုင်မလားဆိုတာ ကြည့်ရမယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

နောက်ထပ် စုဝေးပွဲမှာ၊ သုံးပါးတစ်ဆူနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ မသေချာမှုကို မျှဝေခဲ့ပြီး၊ သူ့ရဲ့ မိတ်သဟာယက ဒီလို- “ဘာသာရေးသမား အများကြီးက သုံးပါး တစ်ဆူ အယူအဆကို ဖက်တွယ်ကြတယ်။ ဘုရားတစ်ဆူတည်းရှိပေမယ့် ဘုရားရဲ့ စီမံခန့်ခွဲခြင်း အမှုတော်ရဲ့ မတူတဲ့ အခန်းကဏ္ဍတွေကို တာဝန်ယူတဲ့ ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဆိုတဲ့ ပုဂ္ဂိုလ်သုံးပါး ရှိတယ်လို့ သူတို့ ထင်ကြတယ်။ ဒါပေမယ့် ဒီအယူအဆ ဘယ်က လာတယ် ဆိုတာ တွေးဖူးကြလား။ သုံးပါးတစ်ဆူအကြောင်း တစ်ခုခု ဘုရားပြောဖူးလား။ သန့်ရှင်းသော ဝိညာဉ်တော်က အဲဒါကို သက်သေခံဖူးလား။ ပရောဖက်တွေက အဲဒီအကြောင်း ပြောဖူးကြလား။ သိသိသာသာပဲ မပြောဖူးဘူးလေ။ အမှန်တော့၊ သုံးပါးတစ်ဆူ အယူအဆကို၊ သခင့် အချိန်ကာလနောက် အနှစ်သုံးရာကျော်က နိုင်စီးယား ကောင်စီမှာ ပထမဆုံး စိတ်ကူးရခဲ့တာပါ။ ပြီးတော့ ဘာသာရေး ခေါင်းဆောင်တွေကြား ပြင်းထန်တဲ့ ဆွေးနွေးမှုနောက်မှာ အတည်ဖြစ်ခဲ့တာ။ အဲဒီကနေစပြီး၊ ဘာသာရေးသမား အများစုက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ ဘုရားတစ်ဆူတည်းက သုံးပါးတစ်ဆူဖြစ်တယ်လို့ စယုံကြည်ခဲ့တယ်။ သူတို့က သခင်ယေရှုအပြင်၊ ကောင်းကင်ဘုံက ခမည်းတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်လည်း ရှိတယ်၊ သူတို့က ဘုရားသုံးပါး၊ ဝိညာဉ်တော်သုံးပါးဖြစ်တယ်လို့ ထင်ကြတယ်။ သူတို့ရဲ့ ဆင်ခြင်တွေးခေါ်မှုစနစ် နောက်လိုက်ရင်၊ ဘုရားက စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်မလား။ ဘုရားတစ်ဆူတည်းရှိတယ်လို့ သူတို့ ဟိုဟိုသည်သည် သွားအော်နေကြပေမယ့်၊ သုံးပါးတစ်ဆူကို သူတို့ ယုံကြတယ်။ အဲဒါ ဆန့်ကျင်မနေဘူးလား။ အဲဒါ အဓိပ္ပာယ်မဲ့မနေဘူးလား။ ဓမ္မဟောင်းမှာ သုံးပါးတစ်ဆူ တစ်ခုတစ်လေနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ လုံးဝ မရှိခဲ့ဘူး။ ပြီးတော့ ကမ္ဘာမြေပေါ် အမှုပြုနေခဲ့တဲ့ သခင်ယေရှုရဲ့ သုံးနှစ်ခွဲကာလမှာ သုံးပါးတစ်ဆူ ရှိတဲ့အဖြစ်နဲ့ပတ်သက်လို့ ဘာတစ်ခုမှ လုံးဝ မပြောခဲ့ဘူး။ သခင်ယေရှုက သူ့အမှုကို ပြီးစီးခဲ့ပြီးတဲ့နောက်မှာ ဘာလို့ အဲဒီ အယူအဆ ထွက်ပေါ်ခဲ့တာလဲ။ အဲဒါ ဘာလို့လဲဆိုတော့ လူ့ဇာတိခံယူခြင်း အနှစ်သာရကို လူတွေ နားမလည်ခဲ့လို့ပဲ။ သခင်ယေရှုက ဘုရားရဲ့ချစ်ရတဲ့ သားတော် ဖြစ်မှန်း သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခဲ့ပြီး ကောင်းကင်ဘုံက သူ့ခမည်းတော်ထံ သူ ဆုတောင်းနေတာကို သူတို့ မြင်ခဲ့ကြတယ်၊ ဒါကြောင့် ဘုရားနဲ့ပတ်သက်လို့ အယူအဆတွေကို သူတို့ ဖြစ်စေခဲ့တာပါ။ ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဆိုတဲ့ ဘုရားသုံးပါးရှိတယ်လို့ သူတို့ တွေးခဲ့ကြတယ်။ သူတို့ စိတ်ကူးမိတဲ့အရာကနေ တွက်ချက်ခန့်မှန်းပြီး ဘုရားကို ဘောင်ခတ်ဖို့ မဖြစ်နိုင်တဲ့ ကြိုးပမ်းမှု လုပ်ခဲ့ကြတယ်။ ဥပမာအနေနဲ့ ဖိလစ်ကို ကြည့်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားမှန်း သူ မသိခဲ့ဘူး၊ ဒါကြောင့် သူ့ကို ခမည်းတော် ပြဖို့ သခင့်ကို တောင်းဆိုခဲ့တယ်။ သခင်ယေရှုက ရှင်းရှင်းလင်းလင်း ဖြေခဲ့တယ်၊ ‘ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၈-၁၀) သခင်ယေရှုက၊ ‘ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀) လို့လည်း ပြောသေးတယ်။ သူတို့က တစ်လုံးတစ်ဝတည်းဖြစ်တယ်၊ ဘုရားတစ်ဆူ၊ ဝိညာဉ်တော် တစ်ခုတည်းလို့ သခင်ယေရှုက အရမ်းကို ရှင်းရှင်းပြောခဲ့တယ်။”

အဲဒီနောက် အစ်ကိုလီက ဘုရားနှုတ်ကပတ်တော် နှစ်ခုကို ဖတ်တဲ့ ဗီဒီယိုတစ်ခု ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ ‘သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။’ ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)အချို့က ‘ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ အဆုံးတွင် ၎င်းတို့သည် တစ်ဦးတည်း ဖြစ်ကြလိမ့်မည်။’ ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ သို့ဆိုလျှင် သင်သည် ၎င်းတို့ကို တစ်ဦးတည်းအဖြစ် မည်သို့ဖြစ်စေသင့်သနည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဦးတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် နှစ်ပါးဖြစ်ခဲ့သည်ဆိုပါက၊ ၎င်းတို့ကို မည်သို့ ပေါင်းစပ်သည်ဖြစ်စေ၊ အစိတ်အပိုင်းနှစ်ခု ဖြစ်ဆဲရှိကြမည် မဟုတ်လော။ သင်သည် ၎င်းတို့အား တစ်ဦးတည်း ဖြစ်စေခြင်းအကြောင်း ပြောဆိုရာတွင်၊ ယင်းမှာ ကွဲပြားသော အစိတ်အပိုင်းနှစ်ခုကို တစ်လုံးတစ်ဝတည်း ဖြစ်စေရန် ပေါင်းစည်းခြင်း သက်သက်ဖြစ်သည် မဟုတ်လော။ သို့သော် ၎င်းတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်မီတွင် အစိတ်အပိုင်းနှစ်ခု ဖြစ်ခဲ့သည် မဟုတ်လော။ ဝိညာဉ်တော်အသီးသီးသည် ခြားနားသော အနှစ်သာရ တစ်ခုရှိပြီး၊ ဝိညာဉ်တော် နှစ်ပါးကိုလည်း တစ်ပါးတည်း အဖြစ်သို့ ပြုလုပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်သကဲ့သို့၊ ရုပ်ဝတ္ထု လောကကြီးထဲက မည်သည့်အရာနှင့်မျှ မတူပေ။ လူသားက မြင်သကဲ့သို့၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် နောက်ထပ် တစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း နောက်တစ်ပါး ဖြစ်ပြီး၊ ဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ရောနှောလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သုံးပါးသည် တစ်ပါးတည်းဖြစ်သွားသည် မဟုတ်လော။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မရှိသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤသည်မှာ ဘုရားသခင်အား ခွဲခြင်း ဖြစ်သည် မဟုတ်လော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ကို အဘယ်သို့ တစ်ဦးတည်း ဖြစ်စေ၍ ရနိုင်သနည်း။ ၎င်းတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် အစိတ်အပိုင်း သုံးခု ဖြစ်ကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော) အဲဒီနောက် သူက၊ “အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော် တွေက သုံးပါးတစ်ဆူ အတွေးမှားကို အကုန်အစင် ရှင်းရှင်း စိတ်ဖြာဆန်းစစ်တယ်။ ဘုရားသခင်က မတူတဲ့ နာမတွေနဲ့ တစ်ပါးတည်းရှိတဲ့၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်မှန်း မြင်လို့ရတယ်။ လူ့ဇာတိခံ ဘုရားက လူ့ဇာတိနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး၊ သူ့ရဲ့ လူ့ဇာတိအနှစ်သာရက သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်တယ်။ ဆုတောင်းရာမှာ သူ့ကို ဘယ်လို ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်၊ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ လူ့ဇာတိခံ ဘုရားက အားလုံး တစ်ပါးတည်း၊ ဝိညာဉ်တစ်ခုတည်း ဖြစ်တယ်။ ဒီအချက်ကို ဘယ်သူမှ ငြင်းလို့မရဘူး။ ဘုရားက စကြဝဠာထဲက အရာခပ်သိမ်းရဲ့ အရှက်ဖြစ်တယ်။ သူဟာ အနန္တတန်ခိုးရှင်၊ အားလုံးသိသူ၊ အားလုံးကို နှံ့စပ်တဲ့ ဝိညာဉ်တော် ဖြစ်တယ်။ သူဟာ နေရာတိုင်းမှာရှိပြီး အရာအားလုံး တတ်စွမ်းသူ ဖြစ်တယ်။ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို သူ ဖန်ဆင်းနိုင်ပြီး ကမ္ဘာမြေပေါ် လူသားဘဝတွေကို လမ်းပြနိုင်တယ်။ လူတွေကို သူတို့ လိုအပ်တဲ့အရာအတိုင်း ရွေးနုတ်၊ ကယ်တင်ဖို့ လူသားအနေနဲ့ လူ့ဇာတိလည်း ခံနိုင်တယ်။ ဘုရားဝိညာဉ်တော်ကလည်း စကြဝဠာမှာရှိတဲ့ အရာခပ်သိမ်းအပေါ် ထိန်းချုပ်မှုရှိတယ်။ ယေဟောဝါက စကြဝဠာကို ဖန်ဆင်းခဲ့တဲ့ ခမည်းတော်ဘုရားဖြစ်ပြီး၊ စီမံခန့်ခွဲခြင်းနဲ့ စီစဉ်ခြင်း အမှုကို လုပ်ဆောင်ရင်း ကောင်းကင်ဘုံမှာ ရှိနေတုန်းမှာ သခင်ယေရှုက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ခမည်းတော် စေလွှတ်တဲ့ သားတော်ဖြစ်တယ်၊ အဲဒီနောက် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ကို တက်ကြွသွားတာနဲ့တစ်ပြိုင်နက် သူ့မှာ လုပ်စရာ ဘာမှမရှိတော့ဘူး။ သူက သန့်ရှင်းသော ဝိညာဉ်တော်အပေါ် မှီခိုရတယ်။ သုံးပါးတစ်ဆူရဲ့ ပုဂ္ဂိုလ်တွေ အသီးသီးမှာ ကိုယ်ပိုင် အခန်းကဏ္ဍရှိတယ်။ ကောင်းကင်နဲ့ မြေကြီးအတွက် တာဝန်ဝတ္တရာရှိပြီး လူသားမျိုးနွယ်ထဲမှာ လုပ်ဆောင်ပြီးစီးတဲ့ အမှုအတွက် တာဝန်ရှိတယ်ဆိုတဲ့ ဘာသာရေးလောကက ပြောတဲ့အရာနဲ့ ကျွန်တော်တို့ သွားရင်၊ အဲဒါက ဘုရားကို သုံးပိုင်းခွဲနေတာ မဟုတ်လား။ အဲဒါဆိုရင် ဘုရားက အနန္တတန်ခိုးရှင်၊ အရာအားလုံး သိသူ၊ အားလုံး တတ်စွမ်းသူ၊ တစ်ပါးတည်းသော ဘုရား ဖြစ်ပါဦးမလား။ မဆန့်ကျင်နေဘူးလား။ စစ်မှန်တဲ့ ဘုရားတစ်ပါးတည်းရှိပြီး၊ သူကိုယ်တိုင် လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်နေတာပါ။ သူ့ကို သုံးပိုင်း ခွဲနေတာက သူ့ကို အပိုင်းပိုင်း ကွဲစေတာပဲ။ အဲဒါက ဘုရားကို ခုခံပြီး ပြစ်မှားစော်ကားနေတာပဲ”လို့ မိတ်သဟာယ ပြုတယ်။

ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် တကယ်တို့ထိမိခဲ့တယ်။ နှစ်တွေကြာ စိတ်နှလုံးထဲမှာ ကျွန်တော် စွဲကိုင်ခဲ့တဲ့ သုံးပါးတစ်ဆူက မတည်ရှိတာကို ကျွန်တော် မြင်ခဲ့ရတယ်။ ဘုရားက တစ်ပါးတည်းရှိတယ်လို့ အမြဲ အခိုင်အမာပြောရင်းနဲ့ နှစ်တွေကြာ သခင့်ကို ကျွန်တော်တို့ ယုံကြည်ခဲ့ပေမယ့်၊ သူ့ကို ပုဂ္ဂိုလ်သုံးပါးအဖြစ် ခွဲခဲ့ကြပြီး၊ အဲဒီနောက် အဲဒီဘုရားသုံးပါးကို ဘယ်လို တစ်ပါးတည်းဖြစ်စေမလဲဆိုတာ မသိကြဘူး။ အဲဒါ မိုက်မဲတာပဲ မဟုတ်လား။ သူတို့ရဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ သုံးပါးတစ်ဆူ ရှင်းပြချက်တွေရှိတဲ့ အဲဒီကျော်ကြားတဲ့ သင်းအုပ်တွေအကြောင်း ကျွန်တော် တွေးမိခဲ့တယ်။ ရှင်းလင်းဖို့ သူတို့ ကြိုးစားချိန်မှာ၊ ဘုရားက နားလည်လို့မရနိုင်သလို့ နက်နဲတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ကို သူတို့ နှစ်ပေါက်တစ်ပေါက် ရိုက်နေတာပဲ။ ဘုရားကို မသိဘဲ ယုံကြည်တာနဲ့ သူ့ကို ခွဲနေတာဟာ တကယ်တော့ ဘုရားကို ခုခံနေတာ၊ သူ့ကို မလေးမစားလုပ်နေတာဖြစ်မှန်း ကျွန်တော် မြင်ခဲ့ရတယ်။ ဒီအတွေးနဲ့၊ ဘုရားသခင်ကို တကယ် ကျေးဇူးကြွေးတစ်ခု ရှိတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် မရှင်းမလင်းဖြစ်တုန်းပဲ၊ ဘာလို့လဲဆိုတော့ ကျမ်းစာက၊ “ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။” (ရှင်မဿဲခရစ်ဝင် ၃:၁၆-၁၇) ဘုရားဟာ ဝိညာဉ်တော် တစ်ပါး၊ ဘုရားတစ်ပါးတည်းဖြစ်တယ်။ သခင်ယေရှုက ယော်ဒန်မြစ်မှာ ဗတ္တိဇံခံပြီး သူဟာ ဘုရားရဲ့ သားတော်ဖြစ်တယ်လို့ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခဲ့သလို၊ ကောင်းကင်ဘုံက သူ့ခမည်းတော်ထံ သခင်ယေရှု ဆုတောင်းခဲ့တဲ့ အချိန်တွေအားလုံး ရှိခဲ့တယ်။ အဲဒါကို ကျွန်တော်တို့ ဘယ်လို နားလည်နိုင်မှာလဲ။ ဒါကို ကျွန်တော် တကယ်နားလည်ချင်လို့၊ အစ်ကို လီကို မေးခဲ့တယ်။

သူက၊ “ဟုတ်တယ်။ သခင်ယေရှုက ဘုရားထံ ဆုတောင်းခဲ့ပြီး သူ့ကို ကောင်းကင်ဘုံက သူ့ခမည်းတော်လို့ ခေါ်ခဲ့တယ်။ ဒီအရာထဲမှာ နက်နဲမှုတစ်ခု ရှိတယ်။ သခင်ယေရှုက သူ့ရဲ့ သာသနာကို မစခင်မှာ၊ သူဟာ လူ့ဇာတိခံ ဘုရားဖြစ်မှန်း မသိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ လူ့ဇာတိမှာ ဝိညာဉ်တော် အလုပ်လုပ်တဲ့အခါ သူက သဘာဝလွန်မဟုတ်ဘဲ၊ သာမန်ဖြစ်တယ်။ သူက ပုံမှန်လူတစ်ဦးလိုပဲ ဖြစ်ခဲ့တယ်။ ဒါကြောင့် သူက ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခမည်းတော်ဆီ ဆုတောင်းမှာပေါ့။ ဒါက လူသားတစ်ဦးအနေနဲ့ ဘုရားရဲ့ ဝိညာဉ်တော်ထံ သခင်ယေရှု ဆုတောင်းနေခဲ့တာပါ။ အဲဒါ လုံးဝ သဘာဝကျတယ်။ သခင်ယေရှုက သူ့သာသနာ အစပြုခဲ့ချိန်မှာ၊ သူက လူ့ဇာတိခံ ဘုရားဖြစ်တယ်လို့ သက်သေခံရင်းနဲ့၊ သန့်ရှင်းသော ဝိညာဉ်တော် စကားပြောခဲ့တယ်။ အဲဒီနောက်မှ သူ့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို သူသိခဲ့တယ်။ ဒါပေမယ့် ဖခမည်းတော်ထံ သူ ဆုတောင်းဆဲပဲ။ အဲဒါက ခရစ်တော်ဟာ နှိမ့်ချ၊ ကွယ်ဝှက်ပြီး သူ့ရဲ့ အနှစ်သာရက ဘုရားကို လုံးဝ ကျိူးနွံနာခံတယ်ဆိုတာ ပြတယ်။ ဒါကို ရှင်းသွားစေတဲ့ အနန္တတန်ခိုးရှင် ဘုရား နှုတ်ကပတ်တော် ဖတ်ရွတ်ခြင်း ဗီဒီယိုတစ်ခု ကြည့်လိုက်ရအောင်။” အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော ‘လူသား’ ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌနာတော်ကို သင်တို့ မှတ်မိကြသေးသလော။ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...’ သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်၏ နာမနှင့် ခေါ်ဆိုရန် စေခိုင်းခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့်အတွက်၊ သူသည် သင်တို့အားလုံးနှင့်တန်းတူ ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟူသည့် နာမနှင့် ခေါ်ဆိုခဲ့သည့်အတွက် ယေရှုသည် မိမိကိုယ်ကို သင်တို့နှင့် အဆင့်အတန်းတူသည့်သူအဖြစ်နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ ဘုရားသခင်၏ သားတော်အဖြစ်) ရှုမြင်ခဲ့သည်။ သင်တို့သည် ဘုရားသခင်အား ‘ခမည်းတော်’ ဟု ခေါ်ဆိုပါက၊ ဤသည်မှာ သင်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှ ကြီးမားစေကာမူ၊ ကားစင်တင်ခြင်း မတိုင်မီတွင်၊ သူ၏ အမှုကို မပြီးစီးသေးသည့်အတွက် သူသည် သန့်ရှင်းသော ဝိညာဉ်တော် (ယင်းမှာ ဘုရားသခင်ဖြစ်သည်) အုပ်စိုးသည့် လူသား တစ်ဦးမျှသာ ဖြစ်ပြီး၊ ကမ္ဘာမြေ၏ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟု သူ၏ခေါ်ဆိုခြင်းသည် လုံးဝဥဿုံ သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင် ထားခံရသည့် လူသားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို အပြည့်အဝ မပိုင်ဆိုင်ခဲ့ပေ။ ယင်းမှာ သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှသာ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါ သူဆုတောင်းခဲ့သည့်အတိုင်း ဖြစ်သည်- ‘အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။’ သူသည် ကားတိုင်ပေါ် အတင်မခံခဲ့ရမီတွင်၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ခရစ်တော်၊ လူသားဖြစ်ခဲ့ပြီး၊ ဘုန်းအသရေနှင့်ဆိုင်သည့် ကိုယ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)‘ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။’ ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ ‘ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊’ ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ဖြစ်သူ ယေဟောဝါဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ ‘ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။’ ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

အစ်ကို လီက မိတ်သဟာယ ဆက်လုပ်ခဲ့တယ်။ “သခင်ယေရှုက လူ့ဇာတိခံ ဘုရားဖြစ်တယ်။ သူဟာ သာမန် လူ့သဘာဝကို ပိုင်ဆိုင်တဲ့ လူသားရဲ့ ခန္ဓာထဲက ဘုရားဝိညာဉ်တော်ဖြစ်တယ်။ သာမန်ကနေ ဘာတစ်ခုနဲ့မှ သူ မတူဘူး။ ဒါပေမယ့် သူ့မှာ ဘုရားရဲ့ ကိုယ်ပိုင် အနှစ်သာရ ရှိခဲ့တယ်။ သူ ဗတ္တိဇံခံပြီး သူ့ရဲ့ သာသနာ အစပြုပြီးတဲ့နောက်မှာ၊ သခင်ယေရှုဟာ သူ့ရဲ့ ချစ်ရတဲ့ သားတော်ဖြစ်တယ်လို့ ဘုရားက သက်သေခံခဲ့တယ်။ အဲဒါက လူတွေ သခင်ယေရှုနောက်လိုက်ပြီး ယုံကြည်အောင်နဲ့ သူဟာ ဘုရားဆီက ဖြစ်မှန်းသိအောင်လို့ ဝိညာဉ်တော်ရဲ့ ရှုထောင့်ကနေ လူ့ဇာတိခံယူခြင်းကို ဘုရား သက်သေခံနေခဲ့တာ ဖြစ်တယ်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားဖြစ်တယ်လို့ သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက် သက်သေခံခဲ့မယ်ဆိုရင်၊ လူတွေအတွက် လက်ခံဖို့ ခက်ခဲခဲ့မှာပါ၊ ဘာလို့လဲဆိုတော့ ဘုရားရဲ့ လူ့ဇတိခံခြင်းကို သူတို့ ဘာဆိုဘာမှ မသိခဲ့ကြလို့ပါပဲ။ လူ့ဇာတိခံယူခြင်းက သူတို့အတွက် အသစ်အဆန်းဖြစ်ပြီး သူတို့ ဘာကိုမှမသိခဲ့ကြဘူး။ ဒီသာမန်လူဖြစ်တဲ့၊ လူသားက လူ့ဇာတိထဲက ဘုရားဝိညာဉ်တော်ရဲ့ ပြယုဒ်ဖြစ်တယ်ဆိုတာကို သူတို့ လုံးဝ စိတ်မကူးမိခဲ့ကြဘူးလေ။ သူ့အမှုတော်မှာ၊ သခင်ယေရှုက နှုတ်ကပတ်တော်အများကြီး ဖော်ပြခဲ့တယ်၊ နောင်တလမ်း ယူဆောင်ခဲ့တယ်၊ နိမိတ်လက္ခဏာနဲ့ အံ့ဖွယ်ရာတွေ ပြခဲ့ပြီး၊ ဘုရားရဲ့ ဩဇာအာဏာနဲ့ တန်ခိုးတွေကို လုံးဝ ထုတ်ဖော်ပြခဲ့တယ်။ ဒါပေမယ့် သခင်ယေရှုက ဘုရားကိုယ်တိုင်၊ ဘုရားရဲ့ ပေါ်ထွန်းခြင်း ဖြစ်မှန်း၊ သူ့ရဲ့ အမှုနဲ့ နှုတ်ကပတ်တော်တွေကနေ လူတွေက မမြင်နိုင်ခဲ့ကြဘူး။ အဲဒီအချိန်က လူတွေရဲ့ ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံပြီး၊ သခင်ယေရှုက သူ့ရဲ့ ချစ်ရတဲ့ သားတော်ဖြစ်တာကို ဘုရား သက်သေခံခဲ့ပြီး၊ သူ့ရဲ့ သားတော်အဖြစ် သခင်ယေရှုကို သဘောထားဖို့ လူတွေကို ခဏ ခွင့်ပေးခဲ့တာပါ။ အဲဒါက လူတွေရဲ့ အယူအဆတွေနဲ့ ကိုက်ပြီး လက်ခံဖို့ သူတို့အတွက် လွယ်တယ်။ သခင်ယေရှုက ရွေးနှုတ်ခြင်း အမှုကိုပဲ လုပ်နေခဲ့တာပါ။ ဒါကြောင့် လူတွေ သူ့ကို ဘယ်လို ခေါ်ပါစေ၊ သူ့ကို သူတို့ရဲ့ ကယ်တင်ရှင်အဖြစ်လက်ခံဖို့၊ သူတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီး ဘုရားရဲ့ ကျေးဇူးတော်ကို မွေ့လျော်ဖို့ အရည်အချင်းပြည့်မီလာဖို့ပဲ လိုပါတယ်။ သူ့ရဲ့ ခမည်းတော်အဖြစ် ကောင်းကင်ဘုံက ဘုရားဆီ ဆုတောင်းခြင်းအားဖြင့်၊ သခင်ယေရှုက အဖန်ဆင်းခံ လူတစ်ဦးရဲ့ ရှုထောင့်ကနေ ဘုရားကို ခေါ်နေခဲ့တာပါ။ ဒါက ဘုရားဟာ ဘယ်လောက် နှိမ့်ချပြီး ကွယ်ဝှက်တယ်ဆိုတာ ပြပါတယ်။ သခင်ယေရှုဟာ ဘုရားကိုယ်တိုင်ဖြစ်ပေမယ့်၊ သူ့ကိုယ်သူ ဘုရားအဖြစ် ထွက်မပြခဲ့ဘူး။ အဲဒီအစား၊ အဖန်ဆင်းခံ တစ်ဦးရဲ့ ရှုထောင့်ကနေပဲ လူတွေကို ဆုတောင်းဖို့ သွန်သင်ခဲ့ပြီး ဘုရားကို သိဖို့ လမ်းပြခဲ့တယ်။ အဲဒီလိုနဲ့ လူတွေက ဘုရားဟာ အရမ်းမြင့်မားပြီး အလှမ်းမမီနိုင်ဘူးလို့ ခံစားရမှာ မဟုတ်ဘဲ၊ လူနဲ့ ဘုရားကို အတူ ပိုနီးကပ်စေမှာ ဖြစ်တယ်။ ဒါက ဘုရားရဲ့ အမှုထဲမှာရှိတဲ့ ဉာဏ်ပညာဖြစ်တယ်။ အဲဒါက လူသားတွေအဖြစ် ကျွန်တော်တို့ လိုအပ်တဲ့အရာနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းအမှု လိုအပ်တဲ့အရာဖြစ်တယ်။”

ဒါက ကျွန်တော့်ကို ဗြုန်းခနဲ့ အသိဉာဏ်ပွင့်လင်းသွားစေခဲ့တယ်။ ဒီကျမ်းစာရဲ့ နောက်ကွယ်မှာ ဘုရားအမှုရဲ့ ဉာဏ်ပညာနဲ့ လူသားမျိုးနွယ် အတွက် သူ့ရဲ့ ချစ်မေတ္တာ တည်မှန်း ကျွန်တော် မြင်ခဲ့ရတယ်။ ဒါပေမယ့် နားလည်မှု ကင်းမဲ့ရင်းနဲ့ ကျမ်းစာထဲ ဖော်ပြထားတဲ့ ခမည်းတော်၊ သားတော်နဲ့သန့်ရှင်းသော ဝိညာဉ်တော်တို့ကို မြင်ပြီး ဘုရားကို ကျွန်တော်တို့ အယူအဆတွေအပေါ် အခြေခံပြီး ပုဂ္ဂိုလ်သုံးပါး၊ ဘုရားသုံးပါးအဖြစ် ခွဲကြတယ်။ အဲဒါက ဘုရားကို တကယ် ပြစ်မှားစော်ကားတာပဲ။ ကျွန်တော့်ထဲမှာ ဘုရားက သုံးပါးတစ်ဆူ ဖြစ်တယ်ဆိုတဲ့ အတွေးမှားဟာ ချက်ချင်း ပြိုလဲလာခဲ့တယ်။ ကျွန်တော် လွတ်မြောက်သွားခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တော်အဖြစ်ကမျှ လုပ်ဆောင်၍ မရနိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ သူ့ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော) ဒါကို အစ်ကိုလီ ဖတ်ပြီးတဲ့နောက်၊ သူ မိတ်သဟာယပြုခဲ့တယ်၊ “ဘုရားက ဖန်ဆင်းရှင်၊ လူသားမျိုးနွှယ်ကို ဖန်ဆင်းခဲ့သူပါ။ သူဟာ လူသားမျိုးနွှယ်အတွက်၊ ကမ္ဘာမြေပေါ်က သူတို့ရဲ့ ဘဝတွေကို လမ်းပြဖို့ ပညတ်တရားနဲ့ ပညတ်ချက်တွေကို ထုတ်ပြန်ခဲ့တဲ့ ယေဟောဝါ ဘုရားဖြစ်တယ်။ သူက တို့ရဲ့ ကယ်တင်ရှင်၊ ကျွန်တော်တို့ကို အပြစ်ကနေ ရွေးနှုတ်ခဲ့တဲ့ သခင်ယေရှုလည်း ဖြစ်တယ်။ ဒါ့အပြင်၊ သူဟာ လူသားမျိုးနွှယ် အားလုံးကို စီရင်ဖို့ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့ အနန္တတန်ခိုးရှင်ဘုရား ဖြစ်တယ်။ ကျွန်တော်တို့ တောင့်တနေခဲ့တဲ့ သခင်ယေရှုက ပြန်လာပြီးပြီ။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ သမ္မာတရားကို ဖော်ပြရင်းနဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရင်း၊ ကမ္ဘာမြေပေါ် ဆယ်စုနှစ် နှစ်ခုကျော်ကြာ သူ အလုပ်လုပ်နေခဲ့ပြီးပြီ။ စာစောင်ကို ဖွင့်ပြီးပြီ။ ကျွန်တော်တို့ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို သူ ပေးပြီးပြီ။ သခင့်ရဲ့ ဒီပရောဖက်ပြုချက်တွေ ပြည့်စုံပါပြီ- ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

ဒါက ကျွန်တော့်အတွက် ကြားရဖို့ အရမ်းစိတ်လှုပ်ရှားစရာဖြစ်ခဲ့တယ်။ သခင်ယေရှုက ပြန်လာပြီး နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှု ပြုဖို့ သမ္မာတရားတွေကို ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီစကားတွေက ဘုရားရဲ့ အသံတော်လို အရမ်း တန်ခိုးရှိပြီး ဩဇာအာဏာရှိတယ်လို့ ခံစားရတာ အံ့ဩစရာမရှိပါဘူး။ အဲဒါတွေက တကယ်ကို ဘုရားရဲ့ နှုတ်ကပတ်တော်တွေပဲလေ။ အစ်ကို လီကို စိတ်ထက်ထက်သန်သန် ပြောလိုက်တယ်၊ “အခု ကျွန်တော် နားလည်သွားပြီ။ ဘုရားရဲ့ ဝိညာဉ်တော် ဖြစ်ပါစေ၊ သူ့ရဲ့ လူ့ဇာတိခံခြင်း ဖြစ်ပါစေ၊ သူဟာ ဘုရားကိုယ်တိုင်ဖြစ်တယ်။ သုံးပါးတစ်ဆူဆိုတာ မရှိပါဘူး လို့ပေါ့။ အနန္တတန်ခိုးရှင် ဘုရား ဖော်ပြတဲ့ သမ္မာတရားတွေ မရှိဘဲနဲ့ အနှစ် နှစ်ထောင်နီးပါးကြား ငြင်းခုံဆွေးနွေးခဲ့ရပြီးဖြစ်တဲ့ ဒီအတွေးမှားကို ဘယ်သူမှ နှံ့နှံ့စပ်စပ် ချေပပြီး ဖွင့်ချနိုင်မှာ မဟုတ်ဘူး။ ဒီသမ္မာတရားကို ဘုရားသခင်ကိုယ်တိုင်ပဲ ထုတ်ဖော်ပြနိုင်မှာ။ အနန္တတန်ခိုးရှင် ဘုရားရဲ့ စကားတွေဟာ ဘုရားရဲ့ အသံတော်ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားက ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ သေချာတယ်။ အခု အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် လက်ခံနှင့်ပါပြီ။ ကျွန်တော့်ကို အနှစ် ၂၀ ကျော်ကြာ ဒုက္ခပေးခဲ့တဲ့ ဒီမရှင်းလင်းမှုကို လုံးဝ ဖြေရှင်းပေးတဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားကို ကျွန်တော် ကျေးဇူးတင်ပါတယ်။”

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နှင့် ကျမ်းစာကြား ဆက်စပ်ပုံကို ကျွန်မ အခု နားလည်ပြီ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ကျွန်မ အခု ခွဲခြားတတ်ပါပြီ

ကင်ရှင်း တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို...

ပုန်ကန်သူတစ်ဦး နောင်တရခြင်း

ကူဝေချင်း တရုတ်နိုင်ငံ ကူဝေချင်း- ကျွန်တော် ၁၉၉၀မှာ ခရစ်ယာန်ဖြစ်လာတာပါ။ သမ္မာကျမ်းစာက ကျွန်တော်တို့ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ၊ ဒီတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။