ပညာရှိသတို့သမီးတွေက သခင့်ကို ကြိုဆိုမိကြပုံ

19.02.2021

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို ဘေးဖယ်ထားလော့။ တိတ်တိတ်နေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ ‘မဖြစ်နိုင်’ ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) သခင့်ကို ကြိုဆိုဖို့အတွက် အဓိကကျတာက ဘုရားရဲ့အသံကို နားထောင်တတ်အောင် အာရုံစိုက်ဖို့၊ ပြီးရင် အဲဒါကိုအခြေခံပြီးတော့မှ သခင့်ကို အသိအမှတ်ပြု၊ ကြိုဆိုဖို့ပဲ။ အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဘုရားအသံကို အသိအမှတ်ပြုခဲ့တဲ့သူတွေက ဘုရား ပလ္လင်တော်ရှေ့ချီဆောင်ခံရတယ်။ သခင့်စားသောက်ပွဲကို သူနဲ့အတူ တက်ရောက်ရတယ်။ သူတို့တွေက ပညာရှိသတို့သမီးတွေပဲ၊ ကောင်းချီးပေးခံရဆုံး လူတွေပဲ။ ကျွန်မဆို ဟိုအရင်တုန်းက၊ သမ္မာကျမ်းရဲ့ တိုက်ရိုက်စကားတွေကိုပဲ စွဲစွဲမြဲမြဲယုံကြည်ခဲ့တာ။ သခင်က မိုးတိမ်နဲ့ ပြန်လာပြီး နိုင်ငံတော်ဆီ ခေါ်ဆောင်မှာကိုပဲ တောင့်တတယ်။ အဲဒီအတိုင်းပဲ စိတ်ကူးထားတာ။ သခင် ပြန်ကြွလာပြီဆိုတာ ကြားမိတော့၊ ကျွန်မ မစူးစမ်းမိဘူး။ ဘုရားရဲ့အသံကို နားမထောင်မိခဲ့ဘူး။ မိုက်မဲတဲ့သတို့သမီးတစ်ယောက်လို ဖြစ်ခဲ့တာပါ။ သခင် ပြန်လာတာကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါးဖြစ်ခဲ့တာ။ ကျွန်မအနေနဲ့ ဘုရားရဲ့အသံကို ကြားခဲ့တယ်၊ သိုးသူငယ်ရဲ့ မင်္ဂလာစားပွဲကို တက်ခဲ့ရတယ်ဆိုတာ ဘုရားရဲ့လမ်းပြမှုကြောင့်ပါ။

၂၀၁၈ ခုနှစ် ဧပြီလပိုင်းမှာ သခင့်ကို ယုံကြည်တဲ့အစ်မတစ်ယောက်က ကျွန်မသူငယ်ချင်း မီရေးဆီကို နားခိုရာအိမ် ဘယ်မှာလဲ ဆိုတဲ့ ရုပ်ရှင်တစ်ခု ပို့ပေးတယ်။ အဲဒီရုပ်ရှင် သိပ်ကောင်းတယ်၊ တကယ် လက်တွေ့ကျတယ်တဲ့။ မီရေးက ကျွန်မဆီ ရောက်လာတော့၊ အတူတူကြည့်ဖြစ်ကြတယ်။ အဓိကဇာတ်ကောင်က ဝမ်းနည်းပြီ၊ စိတ်ဓာတ်တွေကျပြီဆိုရင်၊ စာအုပ်ထူကြီးတစ်အုပ်ကို ဖွင့်တယ်။ အဲဒီစာအုပ်ထဲကနေ ဘဝအတွက် မျှော်လင့်ချက်ကို ရှာတွေ့တာချည်းပဲ။ ဒါပေမဲ့ သူ ဖတ်တာက သမ္မာကျမ်းမဟုတ်ဘူး။ အဲဒီစာအုပ်မှာ ပါတာတွေကလည်း ကျွန်မတို့အတွက် အသစ်တွေချည်းပဲ။ ကျွန်မတို့လည်း အံ့သြပြီး ဆက်ကြည့်ကြတယ်။ နောက်ပိုင်းမှာ ဇာတ်ကောင်က ဒုက္ခရောက်ရော။ အသင်းတော်ညီအစ်ကိုမောင်နှမတွေက အကူအညီပေးဖို့ လာကြတယ်။ သူတို့က ဒီစာအုပ်ကိုပဲ အတူတူဖတ်ပြီး၊ အချင်းချင်း အားပေးကူညီကြတာ။ ဇာတ်ရည်လည်လာတဲ့ အခါကျတော့ ကျွန်မလည်း မျက်ရည်ပါ ဝဲမိတယ်။ အဲဒီရုပ်ရှင်ထဲကလူတွေက မကောင်းတဲ့ လူ့လောကကြီးထဲက တစ်ကိုယ်ကောင်းသမားတွေနဲ့ မတူဘူးလို့ ခံစားရတယ်။ သူတို့ဖတ်ပြတာတွေကလည်း ထူးခြားသလိုပဲ။ ဒီစာအုပ်ထဲ ဘာတွေပါလဲဆိုတာ ကျွန်မတို့ တကယ် သိချင်သွားတယ်။ ဒါနဲ့ ဗီဒီယိုအောက်မှာ ရေးထားတာတွေကို ဖတ်ကြည့်တယ်။ ဒါပေမဲ့ အဲဒီမှာ သခင်ယေရှုက ပေါ်ထွန်းလာပြီလို့ ရေးထားတော့၊ ကျွန်မ မယုံနိုင်ဘူး။ စိတ်ထဲမှာလည်း၊ “လုံးဝ မဖြစ်နိုင်ဘူး၊ တမန်တော်ဝတ္ထု ၁:၁၁ မှာ ပြောတယ်လေ၊ ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ သခင်ယေရှုက မိုးတိမ်ကို စီးပြီး ပြန်သွားတာ။ နောက်ဆုံးသောကာလမှာ ပြန်ကြွပြီဆိုရင်၊ ကိုယ်တော်က မိုးတိမ်ပေါ်ကနေ ဂုဏ်အသရေနဲ့ ပြန်လာမှာပဲ။ ဒါက မဖြစ်ပေါ်သေးဘူးလေ။ ဒါပေမဲ့ သခင်ယေရှုကို ပေါ်ထွန်းနေပြီဆိုပြီး ဒီမှာက ပြောတယ်။ ဒါက ကျမ်းစာနဲ့ ဆန့်ကျင်နေတယ်” ပေါ့။ မီရေးကို ကျွန်မတွေးမိတာတွေ ပြောပြလိုက်တော့၊ သူကလည်း လက်ခံတယ်ရှင့်။ အဲဒီနောက်ပိုင်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျွန်မတို့ ထပ်ပြီး မစူးစမ်းတော့ဘူး။ ဒါပေမဲ့ အဲဒီရုပ်ရှင်ကိုတော့ သုံးလေးခါလောက် ထပ်ကြည့်ကြတယ်။

သခင် ပြန်လာပြီဆိုတဲ့သတင်းကလည်း နည်းနည်းကြာတဲ့အထိ ခေါင်းထဲဝင်နေတာ။ နောက်နှစ်လလောက် ကြာတော့၊ အဲဒီကိစ္စက မီရေးနဲ့ ကျွန်မကြားမှာ ပြန်ပေါ်လာရော။ ရုပ်ရှင်ထဲမှာ သူတို့ဖတ်ကြတဲ့ နှုတ်ကပတ်တော်တွေက သူတို့ကို ယုံကြည်မှု ပေးတယ်လို့ ကျွန်မတို့ ပြောခဲ့တယ်။ ပြီးတော့ ဘယ်သူမှလည်း အဲဒီ နှုတ်ကပတ်တော်တွေကို မပြောနိုင်ဘူး။ ဘာသာရေးလောကတစ်ခုလုံးမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကပဲ သခင် ပြန်လာခြင်းကို သက်သေခံနေတာ။ ဒီတော့ သာမန်ကာလျှံကာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ နောက်တော့ မိုးတိမ်စီးပြီး သခင် ပြန်လာမယ့်အကြောင်းကို ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားမှန်း သတိရသွားတယ်။ သင်းအုပ်တွေ၊ အကြီးအကဲတွေလည်း ဒီလိုပဲပြောတယ်။ ဒါဆို ဒီအသင်းတော်က သခင် ပြန်ကြွလာပြီဆိုပြီး ဘာလို့ပြောနေတာလဲ။ ဒါတွေက ဘာတွေလဲ။ ကျွန်မတို့အနေနဲ့ စူးစမ်းသင့်လား၊ မသင့်ဘူးလား။ ကျွန်မ တော်တော် ခေါင်းရှုပ်သွားတာ။ ဒါနဲ့ ကျွန်မတို့ ရွေးချယ်မှုမှန်အောင် သခင်က လမ်းပြပေးဖို့၊ မီရေးနဲ့ ကျွန်မ ဆုတောင်းကြတယ်။ နောက်တော့ ကျွန်မ စဉ်းစားတယ်၊ “ဘုရားက အရာခပ်သိမ်းကို အုပ်စိုးသူပဲ။ သူ အလိုရှိရာကို လုပ်ဖို့ တန်ခိုးတော်ရှိတယ်။ ကိုယ်တော့်ရဲ့လုပ်ဆောင်ချက်ကို ငါတို့စိတ်ကူးနိုင်သလောက်နဲ့ ကန့်သတ်လို့ ရပါ့မလား ပေါ့။ တကယ်လို့ အနန္တတန်ခိုးရှင်ဘုရားက ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်နေတယ်၊ ငါက မစူးစမ်းမိလို့ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲသွားတယ်ဆိုရင်၊ ငါ့တစ်သက်လုံး နောင်တရလိမ့်မယ်။” အနန္တတန်ခိုးရှင်ဘုရားရဲ့နောက်ဆုံးသောကာလအမှုတော်ကို စူးစမ်းမယ်လို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ရော။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ဝက်ဘ်ဆိုက်မှာ အစ်မအန်နာနဲ့ ဆက်သွယ်မိတယ်။ သူက အစ်ကိုပီရဲနဲ့ ထပ်မိတ်ဆက်ပေးတယ်။ သခင် ပြန်လာခြင်းအကြောင်းကို အတူတူ ဆွေးနွေးကြတယ်။

အဲဒီစည်းဝေးပွဲမှာ ကျွန်မ ရှုပ်ထွေးနေတာတွေကို ပြောပြလိုက်တယ်၊ “တမန်တော်ဝတ္ထု ၁:၁၁ မှာ ပြောထားတာက၊ သခင်က ထွက်သွားတဲ့နည်းလမ်းအတိုင်း ပြန်လာလိမ့်မယ် တဲ့။ ကိုယ်တော်က မိုးတိမ်ဖြူနဲ့ ထွက်သွားခဲ့တာဆိုတော့၊ နောက်ဆုံးသောကာလမှာ ပြန်ကြွလာရင်၊ မိုးတိမ်ဖြူကိုစီးပြီး သေချာပေါက်ပြန်လာမှာပဲ။ အသင်းတော်က သင်းအုပ်တွေ၊ အကြီးအကဲတွေလည်း ဒီလိုပဲ အမြဲပြောကြတယ်။ ကျွန်မတို့လည်း အဲဒီလိုပဲယုံကြည်တယ်။ မိုးတိမ်ဖြူကို စီးပြီး သခင် ပြန်လာတာကို ကျွန်မတို့ အခုထိ မမြင်ရသေးဘူး။ ဒီတော့ ကိုယ်တော် ပြန်ကြွလာပြီလို့ ဘာလို့ပြောတာလဲ” ပေါ့။

အစ်ကိုပီရဲက ပြောပြတယ်၊ “သခင်က မိုးတိမ်နဲ့ ပြန်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်က ပြည့်စုံလာလိမ့်မယ်။ ဒါပေမဲ့ အဲဒီ ပရောဖက်ပြုချက်တစ်ခုတည်းကို ကြည့်ပြီး၊ သခင် ပြန်လာတဲ့နည်းလမ်းကို ဘောင်ခတ်ပစ်လို့ မရဘူး တဲ့။ ကျမ်းစာမှာ မိုးတိမ် စီးပြီး သခင် ပြန်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေချည်းပဲ ပါတာမဟုတ်ဘူး။ လျှို့ဝှက်ပြီး ပြန်လာမယ်ဆိုတာတွေလည်း ပါတယ်။ ဥပမာ၊ ဗျာဒိတ်ကျမ်း ၃:၃ မှာ ‘ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။’ ဗျာဒိတ်ကျမ်း ၁၆:၁၅ မှာလည်း၊ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏’ ရှင်မဿဲခရစ်ဝင် ၂၅:၆ မှာလည်း ပါတယ်၊ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ ပြီးတော့ ရှင်မာကုခရစ်ဝင် ၁၃:၃၂ မှာလည်း ပြောတယ်၊ ‘ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။’” “ဒီပရောဖက်ပြုချက်တွေမှာ ‘သူခိုးကဲ့သို့’ ဆိုတာကို ဖော်ပြကြတယ်။ ‘သူခိုးကဲ့သို့’ ဆိုတာ ဘယ်သူကမှ သတိမထားမိလိုက်ဘဲ တိတ်တိတ်လေး နဲ့ လျှို့ဝှက်တယ် ဆိုတဲ့ သဘောပဲလေ။ ကိုယ်တော့်ကို မြင်ရင်တောင် မမှတ်မိနိုင်ဘူး။ သခင်က လျှို့ဝှက်ပြီး ပြန်လာမယ်လို့ ဒီပရောဖက်ပြုချက်တွေက ဆိုလိုတာ” တဲ့။ “လူသားကြွလာမယ်ဆိုတာကို ဖော်ပြထားတဲ့ ပရောဖက်ပြုချက်တွေက ကျမ်းစာထဲမှာ အများကြီးပဲလေ။ ဥပမာ ရှင်လုကာခရစ်ဝင် ၁၂:၄၀ မှာ ‘ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်။’ ပြီးတော့ အခန်း ၁၇ အပိုဒ် ၂၄-၂၅ မှာလည်း၊ ‘ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ဒီနေရာမှာ ‘လူသား’ ဆိုတာ လူကနေ မွေးဖွားပြီး သာမန်လူ့သဘာဝရှိတာကို ဆိုလိုတယ်။ ဝိညာဉ်တော်ကိုဖြစ်ဖြစ်၊ ဝိညာဉ်ခန္ဓာကိုဖြစ်ဖြစ် ‘လူသား’ လို့ မခေါ်နိုင်ဘူး။ ယေဟောဝါဘုရားသခင်က ဝိညာဉ်တော်ပဲ။ ဒါကြောင့် သူ့ကို ‘လူသား’ လို့ မခေါ်နိုင်ဘူး။ သခင်ယေရှုကိုတော့ ‘လူသား’ လို့ရော၊ ‘ခရစ်တော်’ လို့ရော ခေါ်တယ်။ ဘာလို့လဲဆိုရင် သူက လူ့ဇာတိခံယူထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်မို့လို့ပဲ။ သာမန်လူသားအဖြစ်နဲ့လည်း နေထိုင်ခဲ့တယ်။” “ဒါကြောင့် သခင်ပြောခဲ့တဲ့ လူသားကြွလာခြင်းဆိုတဲ့ အကြောင်းက ဘုရားက ပြန်ကြွလာတဲ့အချိန်မှာ လူသားအဖြစ် လူ့ဇာတိခံလိမ့်မယ်လို့ ဆိုလိုတာပဲ” “အထူးသဖြင့် ကျမ်းပိုဒ်တစ်ခုမှာ ပြောတယ်၊ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ဒါက သခင် ပြန်လာတဲ့အခါ လူ့ဇာတိနဲ့ ပြန်လာလိမ့်မယ်ဆိုတဲ့ နောက်ထပ် သက်သေပဲ” “သခင်က လူ့ဇာတိနဲ့ ပြန်မလာဘဲ၊ ထမြောက်ခဲ့တဲ့ သခင်ယေရှုရဲ့ ဝိညာဉ်တော်နဲ့ပဲ ပေါ်ထွန်းမယ်ဆိုရင်၊ လူတိုင်းက အရမ်း ကြောက်ရွံ့ကုန်ကြမှာပေါ့။ ကိုယ်တော့်ကို ဘယ်သူကမှ ခုခံရှုတ်ချမှာ မဟုတ်ဘူး။ ဆင်းရဲဒုက္ခတွေ ခံစားရတော့မှာမဟုတ်ဘူး၊ ဒီမျိုးဆက်ရဲ့ ငြင်းပယ်ခြင်းကိုလည်း ခံရတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားက လူသားအဖြစ် လူ့ဇာတိခံပြီး၊ လျှို့ဝှက်ကြွလာတယ်ဆိုတာ နောက်ဆုံးသောကာလမှာ သခင် ကြွလာပုံကြွလာနည်း နောက်တစ်ခုပဲ” တဲ့။

ဒီနေရာရောက်တော့ ကျွန်မ စဉ်းစားတယ်၊ “ဒါက မစဉ်းစားဝံ့စရာပဲ။ ငါ စိတ်ကူးထားသလို မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုပီရဲက သူ့မိတ်သဟာယကို အထောက်အထားနဲ့ ပြောသွားတာ။ သူ ပြောတာအားလုံးက ကျမ်းစာနဲ့ရော၊ သခင့်ပရောဖက်ပြုချက်တွေနဲ့ရော ကိုက်ညီနေတယ်။ တော်တော် လက်ခံချင်စရာပဲ” ပေါ့။ ကျွန်မက ဒီကျမ်းပိုဒ်တွေကို ဖတ်ထားတာ အကြိမ်ပေါင်းမနည်းဘူး။ ဒါပေမဲ့ အဲဒါတွေက နောက်ဆုံးသောကာလမှာ သခင် လျှို့ဝှက်ပြီး လူ့ဇာတိခံမယ့်အကြောင်းတွေဆိုတာ၊ လုံးဝ သဘောမပေါက်ခဲ့ဘူး။ ကျွန်မစိတ်ကူးဟောင်းတွေလည်း တစ်စစီဖြစ်ကုန်ရော။

မီရေးကလည်း ခေါင်းတညိတ်ညိတ်နဲ့ စဉ်းစားပြီး၊ “ဟုတ်တယ်၊ အစ်ကို ပြောတာတွေက သခင့်နှုတ်ကပတ်တော်တွေနဲ့ ညီတယ်” တဲ့။

ဒါပေမဲ့ ကျွန်မ မရှင်းတာတစ်ခုရှိနေတယ်။ ဒါနဲ့ သူ့ကို မေးတယ်၊ “သခင်က လူသားအဖြစ် လူ့ဇာတိခံပြီး၊ လျှို့ဝှက်ကြွလာတယ်ဆိုရင်၊ မိုးတိမ် စီးပြီး ပြန်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်က ဘယ်လိုလုပ် ပြည့်စုံမလဲ။ ကွဲလွဲသလို ဖြစ်မနေဘူးလား” ပေါ့။

အစ်ကိုပီရဲက ပြန်ဖြေတယ်၊ “သခင့်နှုတ်ကပတ်တော်တွေဆိုတာ ဘယ်တော့မှ အလကားသက်သက် မဖြစ်နိုင်တော့၊ ဒီ ပရောဖက်ပြုချက်နှစ်မျိုးကြားမှာ ကွဲလွဲတာ လုံးဝ မရှိဘူး။ ကိုယ်တော့်ပရောဖက်ပြုချက်တွေက အမြဲတမ်း ပြည့်စုံလာလိမ့်မယ်။ အဲဒါတွေက ဘုရားအမှုတော်ရဲ့အဆင့်တွေအလိုက် ပြည့်စုံတယ်ဆိုတာတော့ ရှိတာပေါ့လေ။ ပြန်ကြွလာတဲ့ သခင်ရဲ့အမှုတော်နဲ့ ပေါ်ထွန်းမှုက အဆင့်တွေရှိတယ်။ ပထမဆုံး၊ ကိုယ်တော်က လူသားအဖြစ် လူ့ဇာတိခံပြီး၊ ကမ္ဘာမြေကို တိတ်တဆိတ် ကြွလာတယ်။ ပြီးတော့မှ မိုးတိမ်ကို စီးပြီး အတိအလင်း ပေါ်ထွန်းတယ်” တဲ့။

ကျွန်မလည်း မရှင်းသေးတော့ မေးပြန်ရော၊ “ပထမဆုံး ကိုယ်တော်က လျှို့ဝှက်ပြီး ကြွတယ်၊ နောက်တော့မှ အတိအလင်း ပေါ်ထွန်းတယ်ပေါ့လေ။ ဒါကို သေချာ ထပ်ရှင်းပြပေးပါဦး” ပေါ့။

အစ်ကိုပီရဲကလည်း ဆက်ပြောပြတယ်၊ “နောက်ဆုံးသောကာလမှာ ဘုရားက အောင်မြင်သူတွေ အုပ်စုကို ရယူမယ်လို့ ကျမ်းစာမှာ အမှန်တကယ် ပရောဖက်ပြုတယ်။ တိတ်တဆိတ် ကြွလာချိန်မှာ ဘုရား လုပ်ဆောင်တဲ့အမှုတော်ဆိုတာ ဒီအုပ်စုကို ပြုလုပ်ခြင်းလည်း ပါတယ်။ ဘုရားက အရင်ဆုံး လူ့ဇာတိခံပြီး၊ နောက်ဆုံးသောကာလမှာ လျှို့ဝှက်ကြွလာတယ်ဆိုတာ၊ သမ္မာတရားကို ဖော်ပြဖို့၊ ဘုရားအိမ်တော်က စတင်တဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့နဲ့၊ ကပ်ဘေးတွေမတိုင်ခင် အောင်မြင်သူတွေအုပ်စုကို ပြုလုပ်ဖို့ပဲ။ ပြီးမှ ကပ်ဘေးတွေကို စေလွှတ်လိမ့်မယ်။ ကောင်းသူကို ဆုချပြီး၊ မကောင်းသူကို အပြစ်ပေးမယ်။ ကပ်ဘေးတွေ ပြီးတော့မှ၊ မိုးတိမ်နဲ့ကြွလာမယ်။ တိုင်းနိုင်ငံတွေ နဲ့ လူမျိုးတွေအားလုံးဆီကို ထင်ရှားပြလိမ့်မယ်။” “ဘုရားက လူ့ဇာတိခံပြီး လျှို့ဝှက်လုပ်ဆောင်တယ်ဆိုပေမဲ့၊ ကိုယ်တော် ပေါ်ထွန်းဖို့ တောင့်တတဲ့ ယုံကြည်သူစစ်စစ်တွေ အားလုံးက သူ့အသံကို ကြားပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ ဦးလှည့်ကြတယ်။ ဒီလူတွေက ပညာရှိသတို့သမီးတွေပဲ၊ ဘုရားနှုတ်ကပတ်တော်တွေအားဖြင့် တရားစီရင် သန့်စင်ခံရပြီး၊ အောင်မြင်သူတွေ ဖြစ်ကုန်ကြတယ်။ သူတို့က ကပ်ဘေးတွေကို ကျော်လွှားကြလိမ့်မယ်” “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံသူတွေ၊ ဆန့်ကျင်ရှုတ်ချသူတွေကတော့၊ ဘုရားက မိုးတိမ်ကို စီးပြီး အတိအလင်း ပေါ်ထွန်းတဲ့အချိန်မှာ၊ သူတို့အဲဒီလို ဆန့်ကျင်ရှုတ်ချခဲ့တဲ့သူက ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်း မြင်ကြလိမ့်မယ်။ ရင်ဘတ်စည်တီးပြီး အံကြိတ်ငိုကြွေးကြရလိမ့်မယ်” “သခင် မိုးတိမ်စီးပြီး ပြန်ကြွလာမယ့် ပရောဖက်ပြုချက်တွေကို ပြည့်စုံစေမယ်၊ ‘ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၀)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)

ပြီးတော့ အစ်ကိုပီရဲက အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြတယ်။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

အဲဒီတော့မှ ကျွန်မ နားလည်သွားတယ်။ သခင်က ပြန်လာပြီဆိုရင်၊ အရင်ဆုံး လျှို့ဝှက်ကြွလာပြီးတော့၊ အောင်မြင်သူတွေအုပ်စုကို ပြုလုပ်တယ်။ ပြီးတော့ ကပ်ဘေးတွေကျစေပြီး ဆုပေး၊ ဒဏ်ပေးတွေ လုပ်တယ်။ ပြီးမှ မိုးတိမ်ပေါ်ကနေ ဘုန်းအသရေအပြည့်နဲ့ကြွပြီး တိုင်းနိုင်ငံတွေနဲ့ လူမျိုးအားလုံးကို အတိအလင်း ထင်ရှားပြတယ်။ ဒီပရောဖက်ပြုချက်နှစ်မျိုးကြားမှာ ကွဲလွဲတာ လုံးဝမရှိဘူး။ ကျွန်မ တော်တော် မမြင်တတ်ခဲ့တာပါ။ သခင် ပြန်လာတယ်ဆိုတာ တကယ် အရေးကြီးတဲ့ကိစ္စပဲ။ ကျွန်မက အဲဒါကို မစူးစမ်းဘဲနေတယ်။ သခင်က မိုးတိမ် စီးပြီး ပြန်လာမယ်ဆိုတဲ့ ကျမ်းချက်တွေကိုပဲ ယုံပြီး၊ ဘုရားရဲ့အသံကို နားမထောင်ခဲ့ဘူး။ မိုက်မဲတဲ့သတို့သမီးတစ်ယောက်လို ဖြစ်သွားတာပါ။ သခင် ပြန်လာတာကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါးပဲ။ ကံသီလို့ပါ။

ဒါနဲ့ ကျွန်မက အစ်ကိုပီရဲကို မေးပြန်ရော၊ “သခင်က လူ့ဇာတိခံယူတဲ့ပုံစံနဲ့ ပြန်ကြွလာပြီလို့ အစ်ကိုက သက်သေခံတယ်။ ဒါပေမဲ့ ဒီ ‘လူ့ဇာတိခံခြင်း’ ဆိုတာ ဘာလဲ ပေါ့။” အဲဒီမှာ သူက အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တွေကို ဖတ်ပြပြန်ရော၊ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘အကောင်အထည်ဖော်ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

အစ်ကိုပီရဲက ဆက်ပြောပြတယ်၊ “လူ့ဇာတိခံဘုရားဆိုတာ လူ့ဇာတိကို ယူခြုံထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်ပဲ။ ကောင်းကင်ဘုံမှာရှိတဲ့ ဘုရားက ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက်၊ လူတွေကြားမှာ အမှုတော်ပြုဟောကြားဖို့ လူသား ဖြစ်လာတာပဲ။ ဘုရားရဲ့စိတ်သဘောထားနဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတွေ အားလုံးက လူ့ဇာတိမှာ ဖြစ်ပေါ်လာတယ်။ လူ့ဇာတိခံဘုရားဆိုတာ လုံးဝ သာမန်ပုံစံပဲရှိတယ်။ ဘုန်းအာနုဘော်တွေ၊ တန်ခိုးဣဒ္ဓိပါဒ်တွေ မရှိဘူး။ သူ့မှာ သာမန်လူ့သဘာဝရှိတယ်။ လူတွေနဲ့ အမှန်တကယ် ထိတွေ့ဆက်ဆံဖို့ လာတယ်။ လူတွေကြားမှာ နေထိုင်တယ်။ သူဟာ လူ့ဇာတိခံဘုရားပါလို့ ဘယ်သူမှ မပြောနိုင်ဘူး” “ဒါပေမဲ့ ခရစ်တော်ဆိုတာ ဘုရားဝိညာဉ်တော်ရဲ့ ပြယုဂ်ပဲ။ ဘုရားသဘောသဘာ၀ အားလုံး ပိုင်ဆိုင်တယ်။ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားကိုယ်တော်တိုင်ရဲ့ အမှုကို ပြုနိုင်တယ်၊ ဘုရားရဲ့စိတ်သဘောထားနဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြနိုင်တယ်။ လူသားအတွက် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို ပေးတယ်။ ပျက်စီးတဲ့လူသားတွေကို အစဉ်ထာဝရ သန့်စင်ကယ်တင်ပေးနိုင်တယ်။ ဘယ်လူသားမှ ဒီလို အရည်အသွေးတွေ မရှိသလို ဒီလို မစွမ်းဆောင်နိုင်ဘူး။” “လူ့ဇာတိခံတဲ့ သခင်ယေရှုဆိုရင် သာမန်လူတစ်ယောက်ပုံစံပဲ ရှိခဲ့တာလေ။ ဒါပေမဲ့ အနှစ်သာရအရ သူက လူ့ဇာတိမှာ ဘုရားရဲ့ဝိညာဉ်တော် ဖြစ်တည်လာတာပဲ။ ကိုယ်တော်က လူတွေကို ရေလောင်း အားဖြည့်ပေးဖို့၊ သမ္မာတရားကို အမြဲတမ်း ဖော်ပြနိုင်ခဲ့တယ်။ လူတွေကို နောင်တလမ်း ပေးခဲ့တယ်။ ဘုရားကိုယ်တော်တိုင်ရဲ့အမှုကို လုပ်ဆောင်ပြီး၊ လူတွေကို အပြစ်ကနေ ရွေးနုတ်နိုင်ခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့လူ့ဇာတိခံခြင်းဆိုတာ ဖန်ဆင်းခံလူသားတွေနဲ့ မတူဘူး။ သူ့အနှစ်သာရက ဘုရားကိုယ်တော်တိုင်ရဲ့ အနှစ်သာရပဲ” တဲ့။

အဲဒီအချိန်မှာ ကျွန်မလည်း နောက်ဆုံး နားလည်သွားတယ်။ လူ့ဇာတိခံခြင်းဆိုတာ ဘုရားက လူသားအဖြစ်နဲ့ အမှုတော်ပြုဟောကြားဖို့ ကမ္ဘာမြေကို ကြွလာတာပဲ။ ဒီလူ့ဇာတိက သာမန်လူ့သဘာဝရော၊ ဘုရားသဘောသဘာဝ အလုံးစုံကိုရော ပိုင်ဆိုင်တယ်။ သူက သာမန်ပုံစံလို့ထင်ရပေမဲ့၊ သမ္မာတရားကို ဖော်ပြနိုင်တယ်။ လူတွေကို ကယ်တင်ဖို့ ဘုရားအမှုတော်ကို လုပ်ဆောင်နိုင်တယ်။ ဒါက ခရစ်တော်ပဲပေါ့။ “ယေရှုခရစ်တော်” ဆိုတဲ့ နာမကို ပါးစပ်က အမြဲပြောခဲ့ပေမဲ့၊ ခရစ်တော်ဆိုတာ ဘာမှန်း တကယ်ကို မသိခဲ့တာပါ။ ကျွန်မက တော်တော် မသိနားမလည်ခဲ့တာပဲ။

နောက်တော့ အစ်ကိုပီရဲက အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြတယ်၊ “ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။ ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

ပြီးတော့ သူက ဒီမိတ်သဟာယကို ပေးတယ်၊ “သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက ကျွန်တော်တို့အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့သဘော ဖြစ်ပေမဲ့၊ ဆိုးယုတ်တဲ့ ကျွန်တော်တို့ သဘာဝက မပျောက်မပျက် ဆက်ပြီး ရှိနေတယ်။ ဆိုးယုတ်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ နေထိုင်နေကြတုန်းပဲ။ ဥပမာ၊ မာနထောင်လွှားတာ၊ လိမ်ညာတာ၊ ယုတ်မာတာမျိုးပေါ့။ ကိုယ့်အကျိုးအတွက် လိမ်ညာလှည့်ဖြားတယ်။ အကျိုးအမြတ်အတွက် အချင်းချင်း အပြိုင်အဆိုင် ကျိတ်ကြံကြတယ်။ အပြစ်မလုပ်မိအောင်၊ ဘုရားကို မခုခံမိအောင် မထိန်းနိုင်ကြဘူး။ မှန်တာပေါ့။ ကျွန်တော်တို့က ပေးဆပ်သလိုလို၊ ဒုက္ခခံနေသလိုလို ထင်ရပေမဲ့၊ တကယ်တော့ ဘုရားကို အပေးအယူ လုပ်နေကြတာ။ အပြန်အလှန်အနေနဲ့ နိုင်ငံတော်ရဲ့ကောင်းချီးတွေကို ရမလားပေါ့။ ကျွန်တော်တို့က ဘုရားအလိုအတိုင်း လုပ်ကြတာမဟုတ်ဘူး။ ဘုရားက သန့်ရှင်းပါတယ်။ ကျွန်တော်တို့လို ယုတ်ညံ့ပျက်စီးတဲ့လူတွေက ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ဖို့ မသင့်တော်တာပါ။ ဘုရားက လူသားကို လွဲမှားတဲ့သဘာဝကနေ ကယ်တင်ဖို့၊ နောက်ဆုံးသောကာလမှာ ထပ်ပြီး လူ့ဇာတိခံယူလိုက်ပါပြီ။ ကိုယ်တော်က ကျွန်တော်တို့နဲ့ အမှန်တကယ် ထိတွေ့မှုရှိတယ်။ ကျွန်တော်တို့ကို လမ်းပြ အားဖြည့်ပေးဖို့ သမ္မာတရားကို ဖော်ပြတယ်။ ဆိုးယုတ်တဲ့ ကျွန်တော်တို့စိတ်သဘောထားတွေနဲ့ သဘာဝကို ဖော်ထုတ်ပြီး တရားစီရင်တယ်။ စိတ်သဘောထားတွေ ပြောင်းလဲစေမယ့် လမ်းကိုလည်း ကျွန်တော်တို့ကို ပြပေးပါတယ်။ သာမန်လူ့သဘာဝနဲ့ ဘယ်လို အသက်ရှင်နေထိုင်မလဲ၊ ကိုယ်တော့်ကို ကျေနပ်စေတဲ့ ရိုးသားသူတွေဖြစ်အောင် ဘယ်လိုနေမလဲဆိုတာတွေကို ပြောပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကို တွေ့ကြုံရတဲ့အတွက်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ မကောင်းတဲ့သဘာဝကို အမှန်တကယ် သိပြီး မုန်းတီးလာကြတယ်။ နောင်တရပြီးတော့၊ ကိုယ်တော့်နှုတ်ကပတ်တော်အတိုင်း ရှင်သန်ချင်ကြတယ်။ ပျက်စီးတဲ့ စိတ်သဘောထားတွေကို တဖြည်းဖြည်း စွန့်ပြီး လူသားဆန်ဆန် အသက်ရှင်နေထိုင်လာကြတယ်။” “ဒါတွေကို လူ့ဇာတိခံဘုရားကသာ သူ့အမှုတော်ထဲမှာ ဖြစ်မြောက်စေနိုင်တာပါ။” “ဘုရားက နောက်ဆုံးသောကာလမှာ ယေဟောဝါဘုရားသခင်လို ဝိညာဉ်တော်ပုံစံနဲ့ အမှုတော်ပြု ဟောကြားမယ်ဆိုရင်၊ လူသားကို သန့်စင်ပြီး ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင်၊ လူတွေက ဘုရားဝိညာဉ်တော်ကို မမြင်နိုင် မထိတွေ့နိုင်ဘူး။ ကိုယ်တော်က တိုက်ရိုက် မိန့်ဆိုတယ်ဆိုရင်၊ နားလည်ကြမှာမဟုတ်ဘူး။ အဲဒါအပြင် ဘုရားရဲ့ဝိညာဉ်တော်က သန့်ရှင်းလွန်းတော့၊ ပျက်စီးတဲ့လူသားတွေက အနားမကပ်နိုင်ကြဘူး။ ယုတ်ညံ့ပျက်စီးနေတဲ့အတွက် ဖျက်ဆီးခြင်းပဲ ခံကြရမှာလေ။ ယေဟောဝါဘုရားက သိနာတောင်ပေါ်မှာ မိုးချုန်းသံတွေနဲ့ ထင်ရှားပြခဲ့တယ်လို့ ဓမ္မဟောင်းကျမ်းမှာ ဆိုတယ်။ တောင်ထဲက မီးခိုးထွက်တာ၊ မိုးချုန်းတာ၊ လျှပ်ပြက်တာ၊ တံပိုးသံမြည်တာတွေကို ဣသရေလအမျိုးတွေက မြင်ကြကြားကြတယ်။ သူတို့က ခပ်ဝေးဝေးမှာ သွားရပ်ပြီး၊ မောရှေကို ပြောကြတယ်၊ ‘မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်။’ (ထွက်မြောက်ရာကျမ်း ၂၀:၁၉) ပြီးတော့ ဒါဝိဒ်က ဣသရေလအမျိုးတွေကို ယုဒပြည် ဗာလာမြို့ကနေ ခေါ်ထုတ်ပြီး၊ ဘုရားရဲ့ ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်ဆီ ယူလာတဲ့အချိန်မှာ၊ နွားတွေ ဒယိမ်းဒယိုင်ဖြစ်ကြတယ်။ အဲဒီမှာ သြဇက သေတ္တာတော်ကို ငြိမ်အောင် ကိုင်မိတဲ့အတွက်၊ ဘုရားဝိညာဉ်တော်က ဒဏ်ခတ်လို့ သေရတယ်။ (ရာဇဝင်ချုပ်ပထမစောင် ၁၃:၉-၁၀ ကိုကြည့်ပါ) နောက်ဆုံးသောကာလက လူသားတွေလည်း စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေကြတာပါ။ ဘုရားက အမှုတော်ပြုဖို့ ဝိညာဉ်တော်အသွင်နဲ့ လာမယ်ဆိုရင်၊ ဘယ်သူမှ အသက်ရှင်ကြမှာမဟုတ်ဘူး။ ယုတ်ညံ့ပျက်စီးနေလို့ ဘုရားရဲ့အဆုံးစီရင်ခြင်းကိုပဲ ခံရမှာ။ “ဒါကြောင့် ပျက်စီးတဲ့ လူသားတွေရဲ့ လိုအပ်ချက်တွေအရ ဘုရားက ကျွန်တော်တို့ကို ကယ်တင်ဖို့ အကျိုးရှိဆုံးနည်းလမ်းကို ရွေးချယ်ထားတာပါ။ ကိုယ်တော်က လူ့ဇာတိခံယူတယ်၊ သမ္မာတရားကို ဖော်ပြတယ်၊ ပျက်စီးတဲ့လူသားကို တရားစီရင် သန့်စင်ပေးတယ်။ ဒါက လူသားအတွက် ဘုရားရဲ့ အကြီးမားဆုံးမေတ္တာနဲ့ ကယ်တင်ခြင်းပဲ။”

အဲဒီအချိန်မှာ ကျွန်မ လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ စိတ်လှုပ်ရှားနေရင်းနဲ့ ပြောလိုက်မိတယ်၊ “ဘုရားက နောက်ဆုံးသောကာလမှာ အမှုတော်ပြုဖို့၊ လူသားအဖြစ် လူ့ဇာတိခံယူတယ်ဆိုတာ တကယ် လိုအပ်တာပဲ။ အဲဒါက ပျက်စီးတဲ့လူသားတွေအတွက် အကြီးမားဆုံး ကယ်တင်ခြင်းပါပဲ” ပေါ့။ ဘုရား အမှုတော်ပြုတဲ့နည်းလမ်းတွေကို ဟိုအရင်က ကျွန်မ လုံးဝ မသိခဲ့ဘူး။ ကိုယ်တော့်အသံကို သေချာနားမထောင်ခဲ့ဘူး။ ဒါကြောင့် ကိုယ်တော့်ကို မသိခဲ့ဘူး၊ မကြိုဆိုတတ်ခဲ့ဘူး။ သခင် မိုးတိမ်နဲ့ ကြွလာပြီး ကျွန်မတို့ကို ကောင်းကင်ဆီ ယူဆောင်မှာကိုပဲ အဓိပ္ပာယ်မရှိ စောင့်နေတာ။ တော်တော် ရူးမိုက်ခဲ့တာပဲ။

အဲဒီနောက်ပိုင်း အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ အများကြီးဖတ်တယ်။ ပညာရှိသတို့သမီးတွေနဲ့ မိုက်မဲတဲ့ သတို့သမီးတွေဆိုတာ ဘာလဲ၊ ဘုရားက ဘယ်လိုပေါ်ထွန်းသလဲ၊ ပြီးတော့ ဘုရားနာမတော်တွေရဲ့ နက်နဲမှုတွေ၊ လူ့ဇာတိခံယူခြင်းတွေ၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုအကြောင်းတွေ သိလာကြတယ်။ ဘုရားက လူသားတွေကို ကယ်တင်ဖို့အတွက်၊ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်တွေမှာ အမှုတော်အဆင့်တစ်ခုစီကို လုပ်ဆောင်မှန်း နားလည်လာကြတယ်။ ဒီအမှုတော်အဆင့် သုံးဆင့်ကသာ လူသားကို စာတန်ရဲ့ လွှမ်းမိုးမှုကနေ လုံးဝ ကယ်တင်ပေးနိုင်တာပါ။ ယေဟောဝါဘုရား၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရား ဆိုတာ တစ်ပါးတည်းသော ဘုရားဖြစ်မှန်း ကျွန်မတို့ မြင်မိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်မှန်း အသိအမှတ်ပြုကြတယ်။ လက်ခံမိကြတယ်။ နောက်ဆုံး သခင့်ကို ကြိုဆိုမိခဲ့ကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

စိန်းယွိ တရုတ်နိုင်ငံ ၂၀၀၀ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယား သင်းအုပ်က ကျွန်မတို့ကို တရားဒေသနာ မကြာခဏ...

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း နောက်ဆုံးတွင် ကျွန်မ နားလည်သည်

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု- လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့်...

သခင်ပြန်ကြွလာခြင်း၏ နက်နဲမှု

လီချွင်မင် တောင်ကိုရီးယားနိုင်ငံ ကျွန်တော် ၂၀၁၂ခုနှစ်မှာ သခင့်ကို ယုံကြည်ခဲ့ပါတယ်။ စုဝေးပွဲတွေမှာ သင်းအုပ်ဆရာကပြောတာကို ကျွန်တော်...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးနောက် ကျွန်ုပ်တို့သည် အသက်တာအသစ်ကို ရရှိသည်

ကျူရီချူး၊ မလေးရှားကျွန်မက အလှဖန်တီးရှင်တစ်ယောက် ဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ ကျွန်မတို့က မလေးရှားရှိ အမျိုးသမီးများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။