ဘုရားသခင်ကို ကျွန်မ ဘောင်မခတ်တော့ဘူး

12.03.2023

စူချည်း ထိုင်ဝမ်

ကျွန်မက ကျွန်မငယ်ငယ်ကတည်းက ကျွန်မအမေနဲ့အတူ သခင်ယေရှုကို ယုံကြည်ကိုးကွယ်ပြီး သခင့်ရဲ့ ကြွယ်ဝတဲ့ ကျေးဇူးတော်တွေကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်အတွက် သခင်ယေရှုရဲ့ လေးနက်တဲ့ သနားကရုဏာနဲ့ ချစ်ခြင်းကို ကျွန်မ တော်တော်ခံစားမိတယ်။ ကျွန်မက သခင့်ကို ကျေးဇူးတော်တွေ တောင်းလျှောက်ဖို့ ဆက်သွယ်လေ့ရှိတယ်။ ပြဿနာတွေ ကြုံရတိုင်းမှာ သခင့်ကို ဆုတောင်းတယ်။ အပြစ်လုပ်တဲ့အခါမှာ ဝန်ချဖို့အတွက် သူ့ရှေ့ကို လာတယ်။ သခင်က သနားကြင်နာတတ်ပြီး ချစ်တတ်တာကြောင့် ကျွန်မအပြစ်တွေကို အမြဲတမ်းခွင့်လွှတ်တယ်။

၂၀၁၉၊ မေလရဲ့ နေ့တစ်နေ့မှာ ဖေ့ဘွတ်ကနေကျွန်မ ဒိုင်ယာနာနဲ့ ဗနက်ဆာကို တွေ့တယ်။ ကျမ်းစာသင်အဖွဲ့တစ်ခုမှာ ကျွန်မတို့ အတူတူပါဝင်ကြတယ်။ ကျမ်းစာအပေါ် ဗနက်ဆာရဲ့ မိတ်သဟာယက အတော်အသိအမြင်ရတယ်။ စုဝေးပွဲတစ်ခုမှာ ဗနက်ဆာကပြောတယ်။ “သခင်က နောက်ဆုံးသောကာလမှာ တစ်ဖန်ကြွလာမယ်လို့ ပြောတယ်။ ဒီတော့ ကျွန်မတို့က သူ့ကို ဘယ်အချိန်မှာ ကြိုဆိုနိုင်မလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍။’ (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။’ (ဗျာဒိတ်ကျမ်း ၃:၂၀) ပြီးတော့ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။’ (ဗျာဒိတ်ကျမ်း ၂:၇) သခင်က နောက်ဆုံးသောကာလမှာ ကြွလာတဲ့အခါ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြမယ်ဆိုတာ ဒီအပိုဒ်တွေကနေ ကျွန်မတို့ မြင်နိုင်တယ်။ သခင့်ကို နောက်ဆုံးသောကာလမှာ ကြိုဆိုဖို့ အဓိကအချက်က ဘုရားအသံတော်ကို ပိုသတိထားနားထောင်ဖို့ပဲ။ ဘုရားအသံကို ကျွန်မတို့ ကြားတဲ့အခါမှာ ပညာရှိ သတို့သမီးတွေလိုပဲ သခင့်ကို ကြိုဆိုနိုင်တယ်” တဲ့။ ဗနက်ဆာရဲ့ ဒီမိတ်သဟာယကို ကြားတော့ အရမ်းအံ့ဩမိတယ်။ ဒီလို အသိအမြင်ရှိတဲ့ စကားတွေကို တစ်ခါမှ မကြားဖူးဘူး။ သူက သခင့်ကိုကြိုဆိုဖို့ အဓိကအချက်ကို ရွေးထုတ်ပြတယ်။ ဒါကို အရင်က ကျွန်မ လုံးဝ သဘောမပေါက်ခဲ့ဘူး။ နောက်တော့ ဗနက်ဆာက ကျွန်မကို အသက်ပါတဲ့ ဓမ္မသီချင်း ဗီဒီယိုတစ်ခုပြတယ်။ ဗီဒီယိုရဲ့အဆုံးမှာ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်”လို့ ပြောထားတာကိုကျွန်မ တွေ့ပြီး သိချင်စိတ်ဖြစ်သွားတယ်။ ကျမ်းစာသင်တာ ပြီးသွားတော့ ကျွန်မ အွန်လိုင်းမှာ အမြန်ရှာကြည့်လိုက်တယ်။ မကောင်းတဲ့ သတင်းအချက်အလက်တွေ အများကြီးတွေ့ရတယ်။ ဒါနဲ့ ဒိုင်ယာနာကို အမြန်ဆက်သွယ်လိုက်တယ်။ ဒိုင်ယာနာက သခင့်ကိုကြိုဆိုတာက တကယ်ကို အရေးကြီးတယ်လို့ပြောပြီး ကောလာဟလတွေကြောင့် လမ်းလွဲမသွားဖို့ အားပေးတယ်။ ကျွန်မစိုးရိမ်တာတွေကို အရင်ဆုံး ဘေးဖယ်ထားပြီး ဒါက စစ်မှန်တဲ့လမ်းလားဆိုတာကို နှိမ့်ချစွာနဲ့ ရှာသင့်တယ်။ သုံးလေးရက်ကြာတော့ ဒိုင်ယာနာက ကျွန်မကို စုဝေးပွဲတစ်ခုကို ဖိတ်တယ်။ ကျွန်မ တော်တော်ဒွိဟဖြစ်နေတာ။ သွားသင့်လား။ မသွားသင့်ဘူးလားပေါ့။ ဗနက်ဆာရဲ့ မိတ်သဟာယပြုတာက အသိအမြင်ရတော့ ကျွန်မလည်းကြားနာချင်တယ်။ ဒါပေမဲ့ သူဟောနေတာက လမ်းမှန်မဟုတ်မှာကိုလည်း စိုးရိမ်တယ်။ တွန့်ဆုတ်နေရင်းနဲ့ပဲ ကျွန်မ သခင့်ကိုဆုတောင်းပြီး သခင့်လမ်းပြမှုကိုတောင်းလျှောက်လိုက်တယ်။ အဲဒီနောက်တော့ စုဝေးပွဲတက်လိုက်တယ်။

စုဝေးပွဲမှာ ဗနက်ဆာကစိတ်လှုပ်ရှားပြီး ပြောလာတယ်။ “သခင်ယေရှုက လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို တည်ထောင်ခဲ့တယ်။ နှုတ်ကပတ်တော်သန်းချီပြီး ဖော်ပြခဲ့တယ်။ ပြီးတော့ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး သူဟာ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။ လူသားမျိုးနွယ်ကို လုံးဝ သန့်စင်ပြီး ကယ်တင်ဖို့အတွက်ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားဖြစ်ပြီး ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်း၊ သူ့ရဲ့ အမှုတော်အဆင့်သုံးဆင့်နဲ့ ကျမ်းစာရဲ့ အတွင်းပိုင်းကျတဲ့ အကြောင်းအရာတွေရဲ့ နက်နဲမှုကို ဖွင့်ပြတယ်။ သူ့နှုတ်ကပတ်တော်တွေက လူသားမျိုးနွယ်က အပြစ်ရှိရခြင်းရဲ့ အကြောင်းရင်း စာတန်က လူသားမျိုးနွယ်ကို ဘယ်လိုဖျက်ဆီးတယ်၊ ဘုရားသခင်က တိုးတက်လာတဲ့အဆင့်တွေမှာ လူသားမျိုးနွယ်ကို ဘယ်လိုကယ်တင်တယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုရဲ့ အဓိပ္ပာယ်တွေကိုလည်း ပြောပြတယ်။ ဘုရားသခင်က ယုံကြည်သူတွေ ကယ်တင်ခြင်းရနိုင်တဲ့နည်းတွေကိုလည်း ကျွန်မတို့ကို ပြသခဲ့တယ်။ ဥပမာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ခွာချဖို့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို ဘယ်လိုကြုံတွေ့ရမယ်၊ သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ပြီး ရိုးသားသူတွေဖြစ်ရမယ်၊ ဘုရားအလိုတော်ကိုလိုက်လျှောက်တဲ့သူတွေဖြစ်လာဖို့ ဘုရားကို ဘယ်လိုကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမယ်ဆိုတာတွေကို ဘုရားက အသေးစိတ်ပြောပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်က သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)” သခင်ယေရှုက လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီလို့ အဲဒီအစ်မကပြောတာကို ကြားတော့။ ကျွန်မက မယုံကြည်ရဲတော့ ဘုရားကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ပြီးတော့ ဘုရားသခင်ပြောတာကို ကျွန်မ တွေးမိတယ်။ “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) ကျွန်မ စဉ်းစားတယ်။ “ဘုရားသခင် ပြန်ကြွလာတာက အရေးကြီးတယ်။ မစဉ်းမစားနဲ့ ကောက်ချက်တစ်ခုခု တန်းချလို့မရဘူး။ နှိမ့်ချပြီးတော့ ရှာဖွေပြီး ဆက်ပြီး နားထောင်သင့်တယ်” ပေါ့။

အဲဒီနောက်တော့ ဗနက်ဆာကကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ခိုင်းတယ်။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ကျွန်မဖတ်ရင်းနဲ့ ဒီစကားတွေက တစ်ခုခုထူးခြားနေသလို ခံစားလာရတယ်။ ဒီစကားတွေကို မကြည်ညိုဘဲ မနေနိုင်ဖြစ်လာတယ်။ ဒီစကားတွေက တော်တော်တင်းမာပြီး ထိရှတယ်။ စကားလုံးတိုင်း၊ စကားစုတိုင်းက အာဏာနဲ့တန်ခိုးနဲ့ ပြည့်နေတယ်။ သေမျိုးဖြစ်တဲ့လူတစ်ယောက်ယောက်က ထုတ်ပြောတဲ့ စကားနဲ့မတူဘူး။ ဘုရားကသာ ဒီလိုပုံစံနဲ့ စကားပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုလည်း စဉ်းစားမိတယ်။ “မမှန်ဘူး။ ဘုရားက သနားကြင်နာပြီး ချစ်တတ်တယ်။ သူ့စကားတွေက နှစ်သိမ့်ခြင်း၊ နူးညံ့ခြင်းနဲ့ပြည့်နေတယ်။ ဒါပေမဲ့ ဒီစကားတွေက အရမ်းပြင်းထန်တယ်။ လူသားမျိုးနွယ်ကို ကျိန်ဆဲသလို၊ ရှုတ်ချသလိုမျိုးပဲ” ပေါ့။ ကျွန်မ တော်တော်ဝေခွဲမရဖြစ်နေတယ်။ “ဒါတွေက တကယ်ပဲ ဘုရားနှုတ်ကပတ်တော်တွေလား။ ဒီစကားတွေက အာဏာအပြည့်ပါနေတာကို ကြည့်ရင် ဘုရားနှုတ်ကပတ်တော်ဖြစ်ရမယ်မဟုတ်လား။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင် သူ့လိုမျိုး စကားပြောသင့်တယ်။ သနားကြင်နာပြီး ချစ်ခင်သင့်တယ်။ သူ့စကားတွေက သိမ်မွေ့ပြီး စာနာထောက်ထားသင့်တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက အရမ်းပြင်းထန်တယ်။ သူက တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်နိုင်သလား” ပေါ့။ ကျွန်မ တော်တော်ခေါင်းရှုပ်သွားတယ်။

ဒါနဲ့ ကျွန်မရဲ့ သံသယတွေကို ဗနက်ဆာကို ပြောပြတော့ သူက ကျွန်မကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာဖွဲ့ပြီးပြောတယ်။ “ဘုရားသခင်က သနားကြင်နာပြီး ချစ်ခင်တယ်။ သိမ်မွေ့ပြီး စာနာထောက်ထားတဲ့ပုံစံနဲ့ ကျွန်မတို့ကို စကားပြောတယ်။ ဒါကြောင့် သူ့စကားတွေက ပြင်းထန်နေရင် ဘုရားရဲ့ စကားတွေမဟုတ်ဘူးလို့ ကျွန်မတို့က အမြဲတမ်း ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဒီအယူအဆက အချက်အလက်တွေနဲ့ အမှန်တရားနဲ့ တကယ် ကိုက်ညီရဲ့လား။ တကယ်တမ်းတော့ ခေတ်တိုင်းမှာ ဘုရားသခင်က စာနာထောက်ထားပြီး အားပေးတဲ့စကားတွေကိုတင်မကဘူး။ လူတွေကို အပြစ်တင်၊ တရားစီရင်ပြီး ကျိန်ဆဲတဲ့ စကားတွေလည်း ပြောခဲ့တယ်။ ကျွန်မတို့က အလေးမထားတာကြောင့်ပါ။ ဒါကို ကျမ်းစာမှာ ဘယ်လိုမှတ်တမ်းတင်ထားလဲ ကြည့်ရအောင်။ ယေဟောဝါ ဘုရားသခင် ပြောခဲ့သည်- ‘သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။ စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။(ဟေရှာယအနာဂတ္တိကျမ်း ၅၆:၁၀-၁၁) ပြီးတော့ သခင်ယေရှုက ပြောတယ်။ ‘မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။(ရှင်မဿဲခရစ်ဝင် ၂၃:၃၃)ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၆) နောက်ထပ် ဒီလိုကျမ်းပိုဒ်တွေ အများကြီးရှိတယ်။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က လူတွေကို အပြစ်တင်၊ ရှုတ်ချပြီး ကျိန်ဆဲတယ်ဆိုတာ ဒီအပိုဒ်တွေကနေ မြင်နိုင်ပါတယ်။ သူ့စကားတွေက ပြင်းထန်ပြီး ထိရှတဲ့ပုံစံရှိပေမဲ့ အားလုံးက မှန်ကန်ပြီး အားလုံးက လူတွေရဲ့ ဘုရားကို အာခံတဲ့၊ ဘုရားကို ပုန်ကန်တဲ့ အနှစ်သာရကို ဖော်ထုတ်ပြတယ်။ တကယ်တမ်းတော့ ဘုရားရဲ့ နှုတ်ကပတ်တော်တွေက သိမ်မွေ့ပါစေ၊ ပြင်းထန်ပါစေ၊ အားလုံးက ဘုရားရဲ့ စိတ်သဘောထားကို ဖော်ပြချက်တွေပဲ။ ကျွန်မတို့က ဘုရားရဲ့ စိတ်သဘောထားကို နားမလည်ဘဲ သူ့ကို ညှာတာပြီး ကြင်နာတတ်တယ်လို့ ဘောင်ခတ်ရင် သူက ပြင်းပြင်းထန်ထန် ပြောဆိုတဲ့အခါမှာ ကျွန်မတို့က ထင်မြင်ချက်တချို့ဖြစ်လာကြမယ်။ ဘုရားက သိမ်မွေ့တဲ့ပုံစံနဲ့ပဲ စကားပြောပြီး ဒီလိုတင်းမာတဲ့လေသံနဲ့ မပြောသင့်ဘူး၊ ဒါကြောင့် ဒီစကားတွေက ဘုရားစကားတွေမဖြစ်နိုင်ဘူးလို့ ထင်ကြမယ်။ စကားတွေက သိမ်မွေ့သလား၊ တင်းမာသလားဆိုတဲ့အပေါ် ကျွန်မတို့ရဲ့ သတ်မှတ်ချက်ကို အခြေခံတာက မှားပြီးတော့ ကိုယ်ပိုင်အယူအဆတွေ၊ ယုံကြည်မှုတွေရဲ့ အကျိုးဆက်တစ်ခုပဲ။ ဥပမာ ကျွန်မတို့မိဘတွေက ကျွန်မတို့ကို ညင်ညင်သာသာပြောမှ မိဘတွေအဖြစ် အသိအမှတ်ပြုပြီး တစ်ခုခုအမှားလုပ်လို့ ကျွန်မတို့ကို တင်းမာပြီး စကားပြောတဲ့အခါ ဆူတဲ့အခါမှာ မိဘတွေအဖြစ် အသိအမှတ်မပြုဘူးဆိုရင် ဒါက ကလေးကလားမဆန်ဘူးလား” တဲ့။ ဒီအစ်မရဲ့ မိတ်သဟာကို ကြားပြီးတော့ ဒီကိစ္စကိုကျွန်မ တော်တော်ပိုပြီး ရှင်းသွားတယ်။ ကျွန်မ စဉ်းစားတယ်။ “ဟုတ်တယ်။ မိဘတွေက ကျွန်မတို့ကို ညင်ညင်သာသာ ပြောတာ၊ တင်းတင်းမာမာနဲ့ပြောတာဖြစ်စေ ကျွန်မတို့ မိဘတွေပဲ မဟုတ်ဘူးလား။ ယေဟောဝါဘုရားသခင်နဲ့ သခင်ယေရှုတို့ အားလုံးက အရင်က ပြင်းပြင်းထန်ထန် ပြောခဲ့ဖူးတယ်။ ဒါဆို အရင်က ကျွန်မက ဒါကို ဘာလို့ သတိမထားမိတာလဲ။ ဒီစကားတွေက ညင်သာသလား၊ ကြမ်းသလားဆိုတာကို အခြေခံပြီး ဘုရားနှုတ်ကပတ်တော်ဖြစ်သလားဆိုတာကို သတ်မှတ်တာက တကယ်မှားတယ် ထင်တယ်” ပေါ့။ ဒါကိုသဘောပေါက်သွားတော့ ကျွန်မ အတိုက်အခံမဖြစ်တော့ဘူး။ ဒါပေမဲ့ လူသားမျိုးနွယ်ကို ဖော်ထုတ်ပြီး တရားစီရင်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်မ ဖတ်တိုင်းမှာ တော်တော် စိတ်ထိခိုက်တယ်။ ကျွန်မက ရှုတ်ချတာ ခံနေရသလိုပဲ။ ကျွန်မ ဆက်ပြီး အပြန်အလှန်စဉ်းစားတယ်။ သခင်ယေရှုက သနားကရုဏာထားပြီး ချစ်ခင်တတ်တယ်။ ဒါဆိုဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင်က ခက်ထန်ပြီး အမြဲတမ်း လူတွေကို စိတ်ဆိုးနေတာလဲ။ တစ်ခါတော့ စုဝေးပွဲတစ်ခုမှာ ကျွန်မမေးခွန်းကို အစ်မတစ်ယောက်ကို မေးလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုကို ဘုရားတစ်ပါးတည်းလို့ ကျွန်မ မမြင်နိုင်နေဘူး။ သူတို့စိတ်သဘောထားတွေက ကွာခြားလွန်းတယ်။ သခင်ယေရှုကို ကျွန်မ မြင်ယောင်ကြည့်တော့ ဘုရားသခင်က သနားကရုဏာထားပြီး ချစ်ခင်တတ်တာကို တွေးမိတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က အရမ်းခက်ထန်ပုံရတယ်။ သူပြောတာ တော်တော်များများက လူတွေကို ဖော်ထုတ်ပြီး စိစစ်နေတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက ဘာလို့အရမ်းကွာခြားနေတာလဲ” ပေါ့။

အဲဒီအစ်မက မိတ်သဟာယဖွဲ့ပြီး ပြောတယ်။ “လူတွေက ဒီလို ရှုပ်ထွေးလေ့ရှိကြပြီး ဒါက အဓိကကတော့ ဘုရားရဲ့ စိတ်သဘောထားကို သူတို့ နားမလည်လို့ပဲ။ ဘုရားရဲ့ အရင်က အမှုတော်ကို ကြည့်ကြည့်ရအောင်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နည်းနည်းနားလည်သွားတာနဲ့ ဒီပြဿနာက သူ့ဘာသာ ပြေလည်သွားလိမ့်မယ်။ ဘုရားသခင်က သောဒုံနဲ့နိနေဝေမြို့ကလူတွေရဲ့ မကောင်းမှုကို သတိထားမိတော့ သူ့စိတ်သဘောထားက ဒေါသထွက်ပြီး ဒီမြို့နှစ်မြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့တာကို ကျွန်မတို့အားလုံးသိကြတယ်။ မဖျက်ဆီးခင်မှာ ဘုရားသခင်က သောဒုံမြို့ဆီကို ကောင်းကင်တမန်နှစ်ပါးစေလွှတ်ခဲ့ပြီး လောတ တစ်ယောက်တည်းကပဲ သူတို့ကို ဧည့်ခံတယ်။ တခြားနေထိုင်သူတွေက ကောင်းကင်တမန်တွေကို မကြိုဆိုရုံတင်မကဘူး။ သတ်ပစ်ချင်ကြတယ်။ ဘုရားက သူတို့ရဲ့ မကောင်းမှုကို မြင်ပြီး ဒေါသထွက်တယ်။ ကောင်းကင်တမန်တွေက လောတနဲ့ သူ့မိသားစုကို ကယ်တင်ပြီးတဲ့နောက်မှာ ဘုရားသခင်က ကောင်းကင်ကနေ မီးမိုးတွေရွာချပြီး မြို့ထဲမှာရှိတဲ့ လူ၊ တိရစာ္ဆန်တွေနဲ့ အပင်တွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။ အခု နိနေဝေကို ကြည့်ရအောင်။ ဒီမြို့ကိုလည်း ဖျက်ဆီးဖို့ ဘုရားက စီစဉ်တယ်။ ဒါကြောင့် သူ့ရဲ့ သတင်းစကားကို ပြောဖို့ ယောနကို စေလွှတ်တယ်။ ‘အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။(ယောနဝတ္ထု ၃:၄) နိနေဝေဘုရင်ကြီးက ဒီသတင်းစကားကို ကြားတဲ့အခါမှာ သူကိုယ်တိုင် ဦးဆောင်လုပ်ပြီးတော့ သူ့မြို့ကလူတွေကို လျှော်တေအဝတ်လဲခိုင်းပြီး၊ ပြာပုံမှာ ထိုင်ခိုင်းတယ်။ အစာရှောင်ဆုတောင်းခိုင်းတယ်။ သူတို့ခံယူတဲ့ မကောင်းမှုကို စွန့်ပစ်ပြီး ဘုရားထံမှာ နောင်တရခိုင်းတယ်။ ဘုရားက ဒါကို မြင်တဲ့အခါမှာ သူ့ရဲ့ အမျက်ဒေါသကို ရုတ်သိမ်းပြီး သူတို့ကို ပျက်စီးခြင်းကနေ သနားညှာတာစွာ ချမ်းသာပေးခဲ့တယ်။ နိနေဝေနဲ့ သောဒုံမြို့အပေါ် ဘုရားရဲ့ ပြောင်းလဲတဲ့ သဘောထားတွေကို ကြည့်ရင် ဘုရားရဲ့ စိတ်သဘောထားက စစ်မှန်ပြီး ထင်ရှားတာကို မြင်နိုင်တယ်။ သူက ချစ်ခင်ပြီး ညှာတာရုံတင်မဟုတ်ဘဲ ဘုန်းအာနုဘော်ဖြစ်ပြီး အမျက်ဒေါသလည်း ထွက်တတ်တယ်။ လူတွေက အပြစ်ပြုတဲ့အခါမှာ ဘုရားက သူတို့ကို နောင်တရဖို့ အခွင့်အရေးပေးတယ်။ လူတွေအပေါ် သူ့ရဲ့ ချစ်တဲ့၊ ညှာတာတဲ့ စိတ်သဘောထားကို ပြတယ်။ လူတွေက ခေါင်းမာပြီး နောင်တမရချင်တဲ့အခါမှာ လူတွေက ဘုရားကို ခေါင်းမာမာနဲ့ အာခံပြီး ဆန့်ကျင်အော်ဟစ်တဲ့အခါမှာ ဘုရားက သူတို့အပေါ် သူ့ရဲ့ ဒေါသကို ထုတ်လွှတ်ပြီး သူ့ရဲ့ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ဖြစ်တဲ့ စိတ်သဘောထားကို ပြတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ချစ်ခင်ပြီး ညှာတာတတ်ရုံတင်မကဘဲ ဘုန်းအာနုဘော်ဖြစ်ပြီး အမျက်ဒေါသလည်း ထွက်တယ်ဆိုတာကို ဒီဟာကြောင့် ကျွန်မတို့ မြင်ရတယ်။ ဒီနှစ်ချက်လုံးက ဘုရားရဲ့ နဂိုကတည်းကရှိတဲ့ စိတ်သဘောထားထဲမှာ ပါတယ်။

သခင်ယေရှုက သူ့အမှုကို ပြုခဲ့တဲ့ ကျေးဇူးတော်ခေတ်ကို အခု စဉ်းစားကြည့်ရအောင်။ လူတွေက အပြစ်ပြုပြီးတော့ ဝန်ချပြီး နောင်တရဖို့အတွက် သခင့်ရှေ့ကို လာတဲ့အခါမှာ သခင်က သူတို့အပြစ်တွေကို ဖြေလွှတ်ပြီး ကြွယ်ဝတဲ့ ကျေးဇူးတော်ကို သူတို့ကို ချပေးတယ်။ ဒါကြောင့် သခင့်စိတ်သဘောထားက ချစ်ခင်ကြင်နာတတ်ပြီး အမျက်ဒေါသထွက်တာ၊ ကျိန်ဆဲတာမရှိဘူးလို့ လူတော်တော်များများက ယုံကြည်ကြတယ်။ တကယ်တမ်းတော့ ဒါတွေက လူတွေရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပဲ။ သခင့်ကို ရှုတ်ချပြီး အာခံတဲ့၊ ပေါ်ပေါ်ထင်ထင် ဆန္ဒပြတာတောင် လုပ်တဲ့ ဖာရိရှဲတွေနဲ့ပတ်သက်ရင် သခင်ယေရှုက အမျက်ဒေါသတွေ ပြည့်နေခဲ့တယ်။ သူက ဖာရိရှဲတွေကို ရှုတ်ချပြီး ကျိန်ဆဲတယ်။ အမင်္ဂလာခုနှစ်ပါးကို သူတို့အပေါ် ထုတ်ပြန်ခဲ့တယ်။ သခင်က ဖာရိရှဲတွေအပေါ် နည်းနည်းလေးမှ သက်ညှာမှုမရှိခဲ့ဘူး။ ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအချိန်ကနေ လက်ရှိအချိန်ထိ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အမြဲတမ်းဖော်ပြခဲ့တယ်ဆိုတာ ဒီကနေ ကျွန်မတို့ မြင်နိုင်ပါတယ်။ ဘုရားသခင်က ချစ်ခင်ပြီး ကြင်နာတတ်တယ်။ ဒါပေမဲ့ ဘုန်းအာနုဘော်ဖြစ်တာ၊ အမျက်ဒေါသထွက်တာ၊ ကျိန်ဆဲတာ၊ အပြစ်ပေးတာလည်းရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပဲ။ ‘ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းသည် ဧကန်အမှန် တည်ရှိသော်လည်း၊ ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အချိန် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည်လည်း ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကို လူအား ပြသပေသည်။ လူသည် ဘုရားသခင်၏ ပညတ်များကို အပြည့်အဝ နာခံနိုင်စွမ်းရှိပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူနိုင်စွမ်းရှိသည့်အခါ၊ ဘုရားသခင်သည် လူသားအပေါ် သူ၏ သနားကရုဏာ၌ အလျှံပယ်ဖြစ်လေသည်။ လူသည် ဖောက်ပြန်ပျက်စီးခြင်း၊ မုန်းတီးမှုနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါတွင်၊ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူ၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည်အထိ၊ ၎င်းတို့သည် သူ၏မျက်စိရှေ့မှောက်တွင် မရှိကြတော့သည့်အထိ သူ၏အမျက်သည် ရှည်ကြာလိမ့်မည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ အမျက်‌ဒေါသသည် ကွယ်ပျောက်လိမ့်မည်။...သူသည် ကြင်နာမှုရှိကာ လှပပြီး ကောင်းမြတ်သောအရာများအပေါ် သည်းခံပြီး သနားကရုဏာ ရှိသည်။ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သည်မှာ သူ၏အမျက်၌ မရပ်စဲနိုင်လောက်အောင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခု- အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ- ဖြစ်သည့်အပြင်၊ ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။’ (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်ကနေ ‘အလျှံပယ်ဖြစ်သော သနားကရုဏာနှင့် အလွန် လေးနက်သော အမျက်ဒေါသ’ တွေက လူသားမျိုးနွယ်အပေါ် ဘုရားသခင် ဆက်တိုက် ပြသတဲ့ သူ့ရဲ့ စိတ်သဘောထားရဲ့ အချက်နှစ်ချက်ပဲဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ သူ့ရဲ့ ဒီစိတ်သဘောထားနှစ်ချက်က ဆန့်ကျင်မနေဘူး။ ဒါတွေက သူ့ရဲ့နဂိုကတည်းကရှိတဲ့ စိတ်သဘောထားထဲမှာ ပါဝင်တယ်။ ကျွန်မတို့က အရင်တုန်းက သူ့ကျေးဇူးတော်ကို ခံစားခဲ့ရတာကို အခြေခံပြီးဘုရားသခင်က ကြင်နာမှုကိုပဲ ချပေးပြီး အမျက်ဒေါသမပေးနိုင်ဘူးလို့ ဘောင်မခတ်ရပါဘူး။ ဒီနားလည်မှုမျိုးက တစ်ဖက်သတ်ဆန်လွန်းပါတယ်” တဲ့။ ဒါကို ကြားပြီးတော့ ကျွန်မ သဘောပေါက်သွားတာက ဘုရားက ချစ်ခင်ကြင်နာတတ်ရုံတင်မကဘူး။ ဘုန်းအာနုဘော်ဖြစ်တာ၊ အမျက်ဒေါသထွက်ပြီး ကျိန်ဆဲတာလည်းရှိတယ် ဆိုတာပဲ။ ဒါတွေအားလုံးက ဘုရားရဲ့ နဂိုကတည်းကရှိတဲ့ စိတ်သဘောထားရဲ့ အချက်တွေပဲ။ ဘုရားသခင်က ကြင်နာပြီး ချစ်ခင်တာပဲရှိတယ်ဆိုတဲ့ တစ်ဖက်သတ်ယုံကြည်မှုကို ကျွန်မခံယူခဲ့တာက ဘုရားရဲ့ စိတ်သဘောထားကို ကျွန်မ နည်းနည်းလေးပဲ နားလည်ခဲ့လို့ပါ။ ဒါတွေက တကယ်ပဲ ကျွန်မအယူအဆတွေ၊ စိတ်ကူးတွေဖြစ်ပြီး လက်တွေ့အရှိတရားနဲ့ မကိုက်ပါဘူး။ ကျွန်မရဲ့နားလည်မှုကို နက်နဲစေဖို့ မိတ်သဟာယတွေပိုနားထောင်ရမယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။

အဲဒီအစ်မက မိတ်သဟာယဆက်ဖွဲ့ပြီး ပြောတယ်။ “ခေတ်တစ်ခုတိုင်းမှာ ဘုရားသခင်ပြသတဲ့ စိတ်သဘောထားက ဘုရားရဲ့ ကယ်တင်ခြင်းအမှုရဲ့လိုအပ်ချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအပေါ်ကိုပါ အခြေခံထားတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်နှစ်ပိုဒ်က ကျွန်မတို့ကို ရှင်းပေးနိုင်ပါတယ်။ ‘ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏ လိုအပ်ချက်များ နှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနှုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏ စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ် များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများ အတွင်းမှ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချ သေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင် ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်)ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကပါဝင်သော၊ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

အစ်မက မိတ်သဟာယဖွဲ့ပြီး ပြောတယ်။ “ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်က ကျိန်ဆဲခြင်း၊ လောင်မြိုက်ခြင်းနဲ့ အမျက်ဒေါသတွေ အုပ်စိုးတဲ့ စိတ်သဘောထားနဲ့ သူ့ကိုယ်သူ ဖော်ပြခဲ့တယ်။ အဲဒီအချိန်ကာလမှာ လူတွေမှာ နားလည်မှု တော်တော်လေး ကင်းမဲ့ကြတယ်။ အပြစ်က ဘာဆိုတာ၊ ဘယ်လို အသက်ရှင်သင့်တယ်၊ ဘုရားကို ဘယ်လိုကိုးကွယ်သင့်တယ်ဆိုတာ မသိကြဘူး။ ဒါကြောင့် အဲဒီအချိန်က သူတို့လိုအပ်ချက်တွေကို အခြေခံပြီး ဘုရားသခင်က လူတွေကို သူတို့ဘဝမှာ လမ်းပြဖို့အတွက် ဥပဒေနဲ့ ပညတ်တော်တွေ ထုတ်ခဲ့တယ်။ ဘုရားရဲ့ ပညတ်တော်တွေကို နာခံသူတွေက ဘုရားရဲ့သက်ညှာမှုကို ရကြတယ်။ ဒါပေမဲ့ ဥပဒေကို ချိုးဖောက်သူတွေကတော့ ဘုရားရဲ့ ကောင်းကင်ကမီးနဲ့ လောင်ကျွမ်းခံရတယ်။ ကျောက်တုံးနဲ့ ထုသတ်ခံရတယ်။ ဒါပေမဲ့ ပညတ်တော်ခေတ်အဆုံးမှာတော့ လူတွေက ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာပြီး သူတို့ကိုယ်တိုင် သတိမထားမိဘဲ အပြစ်လုပ်ပြီး ပညတ်ချိုးဖောက်ကြတာကြောင့် အဲဒီအချိန်က ပညတ်အရ သူတို့လုပ်ရပ်တွေကို တရားစီရင်မယ်ဆိုရင် ပညတ်အောက်မှာ သူတို့အားလုံး သတ်ခံရမှာပဲ။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ လူသားမျိုးနွယ်ကို သူတို့လိုအပ်ချက်တွေနဲ့အညီ ရွေးနုတ်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင်က လူ့ဇာတိခံပြီး သူ့ရဲ့ ကြင်နာခြင်းနဲ့ ချစ်ခြင်းစိတ်သဘောထားကို ပြတယ်။ လူတွေကို ကြွယ်ဝတဲ့ ကျေးဇူးတော်တွေ ချပေးတယ်။ လူတွေကို အကန့်အသတ်မဲ့ ကြင်နာခြင်း၊ ချစ်ခြင်းနဲ့ ဆက်ဆံခဲ့ပြီး သည်းခံခဲ့တယ်။ သူတို့အပြစ်တွေကို ခွင့်လွှတ်ခဲ့တယ်။ အဆုံးမှာ လူတွေအားလုံးရဲ့ အပြစ်ကို ရွေးနုတ်ဖို့အတွက် ကားစင်တင်ခံခဲ့တယ်။ လူတွေရဲ့ ပြစ်ဒဏ်တွေကို ခွင့်လွှတ်ခဲ့ပြီး ဆက်လက်ရှင်သန်ခွင့်ပေးခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က ကျိန်ဆဲခြင်း၊ လောင်မြိုက်ခြင်းနဲ့အမျက်ဒေါသပုံစံနဲ့ သူ့စိတ်သဘောထားကို ဆက်ပြီး ဖော်ပြရင် လူတွေရဲ့ အအပြစ်တွေက ဘယ်တော့မှ ခွင့်လွှတ်ခံရမှာမဟုတ်ဘူး။ ဥပဒေအောက်က လူတွေက ဘယ်တော့မ ရွေးနုတ်ခံရမှာမဟုတ်ဘူး။ လူသားမျိုးနွယ်က တန်ဖိုးမရှိဖြစ်ပြီး အခုရောက်နေတဲ့နေရာကို ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က သူ့ရဲ့ ချစ်ပြီး သနားကရုဏာထားတဲ့ စိတ်သဘောထားကို ဖော်ပြခဲ့တယ်။ လူတွေက ဘုရားရှေ့လာပြီး ဘုရားရဲ့ ရွေးနုတ်ခြင်းကို လက်ခံသရွေ့ ဘုရားက သူတို့အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။ နောက်ဆုံးသောကာလမှာ လူတွေက ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာတယ်။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကို ရရှိပြီး ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခံရပေမဲ့ မာနထောင်လွှားခြင်း၊ သစ္စာဖောက်ခြင်း၊ ဆိုးယုတ်ခြင်း၊ ခေါင်းမာခြင်း၊ ကြမ်းတမ်းခြင်းတွေလို ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့သဘာဝက ကျွန်မတို့အထဲမှာ တော်တော်ကို အမြစ်တွယ်နေတုန်းပဲ။ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို နှံ့နှံ့စပ်စပ် အမြစ်မဖြတ်ရသေးဘူး။ ဒါကြောင့် ကျွန်မတို့က ခဏခဏ လိမ်ညာ၊ အပြစ်ပြုပြီး ဘုရားကို ပုန်ကန်တယ်။ အာခံတယ်။ ဘုရားရဲ့နို်ငငံတော်ထဲကို ဝင်ရဖို့ အရည်အချင်းမပြည့်မီသေးဘူး။ လူသားမျိုးနွယ်ကိုကယ်တင်ပြီး အပြစ်တွေကို လုံးဝ ရှင်းပစ်ဖို့အတွက် ဘုရားသခင်က နောက်တစ်ခါ လူ့ဇာတိခံခဲ့တယ်။ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို လုံးဝ အမြစ်ဖြတ်ဖို့၊ အပြစ်တွေကို သန့်စင်ဖို့၊ ဘုရားကို တကယ်နာခံပြီး ကြောက်ရွံ့တဲ့အခွင့်ကိုပေးဖို့အတွက်၊ နောက်ဆုံးမှာ ဘုရားရဲ့ နိုင်ငံတော်ထဲကို ကျွန်မတို့ကို ခေါ်ဆောင်ဖို့အတွက် သခင်ယေရှုရဲ့လုပ်ဆောင်မှုရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ဆောင်ရွက်နေပါတယ်။ ဘုရားသခင်က သူ့အမှုတော်ရဲ့ လိုအပ်ချက်တွေကြောင့် သူ့ရဲ့ ကြင်နာပြီး ချစ်ခင်တဲ့ စိတ်သဘောထားကို မဖော်ပြတော့ဘူး။ အဲဒီအစား လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို တရားစီရင်ပြီး ဖော်ထုတ်ဖို့အတွက် သူ့ရဲ့ ဖြောင့်မတ်တဲ့၊ ဘုန်းအာနုဘော်ဖြစ်တဲ့၊ အမျက်ဒေါသထွက်တဲ့ စိတ်သဘောထားကို ပြသဖို့ ရွေးချယ်တယ်။ ဒီလိုလုပ်မှသာ ဘုရားက လူသားမျိုးနွယ်ကို ပြောင်းလဲပြီး သန့်စင်နိုင်ပါတယ်။ ခေတ်တစ်ခုစီမှာ ဘုရားပြသတဲ့ စိတ်သဘောထားက မတူညီပေမဲ့ ဘုရားရဲ့ အနှစ်သာရက လုံးဝ မပြောင်းလဲဘူး။ ဘုရားက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ သူ့အမှုကို ပြုပြီး သူ့ရဲ့ စိတ်သဘောထားကို ဖွင့်ပြတယ်။ လူတွေကို ဘုရားကို ပိုနားလည်စေပြီး သိစေတယ်။ ဒီနည်းနဲ့ ဘုရားနဲ့ ဘုရားရဲ့ စိတ်သဘောထားကို လူတွေက ဘောင်မခတ်အောင်ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက မတူတဲ့ စိတ်သဘောထားတွေကို ဖော်ပြတာကြောင့် ဘုရားတစ်ပါးတည်းမဟုတ်ဘူးလို့ မထင်မြင်သင့်ဘူး” တဲ့။

ဘုရားသခင်က သူ့ရဲ့ ကယ်တင်ခြင်းအမှုရဲ့ လိုအပ်ချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ခေတ်တစ်ခုစီမှာ ဘယ်လိုစိတ်သဘောထားမျိုးကို ပြသရမယ်ဆိုတာ ဆုံးဖြတ်တယ်ဆိုတာကို ဒီအစ်မရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုမှာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သူ့ရဲ့ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ဖြစ်တဲ့ စိတ်သဘောထားကို ပြသတယ်။ သူဖော်ပြတဲ့ စိတ်သဘောထားက သခင်ယေရှုနဲ့ မတူပေမဲ့ ဒါက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့လိုအပ်ချက်တွေကို ကိုင်တွယ်ဖို့ ပြသတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုက တစ်ပါးတည်းသော ဘုရားဖြစ်ပါတယ်။ အဲဒီအစ်မရဲ့ မိတ်သဟာယက တော်တော်ရှင်းပြီး ကျွန်မ ရှုပ်နေတာတွေ အားလုံးပျောက်သွားတယ်။

နောက်စုဝေးပွဲတစ်ခုမှာ ဗနက်ဆာက ကျွန်မကို နောက်ထပ်ကျမ်းတစ်ပိုဒ်ကို ဖတ်ပြတယ်။ “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က ‘အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း’ ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူ၏နာမ်နှင့်ဆိုင်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဒါက ဗနက်ဆာရဲ့မိတ်သဟာယမှာ ပါတဲ့ဟာပဲ။ သူက ပြောတယ်။ “နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းအမှုက လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ကယ်တင်ခြင်းအမှုရဲ့ နောက်ဆုံးအဆင့်ပဲ။ ဒါက သူ့ရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ အဆုံးသတ်ပဲ။ သူ့ရဲ့ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ဖြစ်တဲ့ စိတ်သဘောထားကို ဖော်ပြရာမှာ သူက ခေတ်တစ်ခုလုံးကို အဆုံးသတ်နေတာပါ။ ကောင်းသူကို ကောင်းသူနဲ့၊ ဆိုးသူကို ဆိုးသူနဲ့ အမျိုးအစားတစ်ခုချင်းစီ ခွဲထုတ်တယ်။ ဘုရားသခင်က သူ့ရဲ့ ကြင်နာပြီး ချစ်ခင်တဲ့ စိတ်သဘောထားကိုပဲ ဖော်ပြရင် ကျွန်မတို့က ဘယ်လောက်ပဲ အပြစ်ကျူးလွန်သည်ဖြစ်စေ အမြဲတမ်း စိတ်ရှည်၊ သည်းခံပြီး ခွင့်လွှတ်နေရင် ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်နေခြင်းကို လုံးဝ ဖယ်ရှားမှာမဟုတ်ဘူး။ စာတန်ရဲ့ အုပ်စိုးခြင်းနဲ့ ဖျက်ဆီးခြင်းကို ထာဝရ ခံရမှာပဲ။ ပြီးတော့လည်း ဘုရားရဲ့ ကယ်တင်ခြင်းအမှုက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ကောင်းမှုနဲ့ မကောင်းမှုကို ဘယ်တော့မှ ကောင်းကောင်း ခွဲခြားသိမြင်မှာမဟုတ်ဘူး။ ဒါကြောင့် နောက်ဆုံးသောကာလမှာ ဘုရားသခင်က သူ့ရဲ့အမှုတော်မှာ သူ့ရဲ့ ဖြောင့်မတ်တဲ့၊ ဘုန်းအာနုဘော်ဖြစ်တဲ့၊ အမျက်ဒေါသထွက်တဲ့ စိတ်သဘောထားကို ဖော်ပြတယ်။ သူ့ရဲ့ ပြင်းထန်တဲ့ ဘာသာစကားနဲ့ လူတွေရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို ဖော်ထုတ်တယ်။ သမ္မာတရားကို ချစ်သူတွေက ကိုယ့်ကိုယ်ကိုယ်သိလာပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကို လက်ခံတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားလည်ကြတယ်။ ဒီလိုနဲ့ ဘုရားကို ကြောက်ရွံ့ခြင်းဖြစ်လာပြီး မကောင်းမှုကို ရှောင်ကြဉ်ကြတယ်။ အဆုံးမှာ စိတ်သဘောထားပြောင်းလဲမှုကို ရကြတယ်။ သမ္မာတရားကို စိတ်ကုန်ပြီး ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ငြင်းပယ်တဲ့သူတွေကတော့ ဘုရားက ဖော်ထုတ်ပြီး စွန့်ပစ်တာကို ခံကြရတယ်။ ဒီပုံစံနဲ့ အားလုံး သူတို့အမျိုးအစားအလိုက် ခွဲခြားခံရတယ်” တဲ့။

ကျွန်မ သဘောပေါက်သွားတယ်။ သခင်ယေရှုက သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ခဲ့တဲ့ပုံစံအတိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်မယ်ဆိုရင် လူတွေကို ကြင်နာခြင်း၊ ချစ်ခြင်းပဲပြပြီး ခက်ထန်ပြီး တရားစီရင်တာမလုပ်ဘူးဆိုရင် လူတစ်ဦးချင်းစီကို သူတို့အမျိုးအစားအလိုက် ခွဲခြားနိုင်မှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ အပြစ်ပြုပြီး ဘုရားကို အာခံတဲ့ သဘာဝက ဘယ်တော့မှ ပြေလည်မှာမဟုတ်ဘူး။ ကျွန်မတို့က ဘယ်တော့မှ ကယ်တင်ခံရမှာ၊ ဘုရားနို်ငငံတော်ကို ဝင်ရမှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း လက္ခဏာဆောင်တဲ့ စိတ်သဘောထားကို ဖော်ပြတာက လေးနက်တဲ့ အဓိပ္ပာယ်ရှိပါတယ်။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ကြတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ သူဖော်ပြတဲ့ စိတ်သဘောထားကို ကျွန်မ ပိုပြီးတော့တောင်နားလည်သွားတယ်။ “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ပြစ်တင်၊တရားစီရင်၊ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊...ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏)ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း မဟုတ်သည်နှင့်အမျှ၊ ထိုအရာအားလုံးကို လူ၏ ကယ်တင်ခြင်းအတွက်သာ မြွက်ဆိုထားခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် လူသားကား အလင်းထဲတွင် အသက်ရှင်စေသည်၊ အလင်းတည်ရှိသည်ကို သိစေသည်၊ အလင်း တန်ဖိုးရှိသည်ကို သိစေပြီး၊ ထို့ထက်ပင်မက ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ မည်သို့ အကျိုးပြုသည်ကို သိရှိစေသည့်အပြင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်သည်ကို သိစေသည်။ ငါသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များစွာကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ ထိုအရာများက ကိုယ်စားပြုသည့်အရာကို သင်တို့ထံ ဧကန်အမှန် မလုပ်ဆောင်ရသေးပေ။ ငါသည် ငါ၏အမှုကို လုပ်ဆောင်ရန်နှင့် ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုရန် ကြွလာပြီဖြစ်သည်၊ ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ယင်းတို့ကို သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် သင်တို့၏ ပုန်ကန်မှုတို့ကို တရားစီရင်ရာတွင် ပြောဆိုထားခြင်းဖြစ်၏။ ဤအရာကို ငါ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် စာတန်၏ အုပ်စိုးမှုမှ လူကို ကယ်တင်ရန်ဖြစ်နေဆဲ ဖြစ်သည်။ ငါသည် လူကို ကယ်တင်ရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ငါ၏ရည်ရွယ်ချက်မှာ လူကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက် နစ်နာစေရန် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များသည် ငါ၏အမှု၌ ရလဒ်များ ရရှိဖို့အလို့ငှာ ခက်ထန်ပေသည်။ ထိုသို့သော အမှုမှတစ်ဆင့်သာ လူသည် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ပြီး ၎င်းတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ လွတ်မြောက်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဗနက်ဆာဆက်ပြောတယ်။ “နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူတွေကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မတို့ မြင်နိုင်ပါတယ်။ သူ့နှုတ်ကပတ်တော်တွေက ဘယ်လောက်ပဲ ကြမ်းပြီး ထိရှပါစေ ဒါတွေအားလုံးက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိမြင်အောင် ကူညီပေးဖို့ စာတန်ရဲ့ မှောင်မိုက်လွှမ်းမိုးမှုကနေ လွတ်မြောက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ ရည်ရွယ်တာပါ။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ စာတန်က ဖျက်ဆီးတာကို တော်တော်ခံထားရတဲ့ ကျွန်မတို့ လူသားတွေကတော့ ဆိုးယုတ်တဲ့ လောကီရေစီးကြောင်းတွေနောက်လိုက်တယ်၊ ပိုက်ဆံနဲ့ တစ်ဦးချင်းအကျိုးအမြတ်နောက်ကို လိုက်တဲ့နေရာမှာ အချင်းချင်း တိုက်ခိုက်ပြီး ကြံစည်ကြတယ်။ တကယ့်လူတစ်ယောက်ရဲ့ အသွင်နည်းနည်းလေးတောင် မရှိကြဘူးဆိုတာ ကျွန်မတို့ အားလုံး သိကြတယ်။ သခင့်ကို ယုံကြည်တဲ့သူတွေတောင် ဘုရားတောင်းဆိုတာကို လက်တွေ့မလုပ်နိုင်ဘူး။ ဘုရားဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခဏခဏ တောင်းဆိုကြတယ်။ သူတို့လုပ်တဲ့ ပံ့ပိုးမှုတိုင်းက ကောင်းကင်ဘုံကို ဝင်ပြီး ထာဝရအသက်ရဖို့အတွက် သက်သက်ပဲ။ သခင့်ကို ချစ်ပြီး သခင်ကျေနပ်အောင် ကြိုးစားဖို့အတွက် မဟုတ်ဘူး။ အားလုံးကို သူတို့ရဲ့ စက်ဆုပ်စရာရည်ရွယ်ချက်တွေ ဖြစ်မြောက်ဖို့အတွက် သခင့်ကို အသုံးပြုဖို့ လုပ်ကြတာပဲ။ တချို့ ဘာသာရေးခေါင်းဆောင်တွေက အပြင်ပန်းမှာ နှိမ့်ချ၊ စိတ်ရှည်ပြီး ဘုရားရဲ့ စိတ်ထက်သန်တဲ့ အစေခံတွေဖြစ်တဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ သူတို့ တရားဟောတဲ့အခါမှာ သူများတွေ အထင်ကြီးလေးစားတာခံရဖို့အတွက် သူတို့ကိုယ်သူတို့ ခဏခဏ ဂုဏ်တင်ပြီး သက်သေခံကြတယ်။ ဘုရားသခင်က သူ့အမှုတော်ကို ဆောင်ရွက်ဖို့အတွက် လူ့ဇာတိခံပြီး ပေါ်ထွန်းတဲ့အခါမှာ ဘယ်သူမှ သူ့ကို မကြိုဆိုဘူး။ ဘာသာရေးလောကတစ်ခုလုံးက သူပြန်ကြွလာတာကို ရှုတ်ချပြီး အာခံဖို့အတွက် ဘုရားမဲ့အစိုးရနဲ့ လက်တွဲကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချပြီးတော့ လူတွေ လမ်းမှန်ကို စူးစမ်းတာကို တားဆီးဖို့အတွက် တမင်သက်သက် အလိမ်အညာတွေ ဖြန့်တယ်။ ဆိုလိုတာကတော့ လူသားမျိုးနွယ်အားလုံးက ဘုရားကို ရှုတ်ချပြီး အာခံကြတယ်။ သူကြွလာတာကိုငြင်းပယ်ကြတယ်။ ကျမ်းစာက ပြောသလိုပဲ။ ‘လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။(ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅:၁၉) ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘုရားသခင်ကို နည်းလမ်းတိုင်းနဲ့ ဆန့်ကျင်တယ်။ သူတို့အားလုံးက စာတန်အမျိုးအစားတွေဖြစ်ပြီး အဆိပ်ရှိတဲ့ မြွေတွေပဲ။ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရှိတရားကို ဖော်ထုတ်ဖို့ သူ့ရဲ့ ပြင်းထန်တဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြတဲ့အခါ သမ္မာတရားကို ချစ်တဲ့သူတွေကသာ သူတို့ရဲ့ ဘုရားကို အာခံတဲ့၊ ဘုရားကို သစ္စာဖောက်တဲ့ ဆိုးယုတ်တဲ့ သဘာဝကို တကယ်နားလည်နိုင်ကြတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းမှာ ဘုရားကို သိဖို့ အားမထုတ်ဘူး၊ ကောင်းချီးတွေရဖို့၊ ဘုရားနဲ့ အပေးအယူလုပ်ဖို့တွေလိုမျိုး ယုတ်ညံ့တဲ့ရည်ရွယ်ချက်တွေပဲ သူတို့မှာ ရှိတယ်ဆိုတာ သဘောပေါက်ကြတယ်။ စာတန်ကြောင့်ဖြစ်တဲ့ သူတို့ရဲ့ နက်နဲတဲ့ဖောက်ပြန်ပျက်စီးမှုရဲ့ အကျည်းတန်တဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်ကြတယ်။ ဘုရားထံမှာ ရိုးသားစွာ နောင်တရကြတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေနဲ့အညီ လုပ်ဖို့ ကျိန်ဆိုကြတယ်။ နောက်ဆုံးမှာ လူသားပုံသဏ္ဌာန်တချို့ရကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက် ကြမ်းတမ်းပြီး ထိရှပါစေ၊ ဒါတွေအားလုံးက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အရှိတရားကို ဖော်ထုတ်တယ်၊ ကျွန်မတို့ရဲ့ ထုံထိုင်းနေတဲ့ ဝိညာဉ်တွေကို ရှင်သန်ဖို့အတွက် ကူညီပေးဖို့၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရတွေကို သိမြင်ဖို့၊ အပြစ်ရဲ့ ချည်နှောင်မှုတွေကနေ လုံးဝ လွတ်မြောက်စေဖို့၊ သန့်စင်လာဖို့အတွက်ရည်ရွယ်တယ်ဆိုတာ ဒီကနေ ကျွန်မတို့ မြင်နိုင်ပါတယ်။ ဘုရားရဲ့ ပြင်းထန်တဲ့၊ တရားစီရင်တဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် သိပြီး ကယ်တင်ခံရဖို့ ဖြစ်စဉ်မှာ အရမ်းအကျိုးဖြစ်ပါတယ်” တဲ့။

ဗနက်ဆာရဲ့ မိတ်သဟာယကို ကြားပြီးတော့ နားလည်သွားတယ်။ ကျွန်မတို့ရဲ့ တကယ့်သရုပ်မှန်ကို ဖော်ထုတ်ဖို့အတွက် နောက်ဆုံးသောကာလမှာ ပြင်းထန်တဲ့နှုတ်ကပတ်တော်တွေ အများကြီး ဖော်ပြခဲ့တယ်ဆိုတာ နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်။ ဒါက သူ့ရဲ့ ကယ်တင်ခြင်းပဲ။ ရှုတ်ချခြင်းမဟုတ်ဘူး။ ကျွန်မက ကောင်းချီးနဲ့ ကျေးဇူးတော်တွေရဖို့ပဲ ဘုရားကို ယုံကြည်ခဲ့တာတွေ၊ ဘုရားကို ညှာတာပြီး ကြင်နာတတ်တယ်ဆိုပြီးတော့တောင် ဘောင်ခတ်ခဲ့တာတွေ၊ ဘုရားက ပြင်းပြင်းထန်ထန် စကားပြောတဲ့အခါမှာ ကျွန်မက သူ့ကို အသိအမှတ်မပြုနိုင်ခဲ့တာတွေကို တွေးမိတယ်။ ကျွန်မက တော်တော် ဆင်ခြင်တုံတရားမရှိခဲ့တာပဲ။ အဲဒီကစပြီး ဘုရားရဲ့ ပြင်းထန်တဲ့၊ တရားစီရင်တဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ လက်ခံနိုင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးတော့တောင် ဖတ်ချင်စိတ်ရှိလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ ကျွန်မ သေချာသွားတယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က မှန်တယ်ဆိုတာ အတည်ပြုပြီးတဲ့နောက်မှာ ကျွန်မက စုဝေးပွဲတွေကို တက်တက်ကြွကြွနဲ့ တက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်တယ်။ တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်ထဲက လူ့ဇာတိခံ ဘုရားသခင်၏ အမှု အဆင့်တိုင်းကို သင် တွေ့ကြုံပြီးချိန်တွင်၊ နှစ်ပေါင်းများစွာ သင်၌ ရှိခဲ့သည့် စိတ်ဆန္ဒများသည် နောက်ဆုံးတွင် တကယ်ဖြစ်ပေါ်လာပြီ ဖြစ်သည်ကို သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် သင် အမှန်တကယ် မြင်တွေ့ရပြီ၊ ယခုမှသာ သူ၏ မျက်နှာကို ကြည့်ရပြီ၊ သူ၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များကို ကြားရပြီ၊ သူ၏ အမှု၏ ဉာဏ်ပညာကို နားလည်သဘောပေါက်ပြီး သူသည် မည်မျှစစ်မှန်ပြီး အနန္တတန်ခိုးရှင် ဖြစ်သည်ကို အမှန်တကယ် သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်က လူများ မမြင်ခဲ့ဖူးသကဲ့သို့ မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင် ရရှိပြီးဖြစ်သည်ဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပေ၏၊ သင်သည် အတိတ်၏ အမြင်များကို တွယ်ဖက်ပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အချက်ကို ပယ်ချပါက၊ သို့မဟုတ် ငြင်းပယ်ပါက၊ သင်သည် မည်သည့်အရာမျှ မရရှိဘဲ လက်ချည်းသက်သက် ဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ရှိသည်ဟု ကြေညာခံရလိမ့်မည်။ သမ္မာတရားကို နာခံနိုင်ပြီး ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်သော သူတို့သည် ဒုတိယအကြိမ် လူ့ဇာတိခံ ဘုရားသခင်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်အောက်တွင် အကျုံးဝင်လိမ့်မည်။ ၎င်းတို့သည် သာ၍ များပြီး သာ၍ မြင့်မားသည့် သမ္မာတရားများအပြင် စစ်မှန်သော အသက်ကို ရရှိရင်း၊ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လက်ခံနိုင်လိမ့်မည်။ ၎င်းတို့သည် အတိတ်က လူတို့ လုံးဝ မမြင်ဖူးကြသည့် ရူပါရုံကိုလည်း ရှုမြင်ကြရလိမ့်မည်- ‘ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့ ၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။’ (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) ဤရူပါရုံသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်ပြီး သူ၏စိတ်သဘောထား တစ်ရပ်လုံး ဖော်ပြခြင်းသည် သူ၏ လက်ရှိအချိန် လူ့ဇာတိခံယူခြင်းထဲက ဘုရားသခင်၏ အမှု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ပုံတစ်ပင်ထဲတွင် လူသားသည် ယောဟန်တွေ့မြင်ခဲ့သော လူသားမျက်နှာ၏ တိကျသော သရုပ်ဖော်ချက်တစ်ခုဖြစ်သည့် လူသား၏ စစ်မှန်သော မျက်နှာကို သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံးအား မြင်ခွင့်ပေးရင်း၊ မိန့်မြွက်ချက်များအားဖြင့် သူ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြလေသည်။ (ဟုတ်ပေ၏၊ ဤအရာ အားလုံးသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏အမှုကို လက်မခံသော သူများအဖို့ မြင်၍ရနိုင်လိမ့်မည် မဟုတ်ပေ။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူတို့၏ ဘာသာစကားကို သုံးလျက် အပြည့်အဝ ရှင်းရှင်းလင်းလင်းပြောဆို၍ မရနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူတို့ထံ ပြသရန် သူ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြသည့် နည်းလမ်းအား အသုံးပြုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဗျာဒိတ်ကျမ်းမှာ ရှင်ယောဟန်ရခဲ့တဲ့ ရူပါရုံက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေက မီးတောက်မီးလျှံတွေလို၊ ထက်တဲ့ဓါးတစ်ချောင်းလိုဖြစ်ပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပြည့်ပါနေတာကို နိမိတ်ပြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတဲ့သူတွေကသာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အမှန်တကယ် နားလည်နိုင်တယ်။ လူသားမျိုးနွယ်ကို တရားစီရင်ပြီး ကယ်တင်ဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုတဲ့နေရာမှာ သူ့ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်ကို အသိအမှတ်ပြုနိုင်တယ်။ ကျွန်မ သဘောပေါက်သွားတော့ အရမ်းကို စိတ်မခံစားရဘဲ မနေနိုင်ခဲ့ဘူး။ “အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းကတစ်ဆင့် ကိုယ်တော်က ချစ်ခင်ပြီး ကြင်နာတတ်ရုံမကဘဲ ဘုန်းအာနုဘော်ဖြစ်ပြီး အမျက်ဒေါသထွက်တာကိုလည်း သမီး မြင်လာပါတယ်။ ဒါတွေအားလုံးက ကိုယ်တော်ရဲ့ ရှိရင်းစွဲ ဖြောင့်မတ်တဲ့ စိတ်သဘောထားရဲ့ အချက်တွေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေက တကယ် တန်ဖိုးရှိပါတယ်။ သမီး ကိုယ့်ကိုယ်ကိုယ် သိဖို့အတွက် ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ အရမ်းကို လိုအပ်နေပါတယ်။ အခုကစပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေကို သမီး လုံ့လရှိရှိနဲ့ စားသောက်ပါမယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံပါမယ်။ သမ္မာတရားရှာဖွေတဲ့ လမ်းကြောင်းကို လျှောက်ပါမယ်။”

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

နောက်ထပ် မကြွားဝါတော့ပါ

မော့ဝင် စပိန်နိုင်ငံ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...

လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

ပိုင်ဟွား တရုတ်နိုင်ငံ ၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။