သခင့်ကို ကြိုဆိုခြင်းနှင့်ဆိုင်သည့် ကျွန်မ၏ ဇာတ်ကြောင်း

12.03.2023

စူးရန် တရုတ်နိုင်ငံ

ကျွန်မငယ်ငယ်တုန်းက ခြေထောက်တွေမှာ ပြင်းထန်တဲ့ နာကျင်မှုကြောင့် လမ်းမလျှောက်နိုင်ခဲ့လို့ အမေက ကျွန်မကို သခင့်ရှေ့ခေါ်သွားခဲ့တယ်။ အံ့ဩစရာကောင်းတာက တစ်လအကြာမှာ ကျွန်ခြေထောက်တွေ အံ့အားသင့်ဖွယ်ရာ ပျောက်ကင်းသွားတယ်။ သခင့်မေတ္တာကို ပြန်ဆပ်ဖို့၊ ၁၉၉၈ မှာ ကျောင်းထွက်လိုက်ပြီး၊ သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် ထက်ထက်သန်သန် စအသုံးခံခဲ့တယ်။ မကြာခင်မှာ၊ အသင်းတော်က ကျွန်မကို လေ့ကျင့်ပေးဖို့အတွက် အရေးကြီးတဲ့ သင့်တော်သူအနေနဲ့ သတ်မှတ်လိုက်ပြီး၊ အကြီးအကဲ ကျူက သူ တရားဟောတဲ့ အသင်းတော် အမျိုးမျိုးဆီ ကျွန်မကို ခေါ်သွားတယ်။ သခင့်နေ့ရက်က ရောက်တော့မှာဖြစ်ပြီး၊ ကျွန်မတို့က ဆီမီးစာ ပြင်ဆင်ပြီး သခင့်ရဲ့ ကြွလာခြင်းကို စောင့်ဆိုင်းတဲ့ ပညာရှိ သတို့သမီးတွေလို ဖြစ်သင့်တယ်လို့ သင်းအုပ်တွေ၊ အကြီးအကဲတွေက မကြာခဏ ပြောကြတယ်။ ပြီးတော့လည်း ပြောသေးတယ်၊ “ကျမ်းစာက ဒီလိုပြောတယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) နောက်ဆုံးသော ကာလမှာ သခင်က မိုးတိမ်စီးပြီး ကြီးမားသော ဘုန်းအသရေနဲ့ ပြန်ကြွလာမှာဖြစ်ပြီး၊ သူနဲ့အတူရှိဖို့ ကောင်းကင်ကို ငါတို့ကို ချီဆောင်သွားမယ်။ ကောင်းကင်နိုင်ငံထဲကို ငါတို့ ဝင်ပြီး ထာဝရ ကောင်းချီးတွေကို မွေ့လျော်ရမယ်။ မယုံကြည်သူတွေက ကပ်ဘေးတွေကို မလွန်ဆန်နိုင်တာနဲ့အမျှ ငိုယိုမြည်တမ်းပြီး အံသွားခဲကြိတ်ကြရမယ်”တဲ့။ အကြီးအကဲတွေနဲ့ သင်းအုပ်တွေရဲ့ အသက်ပါတဲ့ တရားတွေ ကြားရတော့၊ သခင်က မိုးတိမ်စီးပြီး မြေကြီးပေါ် ဆင်းသက်တာနဲ့အမျှ သခင့်အနီးအနားမှာ ကျွန်မတို့အားလုံး စုဝေးတဲ့ ကျက်သရေရှိတဲ့ မြင်ကွင်းတွေကို ကျွန်မ ချက်ချင်း တွေးကြည့်မိတယ်။ အဲဒီလို အရမ်းစိတ်လှုပ်ရှား အတွေးနဲ့ ကျွန်မ ဘယ်လို စိတ်လှုပ်ရှားခဲ့မယ်ဆိုတာကို စိတ်ကူးကြည့်လို့ရတယ်။

ဒီလိုနဲ့ ၁၉၉၉ ခုနှစ် အစောပိုင်း ရက်တစ်ရက်မှာ၊ အကြီးအကဲ ကျူနဲ့ အကြီးအကဲ ဝမ်တို့က လုပ်ဖော်ကိုင်ဖက် အစည်းအဝေး ခေါ်ပြီး ပြောတယ်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းလို့ခေါ်တဲ့ အသင်းတော်သစ်တစ်ပါး ပေါ်လာပြီး၊ သခင်က လူ့ဇာတိခံ၊ ပြန်ကြွလာနှင့်ပြီးပြီ၊ နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး၊ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ အခိုင်အမာ ပြောတယ်။ ဒါပေမဲ့ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘုရားက မိုးတိမ်စီး ကြွဆင်းမယ်လို့ ကျမ်းစာက ရှင်းရှင်း ဖော်ပြပေမဲ့၊ သခင်က လူ့ဇာတိခံ ပြန်ကြွလာပြီးပြီလို့ သူတို့ ပြောကြတယ်။ ဒါက ကျမ်းစာနဲ့ မကိုက်ဘူး။ ဒီတော့ သူတို့ကို ဧည့်ခံဖို့ မပြောနဲ့ သူတို့ရဲ့ တရားတွေ နားမထောင်တာ၊ သူတို့စာအုပ်တွေ ဖတ်တာ မလုပ်သင့်ဘူး။ သူတို့ကို ဧည့်ခံတဲ့သူ ဘယ်သူမဆို အသင်းတော်ကနေ နှင်ထုတ်ခံရမယ်”တဲ့။

သူတို့အဲဒီလိုပြောတော့၊ တွေးမိတယ်။ “အကြီးအကဲတွေက နှစ်ချီ ယုံကြည်သူဖြစ်ခဲ့ပြီးပြီဖြစ်သလို၊ ကျမ်းစာကို နှံ့စပ်လို့ သူတို့ မှန်ရမယ်။ ဒါ့အပြင်၊ သခင်က မိုးတိမ်စီး ကြွဆင်းမယ်လို့ ကျမ်းစာက ရှင်းရှင်း ဖော်ပြထားလို့၊ သူ ဘယ်လိုလုပ်ပြီး လူ့ဇာတိခံနိုင်မှာလဲ။ ငါ့မှာ ဝိညာဉ်ရင့်ကျက်မှု နည်းသေးတယ်၊ ဒီတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက လူတွေနဲ့ မဆက်ဆံသင့်ဘူး၊ မဟုတ်ရင် လမ်းလွဲသွားနိုင်တယ်”လို့ပေါ့။ ဒါပေမဲ့ အဲဒီနောက် မကြာခင်မှာ၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရောင်းရင်း ယုံကြည်သူတွေအများကြီးက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြောင်းလဲသွားကြတယ်။ ဒီလုပ်ဖော်ကိုင်ဖက်နဲ့ ယုံကြည်သူတွေကို ကျွန်မတို့ အဆက်ဖြတ်သင့်တယ်လို့ အကြီးအကဲဝမ်က အလေးပေးပြောပြီး၊ ဘယ်သူမှ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီ ပြောင်းလဲသွားလို့ မရဘူးလို့ အသင်းတော် အားလုံးဆီ စကားပါးခိုင်းလိုက်တယ်။ အဲဒီနောက်မှာ၊ စုဝေးပွဲနေရာအားလုံးကို ကျွန်မသွားပြီး အသင်းတော်ကို ပိတ်ပင်ဖို့ ကျွန်မ ပြောပြခဲ့တယ်။ ထပ်တလဲလဲလည်း အလေးပေးပြောခဲ့တယ်။ “သခင် ကြွလာတဲ့အခါ၊ မိုးတိမ်စီးပြီး ဖြစ်လိမ့်မယ်၊ လူ့ဇာတိခံခြင်းကတစ်ဆင့် ဟုတ်မှာမဟုတ်ဘူး။ သခင် လူ့ဇတိခံပြီးပြီဆိုတဲ့ ကောလာဟလ မှန်သမျှက အတုအယောင်ပဲ”လို့ပေါ့။ ဒါကိုကြားတော့၊ ယုံကြည်သူအားလုံးက ခေါင်းညိတ်ကြပြီး၊ တခြားတစ်ယောက်ယောက်က ဧဝံဂေလိလာဖြန့်တာနဲ့ မောင်းထုတ်မယ်လို့ အတိအလင်းပြောကြတယ်။ ညီအစ်ကို မောင်နှမတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဟောတာတွေ နားမထောင်အောင်လို့ အသင်းတော်ကို ပိတ်ပင်ရင်း ဟိုသည် ပြေးလွှားခဲ့တယ်။ ကျွန်မ အကောင်းဆုံး အားထုတ်ပေမဲ့လည်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ယုံကြည်သူတွေ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီကို ဆက်တိုက်ဆိုသလို ပြောင်းလဲနေကြတုန်းပဲ။

တစ်နေ့၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အိမ်မှာ ရှိနေတုန်း၊ လုပ်ဖော်ကိုင်ဖက် လီနဲ့ တခြားလူတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို စုံစမ်းစစ်ဆေးနေကြတယ်လို့ သူပြောတယ်။ တခြားလုပ်ဖော်ကိုင်ဖက် အနည်းငယ်နဲ့ ကျွန်မက သူတို့ကို အမြန်သွားတားတယ်။ ကျွန်မ သူတို့ကို ပြောပြတယ်။ “သခင်က မိုးတိမ်တွေစီးပြီး ကြွဆင်းလာမှာဖြစ်သလို၊ သူ့ရဲ့ ကြွဆင်းမှုကို အားလုံးမျက်မြင်တွေ့မယ်လို့ ကျမ်းစာက ပြောတယ်။ ဒါကြောင့် သခင်က လူ့ဇာတိခံပြီးပြီလို့ ဒီအရှေ့အရပ်မှ လျှပ်ပြက်ခြင်းလူတွေက ပြောတဲ့အခါ ကျွန်မတို့ ယုံကြည်လို့ မဖြစ်ဘူး”လို့ပေါ့။ ဒါပေမဲ့ ကျွန်မနှုတ်ကနေ စကားလုံးတွေ ထွက်တာနဲ့ သူတို့ထဲက တစ်ယောက်က ပြောတယ်၊ “သူတို့ဟောတာက အရမ်းထိုးထွင်းအမြင်ရှိပြီး ကျမ်းစာနဲ့ညီတယ်။ ဒီတော့ ဘာလို့ နားမထောင်ရမှာလဲ။ ဘုရားအမှုတော်တစ်ခုလုံးကို ဘယ်သူက နားလည်နိုင်လို့လဲ။ ကျွန်မတို့ ဆက်စုံစမ်းစစ်ဆေးသင့်တယ် ထင်တယ်”တဲ့။ အဲဒါကို ကြားတော့ ကျွန်မ ပူပန်သွားပြီး၊ သူတို့ကို မလုပ်ဖို့ ဖျောင်းဖျတော့မလို့ပဲ၊ ဒါပေမဲ့ အဲဒီအချိန်မှာ ရုတ်တရက် လည်ချောင်းဆိုင်းသွားပြီး ချောင်းဆိုးမိတယ်။ ကျွန်မ မျက်နှာ နီရဲနေပြီး မျက်လုံးကနေ မျက်ရည်တွေ စီးကျနေတယ်။ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။ လူတိုင်း ကြောင်ငေးကြည့်နေကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ရေတစ်ခွက် အပြေးလာတိုက်ကြပေမဲ့ သောက်ပြီးတာနဲ့တောင် ချောင်းဆိုးနေခဲ့တယ်။ ကျွန်မပိုဂနာမငြိမ်ဖြစ်တာထက် ကြောက်လန့်သွားသလို၊ ကျွန်မချောင်းဆိုတာကို ရပ်ပေးဖို့ တောင်းဆိုရင်းနဲ့ သခင့်ကို အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ကျွန်မအခြေအနေကို မြင်တော့၊ တခြားလုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်မအနေမှာ ဆက်စကားပြောခဲ့ပေမဲ့၊ မှတ်ချက်အနည်းငယ် ပေးပြီးတဲ့နောက်မှာ စုဝေးပွဲကို အမြန် လက်စသတ်လိုက်ကြတယ်။ အရမ်းကို ကသိကအောက်ဖြစ်ရတဲ့ ဖြစ်ရပ်တစ်ခုပဲ။ စုဝေးပွဲပြီးတဲ့နောက်မှာ ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ “သခင့်လမ်းခရီးကို ငါ ကာကွယ်ပြီး သိုးစုကို စောင့်ရှောက်နေတာပဲ၊ ဒီတော့ အရေးအကြီးဆုံး အချိန်မှာ ဘာလို့ ငါ ချောင်းဆိုးရတာလဲ။ ဘာလို့ ငါ့ဆုတောင်းချက်တွေကို သခင်က ဂရုမပြုခဲ့တာလဲ။ ငါ ပြောနေတာက သူ့အလိုတော်နဲ့ မကိုက်ညီခဲ့လို့လား”ပေါ့။ နောက်မကြာခင်မှာ ကျွန်မ နေမကောင်းဖြစ်တယ်။ ခေါင်းကိုက်တယ်၊ မူးပြီး အစာအိမ်မှာ နာကျင်တာရှိတယ်။ ကိုယ့်အိပ်ရာပေါ် ချည့်နှဲ့၊ အားနည်းပြီး လှဲနေရင်း၊ သခင့်ကို အကြိမ်ကြိမ် အော်ခေါ်မိခဲ့တယ်။ ဒါပေမဲ့ သူ့ကို ဘယ်လိုပဲ တောင်းပန်ပါစေ၊ ကျွန်မအခြေအနေက မပြောင်းလဲသွားဘူး။ ကျွန်မ မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး။ “သခင့်ကို ငါ ဆက်ကပ်တာ မလုံလောက်လို့များလား။ ငါတို့ သိုးစုကို ကာကွယ်လို့ ငါ အစွမ်းကုန် လုပ်ပြီးပြီလေ၊ ဒီတော့ ဘာလို့ နေမကောင်းဖြစ်ရတာလဲ” လို့ပေါ့။ ဦးနှောက်ခြောက်အောင် အဖြေရှာပေမဲ့၊ နားမလည်နိုင်ခဲ့ဘူး။ ၁၉၉၉ ခုနှစ် မိုးဦးရာသီမှာ၊ အကြီးအကဲ ဝမ်က အသင်းတော်ကို ပိတ်ပင်ရာကနေ အိမ်အပြန်လမ်းမှာ မတော်တဆဖြစ်တယ်။ ယာဉ်တိုက်မှုမှာ သတိလစ်သွားပြီး ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရတယ်၊ အဲဒီနောက် ရက်အတော်ကြာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိခဲ့ပြီး နောက်ဆုံးမှာ တည်ငြိမ်သွားတယ်။ ဒါကိုကြားတော့ ကျွန်မ လန့်သွားတယ်။ အကြီးအကဲ ဝမ်က သခင့်အတွက် လောကဓံ မုန်တိုင်းထန်ပေမဲ့ နှစ်နဲ့ချီ အလုပ်လုပ်ခဲ့ပြီး၊ သိုးစုကို ကာကွယ်ပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်သူတွေ လက်မခံအောင် တားဆီးဖို့ ဆိုးရွားတဲ့ အခက်အခဲကို ဒုက္ခခံခဲ့ရတာလေ။ ဒီလိုကိစ္စတစ်ခုက သူ့ဆီ ဘာလို့ ဖြစ်ရတာလဲ။ ဒါပေမဲ့ အဲဒီတုန်းက၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆန့်ကျင်အလုပ်လုပ်တာ မှားမှန်း ကျွန်မ သဘောမပေါက်ခဲ့ဘူး။ လအတော်ကြာပြီးတဲ့နောက် တစ်နေ့လည်မှာ၊ ပိုများတဲ့ ယုံကြည်သူတွေက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို စုံစမ်းနေကြတာ ကြားရတယ်။ ဒါကြောင့် တခြားညီအစ်မ နှစ်ယောက်နဲ့ ကျွန်မက စက်ဘီး အမြန်စီးသွားပြီး၊ သူတို့ကို ခြိမ်းခြောက်၊ ပိတ်ဆို့ဖို့ ကောလာဟလတွေနဲ့ အတွေးမှားတွေ အများကြီး ပြောပြကြတယ်။ ဒါက အဲဒီညီအစ်ကို မောင်နှမအားလုံးကို ကြောက်သွားစေပြီး သူတို့က ပြောကြတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း တရားဒေသနာတွေကို နားမထောင်တော့ဘူးလို့ပေါ့။ အဲဒါကို ကြားမှပဲ ကျွန်မ နောက်ဆုံးမှာ နည်းနည်း စိတ်သက်သာရာရသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက် အိမ်အပြန် ကုန်းဆင်းလမ်းကိုရောက်ချိန်မှာ၊ စက်ဘီပေါ် ကျွန်မ ဟန်ချက်ပျက်သွားတယ်၊ အမြင်အာရုံ မှောင်မိုက်သွားပြီး စက်ဘီးကနေ နှစ်ကိုက်အကွာကို လဲကျသွားတယ်။ ရုတ်တရက် ခေါင်းမူးသွားပြီး တစ်ကိုယ်လုံး နာကျင်နေတယ်။ ပြုတ်ကျလို့ ညှပ်ရိုးကျိုးသွားတယ်။ ရုတ်တရက် မတော်တဆဖြစ်တာက ကျွန်မကို ထိတ်လန့်ပြီး စိတ်ရှုပ်သွားစေခဲ့တယ်။ သခင်က ကျွန်မတို့ကို ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ပေးတယ်မဟုတ်လား။ သခင့်လမ်းခရီးကို ကာကွယ်နေချိန်မှာ ကျွန်မ ဘာလို့ ဒီမတော်တဆထိခိုက်တာတွေ ရှိနေရတာလဲ။ ကျွန်မ ခုခံနေတဲ့ ဒီအရှေ့အရပ်မှ လျှပ်ပြက်ခြင်းက တကယ်ပဲ သခင့်ရဲ့ ပြန်ကြွလာခြင်း ဖြစ်နိုင်မလား။ ဒါပေမဲ့ သခင်က မိုးတိမ်စီး ကြွဆင်းမယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်လေ။ ဒီတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းမှ လမ်းမှန် မဟုတ်နိုင်ဘူး။ ကျွန်မ သခင့်ကို လုံလုံလောက်လောက် မဆက်ကပ်လို့ သခင်က ကျွန်မကို စမ်းသပ်နေခဲ့တာလား။ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ သူ့ကို ကျွန်မ ပုန်ကန်ပြစ်မှားမိခဲ့တာလား။ တကယ်ကို နားဝေတိမ်တောင်ဖြစ်ပြီး သခင့်အလိုတော်ကို သဘောမပေါက်နိုင်ခဲ့ဘူး။

အဲဒီနောက်မှာတော့ ပိုပိုမှောင်လာပြီး အားအင်ကုန်ခမ်းသွားသလို ခံစားရတယ်။ ကျမ်းစာဖတ်တဲ့အချိန်မှာ၊ ဘာထိုးထွင်းအမြင်မှ မရသလို၊ ကိုယ့်တရားဒေသနာတွေမှာ ပြောစရာမရှိခဲ့ဘူး ကျွန်မ ဆုတောင်းချက်တွေတောင် ပေါ့ပြက်နေတယ်။ သခင့်မျက်မှောက်တော်ကို ဆုံးရှုံးသွားသလို ဖြစ်ပြီး၊ ကျွန်မတို့ ယုံကြည်သူအများစုက ယုံကြည်ခြင်းမှာ စိတ်မပါ့တပါ ဖြစ်လာကြတယ်။ စုဝေးပွဲတွေအတွင်းမှာ လူအများစုက စပ်မိစပ်ရာ စကားတွေပြော၊ မှိန်းနေကြပြီး၊ လုပ်ဖော်ကိုင်ဖက်နဲ့ ယုံကြည်သူအများကြီးက လောကထဲ ပြန်သွားရင်းနဲ့ အသင်းတော်ကိုတောင် လုံးလုံး စွန့်ခွာသွားကြတယ်။ စိတ်ပျက်စရာအကောင်းဆုံးက လုပ်ဖော်ကိုင်ဖက်တွေကြားမှာ မနာလိုမှု အများကြီး ရှိနေတာပဲ။ လုပ်ဖော်ကိုင်ဖက် စုဝေးပွဲတွေအတွင်းမှာ၊ အကြီးအကဲတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အသေးဆုံး ကိစ္စတွေနဲ့ ပတ်သက်လို့ အငြင်းပွားကြပြီး မသင့်မြတ်ဘဲ တစ်ကွဲတပြားရှိကြတယ်။ ဒီအရာအားလုံးကို မြင်တော့၊ အသင်းတော်က ဘာလို့ ဒီလိုဖြစ်လာမှန်းကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ စုဝေးပွဲတွေကို ကျွန်မ စငြီးငွေ့လာပြီး လောကီဘဝကိုတောင် ပြန်သွားဖို့ စဉ်းစားခဲ့တယ်။

ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ရက်တစ်ရက်မှာ၊ ကျွန်မအမေက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်၊ “သခင်ယေရှု ပြန်ကြွလာပြီ၊ ပြီးတော့ သူ့နှုတ်ကပတ်တော်ကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ဖို့ လူ့ဇာတိခံပြီးပြီ”တဲ့။ ဒါကိုကြား‌တော့ ကျွန်မ လန့်သွားတယ်။ ဒါက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဟောနေခဲ့တဲ့အရာ မဟုတ်လား။ ကျွန်မအမေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြောင်းလဲသွားပြီလားပေါ့။ သူ ပြောလို့တောင် မပြီးခင်မှာပဲ ကျွန်မ မေးလိုက်တယ်။ “သခင်ယေရှု ပြန်ကြွလာပြီးလို့ အမေ့ကို ဘယ်သူ ပြောလဲ။ သခင်ကြွလာတဲ့အခါ ဘုန်းတခိုးနဲ့ မိုးတိမ်စီး ကြွလာမှာဖြစ်ပြီး ဒါက ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ပြောတာကို အမေ မေ့သွားပြီလား။ သခင်ပြန်ကြွလာပြီလို့ အမေပြောတယ်၊ ဒီတော့ ဒီနိမိတ်လက္ခဏာတစ်ခုမှ ဘာလို့ သမီးတို့ မမြင်ရသေးတာလဲ။ သခင်က တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ဖို့ လူ့ဇာတိခံပြီးပြီလို့လည်း အမေပြောတယ်၊ ဒါပေမဲ့ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြားတဲ့အရာ ဘယ်အရာကိုမဆို သာမန်ကာလျှံကာ မယုံလိုက်သင့်ဘူး။” ကျွန်မ ခေါင်းမာပုံကိုမြင်တော့၊ ကျွန်မအမေက သူ့အခန်းထဲသွားပြီး သပ်သပ်ရပ်ရပ် ချည်နှောင်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ ထွက်လာတယ်။ သူက ထက်သန်စွာနဲ့ ပြောတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ဒီထဲမှာ သခင်ယေရှု ဖော်ပြတဲ့ စကားလုံးသစ်တွေ တွေ့နိုင်တယ်။ ဖတ်လိုက်၊ တွေ့ရလိမ့်မယ်”တဲ့။ စာအုပ်က အသစ်စက်စက်ဖြစ်ပြီး၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့ ခေါင်းစဉ်က အဖုံးမှာ ကြီးမားတဲ့ ရွှေရောင်စာလုံးနဲ့ ရိုက်နှိပ်ထားတယ်။ ဆရာတော်ရဲ့ သတိပေးချက်ကို ကျွန်မ ချက်ချင်း တွေးမိတယ်။ “သူတို့စာအုပ်ကို မဖတ်ရဘူး။ ဖတ်ရင်၊ အယုံသွင်းခံရမယ်”တဲ့။ ကျွန်မ ပြောလိုက်တယ်။ “ဒီအရာကို အမေ မယုံသင့်ဘူး။ ကျမ်းစာအများကြီး အမေဖတ်ခဲ့ပေမဲ့၊ ကျွန်မက နှံ့စပ်ပြီး နိုးထမှုအစီအစဉ်တွေ အများကြီး တက်ခဲ့တာ။ ကျွန်မထက် အမေ တကယ် ပိုသိမယ်ထင်လား။ ကိုယ့်ယုံကြည်ခြင်းမှာ လမ်းလွဲသွားရင်၊ အသင်းတော်မှာ ရှိခဲ့တဲ့ နှစ်တွေအားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်လား”လို့ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ရှာဖွေဖို့ ကျွန်မ မလိုလားခဲ့သလို၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို မပူးပေါင်းအောင် ကျွန်မအမေကို ဖျောင်းဖျဖို့ပဲ ဆက်ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဘာကိုပဲ ပြောပါစေ၊ ကျွန်မအမေက အလျှော့မပေးခဲ့သလို၊ သူ့စိတ်ကို လုံးဝ မပြောင်းလဲခဲ့ဘူး။ လေးလေးနက်နက်တောင် ပြောလိုက်တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ငါတို့ တစ်လျှောက်လုံး တောင့်တနေခဲ့တဲ့ သခင်ယေရှုပဲ။ သူဟာ စကားပြောပြီး အမှုပြုဖို့ ဘုရားဝိညာဉ်တော် နောက်ထပ်တစ်ကြိမ် လူ့ဇာတိခံတာပဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာ နောက်ဆုံးသော ကာလအတွက် ဘုရားနှုတ်ကပတ်တော်ဖြစ်ပြီး၊ ကျမ်းစာရဲ့ နက်နဲမှုအားလုံးကို ဖွင့်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သမီး တစ်ခါမှ မဖတ်ဖူးဘူးလေ။ ဒီတော့ အဲဒါတွေက ပြန်ကြွလာတဲ့ သခင့်ရဲ့ နှုတ်ကပတ်တော်တွေ မဟုတ်ဘူးလို့ သမီး ဘယ်လို သိတာလဲ။ ကျမ်းစာမှာ ပြောတယ်၊ ‘ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။’ (ရောမဩဝါဒစာ ၁၀:၁၇) သမီးက သမီးရဲ့ မျက်စိ၊ နားတွေကို မဖွင့်သေးဘူး၊ ဒီတော့ သခင့်ကို ကြိုဆိုဖို့ ဘယ်လို မျှော်လင့်တာလဲ။ စဉ်းစားကြည့်လိုက်။ သခင် တကယ်ပြန်ကြွလာပြီးပြီဖြစ်ပြီး၊ သူ့ကို သမီး မကြိုဆိုရင်၊ သမီးရဲ့ အခွင့်အရေးကို လွတ်သွားလို့ သမီး နောင်တရမှာ မဟုတ်လား”တဲ့။ သူ ပြောစရာရှိတာကို ကြားလိုက်ရတော့၊ ချေပချက်ကောင်းကို မစဉ်းစားနိုင်ခဲ့ဘူး။ ဒါကြောင့် စူစူ‌အောင့်အောင့်နဲ့ပဲ ပြန်ပြောလိုက်တယ်၊ “ဒီစာအုပ်ကို သမီးဖတ်မှာ မဟုတ်ဘူး။ ကျမ်းစာပဲ ဖတ်တယ်။ သခင့် ကျေးဇူးတော်ကို သမီးတို့ အများကြီး မွေ့လျော်ခံစားပြီးပြီ။ သမီး ကျေးဇူးကန်းလို့ မဖြစ်ဘူး။ အမေ ဘာပဲပြောပြော သခင့်ကို သမီး သစ္စာဖောက်မှာ မဟုတ်ဘူး”လို့ပေါ့။ ကျွန်မသဘောထားကို မြင်တော့၊ စိတ်ပျက်ခြင်းနဲ့ သက်ပြင်းချပြီး သူ ညစာသွားပြင်လိုက်တယ်။ အဲဒီနောက် မကြာခင်မှာ၊ မီးဖိုချောင်ကနေ လာတဲ့ ညင်သာတဲ့ တေးဂီတသံ ကျွန်မ ကြားရတယ်။ သီချင်းမှာ ကူးစက်လွယ်တဲ့ သံစဉ်ရှိပေမဲ့ သေချာနားထောင်ကြည့်တော့ အရင်က သိခဲ့ရတဲ့ ဓမ္မသီချင်းတစ်ပုဒ်မှ မဟုတ်တာ သဘောပေါက်မိတယ်။ ကျွန်မကြားအောင် အမေက ဖွင့်နေမှန်း ကျွန်မ သိလို့ ချက်ချင်း ထွက်သွားလိုက်တယ်။ အဲဒီနောက်မှာ၊ အိမ်မှာ ဓမ္မတေးတွေကို အမေက အများကြီး စဖွင့်တယ်။ ညမှာဆိုရင်၊ မျက်ရည်နဲ့ ကျွန်မအတွက် ဖွင့်ပေးနေတာ မကြာခဏ ကြားရတယ်။ အဲဒီအချိန်မှာ သူဟာ ကိုယ့်ဦးနှောက်နဲ့ကိုယ်တွေးတတ်သူမို့လို့ သခင့်ကို ကြိုဆိုတာနဲ့ ပတ်သက်လာတဲ့အခါ ဝီရိယရှိရှိ ကြိုးစားရှာဖွေခဲ့တာ ဖြစ်ရမယ်လို့ ကျွန်မ တွေးမိတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက တကယ်ပဲ သခင်ယေရှုရဲ့ ပြန်ကြွလာခြင်း ဖြစ်နိုင်မလား။ မဟုတ်ရင်၊ ကျွန်မအမေက ဘာလို့ကျွန်မအတွက် သူ့ဆုတောင်းချက်တွေမှာ အရမ်းပူပန်ပြီး စိုးရိမ်နေမှာလဲ။ ဒါပေမဲ့ နောက်တော့ သင်းအုပ်နဲ့ အကြီးအကဲတွေ ပြောတဲ့အရာကို တွေးမိပြီး၊ သခင့် လမ်းခရီးကို စောင့်ထိန်းပြီး အလျှော့မပေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှာ၊ ကျွန်မအမေနဲ့ ကျွန်မ ပို ခပ်တန်းတန်း ဖြစ်သွားခဲ့တယ်။

တစ်နေ့ ဧည့်ခန်းဆိုဖာပေါ် ကျွန်မ ထိုင်နေတုန်း၊ အမေက သူ့အခန်းထဲမှာ ဓမ္မသီချင်းတစ်ပုဒ် ဖွင့်လိုက်တယ်။ ဓမ္မတေးသီချင်ရဲ့ စာသားတွေက ကျွန်မကို ဆွဲဆောင်သွားတယ်။ “ဤအကြိမ်တွင် ဘုရားသခင်သည် သူ မပြီးမြောက်သေးသည့်အမှုကို ဆောင်ရွက်ရန်၊ ဤခေတ်အား တရားစီရင်ပြီး အဆုံးသတ်ရန်၊ လူသားအား ဒုက္ခပင်လယ်မှ ကယ်တင်ရန်၊ လူသားမျိုးနွယ်အား မခြွင်းမချန် စိုးမိုးရန်၊ လူတို့၏ အသက်စိတ်သဘောထားများအား ပြောင်းလဲရန်တို့အတွက် လူ့ဇာတိကို ခံယူခဲ့ပြီးဖြစ်သည်။ လူသားအား ဒုက္ခဆင်းရဲမှ၊ ညကဲ့သို့မှောင်မိုက်သော အမှောင်စွမ်းအားများမှ လွတ်မြောက်စေရန်အတွက်၊ လူသားမျိုးနွယ်၏ လုပ်ဆောင်မှုအတွက် ဘုရားသခင် သည်းခံခဲ့ရသော အိပ်မရသည့်ညများ များစွာရှိသည်။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့ထက် ဘုရားသခင်သည် သူ၏အမှုကို ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ ကြယ်များနှင့် အကြိမ်ပေါင်း များစွာ ရင်ဆိုင်ခဲ့သည်၊ သူသည် အကြိမ်ပေါင်းများစွာ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည်။ သူသည် ပြင်းထန်သော ဝေဒနာများကို ကြံ့ကြံ့ခံပြီး လူများ၏ တိုက်ခိုက်မှုနှင့် ချိုးဖျက်မှုကို အောင့်ခံခဲ့သည်။ ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့ လာရောက်ခဲ့ပြီး လူသား၏ ဒဏ်ရာဒဏ်ချက်များနှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသားကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ လူသားအပေါ် လွန်ကဲသော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအားဖြင့် စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို လုပ်ဆောင်ရုံသာ လုပ်ဆောင်၏။ သူ၏ လုပ်ဆောင်မှု၏အဆင့်များသည် လူသား၏ အသက်အတွက်နှင့် လူသားအား သန့်စင်စေဖို အတွက်ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အလားအလာများနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း သူဆောင်ရွက်သည့် အရာတိုင်းမှာ လူသားအတွက်ဖြစ်သည်။ သူ လုပ်ဆောင်သော အဆင့်တိုင်းသည် ၎င်းတို့၏ ရှင်သန်မှု အတွက်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် လှပသော ခရီးပန်းတိုင်တစ်ခု ရနိုင်မည် ဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဘုရားသခင်သည် လူသား၏ ကယ်တင်ခြင်းအဖို့ ကြီးစွာသော ညှဉ်းဆဲခြင်းကို ခံစားရသည်) ဒီဓမ္မသီချင်းဆီက စာသားတွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း စကားပြောတယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှု လူ့ဇာတိခံခဲ့ပုံကို ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ သူဟာ အာဏာရပါတီရဲ့ လိုက်လံဖမ်းဆီး၊ နှိပ်စက်တာ ခံခဲ့ရတယ်။ ဘာသာရေးလောကရဲ့ ရှုတ်ချ၊ စွန့်ပယ်တာ ခံခဲ့ရတယ်၊ သာမန်လူတွေရဲ့ လှောင်ပြောင်၊ အသရေဖျက်တာ ခံခဲ့ရပြီး၊ သူ့ကိုယ်ပိုင်လို့ ပြောလို့ရတဲ့ နားစရာနေရာ၊ အိမ်လုံးဝ မရှိခဲ့ဘူး။ ဒါတွေအားလုံးဖြစ်ပေမဲ့၊ လူတွေကို အနာရောဂါငြိမ်းစေပြီး နတ်ဆိုးတွေကို နှင်ထုတ်ရင်းနဲ့ သူတို့ကို ပံ့ပိုးဖို့ သမ္မာတရားကို ဖော်ပြတုန်းပဲဖြစ်သလို၊ အပြစ်ကနေ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ကယ်တင်ရင်းနဲ့ လူသားမျိုးနွယ်အတွက် ထာဝရ အပြစ်ဖြေယဇ်အဖြစ် ကားစင်တင်ခံခဲ့ရတယ်။ လူသားမျိုးနွယ်အတွက် သခင့်ရဲ့ မေတ္တာကို ကျွန်မ တွေးမိပြီး ဒါကို လူသားလက်မှာ သူရရှိခဲ့တဲ့ ညှဉ်းဆဲမှုနဲ့ ယှဉ်ကြည့်လိုက်တော့၊ ကျွန်မရဲ့ ထုံထိုင်း၊ မာကျောတဲ့ နှလုံးသားက နက်နက်ရှိုင်းရှိုင်း လှုပ်ခတ်သွားပြီး၊ မျက်လုံးတွေကနေ မျက်ရည် စီးဆင်းလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နိုင်မလား။ အဲဒီလို နှုတ်ကပတ်တော်တွေကို ဘုရားကလွဲလို့ ဘယ်သူက ဖော်ပြနိုင်မှာလဲ။ လူသားအတွက် အဲဒီလို အဖိုးအခကို တခြားဘယ်သူက ပေးနိုင်မှာလဲ။ အဲဒီနောက်မှာ၊ နောက်ထပ် ဓမ္မသီချင်းတစ်ပုဒ် ကျွန်မ ကြားရတယ်။ “အဆုံးတွင်တော့၊ အပြစ်မဲ့သော သူတို့သည် တိုး၍ ထုံထိုင်းကြပြီးဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို အဘယ်ကြောင့် ခက်ခဲအောင် အမြဲပြုရမည်နည်း။ ချည့်နဲ့သော လူသားသည် ဇွဲလုံ့လ လုံးဝ ကင်းမဲ့လေသည်။ ဘုရားသခင်သည် သူ့အပေါ် ထိုသို့သော မရပ်စဲသော အမျက်ဒေါသ အဘယ်ကြောင့် အမြဲ ရှိသင့်သနည်း။ အားနည်းကာ အစွမ်းမဲ့သော လူသားသည် အသက်ပါခြင်း စိုးစဉ်းမျှ မရှိကြတော့ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ မနာခံမှုအတွက် သူ့ကို အမြဲ အပြစ်ဆိုသင့်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်သနည်း။ အဆုံးတွင် လူသားသည် အကြမ်းမခံသကဲ့သို့၊ လူသားအနေဖြင့် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန်အလို့ငှာ၊ အသည်းအသန် ဘေးကျပ်နံကျပ် အခြေအနေများကို ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ့နှလုံးသား နက်နက်ထဲသို့ မြိုသိပ်ထားလိုက်ပြီဖြစ်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဘုရားသခင်၏အမှု အဘယ်မျှခက်ခဲလှ) စာသားတွေက ကျွန်မကို နက်ရှိုင်းတဲ့ သက်ရောက်မှု ရှိခဲ့တယ်။ စာသားတွေက လူသားမျိုးနွယ်အတွက် ဘုရားရဲ့ နက်နဲတဲ့ ပူပန်မှုနဲ့ ဂရုစိုက်မှုကို ပြောတယ်။ အဲဒါက မနာခံတဲ့ ကလေးက သူ့မိခင်ရဲ့ ခံစားချက်ကို ထိခိုက်နာကျင်စေပေမဲ့၊ မိခင်က သူ့ကလေးဟာ မြူကနေ ပေါ်ထွက်ပြီး သူ့နံဘေးကို ပြန်လာနိုင်ဖို့ မျှော်လင့်ရင်းနဲ့ အဆက်မပြတ် အော်ခေါ်နေတာနဲ့ တူတယ်။ ဒီစကားတွေက ဘုရားရဲ့ အသံဖြစ်တယ်လို့ ခံစားခဲ့ရတယ်။ အဲဒီအတောအတွင်း ကျွန်မအမေနဲ့ သဘောမတူခဲ့တာတွေအားလုံးကို ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မကို သူ ဘယ်လိုပဲ ဖျောင်းဖျဖို့ ကြိုးစားခဲ့ပါစေ၊ ကျွန်မ နားမထောင်ခဲ့သလို၊ ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်းနဲ့ ဓမ္မတေးတွေ ဖွင့်ပေးတော့၊ ကျွန်မ ခုခံတောင်ခုခံခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ချက် နည်းနည်းမှ မရှိဘဲ နားထောင်ဖို့ ရှောင်ခဲ့တယ်။ ခရစ်ယာန်နဲ့တူသာ နည်းနည်းမှတောင် ကျွန်မ မရှိခဲ့ဘူး။ အဲဒီနောက်မှာ ဓမ္မတေးတွေကို အမေက ဖွင့်တဲ့အခါ ကျွန်မ သိပ်မခုခံတော့ဘူး။

တစ်နေ့တော့ ဒီဓမ္မတေးကို ကြားရတယ်။ “ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ သမ္မာတရားကိုလက်ခံသူ ဖြစ်သင့်ပါတယ်) ဒီဓမ္မတေးကို ကြားတော့၊ ကျွန်မ ရုတ်တရက် စိုးရိမ်မှု ဖြစ်ပေါ်လာခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ရင်၊ သူ့ကို လက်မခံခြင်းအတွက် ငါ စီရင်ရှုတ်ချခံရမှာ မဟုတ်လား။ ဘုရားကို ပုန်ကန်ပြစ်မှားတာ ဆိုးရွားတဲ့ ကိစ္စတစ်ခုပဲ။ ဒါက ဒီလောက ဒါမှမဟုတ် နောက်လောကမှာ ခွင့်လွတ်မခံရမဲ့ အပြစ်တစ်ခုပဲ”လို့ပေါ့။ သခင်ယေရှု ပြောခဲ့ပုံကိုလည်း ကျွန်မ တွေးမိတယ်။ “ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။(ရှင်မဿဲခရစ်ဝင် ၅:၆) သမ္မာတရားကို ရှာဖွေ၊ ဆာငတ်ခြင်းအားဖြင့်ပဲ ဘုရားရဲ့ အလျှံပယ် အာဟာရကို ကျွန်မတို့ရနိုင်တယ်လို့ သခင်ယေရှုက သွန်သင်ခဲ့တယ်။ ဒါပေမဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်မ စုံစမ်းစစ်ဆေးပြီး လှည့်ဖြားခံခဲ့ရရင်၊ ကျွန်မယုံကြည်ခဲ့တဲ့နှစ်တွေအားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်လား။ ကျွန်မ တုံ့ပြန်လူးလာ ဆက်တွေးနေမိပြီး မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ သခင့်ကို ပြောမိတယ်။ “အို ကိုယ်တော်၊ ကျွန်မ တကယ်ကို ဒွိဟဖြစ်မိပါတယ်။ ဒီစကားတွေက ကိုယ်တော့်အသံဖြစ်ပုံရပေမဲ့၊ ကျွန်မ မှားသွားပြီး ကိုယ်တော့်ကို သစ္စာဖောက်မိမှာ ကြောက်တယ်။ သခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ကိုယ်တော် ပြန်ကြွလာပြီလားဆိုတာ ကျွန်မ မသေချာပါဘူး။ ဒါတကယ်ပဲ ကိုယ်တော့်အမှုတော်ဆိုရင် ကျွန်မကို ဉာဏ်အလင်းပေးပါ။ မဟုတ်ရင်၊ ကျေးဇူးပြုပြီး ကျွန်မကို ခိုင်ခိုင်မာမာ ရပ်တည်စေပါ”လို့ပေါ့။

ရက်အနည်းငယ်အကြာမှာ အမေက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ထပ်ဆွဲထုတ်လာပြီး ကျွန်မကို ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လုံ့လဝီရိယရှိရှိ ဖတ်ပါ။ သူက ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ သမီးသိလိမ့်မယ်။ သမီး မစုံစမ်းမစစ်ဆေးရင်၊ သူက ပြန်ကြွလာတဲ့ သခင်ယေရှုလားဆိုတာ သမီး ဘယ်လိုလုပ် သိမှာလဲ။ ဘူဖေးစားပွဲတစ်ခုလိုပေါ့။ ကြည့်ပဲကြည့်ပြီး ဘာအစားအစာတစ်ခုမှ မမြည်းကြည့်ရင်၊ ဘာအရသာလဲဆိုတာ လုံးဝ သိမှာ မဟုတ်ဘူးလေ။ စစ်မှန်တဲ့ဘုရားကို အမေတို့ ကိုးကွယ်တာ ဖြစ်လို့ ဘာကို ကြောက်နေတာလဲ။ အမေက သမီးရဲ့ အမေပါ။ သမီးကို အမေ ထိခိုက်နစ်နာစေမယ်လို့ ထင်လား”တဲ့။ ကျွန်မအမေရဲ့ စကားတွေက တော်တော် လက်ခံယုံကြည်စရာပဲ။ ကျွန်မ တွေးမိတယ်။ “မှန်တယ်။ သင်းအုပ်နဲ့ အကြီးအကဲတွေရဲ့ စကားတွေ သံယောင်လိုက်ရွတ်တာကိုပဲ ငါ နားထောင်ခဲ့တာ။ ဒါပေမဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း တရားဒေသနာတွေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားမထောင်ဖူးဘူး။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလားဆိုတာ ငါ ဘယ်လိုသိမှာလဲ။ သခင်ယေရှုက ရွေးနှုတ်ရှင်ဆိုတာကို ကျမ်းစာဖတ်ပြီးတော့ ငါ အတည်ပြုခဲ့တာပဲမဟုတ်လား”ပေါ့။ ဒီအတွေးနဲ့ စာအုပ်ကို ကောက်ကိုင်လိုက်ပြီး စလှန်လှောကြည့်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာကို ကျွန်မ တွေ့ရတယ်။ “သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဒီထက်သန်တဲ့ တိုက်တွန်းမှုကို ဖတ်လိုက်ရတော့၊ ကျွန်မ စစိတ်လှုပ်ရှားလာပြီး ကြောက်မိတယ်။ “ဒါတွေက တကယ်ပဲ ဘုရားနှုတ်ကပတ်တော် ဖြစ်နိုင်မလား။ ဒီအရာရဲ့ ၁၀၀၀၀ ထဲက တစ်ခုကပဲ ခံယူချက်တွေ၊ ကျမ်းစာနဲ့ ကိုက်ရင် ဒါတွေက အသက်နဲ့ဆိုင်တဲ့ နှုတ်ကပတ်တော်နဲ့ သမ္မာတရား လမ်းခရီးဖြစ်တယ်လို့ ဘာလို့ ပြောပြီး ဆက်ရှာဖွေဖို့ လူတွေကို အကြံပေးမှာလဲ”လို့ပေါ့။ စုံစမ်းစစ်ဆေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ မဟုတ်ရင်၊ သခင့်ကို ကြိုဆိုဖို့ ကျွန်မရဲ့ အခွင့်အရေး လွတ်သွားတာနဲ့ နောင်တရဖို့ အရမ်းနောက်ကျသွားမှာလေ။ ကိုယ့်စိတ်ကိုပိုင်းဖြတ်ရင်းနဲ့ ကျွန်မ ဆက်ဖတ်ပြီး၊ ဒီအပိုဒ်ကို ရောက်လာတယ်။ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုကို မည်သို့ ဆောင်ရွက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဒါကို ဖတ်ရတာ ကျွန်မအတွက် နည်းနည်း မရှင်းမလင်း ဖြစ်သွားတယ်။ ကျမ်းစာထဲမှာ သခင်က ကြီးမားတဲ့ ဘုန်းတန်ခိုးနဲ့ မိုးတိမ်စီး ကြွလာမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဒီတော့ ဘာလို့ ဒီအပိုဒ်က ဒီလိုပြောတာလဲ။ “ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။” “သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။” သခင်က တကယ်ပဲ မိုးတိမ်စီး မကြွလာခဲ့ဘူးလား။ ဒီမှာ ဘာဖြစ်နေတာလဲ။ စိတ်ထဲမှာ အဲဒီကိစ္စကို အထပ်ထပ် စဉ်းစားပေမဲ့ နားမလည်နိုင်ခဲ့ဘူး။ နောက်တော့ ကျွန်မတို့အိမ်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေ အများကြီး လာကြာတာ တွေးမိတယ်။ ဒါကြောင့် သူတို့ကို မေးပြီး သူတို့ပြောတာ ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်နေ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အစ်မ မူယု ကျွန်မတို့အိမ်လာလို့၊ ကျွန်မရဲ့ မရှင်းမလင်းဖြစ်တာကို သူ့ကို ပြောပြလိုက်တယ်။ သူက ပြုံးပြီး ပြန်ဖြေတယ်။ “သခင်က မိုးတိမ်စီး ပြန်ကြွလာမှာကို ကျမ်းစာက ဖော်ပြတာ မှန်တယ်။ ဒါပေမဲ့ သခင်ပြန်ကြွလာပုံနဲ့ ပတ်သက်လို့တော့၊ သူမိုးတိမ်စီး ကြွလာခြင်းအပြင် တခြား ပရောဖက်ပြုချက်တွေ ကျမ်းစာမှာ ရှိတယ်။ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။’ (ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ပြီးတော့၊ ‘ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။(ဗျာဒိတ်ကျမ်း ၃:၃)ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ပြီးတော့လည်း၊ ‘ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဒီကျမ်းချက်တွေမှာ၊ ဘာလို့ သခင်က ‘လူသားသည် ကြွလာတော်မူလတ္တံ့’၊ ‘လူသားသည် ကြွလာလိမ့်မည်’၊ ဆိုတာနဲ့ ‘လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့’ ဆိုတာကို အလေးပေးပြောနေတာလဲ။ ‘လူသား’ ဆိုတာက ဘာကို ရည်ညွှန်းနေတာလဲ။ ဘုရားဝိညာဉ်တော်က လူ့ဇာတိခံပြီး လူသားဖြစ်လာတာကို ရည်ညွှန်းတာ။ ဘုရားဝိညာဉ်တော်တစ်ခုတည်းကိုပဲ လူသားလို့ ပြောလို့မရဘူး။ ပြီးတော့၊ သခင်က သူဟာ သူခိုးတစ်ယောက်လို ပြန်ကြွလာမယ်လို့ အကြိမ်ကြိမ် ဖော်ပြပြီး၊ ‘သန်းခေါင်ယံ၌ကြည့်ပါ...ကြွေးကြော်လျှင်’ လို့ ပြောတယ်။ ဒါက သခင်ပြန်ကြွလာတဲ့အခါ၊ သူ အဲဒီလို တိတ်တိတ်လေး တိတ်တဆိတ် လာမယ်၊ ဘာဖြစ်တယ်ဆိုတာကို ဘယ်သူမှမသိဘဲ တိတ်တဆိတ် ကြွဆင်းလာရင်းနဲ့ သူ လူ့ဇာတိခံပြီး လူသားဖြစ်လာမယ်လို့ ပြောတာ။ ဒါက ဘုရားဝိညာဉ်တော်ဟာ ပေါ်ထွန်းပြီး သူ့အမှုပြုဖို့ သခင်ယေရှုအနေနဲ့ လူ့ဇာတိခံခဲ့တဲ့ အချိန်ကလိုပါပဲ။ သခင်ယေရှုက သာမန်လူနဲ့ တူခဲ့ပြီး၊ နေရာအနှံ့ တရားဟော ခရီးနှင်ခဲ့ချိန်မှာ၊ သူဟာ လူ့ဇာတိခံ ဘုရားဖြစ်ကြောင်း၊ ခရစ်တော်ရဲ့ သရုပ်သကန်ဖြစ်ကြောင်းကို ဘယ်သူကမှ သတိမပြုမိခဲ့ဘူး။ ဒါကြောင့်၊ သခင် ပြန်ကြွလာတဲ့အခါ ပေါ်ထွန်းပြီး သူ့အမှုတော်ကို ပြုဖို့ သခင်က လူသားအနေနဲ့ လူ့ဇာတိခံမယ်လို့ ကျွန်မတို့ လုံးဝ သေချာပြောနိုင်တယ်”တဲ့။ မူယု ဒါကိုပြောတဲ့အချိန်မှာ ကျွန်မ တကယ် အံ့ဩသွားတယ်။ လူသားဆိုတာ သခင်ယေရှုကို ရည်ညွှန်းတာ၊ ပြန်ကြွလာတဲ့ သခင်ယေရှုကို မဟုတ်ဘူးလို့ သင်းအုပ်နဲ့ အကြီးအကဲတွေက မကြာခဏ ပြောကြတယ်။ သင်းအုပ်နဲ့ အကြီးအကဲတွေက ကျမ်းစာကို နှံ့စပ်တယ်။ ဒီတော့ သူတို့ မမှားနိုင်ဘူးလေ။ မူယုက ကျမ်းစာကို နားလည်မှုလွဲပြီး မမှန်မကန် ပြောမိတာပဲဖြစ်မယ်လို့ ကျွန်မ ဆင်ခြင်မိတယ်။ ဒါကို သဘောပေါက်ရင်းနဲ့ အမြန် ပြောလိုက်တယ်။ “မူယုရေ၊ သင်းအုပ်နဲ့ အကြီးအကဲတွေက ပြောတယ်။ လူသားဆိုတာ သခင်ယေရှုကို ရည်ညွှန်းတာ။ လူ့ဇာတိခံ ပြန်ကြွလာတဲ့ သခင်ကို မဟုတ်ဘူးတဲ့”လို့ပေါ့။ သူက စိတ်ရှည်ရှည်နဲ့ ပြန်ပြောတယ်။ “အစ်မရေ၊ ဒီကျမ်းချက်တွေအားလုံးက သခင်ယေရှုရဲ့ ပြန်ကြွလာခြင်း ပရောဖက်ပြုချက်တွေဆိုတာကို ရှင်းရှင်း ဖော်ပြတယ်။ ဒါနဲ့ပတ်သက်လို့ မြော်မြင်တတ်တဲ့လူ ဘယ်သူမဆိုက ရှင်းသွားမှာပဲ။ ဒါဘယ်လိုလုပ် သခင်ယေရှုကို ရည်ညွှန်းတာ ဖြစ်နိုင်မှာလဲ။ ဒီဆရာတော်တွေက သခင့်စကားတွေကို အနက်ပြန်လွဲနေကြတာ မဟုတ်လား။ ပြီးတော့ ရှင်လုကာခရစ်ဝင်ကျမ်း ၁၇:၂၄-၂၅ ကိုလည်း ကြည့်လိုက်။ ‘ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။’ ဒီကျမ်းချက်တွေမှာ၊ သခင်က သူ့ရဲ့ ကြွလာခြင်းမှာ ဘာအခြေအနေတွေနဲ့ တူမလဲဆိုတာကို ပရောဖက်ပြုနေတာပဲ။ သခင်က ကြီးမားတဲ့ ဘုန်းတန်ခိုးနဲ့ မိုးတိမ်စီး ပြန်ကြွလာခဲ့ရင်၊ လူတိုင်းက သေချာပေါက် ကြောက်လန့်ပြီး မြေပေါ်လဲကျကုန်မှာပဲ။ အဲဒါဆိုရင် ဘယ်သူက သခင့်ကို ခုခံပြီး စွန့်ပစ်ရဲမှာလဲ။ အဲဒါဆိုရင် ဒီပရောဖက်ပြချက်၊ ‘ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်’ ဘယ်လိုလုပ် တကယ်ဖြစ်လာမှာလဲ။ ဒီတော့ သခင့်စကားတွေအတိုင်းဆိုရင်၊ ပြန်ကြွလာတဲ့ သခင်ဟာ လူ့ဇာတိခံတဲ့ လူသားဖြစ်တာ သံသယရှိစရာ မရှိဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်က သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတယ်”တဲ့။

သူ့မိတ်သဟာယကိုကြားပြီးတဲ့နောက်မှာ၊ တကယ် ရှက်မိတယ်။ သူ့ မိတ်သဟာယက အခြေခိုင်ပြီး လုံးဝ ကျွန်မကို လက်ခံယုံကြည်စေခဲ့တယ်။ သခင်ယေရှုက သူ့ရဲ့ ပြန်ကြွလာခြင်းကို ပြောတဲ့အခါ၊ ဘာလို့ “လူသားသည် ကြွလာတော်မူလတ္တံ့”၊ “လူသားသည် ကြွလာလိမ့်မည်”၊ ဆိုတာနဲ့ “လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့” ဆိုတာတွေ အမြဲ ပြောလဲဆိုတာ နားလည်သွားတယ်။ သူဟာ လူသားအနေနဲ့ ပေါ်ထွန်း၊ အမှုပြုရင်းနဲ့ လူ့ဇာတိနဲ့ ပြန်ကြွလာမယ်ဆိုတာ ပြောပြဖို့ လူသားလို့ ထပ်တလဲလဲ အလေးပေးပြောခဲ့တာပဲ။ ကျမ်းစာကို ကောင်းကောင်းသိပြီး တခြားလူတွေကို မကြာခဏ ရှင်းပြပေမဲ့ ကျမ်းစာက ပြန်ကြွလာတဲ့ သခင်ဟာ ပေါ်ထွန်းပြီး အမှုပြုဖို့ လူသားဖြစ်လာမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်ဆိုတာကို ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး သင်းအုပ်နဲ့ အကြီးအကဲတွေ ပြောတာကိုပဲ ကျွန်မ ကျိုးကြောင်းမမြင် ယုံကြည်ခဲ့တယ်။ ယုံကြည်ခြင်းမှာ တကယ် နားဝေတိမ်တောင်ဖြစ်ခဲ့ပြီး ကျမ်းစာလေ့လာခဲ့တဲ့ နှစ်ကာလတွေအားလုံး အချည်းနှီးဖြစ်ခဲ့တယ်။ သခင်နှုတ်ကပတ်တော်တွေကို နည်းနည်းမှ နားမလည်ခဲ့သလို၊ ကြောင်းကျိုးမမြင်ဘဲ မာနထောင်လွှားပြီး ဘောင်ခတ်နေတုန်းပဲ။ ဆင်ခြင်တုံတရား မဲ့လိုက်လေခြင်း။ ကျွန်မရဲ့ စိတ်နှလုံးကို တည်ငြိမ်စေပြီး မူယုရဲ့ မိတ်သဟာယကို နားထောင်နိုင်ခဲ့လို့ ဝမ်းသာမိတယ်။ မဟုတ်ရင်၊ သင်းအုပ်နဲ့ အကြီးအကဲတွေရဲ့ တရားဒေသနာတွေကိုပဲ ကျွန်မ နားထောင်ခဲ့ရင်၊ သခင့်ရဲ့ ကြွဆင်းခြင်းကို စောင့်ဆိုင်းရင်းနဲ့ မိုးတိမ်တွေကိုပဲ ငေးကြည့်နေမိဦးမှာ။ နောက်ဆုံးမှာ၊ ဘုရားရဲ့ ထုတ်ပယ်တာ၊ စွန့်ပစ်တာပဲ ခံရမှာ။ မူယုက သူ့မိတ်သဟာယကို ဆက်တယ်။ “နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ ပြန်ကြွလာခြင်းက အဆင့်နှစ်ဆင့်နဲ့ ဖြစ်တယ်။ ပထမဆုံး၊ တိတ်တဆိတ်နဲ့ လူ့ဇာတိခံပြီး ကြွေရောက်တယ်၊ နောက်ပိုင်းမှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းရင်းနဲ့ မိုးတိမ်စီး ကြွလာမှာ။ ခုချိန်မှာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့လူ့ဇာတိ ပေါ်ထွန်းခြင်းနဲ့ အမှုက ပထမအဆင့်။ ဒီမှာ သခင်က တိတ်တိတ်ကြွလာတယ်။ ဘုရားက လူကို သန့်စင်ကယ်တင်ဖို့၊ အပြစ်က လွတ်မြောက်ခွင့်ပေးဖို့ တရားစီရင်ခြင်းအမှုပြုရအောင် သမ္မာတရားဖော်ပြတယ်။ ဘုရားကို တကယ် ယုံကြည်ပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းကို တောင့်တသူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေထဲမှာ ဘုရားရဲ့အသံကို သတိပြုမိနိုင်တယ်။ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တာ သေချာလာပြီး သူ့ရှေ့ကို လာနိုင်ကြတယ်။ ဒါတွေအားလုံးက ဘုရားပလ္လင်တော်ရှေ့ကို ချီဆောင်ခံခဲ့ရတဲ့ ပညာရှိ သတို့သမီးတွေဖြစ်ပြီး၊ အခု ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ရရှိ၊ တွေ့ကြုံနေကြတယ်။ ဒီတော့ ဒီအချိန်အတောအတွင်းမှာ၊ မိုးတိမ်စီးပြီး သခင်ပေါ်ထွန်းတာကို မြင်ရဖို့ မဖြစ်နိုင်ဘူး။ ဘုရားက အောင်မြင်သောလူတစ်စုကို စုံလင်စေပြီးတော့ လူ့ဇာတိနဲ့ သူ့ရဲ့လျှို့ဝှက်တဲ့ အမှုတော်ကို ပြီးစီးတဲ့နောက်မှာပဲ ကပ်ဘေးတွေကို ဖြစ်စေမယ်၊ ကောင်းသူကို ဆုချပြီး မကောင်းသူကို အပြစ်ပေးမယ်၊ နောက်ဆုံးမှာ သူ့ကိုယ်သူ လူအားလုံးဆီ ထုတ်ဖော်ပြရင်းနဲ့ မိုးတိမ်စီး ကြွဆင်းမယ်။ အဲဒီအချိန်မှာ၊ အရင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချ၊ ခုခံတဲ့သူတွေဟာ ပြန်ကြွလာတဲ့ သခင်ယေရှုကို သူတို့ ခုခံနေမိတာကို သိတဲ့အခါ မြည်တမ်းကြမယ်၊ ရင်ဘတ်စည်တီးပြီး နောင်တနဲ့ အံသွားခဲကြိတ်ကြလိမ့်မယ်။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ (ဗျာဒိတ်ကျမ်း ၁:၇)

အဲဒီနောက်မှာ၊ မူယုက ကျွန်မအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ်။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ကြားပြီးတဲ့နောက် ကိုယ့်မာနကို ဘေးဖယ်လိုက်ပြီး၊ သခင့်ရဲ့ ကြွလာခြင်းနဲ့ ပတ်သက်လို့ ကျွန်မမှာ အယူအဆနဲ့စိတ်ကူး မျိုးစုံရှိခဲ့တာ နောက်ဆုံး တွေ့လိုက်ရတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သခင် မိုးတိမ်စီး ကြွဆင်းတာကို ကျွန်မ မမြင်ခဲ့တာ မဆန်းဘူး။ သူက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နှုတ်ကပတ်တော်ကို ဖော်ပြရင်းနဲ့ တိတ်တဆိတ် လူ့ဇာတိခံ ကြွလာပြီးပြီ၊ ပြီးတော့ အောင်မြင်သောသူတစ်စုကို စုံလင်စေပြီးတဲ့နောက်မှပဲ မိုးတိမ်စီး ပေါ်ထွန်းမှာပဲ။ ဒါပေမဲ့ ကျွန်မက ကျမ်းပိုဒ်ကို ဆက်စပ်အကြောင်းအရာကနေ ထုတ်ပြီး ကျမ်းစာရဲ့ တိုက်ရိုက်စကားလုံးတွေကို ဖက်တွယ်ရင်းနဲ့ ဆရာတော်တွေရဲ့ လှည့်ဖြားတာ ခံခဲ့ရတယ်။ သခင့်ကို ကြိုဆိုဖို့ ကိုယ့်အခွင့်အရေးကို လွတ်သွားပြီး ဘုရားရဲ့ စွန့်ပစ်တာ ခံရတော့မလို့ပဲ။ တကယ်ကို သီသီလေးပါပဲ။

မူယုက သူ့မိတ်သဟာယကို ဆက်တယ်။ “လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ တုန်းက၊ ဣသရေလတွေအားလုံးက မေရှိယကို စောင့်ဆိုင်းနေခဲ့ကြပေမဲ့ သခင်ယေရှု ကြွလာပြီး အမှုပြုတဲ့အခါ ဖာရိရှဲတွေက ကျမ်းစာရဲ့ တိုက်ရိုက်စကားတွေကို ဖက်တွယ်ခဲ့သလို၊ မေရှိယရဲ့ ကြွရောက်ခြင်းနဲ့ စပ်လျဉ်းပြီး အယူအဆတွေနဲ့ ပြည့်ခဲ့တာ အားလုံး သိပါတယ်။ ဘုရားကြွလာတဲ့အခါ သူ့ကို မေရှိယလို့ ခေါ်မယ်၊ မင်းမျိုးမင်းနွယ် မိသားစုမှာ မွေးမယ်၊ မင်းဆန်တဲ့ အဆင့်အတန်းနဲ့ အာဏာရှိပြီး သူတို့ကို ရောမအစိုးရရဲ့ အုပ်စိုးမှုကနေ လွတ်မြောက်စေမယ်လို့ သူတို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ သခင်ယေရှုကြွလာတဲ့အခါ၊ သူ့ကို မေရှိယလို့ မခေါ်ခဲ့ဘူး။ သာမန်မိသားစုထဲမှာ မွေးဖွားခဲ့တယ်၊ နွားတင်းကုပ်မှာ မွေးဖွားခဲ့ပြီး၊ အထူးသဖြင့် အရပ်မြင့်တာ၊ ခံ့ညားထည်ဝါတာတွေ မရှိခဲ့ဘူး။ ဖိနှိပ်တောင်ဖိနှိပ်ခံရပြီး နှိပ်စက်ခံခဲ့ရတယ်။ သူ့ကို သူတို့ ငြင်းပယ်ပြီး ရှုတ်ချခဲ့ကြသလို၊ အဆုံးမှာ ကားတိုင်မှာ သံမှိုရိုက်ခဲ့ကြတယ်လေ။ ဒီတော့ ယုတ်မာတဲ့အပြစ်ကို ကျူးလွန်မိပြီး ဘုရားရဲ့ ကျိန်တာ၊ အပြစ်ပေးတာကို ခံရတဲ့အပြင် ဣသရေလတွေကိုလည်း နှစ်၂၀၀၀ကြာ လက်အောက်ခံဘဝကို ပို့လိုက်တယ်။ ဒါက ကြုံရဖို့ ရက်စက်တဲ့ သင်ခန်းစာပဲ။ သူတို့ ကျရှုံးခြင်းရဲ့ ရင်းမြစ်ကို ကျွန်မတို့ သုံးသပ်ဆင်ခြင်ထိုက်တယ်။ ဒါနဲ့ပတ်သက်လို့ ထိုးထွင်းအမြင် မရနိုင်ရင်၊ သခင့်ရဲ့ ကြွလာခြင်းနဲ့ စပ်လျဉ်းပြီး၊ ဖာရိရှဲတွေ လျှောက်ခဲ့ကြတဲ့ ဘုရားကို အလားတူ ခုခံတဲ့ လမ်းကြောင်းကို လျှောက်မိဖို့ များလိမ့်မယ်။” အဲဒီညီအစ်မက ပြီးသွားတော့၊ ကျွန်မနဲ့အတူ အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်တယ်။ “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) မူယုက မိတ်သဟာယပြုတယ်။ “သခင်ယေရှုကို ဖာရိရှဲတွေ ခုခံခြင်းရဲ့ အနှစ်သာရနဲ့ ဖြစ်ကြောင်းရင်းမြစ်ကို အနန္တတန်ခိုးရှင် ဘုရားသခင်က ထုတ်ဖော်ပြလိုက်ပြီ။ သူတို့ရဲ့ ခေါင်းမာ၊ မာနထောင်လွှားတဲ့ သဘာဝကြောင့် ဖြစ်ပြီး၊ သမ္မာတရားကို ငြီးငွေ့၊ မုန်းတီး ကြလို့ပါပဲ။ ဒါ့အပြင်၊ ဘုရားရဲ့ အမှုတော်ကို သူတို့ နားမလည်ကြသလို၊ ကျမ်းစာကို အရှိအတိုင်းဖက်တွယ်ကြတယ်။ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သူတို့ကိုယ်ပိုင် အယူအဆတွေအတိုင်း ဘောင်ခတ်ကြရင်းနဲ့ပေါ့။ သခင်ယေရှုက သမ္မာတရား အများကြီး ဖော်ပြပြီး နိမိတ်လက္ခဏာ အများကြီး ဆောင်ရွက်ခဲ့ချိန်မှာတောင်၊ သူတို့က လုံးဝ မရှာဖွေ၊ လက်မခံကြသေးဘူး။ သခင်နဲ့ပတ်သက်လို့ နိုင်ကွက်ရဖို့၊ ရှုတ်ချခုခံဖို့ ကြိုးစားရင်း အဆုံးမှာ သူ့ကို ကားစင်တင်သတ်လိုက်ပြီးတော့ ကျမ်းစာကို အရှိအတိုင်း ခေါင်းမာမာနဲ့ စွဲကိုင်ခဲ့တယ်။ ဒါကြောင့် နောက်ဆုံးသော ကာလမှာ သခင့်ရဲ့ ကြွလာခြင်းကို စဉ်းစားတဲ့အခါ၊ ဖာရိရှဲတွေရဲ့ လူမဆန်တဲ့ သင်ခန်းစာကနေ သင်ယူခြင်း၊ ကိုယ့်အယူအဆကို လက်လွတ်ပြီး ဘုရားရဲ့ ပေါ်ထွန်းခြင်းကို စစ်ဆေးခြင်းအားဖြင့်ပဲ သခင့်ကို ကြိုဆိုဖို့ ကျွန်မတို့ မျှော်လင့်လို့ရတယ်။ ခုခေတ်မှာ၊ ဘာသာရေးလောကရဲ့ သင်းအုပ်နဲ့ အကြီးအကဲတွေက ဖာရိရှဲတွေ အတိုင်းပါပဲ။ သခင့်ရဲ့ ကြွလာခြင်းကို လူတွေ သက်သေခံတာ ကြားတော့၊ လုံးဝ မစုံစမ်းမစစ်ဆေးကြသလို၊ သခင် မိုးတိမ်စီး ကြွလာခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာပိုဒ်ကိုပဲ ခေါင်းမာမာနဲ့တောင် ဖက်တွယ်ကြတယ်။ သခင်ယေရှုလို့ အခိုင်အမာပြောပေမဲ့ မိုးတိမ်စီး ကြွလာတဲ့သူဟာ အယောင်ဆောင် ခရစ်တော်ပဲလို့ ပြောကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်လွတ်စပယ် ခုခံပြီး မှန်တဲ့လမ်းခရီးကို မစုံစမ်းအောင် ယုံကြည်သူတွေကို တားဆီးရင်းနဲ့ပေါ့။ သူတို့ လုံးဝ နောင်တမရရင်၊ နောက်ဆုံးသော ကာလမှာ အယောင်ဆောင် ယုံကြည်သူတွေနဲ့ အန္တိခရစ်တွေအဖြစ် ဘုရားရဲ့ ဖော်ထုတ်တာ ခံရမှာဖြစ်ပြီး၊ ဘုရားရဲ့ ကယ်တင်ခြင်း အမှုပြီးတာနဲ့ မကြုံစဖူး ကပ်ဘေးတွေကို မလွန်ဆန်နိုင်တာနဲ့အမျှ ငိုကြွေးပြီး အံသွားခဲကြိတ်ကြရလိမ့်မယ်”တဲ့။

ဒါကိုကြားတော့ ကျွန်မ ကြောက်ပြီး တုန်လှုပ်သွားတယ်။ ကျွန်မရဲ့ အပြုအမူအရ သူပြောတာကို စဉ်းစားမိတယ်။ သခင့်ကို ကြိုဆိုရာမှာ ကျမ်းစာရဲ့ တိုက်ရိုက်စကားတွေကို ကျွန်မ ဖက်တွယ်ခဲ့တယ်။ ကိုယ့်အယူအဆတွေအရ၊ သခင်က မိုးတိမ်စီး ကြွရောက်မယ်လို့ ယုံကြည်ရင်းနဲ့ ပေါ့။ သခင်ယေရှု ပြန်ကြွလာပြီးပြီလို့ လူတွေပြောတာ ကြားတော့၊ ကျွန်မ မစုံစမ်းခဲ့ရုံမက၊ သူတို့ကို ကြောင်းကျိုးမမြင် ရှုတ်ချရာမှာ သင်းအုပ်နဲ့ အကြီးအကဲတွေနဲ့ အတူလုပ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသရေဖျက်၊ အပုပ်ချဖို့ ကောလာဟလမျိုးစုံ ဖြန့်ခဲ့သလို၊ မှန်တဲ့ လမ်းခရီးကို စုံစမ်းရာကနေ ယုံကြည်သူတွေကို တားဆီးခဲ့တယ်။ ကျွန်မရဲ့ အပြုအမူနဲ့ သခင်ယေရှုကို ခုခံခဲ့တဲ့ ဖာရိရှဲတွေရဲ့ အပြုအမူကြားမှာ ကွာခြားတာ မရှိဘူး။ ကျွန်မက ခေတ်သစ် ဖာရိရှဲပဲ၊ မှန်တဲ့ လမ်းခရီးကို စုံစမ်းရာကနေ ယုံကြည်သူတွေကို ပိတ်ဆီးနေတဲ့ ခလုတ်တံသင်းတစ်ခုပဲ။ ဘုရားရဲ့ အသံကို ကြားခွင့်ပေးရင်း မူယုရဲ့ မိတ်သဟာယကနေ ပေါ်လွင်ခဲ့တဲ့ ဘုရားရဲ့ ကရုဏာကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်မလို ခေါင်းမာပြီး သမ္မာတရား လက်မခံသူတစ်ယောက်က နောက်ဆုံးမှာ ဘုရားရဲ့ စွန့်ပစ်တာ၊ ထုတ်ပယ်တာ၊ ကျိန်ဆဲပြီး အပြစ်ပေးတာ ခံရမှာပဲ။ အဲဒီနောက်မှာ သူ့ကို မေးလိုက်တယ်။ “သခင်က သူ့အမှုတော်ကို လုပ်ဖို့ တိတ်တဆိတ် လူ့ဇာတိခံတာကို ထောက်ဆရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ဖြစ်တဲ့ လူ့ဇာတိခံ ဘုရားဖြစ်တာကို ကျွန်မတို့ ဘယ်လို သေချာနိုင်သလဲ။” နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အနည်းငယ်ကို သူ ဖတ်ပြတယ်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဖတ်တာပြီးသွားတော့ မူယုက မိတ်သဟာယပြုတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ရှင်းရှင်း ပြောတယ်။ လူ့ဇာတိခံခြင်းဆိုတာ ဘုရားဝိညာဉ်တော်က လူ့ဇာတိကို ဝတ်ဆင်ပြီး သာမန်လူ ဖြစ်လာတယ်ဆိုတဲ့ သဘောပဲ။ သမ္မာတရားကို ဖော်ပြပြီး အမှုပြုဖို့ လောကထဲမှာ ပေါ်ထွန်းရင်းနဲ့ပေါ့။ အပြင်အပန်းမှာ ခရစ်တော်က သာမန်လူနဲ့ တူတယ်။ ဒါပေမဲ့ ဘုရားရဲ့ ဝိညာဉ်တော်က သူ့အထဲမှာ ရှိတယ်။ သူက ဘုရားဝိညာဉ်တော်ရဲ့ ပြယုဂ်ဖြစ်တယ်။ ဒါကြောင့် ခရစ်တော်မှာ သာမန် လူ့သဘာဝ ရှိရုံမက၊ ပြည့်စုံတဲ့ ဘုရားသဘာဝလည်း ရှိတယ်။ ဆိုလိုတာက ဘုရားရဲ့ ရှိရင်းစွဲ စိတ်သဘောထား၊ ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း၊ သူ့ရဲ့ ဩဇာအာဏာ၊ အနန္တတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာတော်အားလုံးက သူ့ရဲ့ လူ့ဇာတိခံ ခန္ဓာထဲမှာ ပြည့်မြောက်တာပဲ။ ခရစ်တော်က ဖန်ဆင်းခြင်းရဲ့ အရှင်၊ ဘုရားကိုယ်တိုင်ဖြစ်တယ်။ ဒါကြောင့် ခရစ်တော်က သမ္မာတရားကို ဖော်ပြနိုင်တယ်၊ အချိန်မရွေး နက်နဲမှုတွေ ဖွင့်ပြနိုင်တယ်၊ ဘုရားရဲ့ စိတ်သဘောထားနဲ့ အရာအာလုံးနဲ့ ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်ရဲ့ ရွေးနှုတ်ခြင်းနဲ့ ကယ်တင်ခြင်း အမှုကို ဆောင်ရွက်နိုင်တယ်။ ဒါက သခင်ယေရှုဟာ ဘုရားရဲ့ လူ့ဇာတိခံခြင်း ဖြစ်ပုံနဲ့ အတူတူပါပဲ။ သူဟာ ခရစ်တော် ဖြစ်ပါတယ်။ အပြင်ပန်းမှာ သခင်က သာမန်လူနဲ့ တူပြီး၊ ကမ္ဘာမြေပေါ်က လူသားတွေကြား အသက်ရှင်ပေမဲ့၊ အချိန်မရွေး သမ္မာတရားကို ဖော်ပြနိုင်သလို၊ ကောင်းကင်နိုင်ငံတော်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြနိုင်တယ်။ ပြီးတော့ လူတွေကို နောင်တလမ်း ထောက်ပံ့ပေးခဲ့တယ်။ လူတွေရဲ့ အပြစ်တွေကို သခင်ယေရှုက ခွင့်လွှတ်ခဲ့ပြီး ဘုရားရဲ့ ချစ်ခင်၊ သနားကရုဏာရှိတဲ့ စိတ်သဘောထားကို ဖော်ပြခဲ့တယ်။ နိမိတ်လက္ခဏာအများကြီးကိုလည်း သူ ဆောင်ရွက်ခဲ့တယ်။ နာမကျန်းဖြစ်သူတွေကို ကုသ၊ နတ်ဆိုးတွေကို နှင်ထုတ်၊ လူသေတွေကို ထမြောက်စေခဲ့တယ်၊ လေနဲ့ ပင်လယ်ကို ငြိမ်သက်စေပြီး လူ ၅၀၀၀ ကို ငါးနှစ်ကောင်၊ မုန့်ငါးလုံးနဲ့ ကျွေးမွေးခဲ့တယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ဘုရားရဲ့ ဩဇာအာဏာနဲ့ တန်ခိုးရဲ့ ပြည့်စုံတဲ့ သရုပ်သကန်ပဲ။ သခင်ယေရှုက လူ့ဇာတိခံ ဘုရား၊ ခရစ်တော်ဖြစ်မှန်း၊ သူ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ပေါ် အခြေခံပြီး ကျွန်မတို့ အတည်ပြုခဲ့ကြတယ်။ ဒီတော့ တစ်ယောက်ယောက်က လူ့ဇာတိခံ ဘုရားဟုတ်မဟုတ်ကို အတည်ပြုတဲ့အခါ၊ ကျွန်မတို့ရဲ့ သုံးသပ်ချက်ကို သူတို့ရဲ့ အပြင်ပန်း သွင်ပြင်၊ မွေးဖွားတဲ့ မိသားစု၊ အဆင့်အတန်းနဲ့ အာဏာရှိခဲ့လား၊ ဒါမှမဟုတ် တခြားလူတွေရဲ့ ထောက်ခံတာ၊ ငြင်းပယ်တာ ခံခဲ့ရခြင်းရှိမရှိ ဆိုတဲ့အပေါ် မဟုတ်ဘဲ၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားရဲ့ အမှုတော်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုတဲ့ အပေါ် လုံးဝ အခြေခံသင့်တယ်။ ဒါက အဓိက အချက်ပဲ။ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှု ပြုနိုင်သရွေ့၊ အပြင်ပန်းမှာ ဘယ်လိုပဲ သာမန်ဖြစ်ပုံပေါ်ပါစေ၊ သူတို့ ဘယ်လောက်ပဲ ရှုတ်ချ၊ ငြင်းပယ်တာ ခံကောင်းခံရပါစေ၊ သူတို့က သိသိသာသာကို လူ့ဇာတိခံ ဘုရားဖြစ်နေတုန်းပဲ၊ ခရစ်တော်ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့အမှုတော်ကို ဆောင်ရွက်ဖို့ ပေါ်ထွန်းကတည်းက၊ နှုတ်ကပတ်တော် သန်းချီ ဖော်ပြပြီးပြီဖြစ်သလို၊ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ပြပြီးပြီ။ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်၊ ဘုရားအမှုတော် အဆင့်သုံးဆင့်ရဲ့ အတွင်းဇာတ်ကြောင်း၊ ဘုရားရဲ့ လူ့ဇာတိခံခြင်း နက်နဲမှုနဲ့ အမည်နာမတွေ၊ ကျမ်းစာရဲ့ အတွင်းပိုင်း ဇာတ်ကြောင်း၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုတော်က လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ပုံ၊ လူတစ်မျိုးစီရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်တွေ၊ ခရစ်တော်ရဲ့ နိုင်ငံတော်က မြေကြီးပေါ်မှာ တကယ်ဖြစ်လာပုံနဲ့ နောက်ထပ် အများကြီးကို ထုတ်ဖော်ပြပြီးပြီ။ အဲဒါအပြင်၊ လူတွေရဲ့ ဘုရားကို ခုခံတဲ့၊ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား မျိုးစုံကိုလည်း အနန္တတန်ခိုးရှင် ဘုရားက တရားစီရင်ပြီး ဖော်ထုတ်တယ်။ လူတွေကို အပြစ်ကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေခြင်းနဲ့ ကယ်တင်ခြင်း လမ်းကြောင်းကိုလည်း ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့တဲ့ သမ္မာတရားတွေက အရမ်းကို အလျှံပယ်ပါပဲ။ ကျွန်မတို့ အပြည့်အဝ ကယ်တင်ခံရဖို့ လိုအပ်တဲ့ သမ္မာတရား ရှုထောင့်အားလုံးကို သူ ဖော်ပြခဲ့ပြီး၊ ဒီနက်နဲမှုတွေနဲ့ သမ္မာတရားတွေထဲက ဘာကိုမှ အရင်က မကြားဖူးသေးဘူး။ ဘုရားရွေးချယ်ထားသူတွေက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံပြီးပြီဖြစ်သလို၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် တကယ့် သိနားလည်မှုတချို့ ရှိကြတယ်၊ ဘုရားရဲ့ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ရှိတဲ့ စိတ်သဘောထားအပေါ် သိမှတ်မှုရှိကြတယ်၊ တဖြည်းဖြည်း အပြစ်ရဲ့ အချုပ်အနှောင်၊ ကန့်သတ်မှုတွေကနေ လွတ်မြောက်ကြပြီး အတိုင်းအတာ အမျိုးမျိုးထိ သူတို့ရဲ့ အသက်စိတ်သဘောထားတွေ ပြောင်းလဲသွားပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ဖတ်ပြီး နောက်ဆုံးသော ကာလထဲက သူ့အမှုတော်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခြင်းက တစ်ဆင့်ပဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က လူ့ဇာတိခံ ဘုရား၊ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဆိုတာ ကျွန်မတို့ သိလာတာပါ။”

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေနဲ့ မူယုရဲ့ မိတ်သဟာယက ဉာဏ်အလင်းရစရာ ဖြစ်ခဲ့တယ်။ တစ်ယောက်ယောက်က လူ့ဇာတိခံ ဘုရားလားဆိုတာ ပိုင်းဖြတ်ဖို့ အဓိကအချက်က သမ္မာတရားကို ဖော်ပြနိုင်ခြင်း ရှိမရှိ၊ ကယ်တင်ခြင်း အမှုကို လုပ်နိုင်ခြင်း ရှိမရှိနဲ့ ဘုရားရဲ့ စိတ်သဘောထား၊ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ဖော်ပြနိုင်ခြင်း ရှိမရှိပေါ် တည်မှီတာ တွေ့ရတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ကို လူ့ဇာတိခံ ဘုရား၊ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ၊ မဟုတ်ရင်၊ တခြားဘယ်သူက ကွယ်ဝှက်ထားတဲ့ နက်နဲမှုတွေနဲ့ သမ္မာတရားကို ထုတ်ဖော်ပြဖို့ စာစောင်နဲ့ တံဆိပ်ခုနှစ်ခုကို ဖွင့်နိုင်မှာလဲ။ ဘုရားအပြင်၊ ဘယ်သူက အပြစ်ရဲ့ အချုပ်အနှောင်တွေကနေ လွတ်စေရင်း လူသားမျိုးနွယ်ကို ကယ်တင်နိုင်မှာလဲ။

မူယုက ဆက်ပြောတယ်။ “ဒီပေါ်ထွန်းခြင်းမှာ၊ ဘုရားက သူ့ရဲ့ ကြွရောက်ခြင်းကို ဆာငတ်ပြီး သူ့အသံကြားနိုင်သူတွေကို ပိုင်းခြားဖို့ သူ့နှုတ်ကပတ်တော်တွေကို အဓိက ဖော်ပြနေတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဘုရားရဲ့ သိုးဖြစ်ကြသူအားလုံးက သမ္မာတရားကို တောင့်တပြီး ဘုရားကို ကြောက်ရွံ့မှုရှိကြတယ်။ သခင် ပြန်ကြွလာပြီလို့ တစ်ယောက်ယောက် ပြောတာကြားတဲ့အခါ မှန်တဲ့ လမ်းခရီးကို ရှာဖွေပြီး စုံစမ်းကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ ဘုရားရဲ့ အသံကို သတိပြုမိကြတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီး ကယ်တင်ခံရခြင်း အခွင့်ရှိကြတယ်။ ဘုရားရဲ့ သုံး မဟုတ်သူအားလုံးကတော့ ဘာသာရေး အယူအဆတွေကို ခေါင်းမာမာ ဖက်တွယ်ကြတယ်၊ ဘုရားရဲ့ အသံကို နားထောင်ဖို့ ငြင်းပြီး နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ အမှုတော်ကိုတောင် ဝေဖန်၊ ရှုတ်ချကြတယ်။ နောက်ဆုံးမှာ သူတို့နဲ့တန်တဲ့ အပြစ်ပေးတာ ခံရမယ်။ ဒါကြောင့် နောက်ဆုံးသောကာလမှာ ဘုရားက လူတိုင်းကို အမျိုးအစားအလိုက် ခွဲခြားရင်းနဲ့ ကောင်းတဲ့လူကို ဆုပေးပြီး မကောင်းတဲ့လူကို အပြစ်ပေးရင်း၊ လူတစ်မျိုးစီတိုင်းကို ထုတ်ဖော်ပြဖို့ သူ့နှုတ်ကပတ်တော်တွေကို သုံးတယ်။ ဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို အပြည့်အဝ ထင်ရှားစေတယ်”တဲ့။

ဒါကိုကြားတော့၊ ကျွန်မ ငုံ့ပြီး မျက်ရည်တွေက မျက်နှာမှာ စီးကျလာတယ်။ ဘုရားကို ကျွန်မ တကယ်ခုခံခဲ့ပြီမှန်း သိလိုက်တယ်။ သခင်ပြန်ကြွလာပြီလို့ လူတွေ သက်သေခံခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်တော့၊ ကျွန်မက မရှာဖွေ၊ မစုံစမ်းခဲ့ဘဲ၊ သင်းအုပ်နဲ့ အကြီးအကဲတွေကို ကြောင်းကျိုးမမြင်ဘဲ နာခံခဲ့တယ်၊ အလိမ်အညာတွေ ဖြန့်ပြီး ယုံကြည်သူတွေကို မှန်တဲ့လမ်းခရီး စုံစမ်းရာကနေ တားဆီးဖို့ ခြိမ်းခြောက်နေမိခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ စကားမပြောနိုင်တဲ့အထိ ချောင်းဆိုး၊ နေမကောင်းဖြစ်ပြီး၊ ညှပ်ရိုးတောင် ကျိုးသွားခဲ့တယ်။ အကြီးအကဲ ဝမ်လည်း ကားတိုက်မှု ဖြစ်ခဲ့တယ်။ ဒီအရာတစ်ခုမှ မတော်တဆသက်သက် မဟုတ်မှန်း ကျွန်မ သိလိုက်တယ်။ အဲဒါတွေက ဘုရားကို ခုခံတဲ့အတွက် အပြစ်ပေးတာ၊ ဒဏ်ခတ်ခံရတာတွေပါပဲ။ ဒါပေမဲ့ ကျွန်မက ထုံထိုင်းပြီး နိုးထဖို့လိုတာ မသိခဲ့ဘူး။ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို အဆက်မပြတ်တောင် ရှုတ်ချပြီး ခုခံခဲ့တယ်။ သခင့်ရဲ့ လမ်းခရီးကို ကျွန်မ စောင့်ရှောက်ပြီး သိုးစုကို ကာကွယ်နေတယ်လို့ ထင်ရင်းနဲ့ပေါ့။ အရမ်းထုံခဲ့တာ။ ကျွန်မရဲ့ အိပ်မက်ထဲမှာတောင် ကျွန်မ အဆက်မပြတ် အသေရေဖျက်ပြီး ခုခံခဲ့တဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက တက်ယတော့ ကျွန်မ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရတဲ့ သခင်ယေရှု တကယ်ဖြစ်မယ်လို့ စိတ်မကူးမိခဲ့ဘူး။ ပြောရက်စရာမရှိအောင် ကျွန်မ မချိတင်ကဲဖြစ်ပြီး နောင်တရမိသလို၊ အရမ်းမျက်ကန်းဖြစ်ပြီး မိုက်မဲခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဘုရားကို သူ့အမှုတော် မသိမှတ်ဘဲ ကျွန်မ ယုံကြည်ခဲ့မိသလို၊ ဘုရားကို ခုခံပြီး ယုံကြည်သူတွေကို မှန်တဲ့ လမ်းခရီးကို စုံစမ်းရာကနေ တားဆီးရာမှာ အကြီးအကဲတွေနောက်တောင် လိုက်ခဲ့မိတယ်။ ကျွန်မရဲ့ အပြုအမူအရ၊ ဘုရားရဲ့ အပြစ်ပေးတာ တကယ် ခံထိုက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အပြစ်တွေအရ ဘုရားက ကျွန်မပေါ် မစီရင်ခဲ့သလို၊ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ကျွန်မ လက်ခံစေဖို့ ကျွန်မရဲ့ ထုံထိုင်း၊ ခေါင်းမာတဲ့ စိတ်နှလုံးကို တဖြည်းဖြည်းနဲ့ နိုးထပြီး ထိုးထွင်းအမြင် ရခွင့်ပေးဖို့ ကျွန်မကြားအောင် သူ့နှုတ်ကပတ်တော် ဓမ္မတေးတွေ အကြိမ်ကြိမ် ဖွင့်ပြတဲ့ ကျွန်မအမေနဲ့ သမ္မာတရားအပေါ် မူယုရဲ့ မိတ်သဟာယကိုတောင် အသုံးပြုခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူ့ရဲ့ ကရုဏာနဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။

အဲဒီနောက်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ဆာငတ်စွာနဲ့ ကျွန်မ ဖတ်တယ်။ သူ့စကားတွေကတစ်ဆင့် မတူတဲ့ ခေတ်တွေထဲက ဘုရားနာမအသီးသီးရဲ့ အဓိပ္ပာယ်၊ ကျမ်းစာရဲ့ အတွင်းပိုင်း ဇာတ်ကြောင်းနဲ့ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေခဲ့ပုံနဲ့ ကျွန်မတို့ကို ဘုရားကယ်တင်ပုံတွေကို သိခဲ့ရတယ်။ လူတွေရဲ့ ဆိုးယုတ်တဲ့ သဘာဝက ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်ခြင်းနဲ့ ဘုရားကို ခုခံခြင်း အကြောင်းရင်းမြစ်ဖြစ်မှန်းလည်း သိလာခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဖောက်ပြန်ပျက်စီးခြင်း ဖယ်ရှားပြီး ကယ်တင်ခြင်းရဖို့ ကြိုးစားပုံကို သိခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေနဲ့ အမှုတော်က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို လုံးဝ ပြည့်စုံစေမှန်း တွေ့ခဲ့ရတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက ကျွန်မရဲ့ ရှုပ်ထွေးမှုနဲ့ မမှန်တဲ့ အယူအဆတွေ အများကြီးကို ဖြေရှင်းခဲ့ပြီး၊ ဒါတွေက ဘုရားရဲ့ ကိုယ်တိုင် မိန့်မြွက်ချက်တွေမှန်း ကျွန်မ လုံးဝ သေချာလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့တဲ့ သခင်ယေရှုပဲ။ နှစ်ချီ ပျောက်နေခဲ့ပြီး နောက်ဆုံးမှာ သူ့မိခင်နဲ့ ပြန်ပေါင်းစည်းမိတဲ့ ကလေးလို ကျွန်မ ခံစားရတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ပွေ့ပိုက်ပြီး မျက်ရည်မကျဘဲ မနေနိုင်ခဲ့ဘူး။ အရမ်းမျက်ကန်းဖြစ်ခဲ့ပြီး ဘုရားကို သတိမပြုမိခဲ့ခြင်းအတွက်၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို မဆင်မခြင် ခုခံ၊ ရှုတ်ချမိခဲ့ပြီး စစ်မှန်တဲ့ လမ်းခရီးကို ရှာဖွေ၊ စုံစမ်းတဲ့ ယုံကြည်သူတွေအဖို့ အတားအဆီး ဖြစ်လာခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိပါတယ်။ ကျွန်မက ပုန်ကန်သူ၊ ဘုရားရဲ့ ရန်သူ ဖြစ်လာခဲ့မိပြီ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ အရမ်း နောင်တရပြီး၊ ဖြစ်နိုင်သမျှ မြန်မြန် ဧဝံဂေလိကို စဖြန့်ဖို့၊ ကျွန်မ လှည့်ဖြားခဲ့ပြီး ဟန့်တားခဲ့သူတွေကို သိုးစုဆီ ပြန်ခေါ်ဖို့နဲ့ ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကျွန်မရဲ့ အတိတ်က အပြစ်တွေကို ဖာထေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်မှာ၊ ဧဝံဂေလိ ဖြန့်တဲ့ အဖွဲ့တွေကို ကျွန်မ ပူးပေါင်းလိုက်တယ်။ ဧဝံဂေလိ ဖြန့်နေတုန်းမှာ၊ ကျမ်းစာရဲ့ တိုက်ရိုက် စကားလုံးတွေကို ကျွန်မ ဖက်တွယ်ပြီး ဘုရားကို ခုခံရာမှာ မကောင်းမှု လုပ်လေ့ရှိခဲ့ပုံကို လူတွေဆီ ကျွန်မ မကြာခဏ ပြောပြတယ်။ ကျွန်မရဲ့ အတိတ်ကျရှုံးမှုတွေကနေ သင်ခန်းစာယူဖို့ သူတို့ကို ပြောပြပြီး၊ ဘုရားအသံကို သူတို့ ကြားနိုင်အောင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေကို ဝေမျှခဲ့တယ်။ ပိုပိုများတဲ့ လူတွေက ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံကြတာ မြင်တော့၊ ကျွန်မ အရမ်းပျော်တယ်၊ စိတ်ချလက်ချဖြစ်ပြီး အေးချမ်းတယ်။

ဘုရားကို ခုခံခြင်းကနေ ဘုရားနှုတ်ကပတ်တော်နဲ့ သိမ်းပိုက်ခံရခြင်းအထိ ကျွန်မ ခရီးနှင်ခဲ့တဲ့ လမ်းကို ပြန်ကြည့်တော့၊ ကျွန်မရဲ့ ဖြစ်စဉ်အပေါ် ဘုရားရဲ့ အပတ်တကုတ် အားထုတ်မှုတွေ မြင်ခဲ့တယ်။ ကျွန်မ ဘယ်လိုပုန်ကန်တတ်ခဲ့ပါစေ၊ ဘုရားက ကျွန်မကို မစွန့်ပစ်ခဲ့သလို၊ သူ့အသံတော်ကို ကြားပြီး သူ့ကို ကြိုဆိုခွင့်တောင် ပေးခဲ့တယ်။ ဒါက ကျွန်မအတွက် ဘုရားရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်တော်အစစ်အမှန်နဲ့ အတုအယောင်တွေကို ကျွန်မ အခု ခွဲခြားတတ်ပါပြီ

ကင်ရှင်း တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို...

ဖွင့်ထားသော စာစောင်ကို ကျွန်ုပ် တွေ့ခဲ့ရပြီ

သခင့်ကို ကျွန်တော် လက်ခံခဲ့တုန်းက အရာအားလုံးက ဘယ်ကနေလာတယ်ဆိုတာနဲ့ လူရဲ့ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို သမ္မာကျမ်းစာကတစ်ဆင့် ကျွန်တော်...

ဘုရားသခင်နာမတော်တို့၏ နက်နဲမှု

“ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။