ဘုရားသခင်၏ အသံကို နောက်ဆုံးတွင် ကျွန်ုပ်ကြားရပြီ

12.03.2023

ဒါဝိဒ် ဗင်နီဇွဲလားနိုင်ငံ

ကျွန်တော် ငယ်ရွယ်တုန်းက အလုပ်အမျိုးမျိုး လုပ်ခဲ့တယ်။ ကျွန်တော် ဗင်နီဇွဲလားနိုင်ငံ၊ ဆူကရီပြည်နယ် အစိုးရအတွက် လုပ်ခလစာ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ လုပ်ခလစာ ပြဿနာတွေနဲ့ လူအတော်များများရဲ့ တောင်းဆိုချက်တွေကို နေ့တိုင်း ကျွန်တော် ကိုင်တွယ်ရတယ်။ ဥပဒေပြုကောင်စီမှာလည်း လူ့စွမ်းအားအရင်း အမြစ်အရာရှိ ဖြစ်ခဲ့ပြီး အရွယ်ရောက်သူတွေအတွက် ညကျောင်းတစ်ခုမှာ ကွန်ပြူတာအတန်းတစ်ခု အချိန်တစ်ခုကြာ သင်ကြားပေးခဲ့တယ်။ ကျွန်တော့်ရာထူးအားလုံးမှာ တူညီတဲ့အရာတစ်ခု ရှိတယ်။ လူအများကြီးနဲ့ တိုက်ရိုက် ဆက်ဆံရတာပဲ။ နေ့တိုင်း အလုပ်ကို အာရုံစိုက်ရပြီး၊ အတော်အလုပ်များခဲ့ပေမဲ့၊ ကျွန်တော့်ဘဝက အမြဲ အေးချမ်းခဲ့တယ်။ မမျှော်လင့်ဘဲ ကပ်ရောဂါဖြစ်တော့၊ တခြားလူတွေနဲ့ အဆက်အဆံ မလုပ်နိုင်ခဲ့သလို၊ ကျွန်တော့်ဝင်ငွေက အစားအသောက် ကုန်ကျစရိတ် ထက်ဝက်ကိုတောင် မကာမိနိုင်ခဲ့ဘူး။ ကျွန်တော့်ဘဝက အကျပ်အတည်း ဆိုက်သွားတယ်။ အစားအစာဝယ်ဖို့ တန်းစီရပ်ဖို့ လိုသလို ဂက်စ်ဝယ်ဖို့ သုံးရက်တန်းစီခဲ့ရတယ်။ အဲဒီတုန်းက နှစ်သိမ့်မှုရဖို့ သခင့်နှုတ်ကပတ်တော်တွေကို အာရုံပြုတယ်။ ကျွန်တော့်အိမ်နီးချင်းကလည်း ယုံကြည်သူဖြစ်ပြီး၊ ကျွန်တော်တို့ အချင်းချင်း ဆုံကြတဲ့အခါတိုင်း ဒီကပ်ဘေးအားလုံးကို ကျမ်းစာထဲမှာ ပရောဖက်ပြုထားပြီး၊ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်မှုနဲ့၊ ဖောက်ပြန်ပျက်စီးခြင်းတွေက ဒီရုတ်တရက်ဖြစ်တဲ့ ကပ်ဘေးတွေရဲ့ ရင်းမြစ်ဖြစ်ပုံအကြောင်းကို ဆွေးနွေးဖြစ်ကြတယ်။ ကျွန်တော်တို့က နောက်ဆုံးသောကာလမှာရှိပြီး၊ သခင်ယေရှုက ဒီကာလမှာ တရားစီရင်ဖို့ ပြန်ကြွလာမှာကို ကျမ်းစာက ပရောဖက်ပြုထားတယ်။ ဒါကြောင့် သူ့ရဲ့ ကွယ်ကာမှုနဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ဘုရားဘက်ကို ကျွန်တော်တို့ ပြန်သွားရမယ်။ လမ်းပြမှုနဲ့ ဉာဏ်ပညာတို့ပေးဖို့ ဘုရားဆီ နေ့တိုင်းဆုတောင်းတယ်။ ဘုရားကို ကျွန်တော် သိချင်မိသလို သူ့ကို ရှာတွေ့ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဘုရားနှုတ်ကပတ်တော်က နှစ်သိမ့်မှု ရှာတွေ့နိုင်ဖို့၊ အပြစ်လုပ်တာရပ်ပြီး၊ ဘုရားကို ဝမ်းမြောက်မှု ယူဆောင်ပေးသူတစ်ယောက်ဖြစ်လာလို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လို့ပဲ။ ဒါကြောင့် ကျမ်းစာကိုဖွင့်ပြီး ကျွန်တော့်ကို ဉာဏ်အလင်းပေးဖို့ ဘုရားကိုတောင်းလျှောက်ခဲ့တယ်။ ဆာလံကျမ်းနဲ့ သုတ္တံကျမ်းအပြင် သခင်ယေရှုရဲ့ တောင်ပေါ်ဒေသနာကို ကျွန်တော် ဖတ်ခဲ့ပေမဲ့ ကျွန်တော် လျှောက်ရမဲ့ လမ်းကြောင်းကို ရှာမတွေ့သေးဘူး။ ကျွန်တော် လမ်းပျောက်သလို တကယ်ခံစားရပြီး ငွေရေးကြေးရေး ပြဿနာတွေက ပိုပိုပြီး ကြီးလာတယ်။ ကျွန်တော့်ဘဝက အကျပ်အတည်းနဲ့ ကြုံခဲ့ရပြီး မိသားစုအတွက် မထောက်ပံ့နိုင်ခဲ့ပါဘူး။ ကျွန်တော့်သမီးလေးမှာ လိုအပ်တာတွေရှိတဲ့အခါ၊ သူ့ကို မကူညီနိုင်ခဲ့ဘူး။ တကယ် ဝမ်းနည်းမိသလို၊ ကျွန်တော် လုပ်နိုင်သမျှက ဒီအခက်အခဲတွေက ခဏတာပါဆိုပြီး နှစ်သိမ့်ပေးတာပဲ တတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တောင် အဲဒါကို ယုံတာမဟုတ်ဘူး။ ကျွန်တာ့်စိတ်နှလုံးကို ဝမ်းနည်းမှုက လွှမ်းမိုးသွားတယ်။ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ ဒီနိုင်ငံကထွက်ပြီး နောက်ထပ်အဖြေရှာဖို့ တခြားနိုင်ငံမှာ အခြေချချင်ပေမဲ့ ကပ်ရောဂါကြောင့် လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး၊ ပတ်စ်ပို့ကို မရနိုင်ခဲ့ဘူး။ ကျွန်တော့်အတွက် အရာရာက ပိုပိုပြီး ခက်ခဲလာခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်တော့်မိန်းမက ကျွန်တော်နဲ့ မနေချင်တော့ဘူးလို့ ပြောတယ်။ ဒါက ကျွန်တော့်ခံနိုင်ရည်တွေကို ရိုက်ချိုးပစ်လိုက်တာ။ ပြိုလဲတော့မလို၊ ဘဝက အဓိပ္ပာယ်မရှိတော့သလို ခံစားရတယ်။ ကျွန်တော် ဆေးကုသမှုခံဖို့ လိုလောက်အောင် စိတ်ဓာတ်ကျလာတယ်။ စိတ်ဒဏ်ရာတွေနဲ့။ မျက်ရည်နဲ့ မကြာခဏ မျက်နှာသစ်ခဲ့ရပြီး အိပ်မရတဲ့ ညတွေအများကြီးပဲ။ နည်းနည်း ငြိမ်သက်ခြင်းရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ဘုရားဆီဆုတောင်းတာပဲ။

ဒီလိုနဲ့ တစ်နေ့မှာ၊ WhatsApp မှာ စာတိုတစ်ခု ရတယ်။ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်ကို နားထောင်ဖို့ ခရစ်ယာန်သင်တန်းတစ်ခုကို ဖိတ်သလို အဲဒါကို လေ့လာချင်လားလို့ မေးတယ်။ ကျွန်တော် လေ့လာချင်တယ်လို့ ပြောတော့ သူက ကျွန်တော့်ကို လေ့လာတဲ့အဖွဲ့ထဲ ထည့်ပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားခွင့်ရတော့၊ ဒါက ကျွန်တော့် ဆုတောင်းချက်တွေအတွက် ဘုရားရဲ့ အဖြေပဲလို့ ခံစားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဩဇာအာဏာရှိတဲ့ မိန့်မြွက်ချက်တွေရဲ့ ဆွဲဆောင်တာ ခံခဲ့ရပြီး၊ ဒီစကားတွေက ကျွန်တော့်မှာရှိခဲ့တဲ့ သံသယနဲ့ အယူအဆအများကြီးကို ဖြေရှင်းပေးခဲ့တယ်။ ဘုရားက ပြန်ကြွလာနှင့်ပြီးသားဖြစ်ပြီး အမှုသစ်ပြုနေမှန်း ကျွန်တော် သိလိုက်ရတယ်။ ဒါက ကျွန်တော့်အပေါ် သက်ရောက်မှု ကြီးမားခဲ့တယ်။ အံ့ဩမှု၊ ဝမ်းမြောက်ခြင်းနဲ့ သိလိုစိတ်ပြင်းပြမှုကြားမှာ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ သူ့ရဲ့ အမှုတော် အဆင့်သုံးဆင့်အကြောင်း၊ သူက ခေတ်အသီးသီးမှာ မတူညီတဲ့ နာမ (ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်)ကို ခံယူကြောင်းနဲ့ ခေတ်အသီးသီးထဲက သူပြုတဲ့ အမှုတော်ရဲ့အဓိပ္ပာယ်ကို သင်ယူခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက စွဲဆောင်နိုင်စွမ်းရှိတယ်။ အရမ်းဝမ်းသာမိတယ်။ သမ္မာတရားတွေကို ပိုသင်ယူချင်ခဲ့ပြီး အဲဒါတွေကို တခြားလူတွေဆီ ဝေမျှချင်ခဲ့တယ်။ ဒါကြောင့် အိမ်နီးချင်းတွေကို ပျော်ရွှင်စွာနဲ့ သခင်ယေရှု ပြန်လာပြီဆိုပြီး ဧဝံဂေလိ ဝေမျှခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိ ကြားတဲ့ ယုံကြည်သူတိုင်း ဝမ်းမြောက်မယ်၊ သမ္မာတရားကို ရှာပြီး ဧဝံဂေလိကို ဝမ်းသာအားရ လက်ခံကြမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဆန့်ကျင်ဖက် အတိအကျ ဖြစ်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို မေးတယ်။ “ဒီအရာတစ်ခုမှ ကျမ်းစာထဲမှာ မရှိဘူး။ ဒါကို ဘယ်က ရတာလဲ”တဲ့။ သူတို့ကို ပြောလိုက်တယ်။ “အဲဒါကို အွန်လိုင်း လေ့လာရေးအဖွဲ့ကနေ သင်ခဲ့တာဖြစ်ပြီး၊ စလေ့လာတုန်းပဲရှိသေးလို့၊ ကျွန်တော့် အသိပညာက နည်းပါတယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်တော့်ကို တကယ် ဆွဲဆောင်တယ်” လို့ပေါ့။ ကျွန်တော်ကို သတိထားဖို့နဲ့ နောက်ဆုံးသော ကာလမှာ အယောင်ဆောင် ခရစ်တော် အများကြီး ပေါ်လာမယ်လို့ သူတို့ပြောတယ်။ အဲဒီနောက် ကျမ်းစာနှစ်ပိုဒ် ပို့ပေးကြတယ်။ “ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည်။ သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ။(ရှင်မာကု ၁၃:၂၁-၂၃) ကျွန်တော်က မမှန်ကန်တဲ့ ဘာသာကို လေ့လာနေမိတာဖြစ်ပြီး၊ ၂၁ ရာစုရဲ့ နှစ်ပညာဆိုင်ရာ တိုးတက်တဲ့ လောကကြီးမှာ သခင်ယေရှု ပြန်ကြွလာခဲ့ရင်၊ ကမ္ဘာတစ်ဝှမ်းလုံးကို လှုပ်ခတ်မဲ့ နိမိတ်လက္ခဏာကြီးတစ်ခု သူ မုချ ပြသမှာဖြစ်ပေမဲ့ အဲဒီလိုအရာတစ်ခုမှ မဖြစ်သေးဘူးလို့ သူတို့ ပြောကြတယ်။ ပြီးတော့ သခင်ယေရှုက မပေါ်ထွန်းသေးသလို၊ နာမကျန်းသူကို မကျန်းမာစေဘူး၊ သေသူကို မရှင်ပြန်စေသေးဘူး စသဖြင့်ပေါ့။ ဒီတော့ အဲဒါက သခင် ပြန်မလာသေးဘူး ဆိုတဲ့သဘောပဲ။ သူတို့ အဲဒီလိုပြောတာ ကြားရတော့၊ ကျွန်တော့်စိတ်နှလုံးက သံသယနဲ့ ပြည့်သွားတယ်။ သခင်ယေရှုကို သစ္စာဖောက်မိမှာ စိုးခဲ့တယ်။ လှည့်ဖြားခံရပြီး အယောင်ဆောင် ခရစ်တော်နောက်လိုက်နေမိမှာ စိုးရိမ်ခဲ့တယ်။ အဲဒီတုန်းက သခင်ယေရှုဟာ မိုးတိမ်စီး ကြွလာပြီး၊ လူအသီးသီးကို သူတို့ အပြစ်တွေအတိုင်း တရားစီရင်ရင်းနဲ့ ကြီးမားတဲ့ ပလ္လင်ဖြူပေါ်မှာ ထိုင်မယ်လို့ ကျွန်တော် ယုံကြည်လက်ခံမိနေတုန်းပဲ ဆိုပေမဲ့၊ ဧဝံဂေလိ ဝေမျှသူတွေက ဘုရားဟာ လူ့ဇာတိခံခဲ့ပြီး ကျွန်တော်တို့ အပြစ်တွေကို တရားစီရင်ဖို့ နှုတ်ကပတ်တော်တွေ မိန့်မြွက်နေတယ်တဲ့။ ဒီအရာအားလုံးက ကျွန်တော့်အတွက် စိတ်ထဲမှာ ဒွိဟဖန်တီးပေးသလို၊ ပိုလို့တောင် မသက်မသာ ဖြစ်စေခဲ့တယ်။ ညနေခင်း ဒေသနာကို ကျွန်တော် တကယ် စောင့်စားမျှော်လင့်မိပြီး၊ ဒါကို ဆက်စုံစမ်းချင်မိသလို ခံစားရပေမဲ့၊ ကျွန်တော့် အိမ်နီးချင်းပြောတဲ့အရာက ကျွန်တော့်စိတ်နှလုံးကို ထွင်းဖောက်သွားလို့၊ သတိထားနေမိခဲ့တယ်။ တရားဒေသနာစတော့၊ အဖွဲ့က ထွက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

WhatsApp မှာ အဖွဲ့က ထွက်ဖို့အတွက် အကြောင်းရင်းနဲ့ ပတ်သက်လို့ ကျွန်တော် စာရေးခဲ့တယ်။ ကျွန်တော့် ပူပန်မှုတွေ၊ အယောင်ဆောင် ခရစ်တော်ရဲ့ လှည့်ဖြားတာ ခံရမှာ စိုးရိမ်တာတွေ ရှင်းပြရင်းနဲ့ ကျွန်တော့် အိမ်နီးချင်း ပို့ခဲ့တဲ့ ကျမ်းချက်နဲ့ နှိဂုံးချုပ်လိုက်တယ်။ စာပို့ပြီး အဖွဲ့က ထွက်တော့မဲ့ဆဲဆဲမှာပဲ၊ ကျွန်တော့် ဖုန်းမှာ အားမရှိတဲ့ သတိပေးချက် ရုတ်တရက်ရပြီး ဖုန်းက ပိတ်သွားတယ်။ ကျွန်တော် စုဝေးပွဲတွေမတိုင်ခင် အမြဲဖုန်းအားသွင်းနေကျဆိုတော့ အံ့ဩသွားတယ်။ ဒီတော့ ဘာလို့ ဘက်ထရီက ရုတ်တရက် သေသွားရတာလဲပေါ့။ ဒါပေမဲ့ ကျွန်တော့် စိတ်က ဖန်တီးမိနေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ ခရစ်တော် ပြန်ကြွလာခဲ့ပြီဆိုရင် ဘယ်လိုဖြစ်ပြီး ကြီးမားတဲ့ အံ့ဖွယ်ရာတွေ မရှိရတာလဲပေါ့။ ဖုန်းကို ပြန်အားသွင်းလိုက်ပြီး၊ အားအနိမ့်ဆုံးရှိတဲ့အခါ စာပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘက်ထရီက ၅% ဖြစ်နေချိန်မှာ၊ ဖုန်းကို ဖွင့်လိုက်ပြီး၊ အဖွဲ့ထဲကို ပို့ထားတဲ့ ကျမ်းချက်တချို့ကို တွေ့လိုက်ရတယ်။ အဲဒါတွေကို သိလိုစိတ်နဲ့ ဖတ်မိတယ်။ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ညီအစ်ကို မောင်နှမတွေက မိတ်သဟာယပြုကြတယ်၊ “သခင်ပြန်ကြွလာတဲ့အခါ၊ တံခါးကို ခေါက်မှာဖြစ်ပြီး၊ သူ့စကားတွေနဲ့ သူ့သိုးတွေကို ခေါ်မယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ တွေ့နိုင်တယ်။ ကျွန်တော်တို့ သခင့်ကို ကြိုဆိုနိုင်ခြင်းရှိမရှိက သူ့အသံတော်ကို ကြားခြင်းရှိမရှိဆိုတဲ့အပေါ် အများဆုံး မူတည်တယ်။ တံခါးကို ဖွင့်ပြီး သူ့ကို ကြိုဆိုဖို့နဲ့ သူနဲ့အတူ စားသောက်ဖို့ သခင့်အသံကို ကျွန်တော်တို့ ကြားနိုင်ရမယ်။ ဒီတော့ သခင်ပြန်ကြွလာပြီလို့ တစ်ယောက်ယောက် သက်သေခံတာကြားရင်၊ တံခါးမပိတ်၊ လှည့်စားခံမှာ မကြောက်ဘဲ၊ ပညာရှိ သတို့သမီး ဖြစ်ပါစေ- သခင့်အသံကို နားထောင်တာကို အာရုံစိုက်တာက အဓိက သော့ချက်ပဲ”တဲ့။ အဲဒီနောက် ညီအစ်မတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ပို့ထားတာ တွေ့ရတယ်။ “မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ တခြားလူတွေရဲ့ မိတ်သဟာယကြောင့် ကျွန်တော် ဆွံ့အသွားတယ်။ အဲဒါတွေက ကျွန်တော်လိုချင်နေခဲ့တဲ့ အဖြေတွေအားလုံး ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ ဒါလုံးဝ မှန်တယ်။ ဘုရားက အမြဲ သစ်လွင်တယ်၊ လုံးဝ မအိုဟောင်းသလို၊ အမှုသစ်ကို သူ အမြဲ လုပ်တယ်။ သူ့ရဲ့ အမှုဟောင်းကို ထပ်လုပ်မှာ မဟုတ်ဘူး။ သခင်ယေရှုက ပညတ်တော်ခေတ်ရဲ့ အမှုကို ထပ်မလုပ်ခဲ့ဘူး။ ဒါကြောင့် ဘုရား သူ ပြန်လာတဲ့အခါ ကျေးဇူးတော်ခေတ်လို အလားတူ အမှုကို ဘာလို့ ပြုမှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က အခု ပြန်ကြွလာပြီး၊ ခေတ်သစ်ကို အစပြုနေသလို၊ သူဟာ နိုင်ငံတော်ခေတ်ရဲ့ အမှုသစ်ကို ပြုနေတယ်။ ဒီအမှုကို အရင်က မလုပ်ဖူးဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က သတိတောင်ပေးထားတယ်။ “မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။” ဝိညာဉ်ဆိုးတွေကပဲ ဘုရားရဲ့ အတိတ်က အမှုကို အတုခိုးကြပြီး၊ လူတွေကို လမ်းလွဲစေဖို့ ဘုရားက နိမိတ်လက္ခဏာတွေ လုပ်နေသလို ဟန်ဆောင်တယ်။ ဒါကျွန်တော့်အတွက် တကယ် အသိဉာဏ်ပွင့်လင်းစရာ ဖြစ်ခဲ့တယ်။ အယောင်ဆောင် ခရစ်တော်ကို သိမြင်ရမဲ့ပုံနဲ့ နိုင်ငံတော်ခေတ်မှာ ဘုရားက နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို မပြလဲဆိုတဲ့ တကယ့် အကြောင်းပြချက်ကို သင်ယူခဲ့ရတယ်။ နောက်ဆုံးသော ကာလမှာ၊ လူကို သူ့နိုင်ငံတော်ထဲ ဦးဆောင်ရင်း၊ ဘုရားက သမ္မာတရားတွေကို ဖော်ပြခြင်းအားဖြင့် လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်ပြီး ကယ်တင်တဲ့အမှုကို ဆောင်ရွက်တယ်။ အဲဒါကို နားလည်လိုက်တာနဲ့၊ စုဝေးပွဲတွေကို ကျွန်တော် ဆက်တက်ခဲ့တယ်။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ရတယ်။ “ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က ‘ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။’ သို့မဟုတ် ‘ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။’ ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) နောက်ဆုံးသော ကာလမှာ ခရစ်တော်ရဲ့ ပေါ်ထွန်းခြင်းကို မဆင်မခြင် မငြင်းပယ်ဘဲ၊ ဘုရားရဲ့ ပြန်ကြွလာခြင်းနဲ့ စပ်လျဉ်းပြီး ပညာရှိ သတို့သမီးတွေလိုပဲ ဖြစ်ရမယ်ဆိုတာ နားလည်မိတယ်။ နောက်ဆုံးသော ကာလမှာ အယောင်ဆောင် ခရစ်တော်တွေ ပေါ်ထွန်မှာကြောင့်ပဲ ဘုရားရဲ့ အမှုသစ်နဲ့ သူ ပြောတဲ့ စကားတွေကို ကျွန်တော်တို့ ကြောင်းကျိုးမမြင် ငြင်းပယ်ပြီး ရှုတ်ချလို့ရတယ်လို့ မဆိုလိုပါဘူး။ ဘုရားရဲ့ အသံကို နားထောင်ဖို့နဲ့ နှိမ့်ချစွာ ရှာဖွေတဲ့ သဘောထားနဲ့ ဘုရားရဲ့ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ သင်ယူဖို့ လိုတယ်။ အဲဒါက ဘုရားရဲ့ အသံကိုကြားပြီး သခင့်ကို ကြိုဆိုဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ မဟုတ်ရင်၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ ဆုံးရှုံးမှာ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ။ “အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။” ကျွန်တော့် အိမ်နီးချင်းက ဝေမျှတဲ့ မမှန်ကန်တဲ့ အမြင်တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို မစုံစမ်းအောင် ကျွန်တော့်ကို တားဆီးတဲ့အချိန်မှာ ကျွန်တော် လက်ခံရာမှာ မဆင်မခြင်ဖြစ်ခဲ့တာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ပိုနက်ရှိုင်းတဲ့ သိနားလည်မှုရဖို့၊ ဒါမှမဟုတ် ကျွန်တော့်မေးခွန်းတွေကို ဖြေပေးဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက တခြားလူတွေကို ရှာဖို့ ကျွန်တော် မကြိုးစားခဲ့ဘူး။ အဖွဲ့ကို စွန့်ပြီး စစ်မှန်တဲ့ လမ်းခရီးကို စစ်ဆေးတာ ရပ်လိုက်ဖို့ စိတ်လိုက်မာန်ပါပဲ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်လိုက်မာန်ပါဖြစ်ခြင်းက ဘုရားရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့တယ်။ အဲဒီနောက် ကျွန်‌တော် သိသွားတယ်။ မရှင်းလင်းတာတွေ၊ သံသယတွေနဲ့ ရင်ဆိုင်ရာမှာ စိတ်လိုက်မာန်ပါဖြစ်တာကို မလွန်ဆန်နိုင်အောင် ဖြစ်လို့မရဘူး၊ မဆင်မခြင် ဝေဖန်လို့မရသလို သတိထားရမယ်၊ တစ်ချိန်လုံး ဘုရားဆီ ဆုတောင်းပြီး သမ္မာတရား ရှာရမယ်ဆိုတာပေါ့။ ဘုရားရဲ့ လမ်းပြမှုကတစ်ဆင့် ဘုရားရဲ့ အသံကို သတိပြုမိနိုင်ပြီး၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်အောင်လို့ ဘုရားနှုတ်ကပတ်တော်ကို လေးစားမှုနဲ့ ဆက်ဆံပြီး နှိမ့်ချစွာ ရှာဖွေရမယ်။ နေ့တိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တာက ကျမ်းစာအပေါ် ပိုနက်ရှိုင်းတဲ့ သိနားလည်မှု ပေးခဲ့လို့၊ ဒါဟာ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဖြစ်မှန်း ကျွန်တော် သေချာလာခဲ့ပြီး၊ တုံ့ဆိုင်းခြင်းမရှိဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် လက်ခံခဲ့တယ်။

တစ်နေ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ရတယ်။ “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။ ဤပုံစံဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းသည့်အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းအားဖြင့် ဖြစ်သည်ကို ပထမဦးစွာ သင် အသိအမှတ် ပြုရမည်ဖြစ်ပြီး၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းရန် ကမ္ဘာမြေသို့ သူ ကြွလာသည်မှာ နောက်ဆုံးသော ကာလအတွင်းတွင် ဖြစ်သည်ကို သင် အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်တွင် မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင် ခရစ်တော်ကို ခွဲခြားဖို့ သွင်ပြင်နဲ့ ဝေဖန်လို့မရသလို၊ သူတို့ရဲ့ အနှစ်သာရကို ကြည့်ရမယ်၊ ဆိုလိုတာက သူတို့က ဘုရားရဲ့ အမှုကို လုပ်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့ စိတ်သဘောထားကို ဖော်ပြနိုင်လားဆိုတာ ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ရမယ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ သိရတယ်။ ဘုရားက လူ့ဇာတိခံလာပြီးပြီ၊ သူက သမ္မာတရားကို ဖော်ပြနေပြီး သူ့အမှုကို ပြုနေတယ်။ သူ ထုတ်ဖော်ပြသမျှက ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း ဖြစ်တယ်။ အဲဒါက လုံးဝ ဘုရားရဲ့ စိတ်သဘောထားဖြစ်ပြီး၊ သူပြုတဲ့အမှုက လူတွေကို ကယ်တင်နိုင်တယ်။ ဒါတွေအားလုံးက ဘယ်လူသားမှ မပိုင်ဆိုင်၊ မရရှိနိုင်တဲ့အရာတွေပဲ။ ဒါကြောင့်၊ တစ်ယောက်ယောက်က ခရစ်တော်လားဆိုတာကို ဆုံးဖြတ်ဖို့ အတိကျဆုံး နည်းလမ်းက ဘုရားအမှုတော်ကို လုပ်နိုင်ပြီး ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ စိတ်သဘောထားကို ဖော်ပြနိုင်ခြင်း ရှိမရှိဆိုတာ ကြည့်ဖို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စုံစမ်းစစ်ဆေးပြီး သူ့နှုတ်ကပတ်တော်ကို ဖတ်တဲ့ အချိန်အတောအတွင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် လူသားအတွက် ချစ်ခြင်းမေတ္တာ ထုတ်ဖော်ပြတာ မြင်ရတဲ့အပြင်၊ ဘုရားရဲ့ ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသနဲ့ ဘုန်းအာနုဘော်တော်တို့ကိုလည်း မြင်ခဲ့တယ်။ သူ့နှုတ်ကပတ်တော်တွေက ကျွန်တော်တို့ စိတ်နှလုံးထဲက ဖောက်ပြန်ပျက်စီးခြင်းတွေကို ထက်မြတဲ့ ဓားလို ဖွင့်ထုတ်လိုက်တယ်။ ဘုရားကို ခုခံတတ်တဲ့ ဆိုးယုတ်တဲ့ သဘာဝကို ဖော်ထုတ်ရင်းနဲ့ပေါ့။ သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ အတွင်းဖောက်ပြန်ပျက်စီးခြင်းအပြင်၊ ယုံကြည်ခြင်းမှာ လျှောက်ရမဲ့ လမ်းကြောင်းကို တိုက်ရိုက် မြင်နိုင်တယ်။ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ခြင်းအားဖြင့်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို တဖြည်းဖြည်း ဖြေရှင်းပြီး ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက သမ္မာတရားရဲ့ နက်နဲမှုအများကြီးကို ထုတ်ဖော်ပြပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်အကြောင်း သင်ယူခွင့်ပေးတယ်။ ဒီအရာတွေကို ကျမ်းစာထဲမှာ၊ ဒါမှမဟုတ် ဘယ်ဘာသာတရားမှာမှ မတွေ့နိုင်တယ်။ ဒါတွေက နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်အတွက် ဘုရားက ဖွင့်ပြနေတဲ့ သမ္မာတရားရဲ့ နက်နဲမှုအားလုံးဖြစ်ပြီး၊ လူတွေ မကြားဖူး၊ မမြင်ဖူးတဲ့ အရာတွေ အားလုံးပဲ ဖြစ်တယ်။ ဘုရားကလွဲလို့၊ ဘယ်တခြားလူ၊ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကမှ သမ္မာတရားကို မဖော်ပြနိုင်သလို လူသားမျိုးနွယ်ကို မကယ်တင်နိုင်ဘူး။ လူ့ဇာတိခံ ဘုရားကပဲ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူသားကို တရားစီရင်၊ သန့်စင်တဲ့ အမှုကို ပြုနိုင်သလို၊ လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ကို ဆောင်ကြဉ်းပေးနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်၊ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်း ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်၊ ကမ္ဘာမြေပေါ် လူသားဘဝကို လမ်းပြဖို့ ပညတ်တရား ထုတ်ပြန်ခဲ့တဲ့ ဘုရားသခင်၊ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ဖို့ ကားစင်တင်ခံခဲ့ရတဲ့ ဘုရားဖြစ်ပြီး၊ အဲဒါအပြင် ကျွန်တော်တို့ကို အပြစ်တွေကနေ ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ ပြန်ကြွလာပြီဖြစ်တဲ့ ဘုရားဖြစ်တယ်ဆိုတာကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ အတည်ပြုမိတယ်။ သေချာတာက၊ ဘုရားသခင်ဟာ အစနဲ့ အဆုံးဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ပြန်ကြွလာခြင်း ဖြစ်တယ်ဆိုတာပဲ။ အဲဒီ အယောင်ဆောင် ခရစ်တော်တွေက သမ္မာတရားကို မဖော်ပြနိုင်လို့၊ အနှေးနဲ့အမြန် ပြိုလဲမဲ့ အယောင်ဆောင်တွေဖြစ်တယ်၊ ဘုရားရဲ့အမှုသစ်ကို သူတို့ လုပ်နိုင်စွမ်းမရှိကြသလို၊ ဖောက်ပြန်ပျက်စီးခြင်းကို စွန်ပစ်ပြီး ကယ်တင်ခံရဖို့ လူတွေကို လမ်းမပြနိုင်ကြဘူး။ သူတို့ လုပ်နိုင်သမျှက လူတွေကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးစေဖို့ ဘုရားရဲ့ အတိတ်က အမှုကို အတုခိုးဖို့ပဲ။ အခု၊ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြနေပြီး၊ ဘုရားအိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သူက သန့်စင်နေပြီး ပြောင်းလဲပေးနေသလို၊ လူသားမျိုးနွယ်ကို အပြစ်ကနေ ကယ်တင်နေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက သူဟာ စစ်မှန်တဲ့ ဘုရားရဲ့ ပေါ်ထွန်းခြင်းဖြစ်မှန်း အပြည့်အဝ သက်သေပြတယ်။ အဲဒါ သေချာပါတယ်။

အရင်က၊ ကိုယ့်အယူအဆတွေကို ဖက်တွယ်ခဲ့တယ်။ နောက်ဆုံးသော ကာလမှာ ဘုရားက လူသားရဲ့ အပြစ်တွေက ကောင်းကင်မှာရှိတဲ့ ပလ္လင်ဖြူကြီးဆီကနေ တရားစီရင်မယ်လို့ ထင်ခဲ့ပေမဲ့၊ နောက်တော့ စုဝေးပွဲနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခြင်းကတစ်ဆင့်၊ ကျွန်တော့်ရဲ့ ဒီအယူအဆက ပြုပြင်ခံခဲ့ရတယ်။ အဲဒါ ဘာလို့လဲဆိုတော့ ဘုရားက နောက်ဆုံးသော ကာလမှာ သူ့ရဲ့ တရားစီရင်ခြင်း အမှုကတစ်ဆင့် လူတွေကို သန့်စင်စေပုံကို ကျွန်တော် သင်ယူခဲ့ရလို့ပဲ။ သခင်ယေရှု ပြောခဲ့တာကို တွေ့ရတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) တစ်နေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဒါကို ဖတ်ရတယ်။ “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဘုရားသခင်က သူ့ကိုယ်သူ လူ့ဇာတိခံစေခြင်းအားဖြင့် နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်း အမှုကို ပြုနေပြီး လူသားမျိုးနွယ်ကို ပြောင်းလဲစေပြီး ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြနေမှန်း သင်ယူခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က မာနထောင်လွှားမှု၊ ကောက်ကျစ်မှုနဲ့ ဆိုးယုတ်မှုတွေ ပါဝင်တဲ့ လူ့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ထုတ်ဖော်ပြရင်း စကားပြောနှင့်ပြီးသားပဲ။ လူသားရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ လောဘကိုလည်း ထုတ်ဖော်ပြသလို၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကတစ်ဆင့် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို လူတွေကို မြင်ခွင့်၊ သူတို့ကိုယ်သူတို့ မုန်းခွင့်၊ ဘုရားဆီ နောင်တရပြီး၊ ဘုရားကို ကြောက်ရွံ့မှုနဲ့ ကျိုးနွံနာခံမှု ရရှိခွင့်ပေးလိုက်ပြီ။ လူသားရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုကတစ်ဆင့်ပဲ ဖြစ်တယ်။ ဘယ်လူသားကမှ အဲဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ကျွန်တော် သဘောပေါက်သွားတယ်။ ဘုရားက ကောင်းကင်မှာရှိတဲ့ ပလ္လင်ဖြူကြီးကနေ လူအသီးသီးကို တရားစီရင်ရင်၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်း ခံရတဲ့ လူသားမျိုးနွယ်အားလုံးထဲမှာ ဘယ်သူမှ ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ အဲဒါ ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်အားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပတ်ရံခံရလို့ပဲ။ သခင်ယေရှုရဲ့ ကားတိုင် ကယ်တင်ခြင်းကတစ်ဆင့်၊ ကျွန်တော်တို့ ရွေးနုတ်ခံရပြီး အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရပေမဲ့၊ အပြစ်သား ဖြစ်နေကြတုန်းပဲ။ အပြစ်လုပ်ပြီး ဝန်ချတဲ့ သံသရာကို အကြိမ်ကြိမ် ဖြတ်သန်းရတယ်။ တရားစီရင်ခြင်း မကြုံရရင်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်မခံရနိုင်သလို၊ နောက်ဆုံးမှာ ဘုရားရဲ့ ရှုတ်ချ၊ ထုတ်ပယ်တာ ခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်အားဖြင့် တိုက်ရိုက် တရားစီရင်ခံရပြီး ဖော်ထုတ်ခံရခြင်းအားဖြင့်ပဲ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိပြီး ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ။ “ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။

ကျွန်တော့်ထဲမှာ ခံစားချက်ကို တကယ် လှုံ့ဆော်ပေးတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို စုဝေးပွဲမှာ တစ်ခါ ဖတ်ရတယ်။ “သမ္မာတရားကို နားမလည်သော သူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည် ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမျှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ ယင်းမှာ အမှန်တကယ်တွင် လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ၊ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ၊ သင်လည်း တထေရာတည်း ပြောလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သော်လည်း၊ သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏) ဘုရားနှုတ်ကပတ်တော်တွေက စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးချိန်မှာ တခြားလူတွေရဲ့ ဦးဆောင်လမ်းပြမှုကို ကြောင်းကျိုးမမြင် နားထောင်တာ၊ ပြီးတော့ ဘုရားရဲ့အမှုတော်ကို လူသားအယူအဆနဲ့ စိတ်ကူးတွေပေါ် အခြေခံပြီး သုံးသပ်တာတွေကို သတိပေးတယ်။ ဒါက သခင့်လမ်းကနေ ကျွန်တော်ကို အဝေးဆီ ဦးဆောင်သွားနိုင်ပြီး၊ နောက်ဆုံးမှာ ကယ်တင်ခြင်း အခွင့် ဆုံးရှုံးရင်းနဲ့ ဘုရားရဲ့ ငြင်းပယ်၊ ထုတ်ပယ်တာခံရစေနိုင်တယ်။ ဒီဝမ်းနည်းစရာ လက်တွေ့အရှိတရားက ဘယ်သူမဆိုဆီ ဖြစ်နိုင်တဲ့အရာတစ်ခုပဲ။ ကျွန်တော် မိုက်မဲပြီး စိတ်လိုက်မာန်ပါဖြစ်ခဲ့ပုံအပေါ် ရှက်မိတယ်။ ဘုရားရဲ့ အသံကို ကြားပြီး ဒီစကားတွေမှာ ဩဇာအာဏာနဲ့ သမ္မာတရား ပါရှိမှန်း ခံစားရပြီးတဲ့နောက်မှာတောင်၊ ကိုယ့်အိမ်နီးချင်းရဲ့ လွှမ်းမိုးတာခံရပြီး သူတို့ပြောတဲ့အရာအားဖြင့် ဘယ်လိုလုပ် လမ်းလွဲခံရသေးတာလဲ။ ကျွန်တော့်ရဲ့ မိုက်မဲမှုက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စွန့်ခွာစေလုမတတ်ဖြစ်ခဲ့တယ်၊ သခင်ယေရှုရဲ့ ပြန်‌ကြွလာခြင်းကို ကြိုဆိုတာ လွဲပြီး ကယ်တင်ခြင်ခံရမဲ့ အခွင့်အရေး ပျက်စီးစေလုမတတ် ဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကြောင်းကျိုးမမြင်ခြင်းနဲ့ မသိနားမလည်ခြင်းက အဲဒီလို ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိစေနိုင်တယ်။ ကျွန်တော် တစ်ချိန်လုံး ပညာရှိ သတို့သမီးတစ်ယောက် ဖြစ်ရမယ်မှန်း နားလည်ခဲ့တယ်။ ဘုရားရဲ့ အသံကိုကြားတဲ့အခါ သံသယထားလို့ မရဘူး။ စိတ်နှလုံးကနေ ဆုတောင်းပြီး ဉာဏ်အလင်းပေး၊ လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရမှာဖြစ်ပြီး တခြားလူတွေကို ကြောင်းကျိုးမမြင် နားမထောင်ရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးက အဖန်ဆင်းခံတွေဖြစ်ပြီး သမ္မာတရား မပိုင်ဆိုင်လို့ပဲ။ တစ်ချိန်လုံး ဘုရားနှုတ်ကပတ်တော်တွေကို လိုက်လျှောက်ရမယ်။ ပေတရုက သခင်ယေရှုရဲ့ စကားတွေ ကြားပြီးတော့ သခင့်နောက်လိုက်သလိုပေါ့။ ကျွန်တော့်ရဲ့ အရင်က မိုက်မဲမှုနဲ့ မသိနားလည်မှုကို ပြန်တွေးကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ကိုယ့်အမှားတွေအတွက် ခွင့်လွှတ်ဖို့ တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သူ့နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ အသင့်ပဲလို့ ခံစားရတယ်။

အဲဒီကတည်းက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်နေခဲ့တယ်။ ကျွန်တော် အားနည်းတဲ့အခါ၊ ခလုတ်တိုက်ပြီး မလဲအောင် ယုံကြည်ခြင်းနဲ့ ခွန်အားကို ဘုရားဆီ တောင်းတယ်။ ဘုရားရဲ့ လမ်းပြမှု၊ အကူအညီနဲ့၊ အခု ကိုယ့်စိတ်ဓာတ်ကျတာကို အောင်မြင်ပြီး အပြုသဘောဆောင်သူ ဖြစ်လာပြီ။ အလုပ်သစ်လည်း ရှိသွားပြီ။ ဒါက ဘုရားရဲ့ အံ့ဖွယ်ရာ အစီအစဉ်ကြောင့်ပဲဖြစ်မှန်း ခံစားရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့် အသက်တာ နည်းနည်းလေး တိုးတက်လာခဲ့တယ်။ အရေးအကြီးဆုံးက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်း စားသောက်ပြီး တခြားလူတွေနဲ့ စုဝေး၊ မိတ်သဟာယပြုနိုင်တာပဲ။ အခု ဧဝံဂေလိကို ကျွန်တော် စဝေမျှနေသလို၊ ဘုရားနှုတ်ကပတ်တော်တွေကို သက်သေခံနေတယ်။ စစ်မှန်တဲ့ လမ်းခရီးကို ဆာငတ်တဲ့ ပိုများတဲ့ ယုံကြည်သူစစ်တွေကို ဘုရားရဲ့ အသံကြားပြီး သူ့ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံအောင် ကူညီပေးနေတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

ချန်းဘို၊ တရုတ်ပြည်ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က...

ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

စိန်းယွိ တရုတ်နိုင်ငံ ၂၀၀၀ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယား သင်းအုပ်က ကျွန်မတို့ကို တရားဒေသနာ မကြာခဏ...

ကျွန်တော် အိမ်ပြန်ခဲ့ပြီ

ချူကီးန်ပေါင်း၊ မလေးရှားနိုင်ငံကျွန်တော် သခင့်ကို တစ်နှစ်ကျော် ယုံကြည်ခဲ့ပြီး၊ အသင်းတော် တွင် အစေခံခဲ့သည်မှာ နှစ်နှစ်ကြာခဲ့ပြီးနောက်၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။