ဘုရားသခင်နှင့် ကျမ်းစာကြား ဆက်စပ်ပုံကို ကျွန်မ အခု နားလည်ပြီ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ခရစ်ယာန်မိသားစုတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်က ကျွန်မ မိဘများနှင့်အတူ အသင်းတော် ဝတ်ပြုအစီအစဉ်များ တက်ရောက်ခဲ့ပါသည်။ အကြောင်းအရင်းကို မသိသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ စိတ်နှလုံးထဲတွင် စဉ်ဆက်မပြတ် ဗလာဖြစ်နေသလို စတင်ခံစားလာရသည်။ ကျွန်မ ဆုတောင်းသည့်အခါ သခင့်ကို မည်သည့်အရာ ပြောရမှန်းမသိပါ။ ကျမ်းစာဖတ်သည့်အခါတွင်လည်း ကျွန်မ ဉာဏ်အလင်းပွင့်သလို မခံစားရပါ။ သခင်နှင့် အရမ်းဝေးနေသလို ခံစားရပြီး ကျွန်မ အလွန် နာကျင်ခံစားရသည်။ နောက်ပိုင်းတွင် ကျွန်မ နားထောင်ဖို့အတွက် သင်းအုပ်ဆရာ၏ တရားဒေသနာများကို မကြာခဏရှာပြီး ယုံကြည်ခြင်းကို လှုံ့ဆော်ပေးမည့် ရုပ်ရှင်များစွာကိုလည်း ကြည့်ဖြစ်သည်။ သခင့်၏ သတ်မှတ်ချက်များနှင့် မညီသည့်အရာများ လုပ်ခြင်းကို ရပ်ဖို့လည်း ကျွန်မ အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့သော် ကျွန်မ စိတ်နှလုံးက ဗလာဖြစ်နေဆဲဖြစ်သည်။
တစ်နေ့တွင် ကျွန်မအမျိုးသားနှင့်အတူ YouTube က ကျွန်မတို့ကို တကယ်တို့ထိသည့် “တမ်းတခြင်း” ဟု ခေါ်သည့် ခရစ်ယာန် ရုပ်ရှင်တစ်ခုကို ကြည့်ဖြစ်ခဲ့သည်။ ရုပ်ရှင်စသည့်အခါတွင် အဓိကဇာတ်ဆောင်က သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို ရေးချပြီး “လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင်ယေရှုက သူ့နောက်လိုက်တွေကို ကတိပေးခဲ့တယ်ဆိုပဲ။ ‘ငါသည်အလျှင်အမြန် လာသည်။’ (ဗျာဒိတ်ကျမ်း ၂၂:၇)” ဟု ပြောခဲ့သည်။ ကျမ်းစာထဲမှ ဤစာကြောင်းကို ကျွန်မတို့ ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။ ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုချက်များက အားလုံးက နက်နဲမှုများသာ ဖြစ်သည်။ ဤနေရာတွင် အဓိကဇာတ်ဆောင်က ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုချက်များ ဤအပိုင်းအကြောင်းကို ပြောနေသည်။ သူ မည်သည့်အရာကို နောက်ထပ် ပြောမည်နည်း။ ကျွန်မတို့ ပိုပိုသိချင်လာပြီး ဆက်ကြည့်ကြသည်။ ရုပ်ရှင်ထဲမှ အဓိကဇာတ်ဆောင်က ထိုအချိန်က ဘုရားကို ယုံကြည်သဖြင့် စီစီပီက ဖမ်းဆီးဖိနှိပ်ခြင်းကို ခံရရှာသည်။ ထောင်ထဲတွင်ရှိနေစဉ် သူက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သည့် အစ်ကိုကျောင်ကျီမင်းနှင့် ဆုံခဲ့သည်။ ကျီမင်းက အခွင့်အရေးရစဉ်တွင် သူ့ကို စာရွက်တစ်ရွက် အမြန်ပေးလိုက်သည်။ ထိုအပေါ်တွင် ဤကဲ့သို့ရေးထားသည်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အသေးအဖွဲအခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။...ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) အဓိကဇာတ်ဆောင်က ဤကျမ်းနှစ်ပိုဒ်ကို ဖတ်ပြီးသည့်နောက်တွင် အရမ်းကို တို့ထိခံခဲ့ရသည်။ သူက အရမ်းကို စိတ်သက်သာရာရသွားပြီး သူ့၏ ယုံကြည်ခြင်းနှင့် ခွန်အားကို တွေ့သွားသည်။ ကျွန်မအမျိုးသားနှင့် ကျွန်မလည်း ဤကျမ်းနှစ်ပိုဒ်ကြောင့် အလွန် အံ့အားသင့်ခဲ့ရသည်။ ဤစကားများသည် မည်သို့များ အလွန် သြဇာအာဏာပါပြီး အလွန်တန်ခိုးကြီးကာ အလွန် တို့ထိရသနည်း။ ကျွန်မတို့ မည်သည့်အရာ လုပ်သင့်သည်ကို ပြောရင်း ဘုရားသခင်က ကျွန်မတို့ကို တိုက်ရိုက်စကားပြောနေသလို ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်ခြင်းက မည်မျှဆင်းရဲဒုက္ခရှိနိုင်သည်ကို ဤစကားလုံးများမှ ကျွန်မ မြင်ပြီးသော်လည်း ကျွန်မအတွင်းထဲမှ ဝမ်းသာစိတ်တစ်ခု ပေါ်လာသည်ကို ခံစားရပြီး ဤစကားများကို ကြားရခြင်းက ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားပေးခဲ့ပါသည်။ ကျွန်မ “ဒီစကားတွေက ဘယ်ကနေများ ထွက်လာတာလဲ။ ဒီစကားတွေက ဘုရားသခင်ဆီက လာတာများ ဖြစ်နိုင်သလား။ သခင် ပြန်ကြွလာလာ တကယ်ပဲ ဖြစ်နိုင်သလား။ ဒါပေမဲ့ သခင်ကြွလာတဲ့အခါ မိုးတိမ်စီးပြီး ကြွလာရမှာ။ သခင် မိုးတိမ်စီးပြီးကြွလာတဲ့ အရိပ်အယောင် တစ်ခုမှ မတွေ့ရသေးဘူး” ဟု စဉ်းစားမိသည်။ ထိုအချိန်တွင် ကျွန်မ အနည်းငယ် မရှင်းမလင်းဖြစ်နေသော်လည်း ဤနှုတ်ကပတ်တော်များကို ကျွန်မ တကယ်ကို နှစ်သက်ခဲ့သည်။ ကျွန်မ အမျိုးသားဘက်ကို လှည့်ပြီး “ဒီစကားတွေက အရမ်းကောင်းတယ်။ ဒီလိုအစွမ်းရှိတဲ့ စကားလုံးတွေကို တစ်ခါမှ မဖတ်ဖူးပါဘူး” ဟု ပြောလိုက်သည်။ ထို့နောက်တွင် ကျွန်မ ရုပ်ရှင်ကို ခဏရပ်ထားလိုက်ပြီး မှတ်စုစာအုပ်ကိုယူကာ၊ ဤစကားများကို ကူးရေးလိုက်သည်။ ရေးနေရင်းနှင့် ကျွန်မ ထပ်ဖတ်လိုက်သေးသည်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။” “နိုင်ငံတော်သို့ သွားရာလမ်း” ကျွန်မက “နိုင်ငံတော်သို့ သွားရာလမ်းက ဘာဆိုတာ ဘုရားသခင်ကပဲ သိနိုင်တယ်။ ဒီစကားလုံးတွေက အခု နိုင်ငံတော်ဆီသွားရာ လမ်းအကြောင်းကို ပြောနေတယ်။ သာမန်လူ တစ်ယောက်ယောက်က ပြောတာမဖြစ်နိုင်ဘူး။ ဒါဟာ ဘုရားသခင်ကသာ သိနိုင်တဲ့ အကြောင်းအရာတစ်ခုပဲ” ဟု တွေးမိသည်။
ကျွန်မ ဆက်ဖတ်ခဲ့သည်။ “ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အသေးအဖွဲအခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။...ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” ဤစကားများ၏ လေသံက ယင်းတို့ကို အရာအားလုံးကို အုပ်စိုးသည့်သူတစ်ယောက်က ပြောနေသလို ခံစားရသည်။ ယုံကြည်ခြင်း၏ လမ်းကြောင်းကို လျှောက်ခြင်းသည် လုံးဝ မချောမွေ့ကြောင်းနှင့်၊ ကျွန်မတို့ အယောက်စီတိုင်းသည် နာကျင်မှုနှင့် ဆင်းရဲဒုက္ခ အတိုင်းအတာ အမျိုးမျိုးကို တွေ့ကြုံခံစားရမည် ဖြစ်သော်လည်း၊ ဤသည်မှာ ကျွန်မတို့၏ချစ်ခြင်းနှင့် ယုံကြည်ခြင်းတို့ကို စုံလင်စေဖို့ဖြစ်ကြောင်း ကျွန်မတို့ကို လုံးဝ တိကျမှန်ကန်စွာနှင့် တိုက်ရိုက် အသိပေးပြောပြနေသည့်သူတစ်ဦး ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်မ ရုတ်တရက် အလင်းပွင့်သွားသည်။ ဘုရားကို ယုံကြည်ခြင်းဟူသည်မှာ ဘဝတွင် အရာရာတိုင်းက အဆင်ပြေ ချောမွေ့နေရမည်ဖြစ်ပြီး၊ ဤသည်မှာ ဘုရား၏ ကောင်းချီးဖြစ်သည်ဟု ယခင်က ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ မယုံကြည်သူများ ကြုံရသလို ဘေးဒုက္ခများ၊ ကပ်များနှင့် ကြုံရလျှင် ယင်းက မကောင်းသည့်အရာ ဖြစ်သည်ဟု ယုံကြည်ခဲ့ပြီး ဘုရားက ကျွန်မတို့ကို အပြစ်ဒဏ်ပေးနေခြင်း ဖြစ်သည်ဟုပင် ကျွန်မ ယုံကြည်ခဲ့သည်။ ယင်းမှာ ၂၀၁၀ခုနှစ်ကကဲ့သို့ပင် ဖြစ်သည်။ ကျွန်မ ပိုင်ဆိုင်သမျှအရာအားလုံး ငလျင်ဘေးထဲတွင် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က ဘုရားသခင်က ကျွန်မကို မစောင့်ကြပ်ခဲ့ပါ၊ သို့မဟုတ် မကွယ်ကာခဲ့ပါဟု ကျွန်မ ခံစားခဲ့ရကာ ကျွန်မသည် ဘုရားသခင်ကို အထင်လွဲသည့် အခြေအနေတွင် အသက်ရှင်ခဲ့သဖြင့် ဤအရာက ကျွန်မကို အလွန် စိတ်ဆင်းရဲစေခဲ့သည်။ ယခု ဤနှုတ်ကပတ်တော်များကို ဖတ်ရင်း ထိုကဲ့သို့ ခက်ခဲသည့် အခြေအနေများအပေါ် ကျွန်မ၏ သဘောထားက ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် အခက်အခဲနှင့် စမ်းသပ်မှုများကို ကျွန်မ ကြုံရသည့်အခါတွင် ကျွန်မက နာခံရမည်၊ ဘုရားကို ဆုတောင်းရမည်၊ ဘုရား၏ လုပ်ဆောင်မှုများကို နားလည်အောင် ရှာဖွေရမည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မ အားနည်းပြီး အပျက်သဘောဆောင်တော့မည် မဟုတ်ကြောင်းကိုလည်း ကျွန်မ နားလည်လာခဲ့သည်။
ကျွန်မ ဤနှုတ်ကပတ်တော်များအကြောင်း ဆက်စဉ်းစားသည်။ “ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။” “သေချာပေါက်”၊ “ကတိ”၊ “ကောင်းချီးမင်္ဂလာ” ဆိုသည့် စကားလုံးများက ပြောဆိုသူ၏ ဩဇာအာဏာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသည်။ သူက ကျွန်မတို့ထံမှ အမှုအရာများ တောင်းဆိုပြီး ကတိများလည်း ပေးခိုင်းသည်။ ထို့အပြင် သူ့ထံတွင် ဤကတိများကို ပြည့်စုံစေဖို့ တန်ခိုး ရှိသည်။ ဤနှုတ်ကပတ်တော်များက ကျွန်မ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များ၏ လေသံက သခင်ယေရှုအသုံးပြုခဲ့သည့် လေသံများနှင့် မည်သို့များ အရမ်းဆင်နေရသည်ကို ကျွန်မ တွေးမိသည်။ သခင်ယေရှု ပြောခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်သည်။ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅) “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” (ရှင်မဿဲခရစ်ဝင် ၁၈:၃) ဤနှုတ်ကပတ်တော်များတွင် ကျွန်မတို့အတွက် ဘုရားသခင့်၏ တောင်းဆိုချက်များနှင့် ကတိများ ပါဝင်သလို၊ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကိုလည်း သရုပ်ထင်စေသည်။ ဤနှုတ်ကပတ်တော်များကို ကြားသည့်အခါ ဘုရားနှုတ်ကပတ်တော်၏ ဩဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်မတို့ ခံစားရသည်။ ရုပ်ရှင်ထဲက နှုတ်ကပတ်တော်များက ဤကဲ့သို့ဖြစ်နေသည်ကို ကျွန်မတို့ မြင်ရသည့်အခါတွင် ဤနှုတ်ကပတ်တော်များက ဘုရားသခင်ထံမှ လာသည့်အလား၊ ပြီးလျှင် ဘုရား၏ အသံတော်ကဲ့သို့ဖြစ်နေသည်ကို ကျွန်မအမျိုးသားရော၊ ကျွန်မပါ ခံစားခဲ့ရပါသည်။ ထိုအချိန်က ကျွန်မ စိတ်လှုပ်ရှားခဲ့သော်လည်း၊ စိတ်လည်း ရှုပ်ခဲ့သည်။ ဤစကားများက ကျမ်းစာက မဟုတ်ပါ။ သို့ဆိုလျှင် ဤစကားများက မည်သည့်နေရာမှ ရောက်လာသနည်း။ ကျွန်မတို့ ရုပ်ရှင်ဆက်ကြည့်ခဲ့ကြသည်။ ရုပ်ရှင်ထဲတွင် သူတို့ အလုပ်လုပ်နေရင်းနှင့် ကျီမင်းက အဓိကဇာတ်ဆောင်ကို သခင်ယေရှု ပြန်ကြွလာခဲ့ပြီးဖြစ်ကြောင်း၊ သူက နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် လူ့ဇာတိခံပြီး တိတ်တဆိတ် ကြွလာခဲ့ပြီဖြစ်ကြောင်း ပြောပြသည်။ ဤအချိန်တွင် ကျွန်မအမျိုးသားနှင့် ကျွန်မတို့က ခေါင်းရှုပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုက တစ်နေ့တွင် မိုးတိမ်စီးပြီး ကြွဆင်းလာမည်ဟု ကျွန်မတို့က အမြဲတမ်း ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ရုပ်ရှင်ထဲက ကျီမင်းက ပြောသည်။ “ကျွန်တော်တို့က မိုးတိမ်စီးပြီး ဆင်းသက်ခြင်းဆိုတဲ့ ပရောဖက်ပြုချက်တွေပေါ်မှာပဲ အခြေခံပြီး၊ သခင် ပြန်ကြွလာတာကို စောင့်နေကြတာလေ။ ဒါပေမဲ့ သခင် ပြန်ကြွခြင်းအကြောင်း တခြားပရောဖက်ပြုချက်တွေကို ကျွန်တော်တို့ လျစ်လျူရှုမိကြတယ်။ ဒါက ဆိုးဝါးတဲ့ အမှားပဲ။ ကျမ်းစာရဲ့ အပိုင်းတော်တော်များများမှာ သခင် ပြန်ကြွခြင်းအကြောင်း ပရောဖက်ပြုချက်တွေ ပါတယ်။ ဥပမာအနေနဲ့၊ သခင့်ရဲ့ ပရောဖက်ပြုချက်တွေလိုပေါ့၊ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။’ (ဗျာဒိတ်ကျမ်း ၁၆:၁၅) ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ (ရှင်မဿဲခရစ်ဝင် ၂၅:၆) ဗျာဒိတ် ၃:၂၀ မှာလည်း ရှိတယ်။ ‘ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။’ ပြီးတော့ လုကာ ၁၇:၂၄-၂၅ မှာ၊ ‘ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ဒီပရောဖက်ပြုချက်တွေက သခင် သူခိုးကဲ့သို့ ပြန်ကြွလာတာနဲ့ လူသား ကြွလာခြင်းကို ဖော်ပြတာပဲ။ ပြီးတော့ သူက တံခါးကို ခေါက်ရင်း လူတွေကို စကားပြောတယ် စသည်ဖြင့် ဖော်ပြထားတယ်။ သခင် ပြန်ကြွခြင်းနဲ့ပတ်သက်ရင်၊ မိုးတိမ်စီးပြီး လူသိရှင်ကြား ဆင်းကြွတာအပြင် သူက တိတ်တဆိတ်နည်းလမ်းနဲ့လည်း ဆင်းကြွလိမ့်မယ်ဆိုတာ ဒါက ပြနေတယ်။ သခင်က မိုးတိမ်ကို စီးရင်းနဲ့ပဲ ကြွလာမယ်လို့ ကျွန်တော်တို့ ယုံကြည်နေရင် သူ တိတ်တဆိတ် ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေက ဘယ်လို ပြည့်စုံနိုင်မှာလဲ။...နောက်ဆုံးသောကာလမှာ သခင့်ရဲ့ ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေ ကျမ်းစာထဲမှာ အများကြီးရှိတယ်။ တခြား ပရောဖက်ပြုချက်တွေကို ဖယ်လိုက်ပြီး သခင် ပြန်ကြွလာမယ့် နည်းလမ်းကို မိုးတိမ်ဖြူနဲ့အတူ ဆင်းသက်လာမယ်ဆိုတဲ့ ကျမ်းစာရဲ့ တစ်နေရာ နှစ်နေရာလောက်ကိုပဲ အခြေခံပြီး ဘောင်ခတ်တယ်ဆိုရင်တော့ ကျွန်တော်တို့က ကိုယ်တော် ပြန်ကြွခြင်းကို ကြိုဆိုခွင့်နဲ့ လွဲလိမ့်မယ်။ သူ ငြင်းပယ်တာကို ခံရဖို့များလိမ့်မယ်။” ဟု ဖြစ်သည်။ ဤနေရာတွင် ကျွန်မနှင့် ကျွန်မ၏အမျိုးသားက ကိုယ့်သမ္မာကျမ်းစာကို ချက်ချင်း ထုတ်လိုက်ပြီး ဤကျမ်းပိုဒ်များကို တစ်လုံးချင်း စစ်ကြည့်လိုက်သည်။ ထိုကဲ့သို့လုပ်နေရင်းနှင့် ကျွန်မက “သခင်က တိတ်တဆိတ်ကြွလာမယ်လို့လည်း ဒီကျမ်းပိုဒ်တွေက တကယ်ကို ပြောထားတာပဲ။ ဒါဆိုရင် သခင်က မိုးတိမ်စီးပြီး ကြွလာမယ်ဆိုတာက သူပြန်လာမယ့် တစ်ခုတည်းသောနည်းလမ်း မဟုတ်တဲ့ပုံပဲ။ ဒါ ငါ့အမြင်ကို တော်တော် ပွင့်သွားစေတာပဲ” ဟု တွေးမိသည်။
ကျွန်မ၏အမျိုးသားနှင့် ကျွန်မ ရုပ်ရှင် ဆက်ကြည့်ခဲ့ကြသည်။ ကျီမင်းက အောက်ပါအတိုင်း ပြောရင်း ဆက်ပြီး မိတ်သဟာယဖွဲ့သည်။ “သခင်ဟာ ‘သူခိုးကဲ့သို့’ ကြွလာမယ်လို့ ကျမ်းစာက ပရောဖက်ပြုခဲ့တယ် ပြီးတော့၊ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ (ရှင်မဿဲခရစ်ဝင် ၂၅:၆) ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ (ရှင်လုကာခရစ်ဝင် ၁၇:၂၅) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်က ဒီပရောဖက်ပြုချက်တွေကို ပြည့်စုံစေခဲ့ပါပြီ။ အပြင်ပန်းမှာ၊ သူက သာမန်လူတစ်ယောက်အတိုင်းပဲ။ သာမန် လူ့သဘာဝအတွင်းကနေ သူစကားပြောတယ်။ သူဟာ သခင့်ရဲ့ပေါ်ထွန်းခြင်း ဖြစ်တယ်လို့ ဘယ်သူက ထင်နိုင်မှာလဲ။ ဒါက သခင်ဟာ ‘သူခိုးကဲ့သို့’ ပြန်ကြွခြင်းဆိုတဲ့ ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတာပဲ။ ဧဝံဂေလိတရား ဖြန့်ဝေတဲ့သူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ရှာဖွေသူတွေအားလုံးဆီ သူ့နှုတ်ကပတ်တော်တွေကို သက်သေခံကြတယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယပြုကြတယ်။ ဒါက သခင်တံခါး ခေါက်နေတာပဲလေ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော် စတင်ကတည်းက၊ သူဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရက်ရက်စက်စက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို အဆက်မပြတ် ခံခဲ့ရတယ်။ ပြီးတော့ ဘာသာရေးလောကရဲ့ အရူးအမူး အာခံတာ၊ ရှုတ်ချတာ၊ ငြင်းပယ်တာတွေကို ခံစားခဲ့ရတယ်။ အွန်လိုင်းပေါ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပေါ်တင် တိုက်ခိုက်ရှုတ်ချပြီး၊ ပြစ်မှားစော်ကားတဲ့ ဝိညာဉ်ဆိုးတွေ၊ နတ်ဆိုးတွေတောင် အများကြီးရှိခဲ့တယ်။ ဒါက သခင် ပြောခဲ့တဲ့ ဒီပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတာပါပဲ။ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ လူတွေ စိတ်ကူးသလို သခင်က ကြီးမားတဲ့ ဘုန်းအသရေနဲ့ မိုးတိမ်စီးပြီး လူသိရှင်ကြား ဆင်းကြွခဲ့မယ်ဆိုရင် တောပင်တွေ၊ ဆိတ်တွေ၊ ဆိုးယုတ်တဲ့ကျွန်တွေနဲ့ အန္တိခရစ်တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ဆည်းကပ်ဝပ်တွားကြမှာ အသေအချာပဲလေ။ အဲဒီလိုဆို သူတို့ကို ဘယ်လိုလုပ် ဖော်ထုတ်မလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကြွလာပြီး လူသားမျိုးနွယ်ကို သန့်စင် ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီးပြီ။ ပြီးတော့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်နေပါတယ်။ သူ့သိုးတွေက သူ့အသံကို နားထောင်ကြတယ်။ ဂိုဏ်းဂဏတိုင်းက ပညာရှိသတို့သမီးတွေကလည်း အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေကို ကြားသလို၊ အဲဒါတွေကို သမ္မာတရားအဖြစ်၊ ဘုရားရဲ့ အသံတော်အဖြစ် သိကြတယ်။ သူတို့အားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ဆီကို ပြန်သွားကြပြီ။ ဒါက ချီဆောင်ခြင်းပဲလေ။ ဒီလူတွေဟာ ဘုရားရဲ့ပလ္လင်တော်ရှေ့ ချီဆောင်ခံရပြီး၊ ခရစ်တော်ရဲ့ ပလ္လင်တော်ရှေ့မှာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကြုံကြရတယ်။ သူတို့တွေက ဘုရားသခင်အားဖြင့် ပထမဆုံး သန့်စင်ခံရသူတွေ၊ အောင်မြင်သောသူတွေအဖြစ် ပြုလုပ်ခံရသူတွေပဲ။ သူတို့က အဦးသီးတွေ ဖြစ်လာတယ်။ ဒါက ဗျာဒိတ်ကျမ်း ၁၄:၄-၅ က ဒီပရောဖက်ပြုချက်ကို လုံးလုံး ပြည့်စုံစေတာပဲ၊ ‘ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။’ ဘုရားသခင်က တိတ်တဆိတ် ဆင်းကြွပြီး ဒီအောင်မြင်သောသူ အုပ်စုကို ပြုလုပ်ပြီးတဲ့နောက်၊ သူ့ရဲ့ ကြီးမြတ်တဲ့ အလုပ်က ပြည့်စုံလိမ့်မယ်။ အဲဒီနောက် သူဟာ မိုးတိမ်စီး ဆင်းကြွပြီး၊ တိုင်းနိုင်ငံတိုင်း လူမျိုးတိုင်းဆီကို အတိအလင်း ပေါ်ထွန်းလိမ့်မယ်။ အဲဒါက ဗျာဒိတ် ၁:၇ ကို ပြည့်စုံစေလိမ့်မယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ ဒါကသခင် မိုးတိမ်စီးပြီး လူပုံအလယ် ဆင်းသက်တဲ့ မြင်ကွင်းဖြစ်လိမ့်မယ်။ ပြီးတော့ လူတွေအားလုံးက သူ့ကို မြင်နိုင်ကြလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံရှုတ်ချခဲ့သူတွေတောင် ကိုယ်တော် မိုးတိမ်စီးပြီး ဆင်းကြွတာကို မြင်နိုင်ကြလိမ့်မယ်။ အဲဒါက ‘မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်’ ဆိုတဲ့ အကြောင်းရင်းပဲ။ ဘုရားက အဆင့်တွေနဲ့ အလုပ်လုပ်ပြီး စီစဉ်တယ်။ သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေက အခု အခြေခံအားဖြင့် ပြည့်စုံပြီးပြီ။ ဒါကြောင့် ဘေးဒုက္ခတွေအပြီးမှာ မိုးတိမ်စီးပြီး လူပုံအလယ် ဘုရားသခင်ကြွလာတဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံဖို့ပဲ ကျန်တော့တာ။” ကျီမင်း၏ မိတ်သဟာယက ကျိုးကြောင်းသင့်ပြီး အချက်အလက်များအပေါ် အခြေခံထားသည်ကို မြင်ရသည့်အခါ၊ သခင်က တကယ်ကို ကြွလာခဲ့ပြီဖြစ်ကြောင်း၊ သူက လူ့ဇာတိခံပြီး လူတို့အလယ်တွင် တိတ်တဆိတ်ကြွလာခဲ့ပြီဖြစ်ကြောင်းကို စိတ်နှလုံးထဲ၌ ကျွန်မ သိခဲ့ပါသည်။ သခင်က မိုးတိမ်စီးပြီးပြန်ကြွလာမည်ဟူသည့် အယူအဆကို အမြဲ ဖက်တွယ်ထားခြင်းက မည်မျှ မိုက်မဲသည်ကို ကျွန်မအမျိုးသားနှင့် ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင်ပင် သခင် တိတ်တဆိတ်ကြွလာသည့် သိပ်ကောင်းသည့်သတင်းကို ကြားရနိုင်ခြင်းအတွက် ကျွန်မတို့ ပျော်ရွှင်ရသည်။ “ဒီနှုတ်ကပတ်တော်တွေက အရမ်း ဩဇာအာဏာရှိပြီး တန်ခိုးကြီးတယ်လို့ ခံစားရတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသံတော်လိုပဲ ထင်ရတယ်။ ဖြစ်ချင်တော့၊ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင် ကိုယ်တော်တိုင် မိန့်ထားတဲ့ နှုတ်ကပတ်တော်တွေ တကယ်ကို ဖြစ်နေတာကိုး။” ဟု ကျွန်မ မတွေးဘဲ မနေနိုင်ပါ။ စိတ်လှုပ်ရှားမှုများအပြည့်နှင့် ကျွန်မတို့ ရုပ်ရှင်ဆက်ကြည့်ခဲ့ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်ခတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဤနှုတ်ကပတ်တော်များကို ကြားရင်း “သန့်ရှင်းသူများဟုဆိုသော” ဟူသည့် ဝေါဟာရသည် ဘုရားက တိတ်တဆိတ်ကြွလာသည့်အခါတွင် သူ့အမှုတော်ကို လက်မခံဘဲ၊ သခင်ယေရှု မိုးတိမ်စီးပြီးကြွလာခြင်းကိုသာ စောင့်သူများကို ရည်ညွှန်းခြင်း ရှိမရှိ ကျွန်မ တွေးမိသည်။ ဤနှစ်များအားလုံးတွင် ဘာသာရေးလောက တစ်ခုလုံးနီးပါးက သခင် မိုးတိမ်စီးပြီး ကြွလာသည်ကို စောင့်နေကြသည်။ သို့သော် ကျွန်မတို့က သခင်ယေရှု မိုးတိမ်နှင့်တကွ ကြွလာသည့်အယူအဆကို မျက်စိမှိတ် ဖက်တွယ်ထားပြီး ဘုရားက လူတို့ကြားတွင် တိတ်တဆိတ်ကြွလာခဲ့ပြီဖြစ်ကြောင်းကို လက်ခံဖို့ ငြင်းဆန်လျှင်၊ ထိုအချိန်တွင် ဘုရားသခင်၏ နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်ခြင်း၊ သန့်စင်ခြင်းနှင့် အပြည့်အဝ ကယ်တင်ခြင်းအမှုက ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်နှင့်အညီ၊ ကျွန်မတို့က ဘုရား၏ အပြစ်ဒဏ် ပေးခံရခြင်းနှင့် အဆုံးသတ်ရမည်ဖြစ်ကြောင်း ဤစကားများက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဤစကားများ၏ လေသံက ပြင်းထန်ပြီး ဘုရားသခင်၏ ပုန်ကန်ပြစ်မှား၍ မရနိုင်သော စိတ်သဘောထားကို ဆောင်ကြဉ်းသည်။ ထိုနှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်နေပြီး ကျွန်မတို့ကို ကြည်ညိုခြင်းနှင့် ကြောက်စိတ်တို့ဖြင့် ပြည့်စေသည်။ တစ်ချိန်တည်းတွင်ပဲ ကျွန်မတို့က သမ္မာတရားကို ရှာဖွေ လက်ခံလာကြပြီး ဘုရားသခင်၏ အလုပ်ကို မျက်စိမှိတ်ဘောင်ခတ်ခြင်း၊ သို့မဟုတ် သူပြန်ကြွလာသည့်အချက်ကို ငြင်းပယ်ခြင်း မရှိသူများ ဖြစ်လာနိုင်သည်ဟူသည့် မျှော်လင့်ချက်ဖြင့် ကျွန်မတို့ကို ဤစကားများ၏ သတိပေးခြင်းခံရသည်၊ အကြံဉာဏ်ပေးခြင်းနှင့်၊ အားပေးခြင်းခံရသည်။ ကျွန်မအမျိုးသားနှင့် ကျွန်မ ဤရုပ်ရှင်ကို အလွန် စိတ်ဝင်စားပြီး သုံးလေးခေါက် ကြည့်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့၏ ရိုးတွင်းခြင်ဆီအထိ လှုပ်ခတ်စေခဲ့သည်။ ကျွန်မတို့၏ စိတ်လှုပ်ရှားမှုက ရက်များစွာ ကြာသည့်အထိ ရှိနေခဲ့သည်။
တစ်နေ့တွင် ကျွန်မ အလုပ်ကိုသွားနေရင်းနှင့် ကျွန်မ အမျိုးသားကို ဖုန်းခေါ်လိုက်သည်။ ဤအကြောင်းကို ပြောလေလေ၊ ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ရမည်ဟု ကျွန်မတို့ ခံစားရလေဖြစ်သည်။ စိတ်လှုပ်ရှားစွာဖြင့် သူက “ငါတို့ ဒီစာအုပ်ကို ရမှကိုဖြစ်မယ်” ဟု ကျွန်မကို ပြောသည်။ ကျွန်မတို့ နောက်ထပ် ဘာလုပ်သင့်သည်၊ သခင့်ကို မည်သို့ကြိုဆိုသင့်သည်ကို သိအောင်လုပ်ဖို့ အရမ်း စိတ်ထက်သန်နေခဲ့ကြသည်။ ထို့ကြောင့် ထိုနေ့ အလုပ်မှ အိမ်ပြန်ရောက်သည့်အခါ ကျွန်မအမျိုးသားနှင့် ကျွန်မက အွန်လိုင်းတွင် “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်” ဟု ရှာလိုက်ပြီး အသင်းတော်၏ တရားဝင် ဝဘ်ဆိုဒ်ကို တွေ့သည်။ ဝဘ်ဆိုဒ်ထဲကို ရောက်သည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျွန်မတို့ တွေ့ခဲ့သည်။ ဦးစွာ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့် ကျမ်းဦးစကားကို ကျွန်မတို့ ဖတ်ခဲ့ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဤနှုတ်ကပတ်တော်များက ကောင်းလိုက်လေချင်းဟု ကျွန်မ မတွေးဘဲ မနေနိုင်ပါ။ ဤနှုတ်ကပတ်တော်များက တကယ်ကို သမ္မာတရားဖြစ်သည်ကို ကျွန်မ သိလိုက်ပါသည်။ ဤနှုတ်ကပတ်တော်များက ဘုရားအပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ကျွန်မတို့၏ ယခင်က အယူအဆများကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။ ယခင်က ကျွန်မတို့က ကျမ်းစာကို မကြာခဏဖတ်ရမည်။ မကြာခဏ ဆုတောင်းရမည်။ တရားဒေသနာများစွာ နားထောင်ရမည်ဟုသာ သိခဲ့သည်။ ကျွန်မတို့က ကောင်းချီးခံရပြီး ကျေးဇူးပြုခံရဖို့အတွက်သာ ဘုရားကို ယုံကြည်ခဲ့ခြင်းဖြစ်သည်။ ဘုရားအပေါ် စစ်မှန်သည့် ယုံကြည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အရာရာကို ဘုရားက အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည့် ယုံကြည်မှု အခြေခံအုတ်မြစ်အပေါ်တွင် အလုပ်လုပ်ခြင်းဖြစ်ကြောင်း ကျွန်မတို့ လုံးဝ မသိခဲ့ပါ။ ဤနှုတ်ကပတ်တော်များက ဘုရားအပေါ် ယုံကြည်ခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ကို အလွန် လေးနက်စွာနှင့်၊ စေ့စပ်စွာရှင်းပြခဲ့ပြီး ရှေ့ဆက်ဖို့လမ်းကို ရှင်းရှင်းလင်းလင်း ပြပေးခဲ့သည်။ ဘုရားကသာ သမ္မာတရားနှင့် ဘုရားအပေါ် ယုံကြည်ခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ကို အလွန် ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်း ဖြစ်သည်နှင့်အညီ ဤနှုတ်ကပတ်တော်များက ဘုရားထံလာကြောင်းနှင့် ဘုရားအသံတော်ဖြစ်ကြောင်းကို ကျွန်မ ပို၍ပင် လက်ခံယုံကြည်ခဲ့သည်။
ကျွန်မတို့ ဆက်ဖတ်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသည့်အရာကို တွေ့ခဲ့ကြသည်။ “ဘုရားသခင်နှင့်လူသားကို တန်းတူပြောဆို၍မရပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏အမှုသည် လူတို့အဖို့ ဉာဏ်မမီနိုင်ဆုံးသော အရာနှင့် သဘောပေါက်နားလည်နိုင်ခြင်း မရှိဆုံးသော အရာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုပါက၊ လူသားသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို မည်သည့်အခါတွင်မျှ နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံကြပြီးဖြစ်သည့် သူတို့ပင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အကြံအစည်များသည် လူသား၏ စိတ်ကူးအကြံအစည်များထက် အမြဲမြင့်မားနေမည်ဖြစ်ကာ ဘုရားသခင်၏ ဉာဏ်ပညာသည် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်သောကြောင့်၊ လူသားသည် မည်မျှကောင်းစွာ လုပ်ဆောင်သည် ဖြစ်စေ၊ ဘုရားသခင်သည် အမှုမပြုပါက၊ အားလုံး အချည်းနှီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို ‘အပြည့်အဝ သိသည်’ ဟု အခိုင်အမာဆိုသူများမှာ အသုံးမကျသည့် လူတစ်သိုက်ဖြစ်သည်ဟု ငါဆိုပေသည်။ ၎င်းတို့အားလုံးသည် ထောင်လွှားကာ မသိနားမလည်သူများဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။...ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်သည့် အတွက်၊ ပြီးလျှင် သူ့ကို စိတ်ကျေနပ်စေရန်နှင့် တွေ့မြင်ရန် ဆန္ဒရှိသည့်အတွက်၊ သမ္မာတရား၏ လမ်းခရီးကို ငါတို့ ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ နည်းလမ်း တစ်ခုကို ရှာဖွေသင့်ပေသည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် မရပ်တည်သင့်ပေ။ ထိုသို့သော လုပ်ရပ်များမှ မည်သည့်ကောင်းကျိုး ရလဒ်ဖြစ်ပေါ်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဤအပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်မတို့အားလုံးက ရာသက်ပန် အရေးမပါသည့် ဖန်ဆင်းခံများသာ ဖြစ်သည်ကို နားလည်သဘောပေါက်မိသည်။ တစ်ဖက်တွင်မူ ဘုရားက ထာဝရ ဘုရားသခင်ပဲ ဖြစ်လိမ့်မည်။ သူ့၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ကျွန်မတို့ ဉာဏ်မမီနိုင်သည့် နက်နဲမှုများစွာ ပါဝင်သည်။ ဘုရား၏ အမှုတော်အပေါ် ကျွန်မတို့က နှိမ့်ချပြီး ရှာဖွေသည့် သဘောထားကို ထားသင့်သည်။ ထင်ရာမြင်ရာ ကောက်ချက်ချလို့ မဖြစ်ပါ။ ထို့နောက် ယခုကဲ့သို့ပြောထားသည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတို့ ထပ်ဖတ်ကြသည်။ “သုတေသနလုပ်ရန် ရည်ရွယ်ချက်၊ သို့မဟုတ် လက်ခံရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကို သင်ဖွင့်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်၏သဘောထား မည်သည့်အရာဖြစ်ပါစေ၊ ယင်းကို သင်အဆုံးအထိ ဖတ်လိမ့်မည်ဖြစ်ပြီး အလွယ်တကူ မေ့ထားလိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဤအပိုဒ်ကို ဖတ်ရင်းနှင့် ဤနှုတ်ကပတ်တော်များက မည်မျှစစ်မှန်သည်ကိုလည်းကောင်း၊ ဘုရားက ကျွန်မတို့ကို တိုက်ရိုက်စကားပြောနေပြီး ဘုရားနှုတ်ကပတ်တော်နှင့် အမှုတော်ကို ရှာဖွေဖို့ ကျွန်မတို့ကို ဦးဆောင်နေသကဲ့သို့လည်းကောင်း ကျွန်မ ခံစားမိသည်။ ကျွန်မတို့ ဤစာအုပ်ကို ဆက်ဖတ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဝဘ်ဆိုဒ်တွင် ရှိသည့် ချက်ဘောက်ကို သုံးပြီး ကျွန်မတို့ မက်ဆေ့တစ်ခုပို့လိုက်သည်။ ပြီးလျှင် အသင်းတော်က ညီအစ်ကိုမောင်နှမများက ကျွန်မတို့ကို လျင်မြန်စွာ အကြောင်းပြန်လာသည်။ ထို့နောက်တွင် ကျွန်မတို့ တစ်ယောက်ချင်းစီက အတွေ့အကြုံများ၊ နားလည်မှုများ မျှဝေရင်း၊ ညီအစ်ကိုမောင်နှမများနှင့်အတူ ဘုရားနှုတ်ကပတ်တော်ကို အွန်လိုင်းတွင် ခဏခဏ ဖတ်ဖြစ်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုပိုဖတ်ရင်း၊ ဘုရားက နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှုကို မည်သို့ပြုသည်၊ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းအပြည့်အဝကို ရရှိခြင်း၏ ကွာခြားချက်၊ ချီဆောင်ခံရခြင်းဆိုတာ မည်သည့်အရာကို ဆိုလိုသည်၊ မည်သည့်လူစားမျိုးက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်သည်နှင့်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲမှု စသည်တို့ကဲ့သို့ သမ္မာတရားများစွာ ကျွန်မတို့ သိလာကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည်မှာ၊ “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို သူ အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ စာတန်ဆန်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် သခင်ယေရှုသည် လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှုကိုသာ ဆောင်ရွက်ခဲ့သည်၊ နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်၊ သန့်စင်ပြီး အပြီးအပိုင် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည်ကို ကျွန်မ နားလည်လာခဲ့သည်။ သခင့်အပေါ် ကျွန်မတို့ ယုံကြည်ခြင်းက ကိုယ့်အပြစ်များ ခွင့်လွှတ်ခံရသည်ဟု ဆိုလိုသော်လည်း၊ ကျွန်မတို့၏ အပြစ်ရှိသည့်သဘာဝက ပျက်မသွားပါ။ ဤအကြောင်းကြောင့် ကျွန်မတို့သည် မကြာခဏ အပြစ်ကျူးလွန်ပြီး ယင်းတို့၏ အချုပ်အနှောင်များမှ မလွတ်မြောက်နိုင်ခြင်း အကြောင်းအရင်းဖြစ်သည်။ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်ပေါ်မှ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူသားကို သန့်စင်ပြီး အပြီးအပိုင် ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကို ပြုသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုသည် မတူညီသည့်ခေတ်များတွင် မတူညီသည့်အမည်နာမများကို ယူသည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို တွေ့ကြုံရခြင်းအားဖြင့်သာ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သန့်စင်နိုင်ပြီး ဘုရား၏ နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင့်တော်နိုင်ပါသည်။ ကျွန်မတို့အတွက် ဤသတင်းအချက်အလက်ကို သိဖို့က အရေးကြီးပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရား၏အမှုတော်နှင့်ပတ်သက်သည့် ဤနက်နဲမှုများကို ကျွန်မတို့အား ထုတ်ဖော်ပြခဲ့ပါသည်။ ကျွန်မတို့ ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်ခဲ့ရသည်။ အမှန်တကယ်ပင် ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အသံတော်တို့ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ အမှုတော်၏ နက်နဲမှုများကို ဘုရားသခင်သာလျှင် ထုတ်ဖော်နိုင်ကာ၊ ဘုရားသခင်သာလျှင် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်ကို စတင်နိုင်သောကြောင့် ဖြစ်သည်။ မည်သည့် လူပုဂ္ဂိုလ်မျှ ဤအရာကို မလုပ်ဆောင်နိုင်ပါ။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ၊ ရိုးသားခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများ၊ ဘုရားသခင်ကို နာခံခြင်းနှင့် သက်ဆိုင်သော အခြေခံသဘောတရားများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများကဲ့သို့သော လက်တွေ့လုပ်ဆောင်မှုနှင့် ဆက်နွှယ်သည့် သမ္မာတရားများစွာကို ထုတ်ဖော်ပြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက တကယ်ကို ကြွယ်ဝပြီး သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အလုံးစုံ ပြည့်စုံစေပါသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမှန်တကယ်ပင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်၏ ဖော်ပြချက်ဖြစ်ကြောင်းနှင့်၊ ထိုနှုတ်ကပတ်တော်များသည် ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားခဲ့သည့် စာစောင်ဖြစ်ကြောင်းကို ကျွန်မတို့ လုံးဝ လက်ခံယုံကြည်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့် ကျွန်မတို့ ယခင်က လုံးဝ နားမလည်ခဲ့သည့် သမ္မာတရားများစွာကို နားလည်လာခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့် ကျွန်မတို့၏ နေ့စဉ်အသက်တာတွင် ကြုံတွေ့ရသည့် ပြဿနာများအားလုံး ပြေလည်ခဲ့သည်။ ကျွန်မတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရသည့် ဘဝကို အမှန်တကယ် စရှင်သန်ခဲ့သည်။ ကျွန်မတို့ အလွန် ကောင်းချီးခံစားရပါသည်။ သခင့်ကို ကြိုဆိုခြင်းနှင့်ပတ်သက်ပါက ဘုရားသခင်၏ အသံတော်ကို ကြားခြင်းသည် အမှန်တကယ် အရေးကြီးကြောင်းကို ကျွန်မ သိမှတ်လာခဲ့သည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...
ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...
ကျွန်တော်က အသက် ၂၀ မှာ နှစ်ခြင်းခံပြီး၊ သခင်ယေရှုကို ယုံကြည်လာခဲ့တာပါ။ သင်းအုပ်က သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အဆုံးအမတွေအကြောင်း...
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...