ကောင်းကင်နိုင်ငံသို့ လမ်းကို ကျွန်မ တွေ့လိုက်ရပြီ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ဒေသခံအသင်းတော်မှာ လုပ်ဖော်ဆောင်ဖက်တစ်ယောက်ပေါ့။ ၁၉၉၇ ခုနှစ်၊ ဧပြီလတုန်းက လုပ်ဖော်ဆောင်ဖက်တွေရဲ့ အစည်းအဝေးတစ်ခုမှာ ခေါင်းဆောင်ဖြစ်တဲ့ ညီအစ်ကိုကျန်းက ပြောတယ်၊ “မကြာသေးခင်က ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ကို ဟောပြောတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်လာတယ်။ သူတို့က တကယ်ကို အစွမ်းထက်ကြတယ်။ သူတို့မှာ ကျမ်းစာနဲ့ပတ်သက်ပြီး အသိပညာ ကြွယ်ဝကြတော့၊ ကျွန်တော်တို့က ဂရုမစိုက်ဘူး၊ သတိမထားဘူးဆိုရင် လှည့်စားခံရနိုင်တယ်။ သူတို့က သခင်ယေရှု ပြန်ကြွလာပြီ၊ သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲလို့ ပြောကြတယ်။ သူတို့ရဲ့ စုဝေးပွဲတွေမှာ ကျမ်းစာကို မဖတ်တော့ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ ဖတ်ကြတယ်။ သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း...ကျေးဇူးများကို ပြုတတ်၏။’ (တိမောသေဩဝါဒစာဒုတိယစောင် ၃:၁၆-၁၇) ဒီကျမ်းပိုဒ်က ကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးဟာ ဘုရားသခင်ဆီကနေ လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြနေတယ်။ သမ္မာကျမ်းစာထဲမှာ ရှိသမျှအားလုံးဟာ ဘုရားရဲ့ နှုတ်ကပတ်တော်ဖြစ်တယ်၊ သမ္မာကျမ်းစာက သခင်ကို ယုံကြည်ခြင်းအတွက် ကျွန်တော်တို့ရဲ့ အခြေခံအုတ်မြစ်ပဲ၊ သခင်ကို ယုံကြည်တယ်ဆိုတာ သမ္မာကျမ်းစာကို ယုံကြည်တာပဲ။ ကျမ်းစာကနေ သွေဖည်သွားတာဟာ သခင်ကို မယုံကြည်တာပဲ၊ ကိုယ်တော့်ကို သစ္စာဖောက်တာပဲ” တဲ့။ အဲဒီမှာရှိတဲ့လူတွေအားလုံးက သူ့စကားကို သံယောင်လိုက်ပြီး သဘောတူကြတယ်။ ညီအစ်ကိုကျန်းက သူ့လက်ကို ဝှေ့ယမ်းပြီးတော့ “ဒါကို ခင်ဗျားတို့ မှတ်ထားရမယ်။ သူတို့တရားဒေသနာတွေက ဘယ်လောက်ပဲ နက်နဲနေပါစေ၊ ဘယ်လောက်ပဲ နားထောင်လို့ကောင်းနေပါစေ၊ သမ္မာကျမ်းစာထဲမှာ မပါရင် ကျွန်တော်တို့ လုံးဝ မယုံကြည်ရဘူး။ ကိုယ့်အဖေ၊ အမေအရင်းက ဟောပြောရင်တောင် မယုံနဲ့။ ဒီလူတွေ ခင်ဗျားတို့အိမ်ကို တရားလာဟောရင် သူတို့ကို မောင်းထုတ်လိုက်။ ခင်ဗျားတို့ အထင်အမြင်မှားအောင်လုပ်ခံရပြီး လမ်းလွဲသွားရင် သခင်ယေရှုက ခင်ဗျားတို့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ဘယ်လောက်ပဲ ငိုယိုနေပါစေ အလကားပဲ” လို့ ဆက်ပြောတယ်။ အဲဒီအချိန်မှာ သခင်ယေရှု တစ်ခါက ပြောခဲ့တာကို ကျွန်မ တွေးမိတယ်၊ “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၃၅) “သမ္မာကျမ်းစာထဲမှာ ပါသမျှအားလုံးက သခင့်နှုတ်ကပတ်တော်တွေပဲ၊ ဒါတွေက ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မှာလဲ။ သမ္မာကျမ်းစာက ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့ ကျွန်မတို့ရဲ့ ဖြတ်သန်းခွင့်လက်မှတ်ပဲ၊ ကျွန်မတို့ အသက်ရဲ့ အာမခံချက်လည်း ဖြစ်တယ်။ ဒီတော့ သမ္မာကျမ်းစာကို မဖတ်တာဟာ သခင်ကို မယုံကြည်တာပဲ။ သမ္မာကျမ်းစာကို ငါ မြဲမြဲဆုပ်ကိုင်ထားရမယ်” လို့ တွေးလိုက်တယ်။ အဲဒီနောက်မှာ သူက အထိမခံနိုင်ဖြစ်စေတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတချို့ကို ဆက်ဖြန့်တယ်။ ကျွန်မက ညီအစ်ကိုကျန်းရဲ့ စကားတွေကို အမှန်ပဲလို့ ယုံကြည်ခဲ့တယ်။ သိုးတော်စုကို ကာကွယ်ဖို့နဲ့ သခင့်လမ်းခရီးတော်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အိမ်ပြန်ရောက်တော့ ယုံကြည်သူတွေကို ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ကို သတိထားဖို့ ကျွန်မ မှာလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ကို လက်ခံတဲ့ ညီအစ်ကိုမောင်နှမတွေက ပိုပိုပြီး များလာတုန်းပဲ။
စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုကျန်းက အစ်မလျိုကို ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ က ဆွဲဆောင်သွားပြီလို့ ပြောတယ်။ ကျွန်မအတွက်တော့ ယုံဖို့ခက်နေခဲ့တယ်။ အစ်မလျိုက သမ္မာကျမ်းစာကို နှံ့နှံ့စပ်စပ်သိပြီး တရားဒေသနာလည်း ကောင်းကောင်းဟောနိုင်တာ။ ဒီလောက် အရည်အချင်းရှိတဲ့သူက ဘယ်လိုလုပ် ဆွဲဆောင်တာ ခံလိုက်ရတာလဲ။ နောက်ပိုင်းမှာ ညီအစ်ကိုကျန်းနဲ့အတူ မကြာမကြာ တရားဟောတဲ့ ညီအစ်ကိုဝမ်လည်း ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ကို ယုံကြည်သွားတယ်။ ကျွန်မ စဉ်းစားမိလာတယ်၊ “စုဝေးပွဲတိုင်းမှာ ငါတို့ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကလူတွေကို လက်မခံဖို့၊ သူတို့စကားကို နားမထောင်ဖို့၊ သူတို့စာအုပ်တွေကို မဖတ်ဖို့ ပြောထားတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ညီအစ်ကိုမောင်နှမတွေက တစ်ယောက်ပြီးတစ်ယောက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သွားကြသေးတာလဲ။ အရှေ့အရပ်က လျှပ်ပြက်ခြင်းရဲ့ သွန်သင်ချက်တွေမှာ ဘာတွေများ ဒီလောက် ဆွဲဆောင်မှုရှိနေလို့လဲ။ သူတို့စာအုပ်တွေထဲမှာ တကယ်တမ်း ဘာတွေပြောထားတာလဲ။ ညီအစ်ကိုဝမ်နဲ့ အစ်မလျိုလို တခြားလုပ်ဖော်ဆောင်ဖက်တချို့က တကယ်ကို လိုက်စားကြတယ်၊ ယုံကြည်ခြင်းလည်းကြီးကြတယ်၊ မကြာမကြာ ဟောပြောကြပြီး သမ္မာကျမ်းစာကိုလည်း အရမ်း နှံ့စပ်ကြတာ၊ သူတို့တွေက ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ဆွဲဆောင်တာ ခံလိုက်ရတာလဲ။ ငါတို့အသင်းတော်က ပြန်လည်နလန်ထူခြင်းရေစီးကြောင်းဖြစ်ပြီး၊ ငါတို့ရဲ့ သွန်သင်ချက်တွေက တခြားဂိုဏ်းဂဏတွေထက် ပိုနက်နဲတယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းရဲ့ သွန်သင်ချက်တွေက ငါတို့ ဒေသခံအသင်းတော်ထက်တောင် ပိုနက်နဲနိုင်သလား။ မဟုတ်ရင် ဒီလူတွေအားလုံး ဘာကြောင့် တစ်ယောက်ပြီးတစ်ယောက် ဆွဲဆောင်ခံသွားရပြီး လုံးဝကို ပြန်မလာတော့တာလဲ” ပေါ့။ နောက်ပိုင်းမှာ ညီအစ်ကိုကျန်းက ဆုတောင်းစည်းဝေးပွဲတစ်ခုကို သီးသန့်စီစဉ်ခဲ့တယ်၊ အဓိကကတော့ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ဟောပြောတဲ့သူတွေကို ဆုတောင်းပြီး ကျိန်ဆဲဖို့ပဲ။ ဒါက သခင့်ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ သခင်ယေရှုက ကျွန်မတို့ကို မုန်းတီးတာဟာ လူသတ်တာလောက် ဆိုးပြီး ရန်သူကိုချစ်ခင်ရမယ်လို့ သင်ခဲ့တာလေ။ သူတို့လုပ်နေတာက သခင်ယေရှုရဲ့ နှုတ်ကတ်တော်တွေကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ကျွန်မ ဒါကို သဘောမတူခဲ့ဘူး၊ ဒါကြောင့် မပါဝင်ခဲ့ဘူး။
၂၀၀၂ ခုနှစ်၊ အောက်တိုဘာလကုန်မှာ ကျွန်မတူမလေး အိမ်ကို ရောက်လာတယ်။ သူက သခင်ယေရှု ပြန်ကြွလာပြီ၊ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအလုပ်ကို လုပ်ဆောင်နေတယ်လို့ ပြောတယ်။ ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုဟာ အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်တယ်လို့လည်း သူက ပြောခဲ့တယ်။ ပထမအဆင့်က ပညတ်တော်ခေတ်မှာ ယေဟောဝါ ဘုရားသခင် လုပ်ဆောင်ခဲ့တဲ့အမှု၊ ဒုတိယအဆင့်က ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့အမှု၊ တတိယအဆင့်ကတော့ နိုင်ငံတော်ခေတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်နေတဲ့အမှုတော်ပဲတဲ့။ ဒီအမှုတော်အဆင့်သုံးဆင့်က တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်သွားပြီး အကြိမ်တိုင်းမှာ ပိုမြင့်တက်သွားတယ်။ ကျွန်မတူမက အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံပြီးလောက်ပြီဆိုတာ ကျွန်မ သဘောပေါက်သွားတယ်၊ ဒါကြောင့် သူ့ကို ကျွန်မ ဖြတ်ပြောလိုက်တယ်၊ “ပထမအဆင့်က ပညတ်တော်ခေတ်၊ ဒုတိယအဆင့်က ကျေးဇူးတော်ခေတ်၊ ဒါကို တကယ် ပြောပြဖို့ လိုလို့လား။ ငါ မသိဘူးများ ထင်နေလား။ အမှုတော် အဆင့် ဘယ်လောက်ပဲရှိရှိ၊ သမ္မာကျမ်းစာမပါဘဲ ဘယ်အရာကိုမှ ယုံလို့မရဘူး။ နင့်ကို ငါ ဘယ်နှစ်ခါ ပြောရမလဲ။ သမ္မာကျမ်းစာကလွဲပြီး ဘာကိုမှ မယုံနဲ့လို့။ နင်က ဘာလို့ နားမထောင်ရတာလဲ။ သူတို့က သခင် ပြန်ကြွလာပြီလို့ ပြောတယ်။ သခင်က ဘယ်မှာလဲ။ ဘယ်သူ မြင်ဖူးလို့လဲ” လို့ပေါ့။ ကျွန်မတူမလေးက “သခင် ပြန်ကြွလာပြီး သမ္မာတရားတွေ အများကြီးကို ဖော်ပြခဲ့ပြီးပြီ။ ကျွန်မတို့ ဘုရားသခင်ကို မြင်ချင်ရင် ကိုယ်တော့်နှုတ်ကပတ်တော်တွေထဲမှာ ရှာဖွေရမယ်။ အဒေါ်သာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်မယ်ဆိုရင် ဘုရားသခင်ရဲ့ အသံတော်ကို ကြားရပြီး ကိုယ်တော့်ရဲ့ ပေါ်ထွန်းခြင်းကို မြင်ရလိမ့်မယ်” လို့ ပြောတယ်။ သူ့စကားကိုကြားတော့ ကျွန်မ ပိုပြီးတော့တောင် ဆန့်ကျင်တဲ့စိတ် ဖြစ်လာတယ်။ ညီအစ်ကိုကျန်း အမြဲပြောလေ့ရှိတဲ့ “ဟောပြောချက်က ဘယ်လောက်ပဲ နက်နဲတယ်ထင်ရပါစေ၊ သမ္မာကျမ်းစာပြင်ပကလာရင် လုံးဝနားမထောင်ရဘူး။ ‘အရှေ့အရပ်က လျှပ်ပြက်ခြင်း’ ကို ဟောတဲ့ ဘယ်သူ့ကိုမှ လက်မခံရဘူး၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းဖြစ်နေရင်တောင် လက်မခံရဘူး” ဆိုတဲ့စကားကို ကျွန်မ တွေးမိလိုက်တယ်။ အဲဒီနောက် ကျွန်မက သူ့ကို ဆူပူကြိမ်းမောင်းလိုက်တယ်၊ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာကျမ်းစာထဲမှာ မဟုတ်ဘူးလား။ ကျမ်းစာပြင်ပက ဘယ်ဟောပြောချက်မဆို ဘယ်လောက်ပဲ နက်နဲတယ်၊ ကောင်းတယ်လို့ ထင်ရပါစေ၊ ငါတို့ ယုံကြည်လို့မရဘူး။ နင် သမ္မာကျမ်းစာ ဖတ်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ။ နင်က ဘာသိလို့လဲ။ နင် လှည့်စားခံနေရတာကိုတောင် ကိုယ့်ကိုယ်ကိုယ်မသိဘဲ၊ ငါ့ကိုတောင် လာပြီး ဟောပြောဖို့ လုပ်နေသေးတယ်။ နင် ငါ့ဆီ လာလည်တာဆိုရင် နောက်ထပ်သုံးလေးရက် နေလို့ရတယ်၊ ဒါပေမဲ့ ငါ့ကို ဟောပြောဖို့ လာတာဆိုရင်တော့ ထွက်သွားလိုက်ပါ။ ပြီးရင် ငါ နင်နဲ့ အဆက်အသွယ်ဖြတ်မယ်” လို့ပေါ့။ ကျွန်မတူမလေးက “အဒေါ်ရယ်၊ စုံစမ်းလေ့လာကြည့်ပါဦး။ အဒေါ် သခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီးရှိပြီ၊ ဒုက္ခလည်း အများကြီးခံခဲ့ပြီးပြီ။ အဒေါ်သာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံဘူးဆိုရင် အားထုတ်ခဲ့သမျှတွေအားလုံး အလကားဖြစ်သွားလိမ့်မယ်။ သမီး မှန်သောလမ်းခရီးကို လက်ခံပြီးတဲ့နောက်မှာ ပထမဆုံး သတိရမိတဲ့သူက အဒေါ်ပဲ” လို့ ပြောတယ်။ ကျွန်မတူမလေး ဘယ်လောက်ပဲ နားချဖို့ ကြိုးစားပါစေ၊ ကျွန်မက လုံးဝ နားမထောင်ခဲ့ဘူး။ နောက်ဆုံးတော့ သူ ငိုပြီး ထွက်သွားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ စိတ်ထဲမှာ အရမ်းမကောင်းဘူး။ တူမလေးက ဒီလောက်ခရီးဝေးကနေ ဧဝံဂေလိတရား လာဟောတာကို ကျွန်မက မောင်းထုတ်လိုက်တယ်။ ဒါက သခင့်ရဲ့ သွန်သင်ချက်တွေနဲ့ မကိုက်ညီဘူးပေါ့။ ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ “သူက သခင့်ကို သစ္စာဖောက်တာပဲ၊ သူ့ကို မောင်းထုတ်လိုက်တာက တကယ်တော့ မမှားပါဘူး” လို့ တွေးမိတယ်။
၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ တစ်ရက်မှာ ကျွန်မတူမလေးက သူ့အမေ ဓာတ်ငွေ့အဆိပ်သင့်လို့ လာကြည့်ပေးဖို့ ဖုန်းဆက်တယ်။ ကျွန်မလည်း ဒီအခွင့်အရေးကိုယူပြီး သူနဲ့ ထပ်စကားပြောရင်း အရှေ့အရပ်က လျှပ်ပြက်ခြင်းရဲ့ အကျင့်အကြံကို စွန့်လွှတ်အောင် နားချဖို့ ကြိုးစားမယ်လို့ စဉ်းစားလိုက်တယ်။ နောက်တစ်နေ့ ကျွန်မအစ်မကို သွားကြည့်ပြီး ညစာစားပြီးတဲ့နောက်မှာ ညီအစ်ကိုတစ်ယောက် ရောက်လာပြီး ကျွန်မကို နွေးနွေးထွေးထွေး နှုတ်ဆက်တယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျွန်မ သူ့ကို သတိထားနေခဲ့တယ်။ ညီအစ်ကိုက “အစ်မ၊ သခင့်ရဲ့ ကြွလာခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်ရှိလဲခင်ဗျ” လို့ ပြောတယ်။ ကျွန်မက “ရှင်က သခင်ကို ယုံကြည်တယ်ဆိုရင် သမ္မာကျမ်းစာထဲက ကိစ္စတွေကို ကျွန်မတို့ ဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ ရှင်က ကျွန်မကို အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ယုံကြည်လာအောင် နားချဖို့လာတာဆိုရင်တော့ ကျွန်မတို့ကြားမှာ ပြောစရာဘာမှမရှိဘူး။ ကျွန်မက သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်တွေကိုပဲ ယုံကြည်တယ်၊ ကျမ်းစာကလွဲပြီး ဘာကိုမှ မယုံဘူး” လို့ ပြန်ပြောလိုက်တယ်။ ညီအစ်ကိုက “အစ်မရဲ့ခံစားချက်ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်၊ အရင်က ကျွန်တော်လည်း အစ်မလိုပဲ သမ္မာကျမ်းစာကိုပဲ စွဲကိုင်ခဲ့တာပါ။ ဒီတော့ ဒီနေ့ ဒီအကြောင်းအရာကိုပဲ ဆွေးနွေးကြည့်ကြရအောင်” လို့ ပြောတယ်။ အဲဒီအခိုက်အတန့်မှာ ညီအစ်ကိုကျန်း ပြောခဲ့တဲ့ “သူတို့ရဲ့ တရားဒေသနာက ဘယ်လောက်ပဲ နက်နဲတယ်၊ ကောင်းတယ်လို့ ထင်ရပါစေ၊ အထင်အမြင်မှားအောင်လုပ်တာမခံရအောင် လုံးဝနားမထောင်နဲ့” ဆိုတဲ့စကားကို ကျွန်မ သတိရလိုက်တယ်။ ဒါကြောင့် ကျွန်မက အကြောင်းပြချက်တစ်ခု ရှာပြီး ကျွန်မ ပင်ပန်းနေလို့ အနားယူချင်တယ်လို့ ပြောလိုက်တယ်။ နောက်တစ်နေ့မှာ ညီအစ်မနှစ်ယောက် ရောက်လာတယ်၊ ကျွန်မက သူတို့ကို ငြင်းပယ်ဖို့ အကြောင်းပြချက်တွေကို ဆက်ရှာနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက အိမ်ပြန်ချင်စိတ်ပဲ ရှိနေခဲ့တာ။ ဒါပေမဲ့ အပြင်မှာ နှင်းတွေက ခြောက်လက်မကျော်လောက်တောင် ထူနေပြီး ဘတ်စ်ကားတွေလည်း ပြေးဆွဲတာ ရပ်သွားတော့ ကျွန်မ ပြန်လို့မရခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ ဂနာမငြိမ်ဖြစ်ပြီး မသက်မသာဖြစ်နေတယ်၊ ခေါင်းထဲမှာလည်း ညီအစ်ကိုကျန်းရဲ့ စကားတွေချည်းပဲ ပြည့်နေခဲ့တယ်။ ညီအစ်မနှစ်ယောက်က ကျွန်မကို သေသေချာချာ နားထောင်ကြည့်ဖို့ တိုက်တွန်းတယ်၊ မဟုတ်ရင် သခင့်ရဲ့ကြွလာခြင်းကို ကြိုဆိုမယ့်အခွင့်အရေးနဲ့ လွဲသွားလိမ့်မယ်တဲ့။ သူတို့ထဲက တစ်ယောက်က “သခင်ယေရှု ပြောခဲ့သည်မှာ ‘ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။’ (ရှင်မဿဲခရစ်ဝင် ၇:၇) ဗျာဒိတ်ကျမ်းမှာပါတဲ့ ‘ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။’ (ဗျာဒိတ်ကျမ်း ၃:၂၀) ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။’ (ဗျာဒိတ်ကျမ်း ၂:၇) ကျွန်မတို့က ဘုရားသခင်အတွက် နှလုံးသားတံခါးကို မဖွင့်ပေးဘူးဆိုရင် ကိုယ်တော်က ကျွန်မတို့ကို ဘယ်လိုလုပ် ဉာဏ်အလင်းပေးနိုင်မှာလဲ” ဆိုတာကိုလည်း ပြောပြခဲ့တယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ အပြုအမူက ဣန္ဒြေရှိတယ်၊ ယဉ်ကျေးမှုရှိတယ်၊ ချစ်ခြင်းပါတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မ သူတို့ကို ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဆက်ဆံပါစေ၊ သူတို့က ကျွန်မအပေါ် ဘယ်တော့မှ ဒေါသမထွက်ကြဘူး၊ သခင့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ပဲ ကျွန်မကို အဆက်မပြတ် လမ်းညွှန်ပေးနေခဲ့တယ်။ သူတို့က ညီအစ်ကိုကျန်းပြောခဲ့သလို လုံးဝမဟုတ်ဘူး၊ ပြီးတော့ သူတို့အပေါ် ကျွန်မ ဒီလောက် ဆန့်ကျင်စိတ် မရှိတော့ဘူး။ တတိယနေ့မှာ ညီအစ်ကိုမောင်နှမတချို့ ရောက်လာကြတယ်။ ကျွန်မက သူတို့ကို “‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။’ (တိမောသေဩဝါဒစာဒုတိယစောင် ၃:၁၆) သမ္မာကျမ်းစာထဲက စကားတွေအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပဲ၊ သခင်ကို ယုံကြည်တာကို သမ္မာကျမ်းစာနဲ့ ခွဲခြားလို့မရဘူး။ ရှင့်တို့ သမ္မာကျမ်းစာကို မဖတ်ဘူးဆိုရင် သခင့်ရဲ့ လမ်းခရီးတော်ကနေ သွေဖည်နေတာ မဟုတ်ဘူးလား” လို့ ပြောလိုက်တယ်။ ညီအစ်ကိုတစ်ယောက်က “‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊’ ဆိုတဲ့ စကားစုကို ဘယ်သူပြောခဲ့သလဲ၊ ဒီအတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အထောက်အထား ရှိရဲ့လားဆိုတာကို အရင်ဆုံး ကြည့်ကြရအောင်။ သခင်ယေရှုက ကျမ်းစာအားလုံးဟာ ဘုရားသခင် မှုတ်သွင်းတာဖြစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊’ ဆိုတဲ့စကားစုကို ပေါလုက ပြောခဲ့တာပါ၊ သခင်ယေရှု ပြောခဲ့တာ မဟုတ်ပါဘူး” လို့ ပြောတယ်။ သူ ဒီလိုပြောရင်းနဲ့ သမ္မာကျမ်းစာကို ထုတ်ပြီး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ဆိုတဲ့ ကျမ်းပိုဒ်ကို ကျွန်မကို ပြတယ်။ ကျွန်မ ကြည့်လိုက်တော့ တကယ်ပဲ ဒါကို ပေါလုက ပြောခဲ့တာပဲ၊ သခင်ယေရှု ပြောခဲ့တာမဟုတ်ဘူး။ ကျွန်မက ပုံမှန်ဆို ဒီကျမ်းပိုဒ်ကို ဖတ်တာပဲ အာရုံစိုက်ခဲ့တာ၊ ဒီအချက်ကို ဘယ်လိုလုပ် သတိမထားမိခဲ့ပါလိမ့်။
အဲဒီနောက် ညီအစ်ကိုက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မအတွက် ဖတ်ပြခဲ့တယ်။ “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ လွဲချော်နေသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် အပြည့်အဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာပြီး အချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူမှ လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ။ ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ထိုအချိန်က ဧဖက်မြို့၊ ကောရိန္သုမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို နာခံပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်လျှောက်ကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့သကဲ့သို့ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)) ညီအစ်ကိုက ဆက်ပြီးတော့ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်း ရှင်းလင်းပါတယ်။ ဓမ္မဟောင်းကျမ်းမှာ ယေဟောဝါ ဘုရားသခင်က ပရောဖက်တွေကို ထုတ်ဖော်ပြခဲ့တဲ့ ပရောဖက်ကျမ်းတွေကလွဲရင် အများစုက ပညတ်တော်ခေတ်တုန်းက လူတွေ ဘုရားသခင်ရဲ့ အမှုကို တွေ့ကြုံခဲ့တဲ့ မှတ်တမ်းတွေပါပဲ။ ဥပမာ၊ ဣသရေလလူမျိုးတွေ အဲဂုတ္တုပြည်ကနေ ဘယ်လိုထွက်လာသလဲ၊ ယာကုပ်၊ ဒါဝိဒ်၊ ရှောလမုန်တို့ရဲ့ အတွေ့အကြုံတွေ စသဖြင့်ပေါ့။ ဒါတွေအားလုံးက လူတွေရဲ့ အတွေ့အကြုံတွေဖြစ်ပြီး ဘုရားသခင်ရဲ့ မှုတ်သွင်းခြင်းလို့ ခေါ်လို့မရပါဘူး။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင် မှုတ်သွင်းတဲ့ နှုတ်ကပတ်တော်တွေကို ‘ယေဟောဝါ မိန့်တော်မူသည်ကား’၊ ‘ယေဟောဝါ ဤသို့ မိန့်တော်မူ၏’ ဆိုတဲ့ စကားစုတွေနဲ့ ရှင်းရှင်းလင်းလင်း အမှတ်အသားလုပ်ထားပါတယ်။ ဓမ္မသစ်ကျမ်းက ယေရှုရဲ့အမှုကို မှတ်တမ်းတင်ထားပြီး၊ အထဲမှာပါတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါ။ ဗျာဒိတ်ကျမ်းကတော့ ယောဟန် ပတ်မုကျွန်းပေါ်မှာ မြင်ခဲ့တဲ့ ရူပါရုံဖြစ်ပြီး ဒါက ဘုရားသခင် မှုတ်သွင်းတာပါ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေက လူ့စကားတွေနဲ့ အတွေ့အကြုံဆိုင်ရာ နားလည်မှုတွေပါပဲ။ လူ့စကားတွေမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်း ပါရင်တောင်မှ၊ အဲဒါတွေကိုဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဒါမှမဟုတ် ဘုရားသခင်ရဲ့ မှုတ်သွင်းခြင်းလို့ ခေါ်လို့မရပါဘူး။ သမ္မာကျမ်းစာဆိုတာ ဘုရားသခင်ရဲ့ အမှုတော်ဆိုင်ရာ သမိုင်းမှတ်တမ်းတစ်ခု၊ ဘုရားသခင်ရဲ့ အမှုတော်အတွက် သက်သေခံချက်တစ်ခုသာ ဖြစ်ပြီး သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်ရဲ့ မှုတ်သွင်းခြင်း မဟုတ်ပါဘူး။ ကျွန်မတို့က သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်အားလုံးကို ဘုရားသခင် မှုတ်သွင်းတယ်လို့ သတ်မှတ်ပြီး ဘုရားရဲ့ နှုတ်ကပတ်တော်အဖြစ် သဘောထားမယ်ဆိုရင်၊ ဒါက ဘုရားသခင်ကို ပြစ်မှားစော်ကားတာ မဟုတ်ဘူးလား” လို့ မိတ်သဟာယပြုတယ်။ ညီအစ်ကို ဒီလိုပြောတာကို ကြားလိုက်ရတော့ ကျွန်မစိတ်ထဲမှာ ပွင့်လင်းသွားသလို ခံစားလိုက်ရပြီး “ဒါဆို သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ မှုတ်သွင်းခြင်းချည်းပဲ မဟုတ်ဘူးပေါ့၊ အထဲမှာ လူ့စကားတွေလည်း ပါတာကိုး။ လူ့စကားတွေကို ဘုရားရဲ့ နှုတ်ကပတ်တော်အဖြစ် သဘောထားရင် ဒါက ဘုရားသခင်ကို ပြစ်မှားစော်ကားတာပဲ။ ငါ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို ရောထွေးလို့ မဖြစ်တော့ဘူး။ ဒေသခံအသင်းတော်မှာ ဘယ်သူကမှ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို ဒီလောက် ရှင်းရှင်းလင်းလင်း ခွဲခြားပြတာမျိုး မရှိခဲ့ဘူး။ ဒီလိုမိတ်သဟာယမျိုးကို ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ” လို့ တွေးမိတယ်။ ညီအစ်ကိုက “ကျွန်တော်လည်း အရင်က သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ရဲ့ တခြားအမှုတော်တွေ၊ နှုတ်ကပတ်တော်တွေ မရှိတော့ဘူးလို့ ထင်ခဲ့တာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားလုံးက သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီးသား၊ ကျမ်းစာထဲက ဘုရားရဲ့ နှုတ်ကပတ်တော်တွေက အလုံးစုံပြည့်စုံပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့က အရေးကြီးတဲ့ အချက်တစ်ခုကို လျစ်လျူရှုခဲ့ကြတယ်” လို့ ဆက်ပြောတယ်။ သူ့စကားကိုကြားတော့ ကျွန်မရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်သလိုပဲ၊ “ကျွန်မတို့ ဘယ်အရေးကြီးတဲ့ အချက်ကိုများ မေ့နေခဲ့တာလဲ” လို့ အမြန်မေးလိုက်တယ်။ သူက ကျွန်မကို “ပြောကြည့်ပါဦး၊ ဘယ်ဟာ အရင်ပေါ်တာလဲ၊ ဘုရားသခင်လား၊ သမ္မာကျမ်းစာလား။ ဘုရားသခင်က ပိုကြီးမြတ်သလား၊ သမ္မာကျမ်းစာက ပိုကြီးမြတ်သလား” လို့ မေးတယ်။ သူ ဒီလိုမေးလိုက်တော့ ကျွန်မ အံ့အားသင့်သွားတယ်။ ဘယ်သူကမှ ဒီမေးခွန်းကို တစ်ခါမှ မမေးဖူးဘူး။ ကျွန်မ တကယ်ပဲ အငိုက်မိသွားခဲ့တယ်။ ကမ္ဘာဦးကျမ်း အခန်းကြီးတစ်မှာ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အကြောင်း ပြောထားတာကို ကျွန်မ သတိရလိုက်တယ်။ ဘုရားသခင် ရှိနေတဲ့အချိန်က သမ္မာကျမ်းစာဆိုတာ မရှိသေးဘူး၊ ဒါကြောင့် ဘုရားသခင်က အရင်ပေါ်ခဲ့တာပေါ့။ ကျွန်မ ပါးစပ်ကနေ ရုတ်တရက် ထွက်သွားတယ်၊ “ဘုရားသခင်က အရင်ပေါ်တယ်၊ ပြီးတော့မှ ကျမ်းစာလာတာ။ ဘုရားသခင်က ပိုကြီးမြတ်တာပေါ့” လိုပေါ့။ ဒီလိုပြောပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ ရုတ်တရက် ရှင်းလင်းသွားတယ်၊ “အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ၊ ဒီတော့ ဘုရားသခင်က ပိုကြီးမြတ်တာ သေချာတာပေါ့။ ဒါပေမဲ့ အရင်တုန်းကတော့ ငါက သမ္မာကျမ်းစာကို ဘုရားသခင်အထက်မှာ ထားခဲ့တာပဲ။ ဒါက မှားနေခဲ့တာ မဟုတ်ဘူးလား” ပေါ့။ ညီအစ်ကိုက ဆက်ပြောတယ်၊ “အရင်ဆုံး ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ ပေါ်လာတယ်၊ ပြီးတော့မှ ကျမ်းစာရဲ့ မှတ်တမ်း ပေါ်လာတယ်။ ဒီတော့ ကျွန်တော်တို့က ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲ ကန့်သတ်ထားပြီး သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ မရှိတော့ဘူးလို့ တွေးမယ်ဆိုရင် ဒီအမြင်က မှန်ရဲ့လား။ သခင်ယေရှု ဘာပြောခဲ့သလဲ ကြည့်ကြရအောင်။ ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃ မှာ၊ ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ ဗျာဒိတ်ကျမ်း ၂:၇ မှာ၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။’ သခင်ယေရှုက သူ လူတွေကို မပြောရသေးတဲ့အရာတွေ အများကြီးရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က လူတွေက အဲဒါတွေကို ခံနိုင်ရည်မရှိကြလို့ပဲ။ ဒါကြောင့် သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ နှုတ်ကပတ်တော်တွေ ပိုဖော်ပြပြီး သမ္မာတရားရဲ့ နက်နဲမှုအားလုံးကို လူသားမျိုးနွယ်ဆီ ဖွင့်ပြပြီး ဒီလိုနဲ့ ဒါတွေကို သူတို့ နားလည်ပြီး ဝင်ရောက်သွားလိမ့်မယ်။ ဗျာဒိတ်ကျမ်းမှာလည်း နောက်ဆုံးသောကာလမှာ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်အားလုံးကို စကားပြောမယ်၊ စာလိပ်ငယ်ကို ဖွင့်မယ်၊ ပြီးတော့ ဝှက်ထားသောမန္နကို နောက်ဆုံးသောကာလက လူတွေကို ပေးအပ်မယ်လို့ ပရောဖက်ပြုထားတယ်။ သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ဆီက နှုတ်ကပတ်တော်တွေ မရှိတော့ဘူးဆိုရင် ဒီပရောဖက်ပြုချက်တွေက ဘယ်လိုလုပ် ပြည့်စုံနိုင်မှာလဲ။ ဒါကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာတဲ့အခါ နှုတ်ကပတ်တော်တွေ ပိုပြီးဖော်ပြလိမ့်မယ်၊ ဒါတွေထဲက တစ်ခုမှ သမ္မာကျမ်းစာထဲမှာ မပါဘူး” လို့ ပြောတယ်။ သခင်ယေရှုက တကယ်ပဲ ဒီလိုနှုတ်ကပတ်တော်တွေ ပြောခဲ့တယ်ဆိုတာ ကျွန်မ သတိရလိုက်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကုန်ခမ်းသွားတယ်လို့မရှိဘဲ ပေါကြွယ်ဝတယ်။ သမ္မာကျမ်းစာပြင်ပမှာ ဘုရားရဲ့နှုတ်ကပတ်တော် မရှိတော့ဘူးလို့ပြောတာက တကယ်ပဲ အချက်အလက်တွေနဲ့ မကိုက်ညီဘူး။ သူပြောတာတွေက သမ္မာကျမ်းစာနဲ့ ကိုက်ညီနေတယ်။ ဒါပေမဲ့ ဗျာဒိတ်ကျမ်းမှာ ပြောထားတာကို ကျွန်မ ပြန်သတိရလိုက်တယ်၊ “ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထား သော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့် ၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၈-၁၉) အရှေ့အရပ်က လျှပ်ပြက်ခြင်းက လူတွေက ဘုရားသခင်ဟာ အမှုတော်အသစ် လုပ်ဆောင်ပြီး နှုတ်ကပတ်တော်အသစ်တွေ ပြောခဲ့တယ်လို့ ဆိုတယ်၊ ဒါက သမ္မာကျမ်းစာပြင်ပက နှုတ်ကပတ်တော်တွေပေါ့။ ဒါက သမ္မာကျမ်းစာမှာ ထပ်ဖြည့်စွက်တာ မဟုတ်ဘူးလား။ သူတို့ဟောပြောတာကို ကျွန်မ လက်ခံလိုက်ရင် သမ္မာကျမ်းစာပြင်ပက နှုတ်ကပတ်တော်တွေကို လက်ခံရာရောက်ပြီး သခင်ကို သစ္စာဖောက်ရာ ကျမှာပေါ့။ ဒါနဲ့ ကျွန်မလည်း အကြောင်းပြချက်တစ်ခုရှာပြီး အပြင်ထွက်လာခဲ့တယ်၊ ဆက်ပြီး နားမထောင်ချင်တော့ဘူး။
ညဘက်ရောက်တော့ ကျွန်မ တစ်လူးလူးတစ်လိမ့်လိမ့်နဲ့ ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။ ဒီညီအစ်ကို ပြောသွားတာတွေက ကောင်းတယ်၊ ပြီးတော့ အားလုံးက သမ္မာကျမ်းစာကို အခြေခံထားတယ်ဆိုတာကို ကျွန်မ စဉ်းစားနေမိတယ်။ ညီအစ်ကိုကျန်း ပြောခဲ့သလို “သမ္မာကျမ်းစာပြင်ပမှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေ မရှိတော့ဘူး” ဆိုတာသာ မှန်ရင် သခင့်ရဲ့ ပရောဖက်ပြုချက်တွေက ပြည့်စုံနိုင်မှာမဟုတ်ဘူး၊ စာလိပ်ငယ်လည်း ဖွင့်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ညီအစ်ကိုကျန်းက အထူးစည်းဝေးပွဲမှာ အဲဒီလူတွေက သမ္မာကျမ်းစာကို ကျွမ်းကျင်ကြတယ်၊ သူတို့ရဲ့ တရားဒေသနာက ဘယ်လောက်ပဲ နက်နဲတယ်၊ ကောင်းတယ်လို့ ထင်ရပါစေ၊ ကျွန်မတို့ နားမထောင်သင့်ဘူးလို့ ပြောခဲ့တာကိုလည်း ပြန်စဉ်းစားမိတော့ “ငါသာ မှားယုံကြည်မိရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး ကျွန်မ စိုးရိမ်နေခဲ့သေးတယ်။
စတုတ္ထနေ့မှာ ကျွန်မက သူတို့ကို ပြောလိုက်တယ်၊ “ဗျာဒိတ်ကျမ်း ၂၂ မှာ ‘ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထား သော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့် ၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။’ (ဗျာဒိတ်ကျမ်း ၂၂:၁၈-၁၉) ဒီကျမ်းပိုဒ်နှစ်ပိုဒ်က ကျမ်းစာကို ထပ်ထည့်တာ၊ ဒါမှမဟုတ် နုတ်ပယ်တာ မလုပ်ရဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ရှင့်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ ဖတ်တယ်၊ ဒါက သခင့်နှုတ်ကပတ်တော်တွေကို ဘေးဖယ်ထားတာ မဟုတ်ဘူးလား။ ကျွန်မသာ မှားယုံကြည်မိရင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို မရရုံတင်မကဘူး၊ ဘုရားသခင်က ကျွန်မအပေါ် ဘေးဒုက္ခတွေ သက်ရောက်စေလိမ့်မယ်” လို့ ပြောလိုက်တယ်။ ဒါကိုကြားတော့ ညီအစ်ကိုက ပြုံးပြီး “ဒါဆို အစ်မက ဒီအရာတွေကို စိုးရိမ်နေတာကိုး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ပြီး ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ ဒါက လုံးဝ အမှန်တရားပါ။ သမ္မာကျမ်းစာမှာ ဘယ်သူမှ ထပ်ဖြည့်တာ၊ နှုတ်ပယ်တာ မလုပ်သင့်ဘူးလို့ ပြောတဲ့အခါ၊ ဒါဟာ လူက အဲဒီလိုလုပ်လို့မရဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ ဘုရားသခင် ကိုယ်တော်တိုင် အမှုတော်ဆောင်ဖို့ ကြွလာပြီး သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြရင်၊ အဲဒါကို ထပ်ဖြည့်တာလို့ ကျွန်တော်တို့ ပြောလို့မရဘူး။ ပညတ်တော်ခေတ်ကို အခြေခံပြီး သခင်ယေရှုက အမှုတော်အသစ် လုပ်ဆောင်ပြီး နှုတ်ကပတ်တော်အသစ်တွေ ဖော်ပြခဲ့သလိုပေါ့၊ ကိုယ်တော်က ဓမ္မဟောင်းကျမ်းကို ထပ်ဖြည့်ခဲ့တယ်လို့ ပြောနိုင်သလား” လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မ တွေးမိတယ်၊ “ဟုတ်တယ်၊ သမ္မာကျမ်းစာမှာ ဘယ်သူမှ ပရောဖက်ပြုချက်တွေအပေါ်မှာ ထပ်ဖြည့်တာ၊ နှုတ်ပစ်တာ မလုပ်ရဘူးလို့ ပြောထားတယ်၊ ဒါပေမဲ့ ဘုရားသခင်က နှုတ်ကပတ်တော်အသစ်တွေ ပြောမှာမဟုတ်ဘူးလို့တော့ မပြောထားဘူး” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မနှလုံးသားက လင်းထိန်လာပြီး ညီအစ်ကိုရဲ့ မိတ်သဟာယကို နည်းနည်းစိတ်ဝင်စားလာခဲ့တယ်။
ညီအစ်ကိုက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်မကို ဆက်ဖတ်ပြခဲ့တယ်၊ ဒါကြောင့် သမ္မာကျမ်းစာရဲ့ အတွင်းသဘောနဲ့ သမ္မာကျမ်းစာကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမလဲဆိုတာနဲ့ပတ်သက်ပြီး ပိုကောင်းတဲ့ နားလည်မှုတချို့ ကျွန်မ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏ အမှုတွင် စည်းမျဉ်းစည်းကမ်းများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း။ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လိုက်နာစောင့်ထိန်းခဲ့သည်ဆိုလျှင်၊ သူသည် ထိုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) “ဓမ္မသစ်ကျမ်းကာလထဲက ယေရှုပြုသည့် အမှုသည် အမှုသစ်ကို စတင်ပေးခဲ့သည်- ယေရှုသည် ဓမ္မဟောင်းကျမ်းလာ အမှုတော်အတိုင်း မလုပ်ကိုင်ခဲ့သည့် အပြင်၊ ဓမ္မဟောင်းကျမ်းလာ ယေဟောဝါ ပြောသည့် နှုတ်ကပတ်တော်များကိုလည်း မကျင့်သုံးခဲ့ပေ။ ယေရှုသည် မိမိ၏ကိုယ်ပိုင်အမှုကို ပြုခဲ့ပြီး၊ ပိုသစ်သည့်အမှုကို ပြုခဲ့ကာ၊ ပညတ်ချက်ထက် ပိုမြင့်မားသည့်အမှုကို ပြုခဲ့သည်။ သို့ဖြစ်၍၊ သူသည်- ‘ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။’ ဆိုခဲ့၏။ ထို့ကြောင့်၊ ယေရှု အထမြောက်အောင် ဆောင်ရွက်ပြီးခဲ့သည့် အရာနှင့်အညီ၊ များစွာသော အယူဝါဒများ ချိုးဖောက်ခံခဲ့ကြရသည်။ ဥပုသ်နေ့တွင် ယေရှုသည် တပည့်များကို ဂျုံစပါးလယ်ကွက်များကြား ခေါ်သွားခဲ့ပြီး စပါးအသီးအနှံများကို သူတို့ ကောက်စားခဲ့သည်။ ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲ- ‘လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။’ ထိုအချိန်က၊ ဣသရေလလူမျိုးများ၏ စည်းကမ်းများအရ၊ ဥပုသ်နေ့ကို မစောင့်ထိန်းသူကို ကျောက်တုံးများဖြင့် သတ်ခဲ့၏။ သို့သော် ယေရှုသည် ဗိမာန်တော်ထဲကိုလည်း မဝင်ခဲ့၊ ဥပုသ်နေ့ကိုလည်း မစောင့်ထိန်းခဲ့ပေ၊ ထို့အပြင် သူ၏အမှုကို ဓမ္မဟောင်းကျမ်းခေတ်အတွင်းတွင် ယေဟောဝါမှ ပြုခဲ့သည် မဟုတ်ပေ။ သို့ဖြစ်သောကြောင့်၊ ယေရှုပြုခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ကို ကျော်လွန်ခဲ့သည်၊ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ထက် ပိုမြင့်မားခဲ့ပြီး ယင်းနှင့် ကိုက်ညီမှု မရှိခဲ့ပေ။ ကျေးဇူးတော်ခေတ်အတွင်း၌၊ ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်နှင့်အညီ အမှုပြုခဲ့ခြင်း မဟုတ်ဘဲ၊ ထိုသြဝါဒများကို ချိုးဖောက်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် ဣသရေလ အမျိုးသားတို့သည် သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ ယေရှုကို ပြစ်တင်ရှုတ်ချခဲ့သည်၊ ဤသည်မှာ ယေရှု၏အမှုတော်ကို ငြင်းပယ်နေခြင်း မဟုတ်သလော။ ယနေ့ ဘာသာရေးလောကသည်လည်း သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ အချို့သောသူတို့က ‘သမ္မာကျမ်းစာသည် သန့်ရှင်းသောစာအုပ်တစ်အုပ်ဖြစ်ပြီး ယင်းကို ဖတ်ရှုရမည်’ ဟု ပြောဆိုကြသည်။ အချို့သောသူတို့က ‘ဘုရားသခင်၏ အမှုကို ထာဝရ ထိန်းသိမ်းထားရမည်၊ ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးများနှင့် ထားရှိခဲ့သည့် ဘုရားသခင်၏ ပဋိညာဉ်ဖြစ်ပြီး၊ ၎င်းကို ဘေးဖယ်ထား၍ မရနိုင်၊ ဥပုသ်နေ့ရက်ကို အစဉ် စောင့်ထိန်းရမည်’ ဟု ဆိုကြသည်။ သူတို့သည် ရယ်စရာ မကောင်းကြပေဘူးလော။ ယေရှုသည် အဘယ်ကြောင့် ဥပုသ်နေ့ရက်ကို မစောင့်ထိန်းခဲ့သနည်း။ သူသည် မကောင်းမှုကို ကျူးလွန်နေခဲ့သလော။ မည်သူက ယင်းကဲ့သို့သော အမှုအရာများကို စေ့စပ်သေချာစွာ နားလည်နိုင်သနည်း။ လူတို့သည် သမ္မာကျမ်းစာကို မည်သို့ပင် ဖတ်ရှုသည်ဖြစ်စေ၊ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို အသုံးပြုလျက် ဘုရားသခင်၏ အမှုကို သိနားလည်ရန် မဖြစ်နိုင်ပေ။ ထိုသူတို့သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိပညာကို မရရုံသာမက၊ ၎င်းတို့၏ အယူအဆများသည် သာ၍ပင် ထူးခြားစွာ ဆိုးရွားလာသည်မှာ ဘုရားသခင်ကို ၎င်းတို့သည် စတင်ဆန့်ကျင်သည်အထိ ဖြစ်လာလိမ့်မည်။ ယနေ့ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း မရှိခဲ့လျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကြောင့် ဖျက်ဆီးခြင်းခံကြရလျက် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုများအကြား သေဆုံးကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ညီအစ်ကိုက “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ နားလည်ရတာကတော့ ဘုရားသခင်ရဲ့ အမှုတော်ပြီးတဲ့နောက်မှာ လူတွေက ဘုရားအမှုရဲ့ အဖြစ်မှန်တွေကို မှတ်တမ်းတင်ပြီး စုစည်းခဲ့ကြတယ်၊ အဲဒါက သမ္မာကျမ်းစာ ဖြစ်လာတာပေါ့။ သမ္မာကျမ်းစာဆိုတာ သမိုင်းစာအုပ်တစ်အုပ်သက်သက်ပါပဲ၊ ဘုရားသခင်ရဲ့ အရင်အမှုတော် အဆင့်နှစ်ဆင့်ရဲ့ မှတ်တမ်းတစ်ခုပေါ့။ ကျမ်းစာဟာ ဘုရားသခင်ရဲ့ သက်သေခံချက်ဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုတော်ကို အစေခံတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်ကို ကန့်သတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်မှာ ယေဟောဝါရဲ့အမှုကို မှတ်တမ်းတင်ထားတာဖြစ်ပြီး အဓိကအားဖြင့် ဘုရားသခင်က ကမ္ဘာကြီးကို ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာနဲ့ ပညတ်တော်ခေတ်က သူ့ရဲ့အမှုတော်ကို မှတ်တမ်းတင်ထားတာပါ။ ဓမ္မသစ်ကျမ်းကတော့ ကျေးဇူးတော်ခေတ်က ဘုရားသခင်ရဲ့အမှုကို မှတ်တမ်းတင်ထားပြီး သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ၊ လူတွေကို နောင်တရဝန်ချဖို့၊ ကိုယ့်အိမ်နီးချင်းကို ကိုယ်နဲ့အမျှချစ်ဖို့၊ ခုနစ်ဆယ်လီ ခုနစ်ကြိမ်မြောက်အောင် ခွင့်လွှတ်ဖို့ တောင်းဆိုတာတွေအပြင် သခင်ယေရှုက အပြစ်တွေကို ခွင့်လွှတ်တာ၊ လူမမာတွေကို ကုသပေးတာ၊ နတ်ဆိုးတွေကို နှင်ထုတ်တာ၊ လူသေတွေကို ထမြောက်စေတာ စတာတွေကို မှတ်တမ်းတင်ထားပါတယ်။ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကလည်း ဓမ္မဟောင်းကျမ်းမှာ မှတ်တမ်းတင်ထားတဲ့အရာတွေရဲ့ အပြင်ဘက်မှာ မဟုတ်ခဲ့ဘူးလား။ လူ့အမြင်အရဆိုရင် ဒါကလည်း သမ္မာကျမ်းစာကို ကျော်လွန်သွားတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒါက သမ္မာကျမ်းစာပြင်ပမှာ ထပ်ဖြည့်ခဲ့တာမဟုတ်ဘဲ ဘုရားသခင်ရဲ့ အမှုတော်ကို မြှင့်တင်ခြင်းတစ်ခုပါပဲ။ ဒီနေ့ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပြီး နိုင်ငံတော်ခေတ်အမှုတော်ကို ဖွင့်လှစ်ဖို့အတွက် ကျေးဇူးတော်ခေတ်အမှုတော်အပေါ်ကနေ တည်ဆောက်ပြီး နှုတ်ကပတ်တော်အသစ်တွေကို ဖော်ပြခဲ့ပြီ။ ဒါတွေဟာ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့ အသင်းတော်တွေအတွက် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်ပြီး စာစောင်ငယ်လည်း ဖွင့်ပြီးသွားပြီ။ ဒါကို သမ္မာကျမ်းစာထဲမှာ တစ်ခုခု ထပ်ဖြည့်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ ဒါက လုံးဝကို မတူညီတဲ့ ကိစ္စတစ်ခုပဲ။ လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီး ဖော်ပြခဲ့တာကို မြင်တဲ့အခါ၊ စာစောင်ငယ်ရဲ့ နက်နဲမှုတွေ ဖွင့်ပြခြင်းခံခဲ့ရပြီဆိုတာကို မြင်တဲ့အခါ၊ ပြီးတော့ ဒီနှုတ်ကပတ်တော်တွေက အခုလက်ရှိ လူသားမျိုးနွယ်အတွက် ချက်ချင်း အတိအကျ လိုအပ်နေတဲ့အရာတွေ၊ လူသားမျိုးနွယ် ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ခြင်း ရှိ၊ မရှိနဲ့ သက်ဆိုင်တဲ့ သမ္မာတရားတွေဖြစ်တာကို မြင်တဲ့အခါ၊ လူတွေက ဘာသာတရားဆီ ပြန်သွားပြီး နေ့တိုင်း ကျမ်းစာဟောပြောချက်တွေကို နားထောင်နေဦးမှာလား။ ကျေးဇူးတော်ခေတ်တုန်းက သခင်နောက်လိုက်ခဲ့တဲ့သူတွေလိုပေါ့၊ သူတို့က သခင်ယေရှု နှုတ်ကပတ်တော်အသစ်တွေ ဖော်ပြပြီး အမှုအသစ်ကို လုပ်ဆောင်တာ ကြားတဲ့အခါ သူတို့က ဖာရိရှဲတွေ ဓမ္မဟောင်းကျမ်း ဟောပြောတာကို နားထောင်ဖို့ ဗိမာန်တော်ကို သွားနေဦးမှာလား။ ဘုရားသခင်ရဲ့ အမှုတော်အသစ်က ကျမ်းစာကို ကျော်လွန်သွားလို့ ဒါမှမဟုတ် ကျမ်းစာရဲ့ အထက်မှာ ရှိနေလို့ ကျွန်တော်တို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေကို ငြင်းပယ်ရင်၊ ဘုရားသခင်ကို ဆန့်ကျင်ခဲ့တဲ့ ဖာရိရှဲတွေရဲ့ အမှားမျိုးကိုပဲ ကျူးလွန်နေကြတာ မဟုတ်ဘူးလား” တဲ့။ ညီအစ်ကိုရဲ့ စကားတွေက ကျွန်မကို လုံးဝကို လက်ခံယုံကြည်သွားစေခဲ့ပြီး ကျွန်မမှာ ချေပစရာ စကားမရှိတော့ဘူး။ ကျွန်မက တကယ်ပဲ ကျမ်းစာကို မြတ်နိုးကိုးကွယ်ခဲ့ပြီး ဘုရားသခင်အထက်မှာ ထားခဲ့တယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လူတွေ သမ္မာကျမ်းစာကို မဖတ်တာဟာ ကျမ်းစာကို ငြင်းပယ်နေတာမဟုတ်ဘဲ ဘုရားသခင်ရဲ့ အမှုတော်ခြေလှမ်းတွေနောက်ကို လိုက်နေကြတာပဲဆိုတာကိုလည်း ကျွန်မ နားလည်သွားတယ်။ သခင်ကို ယုံကြည်သူတွေ ဓမ္မသစ်ကျမ်းကို အာရုံစိုက်ခဲ့သလိုပဲပေါ့။ ဒါက သူတို့ ဘုရားရဲ့လမ်းခရီးကနေ သွေဖည်သွားတယ်လို့ မဆိုလိုပါဘူး။ ကျွန်မ ဒီမှားယွင်းတဲ့နည်းလမ်းနဲ့ ဆက်သွားလို့မဖြစ်တော့ဘူးဆိုတာ သဘောပေါက်ခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ တကယ်ကို ပြန်ကြွလာတဲ့ သခင်ဖြစ်နေပြီး ကျွန်မက သေသေချာချာ မစုံစမ်းဘဲ သခင့်ရဲ့ပြန်ကြွလာခြင်းကို ကြိုဆိုမယ့်အခွင့်အရေးနဲ့ လွဲသွားခဲ့ရင် ကျွန်မက မိုက်မဲတဲ့သတို့သမီး ဖြစ်သွားမှာမဟုတ်ဘူးလား။ ကျွန်မ သခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို သခင်၊ ကိုယ်တော်သာ တကယ်ပဲ ပြန်ကြွလာခဲ့ပြီဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆတွေကို သမီး ဘေးဖယ်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို လိုက်လျှောက်ဖို့ ဆန္ဒရှိပါတယ်။ ဒါကသာ ကိုယ်တော်ရဲ့ အမှုတော်ဖြစ်တယ်ဆိုရင် ကိုယ်တော့်ရဲ့ အသံတော်ကို သမီး မှတ်မိနိုင်အောင် ဉာဏ်အလင်းပေးတော်မူပါ” လို့ပေါ့။ ဒီလိုဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ အရမ်းကို တည်ငြိမ်ပြီး ငြိမ်းချမ်းသွားသလို ခံစားလိုက်ရတယ်။
အဲဒီနောက်မှာ ကျွန်မတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့ကြတယ်။ “ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့် သင်သည် စကားလုံးများ၊ အယူဝါဒများ၊ ထို့ထက်မက သေခြင်းတရားကိုသာ ရရှိလိမ့်မည်။ ဘုရားသခင်၏ အသက်သည် အစဉ်တည်ရှိနေပြီး သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ပြီးလျှင် စိတ်ကူးများနှင့် အယူအဆများမှအပ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏ ဇာတိပကတိ၊ သင်၏ နံစော်သော ဇာတိပကတိမှလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တရိုတသေ ကိုးကွယ်ထား၍ မရနိုင်သကဲ့သို့ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော နှုတ်ကပတ်တော်များသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။ အတိတ်ခေတ်ကာလ အတောအတွင်းမှ ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို သင် ယူကာ ယနေ့ထိ လိုက်နာစောင့်ထိန်းပါက ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး ထိုအခြေအနေတွင် သင့်ကို ဖော်ပြရမည့် အကောင်းဆုံးသော နည်းလမ်းမှာ သမိုင်းဝင် ရှေးဟောင်းပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အစဉ်သဖြင့် ယုံကြည်ကာ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်လေသည်၊ သို့ရာတွင် သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့ လက်ရှိ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက် ဆောင်ကြဉ်းပေးနိုင်စွမ်းမရှိသည့် စကားလုံးများကို ဖက်တွယ်နေဆဲဖြစ်ပါက သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ အသိခေါက်ခက် အဝင်နက်သည့်အတွက်၊ မျှော်လင့်ချက်မရှိသော သစ်ဆွေးတစ်ခု ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည် မဟုတ်သည့်အပြင် ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများဖြင့်လည်းကောင်း၊ စကားလုံးများဖြင့်လည်းကောင်း၊ သမိုင်း၏ ချုပ်နှောင်မှုအားဖြင့်လည်းကောင်း ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသမျှအရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ဆုပ်ကိုင်ထားသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းနှင့် အမှုအရာများကို ယင်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းခြင်းတို့ကိုသာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်၏ ခြေလှမ်းများသည် ရုန်းကြွနေသော လှိုင်းတံပိုးများ၊ ပဲ့တင်ထပ်နေသော မိုးခြိမ်းသံများကဲ့သို့ လွှမ်းမိုး၍ တန်ခိုးကြီးလှသည့်တိုင် သင်တို့သည် အဟောင်းကိုသာ စွဲကိုင်လျက်၊ အလိုအလျောက် ဖြစ်လာမည်ကို စောင့်မျှော်လျက် ပျက်စီးခြင်းကို မည်သည့်အရာမျှမလုပ်ဘဲ ထိုင်စောင့်နေကြ၏။ ဤနည်းဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ သက်သေထူနိုင်မည်နည်း။ ပြီးလျှင် သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်ခုထဲသို့ မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ ခြေလှမ်းများကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ယင်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှု ပေးနိုင်သည့် စကားလုံးများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ၊ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ဆင်ခြင်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် သင့်အား အတွင်း၌ ပါရှိသော နက်နဲမှုများထဲသို့ ထိုးထွင်းအမြင် မပေးသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကို ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်စွမ်း ရှိသလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့် သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါ အလေးအနက် တိုက်တွန်း၏။ သင် ထိုသို့မလုပ်ဆောင်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိမည်မဟုတ်သည့်အပြင် အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဘုရားသခင်က ကျွန်မရဲ့ အခြေအနေမှန်ကို ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်တယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့ ကြွယ်ဝခြင်းက ကုန်ခမ်းသွားတယ်လို့မရှိဘဲ ဘယ်တော့မှ မခန်းခြောက်ဘူးဆိုတာကို ကျွန်မ ကောင်းကောင်းသိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သခင်ယေရှု အတိတ်မှာ လုပ်ဆောင်ခဲ့တဲ့အမှုကို ခေါင်းမာမာနဲ့ စွဲကိုင်ထားခဲ့တယ်။ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီး အမှုအသစ်ကို လုပ်ဆောင်နေပြီ၊ ဒါပေမဲ့ ကျွန်မက သခင့်ရဲ့ အတိတ်က နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ဒီနေ့ခေတ်မှာ ဆက်ပြီး ကိုင်စွဲထားတုန်းပဲ။ ဘုရားသခင် ရည်ညွှန်းတဲ့ ရှေးဟောင်းသုတေသီဆိုတာ ကျွန်မ မဟုတ်ဘူးလား။ သခင်က သူ့ရဲ့ အတိတ်က အမှုတော်ကို မစွဲကိုင်တော့ဘဲ အမှုတော်အသစ်ကို စတင်ခဲ့ပြီ၊ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင် လုပ်ဆောင်ခဲ့တဲ့ အတိတ်ကအမှုကို စွဲကိုင်ထားတုန်းပဲ၊ သူ့ရဲ့အမှုအသစ်ကို တိုင်းတာဖို့တောင် အဲဒါကို အသုံးပြုခဲ့သေးတယ်။ ဒီလိုလုပ်တာက ကျွန်မ ဘုရားသခင်ကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ကျွန်မသာ သမ္မာကျမ်းစာကိုပဲ ဆက်ပြီး စွဲကိုင်ထားပြီး နောက်ဆုံးသောကာလက ခရစ်တော် ပေးသနားတဲ့ အသက်လမ်းခရီးကို လက်မခံဘူးဆိုရင် အဆုံးထိ သခင့်ကို ယုံကြည်ခြင်းက ကျွန်မကို အသက်ကို ဆောင်ကြဉ်းပေးမှာ မဟုတ်ဘူး၊ သခင့်ရဲ့ အသိအမှတ်ပြုခြင်းကိုလဲ ဆောင်ကြဉ်းပေးမှာ မဟုတ်ဘူး၊ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ခွင့်ပေးဖို့ဆိုတာ ဝေးရောပေါ့။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း ထိမှန်ပြီး ရှက်စိတ်တွေနဲ့ ပြည့်စေခဲ့တယ်။ ကျွန်မ မျက်နှာတစ်ခုလုံး ပူထူသွားပြီး စိတ်နှလုံးထဲမှာ ပြင်းထန်တဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံစားလိုက်ရတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မက ဝမ်းလည်းသာတယ်၊ ရှက်လည်းရှက်မိတယ်။ ဝမ်းသာတာကတော့ နောက်ဆုံးမှာ သခင်ယေရှု ပြန်ကြွလာတာကို မြင်တွေ့ခဲ့ရလို့ပါ၊ ဒါပေမဲ့ ကျွန်မ ရှက်မိတာက ကျွန်မက အရမ်းမျက်ကန်းခဲ့လို့၊ လူတွေကို မျက်စိမှိတ် ကိုးကွယ်ခဲ့လို့၊ ပြီးတော့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံကြည်ခဲ့လို့ပဲ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သခင်အပေါ် သစ္စာရှိတယ်လို့ထင်ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့မိလို့ပါပဲ။ ကျွန်မ တော်တော်ကို မိုက်မဲပြီး ခေါင်းမာခဲ့လိုက်တာ။ အရင်တုန်းက ကျွန်မ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံကြည်ပြီး အသင်းတော်ကို ပိတ်ဆို့ခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီးခါစ ညီအစ်ကိုမောင်နှမတွေကိုတောင် ဘာသာရေးအသင်းတော်ထဲကို ပြန်ဆွဲခေါ်ခဲ့တယ်။ မကောင်းတဲ့အမှုတွေ အများကြီး လုပ်ခဲ့မိတယ်။ ကျွန်မက ဒေသခံအသင်းတော်မှာ နေ့တိုင်း အလုပ်တွေနဲ့ ရှုပ်နေခဲ့တာ၊ ဒါက ဘုရားသခင်ကို ဆန့်ကျင်ဖို့၊ ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်အောင် လုပ်နေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မလုပ်ခဲ့တဲ့ မကောင်းမှုက ဖာရိရှဲတွေ ဒါမှမဟုတ် ဂျူးဇဒ္ဒုကဲတွေ လုပ်ခဲ့တာနဲ့ ဘာမှမခြားဘူး။ ကျွန်မက ညီအစ်ကိုမောင်နှမတွေအတွက် ကောင်းကင်နိုင်ငံတော်ရဲ့ တံခါးကို ပိတ်ပစ်ခဲ့တယ်၊ ကိုယ်တိုင်လည်းမဝင်ဘူး၊ သူတို့ကိုလည်း ဝင်ခွင့်မပေးခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းမှုတွေ ဒီလောက်များများ လုပ်ခဲ့ပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ ဒုစရိုက်မှုတွေအတိုင်း ကျွန်မကို ဆက်ဆံခဲ့တာမဟုတ်ဘဲ ဧဝံဂေလိတရားကို ဟောပြောဖို့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မဆီ စေလွှတ်ပြီး ကိုယ်တော့်ရှေ့မှောက်ကို ခေါ်ဆောင်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ဆီက ဒီလောက်ကြီးမားတဲ့ မေတ္တာကို ခံစားဖို့ တကယ်ကို မထိုက်တန်ပါဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အပြစ်ရှိတယ်လို့ ခံစားရတာကို မထိန်းနိုင်တော့ဘဲ၊ မျက်ရည်တွေနဲ့ အိပ်ရာပေါ်မှာ ဒူးထောက်ပြီး ဘုရားသခင်ဆီ ဆုတောင်းဝန်ချခဲ့တယ်၊ “အို သခင်၊ သမီး ကိုယ်တော့်ရဲ့ အသံတော်ကို ကြားခဲ့ပါပြီ၊ ပြီးတော့ ကိုယ်တော် တကယ်ပဲ ပြန်ကြွလာခဲ့ပါပြီ။ သမီး အရမ်းကို စိတ်လှုပ်ရှားပြီး ဝမ်းသာနေပေမဲ့ နောင်တတွေနဲ့လည်း ပြည့်နေပါတယ်။ ကိုယ်တော်က သတင်းကောင်းကို ဆောင်ကြဉ်းပေးဖို့၊ ဧဝံဂေလိတရားကို ဟောပြောဖို့ လူတွေကို သမီးဆီ စေလွှတ်ခဲ့ပေမဲ့ သမီးကတော့ နားမထောင်ခဲ့ရုံတင်မကဘဲ ဘာသာရေးခေါင်းဆောင်တွေ ဖြန့်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုပဲ ဆက်ပြီးယုံကြည်တယ်၊ ကိုယ့်ရဲ့အယူအဆတွေကိုပဲ စွဲကိုင်ထားပြီး အကြိမ်ကြိမ်အခါခါ ကိုယ်တော့်အပေါ် တံခါးပိတ်ခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေ ကိုယ်တော့်ရှေ့မှောက်ကို မလာနိုင်အောင်လည်း တားဆီးခဲ့ပါတယ်။ ဖာရိရှဲတွေလိုပဲ ကျွန်မက ကိုယ်တော့်ကို ကျမ်းစာတွေထဲမှာ ဘောင်ခတ်ထားခဲ့ပါတယ်။ ဘုရားသခင်၊ သမီး မှားခဲ့ပါတယ်၊ သမီး အရမ်းကို မျက်ကန်းခဲ့ပါတယ်၊ သမီး ကိုယ်တော့်ဆီမှာ ဝန်ချတောင်းပန်ပြီး နောင်တရချင်ပါတယ်၊ ဖာရိရှဲတွေရဲ့ လမ်းကြောင်းကို မလျှောက်လှမ်းချင်တော့ပါဘူး၊ ကိုယ်တော်ရဲ့ အမှုတော်ခြေလှမ်းတွေအတိုင်း လိုက်လျှောက်ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ အရမ်းကို လင်းထိန်ပြီး သက်သောင့်သက်သာ ဖြစ်သွားတယ်။ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ။
နောက်ရက်တွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့အတူ စုဝေးပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့ရင်းနဲ့ ကျွန်မစိတ်ထဲက ရှုပ်ထွေးမှုတွေအားလုံး ပြေလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကျွန်မ အကြာကြီး စောင့်မျှော်နေခဲ့တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို ကျွန်မနှလုံးသားထဲမှာ လုံးဝ အတည်ပြုနိုင်ခဲ့တယ်။ ကျွန်မ နှလုံးသားက အရမ်းကို လှုပ်ရှားသွားပြီး ကျွန်မ အမြန်ပြန်သွားပြီး ဒီအရမ်းကောင်းတဲ့ သတင်းကို ညီအစ်ကိုမောင်နှမတွေနဲ့ မျှဝေချင်ခဲ့တယ်။ ကျွန်မ အမေ့အိမ်ကို အရင်သွားပြီး ညီအစ်ကိုမောင်နှမတချို့ကို ပြောင်းလဲစေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ ဒေသကိုပြန်ပြီး ကျွန်မရဲ့ ဂိုဏ်းဂဏက အစ်မလီကို ဧဝံဂေလိတရား ဟောပြောခဲ့တယ်။ အစ်မလီက ဒါကိုကြားတော့ အရမ်းဝမ်းသာပြီး မှန်သောလမ်းခရီးကို စုံစမ်းလေ့လာဖို့ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူက ဒေသခံအသင်းတော်က လုပ်ဖော်ဆောင်ဖက်တွေရဲ့ နှောင့်ယှက်တာကိုခံရပြီး ပြန်ဆွဲခေါ်သွားခြင်း ခံခဲ့ရတယ်။
နောက်ပိုင်းမှာ ဒေသခံအသင်းတော်က လုပ်ဖော်ဆောင်ဖက်တွေက ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလိုက်မှန်း သိသွားတော့ ကျွန်မကို နှင်ထုတ်ခဲ့ကြတယ်။ ကျွန်မက သူတို့ရဲ့ ဘောင်ခတ်မှုကို မခံခဲ့ဘဲ ဧဝံဂေလိတရားကို ဆက်ဟောခဲ့တယ်။ သူတို့ ကျွန်မကို တားလို့မရတာကို မြင်တော့ အပျော့ဆွဲနည်းတွေကို စသုံးလာကြတယ်။ သူတို့က လူတွေကို နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုနဲ့ ကျွန်မအိမ်ကို လွှတ်ပြီး ဒေသခံအသင်းတော်ကို ပြန်လာဖို့ ငိုပြီး တောင်းပန်ကြတယ်။ သူတို့က ကျွန်မကို နှင်ထုတ်ခဲ့တာ မသင့်တော်ဘူးလို့ပြောပြီး တောင်းပန်ကြတယ်။ ကျွန်မ သူတို့နဲ့အတူ ဧဝံဂေလိတရားဟောရင်း၊ ညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့ကူညီရင်း၊ တွဲဖက်အမှုဆောင်စုဝေးပွဲတွေ အတူတက်ရင်း ကုန်ဆုံးခဲ့တဲ့ နှစ်တွေအားလုံးကို ပြန်စဉ်းစားမိတယ်။ ဒီအမှတ်တရတွေအားလုံးက ရုပ်ရှင်တစ်ကားလိုပဲ ကျွန်မခေါင်းထဲမှာ တဝဲလည်လည် ပြန်ပေါ်နေခဲ့တယ်။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲသွားပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ဘယ်လိုလုပ်ရမလဲ။ သမီး သူတို့အပေါ်မှာ သံယောဇဉ်တွေ ရှိနေသေးပြီး မစွန့်လွှတ်နိုင်သေးဘူး။ ဒါပေမဲ့ ကိုယ်တော်က တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုကို ဆောင်ရွက်ဖို့ ပြန်ကြွလာခဲ့ပြီဆိုတာကိုလဲ သမီးသိတယ်၊ ပြီးတော့ သူတို့နဲ့အတူ ဘာသာရေးဆီ ပြန်သွားရင် ကိုယ်တော့်ကို သစ္စာဖောက်ရာရောက်မယ်ဆိုတာကိုလဲ သမီးသိတယ်။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ ထိုက်တန်အောင် မလုပ်နိုင်တာမျိုး မဖြစ်ချင်ဘူး။ သမီး အသိတရားမရှိတဲ့သူ မဖြစ်နိုင်ဘူး” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ညီအစ်ကို ကျွန်မကို ဖတ်ပြခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရုတ်တရက် သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ နှလုံးသားကို လင်းထိန်စေခဲ့တယ်၊ ပြီးတော့ သူတို့က ညီအစ်ကိုမောင်နှမတွေကို ကျွန်မဆီ တောင်းပန်ခိုင်းပြီး ကျွန်မကို ဂုဏ်တင်ဖို့ မြှောက်ပင့်တဲ့စကားတွေ ပြောခိုင်းတာမှာ စာတန်ရဲ့ အကြံအစည်တွေ ပါဝင်တယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ နားလည်ခဲ့တယ်။ သူတို့က ကျွန်မကို အထင်အမြင်မှားအောင်လုပ်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သစ္စာဖောက်စေဖို့ ဒီအပျော့ဆွဲနည်းကို သုံးဖို့ကြိုးစားနေတာပဲ။ ကျွန်မ သူတို့ရဲ့ လှည့်ကွက်ထဲကို ဝင်လို့မဖြစ်ဘူး။ သူတို့ ကျွန်မကို နားချလို့မရမှန်း သိသွားတော့ ထွက်သွားကြတယ်။ ဒါပေမဲ့ ကျွန်မအတွက် အံ့အားသင့်စရာကတော့ ဆယ်ရက်ကြာပြီးတဲ့နောက်မှာ ညီအစ်ကိုကျန်းက တွဲဖက်အမှုဆောင် ဆယ်ယောက်ကျော်ကို ကျွန်မအိမ်ကို နှောင့်ယှက်ဖို့ ခေါ်လာခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “အခု သခင် ပြန်ကြွလာပြီ၊ သူတို့က ဒေသခံအသင်းတော်ရဲ့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒါကို လက်မခံရုံတင်မကဘူး၊ ငါတို့ကို အထင်အမြင်မှားအောင်လုပ်ဖို့ အယူအဆတွေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတွေကို ဖြန့်ဝေတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှုတ်ချကြတယ်။ ငါက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ညီအစ်ကိုမောင်နှမတွေကို ဟောပြောခဲ့တော့ လူတိုင်းက ရှာဖွေပြီး စုံစမ်းလေ့လာဖို့ ဆန္ဒရှိခဲ့ကြတယ်။ ဒါပေမဲ့ ငါ ထွက်သွားတာနဲ့ သူတို့က လာပြီး အဲဒီလူတွေကို ပြန်ဆွဲခေါ်သွားကြတယ်။ သူတို့က တကယ်ပဲ သခင်ကို ယုံကြည်သူတွေ ဟုတ်ရဲ့လား” ပေါ့။ ဖာရိရှဲတွေကို ရှုတ်ချပြီး ကျိန်ဆဲခဲ့တဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃) “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၅) ညီအစ်ကိုကျန်းနဲ့ တခြားသူတွေရဲ့ လုပ်ရပ်တွေက အရေခြုံ ဖာရိရှဲတွေရဲ့ လုပ်ရပ်တွေနဲ့ တစ်ထပ်တည်းတူနေတာ မဟုတ်ဘူးလား။ အတိတ်တုန်းက ဖာရိရှဲတွေက သခင်ယေရှု သမ္မာတရားတွေ အများကြီး ဖော်ပြတာ၊ နိမိတ်လက္ခဏာတွေ အများကြီး ပြတာကို မြင်ခဲ့ပေမဲ့ သူတို့က မရှာဖွေဘဲ သခင်ယေရှုကို ဆန့်ကျင်ပြီး ရှုတ်ချခဲ့ကြတယ်။ သူတို့က လူတွေကို အထင်အမြင်မှားအောင်လုပ်ဖို့၊ သခင့်နောက်ကိုမလိုက်အောင် တားဆီးဖို့ မမှန်တဲ့ သက်သေခံချက်တွေကိုတောင် ထွက်ဆိုခဲ့ကြတယ်၊ သူတို့ရဲ့ သဘာဝ အနှစ်သာရက ဘုရားသခင်နဲ့ သမ္မာတရားကို မုန်းတီးခြင်းပဲ။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ ဒီလောက်များများ ဖော်ပြခဲ့ပြီ၊ လူတွေအများကြီးကလည်း လက်ခံပြီး ကိုယ်တော့်နောက်ကို လိုက်လျှောက်လာကြပြီ။ ဒါပေမဲ့ ညီအစ်ကိုကျန်းနဲ့ တခြားသူတွေက စုံစမ်းလေ့လာဖို့ ငြင်းပယ်ရုံတင်မကဘူး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချတယ်၊ အသင်းတော်ကို ပိတ်ဆို့တယ်၊ ယုံကြည်သူတွေကို ခြိမ်းခြောက်ဖို့၊ မှန်သောလမ်းခရီးကို စုံစမ်းလေ့လာခြင်းကနေ တားဆီးဖို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ မှားယွင်းတဲ့အယူအဆတွေကို ဖြန့်ဝေကြတယ်။ သူတို့ကိုယ်တိုင်လည်း ကောင်းကင်နိုင်ငံတော်ကို မဝင်ဘူး၊ တခြားသူတွေကိုလည်း ဝင်ခွင့်မပေးဘူး။ သူတို့က တခြားသူတွေကို သူတို့နဲ့အတူ ဘုရားသခင်ကို အတိုက်အခံလုပ်အောင်လုပ်ပြီး ငရဲထဲကို ဆွဲခေါ်နေခဲ့တယ်။ သူတို့က တခြားသူတွေကို ကောင်းကင်နိုင်ငံတော်ထဲမဝင်အောင် ပိတ်ဆို့ပြီး ငရဲသားတွေဖြစ်အောင် လုပ်နေတဲ့ ဖာရိရှဲတွေ၊ သက်ရှိမကောင်းဆိုးဝါးတွေ မဟုတ်ဘူးလား။ ဒီအကြောင်းကို စဉ်းစားမိတဲ့အခါ ကျွန်မ သူတို့ကို ပိုင်းခြားသိမြင်နိုင်ခဲ့ပြီး သူတို့ရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ သူတို့ ကျွန်မကို ဘယ်လိုပဲ နှောင့်ယှက်ဖို့ ကြိုးစားပါစေ၊ ကျွန်မ သူတို့ရဲ့ လှည့်ကွက်ထဲကို ဝင်မှာမဟုတ်ဘူး၊ ပြီးတော့ သိုးသငယ်ရဲ့ ခြေတော်ရာနောက်ကို လိုက်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။
ဘာသာရေးခေါင်းဆောင်တွေရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်ဖို့၊ စာတန်ရဲ့ အကြံအစည်တွေကို ထိုးထွင်းမြင်နိုင်စေခဲ့တာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ အဲဒီနောက်မှာ ကျွန်မ ဧဝံဂေလိတရား ဟောပြောသူတွေရဲ့ အစုအဖွဲ့ထဲကို တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ အလုပ်လုပ်ပြီး ဒေသခံအသင်းတော်က လူ သုံးဆယ်ကျော်ကို ခေါ်ဆောင်နိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကို မြင်တွေ့ခဲ့ရတော့ ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်မရဲ့ယုံကြည်ခြင်းက ပိုပြီးတော့တောင် ကြီးမားလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး...
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ...
ဂန်ချန်း၊ အမေရိကန်ပြည်ထောင်စုအသက်ရှင်ရပ်တည်ရန် ကြိုးစားလုပ်ဆောင်ဖို့ စင်္ကာပူကို ၂၀၀၇ ခုနှစ်တွင် ကျွန်တော့်ဘာသာ လာခဲ့ပါသည်။ စင်္ကာပူက...
မက်ချူး ပြင်သစ်နိုင်ငံ လွန်ခဲ့သည့် နှစ်နှစ်ကျော်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော်လက်ခံခဲ့သည်။...