ဖြူသောပလ္လင်ကြီးရဲ့တရားစီရင်မှု စတင်လိုက်ပြီ
ကျွန်မက ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ၊ ဆုတောင်းနည်းတွေ ကျမ်းစာဖတ်ပုံတွေကို စပြီးသင်ယူတယ်။ နေ့စဉ်ဘဝမှာ သခင့်နှုတ်ကပတ်တော်တွေကို လိုက်နာဖို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မသမီးလေးက မွေးရာပါ ဝက်ရူးပြန်ရောဂါ ပါလာတယ်။ ကျွန်မနဲ့ ကျွန်မအမျိုးသားလည်း ဆေးကုဖို့ နေရာအနှံ့ ရှာဖွေခဲ့ပြီး လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပေမဲ့ သမီးလေးက သက်သာမလာခဲ့ဘူး။ ကျွန်မ နာကျင်ခံစားရပြီး လမ်းစပျောက်နေတဲ့အချိန်မှာ တစ်ယောက်ယောက်က ကျွန်မကို ဧဝံဂေလိတရား လာဟောတာနဲ့ ကျွန်မလည်း သခင်ယေရှုကို စယုံကြည်ခဲ့တယ်။ မကြာခင်မှာပဲ သမီးလေးရဲ့ ရောဂါအခြေအနေက သက်သာလာတော့ ကျွန်မအမျိုးသားနဲ့ သူ့အမေလည်း သခင့်ကို စယုံကြည်လာကြတာပေါ့။ နောက်ပိုင်းမှာ ကျွန်မအမျိုးသားက တရားဟောဆရာ ဖြစ်လာပြီး၊ ကျွန်မကတော့ အသင်းတော် အလုပ်ဖော်တွေအတွက် အိမ်မှာ အစည်းအဝေးတွေ လက်ခံကျင်းပပေးခဲ့တယ်။
၁၉၉၇ ခုနှစ်မှာ အရှေ့အရပ်က လျှပ်ပြက်ခြင်း ယုံကြည်သူတွေ ကျွန်မအိမ်ကို ရောက်လာပြီး သခင်ယေရှုက ပြန်ကြွလာပြီးပြီ၊ ကိုယ်တော်က လူဇာတိခံယူထားပြီး အမှုသစ်ကို ပြုနေပြီ၊ ပြီးတော့ ကိုယ်တော်ရဲ့ နာမတော်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်တယ်ဆိုတဲ့အကြောင်း ကျွန်မနဲ့ ကျွန်မအမျိုးသားကို သက်သေခံခဲ့ကြတယ်။ ကျွန်မ တွေးမိတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲပေါ့။ ကျမ်းစာမှာ ပြောထားတာက “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂) “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲသြဝါဒစာ ၁၃:၈) သခင်ယေရှုရဲ့ နာမတော်က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးတဲ့၊ ဒီတော့ ကိုယ်တော်က ဘယ်လိုလုပ် အနန္တတန်ခိုးရှင် ဘုရားသခင်လို့ အခေါ်ခံရနိုင်မှာလဲ။ ကိုယ်တော်က ဘယ်လိုလုပ် အမှုသစ်ကို ပြုနိုင်မှာလဲပေါ့။ အဲဒီတုန်းက ကျွန်မ ဒါကို လက်မခံနိုင်ခဲ့ဘူး။ သူတို့ကိုလည်း အရေးလုပ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ အချိန်နည်းနည်းကြာတော့ သူတို့က ကျွန်မတို့ကို ဧဝံဂေလိတရား လာဟောကြပြန်ရော၊ ဒါပေမဲ့ ကျွန်မက ခေါင်းမာမာနဲ့ နားမထောင်ဘဲ ဒီလိုတွေးခဲ့တယ်။ “သခင်ယေရှုရဲ့ နာမတော်က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားရက်သားနဲ့ ရှင်တို့က သခင် ကြွလာပြီးပြီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်လို့ခေါ်တယ်ဆိုပြီး ပြောနေကြတယ်။ ဒါက ကျမ်းစာနဲ့ မကိုက်ညီပါဘူး။ ရှင်တို့ ဘာပြောပြော ကျွန်မ လက်မခံနိုင်ဘူး” လို့ပေါ့။ ကျွန်မအမျိုးသားကလည်း သူတို့ကို နားမထောင်သလို၊ လက်လည်း မခံခဲ့ဘူး။
၂၀၀၂ ခုနှစ်မှာ ကျွန်မအမျိုးသား တရားသွားဟောတယ်။ သူ ပြန်ရောက်လာတော့ စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ ကျွန်မကို ပြောတယ်။ “မင်းအတွက် သတင်းကောင်း ပါလာတယ်။ ငါတို့ တောင့်တနေခဲ့တဲ့ သခင်ယေရှု ပြန်ကြွလာပြီကွ။ အရှေ့အရပ်က လျှပ်ပြက်ခြင်းက သက်သေခံနေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ဘုရားသခင်ရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ခွဲထားတယ်။ ပထမအဆင့်က ပညတ်တော်ခေတ် အမှုတော်ပေါ့။ အဲဒီတုန်းက ယေဟောဝါ ဘုရားသခင်က လူတွေ မြေကြီးပေါ်မှာ ရှင်သန်နိုင်ဖို့ လမ်းပြပေးမဲ့ ပညတ်တော်ကို ပြဋ္ဌာန်းခဲ့တယ်။ ဒုတိယအဆင့်က ကျေးဇူးတော်ခေတ် အမှုတော်ပဲ။ အဲဒီတုန်းက သခင်ယေရှုက ကားစင်အတင်ခံပြီး လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့တယ်။ တတိယအဆင့်ကတော့ နိုင်ငံတော်ခေတ် အမှုတော်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားအများအပြားကို ဖော်ပြနေသလို တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အလုပ်ကိုလည်း လုပ်ဆောင်နေတယ်။ လူသားရဲ့ အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းပေးနေတယ်၊ လူသားကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်နေတယ်၊ နောက်ဆုံးမှာတော့ လူသားကို သာယာလှပတဲ့ ပန်းတိုင်တစ်ခုဆီ လမ်းပြခေါ်ဆောင်သွားမှာ။ ဒီအဆင့်သုံးဆင့်ရှိတဲ့ အမှုတော်ဟာ ဘုရားသခင်ရဲ့ လူသားကို ကယ်တင်ခြင်း အမှုတော် အပြည့်အစုံပဲ၊ အဆင့်တစ်ခုချင်းစီက မရှိမဖြစ် အရေးပါတယ်...” တဲ့။ ကျွန်မအမျိုးသားက ကျွန်မကို အများကြီး ပြောပြပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မအတွက်တော့ စဉ်းစားလို့မရတဲ့ အရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ ကျွန်မ တွေးမိတယ်၊ “ရှင်က ဘယ်လိုဖြစ်ပြီး အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံနိုင်ရတာလဲ။ ရှင် တရားဟောလာတာ နှစ်ပေါင်းမနည်းတော့ဘူး၊ ဒီတော့ ရှင်က ဘယ်လိုလုပ် သူတို့ကြောင့် လမ်းမှားလိုက်သွားနိုင်ရတာလဲ။ ကျွန်မတို့ တစ်နေကုန် ကျမ်းစာဖတ်နေကြတာလေ။ ဂလာတိဩဝါဒစာ အခန်းကြီး ၁၊ အခန်းငယ် ၆ ကနေ ၇ မှာ ပြောထားတယ်၊ ‘ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။’ ဟေဗြဲဩဝါဒစာ အခန်းကြီး ၁၃၊ အခန်းငယ် ၈ မှာလည်း ရှိသေးတယ်။ ‘ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။’ သခင်ယေရှုရဲ့ နာမတော်က ဘယ်တော့မှ မပြောင်းလဲဘူးလို့ ဒီကျမ်းပိုဒ်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြထားတာပဲ။ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်း ယုံကြည်သူတွေက ဘုရားနာမတော်က အနန္တတန်ခိုးရှင် ဘုရားသခင်ပါလို့ ပြောကြတယ်။ ဒါ ဘုရားနာမတော်ကို ပြောင်းလိုက်တာ မဟုတ်ဘူးလား။ သူတို့က ခရစ်တော်ရဲ့ ဧဝံဂေလိတရားကို လွဲမှားအောင် လုပ်နေကြတာ မဟုတ်ဘူးလား။ ရှင်က ဒါကို ဘယ်လိုလုပ် ယုံနိုင်ရတာလဲ။ ကျွန်မတို့က သခင့်ကို ယုံကြည်ရာမှာ သခင့်နာမတော်ကိုပဲ အမြဲ စောင့်ထိန်းရမှာလေ။ သခင့်နာမတော်က ပြောင်းလို့မရဘူး” လို့ပေါ့။ ကျွန်မအမျိုးသားက ကျမ်းစာနှံ့စပ်ပြီး တရားဟော ကောင်းမှန်း ကျွန်မ သိထားတော့ သူ့ကို ကျွန်မ နားဝင်အောင် ပြောနိုင်မှာ မဟုတ်ဘူးဆိုတာ သိနေတယ်၊ ပြီးတော့ သူက တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် ဘယ်သူမှ သူ့စိတ်ကို ပြောင်းလို့မရဘူးလေ။ ဒါကြောင့် ကျွန်မ ဘာမှမပြောခဲ့ပါဘူး။ ကျွန်မ တွေးမိတာက၊ “ရှင် ဘယ်လောက်ပဲ အပြောကောင်းပါစေ ကျွန်မကတော့ လက်မခံဘူး။ သခင်ယေရှုက ကျွန်မတို့ကို ကျေးဇူးတော်တွေ အများကြီး ပေးခဲ့တာ၊ ကိုယ်တော့်ကို ကျွန်မ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ကျွန်မတို့ ကွာရှင်းရရင်တောင် ကျွန်မကတော့ သခင့်နောက်ကို အဆုံးထိ လိုက်မှာပဲ” လို့ပေါ့။ ဒါနဲ့ ကျွန်မ သူ့ကို ပြောလိုက်တယ်။ “ရှင် သခင်ယေရှုအကြောင်းပဲ ဆက်ဟောမယ်ဆိုရင် ကျွန်မ နားထောင်ပေးမယ်။ ကျွန်မတို့က မိသားစုတွေ ဖြစ်နေတုန်းပဲလေ။ ဒါပေမဲ့ ရှင် အရှေ့အရပ်က လျှပ်ပြက်ခြင်းအကြောင်း ဟောမယ်ဆိုရင်တော့၊ ရှင့်လမ်းရှင်သွား၊ ကျွန်မလမ်း ကျွန်မသွားမယ်၊ ကျွန်မတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်” လို့ပေါ့။ ကျွန်မ ခေါင်းမာမာနဲ့ နားမထောင်တာကို တွေ့တော့ ကျွန်မအမျိုးသားလည်း ဘာမှမတတ်နိုင်ဘဲ ခေါင်းခါပြီး ဘာမှထပ်မပြောတော့ဘူး။
နောက်ပိုင်းမှာ သူက ကျွန်မတို့ ဘာသာရေးဂိုဏ်းထဲက လူတွေကို ဧဝံဂေလိတရား ဟောတယ်။ မထင်မှတ်ဘဲနဲ့ အသင်းတော်ထဲက သူ့ရဲ့ အရင်းနှီးဆုံး အလုပ်ဖော်ဖြစ်တဲ့ ဖုန်းက သူ့ကို မောင်းထုတ်လိုက်ပါလေရော။ အဲဒီနောက်ပိုင်း ဖုန်းနဲ့ တခြားလူတွေက အစည်းအဝေးနေရာတွေကို သော့ခတ်ပိတ်ထားပြီး ကျွန်မအမျိုးသား ပြောတာတွေကို ယုံကြည်သူတွေ နားမထောင်ရအောင် လုပ်ကြတော့တယ်။ သူတို့က ကျွန်မကို ပြောကြတယ်၊ “နင့်ယောက်ျားက အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံလိုက်ပြီ။ သူ့စကား နားမထောင်နဲ့။ သူက ယုံကြည်ခြင်း လမ်းလွဲသွားပြီ” တဲ့။ ကျွန်မက “ကျွန်မ လက်မခံပါဘူး၊ ဒါပေမဲ့ သူပြောတဲ့ အရာတချို့က ကျမ်းစာနဲ့ ကိုက်ညီပါတယ်” လို့ ပြန်ပြောလိုက်တယ်။ ကျွန်မ အဲဒီလို ပြောလိုက်မိလို့ သူတို့က ကျွန်မကိုပါ သတိထားလာကြတယ်။ သူတို့က ကျွန်မကွယ်ရာမှာ အတင်းပြောကြတယ်၊ “သူ့ယောက်ျားက အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နေပြီ၊ ဒါကြောင့် ငါတို့ သူနဲ့ ကင်းကင်းနေမှ ဖြစ်မယ်။ ကြာလာရင် သူ သေချာပေါက် ပါသွားမှာ။ သူ သေချာပေါက် လက်ခံမှာပဲ” ဆိုပြီးတော့ပေါ့။ ဒါကို ကြားတော့ ကျွန်မ တော်တော် ဝမ်းနည်းပြီး ခံပြင်းမိတယ်။ ကျွန်မ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်မခံပါဘူးလို့ ဘယ်လိုပဲ ရှင်းပြပြီး ကျိန်ပြောပါစေ၊ သူတို့ ကျွန်မကို မယုံကြဘူး။ အစည်းအဝေးနေရာကို ကျွန်မ သွားလိုက်တိုင်း သူတို့မျက်နှာတွေက ပြောင်းသွားတတ်တယ်။ တခြားယုံကြည်သူတွေကို ကျွန်မ လမ်းလွဲအောင် လုပ်မှာစိုးလို့ သူတို့က ကျွန်မကို သတိထားကြတယ်၊ ပြီးတော့ ကျွန်မကို အစည်းအဝေးတွေမှာ လုံးဝ မပေါ်လာစေချင်ကြဘူး။ ပုံမှန်ဆိုရင် သူတို့ ကျွန်မကို စကားမပြောရဲကြဘူး၊ ကျွန်မမှာ ကူးစက်ရောဂါ တစ်ခုခု ရှိနေသလိုမျိုးပေါ့။ ကျွန်မ အရမ်း နာကျင်ခံစားရပြီး ကျွန်မအမျိုးသားကို မုန်းတီးမိတယ်။ သူတို့ ကျွန်မကို ငြင်းပယ်တာတွေအကုန်လုံးက သူ့ကြောင့်ဖြစ်ရတဲ့ ပြဿနာတွေလို့ ကျွန်မ ခံစားမိတယ်။ ကျွန်မ အရမ်း စိတ်မချမ်းမသာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားရတာနဲ့ သခင့်ဆီ ဆုတောင်းခဲ့တယ်။ “အို သခင်၊ ညီအစ်ကိုမောင်နှမတွေက သမီးကို ငြင်းပယ်ကြပါပြီ။ သမီး အရမ်း နာကျင်ရပါတယ်။ ကိုယ်တော့် ရည်ရွယ်ချက်က ဘာလဲဆိုတာ သမီး မသိပါဘူး” လို့ပေါ့။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ကျွန်မ လက်မခံထားကြောင်း သက်သေပြဖို့အတွက် အစည်းအဝေးတွေကို လက်ခံကျင်းပပေးတဲ့ ညီအစ်မတစ်ယောက် နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရတဲ့အချိန်မှာ၊ ကျွန်မ ဘယ်လောက် ရိုးသားစစ်မှန်တယ်ဆိုတာ သူသိအောင်လို့ ကျွန်မ တမင်သက်သက် လက်ဆောင်ဝယ်ပြီး သူ့ကို သွားတွေ့ခဲ့တယ်။ ဒါပေမဲ့ သူ ဆေးရုံဆင်းလာတော့ ကျွန်မကို အရင်လိုပဲ ပြန်ပြီး လျစ်လျူရှုတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်မ အစည်းအဝေးတွေ မသွားတော့ဘဲ အိမ်မှာပဲ ဆုတောင်းပြီး ကျမ်းစာဖတ်တော့တယ်။ ကျွန်မ စိတ်မချမ်းမသာ ဖြစ်နေတာကို ကျွန်မအမျိုးသား မြင်တော့ ဘုရားသခင်ရဲ့ အမှုသစ်အကြောင်း ကျွန်မကို ထပ်ပြီး သက်သေခံပြန်တယ်။ ကျွန်မ သူ့ကို ဒေါသတကြီးနဲ့ ပြန်ငေါက်ငန်းလိုက်တယ်။ “ရှင်သာ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်မခံခဲ့ရင် အသင်းတော်က ကျွန်မကို ဖယ်ထုတ်မှာလား။ အားလုံးက ကျွန်မကို ငြင်းပယ်ကြမှာလား။ သူတို့ ကျွန်မကို စုဝေးပွဲ ပေးမတက်ရင်တောင်မှ ကျွန်မကတော့ ရှင့်လို အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ယုံကြည်မှာ မဟုတ်ဘူး။ ကျွန်မက သခင့်နာမတော်ကိုပဲ စောင့်ထိန်းမယ်၊ ခရစ်တော်ဟာ ကျွန်မရဲ့ သခင်ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မငြင်းပယ်ဘူး” လို့ပေါ့။ ကျွန်မ သဘောထား မကောင်းတာကို မြင်တော့ သူ စိတ်မဆိုးပါဘူး၊ ဒါပေမဲ့ စိတ်ပူပြီးတော့ပဲ စိုးရိမ်နေရှာတယ်။ နောက်ပိုင်းမှာ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ဖို့ ညီအစ်ကို နှစ်ယောက်ကို ခေါ်လာတယ်။ ညီအစ်ကို တစ်ယောက်က တကယ့်ကိုစိတ်ရင်းနဲ့ ပြောတယ်။ “ညီအစ်မရေ၊ သခင်ယေရှုက တကယ်ပဲ ပြန်ကြွလာပြီး နှုတ်ကပတ်တော်တွေ သန်းနဲ့ချီ ဖော်ပြထားပါတယ်။ ဒီနှုတ်ကပတ်တော်တွေ အကုန်လုံးက သမ္မာတရားပါ။ ညီအစ်မရဲ့ ဇဝေဇဝါဖြစ်မှုတွေ အားလုံးကို ဘုရားနှုတ်ကပတ်တော်တွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ နားထောင်ကြည့်လိုက်ပါ၊ အဲဒါဆို သိသွားမှာပါ” တဲ့။ အဲဒီအချိန်တုန်းက ကျွန်မက ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ အာရုံစိုက်နေပြီး သူတို့ကို အရေးလုပ်ဖို့ မလိုလားခဲ့ဘူး။ ကျွန်မ နားမထောင်တာကို ညီအစ်ကိုတွေ မြင်တော့ သူတို့လည်း ပြန်သွားရုံကလွဲပြီး မတတ်နိုင်တော့ဘူးပေါ့။ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လူတွေက ဘယ်လောက်တောင် သိက္ခာရှိပြီး ဖြောင့်မတ်သလဲ၊ ပြီးတော့ သူတို့ ဘယ်လောက် ချစ်ခြင်းမေတ္တာ ရှိသလဲဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မ သူတို့ကို အဲဒီလို လျစ်လျူရှုလိုက်တာတောင် သူတို့ စိတ်မဆိုးကြဘူး၊ ပြီးတော့ ကျွန်မနဲ့ အရမ်း စိတ်ရှည်လက်ရှည် မိတ်သဟာယဖွဲ့ပေးကြတယ်။ သူတို့က ယုံကြည်သူစစ်တွေဆိုတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ သူတို့က ဘယ်လိုလုပ် အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ယုံကြည်နိုင်ရတာလဲ။ ကျွန်မ စဉ်းစားလို့ကို မရဘူး။ နောက်ပိုင်းမှာ ကျွန်မအမျိုးသားက ဧဝံဂေလိတရား ဟောဖို့ ခရီးထွက်သွားတယ်။ သူ မရှိတဲ့အချိန်မှာ လူတွေက ဘုရားသခင်ရဲ့ အမှုသစ်အကြောင်း ကျွန်မကို လာပြီး အဆက်မပြတ် သက်သေခံကြတယ်၊ ဒါပေမဲ့ ကျွန်မက နားထောင်ဖို့ မလိုလားခဲ့ဘူး။ တစ်ယောက်ယောက် လာတိုင်း ကျွန်မက တံခါးသော့ခတ်ပြီး တစ်နေရာရာမှာ ပုန်းနေလိုက်တယ်။ သူတို့က တံခါးသော့ခတ်ထားတာ မြင်တော့ ပြန်သွားကြတာပေါ့။ အဲဒီရက်တွေမှာ အသင်းတော်က လူတွေ ကျွန်မကို အထင်လွဲပြီး ငြင်းပယ်ခဲ့ကြတာကို တွေးမိတိုင်း ကျွန်မ အရမ်း နာကျင်ရတယ်။ ကျွန်မ ငိုပြီး သခင့်ကို ကိုယ့်ဆင်းရဲဒုက္ခတွေအကြောင်း အကြိမ်ကြိမ် ရင်ဖွင့်ခဲ့တယ်။ တစ်ခါကျတော့ ရုတ်တရက် ကျွန်မ တွေးမိတယ်။ “အသင်းတော်က ငါ့ကို စုဝေးပွဲတွေ ပေးမတက်ဘူး။ အရှေ့အရပ်က လျှပ်ပြက်ခြင်းက ခိုးသွားတဲ့ သိုးကောင်းတွေကို အသင်းတော်ဆီ ပြန်ခေါ်လာနိုင်ရင်၊ ညီအစ်ကိုမောင်နှမတွေက ငါ သခင့်ကို သစ္စာမဖောက်ဘူးဆိုတာ ယုံကြမှာပဲ” လို့ပေါ့။ ဒီလိုတွေးမိလိုက်တော့ ကျွန်မစိတ်နှလုံးထဲမှာ အလင်းရောင်တစ်ခု လင်းလက်လာသလို ခံစားရပြီး သခင့်ဆီ ချက်ချင်း ဆုတောင်းလိုက်တယ်။ “အို သခင်၊ ကိုယ်တော်က သမီးတို့ရဲ့ အတွင်းကျဆုံး စိတ်နှလုံးတွေကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပေးပါ၊ သမီး ကိုယ်တော့်အပေါ် သစ္စာရှိတယ်ဆိုတာ ကိုယ်တော် သိပါတယ်။ သမီး အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်မခံပါဘူး။ အို သခင်၊ အသင်းတော်က သမီးကို မလိုချင်တော့ဘူး၊ သမီး နာကျင်ရပါတယ်။ ဒီလိုမျိုး မခံချိမခံသာဖြစ်ပြီး လျစ်လျူရှုခံရတဲ့ စိတ်နဲ့ အိမ်မှာပဲ မနေလိုပါဘူး။ အို သခင်၊ အရှေ့အရပ်က လျှပ်ပြက်ခြင်းက ခိုးသွားတဲ့ သိုးကောင်းတွေကို ကိုယ်တော့်နာမတော်ဆီ ပြန်ခေါ်လာနိုင်ဖို့ သမီးကို ဉာဏ်ပညာနဲ့ ခွန်အား ပေးသနားတော်မူပါ။ အို သခင်၊ သမီးကို ကူညီတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတော့ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လူတွေကို ကျွန်မဘက်က စပြီး ဆက်သွယ်မယ်၊ ပြီးတော့ သူတို့ကို ကျမ်းစာသုံးပြီး ချေပမယ်၊ ဘုရားရဲ့ သိုးတွေကို ပြန်ခေါ်မယ်ဆိုပြီး သူတို့နဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ အစီအစဉ်ဆွဲလိုက်တယ်။ ဒါကြောင့် ကျွန်မ နေ့တိုင်း ကျမ်းစာဖတ်ဖို့ အချိန်အများကြီး ပေးဖြစ်တယ်။
တစ်နေ့မှာ ကျွန်မ ကျမ်းစာကို စိတ်ပါလက်ပါ ဖတ်နေတုန်း လုကာခရစ်ဝင် အခန်းကြီး ၁၇၊ အခန်းငယ် ၂၄ ကနေ ၂၅ မှာ ပြောထားတာကို ရုတ်တရက် တွေ့လိုက်တယ်။ “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” ကျွန်မ မှင်သက်သွားတယ်။ အရင်ကနဲ့စာရင် ဒီကျမ်းပိုဒ်ကို အခုဖတ်ရတာ ဘာလို့ ခံစားချက်ချင်း မတူတာလဲပေါ့။ “ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” ဆိုတဲ့ စကားတွေကို ကျွန်မ တွေးဆကြည့်တယ်။ ဒါက သခင်ယေရှုအကြောင်း ပြောတာပဲလို့ ကျွန်မ အမြဲ ထင်ခဲ့ဖူးတယ်၊ ဘာလို့လဲဆိုတော့ ကျေးဇူးတော်ခေတ်တုန်းက ဘုရားသခင်ဟာ သခင်ယေရှုခရစ်တော် ဖြစ်လာဖို့ လူဇာတိခံယူခဲ့ပြီး အဲဒီခေတ်လူမျိုးရဲ့ ငြင်းပယ်တာကို ခံခဲ့ရတယ်၊ ကားစင်တင်ခံရပြီး ဝေဒနာတွေ အများကြီး ခံစားခဲ့ရတယ်လေ။ လူသား ပြန်ကြွလာမယ့်အကြောင်း ပရောဖက်ပြုတုန်းက သခင်က ဘာဖြစ်လို့ “ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်” လို့ ပြောနိုင်ခဲ့ရတာလဲ။ ဒါက လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုန်းက သခင်ယေရှုအကြောင်း ပြောနေတုန်းပဲလား။ ကျွန်မ တွေးဆကြည့်လေလေ၊ အရှေ့အရပ်က လျှပ်ပြက်ခြင်း ယုံကြည်သူတွေ ပြောတာက ကျမ်းစာနဲ့ ကိုက်ညီနေတယ်လို့ ခံစားရလေလေပဲ။ ပြီးတော့ အရှေ့အရပ်က လျှပ်ပြက်ခြင်း ယုံကြည်သူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားသခင်ရဲ့ ဒုတိယအကြိမ် လူဇာတိခံယူခြင်း ဖြစ်တယ်ဆိုပြီး သက်သေခံနေကြတာတွေ၊ ဂိုဏ်းဂဏအသီးသီးက လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုကို ဘယ်လို တရားစီရင်၊ ဆန့်ကျင်ပြီး ရှုတ်ချနေကြသလဲ ဆိုတာတွေ၊ ပြီးတော့ အာဏာရ စီစီပီပါတီက အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ဘယ်လောက် ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေသလဲ ဆိုတာတွေကိုလည်း ကျွန်မ တွေးမိတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်က ဆင်းရဲဒုက္ခအများကြီးကို ခံရပြီး အခုလူမျိုးရဲ့ ငြင်းပယ်တာကို ခံနေရတာ မဟုတ်ဘူးလား။ “ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး (ဒီမျိုးဆက်) ၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်” ဆိုတာက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရည်ညွှန်းတာ ဖြစ်နိုင်မလား။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှု ပြန်ကြွလာတာလား။ ဒီလိုတွေးမိလိုက်တော့ ကျွန်မ လန့်သွားတယ်။ “ဒုက္ခပါပဲ။ ငါ တကယ်ပဲ သခင့်ကို အတိုက်အခံလုပ်နေမိတာလား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးပြန်တယ်၊ “မဖြစ်နိုင်ပါဘူး။ သခင့်နာမတော်က ပြောင်းလဲလို့မရဘူးလေ” လို့ပေါ့။ နောက်တော့ ကျွန်မ ထပ်တွေးမိပြန်တယ်၊ “ဒါက အရမ်း လေးနက်တဲ့ ကိစ္စပဲ၊ ငါ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ဒီတိုင်းကြီး မျက်စိစုံမှိတ် ရှုတ်ချလို့ မဖြစ်ဘူး။ ငါ တကယ်ပဲ သခင့်ကိုအတိုက်အခံမလုပ်မိအောင် နေမှ ဖြစ်မယ်” လို့ပေါ့။ အဲဒီနောက် သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရသွားတယ်။ “တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။” (ရှင်မဿဲခရစ်ဝင် ၇:၈) ကျွန်မ မျက်စိပွင့်သွားသလို ခံစားလိုက်ရပြီး၊ “ဟုတ်တယ်၊ ငါ ရှာဖွေမှ ဖြစ်မယ်” လို့ တွေးလိုက်တယ်။
ကျွန်မအမျိုးသားဆီမှာ ဧဝံဂေလိ လက်ကမ်းစာစောင်လေး တစ်ခုရှိတာ သတိရသွားတယ်။ “မင်းရဲ့ ဇဝေဇဝါဖြစ်တာတွေ အကုန်လုံးကို ဒီစာအုပ်နဲ့ ဖြေရှင်းနိုင်တယ်” လို့ သူ ကျွန်မကို ပြောဖူးတယ်။ ကျွန်မလည်း စာအုပ်ကို အပြေးအလွှား ရှာလိုက်တယ်၊ ဒါပေမဲ့ မဖတ်ခင်မှာ ဆုတောင်းလိုက်သေးတယ်။ “အို သခင်၊ သမီးကို ဉာဏ်အလင်းပေးပြီး ဒီစာအုပ်ရဲ့ အကြောင်းအရာကို ပိုင်းခြားသိမြင်နိုင်ခွင့် ပေးသနားတော်မူပါ။ သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းပါးပြီး လမ်းလွဲသွားမှာ ကြောက်ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို အတိုက်အခံလုပ်မိမှာကိုလည်း ကြောက်ပါတယ်။ အို သခင်၊ ဒီနေ့ သမီး ဒီစာအုပ်ကို ဖတ်တဲ့အချိန်မှာ သမီးကို ကာကွယ်စောင့်ရှောက်ပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတော့ စာအုပ်ကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ကျွန်မ မေးချင်တဲ့ မေးခွန်းတွေ တကယ် ပါနေတယ်။ ပထမဆုံးတစ်ခုက ဘုရားသခင်ရဲ့ နာမတော်အကြောင်းပါ။ စာအုပ်ထဲမှာ “‘ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။’ (တမန်တော်ဝတ္ထု ၄:၁၁-၁၂) လို့ ပြောထားတယ်။ ဒါက လုံးဝ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယေရှုလို့ပဲ ခေါ်ရမယ်၊ ကိုယ်တော်ရဲ့ နာမတော်က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးဆိုတာကိုတော့ ဒါက သက်သေမပြနိုင်ပါဘူး။ ဓမ္မဟောင်းကျမ်းမှာ ယေဟောဝါက ‘ငါတစ်ပါးသည်သာ ယေဟောဝါဖြစ်ပြီး ငါမှတစ်ပါး ကယ်တင်သောအရှင်မရှိ၊’ (ဟေရှာယအနာဂတ္တိကျမ်း ၄၃:၁၁) ‘ယေဟောဝါသည်...ငါ၏ အမည်နာမဖြစ်ပြီး လူမျိုးဆက်အားလုံးအဖို့ ငါ၏ အထိမ်းအမှတ်ဖြစ်၏။’ (ထွက်မြောက်ရာကျမ်း ၃:၁၅) လို့ ပြောခဲ့တာကို ကျွန်မတို့အားလုံး မှတ်မိကြပါတယ်၊ ပြီးတော့ ဓမ္မသစ်ကျမ်း တမန်တော်ဝတ္ထု အခန်းကြီး ၄၊ အခန်းငယ် ၁၂ မှာလည်း ‘ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။’ ‘အဘယ်သူမျှ’ ဆိုတာက ယေရှုကလွဲလို့ ကျန်တဲ့သူ ဘယ်သူ့ကိုမဆို ရည်ညွှန်းတာပါ။ ဒါဆိုရင် ဘယ်နာမတော်က ဘုရားသခင်ရဲ့ တစ်ခုတည်းသော နာမတော်လဲ။ ယေဟောဝါလား၊ ယေရှုလား။ ဘုရားသခင်ရဲ့ နာမတော်က အစက ယေဟောဝါ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ယေရှု ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသခင်ရဲ့ နာမတော်က ပြောင်းသွားတာ မဟုတ်ဘူးလား။ နောက်ဆုံးသောကာလမှာ သခင်ယေရှု ပြန်ကြွလာတဲ့အခါ ကိုယ်တော်ရဲ့ နာမတော်က ခပ်ဆင်ဆင် ပြောင်းလဲမှု ရှိလိမ့်မယ်။ ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်ကို ဖတ်ကြည့်လိုက်ရင် နားလည်သွားမှာပါ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၃၊ အခန်းငယ် ၁၂ မှာ ပြောထားတယ်၊ ‘အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန် သူသည် ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။’ ဒါက ဘုရားသခင် နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ နာမတော်အသစ် ရှိလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားတာပါ။ ဒီတော့ ဒီနာမတော်အသစ်က ယေရှုပဲ ဖြစ်နေဦးမှာလား။ ကိုယ်တော်က ယေရှုလို့ပဲ အခေါ်ခံနေရသေးရင် ဘယ်လိုလုပ် နာမတော်အသစ် ဖြစ်နိုင်မှာလဲ” တဲ့။ ဒီစကားတွေက အရမ်း ကျိုးကြောင်းဆီလျော်တယ်၊ ကျမ်းစာနဲ့ ကိုက်ညီပြီး ကျမ်းစာနဲ့ မသွေဖည်ဘူးလို့ ကျွန်မ ခံစားလိုက်ရတယ်။ ဒီကျမ်းပိုဒ်တွေကို ကျွန်မ အကြိမ်ကြိမ် ဖတ်ဖူးရက်သားနဲ့ ဘယ်လိုလုပ် နားမလည်ခဲ့တာပါလိမ့်။ ယေဟောဝါ ဆိုတာ ပညတ်တော်ခေတ်တုန်းက ဘုရားသခင်ရဲ့ နာမတော် ဖြစ်တယ်။ ယေရှု ဆိုတာ ကျေးဇူးတော်ခေတ်တုန်းက ဘုရားသခင်ရဲ့ နာမတော် ဖြစ်တယ်။ ယေဟောဝါနဲ့ ယေရှု နှစ်ခုစလုံးက ဘုရားသခင်ရဲ့ နာမတော်တွေပဲ။ မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့ နာမတော်တွေနဲ့ အခေါ်ခံခဲ့ရတာပဲ။ ဒီခေတ်နှစ်ခေတ်မှာ ကိုယ်တော်ရဲ့ နာမတော်တွေက မတူကြဘူး။ အရင်တုန်းကတော့ ဘုရားသခင်ရဲ့ နာမတော်က မပြောင်းလဲနိုင်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့ပေမဲ့ ဒါက အမှန်တရားနဲ့ ဆန့်ကျင်နေတယ်။ သခင့်မှာ “နာမသစ်” ရှိမယ်လို့ ဗျာဒိတ်ကျမ်းက ဆိုထားတယ်။ တကယ်တော့ ဒီ “နာမသစ်” ဆိုတာက သခင်ယေရှုကို ရည်ညွှန်းတာ မဟုတ်ဘူး။
ဒီမေးခွန်းရဲ့ အဖြေထဲမှာ ဧဝံဂေလိ လက်ကမ်းစာစောင်မှာလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကိုးကားဖော်ပြထားတယ်။ “ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမသည် ဘုရား၏အမှုကို ကိုယ်စားပြုရန်သာ လိုအပ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) “‘ယေဟောဝါ’ ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ ‘ယေရှု’ သည် ဧမာနွေလဖြစ်ပြီး ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်...။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင် ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ ကိုယ်စားပြုသည့် အဓိပ္ပာယ် ပါဝင်ပေသည်။ အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ ‘ယေဟောဝါ’ သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ ‘ယေရှု’ သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ နည်းနည်း နားလည်သွားတယ်။ ဘုရားသခင်ရဲ့ အမှုတော်က အမြဲတမ်း ရှေ့ကို တိုးတက်နေပြီး ဘုရားသခင်ရဲ့ နာမတော်ကလည်း ကိုယ်တော်ရဲ့ အမှုတော်နဲ့အတူ အမြဲ ပြောင်းလဲနေတာပဲ။ ဘုရားသခင်က မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့ အမှုတော်ကို ပြုပြီး မတူညီတဲ့ နာမတော်တွေနဲ့ အခေါ်ခံရတယ်။ ကိုယ်တော်က နာမတော်အားဖြင့် ခေတ်ကို ပြောင်းလဲစေပြီး နာမတော်က ခေတ်ကို ကိုယ်စားပြုတယ်။ ခေတ်တစ်ခုစီမှာ ကိုယ်တော် ဖော်ပြတဲ့ မတူညီတဲ့ စိတ်သဘောထားတွေကို ကိုယ်စားပြုဖို့အတွက် မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့ နာမတော်တွေနဲ့ အခေါ်ခံရတာဖြစ်တယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဣသရေလလူမျိုးတွေရဲ့ မြေကြီးပေါ်က အသက်တာကို လမ်းပြဖို့ ပညတ်တော်ကို ထုတ်ပြန်ခဲ့တယ်။ ယေဟောဝါ ဆိုတဲ့ နာမတော်က ဘုရားသခင်ရဲ့ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ သနားကရုဏာနဲ့ လူတွေကို ကျိန်ခြင်း စိတ်သဘောထားတွေကိုတောင် ကိုယ်စားပြုတယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က သခင်ယေရှု ဖြစ်လာဖို့ လူဇာတိခံယူခဲ့တယ်။ ကိုယ်တော် ကားစင်တင်ခံရပြီး လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့တယ်။ ယေရှု ဆိုတဲ့ နာမတော်က ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ချစ်ခြင်းမေတ္တာ စိတ်သဘောထားကို ကိုယ်စားပြုတယ်။ ခေတ်တိုင်းမှာ ဘုရားယူတဲ့ နာမတော်က အဓိပ္ပာယ်ရှိတာကို ကျွန်မ တွေ့လိုက်ရတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နာမတော်က ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ကျွန်မ ပြောခဲ့တာက ဘုရားသခင်ကို ဘောင်ခတ်မိတာ မဟုတ်ဘူးလား။
ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တော့ စိတ်နှလုံးထဲမှာ ပိုပြီးတော့တောင် အလင်းရောင် ရလာသလိုပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ့ကို တစ်ချိန်က ယေဟောဝါဟု ခေါ်ဆိုခဲ့ကြသည်။ လူတို့က ငါ့ကို မေရှိယဟုလည်း သိခဲ့ကြပြီး လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင် ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ ယနေ့တွင် ငါသည် လူများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ထိုအစား ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းကျက်သရေတို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်မှသည် ယနေ့ထိတိုင် လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးကြပေ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူတို့ထံ ပေါ်ထွန်းသော်လည်း လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက် လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် မြောက်မြားလှစွာသော တိုင်းနိုင်ငံများသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးခံစားရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် တောက်လောင်နေသော နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင် ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါ ခံယူပေသည်။ ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်သည် မဟုတ်၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ထိုအစား ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ ဖန်ဆင်းခံအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်) ဒီနှုတ်ကပတ်တော်တွေက အရမ်း သြဇာအာဏာရှိတယ်၊ ဒါတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပဲလို့ ကျွန်မ ခံစားလိုက်ရတယ်။ ယေဟောဝါ၊ မေရှိယ၊ ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အားလုံးက ဘုရားသခင်ရဲ့ နာမတော်တွေ ဖြစ်တယ်၊ ကိုယ်တော်တို့အားလုံးက ဘုရားတစ်ဆူတည်း ဖြစ်တယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင် ဆိုတာက နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ နာမတော် ဖြစ်တယ်ဆိုတာကိုလည်း နားလည်သွားတယ်။ ဒါက ကျမ်းစာမှာ ပြောထားတာကို ပြည့်စုံစေတာပါပဲ။ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈) ကျွန်မ ဒီလိုတွေးမိတော့ အရမ်း စိတ်မကောင်းဖြစ်ရတယ်။ ရှေးတုန်းက ဖာရိရှဲတွေက မေရှိယလို့ အခေါ်မခံရတဲ့သူဟာ ဘုရားသခင် မဖြစ်နိုင်ဘူးလို့ တွေးပြီး ကျမ်းစာထဲက စကားလုံးတွေကို ဖက်တွယ်ခဲ့ကြတယ်၊ ရလဒ်အနေနဲ့ သခင်ယေရှုကို ကားစင်တင်ခဲ့ကြပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ခံခဲ့ကြရတယ်။ အခု ကျွန်မကရော ဖာရိရှဲတွေနဲ့ ဘာကွာလို့လဲ။ ကျွန်မက ကျမ်းစာထဲက စကားလုံးတွေကို ဖက်တွယ်ပြီး ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေထဲမှာ နေထိုင်ရင်း၊ ဘုရားသခင်ကို ယေရှုလို့ မခေါ်ရင် ဘုရားသခင် မဟုတ်ဘူးလို့ တွေးခဲ့မိတယ်။ သခင့်ကို ကြိုဆိုဖို့ ကိစ္စမှာတော့ ကျွန်မက ရှာဖွေတာ၊ စူးစမ်းတာ မလုပ်ဘဲ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကိုပဲ ခေါင်းမာမာနဲ့ ဖက်တွယ်ထားခဲ့တယ်၊ သခင့်နာမတော်ကို ကာကွယ်နေတာ၊ သခင့်လမ်းခရီးကို စောင့်ထိန်းနေတာလို့ ထင်နေခဲ့ပြီး ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို အတိုက်အခံလုပ်နေမိမှန်း သတိမထားမိခဲ့ဘူး။ ကျွန်မ အရမ်း နောင်တရပြီး ငိုမိပါတော့တယ်။
ကျွန်မ ခပ်သွက်သွက် ဆက်ဖတ်လိုက်တော့ ဧဝံဂေလိ လက်ကမ်းစာစောင်ထဲမှာ ရေးထားတာကို တွေ့လိုက်တယ်။ “လူအများစုမှာ ဒီလိုအယူအဆမျိုး ရှိကြတယ်။ သူတို့ ယုံကြည်တာက သူတို့နဲ့ မတူတဲ့အရာ တစ်ခုခုကို ဟောပြောတဲ့သူတိုင်း ကျိန်ခြင်းခံရမယ်၊ အရှေ့အရပ်က လျှပ်ပြက်ခြင်းက ဟောပြောတာက သူတို့ ဟောပြောတာနဲ့ မတူဘူး၊ အဲဒါက တခြားဧဝံဂေလိတရား ဖြစ်တယ်၊ ဒါကြောင့် သူတို့က လက်မခံရဲကြဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ထင်နေကြတယ်” တဲ့။ ကျွန်မလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေတာဆိုတော့ သေချာ ဖတ်မှဖြစ်မယ်လို့ တွေးလိုက်တယ်။ စာအုပ်ထဲမှာ ရေးထားတာက “ဂလာတိဩဝါဒစာ ဆိုတာ တမန်တော် ပေါလုက ဂလာတိအသင်းတော်ဆီ ရေးလိုက်တဲ့ စာတစ်စောင် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သခင်ယေရှုရဲ့ ဧဝံဂေလိတရားက အံ့မခန်း ပျံ့နှံ့ပြီးနေပြီဖြစ်ပြီး ဂလာတိပြည်က လူအများအပြားလည်း သခင်ယေရှုရဲ့ အမှုတော်အသစ်ကို လက်ခံပြီး အသင်းတော်တွေ တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ပညတ်တော်ခေတ်ကနေ ကျေးဇူးတော်ခေတ်ကို ကူးပြောင်းနေတဲ့အချိန် ဖြစ်ပြီး အဲဒီခေတ်က ယုဒလူမျိုးတွေကြားမှာ တရားဟောဆရာ နှစ်အုပ်စု ရှိပါတယ်။ တစ်အုပ်စုက ပညတ်တော်ခေတ်ရဲ့ အမှုဟောင်းကို ဟောပြောပြီး လူတွေကို ယေဟောဝါရဲ့ ပညတ်တော်တွေကို စောင့်ထိန်းခိုင်းတယ်၊ ဆိုလိုတာက အရေဖျားလှီးဖို့၊ ဥပုသ် စောင့်ဖို့၊ ဗိမာန်တော်ထဲ ဝင်ဖို့ စတာတွေပေါ့။ နောက်တစ်အုပ်စု (ယေရှုရဲ့ တပည့်တော် ၁၂ ပါး ဦးဆောင်တဲ့အဖွဲ့) ကတော့ ကျေးဇူးတော်ခေတ်ရဲ့ အမှုသစ်ကို ဟောပြောပြီး လူတွေကို သခင်ယေရှုကို ယုံကြည်ပြီး ကယ်တင်ခြင်းရဖို့၊ သခင်ယေရှု တောင်းဆိုတာတွေကို လုပ်ခိုင်းကြတယ်၊ ဆိုလိုတာက အပြစ်ဝန်ခံပြီး နောင်တရဖို့၊ နှစ်ခြင်းခံဖို့၊ မုန့်ဖဲ့ဖို့၊ အချင်းချင်း ချစ်ကြဖို့၊ သည်းခံပြီး စိတ်ရှည်ဖို့ စတာတွေကို လုပ်ခိုင်းပါတယ်။ ဓမ္မဟောင်းကျမ်းရဲ့ ပညတ်တော်ကို ဖက်တွယ်ထားတဲ့ ဖာရိရှဲတွေက ယေရှုရဲ့ တပည့်တော်တွေ ဟောပြောတဲ့ ဧဝံဂေလိတရားက သူတို့ ဟောပြောတာနဲ့ မတူဘူး၊ ယေရှုရဲ့ လမ်းခရီးက ကျမ်းစာကို ကျော်လွန်သွားပြီ၊ သူက ပညတ်တော်ကို စွန့်ပစ်လိုက်ပြီလို့ ပြောကြတယ်။ သူတို့က ယေရှုရဲ့ အမှုတော်အသစ်ကို ပြစ်တင်ရှုတ်ချပြီး ယေရှု ကားစင်တင်ခံရခြင်းရဲ့ ကယ်တင်ခြင်းကို လက်ခံထားသူတွေကို နှောင့်ယှက်ကြတယ်။ သူတို့က လူတွေဟာ ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း မရနိုင်ဘူး၊ ဒါက ယေဟောဝါရဲ့ သွန်သင်ချက်တွေနဲ့ ဆန့်ကျင်နေတယ်၊ သူတို့က ဥပုသ်ဆက်စောင့်ရမယ်၊ အရေဖျားလှီးရမယ် စသဖြင့် ပြောကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဂလာတိလူတွေမှာ ပိုင်းခြားသိမြင်မှု မရှိကြဘဲ ပေါလု ဟောပြောတဲ့ ယေရှုရဲ့ ဧဝံဂေလိတရားကနေ သွေဖည်သွားပြီး ဓမ္မဟောင်းကျမ်းရဲ့ ပညတ်တော်ကို ဟောပြောတဲ့ ယုဒလူမျိုးတွေနောက်ကို လိုက်သွားကြတယ်။ ဂလာတိအသင်းတော်က ညီအစ်ကိုမောင်နှမတွေက သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ငြင်းပယ်ပြီး ဗိမာန်တော်ဆီ ပြန်သွားကြတယ်ဆိုတာ ပေါလု ကြားတဲ့အခါ သူက ဂလာတိအသင်းတော်ဆီ စာရေးလိုက်တယ်။ ‘ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။’ (ဂလာတိသြဝါဒစာ ၁:၆-၇) ဂလာတိလူတွေကို မှန်သော လမ်းခရီးဆီ ပြန်လာဖို့ တိုက်တွန်းနှိုးဆော်ဖို့ သူ ဒီလို ရေးလိုက်တာပါ။ ဖာရိရှဲတွေက ပညတ်တော်ကို ဖက်တွယ်ပြီး သခင်ယေရှုကို ပြစ်တင်ရှုတ်ချခဲ့လို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်အသစ်ကနေ ဖယ်ရှားရှင်းလင်းခံရပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာနဲ့ ကျိန်ခြင်းကို ခံခဲ့ရတယ်ဆိုတာ ကျွန်မတို့အားလုံး သိကြပါတယ်။ ဒီတော့ ဒီနေ့ ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို ကျွန်မတို့ ဘယ်လို ချဉ်းကပ်သင့်သလဲ” တဲ့။ ဒီမိတ်သဟာယကို ဖတ်ပြီးတော့မှ ကျွန်မ ကျမ်းစာကို နားမလည်ခဲ့မှန်း သဘောပေါက်လိုက်တယ်။ ပေါလုက ဘာကြောင့် အဲဒီလို ပြောခဲ့သလဲဆိုတာ မသိဘဲ ကျွန်မက ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့အညီ ကျွန်မကြိုက်သလို အဓိပ္ပာယ်ဖွင့်ခဲ့တာကိုး။ ပေါလု ပြောတဲ့ “အခြားသော ဧဝံဂေလိတရား” ဆိုတာက လူတွေကို ဓမ္မဟောင်းကျမ်းရဲ့ ပညတ်တော်ကို စောင့်ထိန်းခိုင်းဖို့ ပညတ်တော်ခေတ် အဆုံးမှာ ဟောပြောခဲ့တဲ့ ယေဟောဝါရဲ့ ဧဝံဂေလိတရားကို ရည်ညွှန်းတာဖြစ်ပြီး နိုင်ငံတော်ခေတ်ရဲ့ ဧဝံဂေလိတရားကို ရည်ညွှန်းတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပေါလု ဒီစာကို ရေးတုန်းက ဘုရားသခင်က နောက်ဆုံးသောကာလ အမှုတော်ကို မလုပ်သေးဘူး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဟောပြောနေသူ ဘယ်သူမှ မရှိသေးဘူးလေ။ ကျွန်မက နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားကို ဟောပြောသူတွေကို အခြားသော ဧဝံဂေလိတရား ဟောပြောသူတွေအနေနဲ့ သဘောထားခဲ့တာပဲ။ ကျွန်မ အကုန်လုံး ရောပြီး ကျမ်းစာကို တလွဲ နားလည်ခဲ့တာပဲ။ ကျွန်မက သိပ်ကို သနားစရာကောင်းပြီး အမြင်ကွယ်နေခဲ့တာ။ ကျွန်မ တကယ်ပဲ အရမ်း ရှက်မိတယ်။ အရင်တုန်းက ကျွန်မက အရှေ့အရပ်က လျှပ်ပြက်ခြင်း ခိုးသွားတဲ့ သိုးတွေကို အသင်းတော်ဆီ ပြန်ခေါ်လာချင်တယ်လို့ အရှက်မရှိ ပြောခဲ့မိတယ်။ သူတို့ လမ်းလွဲသွားတာ မဟုတ်မှန်း အခုမှ ကျွန်မ နားလည်တော့တယ်။ တကယ်တော့ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား ဖြစ်တယ်ဆိုတာ မြင်ပြီး ဒါတွေက ဘုရားသခင်ရဲ့ အသံတော် ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့လို့ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို စပြီး လိုက်ခဲ့ကြတာကိုး။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံပြီးတဲ့နောက် သူတို့ယုံကြည်ခြင်းက အရမ်း ခိုင်မာလွန်းလို့ မြင်းရိုင်းတွေနဲ့တောင် ပြန်မဆွဲနိုင်ဘူးဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ တကယ်တော့ သူတို့က သခင့်ကို ကြိုဆိုခဲ့ကြတာပဲ။ ကျွန်မကတော့ ကျမ်းစာ ပိုဖတ်ပြီး အရှေ့အရပ်က လျှပ်ပြက်ခြင်း ခိုးသွားတဲ့ သိုးကောင်းတွေကို ပြန်ခေါ်လာနိုင်မယ်လို့ ထင်ခဲ့တာ။ ကျွန်မရဲ့ ထုံထိုင်းပြီး မာကျောတဲ့ စိတ်နှလုံးကို ပြန်လည် နိုးထလာစေဖို့ ဘုရားသခင်က ဒီလို အထူးအခြေအနေကို အသုံးပြုလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ဘူး။ ကျွန်မ အရမ်း ရင်ခုန်စိတ်လှုပ်ရှားမိတယ်။
ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်တွေကို စိတ်အားထက်ထက်သန်သန်နဲ့ စဖတ်ပြီး ဒါကို ဖတ်လိုက်ရတယ်၊ “ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင်အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုပြီးနောက် ဆက်လက်လုပ်ဆောင်သည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင် အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင် လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင် သူသည် ကျေးဇူးတော်ခေတ်ကို ဆောင်ကြဉ်းပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး ဤလူ့ဇာတိခံယူခြင်းအားဖြင့် ကျေးဇူးတော်ခေတ်ကို သူ အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဆောင်ကြဉ်းပေးခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ ကိုယ်တော်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက ဘုရားသခင်အနေဖြင့် လူသား၏ စာတန် ဖောက်ပြန်ဖျက်ဆီးထားသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အလုပ်ကို လုပ်ဆောင်ဖို့လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်သည့်အလုပ်ကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် နယ်ပယ်တစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို ပျော်မွေ့ခံစားပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လေလေ၊ ကျွန်မ စိတ်နှလုံးက ပိုပြီး လင်းလက်လာလေပဲ။ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နာမတော်က မပြောင်းလဲနိုင်တာ မဟုတ်ဘူးဆိုတာ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ရဲ့ အမှုတော်က ရှေ့ကို အမြဲ ဆက်တိုးတက်နေပြီး ခေတ်တစ်ခုစီရဲ့ အမှုတော်က အရင်ခေတ်ရဲ့ အမှုတော်အပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်။ ခေတ်တစ်ခုစီမှာ ဘုရားသခင်ရဲ့ အမှုက မတူညီတဲ့အတွက် ဘုရားသခင်ရဲ့ နာမတော်နဲ့ ကိုယ်တော် ဖော်ပြတဲ့ စိတ်သဘောထားကလည်း မတူကြဘူး။ ကျွန်မ ယုံကြည်ခဲ့သလိုသာ ဘုရားသခင်ရဲ့ နာမတော်နဲ့ အမှုတော်က ဘယ်တော့မှ မပြောင်းလဲဘူးဆိုရင် ဘုရားသခင်က ယေဟောဝါလို့ပဲ ထာဝရ အခေါ်ခံရမှာဖြစ်ပြီး ယေရှုအနေနဲ့ ပြောင်းလဲနိုင်ခဲ့မှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အမှုတော်ကလည်း ရှေ့ကို ဆက်တိုးတက်နိုင်မှာ မဟုတ်ဘဲ ပညတ်တော်ခေတ်မှာတင် ရပ်တန့်သွားမှာပေါ့။ ဒါဆိုရင် လူသားက ဘုရားသခင်ရဲ့ ရွေးနုတ်ခြင်းကို ခံရနိုင်မှာ မဟုတ်ဘဲ ပညတ်တော်အောက်မှာပဲ သေဆုံးသွားကြမှာ။ ကျွန်မက ယေရှုရဲ့ နာမတော်ကိုပဲ ဆုပ်ကိုင်ထားပြီး နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်အသစ်နဲ့ နာမတော်သစ်ကို လက်မခံဘူးဆိုရင် သခင် ပြန်ကြွလာတာကို ဘယ်တော့မှ ကြိုဆိုနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ လွဲချော်သွားတဲ့အတွက် ငိုကြွေးပြီး အံကြိတ်ရင်း ကပ်ဘေးတွေထဲ ကျရောက်သွားမှာပဲ။
အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ကြည့်လိုက်တယ်။ “သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့် ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏ အမြင်ရှုထောင့်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်ပိုင်ဆိုင်သည့် စိတ်နှလုံး အနည်းငယ်ဖြင့် သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ နှလုံးသားကို တိုက်ရိုက် ပြောနေသလိုပါပဲ၊ ဒါက ကျွန်မ ဖြစ်နေခဲ့တဲ့ အခြေအနေပါပဲ။ အရင်တုန်းက ကျွန်မအမျိုးသားက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း ကျွန်မကို ခဏခဏ သက်သေခံခဲ့ပေမဲ့ ကျွန်မက အရမ်း ကိုယ့်ဘာသာကိုယ် အထင်ကြီးနေခဲ့ပြီး မသိနားမလည်ခဲ့ဘူး၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး လုံးဝမရှိဘဲ ကျမ်းစာအကြောင်း ကျွန်မရဲ့ ဗဟုသုတ နည်းနည်းလေးနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဘောင်ခတ်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နာမတော်သစ်နဲ့ အမှုတော်အသစ်ကို ငြင်းပယ်ဖို့အတွက် ကျမ်းစာထဲမှာ အခြေခံအကြောင်းရင်းတွေကို ပိုပြီးတော့တောင် ရှာချင်ခဲ့သေးတယ်။ ကျွန်မ တကယ်ပဲ အရမ်း ခေါင်းမာပြီး ကျွန်မရဲ့ အတွေးအခေါ်တွေက အရမ်း လွဲချော်နေခဲ့တာပဲ။ ကျွန်မ ကိုယ့်အယူအဆတွေကို စွန့်လွှတ်ချင်တယ်၊ ဆက်ပြီး ရှာဖွေစူးစမ်းချင်တယ်၊ ပြီးတော့ ဘုရားသခင်ဆီ အပြစ်ဝန်ခံပြီး နောင်တရချင်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း ကျွန်မအမျိုးသား မိတ်သဟာယဖွဲ့တာကို ကျွန်မ အမြဲတမ်း ငြင်းပယ်ခဲ့ပေမဲ့ အခုတော့ အဲဒီအကြောင်း အရမ်း ကြားချင်နေပြီ။ ဒါပေမဲ့ ကျွန်မအမျိုးသားက ဧဝံဂေလိတရား ဟောဖို့ ခရီးထွက်သွားပြီး ဘယ်တော့ပြန်လာမလဲ ကျွန်မ မသိဘူး။ ဒါကြောင့် နေ့တိုင်း အိမ်ရှေ့တံခါးကို ဖွင့်ပြီး တစ်နေ့နေ့ကျရင် တစ်ယောက်ယောက် လာပြီး ကျွန်မကို မိတ်သဟာယဖွဲ့ပေးလိမ့်မယ်လို့ မျှော်လင့်ရင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေကို စောင့်မျှော်နေခဲ့တယ်။
တစ်မနက်ခင်းမှာ ကျွန်မ မနက်စာစားပြီးခါစ တစ်ယောက်ယောက်က ကျွန်မကို လှမ်းခေါ်သံ ကြားလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်မနှစ်ယောက် ဖြစ်နေတာကို မြင်တော့ ကျွန်မ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားတယ်။ ကျွန်မ သူတို့ကို အိမ်ထဲ ဝမ်းသာအားရ ဖိတ်ခေါ်လိုက်တယ်။ သူတို့ ကျွန်မနဲ့ နည်းနည်း မိတ်သဟာယဖွဲ့ပေးကြတယ်၊ ပြီးတော့ သူတို့ထဲက တစ်ယောက်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ဖွင့်ပြီး “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ဆိုတဲ့ အခန်းကဏ္ဍကို လှန်လိုက်ပြီး ကျွန်မကို စဖတ်ပြတယ်။ ညီအစ်မက အသံထွက် ဖတ်ပြနေချိန်မှာ ကျွန်မက စိတ်အားထက်ထက်သန်သန်နဲ့ နားထောင်နေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှု၏ အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ အချက်အချာတွင် ရှိပြီး၊ ယင်းတို့ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းတို့ကို ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်က သူ၏ စိတ်သဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းလမ်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ ရည်ရွယ်ချက်များကိုလည်း မသိနားမလည်မြဲ ရှိနေကြ၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်း အမှုနှင့်ဆိုင်သည့် အပြည့်အဝ ဖော်ပြချက် ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းစနစ်များနှင့် အခြေခံသဘောတရား မျိုးစုံတို့ကို မသိနားမလည်ဘဲ ရှိလိမ့်မည် ဖြစ်ပြီး၊ အမှု၏ အဆင့်တစ်ခုခုမှ ကျန်ရှိသော အယူဝါဒကိုသာ တင်းကျပ်စွာ စွဲမြဲထားသူများသည် ဘုရားသခင်ကို အယူဝါဒဖြင့် ကန့်သတ်ထားသူများ ဖြစ်ကြပြီး၊ ၎င်း၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေမရာနှင့် မသေမချာ ဖြစ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာ ဘုရားသခင်၏ စိတ်နေသဘောထား အလုံးစုံကို အပြည့်အဝ ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်၏ကယ်တင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို လုံးဝ ဖော်ပြနိုင်ပေသည်။ ဤသည်မှာ သူသည် စာတန်ကို အောင်နိုင်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ရယူပြီးဖြစ်သည့် သက်သေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း သက်သေဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ခုလုံးနှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အယူအဆများတွင်၊ ဤအဆင့်တစ်ဆင့်တည်းက အယူဝါဒဖြစ်လာရန် လွယ်ကူပြီး၊ လူသားအနေနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်းများ ထူထောင်ဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထား၏ ဤအစိတ်အပိုင်းတစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး၏ ကိုယ်စားပြုမှု တစ်ခုအဖြစ် အသုံးပြုရန် အလားအလာ ရှိလာလေသည်။ ထို့အပြင် လူသား၏ စိတ်ကူးစိတ်သန်းအများစုသည် အတွင်းတွင် ရောယှက်နေသည်မှာ လူသားက ဘုရားသခင်မှာ တစ်ချိန်တစ်ခါက ဤသို့ဖြစ်ခဲ့ပါလျှင်၊ သူသည် တစ်ချိန်လုံး အလားတူ ဖြစ်မြဲဖြစ်နေမည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျက်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် ဉာဏ်ပညာတို့အပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို ကန့်သတ်ထားသည့် သတ်မှတ်ချက်ဘောင်အတွင်းတွင် တင်းကျပ်စွာ ဘောင်ခတ်လေသည်။ အမှု၏ အဆင့်သုံးဆင့်ကို သိပြီး၊ နားလည်သူများသာ ဘုရားသခင်ကို အပြည့်အဝနှင့် တိကျမှန်ကန်စွာ သိနိုင်ပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်အဖြစ် သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်အဖြစ် သတ်မှတ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုရိုက်နှက် ခံထားရမည့် ဘုရားအဖြစ် မြင်လိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သူ၏အမှု၏ အဆင့်တစ်ဆင့်မှသာ သိလာပါက၊ ၎င်းတို့၏ အသိပညာသည် အလွန့် အလွန်သေးနုပ်ပြီး၊ သမုဒ္ဒရာထဲက ရေတစ်စက်နှင့်သာ ညီမျှပေသည်။ ထိုသို့မဟုတ်ပါက ရှေးဘာသာရေး အစောင့်များစွာက အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်ခဲ့မည်နည်း။ ယင်းမှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက် ဘောင်အချို့အတွင်း ကန့်သတ်ထားသောကြောင့် မဟုတ်လော။ များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ‘အတည်ပြုရန်’ ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က ပစ်ပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားရှင်းလင်းလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ ‘ပညာရေးလောက’ ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အခါ ဘုရားသခင်က ကျွန်မ စိတ်နှလုံးထဲကို တကယ်ပဲ ထွင်းဖောက်မြင်ပြီး ကျွန်မရဲ့ အယူအဆတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်လိုက်တယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မက ဘုရားသခင်ရဲ့ အမှု အဆင့်သုံးဆင့်ထဲက တစ်ခုတည်းကိုပဲ သိထားပြီး အဲဒီအမှုအဆင့်ကနေ ကျန်ရစ်ခဲ့တဲ့ ကျမ်းစာထဲက နှုတ်ကပတ်တော်တွေကိုပဲ ဖက်တွယ်ထားခဲ့တာကိုး။ ကျွန်မက ဘုရားသခင်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ထားပြီး ဘုရားသခင်ရဲ့ နာမတော်က ယေရှု ဖြစ်တယ်၊ ဘယ်တော့မှ ပြောင်းလဲလို့မရဘူးလို့ ယုံကြည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုကို လက်ခံတာဟာ သခင်ယေရှုကို သစ္စာဖောက်တာ၊ ဘာသာရေးဖောက်ပြန်တာလို့လည်း ကျွန်မ ပြောခဲ့တယ်။ ဘုရားသခင်ရဲ့ အမှုတော်အကြောင်း ကျွန်မ ဘာမှမသိခဲ့မှန်း၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက အရမ်း မရေရာခဲ့မှန်း ကျွန်မ မြင်သွားတယ်။ အမှုတော် အဆင့်သုံးဆင့် ဆိုတာက လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားသခင်အမှုတော်ရဲ့ ဖော်ပြချက် အပြည့်အစုံ ဖြစ်တယ်။ အမှုတော် အဆင့်သုံးဆင့်ထဲက တစ်ခုကိုပဲ သိခြင်းအားဖြင့် ကျွန်မက ဘုရားသခင်ရဲ့ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကိုပဲ သိခဲ့ရတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ သူ့ရဲ့ဖြစ်ခြင်း၊ ဉာဏ်ပညာနဲ့ အမှုတော်ကို ဒီအကန့်အသတ်ရှိတဲ့ ဘောင်ထဲမှာပဲ ကျွန်မ အရမ်း တင်းကျပ်အောင် ကန့်သတ်ထားခဲ့ပြီး ဘုရားသခင်က တစ်ခါ ဒီလိုဖြစ်ခဲ့ရင် အမြဲတမ်း ဒီလိုပဲ ဖြစ်ရမယ်လို့ ယုံကြည်နေခဲ့တယ်။ ကျွန်မ အမြင်ကျဉ်းမြောင်းခဲ့သလို ဘုရားသခင်ကို မသိခဲ့ပါဘူး၊ ဒါတောင်မှ ဘုရားသခင်ရဲ့ နာမတော်နဲ့ အမှုတော်ကို ဘောင်ခတ်နေခဲ့တာပါ။ ကျွန်မ တကယ်ကို မာနထောင်လွှားခဲ့တာပါပဲ။
နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ပိုဖတ်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာတာ ဖြစ်တယ်ဆိုတာ ကျွန်မ သေချာသွားတယ်၊ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်မ ဝင်လိုက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ စုဝေးဖြစ်လာတယ်၊ နောက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခဲ့ပါတယ်။ ကျွန်မ အရမ်း ထောက်ပံ့ခံရတယ်လို့ ခံစားရတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို အံ့သြစရာကောင်းအောင် လက်ခံနိုင်ဖို့နဲ့ သခင် ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်ဖို့ ကျွန်မကို သနားကရုဏာနဲ့ ကြင်နာမှု ပြသခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မက ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ၊ ဆုတောင်းနည်းတွေ ကျမ်းစာဖတ်ပုံတွေကို စပြီးသင်ယူတယ်။ နေ့စဉ်ဘဝမှာ သခင့်နှုတ်ကပတ်တော်တွေကို လိုက်နာဖို့...
“ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော...
ဒါဝိဒ် ဗင်နီဇွဲလားနိုင်ငံ ကျွန်တော် ငယ်ရွယ်တုန်းက အလုပ်အမျိုးမျိုး လုပ်ခဲ့တယ်။ ကျွန်တော် ဗင်နီဇွဲလားနိုင်ငံ၊ ဆူကရီပြည်နယ် အစိုးရအတွက်...
ဆာရာ အမေရိကန်နိုင်ငံ ကျွန်မသခင့်ကိုယုံကြည်ပြီးတဲ့နောက်မှာ အိမ်နီးချင်းတွေကိုလည်း ကိုယ့်လိုသဘောထားပြီးချစ်ခင်ဖို့ သခင်ကဆုံးမတယ်၊...