ထိုနေ့တွင် ကောင်းကင်က အထူးသဖြင့် ကြည်လင်ပြီး နေသာသည်

02.12.2019

ကျန်းယင်၊ တရုတ်နိုင်ငံ

ကျွန်မ တရုတ်နိုင်ငံရှိ ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်တွင် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ ဝတ်ပြုအစည်းအဝေးများ၌ ကျွန်မ စတင်ပါဝင်သည့် အချိန်တွင်၊ သင်းအုပ်ဆရာက၊ “ညီအစ်ကို မောင်နှမ တို့၊ သမ္မာကျမ်းစာထဲမှာ၊ ‘ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမသြဝါဒစာ ၁၀:၁၀-၁၁) လို့ မှတ်သား ထားပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ ရောက်ပြီး ဖြစ်တယ်၊ ပြီးတော့ သခင်ယေရှုကို ကျွန်တော်တို့ ယုံကြည်ပြီးမှတော့၊ ကျွန်တော်တို့ ကယ်တင်ခံရပြီး ဖြစ်တယ်။ တစ်ခြားတစ်ခုခုကို ကျွန်တော်တို့ ယုံကြည်ရင်တော့၊ ကျွန်တော်တို့ ကယ်တင်ခံရ မှာမဟုတ်ပါဘူး...” ဟုကျွန်မတို့ကို မကြာခဏ ပြောလေ့ရှိသည်။ သင်းအုပ်ဆရာပြောသည့် ဤစကားများကို ကျွန်မ စိတ်ထဲ အမြဲသိမ်း ထားခဲ့သည်။ သခင် ကြွလာပြီး ကျွန်မကို ကောင်းကင်နိုင်ငံထဲသို့ လက်ခံဖို့ စောင့်ဆိုင်းရင်း ကျွန်မ ထက်ထက်သန်သန် ပါဝင်လိုက်စားပြီး ဝတ်ပြုအစည်းအဝေးများကို တက်ကြွစွာ တက်ရောက်ရာတွင် ထိုစကားများက ကျွန်မကို တိုက်တွန်းအားပေးခဲ့သည်။ နောက်ပိုင်းတွင် အသင်းတော်ထဲတွင် ဥပဒေနှင့်ဆန့်ကျင်သော လုပ်ရပ်များ ကျူးလွန်ခဲ့ကြပြီး အကျိုးဆက် အနေဖြင့် ထိုနေရာရှိ ဝတ်ပြုအစည်းအဝေးများကို ကျွန်မ စတင်စိတ်ကုန်ခဲ့သည်။ သင်းအုပ်ဆရာ များက အသီးသီး မိမိတို့ကိုယ်ကိုယ် ထိပ်ဆုံးရောက် ဖို့နှင့် မိမိတို့၏ ကိုယ်ပိုင် နေရာကို တည်ထောင်ဖို့ ကြိုးစားရင်း၊ သူတို့အချင်းချင်းကြားတွင် ခွဲခြားကြရုံသာမက၊ သင်အုပ်ဆရာများ ဝေငှသည့် တရားဒေသနာများမှာ ညွန့်ပေါင်း တပ်ဦး လုပ်ငန်းဌာန (UFWD) မှ ဆွဲပေးထားသော စည်းမျဉ်းနှင့် အညီဖြစ်ဖို့ ဘောင်ခတ်ခံထားရလေ သည်။ UFWD က “ပြည်သူကြား ဆူပူလှုပ်ရှားမှု လှုံ့ဆော်ပေးလိမ့်မည်” ကို ကြောက်ရွံ့သောကြောင့် ကျွန်မတို့၏ သင်းအုပ်ဆရာများကို ဗျာဒိတ်ကျမ်း ဖြင့် တရားဟောခွင့် မပေးခဲ့ကြချေ။ သင်းအုပ် ဆရာများအနေဖြင့် ပိုမို လှူဒါန်းလျှင် ဘုရားသခင် ထံမှ ကောင်းချီးမင်္ဂလာများ ပိုမိုရရှိလိမ့်မည်ဟု ဆိုရင်း အလှူဒါနများအကြောင်း မကြာခဏ ဟော လေ့ရှိလေသည်။ အသင်းတော်ကို ဤအခြေအနေ တွင် တွေ့ရသောကြောင့်၊ ကျွန်မ စိတ်ရှုပ်ထွေးခဲ့ရ သည်။ အသင်းတော်က ဤသို့ အဘယ်သို့ ဖြစ်လာခဲ့ပါသနည်း။ သင်းအုပ်ဆရာများက သခင့်ကို မယုံကြည်ကြပါသလော။ သခင့် နှုတ်ကပတ်တော်ကို သူတို့ မလိုက်လျှောက်ကြဘူးလော။ သခင့်အတွက် ကြောက်ရွံ့မှု အနည်းငယ်မျှပင် သူတို့ အဘယ်ကြောင့် မရှိရပါသနည်း။ ထိုအချိန်မှစ၍၊ သူတို့က ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ဟု ခံစားရသောကြောင့်၊ ပြီးလျှင် သူတို့က ညီအစ်ကို မောင်နှမများ၏ ကြိုးစားရှာဖွေထားသော ငွေကြေး များကို ရရှိဖို့ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည် ဟန်ဆောင်ကြသည့် သိုးထိန်းအယောင်ကို ဆောင် သောသူများဖြစ်သည်ဟု ခံစားရသောကြောင့် ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်က ဝတ်ပြု အစည်းအဝေးများကို ကျွန်မ မသွားချင်တော့ပါ။

၁၉၉၅ ခုနှစ် နှောင်းပိုင်းတွင်၊ အသင်းတော် ကို ကျွန်မ တုန့်ဆိုင်းခြင်း မရှိဘဲ စွန့်ခွာခဲ့ပြီး အိမ်အသင်းတော် (the Sola Fide Church) တစ်ခုတွင် ပါဝင်ခဲ့သည်။ အစပထမတွင် သူတို့ ၏ တရားဒေသနာများက နိုင်ငံတော် အစိုးရ၏ ကန့်သတ်မှုများကို မခံရဟု ကျွန်မ ထင်ခဲ့ပြီး သူတို့၏ တရားဒေသနာများထဲတွင် ဗျာဒိတ်ကျမ်းကိုပင် ပေါင်းစပ်ခဲ့ပြီး နောက်ဆုံးသောကာလ၊ သခင့်၏ ပြန်ကြွလာ ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ တရားဒေသနာများက ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က သင်းအုပ် ဆရာများ၏ တရားဒေသနာထက် များစွာ ပိုကောင်းပြီး ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ဝတ်ပြုအစည်းအဝေးများနှင့် နှိုင်းစာလျှင် ဤနေရာက ဝတ်ပြုအစည်းအဝေး များကို တက်ရောက်ခြင်းအားဖြင့် မွေ့လျော်စရာ ပို၍ရှိသည်ဟု ကျွန်မ ခံစားခဲ့ရသည်- ကျွန်မ အလွန်ပျော်ရွှင်ခဲ့ပါသည်။ သို့သော် အချိန်ကာလ တစ်ခုကြာပြီးနောက်၊ ဤနေရာတွင်လည်း လုပ်ဖော်ကိုင်ဖက်များကြားတွင် မနာလို ဝန်တိုသော အငြင်းပွားမှုများတွင် ပါဝင်ပြီး ဂိုဏ်းကွဲများ ဖန်တီးကြသည့် သူအချို့ရှိသည်ကို ကျွန်မ တွေ့ရှိခဲ့ရသည်။ ညီအစ်ကို မောင်နှမများ မည်သူမျှ သခင့်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိကြသလို၊ တစ်ချိန်တုန်းကကဲ့သို့ သူတို့ မချစ်ခင်ကြ တော့ပါ။ ဤအသင်းတော်က ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်နှင့် တကယ်ကို ဘာမျှ မခြားသည်ကို တွေ့ရသည့်အခါ၊ ကျွန်မ အရမ်း စိတ်ပျက်မိခဲ့သည်၊ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသည့် အသင်းတော်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်ကိုလည်း ကျွန်မ မသိခဲ့ပါ။ ပိုကောင်းသည့် ရွေးချယ်စရာ မရှိသည့်အတွက်၊ ကျွန်မ လုပ်နိုင်သမျှမှာ the Sola Fide အသင်းတော်ထဲတွင် နေဖို့သာ ဖြစ်ခဲ့သည်၊ ထို့ကြောင့် သူတို့၏ ဝတ်ပြုအစည်း အဝေးများကို ကျွန်မ ဆက်လက်တက်ရောက် ခဲ့သည်။ သင်းအုပ်ဆရာများနှင့် တရားဟော ဆရာများအားလုံးက “တစ်ကြိမ် ကယ်တင်ခံရ လျှင် အမြဲ ကယ်တင်ခံရသည်” ဆိုသည်နှင့် “အဆုံးထိ မင်း သည်းခံသရွေ့၊ သခင့်အတွက် အားသွန်ခွန်စိုက်နဲ့ လုပ်ဆောင်ပြီး သခင့်ရဲ့ လမ်းစဉ်ကို ထိန်းသိမ်းသရွေ့၊ ကောင်းကင် နိုင်ငံတော်ထဲကို မင် ဝင်နိုင်လိမ့်မယ်” ဟု ပြောကြလေသည်။ ထို့ကြောင့် ထိုအချိန်က ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်- “တခြား လူတွေ ဘာပဲဖြစ်ဖြစ်၊ သခင်ယေရှုအပေါ် ငါ့ရဲ့ ယုံကြည်မှုမှာ ငါ မဆုတ်မနှစ် လုံ့လထုတ်ပြီး သခင့်ရဲ့ လမ်းကနေ မသွေဖည်သရွေ့၊ သခင် ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခံရဖို့ ငါအခွင့်အရေးတစ်ခု ရှိမှာပဲ။”

မျက်တောင်တစ်ချက် အခတ် လျှပ်တပြက် အတွင်းတွင် ၁၉၉၇ ခုနှစ် နှောင်းပိုင်း ရောက်သွားခဲ့သည်၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားက ကျွန်မတို့ဆီ ရောက်နှင့်ပြီဖြစ် သလို ကျွန်မတို့၏ အသင်းတော်က အုတ်အော် သောင်းတင်း ဖြစ်သွားခဲ့သည်။ ခေါင်းဆောင် လီက ကျွန်မတို့ကို၊ “ဒီနေ့ခေတ်မှာ အရှေ့ရပ်က လျှပ်ပြက်ခြင်းကို ဖြန့်ဝေနေတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်လာတယ်၊ သူတို့က ဂိုဏ်းဂဏအမျိုးမျိုး ကနေ သိုးကောင်းတွေကို ခိုးယူနေကြတယ်၊ ပြီးတော့ သူတို့က သခင်ယေရှုက ပြန်ကြွလာ နှင့်ပြီးပြီဖြစ်သလို သူက အမှုတော်ရဲ့ အဆင့်သစ် ကို လုပ်ဆောင်နေတယ်လို့ ပြောနေကြ တယ်။သခင်ယေရှုက ကျွန်တော်တို့အတွက် ကားတိုင်မှာ သံမှိုရိုက်ခံခဲ့ပြီး ကျွန်တော်တို့ကို ရွေးနုတ်ဖို့ သူ့ရဲ့ အသက်အဖိုးအခကို ပေးနှင့်ပြီးပါပြီ။ ကျွန်တော်တို့ ကယ်တင်ခံရနှင့် ပြီးဖြစ်တယ်။ ကျွန်တော်တို့ အဆုံးထိ သည်းခံ ဖို့ပဲ လိုတယ်၊ ပြီးတော့ သခင် ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ သေချာပေါက် ကောင်းကင် နိုင်ငံတော်ထဲကို ချီဆောင်ခံရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထားရမယ်၊ ပြီးတော့ ဒီအရှေ့ရပ်က လျှပ်ပြက်ခြင်းက လူတွေကို လုံးဝ လက်ခံလို့ မဖြစ်ဘူး။ သူတို့ကို လက်ခံတဲ့သူ ဘယ်သူမဆို အသင်းတော်ကနေ နှင်ထုတ်ခံရမယ်။ ပြီးတော့၊ သူတို့ ပြောတာကို နားမထောင်မိအောင်သေချာလုပ်၊ ပြီးရင် သူတို့ ရဲ့ စာအုပ်တွေကို မဖတ်မိအောင် သေချာလုပ် ပါ...။” ဝတ်ပြုအစည်းအဝေးတိုင်းနီးပါးတွင် ရာထူးအဆင့်တိုင်းက လုပ်ဖော်ဆောင်ဖက် အားလုံးက ဤအရာများကို ဆွေးနွေးနေကြပုံ ရလေသည်။ သူတို့ ပြောသည့်အရာကို ကြားပြီး နောက်၊ ညီအစ်ကို မောင်နှမများက အရှေ့ရပ်က လျှပ်ပြက်ခြင်းကို အကျိုးအကြောင်း သေချာ မသိဘဲ ဆန့်ကျင်ပြီး သတိထားဖို့ စတင်ခဲ့ကြ လေသည်။ ကျွန်မက အရှေ့ရပ်က လျှပ်ပြက် ခြင်း၏ အခိုးခံရပြီး ကောင်းကင်နိုင်ငံတော် ထဲသို့ ဝင်ရောက်ဖို့ ကျွန်မ၏ အခွင့်အရေး ဆုံးရှုံးမည်ကို ကြောက်သည့်အတွက် ပို၍ပင် စတင် ဂရုစိုက်ကာ သတိထားခဲ့သည်။

သို့သော် ၁၉၉၈ ခုနှစ်၌ နှစ်သစ် အစပြု ကာစအချိန် နေ့တစ်နေ့တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ လူတစ်ယောက်နှင့် ကျွန်မ မမျှော်လင့်ဘဲ ဆုံခဲ့ရပြီး၊ ပထမဆုံး အကြိမ် အရှေ့ရပ်က လျှပ်ပြက်ခြင်း၏ လမ်းစဉ် ကို နားထောင်ဖို့ အခွင့်အလမ်းကို ကျွန်မ ရရှိခဲ့ သည်။ ထိုနေ့တွင်၊ ကျွန်မ၏ အစ်မက ကျွန်မကို ဖုန်းတစ်ချက်ဆက်ပြီး သူမ၏ အိမ်သို့ ဖိတ်ခဲ့ သည်။ သူမ၏ ရွာမှ အစ်မ ဟူကိုလည်း လာဖို့ သူက ဖိတ်ခဲ့သည်။ အစ်မ ဟူက ကျွန်မကို တွေ့သည့်အခါ ပြုံးပြပြီး၊ “အိုး ညီမလေး လာတာ ကောင်းတယ်။ သခင့်ကို ယုံကြည်တဲ့ အစ်မရဲ့ အဝေးကအမျိုးတစ်ယောက်လည်း အစ်မဆီ လာလည်တယ်။ အစ်မတို့ အတူ စုလိုက်ရအောင်လေ” ဟု ပြောလေသည်။ ကျွန်မ ပျော်ရွှင်စွာ သဘောတူခဲ့သည်။ မကြာမီတွင်၊ အစ်မ ဟူက သူ၏ အမျိုးနှင့်အတူ ပြန်လာ လေသည်။ ဤအစ်မက ကျွန်မတို့ကို တွေ့သည့် အခါ၊ ကျွန်မတို့ကို စိတ်အားထက်သန်စွာ နှုတ်ခွန်းဆက်ခဲ့သည်။ သူ့ကို ကျွန်မတို့ အရင်က မမြင်ဖူးသော်လည်း၊ သူ့ကို ရင်းနှီးသလိုမျိုး ကျွန်မ ခံစားခဲ့ရသည်။ သူက၊ “အခုခေတ် အသင်းတော်ထဲမှာ ပျံ့နှံ့နေတဲ့ ပျက်စီးယိုယွင်းမှု ရှိနေတယ်။ တရားဟော ဆရာတွေက တရား ဟောဖို့ ဆန်းသစ်တဲ့အရာ ဒါမှမဟုတ် သစ်လွင် တဲ့အရာတစ်ခုတစ်လေမှ မရှိကြဘူး။ ဝတ်ပြု အစည်းအဝေးတိုင်းမှာ အရှေ့ရပ်မှ လျှပ်ပြက် ခြင်းကို ဘယ်လို ဆန့်ကျင်ရမယ်ဆိုတဲ့ အကြောင်းကိုဟောတာ မဟုတ်ရင်၊ တိတ်ခွေတွေ နဲ့ ဓမ္မသီချင်း သီဆိုတာတွေကို နားထောင်ရရုံသက်သက်ပါပဲ။ ဝတ်ပြုအစည်း အဝေးတွေမှာ ဒါတွေပဲ လုပ်ကြတာ။ လုပ်ဖော် ဆောင်ဖက်တွေက မနာလိုဝန်တိုတဲ့ အငြင်းပွားမှုတွေမှာ ပါဝင်ပတ်သက်ကြတယ်၊ သူတို့ ပေါင်းကြံကြပြီး ဒုက္ခပေးကြတယ်၊ သူတို့ အားလုံးက အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်လို့ ထင်မှတ်ကြပြီး ဘယ်သူကမှ တခြား ဘယ်သူ့ကိုမှ နားထောင်ကြဘူး။ ညီအစ်ကို မောင်နှမတွေက အပျက် သဘောဆောင်ပြီး အားနည်းကြတယ်၊ ပြီးတော့ သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းတွေကို ဆုံးရှုံးသွားကြပြီ။ လူအများကြီးက ငွေရှာဖို့ လောကဘက်ကို ပြန်သွားဖို့ သခင့်ကို စွန့်သွားကြပြီ” ဟု ပြောလေသည်။ ကျွန်မ၏ စိတ်အတွင်းတွင် အလားတူပင် ခံစားခဲ့ရပြီး ခေါင်းညိတ်လျက်၊ ထိုအစ်မကို ကျွန်မက၊ “ဒါက ကျွန်မရဲ့ အသင်းတော်ထဲမှာလိုပါပဲ။ အရင်က၊ ကျွန်မတို့ရဲ့ လစဉ် ဝတ်ပြုအစည်း အဝေး လုပ်ရာမှာ အစည်းအဝေးနေရာတိုင်းမှာ လူ ၂၀ ကနေ ၃၀ ထိ ရှိခဲ့တယ်၊ ဒါပေမယ့် အခု လူကြီးအနည်းငယ်ပဲရှိပြီး တရားဟော ဆရာတွေတောင် ငွေရှာဖို့ လောကထဲကို ထွက်သွားကြပြီ။ ဝတ်ပြုအစည်းအဝေးတွေမှာ မွေ့လျော်စရာ ဘာမှမရှိဘူး” ဟု ပြောလိုက်သည်။ ထိုအစ်မက သူမ၏ ခေါင်းကို ညိတ်လိုက်ပြီး၊ “ဒီအခြေအနေမျိုးက တစ်ချို့ အသင်းတော်တွေမှာပဲ ရှိနေတာမဟုတ်ဘဲ၊ ဘာသာရေး လောကတစ်ခုလုံး ပျံ့နှံ့နေတဲ့ အဖြစ်အပျက်တစ်ခုပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို အသင်းတော်ထဲမှာ ရှာတွေ့တော့မှာမဟုတ်ဘူးဆိုတာကို ဒါက ပြတယ်၊ ပြီးတော့ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကိုလည်း တစ်ချိန်လုံး ကျူးလွန်ကြ တယ်- ဒါကသခင့်ရဲ့ ပြန်ကြွလာခြင်း နိမိတ် တစ်ခုပဲ။ ဒါက ပညတ်တော်ခေတ်ရဲ့ အဆုံးသတ် အတိုင်းပဲဖြစ်တယ်၊ ဗိမာန်တော်က ခြံမွေးတိရစ္ဆာန်တွေကို ရောင်းပြီး လူတွေက ငွေတွေ လဲလှယ်တဲ့နေရာ ဖြစ်လာခဲ့တယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က သူ့ရဲ့ အမှုတော်ကို ဗိမာန်တော်ထဲမှာ ဆောင်ရွက် တာ ရပ်တန့်နှင့်ပြီးဖြစ်သလို၊ အဲဒီအစား ဗိမာန်တော်ရဲ့ အပြင်မှာ အမှုတော်ရဲ့ အဆင့်သစ် ကို ဆောင်ရွက်ဖို့ သခင်ယေရှုအဖြစ် လူ့ဇာတိခံခဲ့ တယ်” ဟု ပြောလေသည်။ ကျွန်မ အကြိမ်ကြိမ် ခေါင်းညိတ်မိလျက် အာရုံစိုက်စွာ နားထောင် ခဲ့သည်။ အစ်မက ဆက်၍ “ညီမလေး၊ ရှင်လုကာ ၁၇:၂၄-၂၆ မှာ ပြောတယ်- ‘ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။ နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။’ ဒီသမ္မာကျမ်းစာရဲ့ စာကြောင်းတွေကို ညီမ ဘယ်လို အနက်ပြန်လဲ” ဟု ပြောလေသည်။ ထိုစာကြောင်းများကို ကျွန်မ တစ်ခဏ လေးလေးနက်နက် စဉ်းစားခဲ့ပြီးနောက် အနေရခက်စွာ ရယ်မောလိုက်ပြီး၊ “အစ်မ၊ ကျမ်းစာရဲ့ ဒီစာကြောင်းတွေက သခင့်ရဲ့ ကြွလာခြင်းအကြောင်းကို ပြောနေကြတာ မဟုတ်လား” ဟု ပြောလိုက်သည်။ အစ်မက၊ “ကျမ်းစာရဲ့ ဒီစာကြောင်းတွေက သခင့်ရဲ့ ကြွလာခြင်းကို ဆွေးနွေးပြောဆိုနေကြတယ်။ ဒါပေမယ့်၊ အဲဒါတွေက ရှေ့ကာလတွေတုန်းက သခင်ယေရှုရဲ့ ကြွလာခြင်းအကြောင်းကို ပြောနေကြတာ မဟုတ်ဘူး။ အဲဒါထက်၊ ဒါတွေက နောက်ဆုံးသော ကာလမှာ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ရည်ညွှန်းတာဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ဒီမှာ သခင်က နောက်ဆုံးသော ကာလမှာ သူ ပြန်ကြွလာ တဲ့အခါ ဖြစ်ပျက်မယ့်အရာအကြောင်းကို အရမ်း ကို ရှင်းရှင်းလင်းလင်း ပရောဖက်ပြုနေလို့ပဲ။ ညီမလေး၊ အသင်းတော်ထဲက ယုံကြည်သူတွေရဲ့ ယုံကြည်ခြင်းက အခုအချိန်မှာ ပိုအေးစက်လာ ကြပြီဖြစ်သလို သူတို့က အပျက်သဘောဆောင် ပြီး အားနည်းကြတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် ဘုရားသခင်က အမှုတော်ရဲ့ အဆင့်သစ် ကို ဆောင်ရွက်ဖို့ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံလာပြီဖြစ်လို့ပဲ။ ဘုရားသခင်ရဲ့ အမှုတော်က ရွေ့သွားပြီ၊ ပြီးတော့ ဘုရားသခင် ရဲ့ အမှုတော်သစ်နောက်ကို မလိုက်ကြတဲ့ သူတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ဆုံးရှုံးကြလိမ့်မယ်” ဟု ပြန်ဖြေလေသည်။ သခင်ယေရှု ပြန်ကြွလာနှင့်ပြီ ဟု အစ်မ ပြောသည်ကို ကျွန်မ ကြားလျှင် ကြားချင်း၊ သူမက အရှေ့အရပ်က လျှပ်ပြက်ခြင်း နှင့် ပတ်သက်သည်ကို ကျွန်မ ချက်ချင်း ရိပ်မိခဲ့ပြီး ကျွန်မ စိတ်ဓါတ်ကျ သွားခဲ့သည်။တစ်ချိန်က အသင်းတော်ကို ပိတ်ပင်ခဲ့သည့် ကျွန်မ၏ ခေါင်းဆောင်များထံမှ စကားများ ကျွန်မစိတ်ထဲ ပေါ်လာသည်နှင့်အမျှ ကျွန်မ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွား ခဲ့သည်- “ယေရှုကို ယုံကြည်တာက ကယ်တင်ခံ ရဖို့ဖြစ်ပြီး၊ တစ်ခါ ကယ်တင်ခံရရင် အမြဲ ကယ်တင်ခံရတာဖြစ်တယ်။...အရှေ့ရပ်မှ လျှပ်ပြက်ခြင်းဆီက လူတွေကို လက်မခံနဲ့...။” ကျွန်မ၏ ခေါင်းဆောင်များထံမှ ဤစကားများ ကို ကျွန်မ တွေးမိစဉ်၊ အိမ်ကို ကျွန်မ အပြေး အလွှားပြန်သွားချင်မိခဲ့သည်။ သို့သော် ဤစိတ်ကူး စိတ်ထဲ ရောက်လာချိန်တွင်၊ ဓမ္မသီချင်းတစ်ပုဒ်မှ အပိုဒ်တစ်ခုကို ကျွန်မကို သတိရစေခြင်းဖြင့် သခင်က ကျွန်မကို ဉာဏ်အလင်းပေးခဲ့သည်- “ယေရှုသည် ကျွန်ုပ်တို့ ကွယ်ကာရာ၊ ဒုက္ခများ ရောက်သည့်အခါ သူနှင့်အတူ ပုန်းကွယ်ပါ၊ သခင်နှင့်အတူ သင်ရှိသည့်အချိန် အဘယ်အရာကို သင် ကြောက်ရအံ့နည်း။” “အဲဒါ ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “သခင်က ငါ့ရဲ့ နံဘေးမှာရှိရင်၊ ဘာကို ငါ ကြောက်ရမှာလဲ။ ငါ ကြောက်တဲ့အရာက ဘုရားဆီက လာတာ မဟုတ်ဘူး၊ စာတန်ဆီက လာတာပဲ။” ထို့နောက်တွင်ပင်၊ အစ်မက၊ “တစ်ယောက်ယောက်မှာ မေးခွန်းရှိရင်၊ အဲဒါတွေကို ဆက်ပြီး ဝေမျှပါ။ ရှင်တို့မှာရှိတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေအားလုံးကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဖြေရှင်းပေး နိုင်မှာပါ” ဟု ပြောလေသည်။ ဤအရာ အစ်မ ပြောသည်ကို ကျွန်မ ကြားသည့်အခါ၊ ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်- “ငါ့ရဲ့ မေးခွန်းတွေကို နင် မဖြေနိုင်လောက်ဘူး။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက အမှန်တကယ် ဘာကို ဟောနေလဲဆိုတာနဲ့ သိုးကောင်းတွေ အများကြီးကို ဘယ်လို ခိုးသွားနိုင်ရတာလဲ ဆိုတာကို ငါ အခု အတိအကျ စုံစမ်းရမှ ဖြစ်မယ်။”

ဤအရာကို တွေးရင်းဖြင့်၊ တဲ့တိုးပြော ဆိုရန် ဆုံးဖြတ်ခဲ့ပြီး လက်ဦးမှုရ ယူကာ၊ “သခင်ယေရှုက ကားတိုင်မှာ ကျွန်မတို့အတွက် သံမှိုရိုက်ခံခဲ့ရပြီး၊ ကျွန်မတို့ကို ရွေးနုတ်ဖို့ သူ့အသက် အဖိုးအခကို ပေးနှင့်ပြီးပြီဖြစ်လို့ ကျွန်မတို့ ကယ်တင်ခံရနှင့်ပြီးပြီလို့ကျွန်မတို့ ခေါင်းဆောင်တွေက အမြဲ ပြောနေကြတယ်။ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်- “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၁၀-၁၁) တဲ့။ ကျွန်မတို့ တစ်ကြိမ် ကယ်တင်ခံရမှတော့ ထာဝရ ကယ်တင်ခံရပြီးဖြစ်သလို၊ အဆုံးထိ ကျွန်မတို့ သည်းခံသရွေ့၊ သခင် ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်မတို့ သေချာပေါက် ချီဆောင်ခံရလိမ့်မယ်။ ဒါက ကျွန်မတို့ကို သခင် ပြုပြီးတဲ့ ကတိတော်ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင် ဆောင်ရွက်နေတဲ့ ဘယ်လို အမှုတော်သစ်ကိုမှ ကျွန်မတို့ လက်ခံစရာ မလိုပါဘူး” ဟု ပြောလိုက်သည်။

အစ်မက ပြုံးလိုက်ပြီး ကျွန်မကို၊ “သခင်ယေရှုက ကျွန်မတို့အတွက် ကားတိုင်မှာ သံမှိုရိုက်ခံခဲ့ရပြီး ကျွန်မတို့ကို ရွေးနုတ်ဖို့ သူက သူ့ရဲ့အသက် အဖိုးအခကို ပေးခဲ့မှတော့ ကျွန်မတို့ ကယ်တင်ခံရပြီးပြီလို့ ယုံကြည်သူတွေအများကြီးက ထင်ကြတယ်။ တစ်ကြိမ် ကယ်တင်ခံရရင် ထာဝရ ကယ်တင်ခံရတယ်၊ ကျွန်မတို့ လုပ်ဖို့လိုတာက အဆုံးထိ သည်းခံဖို့ပဲ၊ ပြီးတော့ သခင် ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်မတို့ သေချာပေါက် ချီဆောင်ခံရမှာဖြစ်ပြီး ဘုရားသခင် ဆောင်ရွက်နေတဲ့ ဘယ်လို အမှုသစ်ကိုမှ ကျွန်မတို့ လက်ခံစရာ မလိုဘူးလို့ လူတွေက ယုံကြတယ်။ ဒါပေမယ့် ဒီလိုတွေးတာ က တကယ်မှန်ရဲ့လား။ အဲဒါက သခင့်ရဲ့ အလိုတော်နဲ့ ကိုက်ညီရဲ့လား။ အမှန်တော့၊ “တစ်ကြိမ် ကယ်တင်ခံရတာက ထာဝရ ကယ်တင်ခံရတာဖြစ်ပြီး၊ သခင် ပြန်ကြွလာ တဲ့အခါ ကျွန်မတို့ ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခံရမယ်” ဆိုတဲ့ လူ့ရဲ့ စိတ်ကူးက အယူအဆတစ်ခုနဲ့ စိတ်ကူးတစ်ခုသာ ဖြစ်ပြီး အဲဒါက သခင် ပြောခဲ့တဲ့ အရာနဲ့ တကယ်ကို မကိုက်ပါဘူး။ သူတို့ရဲ့ ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရတဲ့သူတွေက ကောင်းကင်နိုင်ငံ တော်ထဲကို ဝင်နိုင်မယ်လို့ သခင်ယေရှုက တစ်ခါမှ မပြောခဲ့ပါဘူး၊ ဒါပေမယ့် အဲဒါထက် သူက၊ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) လို့ ပြောခဲ့တယ်။ ကယ်တင်ခံရတာနဲ့ ကောင်းကင်ဘုံက ခမည်းတော်ရဲ့ အလိုတော်ကို ဆောင်တာက မတူဘူး။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရတာကို ကျွန်မတို့ ပြောတဲ့အခါ၊ ဒီကယ်တင်ခံရတာက ရှင်တို့ရဲ့ အပြစ်တွေကနေ ခွင့်လွှတ်ခံရတာကို ရည်ညွှန်းတာပါ။ အဲဒါက တစ်စုံတစ်ဦးက ပညတ်တရားအတိုင်း သေခြင်းကို အပို့ခံရမှာဖြစ်ပေမယ့် သခင့်ရှေ့မှောက်ကို သူတို့လာပြီး နောင်တရမယ်၊ ပြီးတော့ သခင့်ရဲ့ ကယ်တင်ခြင်းကို ရရှိမယ်ဆိုရင်၊ သူတို့ရဲ့ အပြစ်တွေကို သခင်က ခွင့်လွှတ်ပေးမှာဖြစ်ပြီး အဲဒီလူက ပညတ်တရားရဲ့ စီရင်မှုကို စွန့်ပစ်လိမ့်မယ်၊ ပြီးတော့ ပညတ်တရားအတိုင်း သေခြင်းကို အပို့ခံရတော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။ ဒါက ကယ်တင်ခံရခြင်းရဲ့ မှန်ကန်တဲ့ အဓိပ္ပါယ်ပဲ။ ဒါပေမယ့် ကယ်တင်ခံရတယ်ဆိုတာက လူတစ်ဦးဟာ အပြစ်ကနေ လွတ်မြောက်ပြီး သန့်စင်ခံရတယ်လို့ မဆိုလိုပါဘူး။ ဒါကို ကျွန်မတို့အားလုံး လေးလေးနက်နက် တွေ့ကြုံခံစားရပြီးပါပြီ။ နှစ်တွေအများကြီး သခင့်ကို ကျွန်မတို့ ယုံကြည်ကြပြီး၊ မကြာခဏ ကျွန်မတို့ရဲ့ အပြစ်တွေကို သခင့်ဆီ ဝန်ချ၊ နောင်တရပြီး ကျွန်မတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ခြင်းရဲ့ ဝမ်းမြောက်မှုနဲ့ ငြိမ်သက်ခြင်းတွေကိုလည်း နှစ်သက်ခံစားကြရ ပေမယ့်၊ ကျွန်မတို့ အပြစ်တွေကို မကြာခဏ အမှတ်တမဲ့ ကျူးလွန်မိနေကြတုန်းပဲဖြစ်သလို ကျွန်မတို့ရဲ့ အပြစ်တွေအားဖြင့် အချည်နှောင်ခံရတုန်းပဲဖြစ်တယ်။ ဒါက အမှန်တရားတစ်ခုပဲ။ ဥပမာအားဖြင့်၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်း၊ စတဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ဆက်လက်တည်ရှိနေတုန်းပဲ။ လောကရဲ့ ရေပန်းစားမှုတွေကို လိုက်စားရတာ၊ ချမ်းသာကြွယ်ဝမှုနဲ့ ကျော်ကြားမှုတွေကို လိုက်စားတာနဲ့ ဇာတိအသွေးအသားနဲ့ဆိုင်တဲ့ အပျော်အပါးတွေကို ကျွန်မတို့ ပျော်မွေ့နေကြ တုန်းပဲဖြစ်ပြီး အပြစ်နဲ့ပြည့်တဲ့ ကာမဂုဏ်တွေကို ကျွန်မတို့ တပ်မက်ကြတုန်းပဲဖြစ်တယ်။ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေကို ကာကွယ်ဖို့အတွက် ကျွန်မတို့ဟာ တခြားလူတွေကို မကြာခဏ လိမ်ညာခြင်း၊ လှည့်စားခြင်းတို့ကိုလည်း လုပ်နိုင်စွမ်းရှိကြတယ်။ ဒါကြောင့်၊ ကယ်တင်ခံရတယ်ဆိုတာက ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိပြီးပြီလို့မဆိုလိုပါဘူး။ ဒါက အမှန်တရားတစ်ခုပါ။ ကျမ်းစာထဲမှာ မှတ်သားထားပါတယ်- ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဘုရားသခင်က သန့်ရှင်းတယ်၊ ဒါကြောင့် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ဆန့်ကျင်ကြသူတွေကို ကောင်းကင်နိုင်ငံတော်ထဲ သူ ဝင်ခွင့်ပြုမလား။ သူတို့ရဲ့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရတဲ့ သူတွေက ကောင်းကင်နိုင်ငံတော်ထဲကို ဝင်နိုင်ကြမယ်လို့ ရှင်တို့ ယုံတယ်ဆိုရင်၊ ဘာလို့ သခင်ယေရှုက ဒီစကားတွေကိုလည်း ပြောခဲ့တာလဲ- ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) သခင် ပြန်ကြွလာတဲ့အခါ၊ သူက ဆိတ်တွေကို သိုးတွေကနေ၊ ပြီးတော့ တောရိုင်းပင်တွေကို ဂျုံပင်တွေကနေ ခွဲခြားမယ်လို့ ဘာလို့ ပြောထားတာလဲ။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရသူတွေက ကောင်းကင်နိုင်ငံတော်ထဲကို ဝင်နိုင်မယ်လို့ ပြောဖို့ မခိုင်လုံပါဘူး။ အဲဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်နဲ့ လုံးဝ သဘောကွဲလွဲပြီး၊ ဒါ သခင့်ရဲ့ နှုတ်ကပတ်တော်ကို အာခံတာ ဖြစ်တယ်။ ဒါကြောင့်၊ သခင့်ရဲ့ နှုတ်ကပတ်တော် ကို ကျွန်မတို့က လက်ခံပြီး မယုံကြည်ဘဲ၊ အဲဒါထက် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲ တွေ ဖြန့်ဖြူးတဲ့ အတွေးမှားတွေကို ဖက်တွယ် ပြီး ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေကို မှီခိုရင်၊ သခင့်ရဲ့ သတ်မှတ်ချက်တွေကို ကျွန်မတို့ ဘယ်တော့မှ ပြည့်မီနိုင်မှာမဟုတ်သလို၊ ကောင်းကင်နိုင်ငံထဲကို ဘယ်တော့မှ ကျွန်မတို့ ချီဆောင်ခံရနိုင်မှာ မဟုတ်ပါဘူး။”

အစ်မ၏ စကားများကို ကျွန်မ အချိန်ယူ စဉ်းစားခဲ့ပြီး သူပြောသည့်အရာက များစွာ အဓိပ္ပါယ်ရှိသည်ဟု ခံစားခဲ့ရသည်၊ ထို့ကြောင့် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်ကာ နားထောင်နေမိခဲ့သည်။ အစ်မက ဆက်၍ “ကယ်တင်ခံရခြင်းနဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိခြင်းနဲ့ဆိုင်တဲ့ နက်နဲမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ထုတ်ဖော်ပြနှင့်ပြီးပါပြီ၊ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို တစ်ချက်ကြည့်ပြီး ဒါနဲ့ပတ်သက်လို့ သူ ဘာပြောစရာရှိလဲဆိုတာကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတယ်- ‘ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။...လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)” ဟု ပြောသည်။

ထို့နောက် အစ်မက သူ၏ မိတ်သဟာယကို ဆက်လေသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့ နှုတ်ကပတ်တော်ကနေ၊ ဘုရားသခင် ဆောင်ရွက်တဲ့ အမှုတော်ရဲ့ အဆင့်တိုင်းဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ဆောင်ရွက်တာ ဖြစ်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ ပညတ်တော်ခေတ်အဆုံးမှာ၊ လူက စာတန် အားဖြင့် ပိုပိုပြီး နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီး လာခဲ့ပြီး အပြစ်တွေကို ပိုပိုပြီး လုပ်နေခဲ့ကြ တယ်။ ယေဟောဝါရဲ့ ပညတ်တရားကို လူက ချိုးဖောက်မိခဲ့ပြီး သေတဲ့အထိ ကျောက်ခဲနဲ့ အပေါက်ခံရပြီး ကောင်းကင်က မီးတွေနဲ့ လောင်ကျွမ်းခံရမယ့် အန္တရာယ် ရှိနေခဲ့တယ်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ချစ်ပါတယ်။ အပြစ်နဲ့ပြည့်တဲ့ ခန္ဓာပုံသဏ္ဍာန်ဖြစ်လာဖို့ သူ့ကိုယ်သူ လူ့ဇာတိခံယူခဲ့ပြီး လူကို အပြစ်ကနေ ရွေးနုတ်ဖို့ ကားတိုင်မှာ သံမှိုရိုက်ခံခဲ့တယ်။ ဒါကြောင့်၊ သခင်ယေရှုကို ကျွန်မတို့ ယုံကြည်ကြသရွေ့ ကယ်တင်ခံရမှာဖြစ်ပြီး သခင်က ကျွန်မတို့ရဲ့ အပြစ်တွေကို အောက်မေ့မှာ မဟုတ်ပါဘူး။ ဘုရားသခင်ရှေ့ကို ကျွန်မတို့ တိုက်ရိုက်လာနိုင်ပြီး သူ့ဆီ ဆုတောင်းနိုင်တယ်၊ ပြီးတော့ သူ ပေးသနားတဲ့ ကျေးဇူးတော် အလျှံပယ်ကို နှစ်သက်ခံစားနိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ ရွေးနုတ်ခံရပြီးဖြစ်ပေမယ့်၊ အဲဒါက ကျွန်မတို့ ဟာ အပြစ်မရှိတော့ဘူးလို့ သက်သေမပြပါဘူး။ ကျွန်မတို့ လူသား မျိုးနွယ်တွေဟာ နှစ်ထောင်ပေါင်း များစွာကြာ စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးတာ ခံခဲ့ရပြီး စာတန်ရဲ့ အဆိပ်က ကျွန်မတို့အထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီးဖြစ်တယ်- အဲဒါက ကျွန်မတို့ရဲ့ ဘဝဖြစ်လာပြီးဖြစ်သလို ကျွန်မတို့ရဲ့သဘာဝ ဖြစ်လာ်တယ်။ ကျွန်မတို့ဟာ စိတ်ကြီးဝင်ခြင်းနဲ့ မာနထောင်လွှားမှု၊ လှည့်ဖြားမှုနဲ့ ကောက်ကျစ်မှု၊ တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ လောဘနဲ့ မကောင်းမှုတွေလို ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာကို ခံရကြတယ်။ ကျွန်မတို့ဟာ မကြာခဏ အလိမ်အညာတွေ ပြောနိုင်သေးတယ်၊ လှည့်ဖြားမှုမှာ ပါဝင်ပတ်သက်နိုင်တယ်၊ အပြစ်ပြုနိုင်သေးပြီး ဘုရားသခင်ကို အာခံနိုင်ပါသေးတယ်။ ဒါဟာ မကြာခဏ အပြစ်တွေ ကျုးလွန်ပြီးတဲ့နောက် ဝန်ချတတ်တဲ့ စက်ဝန်းထဲက ကျွန်မတို့ရဲ့ ရှင်သန်မှု အရင်းအမြစ်ဖြစ်တယ်။ ဒါကြောင့် ဖောက်ပြန် ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်အပေါ် အခြေပြုပြီး၊ ကျွန်မတို့ကို သန့်စင်စေဖို့နဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ လူကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ နောက်ဆုံးသော ကာလထဲက အမှုတော်ရဲ့ အဆင့်တစ်ခုကို ဆောင်ရွက်ဖို့ ဘုရားသခင် ကြွလာပြီးပြီဖြစ်တယ်၊ ပြီးတော့ နောက်ဆုံးမှာ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိပြီး စုံလင်ခံရပြီးသူတွေကို သူ့ရဲ့ နိုင်ငံတော်ထဲကို ဘုရားသခင်က ဦးဆောင်ပါ လိမ့်မယ်။ ကျွန်မတို့က အခု ‘တစ်ခါ ကယ်တင်ခံရင် အမြဲကယ်တင်ခံရတယ်’ ဆိုတဲ့ အယူအဆကို ဖက်တွယ်ပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ ငြင်းနေဦးမယ်ဆိုရင်၊ ကျွန်မတို့ရဲ့ အသွေးထဲက စာတန်ရဲ့ အဆိပ်ဟာ လုံးဝ သန့်စင်သွားမှာ မဟုတ်ပါဘူး၊ ဘုရားသခင်ရဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ ဘယ်တော့မှ ရနိုင်မှာမဟုတ်သလို၊ ကောင်းကင်နိုင်ငံတော်ကို ချီမခံရခြင်းက မသက်ဆိုင်တော့ပါဘူး။ ဒီအကျိုးဆက်တွေက အရမ်းကို ဆိုးရွားပါတယ်။ ဒါကြောင့် အခု ဒီနောက်ဆုံးသော ကာလမှာ၊ ကျေးဇူးတော်ခေတ်ကို နောက်ချန်ထားခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခြင်းအားဖြင့်ပဲ လူက လုံးလုံးလျားလျား သန့်စင်ခံရမှာပါ၊ ဘုရားသခင်ရဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိပြီး ကောင်းမွန်တဲ့ ခရီးပန်းတိုင်တစ်ခုကို သွားရမှာဖြစ်ပါတယ်။”

အစ်မ ပေးသည့် မိတ်သဟာယကို ကျွန်မ နားထောင်လျက် ကျွန်မ မိမိဘာသာ တွေးခဲ့သည်- “ဟုတ်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းလက်တွေ့ကျတယ်။ ပြီးခဲ့တဲ့ နှစ်တစ်ချို့အတောအတွင်းမှာ၊ နေ့မှာ ငါ အပြစ်ပြုပြီး၊ အဲဒီနောက် ညမှာ ဝန်ချတဲ့ ဘဝတစ်ခုကို ငါ အမြဲ ရှင်သန်နေခဲ့ရတာပဲ မဟုတ်လား။ ငါ့တို့ရဲ့ သခင့်ကို ယုံကြည်ခြင်းကြောင့် ငါ့တို့ အပြစ်တွေကိုပဲ တကယ်ခွင့်လွှတ်ခံရပေမယ့် ငါတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက တည်ရှိနေတုန်းပဲ။ ငါတို့ အပြစ်ပြုနိုင်တုန်းပဲဖြစ်သလို ဘုရားသခင်ကို အာခံနိုင်တုန်းပဲ။ သခင်က သန့်ရှင်းတယ်၊ ဒါကြောင့် မကြာခဏ အပြစ်ပြုပြီး သူ့ကို အာခံသူတွေက ကောင်းကင်နိုင်ငံတော်ထဲကို ဘယ်လို ချီဆောင်ခံရနိုင်မှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ငါ့စိတ်ကို နှစ်ပေါင်းများစွာ တနင့်တပိုး လေးလံစေခဲ့တဲ့ ဒီကိစ္စရပ်တွေကို ရှင်းသွားစေ ပြီပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ငါတို့အတွက် ရှာဖွေ ရမယ့် သမ္မာတရားတွေ တကယ်ပါရှိတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ဖြစ်နိုင်မလား။ ဒီအရာကို ငါ ကောင်းကောင်း လေ့လာဖို့ တကယ် လိုအပ်တယ်။”

အစ်မကို ကျွန်မ သတိထားနေမှုကို ကျွန်မ တဖြည်းဖြည်း ဖြေလျော့ခဲ့သည်၊ သို့သော် ကျွန်မတို့ ဆွေးနွေးခဲ့ပြီးသည့် ကိစ္စရပ်များကို လေ့လာဖို့အကြောင်း ကျွန်မ စဉ်းစားနေခိုက် တွင်ပင်၊ ကျယ်လောင်ပြီး အရေးတကြီးဖြစ် နေသည့် တံခါးခေါက်သံတစ်ခု တံခါးဆီမှ ရုတ်တရက်ထွက်လာခဲ့လေသည်။ အစ်မဟူက တံခါးကို အပြေးအလွှား သွားဖွင့်ပေးခဲ့ပြီး ကျွန်မ၏ သင်းအုပ်ဆရာက အခန်းထဲ ဒေါနှင့်မောနှင့် ဝင်လာလေသည်။ သူက ကျွန်မကို ကြည့်လိုက်သည်၊ ထို့နောက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေနေခဲ့သည့် အစ်မကို ကြည့်လိုက်ပြီးနောက် အလွန်အံ့သြပြီး ဒေါသထွက်သည့် အသံဖြင့်၊ “မင်း ဒီမှာ ဘာလုပ်နေတာလဲ။ လျှောက်သွားပြီး တစ်စိမ်းတွေရဲ့ တရားဒေသနာတွေကို နားမထောင်ဖို့ ကျုပ်ပြောခဲ့တယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီး မင်းက ဒီကိုပြေးလာပြီး သူတို့ ပြောတာကို နားထောင်နိုင်ရသေးတာလဲ။ ချက်ချင်း အိမ်ကိုပြန်ပါ။ ပြီးရင် သူတို့ပြောတာ ကို နောက်ထပ် နားမထောင်စမ်းနဲ့။ မင်း အလှည့်ဖြားခံရရင်၊ မင်းရဲ့ နောင်တက အရမ်းနောက်ကျသွားလိမ့်မယ်” ဟု ကျွန်မကို ပြောလေသည်။ သင်းအုပ်ဆရာက ကျွန်မကို အပြစ်ဆိုတာ ပြီးသွားသည့်နောက်၊ ထိုအစ်မကို ခြိမ်းခြောက်ဖို့ လှည့်လိုက်သည်။ “ပြီးတော့ မင်းတို့ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ဖြန့်ဝေနေကြတဲ့လူတွေ၊ မင်းတို့က ငါတို့ အသင်းတော်ကို လာပြီး ငါတို့ရဲ့ သိုးစုတွေကို ခိုးတာကလွဲလို့ ဘာမှ မလုပ်ကြဘူး။ ချက်ချင်း ထွက်သွားကြစမ်း။ မင်းတို့ မသွားရင် ငါ သိပ်ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်။” သင်းအုပ်ဆရာက ထိုအစ်မကို ဤသို့ဆက်ဆံ သည်ကို မျက်မြင်ကြုံရခြင်းက ကျွန်မကို အတော်လေး ရွံရှာစက်ဆုပ်မိစေခဲ့သည်၊ ထို့ကြောင့် ကျွန်မက သူ့ကို၊ “ဆရာ၊ ဒီအစ်မမှာ တကယ်ကို ကောင်းတဲ့အရာတစ်ချို့ ပြောစရာရှိတာသက်သက်ပါ။ ပြီးတော့ သူပြောတာက သမ္မာကျမ်းစာတဲ့ ကိုက်ညီတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ဖြစ်တယ်ဆိုတာ တကယ်ကို အတော်လေး ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်မ ခံစားရတယ်။ ဆရာ တစ်ချက်လောက် နားထောင်လိုက် ပါလား၊ ပြီးတော့မှ ကျွန်မတို့ ဆုံးဖြတ်နိုင် ပါတယ်။ ဒါ့အပြင်၊ ကျမ်းစာက၊ ‘ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ ၂အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။’ (ဟေဗြဲသြဝါဒစာ ၁၃: ၁-၃) လို့ ပြောတယ် မဟုတ်လား။ သခင့်ကို ယုံကြည်ကြတဲ့ ကျွန်မတို့တွေက စာနာရိုင်းပင်းမှု နည်းနည်း ပြသင့်ပါတယ်။ လူတွေကို ကျွန်မတို့ ဒီလိုဆက်ဆံလို့မရဘူး။ ဒီအစ်မကို ဒီလို တွန်းထုတ်တာက သခင့်ရဲ့ သွန်သင်မှုနဲ့ ဆန့်ကျင်နေတယ်မဟုတ်လား” ဟု ပြောလိုက် သည်။ ထို့နောက် သင်းအုပ်ဆရာက ကျွန်မကို၊ “မင်း ဘာနားလည်လို့လဲ။ ယေရှုကို ယုံကြည် ကြတဲ့ ကျုပ်တို့တွေက ကယ်တင်ခံရနှင့်ပြီးပြီ။ နောက်တစ်ခါ ကယ်တင်ခံစရာ မလိုတော့ဘူး။ သူတို့က ငါတို့ရဲ့ သိုးတွေကို ခိုးဖို့ ဒီကိုလာ ကြတာ၊ ဒါကြောင့် သူတို့ကို ကျုပ်တို့ လက်မခံ ရဘူး” ဟု အော်ဟစ်လေသည်။ ဤအချိန်တွင် ဧဝံဂေလိတရားကို ဖြန့်ဝေနေခဲ့သည့် အစ်မက ပြုံးလိုက်ပြီး၊ “ကျွန်မတို့အားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းကို စောင့်မျှော်နေကြတာလေ၊ ဒီတော့ ဘာလို့ ကျွန်မတို့ ထိုင်ပြီး မဆွေးနွေး နိုင်ကြတာလဲရှင်။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်မတို့ လွဲချော်သွားရင် အရမ်းကို နောင်တရကြမှာပါ...” ဟု ပြောလေသည်။ အစ်မ စကား ပြီးဆုံးသည်ကို မစောင့်ဘဲ၊ သင်းအုပ်ဆရာက၊ “မင်း တော်လောက်ပြီ။ မင်း ဘယ်လိုပဲ အပြောကောင်းပါစေ၊ ငါ မင်းကို နားထောင်မှာ မဟုတ်ဘူး။ ချက်ချင်း ထွက်သွား” ဟု ပြောရင်း သူ့ကို တွန်းထုတ် လေသည်။ ထိုသို့ပင် သင်းအုပ်ဆရာက ထိုအစ်မ ကို အိမ်အပြင်သို့ နှင်ထုတ်ဖို့ တွန်းသည်၊ ဆွဲသည်၊ ပြီးလျှင် ဆဲဆိုလေသည်။ အစ်မ ထွက်သွားပြီးသည့်နောက်၊ သင်းအုပ်ဆရာက လှည့်ကြည့်ပြီး၊ ကျွန်မကို၊ “အိမ် မြန်မြန် ပြန်လိုက်။ ခုချိန်ကစပြီး မင်းက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းဆီက လူတွေနဲ့ အဆက်အသွယ် လုပ်ခွင့် မရှိတော့ဘူး။ ဆက်သွယ်တယ်ဆိုရင်၊ အသင်းတော်ကနေ မင်း နှင်ထုတ်ခံရမယ်၊ ပြီးတော့ မင်း အဲဒီလိုဖြစ်ရင် ဘုရားသခင်ရဲ့ ချီးမွမ်းတာကို ရရှိဖို့နဲ့ ကောင်းကင်နိုင်ငံတော် ထဲကို ဝင်ရောက်ဖို့ အခွင့်အရေး မင်း ဘယ်တော့မှ ရမှာမဟုတ်ဘူး” ဟု ပြောရင်း ခြိမ်းခြောက်လေသည်။ အစ်မ ဝေငှခဲ့သည် မိတ်သဟာယကို ကျွန်မ ကြားခဲ့နှင့်ပြီး ဖြစ်သောကြောင့်၊ သခင်ယေရှု၏ အမှုတော်က ရွေးနုတ်ခြင်း အမှုတော်ဖြစ်သော်လည်း၊ လူကို သန့်စင်ပေးခြင်း အမှုတော် မဟုတ်ကြောင်းနှင့် သခင်က သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ပြန်လာသည့်အခါမှသာ လူကို သူက လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်လိမ့် မည်ဖြစ်ကြောင်းတို့ကို ကျွန်မ နားလည်ခဲ့သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်း မရှိဘဲ၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲလိမ့်မည် မဟုတ်ပါ၊ ပြီးလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သလို ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် သင်းအုပ်ဆရာ၏ စကားများက ကျွန်မအပေါ် များစွာ အကျိုးသက်ရောက်မှု မရှိခဲ့ပါ၊ ထို့ကြောင့် ကျွန်မ လိုက်လျောရုံသာ လိုက်လျောကာ ဟန်ဆောင်ပန်ဆောင် သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အိမ်ကို ပြန်လာခဲ့သည်။

အိမ်ကို ပြန်လာပြီးနောက်တွင်၊ အစ်မ ပေးခဲ့သည့် မိတ်သဟာယကို ကျွန်မ ဆက်လက် အချိန်ယူစဉ်းစားနေခဲ့ပြီး မိမိဘာသာ တွေးမိ ခဲ့သည်- “အစ်မ ပြောနေခဲ့တာတွေ အားလုံးက ကျမ်းစာနဲ့ ကိုက်ညီတယ်။ ‘တစ်ခါ ကယ်တင်ခံ ရရင် ထာဝရ ကယ်တင်ခံရတယ်’ လို့ ငါ ယုံကြည်ခဲ့တုန်းက ငါ တကယ်ကို အခြေအမြစ် မရှိခဲ့တာပဲ။” သခင့်ကို ယုံကြည်ခဲ့ပြီးသည့် နှစ်များအားလုံးကို ကျွန်မ ပြန်တွေးခဲ့ပြီး ကျွန်မက အပြစ်ကျူးလွန်ပြီးနောက် ဝန်ချသည့် အခြေအနေတစ်ခုထဲတွင် အမြဲ အသက်ရှင်နေ ခဲ့သော်လည်း၊ ဤပြဿနာကို ကျွန်မ လုံးဝ မဖြေရှင်းနိုင်ခဲ့သလို၊ ကျွန်မ ကိုယ်တိုင်ကိုယ်ကျ ဆင်းရဲဒုက္ခများစွာကို ဖြတ်သန်းခဲ့ရသည်ကို ကျွန်မ နားလည်ခဲ့သည်။ ဤသို့ ကျွန်မ ဆက်ယုံ ကြည်သွားမည်ဆိုလျှင်၊ နောက်ဆုံးတွင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ အစ်မ၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက်၊ သခင့်ကို ယုံကြည်သည့်လူများအနေဖြင့် ပြည့်ဝသည့် ကယ်တင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုလျှင်၊ ပြန်ကြွလာသည့် သခင်ယေရှု ဆောင်ရွက်သည့် လူကို တရားစီရင်ပြီး ကယ်တင်သည့် အမှုတော် ကို သူတို့ တကယ်လက်ခံဖို့ လိုအပ်သည်ကို ကျွန်မ ပို၍ပင် သေချာလာခဲ့သည်။ ထို့ကြောင့် ကျွန်မ သိချင်မိခဲ့သည်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရား စီရင်ခြင်း အမှုတော်မှာ အမှန်တကယ် မည်သည့်အရာနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူကို မည်သို့သန့်စင်ပြီး ပြောင်းလဲသနည်း။ ဤအရာများကို ကျွန်မ အချိန်ယူစဉ်းစားနေသည်နှင့်အမျှ၊ ကျမ်းစာကို ကျွန်မ လှန်လှောကြည့်ရှုလိုက်ပြီး သခင်ယေရှုက၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဟု ပြောသည့် ကျမ်းပိုဒ်ကို ကျွန်မ တွေ့ခဲ့သည်။ ဤအရာကိုလည်း ကျမ်းစာထဲတွင် ကျွန်မ ဖတ်ခဲ့ရသည်- “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ဤအရာကို ကျွန်မ ဖတ်မိသည့်အချိန်တွင်၊ အိပ်မက်တစ်ခုမှ နောက်ဆုံးတွင် ကျွန်မ နိုးထသွားခဲ့သကဲ့သို့ ခံစားရသည်။- အမှန်တွင်တော့၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်က ပိုမိုများပြားသော သမ္မာတရားများကို ဖော်ပြလိမ့်မည်ဖြစ်ပြီး အမှုတော်၏ အဆင့်သစ်ကို ဆောင်ရွက်လိမ့်မည်ဟု အချိန်ကြာမြင့်စွာ ကတည်းက သခင်ယေရှုက ပရောဖက်ပြုထား ခဲ့လေသည်။ ဤသည်မှာ လူကို တရားစီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ကျွန်မ တွေးမိသည်။ “အိုး၊ သင်းအုပ်ဆရာကသာ ဒီနေ့ လာပြီး ဒီလို အနှောင့်အယှက် မဖြစ်စေခဲ့ရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်းကို လေးလေးနက်နက် ငါ ဆက်နားထောင်နေနိုင်ခဲ့ဦးမှာ။ အရင်က၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ပြောတာကို ငါ အမြဲနားထောင်ခဲ့တယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို ငါ တစ်ခါမှ မရှာဖွေ၊ မလေ့လာခဲ့ဘူး။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ပြောတာကိုပဲ ငါ လုပ်ခဲ့တယ်။ ဒီနေ့မှပဲ ငါ့နှလုံးသားထဲမှာ သခင့်အတွက် နေရာမရှိခဲ့မှန်း သတိပြုမိတော့တယ်။ သခင့်ရဲ့ ပြန်ကြွလာခြင်းအပေါ် ငါ့ရဲ့ လေ့လာဆန်းစစ်ခြင်းအနေနဲ့၊ သခင့်ရဲ့ အလိုတော်ကို ငါ မရှာဖွေခဲ့ဘဲ၊ အဲဒီအစား သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ စကားတွေကို နားထောင်ခဲ့တယ်။ မိုက်မဲလိုက်တဲ့ ငါပါလား။ သခင့်ကို ယုံကြည်တဲ့ ငါတို့တွေက ကိုယ်တော့်ကို ကြီးမြတ်စေသင့်တယ်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ စပ်လျဉ်းပြီး ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို ငါတို့ တက်တက်ကြွကြွ ရှာဖွေရမယ်၊ ဘာလို့လဲဆိုရင် ဒီနည်းလမ်းနဲ့ပဲ ငါတို့က ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီမှာ ဖြစ်လို့ပဲ။ ဒီနေ့ သင်းအုပ်ဆရာရဲ့ လုပ်ရပ်တွေက တကယ် သခင့်အလိုတော်နဲ့ မညီတာကို ငါ တွေ့ခဲ့တယ်။ သူတို့ ပြောတာကိုပဲ ကျိုးကြောင်းမမြင်ဘဲ ငါ နားထောင်လို့ မဖြစ်တော့ဘူး၊ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လမ်းခရီးကို ရှာဖွေပြီး လေ့လာဆန်းစစ်ရမယ်။”

နောက်နေ့ နံနက်တွင် ပထမဦးဆုံး၊ အစ်မ ဟူ၏ အိမ်သို့ သွားပြီး ကျွန်မ ဆက်လက် မိတ်သဟာယပြုနိုင်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိကို ဖြန့်ဝေခဲ့သည့် အစ်မကို ရှာဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ အလွန် အံ့အားသင့်ဖွယ်ရာပင်၊ တံခါးအပြင်သို့ ကျွန်မ မရောက်ခင်တွင်ပင်၊ အစ်မဟူက ထိုအစ်မကို ကျွန်မအိမ်သို့ ခေါ်လာခဲ့လေသည်။ ဤသည်မှာ သခင်က အမှန်တကယ် လမ်းပြခြင်း ဖြစ်သည်။ မနေ့က သင်းအုပ်ဆရာက ကျွန်မကို နှောင့်ယှက်ခဲ့ခြင်း ရှိ၊ မရှိ သူမက အရင်ဆုံး ကျွန်မကို ပူပန်မှုဖြင့် မေးခဲ့ပြီး၊ ကျွန်မက အလွန်ခိုင်မာစွာဖြင့်၊ “ဟင့်အင်း။ မနေ့က မိတ်သဟာယပြီးတဲ့နောက်၊ ဒီကို ကျွန်မ ပြန်လာခဲ့ပြီး အရာရာကို ကျွန်မ သေချာ အချိန်ယူ စဉ်းစားခဲ့တယ်၊ ပြီးတော့ သခင်ယေရှုကို ယုံကြည်တာနဲ့ပဲ ကျွန်မတို့ တကယ်ကို သန့်စင်မခံရနိုင်တာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝက တည်ရှိနေ တုန်းပဲဖြစ်ပြီး အဲဒါနဲ့ ကျွန်မတို့က ဘုရားသခင်ရဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ကြမှာ မဟုတ်ဘူး။ ဒါ့အပြင်၊ သခင်က သူ့ရဲ့ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ နောက်ဆုံးသော ကာလမှာ ပြန်ကြွလာမယ်လို့ တကယ် ပရောဖက်ပြုတဲ့ ကျမ်းစာထဲက ကျမ်းပိုဒ်တစ်ပိုဒ်ကိုလည်း ကျွန်မ ဖတ်ခဲ့ရတယ်။ ကျွန်မ အခု အသိချင်ဆုံး အရာက၊ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ ဆောင်ရွက်မယ့် တရားစီရင်ခြင်း အမှုတော်က တကယ် ဘာအကြောင်းလဲ ဆိုတာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်က လူကို ဘယ်လို သန့်စင်ပေးပြီး ပြောင်းလဲစေ မှာလဲ ဆိုတာပဲ” ဟု ပြောလိုက်သည်။

အစ်မက ဝမ်းသာအားရစွာဖြင့်၊ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါ တယ်။ ရှင်မေးလိုက်တဲ့ ဒီမေးခွန်းက အရမ်းကို အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ဘုရားသခင်ကို ကျွန်မတို့ရဲ့ ယုံကြည်ခြင်းက ကျွန်မတို့ကို ပြည့်ဝတဲ့ ကယ်တင်ခြင်း ရရှိစေနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်စေနိုင်မလား၊ မဝင်ရောက်စေနိုင်ဘူး လားဆိုတဲ့ အရေးကြီးတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဘာပြောလဲ ဆိုတာကို အရင်ဆုံး ကြည့်လိုက်ရအောင်။ ‘လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာအားလုံးသို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြောဆိုခဲ့သည့် ပြစ်တင်မောင်းမဲသည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၌ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးသည့်နောက်၊ အစ်မက၊ “နောက်ဆုံးသောကာလထဲက တရားစီရင်ခြင်း အမှုတော် ကာလအတွင်းမှာ လူကို ဖော်ထုတ်ဖို့နဲ့ စိတ်ဖြာလေ့လာဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား ရှုထောင့် အများကြီးကို အသုံးပြုတယ်ဆိုတာကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကတဆင့်၊ ကျွန်မတို့ နားလည်ရတယ်။ လူ့ရဲ့ ဖောက်ပြန် ပျက်စီးတဲ့ အနှစ်သာရနဲ့ လူ့ရဲ့ ဖောက်ပြန် ပျက်စီးခြင်း အမှန်တရားကို ထုတ်ဖော်ပြဖို့၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်တဲ့ လူရဲ့ ဆိုးယုတ်တဲ့ သဘာဝကို တရားစီရင်ဖို့၊ ပြီးတော့ ကျွန်မတို့အတွင်းမှာ တည်ရှိတဲ့ ဖောက်ပြန်ပျက်စီးမှုမျိုးစုံကို သန့်ရှင်းစေဖို့ သူက နှုတ်ကပတ်တော်တွေကို အသုံးပြုပါတယ်။ အဲဒီလို ဖောက်ပြန်ပျက်စီးခြင်းနဲ့ဆိုင်တဲ့ သာဓကတွေမှာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ ပတ်သက်ပြီး အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ပြည့်နေတာ၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အယူအဆ တွေကို သမ္မာတရားအဖြစ် မှတ်ယူခြင်းအားဖြင့် ဘုရားသခင်ရဲ့ အမှုတော်ကို အကဲဖြတ်တာ၊ ပြီးတော့ ကျွန်မတို့ ကြိုက်တဲ့ပုံစံနဲ့ ဘုရားသခင်ကို ဝေဖန်တာ၊ ရှုတ်ချတာနဲ့ ဆန့်ကျင်တာတွေ ပါဝင်တယ်။ နောက်ထပ် သာဓကက၊ ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ကောင်း ယုံကြည်နိုင်ပေမယ့်၊ မယုံကြည်သူတွေနဲ့ ကျွန်မတို့ ခြားနားမှု မရှိတာပဲ။ ကျွန်မတို့အားလုံးက ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာကို လိုက်စားကြပြီး အဲဒီအတွက် ဘယ်လိုအဖိုးအခမဆို ပေးဖို့ လိုလားနေကြ ပေမယ့်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ လူတစ်ဦးတစ်ယောက်မှ အသက်မရှင်ကြဘူး။ ပြီးတော့ အမှန်မှာ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်ခြင်းအားဖြင့်ပဲ လူက ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင် မယ်လို့ ဘုရားသခင်က အမှန်တကယ် ပြောတဲ့အချိန်မှာ သခင့်ကို ကျွန်မတို့ ယုံကြည်သရွေ့ ကျွန်မတို့ ကယ်တင်ခံရမယ်၊ သခင် ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော် ထဲကို ကျွန်မတို့ ချီဆောင်ခံရမယ်ဆိုတဲ့ ကျွန်မတို့ရဲ့ ယုံကြည်မှုလို၊ အမှုအရာတွေ အများကြီးအပေါ် ကျွန်မတို့ရဲ့အမြင်ကလည်း ဘုရားသခင်နဲ့ သဟဇာတမဖြစ်ဘူး။ ဒါတွေက ကျွန်မတို့အတွင်းမှာ ကျွန်မတို့ သိုလှောင် သိမ်းဆည်းထားတဲ့ ဖောက်ပြန်ပျက်စီးခြင်း သာဓက အနည်းငယ်ပဲ ဖြစ်တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင် ဆုံးမခြင်းကတဆင့်၊ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ ဒီမှားယွင်းတဲ့ အမြင်တွေနဲ့ တွေးခေါ်မှု နည်းလမ်းတွေ၊ ပြီးတော့ စာတန်ရဲ့ ဘဝ နဂိုမှန်အဆိုတွေဟာ သန့်စင်ခံရပြီး ပြောင်းလဲသွားမှာဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်ကို ကျွန်မတို့ အမှန်တကယ် နာခံလာကြမှာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတဆင့်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက လူ့ရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူးဆိုတာကိုလည်း ကျွန်မတို့ အသိအမှတ်ပြုလာကြတယ်၊ ဘယ်လိုလူမျိုးကို ဘုရားသခင်က ချစ်တယ်၊ ဘယ်လိုလူမျိုးကို ဘုရားသခင် စက်ဆုပ်တယ်ဆိုတာကို ကျွန်မတို့ သိလာကြတယ်၊ လူကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မတို့ နားလည်လာကြတယ်၊ ဘုရားသခင်အပေါ် ကြောက်ရွံ့ကြည်ညိုမှု ရှိလာကြတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ချီးမွမ်းတာကို ရရှိဖို့ သမ္မာတရားကို ဘယ်လိုလိုက်စားပြီး ကျွန်မတို့ရဲ့ တာဝန်တွေကို ဘယ်လို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ရမယ်ဆိုတာ ကျွန်မတို့ သိလာကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံခြင်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်းကတဆင့်၊ သမ္မာတရားများစွာကို ကျွန်မတို့ သိလာကြတယ်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ယုံကြည်ချက်ထားတယ်ဆိုတာ ဘာကိုဆိုလိုတယ်၊ ကယ်တင်ခြင်းကို အမှန်တကယ်ရရှိတယ်ဆိုတာ ဘာကိုဆိုလိုတယ်၊ ဘုရားသခင်ကို နာခံဖို့နဲ့ ချစ်ဖို့ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ဘုရားသခင်ရဲ့အလိုတော်နောက်လိုက်တယ်ဆိုတာ ဘာကိုဆိုလိုတယ်၊ စတာတွေကို ကျွန်မတို့ သိလာကြတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီး တဲ့ စိတ်သဘောထားတွေ အားလုံးက အတိုင်း အတာ အမျိုးမျိုးအထိ ပြောင်းလဲသွားမှာဖြစ်ပြီး၊ ကျွန်မတို့ရဲ့ ဘဝအမြင်တွေနဲ့ တန်ဖိုးတွေလည်း ပြောင်းလဲသွားလိမ့်မယ်။ ဒါက ကျွန်မတို့ အပေါ် ဘုရားသခင် ဆောင်ရွက်တဲ့ တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော် ဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာရဲ့ ကယ်တင်ခြင်းလို့လည်း ရှင်တို့ ပြောလို့ရ ပါတယ်။ ဒါကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ ခရစ်တော်ရဲ့ ပလ္လင်တော်ရှေ့မှောက်မှာ တရားစီရင်ခြင်းကို လက်ခံခြင်းအားဖြင့်ပဲ၊ သမ္မာတရားကို ကျွန်မတို့ ရနိုင်ပြီး၊ အဲဒီနောက်မှပဲ အပြစ်ကနေ ကျွန်မတို့ ထွက်ပြေးလွတ်မြောက်နိုင်တယ်၊ သန့်စင်ခံရပြီး ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိနိုင်တယ်။ ညီမလေး၊ ဒီမိတ်သဟာယကို ညီမလေး နားလည်သဘောပေါက်နိုင်ရဲ့လား” ဟု ပြောရင်း မိတ်သဟာယပြုပေးခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် အစ်မ၏ မိတ်သဟာယမှတဆင့်၊ ဘုရားသခင်၏ အမှုတော်နှင့် အလိုတော်ကို ကျွန်မ နားလည်လာခဲ့သည်။ ကျွန်မ အလွန် အမင်း တို့ထိခံရလျက် ခေါင်းညိမ့် လိုက်ပြီး၊ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားထောင်ရာကတဆင့်၊ နောက်ဆုံးသောကာလမှာ လူကို တရားစီရင်ခြင်း နဲ့ သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော် သမ္မာတရားကို အသုံးပြုတယ် ဆိုတာ ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မရဲ့ အတိတ်က လိုက်စားမှုတွေက အရမ်းကို မရေမရာဖြစ်ပြီး လက်တွေ့မကျလှပါဘူး။ အခု ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော်ကို လက်ခံခြင်းကတဆင့်ပဲ လူက ဘုရားသခင်အားဖြင့် သန့်စင်ခံရနိုင်မယ်၊ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင် မယ်ဆိုတာ ကျွန်မ နားလည်သွားပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ မကြာခင် တစ်နေ့မှာ ပြောင်းလဲသွားဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံဖို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ ကျွန်မ လိုလားနေပါတယ်” ဟု ပြောလိုက်သည်။ ကျွန်မ ဤအရာပြောသည်ကို ကြားပြီးနောက်၊ အစ်မက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ဘုရားသခင်ကို မရပ်မနား ကျေးဇူးတင်လေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက စိတ်ထဲတွင် ကျွန်မ သိုလှောင်သိမ်းဆည်းထားသည့် အယူအဆများမှ ကျွန်မကို လွတ်မြောက်စေခဲ့ပြီး ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ဖို့နှင့် သန့်စင်ခံရဖို့ နည်းလမ်းကို ကျွန်မကို ပြခဲ့သည်။ ပြည့်ဝသော ကယ်တင်ခြင်းကို လိုက်စားရာတွင် ကျွန်မ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့က ယခုတွင် ရှင်းလင်းသွားပြီဟု ကျွန်မ ခံစားခဲ့ရပြီး ကျွန်မ၏ စိတ်ဝိညာဉ်က ကြည်လင်ရွှင်ပြကာ၊ တည်ငြိမ်ပြီး လွတ်မြောက်မှုကို ခံစားရလေသည်။ ပြတင်းပေါက်မှတဆင့် အပြင်သို့ ကျွန်မ ကြည့်စဉ်တွင်၊ ထိုနေ့တွင် ကောင်းကင်က အထူးသဖြင့် မည်မျှ ကြည်လင်ပြီး နေသာသည်ကို ကျွန်မ သတိထားမိသည်။ မြေပေါ် ကျွန်မ ဒူးထောက်လိုက်ပြီး ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်- “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘဝတစ်သက်တာမှာ ကိုယ်တော့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုပြီး ကိုယ်တော့်ရဲ့ ပေါ်ထွန်းခြင်းကို မျက်မြင်ကြုံတွေ့ရလောက်အောင် အခွင့်အလမ်းရဖို့ဆိုတာ အင်မတန်မှ ကောင်းကြီးမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ဖြန့်ခဲ့တဲ့ ကောလာဟလတွေကို ယုံကြည်မိခဲ့ပြီး၊ ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို ဖက်တွယ်မိခဲ့ပြီး ကျွန်မရဲ့ ထာဝရ ကယ်တင်ခြင်းကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့အတွက် ကျွန်မက မိုက်မဲပြီး မသိနားမလည်ပါဘူး။ အို ဘုရားသခင်၊ ကျွန်မက အရမ်းကို မသိနားမလည်သလို ထုံထိုင်းလှပါတယ်။ ကျွန်မ နောင်တရဖို့ လိုလားနေပါတယ်၊ ပြီးတော့ ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ဒီအလွန့်အလွန် ရှားပါးလှတဲ့ အခွင့်အရေးကို ကျွန်မ တန်ဖိုးထားပါတယ်။ ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့ ညီအစ်ကို မောင်နှမတွေကို ကိုယ်တော့်ရဲ့ရှေ့တော်မှောက်ကို ပိုပြီး ခေါ်ဆာင်လာဖို့လည်း ကျွန်မ ဆန္ဒရှိနေပါတယ်။ အာမင်။”

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

ရှီလာ ကင်ညာနိုင်ငံ ကျွန်မက ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် မိသားစုမှာ မွေးတာပါ။ ကျွန်မတို့ဆရာတော်က အမြဲပြောတတ်တယ်။...

သမ္မာကျမ်းစာပြင်ပတွင် ဘုရားသခင်သည် မိန့်မြွက်ချက်များ ပြုလုပ်ခဲ့ပါသလား

ရွှင်ချို စင်္ကာပူနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။