ထူးခြားသော ချစ်ခြင်းမေတ္တာတစ်မျိုး

12.04.2021

ချန်းရှင်၊ ဘရာဇီးလ်နိုင်ငံ

၂၀၁၁ခုနှစ်တွင် အမှတ်မထင်ဖြစ်သည့် အခွင့်အလမ်းတစ်ခုက ကျွန်တော့်ကို တရုတ်ပြည်မှ ဘရာဇီးလ်နိုင်ငံသို့ လာခွင့်ရစေခဲ့သည်။ ကျွန်တော် ရောက်ခါစ အချိန်တွင်၊ ကျွန်တော်က လန်းဆန်းပြီး သစ်လွင်သော အတွေ့အကြုံများဖြင့် လွှမ်းမိုးခံရပြီး၊ သိချင်စိတ် ပြင်းပြခြင်းဖြင့် ပြည့်နှက်ကာ၊ ကျွန်တော့်မှာ အနာဂတ်နှင့် ပတ်သက်ပြီး အဆင်ပြေမည်ဟု မျှော်လင့်ချက်တစ်ခု ရှိခဲ့သည်။ သို့သော် အချိန်အချို့ ကြာပြီးနောက်၊ ဤလန်းဆန်းပြီး သစ်လွန်းသည့် ခံစားချက်က နိုင်ငံရပ်ခြားအဝေးတစ်နေရာတွင် ရောက်ရှိခြင်း၏ အထီးကျန်ခြင်းနှင့် နာကျင်ခြင်းတို့ဖြင့် အမြန် အစားထိုးခံခဲ့ရသည်။ နေ့စဉ်နေ့တိုင်း ကျွန်တော် နေအိမ်သို့ တစ်ယောက်တည်းပြန်ပြီး၊ စကားပြောဖို့ပင် လူတစ်ယောက်မျှ မရှိဘဲ တစ်ရက်ပြီးတစ်ရက် ကျွန်တော့် အနီးတဝိုက်မှ နံရံများကို ငေးလျက် မိမိဘာသာ အစားစားခဲ့သည်။ ကျွန်တော် အလွန်အထီးကျန်သည်ဟု ခံစားခဲ့ရပြီး၊ မကြာခဏ တိတ်တဆိတ် ငိုကြွေးခဲ့သည်။ ကျွန်တော် စိတ်သောကအရောက်ဆုံးနှင့် ခိုကိုးရာ အမဲ့ဆုံး ခံစားနေရသည့်အချိန်တွင်ပင်၊ သခင်ယေရှုက သူငယ်ချင်း တစ်ယောက်အားဖြင့် ဝတ်ပြုစုဝေးပွဲတစ်ခုသို့ ကျွန်တော့်ကို ခေါ်ဆောင် ခဲ့သည်။ သခင့်နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်းနှင့် ဝတ်ပြုစုဝေးပွဲများတွင် ဆုတောင်းခြင်းတို့မှ တစ်ဆင့် ကျွန်တော့် အထီးကျန်သော စိတ်နှလုံးသည် သခင့် နှစ်သိမ့်မှုကို ခံရ လေသည်။ ကောင်းကင်၊မြေကြီး နှင့် အရာအားလုံးတို့ကို ဘုရားသခင် က ဖန်ဆင်းတော်မူခဲ့ကြောင်းနှင့် လူသည်လည်း ဘုရားသခင်၏ ဖန်ဆင်ခြင်းဖြစ်ကြောင်းတို့ကို သမ္မာကျမ်းစာမှ ကျွန်တော် သင်ယူရ သည်။ သခင်ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်ကယ်တင်ခြင်း အတွက် ကားစင်တင်ခံခဲ့ရကြောင်း၊ ကျွန်တော် တို့ကို အပြစ်မှ ရွေးနှုတ်ခဲ့သူမှာ သခင်ယေရှုဖြစ်ကြောင်း နှင့် သူသည် လူသားမျိုးနွယ်၏ တစ်ပါးတည်းသော ရွေးနှုတ်သူ ဖြစ်ကြောင်းတို့ ကိုလည်း ကျွန်တော် သင်ယူခဲ့ရသည်။ အရာအားလုံးထက် ကြီးမြတ်လှသည့် သခင့် ကယ်တင်ခြင်း၏ မျက်မှောက်တော်ထဲသို့ လာရောက်လျက်၊ ကျွန်တော် က အလွန်အမင်း တို့ထိခံရပြီး၊ ကျွန်တော့် ဘဝ၏ ကျန်သည့် အချိန်များတွင် သခင့်နောက်ကို လိုက်ဖို့ သန္နိဌာန်ချမှတ် ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ကျေးဇူးတော် ချီးမွမ်းသည့်နေ့တွင် ဗိတ္တိဇံခံယူခဲ့ပြီး၊ ခရစ်ယာန်တစ်ယောက် တရားဝင် ဖြစ်လာခဲ့သည်။ ကျွန်တော်က သီချင်းဆိုရသည်ကို ကြိုက်ကာ၊ အထူးသဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများကို သီဆိုခြင်းကို နှစ်သက်သောကြောင့်၊ ကျွန်တော် ဗိတ္တိဇံခံယူအပြီးနောက်၊ ဓမ္မတေး သံစုံကျူးအဖွဲ့ကို ပူးပေါင်းခြင်းဖြင့် အသင်းတော်အတွက် အလုပ်လုပ်ရာ တွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းကြီးမင်္ဂလာတို့ကြောင့်၊ ကျွန်တော် အေးအေးချမ်းချမ်းနှင့် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်ခဲ့သည်။ ကျွန်တော် ဝတ်ပြုစုဝေးပွဲတစ်ခုသို့ သွားရောက်တိုင်း သို့မဟုတ် ဝတ်ပြုကိုးကွယ်ခြင်းတွင် ဘုရားသခင်ကို ချီးမွမ်းတိုင်း၊ အင်အားဖြင့် ပြည့်ဝသည်ဟု ခံစားရသည်။

သို့သော်လည်း အချိန်ကောင်းများသည် ထာဝရမတည်မြဲဘဲ၊ အသင်းတော်၏ အမှုတော် ရာထူးများကို ကျွန်တော် ဝင်ရောက်သည့် အခိုက်တွင်၊ အသင်းတော်မှ ညီအစ်ကိုမောင်နှမများသည် အပေါ်ယံတွင် အချင်းချင်း ဂရုစိုက်ပြီး၊ စောင့်ရှောက်သည့် အသွင်ပေါက်ကာ၊ သူတို့ အားလုံး သင့်မြတ်ကြသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာမူ သူတို့ ပြောသမျှနှင့် လုပ်သမျှအရာအားလုံးသည် သူတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း ကျွန်တော် တဖြည်းဖြည်းချင်း သိမြင်လာခဲ့သည်။ သူတို့က အသင်းတော်၏ အမှုတော်တွင် အလုပ်လုပ် နေစဉ် ကိုယ်ရေးကိုယ်တာ ဆုံးရှုံးမှုတစ်စုံတစ်ရာ မခံစားလိုကြဘဲ၊ မကြာခဏဆိုသကဲ့သို့ မည်သူက ပိုအလုပ်လုပ်နေပြီး၊ မည်သူက အလုပ် လုပ်သည်မှာ ပိုနည်းကြောင်း အချင်းချင်း၏ နောက်ကွယ်တွင် အတင်း အဖျင်းပြောဆိုကြလေသည်။ သင်းအုပ်ဆရာကပင် အလွန်အမင်း မျက်နှာကြီးရာ ဟင်းဖတ်ပါလေသည်။ သူက လူများကို သူတို့ အလှူငွေ ပမာဏအပေါ် အခြေခံကာ ဆက်ဆံပြီး၊ ဒေသနာတစ်ခု ဟောကြားတိုင်း အလှူငွေများကို အထူးဖော်ပြပြောဆိုခဲ့သည်။ သင်းအုပ်ဆရာက ဝတ်ပြုစုဝေးပွဲတစ်ခုသို့ လာရောက်တိုင်း၊ အလေးအထားဆုံးကိစ္စမှာ လူများက အလှူငွေ ပေးမပေးနှင့် သူတို့မည်မျှပေးသည်ဆိုသည့် အရာဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်တာများအကြောင်း သူ တစ်ခုမျှ မကြားလိုခဲ့ပါ။ သူက ချစ်ခြင်းမေတ္တာအကြောင်း ပြောသော်လည်း လက်တွေ့လုပ်ဆောင်ချက် တစ်ခုတစ်လေလုပ်သည် ကို ကျွန်တော် တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ အစ်ကိုတစ်ယောက် သို့မဟုတ် အစ်မတစ်ယောက်က အခက်အခဲ ရှိတိုင်း၊ သင်းအုပ်ဆရာက သူတို့ကို မကူညီ သို့မဟုတ် မထောက်ပံ့ပါ။ သို့သော်လည်း ပို၍ပင် လက်ခံနိုင်ဖွယ် မရှိသည့်အရာမှာ သူက လူများကို ဝေဖန်နေသေးပြီး၊ ထိုအာဏာမရှိ၊ ခြူးတစ်ပြားမှမရှိသော ညီအစ်ကိုမောင်နှမများကို အထင်သေးခြင်းဖြစ်သည်။ ဤအခြေအနေ ကို အသင်းတော်ထဲတွင် ကျွန်တော် မြင်ရသည့်အခါ၊ ကျွန်တော်က စိတ်ပျကမိသည်သာမက၊ စိတ်လည်းရှုပ်ထွေးခဲ့သည်။ အသင်းတော် သည် အများစုအနေဖြင့် လူ့အဖွဲ့အစည်းထက် မခြားနားဘဲဖြစ် လာအောင် မည်ကဲ့သို့ ပြောင်းလဲ ခဲ့ရပါသနည်း။ ဖြည်းဖြည်းချင်းဖြင့်၊ ကျွန်တော် အစတွင် ရှိခဲ့သည့် ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုတို့ ပျောက်ဆုံးခဲ့ရပြီး၊ တနင်္ဂနွေနေ့များ တွင် အသင်းတော်သို့ ကျွန်တော် သွားသည့်အခါတွင် နောက်ထပ် အလွန်တက်ကြွစွာ မပါဝင်တော့ပါ။ ကျွန်တော် သီချင်းပင် မဆိုချင်တော့ပါ။ သီတင်းပတ်တိုင်း အသင်းတော်သို့ ကျွန်တော် သွားသည့်အခါတွင်၊ ကျွန်တော်က အပြင် တွင်ရပ်ကာ ကော်ဖီ သောက်သည် သို့မဟုတ် ခုံတန်းရှည်များတွင် တစ်ခဏမှေးစက် လေသည်။ ဒေသနာပြီးဆုံးသည့်အချိန်တွင်၊ ကျွန်တော် က အလှူငွေ လွှဲအပ်ပြီး၊ ထွက်လာခဲ့သည်၊ ပြီးလျှင် ကျွန်တော့် စိတ်နှလုံးထဲတွင် ပူဆွေးမှုနှင့် ခိုကိုးရာမဲ့ခြင်း ခံစားချက်တစ်ခုဖြင့် ကျွန်တော် အမြဲတမ်း ထွက်လာရလေသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ တနင်္ဂနွေတစ်ရက်တွင် ကျွန်တော် အစ်မလီမင်ကို ပန်းခြံတစ်ခုတွင် တွေ့ခဲ့သည်။ သူမက အမေရိကမှ လာပြီး၊ အစ်မ ဂေါက်ရှောင်ရင်း နှင့် အစ်မ လျူဖန်းတို့၏ အတန်းဖော် ဖြစ်ခဲ့သည်။ ကျွန်တော်တို့အားလုံး သခင့်ကို ယုံကြည်ကြပြီး၊ မြက်ခင်း ပေါ်တွင် ထိုင်စဉ် စကားပြောခွင့်ရခဲ့သည်။ ကျွန်တော်တို့ စကားပြော ပြီးရင်း ပြောရင်းဖြင့် အသင်းတော်ရှိ အခြေအနေနှင့် ပတ်သက်သည့် အကြောင်းအရာကို ပြောဖြစ်ခဲ့ကြပြီး၊ အသင်းတော်တွင် ကျွန်တော် မြင်ခဲ့ပြီးသမျှ အရာအားလုံးကို သူတို့ကို ကျွန်တော်ပြောပြခဲ့သည်။ ကျွန်တော် စကားပြောပြီးသည့်နောက်၊ အစ်မ လီမင်းက လေးလေး နက်နက် ခေါင်းညိတ်ပြီး၊ “ခုခေတ်မှာ အစ်ကို့အသင်းတော်ပဲ ဒီလိုဖြစ် လာတာ မဟုတ်ဘဲ၊ ဘာသာရေးလောကတစ်ခုလုံးက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ဆုံးရှုံးခဲ့ကြပြီး၊ အမှောင်နဲ့ တိတ်ဆိတ် ခြောက်ကပ်မှုထဲကို ကျရောက်ကြပါပြီ။ သခင်ယေရှုက တစ်ချိန်က- “မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၁၂) လို့ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က အခု နောက်ဆုံးသောကာလ အဆုံးသတ်ကို ရောက်နေပြီး၊ တရားကင်းမဲ့ခြင်းက ဘာသာရေးမှာ အရင်ကထက် ပိုပိုပြီး အောတိုက်နေတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့် ပညတ်တော်တွေကို မလိုက်နာဘူး၊ သူတို့က သခင့်လမ်းခရီးကို လက်တွေ့မလုပ်ဆောင်ဘူး၊ ပြီးတော့ သူတို့က အဲဒီလို အပြစ်မှာ အသက်ရှင်တာက ပြဿနာမရှိဘူးလို့ ထင်ကြတယ်။ အသင်းတော်ရဲ့ ကြီးပွားတိုးတက်ခြင်းက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကြောင့် ရရှိတဲ့ ရလဒ်ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးသိ ကြတယ်။ လက်ရှိမှာ ဘုရားသခင်က အမှုတော်အသစ်ကို အစပြုနှင့် ပြီဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်က ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို လက်ခံပြီး၊ နာခံတဲ့ လူတစ်အုပ်ဆီကို ကူးပြောင်း သွားပြီဖြစ်တယ်။ ဘာသာတရားထဲက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ယုံကြည်သူတွေကို ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ရှာဖွေဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ ဦးမဆောင်ဘဲ၊ အဲဒီအစား လူတွေက ဘုရားသခင်ဆီကို လှည့်သွားကြတာကို တားဆီး ဖို့ ကောလာဟလတွေနဲ့ အတွေးမှားတွေ မျိုးစုံကို ဖြန့်ဖြူးခြင်းနဲ့ ဘုရားသခင်ရဲ့ အမှုတော်သစ်ကို အာခံပြီး၊ ပြစ်တင်ရှုချနေကြတယ်လေ။ သူတို့က ဘုရားသခင်ရဲ့ အမုန်းတရားနဲ့ ငြင်းပယ်ခြင်းတို့ကို ကြုံရလို့၊ ဘာသာရေးလောကတစ်ခုလုံးက ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ မရှိဘူး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကိုလည်း လုံးလုံး ဆုံးရှုံးရပြီး၊ သခင့်ရဲ့ ဖယ်ရှားခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းကို ခံကြရတယ်။ ဒါ့ကြောင့် အသင်းတော်က ပိုပိုပြီး ယိုယွင်းပျက်စီးလာပြီး မှောင်မိုက်လာတယ်။ အဲဒါဟာ သခင်ယေရှုက သူ့အမှုကိုပြုဖို့ လူ့ဇာတိခံတဲ့ အချိန်ကအတိုင်းပါပဲ။ သခင်ယေရှုရဲ့ အမှုတော်က ကျေးဇူးတော်ခေတ်ကို စတင်ခဲ့ပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ် ခဲ့တယ်။ သခင်ယေရှုနောက်ကိုလိုက်တဲ့ လူတွေက ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို လက်ခံပြီး၊ နာခံခဲ့တဲ့အတွက်၊ အဲဒီနောက်မှာ သူတို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ရရှိခဲ့တယ်၊ သခင်ယေရှုကို လက်မခံဘဲ၊ ဗိမာန်တော်ထဲမှာ ကျန်ခဲ့တဲ့ သူတွေကြားမှာ သန့်ရှင်းသော ဝိညာဉ်တော်က အမှုမပြုတော့ဘူး။ ဒါ့ကြောင့် တစ်ချိန်က ဘုရားသခင် ရဲ့ ဘုန်းအသရေနဲ့ပြည့်ခဲ့ပြီး၊ ယုံကြည်သူတွေက ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ခဲ့တဲ့နေရာဖြစ်တဲ့ ဗိမာန်တော်ဟာ စီးပွားရေးလုပ်ငန်း လုပ်ဖို့ နေရာတစ်ခုနဲ့ ဓားပြတွင်းတစ်ခုဖြစ်လာတယ်လေ။ တနည်းပြောရရင် တော့ အသင်းတော်ရဲ့ ယိုယွင်းပျက်စီးခြင်းအတွက် အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမက သင်းအုပ်ဆရာကြီးတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ရဲ့ ပညတ်တော်တွေကို လိုက်နာစောင့်ထိန်းမှု မရှိသလို၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုလည်း လက်တွေ့မလုပ်ဆောင်လို့ ဖြစ်ပြီး သူတို့က အပြစ်ကို အဆက်မပြတ်ကျူးလွန်ပြီး၊ မကောင်းမှုပြုကြ လို့ဖြစ်တယ်။ ဒုတိယအကြောင်းအရင်းကတော့ ဘုရားသခင်က အမှုတော်အသစ်ကို ပြုနေလို့၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်က ကူးပြောင်းသွားလို့၊ ပြီးတော့ လူတွေက ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို အမီလိုက်မနေလို့ ဖြစ်တယ်။ ဒါပေမဲ့ အသင်းတော်ရဲ့ ယိုယွင်းပျက်စီးခြင်းနောက်မှာ ဘုရားသခင်ရဲ့ အလိုတော်ရှိပြီး၊ ဒီမှာ ရှာဖွေဖို့ သမ္မာတရားတစ်ခု ရှိနေတယ်။ အသင်းတော် ယိုယွင်း ပျက်စီးခြင်းကနေတစ်ဆင့် ဘုရားသခင်က သူ့ကို စိတ်နှလုံး အစစ်အမှန် နဲ့ ယုံကြည်ပြီး၊ သမ္မာတရားအတွက် ငတ်မွတ်တဲ့ သူတွေအားလုံးကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ရှာဖွေနိုင်ဖို့၊ ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို အမီလိုက်နိုင်ဖို့၊ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲကို ဝင်ရောက်နိုင်ဖို့၊ ဘုရားသခင်ရဲ့ လက်ရှိ အမှုတော်နဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အတွက် ဘာသာရေးကို နောက်မှာချန်ထားခဲ့ဖို့ လှုံ့ဆော်တယ်” ဟု ပြောခဲ့သည်။

အစ်မလီ၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီးသည့်နောက် တွင်၊ ကျွန်တော်က ခေါင်းညိတ်ပြီး၊ “အစ်မပြောတာ မှန်တယ်။ အဲဒါဟာ သေချာပေါက် အစ်မပြောတဲ့အတိုင်းပါပဲ။ ဒီပြဿနာကို ကျွန်တော် ဘယ်တုန်းကမျှ နားမလည်နိုင်ခဲ့ဘူး။ အသင်းတော်ဟာ နဂိုမူလက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ နေရာတစ်ခုဖြစ်ပေမဲ့ အသင်းတော် နဲ့ လူ့အဖွဲ့အစည်းကြားမှာ အများစုအနေနဲ့ ကွာခြားမှု နောက်ထပ် မရှိတော့ဘူး။ အဲဒီအပြင် သင်းအုပ်ဆရာတွေ တရားဟောရာမှာလည်း အလင်းအသစ်မရှိသလို၊ သူတို့ကို နားထောင်ရာမှာလည်း နှစ်သက် ခံစားမှုတစ်ခုမှ မရှိဘူး၊ ပြီးတော့ လူတွေအားလုံးဟာ အခု အမှောင် ထဲမှာ အသက်ရှင်နေကြတယ်။ အမှန်မှာတော့၊ အဲဒါဟာ ကျွန်တော်တို့ က ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို မီအောင်မလိုက်လို့ဖြစ်တယ်၊ ဒါ့ကြောင့် ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို မီအောင်လိုက်ဖို့ အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ” ဟု ပြောလိုက်သည်။ အစ်မလီက “သခင်ယေရှုက ပြန်ကြွလာခဲ့တာ ကြာခဲ့ပြီ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမတော်အောက်မှာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူသားမျိုးနွယ်ကို စီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် အဆင့်ကို ပြုဖို့အတွက် လူသားအဖြစ် လူ့ဇာတိခံယူပြီးပါပြီ။ ကျွန်မတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ အမီ လိုက်ပြီး၊ ဘုရားနှုတ်ကပတ်တော်ရဲ့ စီရင်ခြင်းကို လက်ခံရမယ်။ အဲဒါမှသာလျှင် ကျွန်မတို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ရရှိနိုင်မယ်” ဟု ပြောခဲ့သည်။ ကျွန်တော်က သခင်ယေရှု ပြန်ကြွ လာပြီး ဖြစ်ပြီး၊ တရားစီရင်ခြင်းအမှုပြုနေသည်ကို ကြားရသည့်အချိန် တွင် အံ့အားသင့်ခဲ့ရသည်။ ကျွန်တော်က “လူတစ်ယောက်ကို အပြစ်သား အဖြစ် ကြေညာပြီးနောက်မှာ အပြစ်ဒဏ်ပေးတာက တရားစီရင်ခြင်း မဟုတ်ဘူးလား။ ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ ကို တရားစီရင်ဖို့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာပြီး၊ သခင်ယေရှုကို ယုံကြည်တဲ့သူတွေဖြစ်တဲ့ ကျွန်တော်တို့က အပြစ်တွေကနေ ​ဖြေလွှတ် ခံရပြီး၊ ကယ်တင်ခြင်းနဲ့ ကျေးဇူးပြုခံရကြပြီပဲလေ။ သခင်ကြွလာ တဲ့အခါ သူက ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ကို တိုက်ရိုက် ချီမမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်း ကို လက်ခံဖို့မလိုပါဘူး။ ကိုယ်တော်က ကျွန်တော်တို့ကို ဘာလို့လာပြီး စီရင်နိုင်ရက်တာလဲ” ဟု တွေးခဲ့သည်။ ထိုအတွေးဖြင့်၊ ကျွန်တော့် ထင်မြင်ယူဆချက်ကို ဖွင့်ဟပြောခဲ့သည်၊ ထိုအချိန်တွင် အစ်မလျူဖန်း က “အစ်ကို၊ ကျွန်မက အစ်မဂေါက်နဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သီတင်းတစ်ပတ်ကြာ စုံစမ်း လေ့လာပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ စကားကို ဖတ်ရှုခြင်း အားဖြင့် အဲဒါဟာ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တာကို ကျွန်မတို့ သတိပြုမိခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ့်ကို ပြန်ကြွ လာတဲ့ သခင်ယေရှု ဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ကြည့်လိုက်ပါ၊ ပြီးရင် အစ်ကိုနားလည် လာလိမ့်မယ်။ သခင်ယေရှုက တရားစီရင်ခြင်း အမှုကိုပြုဖို့ ပြန်ကြွ လာတဲ့ အကြောင်းအရင်းကတော့၊ သခင့်ကို ယုံကြည်သူတွေဖြစ်တဲ့ ကျွန်မတို့က ကျွန်မတို့အပြစ်တွေကနေ ခွင့်လွှတ် ခံရပြီးဖြစ်ပေမဲ့၊ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် မလွတ်မြောက် စေနိုင်တဲ့ အပြစ်မှာ အမြဲတမ်း အသက်ရှင်နေဆဲဖြစ်တယ်။ ကျွန်မတို့က အပြစ်ရဲ့ ချည်နှောင်မှုနဲ့ ထိန်းချုပ်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် လုပ်နိုင်စွမ်းမရှိဘဲ၊ ကျွန်မတို့ကို စီရင်ဖို့နဲ့ သန့်စင်ဖို့၊ ပြီးတော့ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝနဲ့ ဆိုးယုတ်ပြီး ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားဖို့တို့အတွက် ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့ ကျွန်မတို့ အမှန်တကယ် လိုအပ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်က သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ပိုသစ်ပြီး၊ ပိုမြင့်မားတဲ့ အမှုတော်တစ်ခုဖြစ်တယ်။ အဲဒီအမှုတော်က နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကနေတစ်ဆင့် လူကို လုံးလုံး သန့်စင်ပြီး ကယ်တင် တယ်၊ ပြီးတော့ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုဆီကို လူတွေကို ဦးဆောင်ပေးတယ်” ဟု ပြောခဲ့သည်။ ထို့နောက်ပိုင်းတွင် သူတို့က ကျွန်တော်နှင့် ပို၍များပြားသော သမ္မာတရားများအကြောင်း စိတ်ရှည်စွာ မိတ်သဟာယပြုခဲ့ကြသည်။ သို့သော်လည်း သူတို့မည်သည့် အရာကို ပြောပါစေ၊ သခင်က သူ့ကို ယုံကြည်သူများအား တရားစီရင်ရန် ပြန်ကြွလာခဲ့ပြီဖြစ်သည်ကို ကျွန်တော် လက်မခံနိုင်ခဲ့ပါ။ ဤအတွင်း ကျကျ ပဋိပက္ခကို ကျွန်တော် ကိုင်တွယ်ဖြေရှင်းနေစဉ်၊ တွေဝေနေသည် ဟုလည်း ခံစားခဲ့ရသည်။ အစ်မဂေါက် နှင့် အစ်မလျူတို့က ဘာသာ တရား အလွန်ကိုင်းရှိုင်းသော ယုံကြည်သူများဖြစ်ပြီး၊ လူတိုင်းက သခင့်အတွက် သူတို့၏ ယုံကြည်မှုနှင့် ချစ်ခြင်းတို့ကို အသိအမှတ်ပြုကြ လေသည်၊ ထို့ကြောင့် သခင်ယေရှုကို ယုံကြည်သူများအား စီရင်ရန် ကိုယ်တော် ပြန်ကြွလာနေကြောင်းနှင့် ကိုယ်တော်က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်သို့ တိုက်ရိုက် ချီမမည်မဟုတ်ကြောင်းတို့ကို သူတို့ မည်သို့ယုံကြည်နိုင်ရပါသနည်း။ ဤအရေးကိစ္စတွင် ကျွန်တော် မသိလိုက်သည့် နက်နဲမှု သို့မဟုတ် သမ္မာတရားတစ်ချို့များ ရှိနေနိုင် ပါသလား။

ကျွန်တော် တွေးနေသည့်အခိုက်တွင်၊ အစ်မလီမင်းက စာအုပ် တစ်အုပ်ကို ထုတ်ပြီး၊ ကျွန်တော့်ကို “အစ်ကို၊ သခင်ယေရှုက- ‘စိတ်နှလုံး နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) လို့ပြောခဲ့တယ်။ ဘာအချက်အလက်မှ လုံလုံ လောက်လောက် မသိဘဲ လက်လွတ်စပယ် ကောက်ချက်မချလိုက်ပါနဲ့၊ ဟုတ်ပြီလား။ ပထမဆုံး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ ဘုရားသခင်ရဲ့ အသံတော် ဟုတ်မဟုတ် ဆိုတာရယ်၊ အဲဒီ နှုတ်ကပတ်တော်ဟာ ကျွန်မတို့ အသက်တာတွေအတွက် ထောက်ပံ့ပေးနိုင်တယ် မပေးနိုင်ဘူး ဆိုတာရယ်၊ ပြီးတော့ ကျွန်မတို့ကို သန့်စင်ပြီး ကယ်တင်နိုင်တယ် မကယ်တင်နိုင်ဘူး ဆိုတာတွေကို ကြည့်ကြရအောင်၊ အဲဒီနောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ် မဟုတ်ဆိုတာကို ကျွန်မတို့ သိလိမ့်မယ်။ ဘုရားသခင်ရဲ့ သိုးက ဘုရားသခင်ရဲ့ အသံတော်ကို ကြားလိမ့်မယ်လို့ ကျွန်မက ယုံကြည် တယ်၊ ဒါ့ကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အတူဖတ်ကြ ရအောင်” ဟု အလေးအနက် ပြောခဲ့သည်။ ကျွန်တော်က အနည်းငယ် အင်တင်တင် ဖြစ်နေပြီး၊ သူမကို မဖြေခဲ့ပါ။ အစ်မ သုံးယောက်က ကျွန်တော့် သဘောထားကိုတွေ့ပြီး အနည်းငယ် ဝမ်းနည်းသွားကြ သည်။ အစ်မလျူက ရုတ်တရက် “ပထမဆုံး ဆုတောင်းပြီး၊ နောက်တော့မှ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ကြရအောင်” ဟု အကြံပေးခဲ့သည်။ ထို့နောက် အစ်မသုံးယောက်က စတင်ဆုတောင်း ကြပြီး၊ ကျွန်တော့်မှာ သူတို့နှင့်အတူလိုက် ဆုတောင်းဖို့ကလွဲပြီး၊ ရွေးချယ်စရာမရှိခဲ့ပါ။ သို့ဖြစ်စေကာမူ ကျွန်တော် ဆုတောင်းနေရင်း ကျွန်တော့်စိတ်နှလုံးကို ဆိတ်ငြိမ်ဖို့ အနိုင်နိုင် လုပ်ခဲ့ရသည်။ အစ်မများက မည်သည့်အရာကို ဆုတောင်းနေသည်ကို ကျွန်တော် မကြားနိုင်သော်လည်း၊ သူတို့ဘာသာ ပြုမူပုံများအားဖြင့် ကျွန်တော် တို့ထိခံခဲ့ရသည်။ ဘုရားသခင်အပေါ် သူတို့၏ စိတ်နေသဘောထား များက အလွန်ရိုးသားပြီး၊ သူတို့က အရာအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကြသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် စုံစမ်းစစ်ဆေးလိမ့်မည်ဟု သူတို့က မျှော်လင့် ခဲ့ပြီး၊ ဤမျှော်လင့်ချက်ကလည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဆုတောင်းပြီးနောက် အစ်မလီက ကျွန်တော့်ကို စာအုပ်တစ်အုပ် လှမ်းပေးပြီး၊ ကျွန်တော့်ကို “ဒီ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ စာအုပ်မှာပါတဲ့ မေးခွန်းအများစုက ဂိုဏ်းဂဏတွေ အားလုံးရဲ့ လူတွေအကြားမှာ မေးကြတယ်။ မေးခွန်း တစ်ခုချင်းစီကို ဖြေဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ သက်ဆိုင်တဲ့ ကျမ်းပိုဒ်တွေကို ရွေးချယ်ထားတယ်။ လုပ်ပါ၊ တစ်ချက်လောက် ဖတ်ကြည့်လိုက်” ဟု အလေးအနက်ပြောခဲ့သည်။ ကျွန်တော်က စာအုပ်ကို မယူချင်သော် လည်း သူမက မည်မျှ ရိုးသားစွာ စကားပြော သည်ကိုမြင်သည့်အတွက်၊ ကျွန်တော်က အစ်မဂေါက်နှင့် အစ်မလျူ တို့ကို ထပ်ကြည့်ပြီး၊ သူတို့က ကျွန်တော့်ကို ဤအရာအား မည်မျှ စုံစမ်းစစ်ဆေးပြီး၊ ရှာဖွေစေလို သည်ကို မြင်ခဲ့ရသည်။ သခင့်ပြန်ကြွ လာခြင်းကို ကြိုဆိုရန်သည် မည်မျှ အရေးကြီးသည့် ကိစ္စ တစ်ခုဖြစ်ကြောင်းနှင့် ကျွန်တော်က ဂရုမစိုက်စွာ သဘောမထားသင့် ကြောင်းတို့ကို ကျွန်တော်တွေးမိခဲ့သည်။ ထို့နောက် ကျွန်တော်က စာအုပ်ကို လက်ခံလိုက်ပြီး၊ “ကောင်းပြီလေ၊ ကျွန်တော် ဒီစာအုပ်ကို လက်ခံချင်ပါတယ်။ ဒီနေ့တော့ အဲဒီအကြောင်း နောက်ထပ် မပြောဘဲနေကြရအောင်။ ကျွန်တော် အဲဒီစာအုပ်ကို ပထမဖတ်မယ်၊ အဲဒီနောက်မှ နည်းနည်းထပ်ပြောကြတာပေါ့” ဟု ပြောခဲ့သည်။

ကျွန်တော် အိမ်ပြန်ရောက်ပြီးနောက်၊ စာအုပ်ကို တစ်ဖက်သို့ ချထားခဲ့သည်- ကျွန်တော့်စိတ်က ခလောက်ဆန်နေခဲ့သည်။ အစ်မ လီမင်း မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာကို ကျွန်တော် စဉ်းစား ပြီး၊ ယင်းက ကျွန်တော့်အတွက် အားလုံးရှင်းလင်းပြီး၊ ပွင့်လင်း မြင်သာ ခဲ့သည်။ သူမ ပြောသွားသမျှ အရာအားလုံးက မှန်ကန် သော်လည်း၊ ကျွန်တော် နားမလည်နိုင်သည့်အရာမှာ သခင်က သူ့ပြန် ကြွလာ ခြင်းတွင် တရားစီရင်ခြင်းအမှုတော်ကို ပြုရမည့်အကြောင်းအရင်းဖြစ် သည်။ ၎င်းကို ကျွန်တော် သေချာစွာ ချင့်ချိန်စဉ်းစား သော်လည်း နားမလည်သေးပါ။ သို့သော် သခင့်၏ ဒုတိယအကြိမ် ပြန်ကြွလာခြင်း အရေးကိစ္စအတွက်မူ၊ ကျွန်တော်က ယခုမှ ကြားသိရ သည့်အတွက်၊ ၎င်းနှင့် ပတ်သက်ပြီး၊ ကျိုးကြောင်းမမြင်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ကျွန်တော်မချမှတ်နိုင်သလို၊ ထိုင်ပြီး မိမိကံကြမ္မာ ကိုသာ ကြိတ်မှိတ် လက်ခံထားလို့မရပါ။ ထိုစာအုပ်ကို ဖတ်ကြည့်ပြီး၊ ထိုးထွင်းသိမြင်မှု တစ်ချို့ ဖြစ်ပေါ်သည်မှာ အကြံဉာဏ်ကောင်းတစ်ခု ဖြစ်မည်ဟု ကျွန်တော်တွေးမိသည်။ ထို့ကြောင့် ခြောက်ရက်ကြာ ထိုစာအုပ်ကို အစမှအဆုံး တစ်အုပ်လုံးကို ဖတ်ရှုခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်တော် ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများစွာ နှင့် နက်နဲမှုများတို့ကို ထုတ်ဖော် ပြောခဲ့သည်ကို ကျွန်တော်တွေ့ရပြီး၊ ၎င်းတို့ကို ဖတ်ရှုခြင်းအားဖြင့် ကျွန်တော် အလွန်အားတက်ခဲ့သည်။ ထို့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုသည့် အချိန်တွင်၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များကဲ့သို့ တူညီသော သဘော လက္ခဏာဖြင့် ပြောထားသည့် အရာများစွာရှိသည်ဟု ကျွန်တော် ခံစားခဲ့ရသည်။ နှုတ်ကပတ်တော်များသည် သြဇာအာဏာ နှင့် တန်ခိုးတို့ကို ပိုင်ဆိုင်သည်မှာ ဘုရားသခင် ကိုယ်တော်တိုင်က စကားပြောနေသည့်အလား ဖြစ်သည်။ ထို့ကြောင့် ထိုစာအုပ်ကို ကျွန်တော် ဖတ်ရှုပြီးနောက်တွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပြုတော် မူခဲ့သည့် တရားစီရင်ခြင်းအမှုတော်၏ အကြောင်းကို ပိုမို ကောင်းမွန်စွာ နားလည် လိုခဲ့ပြီး၊ ၎င်းနှင့် ပတ်သက်ပြီး အစ်မဂေါက်ကို သွားရှာပြီး မေးဖို့ ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် ကျွန်တော် အစ်မဂေါက်အိမ်သို့ သွားပြီး၊ သူမ၏ သူငယ်ချင်းတစ်ချို့ကိုပါ တွေ့ဖြစ်လေသည်။ သူတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြပြီးဖြစ်ကာ၊ ဝတ်ပြုစုဝေးပွဲတစ်ခုပြုလုပ်ပြီး၊ အချင်းချင်း မိတ်သဟာယပြုနေကြသည်။ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက်ပြီး၊ အစ်မလီမင်က “အစ်ကို၊ အစ်ကို့မှာ ဘာအယူအဆတွေ ရှိသေးလဲ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ရဲ့ ဘာရှုထောင့်ကို အစ်ကို နားလည်သဘောပေါက်ချင်လဲ။ ကျွန်မတို့ အတူတူ မိတ်သဟာယပြုလို့ရတယ်လေ” ဟု ကျွန်တော့်ကို မေးကာ အရေးကြီး သည့်အချက်ကို ချက်ချင်းပြောခဲ့သည်။ ကျွန်တော်က “သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်က ကူးပြောင်းသွားလို့ အသင်းတော်က နောက်ဆုံးသောကာလမှာ ယိုယွင်းပျက်စီးလာတယ်လို့ အစ်မက ပြောခဲ့တယ်။ ဒါကို ကျွန်တော် လက်ခံနိုင်ပေမဲ့ သခင့်ကို ယုံကြည်ကြတဲ့ ကျွန်တော်တို့ရဲ့ အပြစ်တွေက ပြေလွှတ်ပြီးဖြစ်တယ်၊ ပြီးတော့ သခင်က ကျွန်တော်တို့ကို အပြစ်သားတွေလို့ မမြင်ဘူး။ ဘုရားသခင်က စီရင်ခြင်း အမှုကိုဘာဖြစ်လို့ ပြုချင်သေးတာလဲ။ ဘုရားသခင်က ဒီအမှုတော် အဆင့်ကို မပြုရင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲကို ချီမ မခံရနိုင်ဘူးလား။ ဘုရားသခင်က လူတစ်ယောက်ကို တရားစီရင်တဲ့ အချိန်မှာ၊ အဲဒီလူက အဲဒီအချိန်မှာ ရှုတ်ချမခံရဘူးလား။ ကျွန်တော်တို့ အားလုံး အပြစ်ဒဏ်ပေးခံရမှာလား။ အဲဒါဆို ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုလုပ်ပြီး ချီမခံရမှာလဲ” ဟု ပြောခဲ့ သည်။ အစ်မလင်းက “လူအများစုရဲ့ အယူအဆတွေကတော့၊ ပြန်ကြွ လာတဲ့ သခင်ရဲ့ တရားစီရင်ခံရတဲ့ လူတွေဟာ ဘုရားသခင်ကို မယုံကြည်တဲ့ မယုံကြည်သူတွေပဲ။ ဘုရားသခင်က တစ်ယောက် ယောက်ကို တရားစီရင်တာကြောင့်၊ ဒါဆိုရင် အဲဒီလူဟာ ရှုတ်ချခံရပြီး၊ အပြစ်ဒဏ်ပေးခံရမယ်လို့ သူတို့တွေက ယုံကြည်ကြတယ်။ သခင့်ကို ယုံကြည်သူတွေက သူတို့အပြစ်တွေ လွှတ်ခံရပြီးဖြစ်တယ်၊ ပြီးတော့ သခင်ပြန်ကြွလာတဲ့အချိန်မှာ သူက သူတို့ကို ကောင်းကင်နိုင်ငံတော်ကို တိုက်ရိုက်ချီမမယ်၊ ပြီးတော့ သေချာပေါက်ကို တရားစီရင်မှာ မဟုတ်ဘူးလို့ သူတို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့် သူတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ ဒါကို လုပ်ခြင်းအားဖြင့် သူတို့က ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်မှုလွဲပြီး၊ ဘုရားသခင်ရဲ့ အမှုတော်ကို မသိဘူး ဆိုတာကို ပြနေတယ်။ အမှန်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်- သမ္မာတရားကို ဖော်ပြခြင်းနဲ့ လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းဟာ- ယုံကြည်သူတွေကို ကောင်းကင်နိုင်ငံတော်ဆီ ချီမဖို့အတွက် အံကိုက်ပြုခဲ့တာ ဖြစ်တယ်။ သမ္မာကျမ်းစာက- ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) လို့ ပြောတာကို ကျွန်မတို့အားလုံး သိပါ တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်က ဘုရားသခင်ရဲ့ အိမ်တော်မှာ ပထမဆုံး စတင်တယ်လို့ ဒီပရောဖက်ပြုခြင်းက ကျွန်မ တို့ကို ရှင်းရှင်းလင်းလင်း ပြောပြတယ်။ အဲဒါက ဘုရားသခင်ကို စိတ်နှလုံးအစစ်အမှန်နဲ့ ယုံကြည်ပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံတဲ့သူတွေနဲ့ စတာပဲ။ ဒါ့ကြောင့် သခင်ယေရှုကို ယုံကြည်ခြင်းဆိုတာက ကျွန်မတို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံဖို့ မလိုဘူးလို့ ထင်ကြပေမဲ့ ဒီအမြင်က မှားတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က သူ့ပလ္လင်တော် ရှေ့တော်မှောက်ကို လာတဲ့သူတွေ အားလုံးကို စီရင်ဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုတယ်၊ ပြီးတော့ သူက ဒီလူတွေကို သန့်စင်ပြီး ကယ်တင်ပြီး ဘေးဒုက္ခမလာခင်မှာ အောင်မြင်သူ တစ်အုပ် ကို ပြုလုပ်တယ်။ အဲဒီနောက်မှာ ဘေးဒုက္ခကြီး လာတဲ့အချိန်မှာ၊ သူက ကောင်းမြတ်သူ တွေကို ဆုချီးမြှင့်ပြီး၊ ဆိုးယုတ်သူတွေကို အပြစ်ဒဏ် ပေးမယ်။ ဒါဟာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော် ရှေ့ဆက်တဲ့နည်းလမ်းဖြစ်တယ်။ ဘယ်သူကမှ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကနေ ရုန်းထွက်လွတ် မြောက်နိုင်စွမ်း မရှိဘဲ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး နာခံတဲ့သူတွေအတွက်၊ အဲဒါဟာ သန့်စင်ခြင်း၊ ကယ်တင်ခြင်းနဲ့ စုံလင်ခြင်းတို့ဖြစ်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရား စီရင်ခြင်းအမှုတော်ကို ငြင်းဆန်ပြီး၊ အာခံတဲ့သူတွေအတွက်က ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုကနေ သူတို့ ပုန်းကွယ်နိုင် ပေမဲ့လည်း၊ အဆုံးသတ်မှာ ဘေးဒုက္ခကြီးရဲ့ တရားစီရင်မှုက ရုန်းထွက် မလွတ်မြောက်နိုင်သေးဘူး။ ဒါဟာ အမှန်တရားဖြစ်တယ်။ ဘုရားသခင် က ကျွန်မတို့ကို နောက်ဆုံးသောကာလမှာ ဘာဖြစ်လို့ တရားစီရင်ချင် တာလဲဆိုတဲ့ အကြောင်းအရင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ ဘုရား နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို အတူတူ ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ‘နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) လို့ ပြောတယ်။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ အပြစ်တွေသာ လွှတ်ခံရတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မတို့ နားလည်ရတယ်။ ဒါက ကျွန်မတို့က အပြစ်မလုပ်ဘူး ဒါမှမဟုတ် ကျွန်မတို့က အပြစ်ကင်းတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ အမှန်မှာ ကျွန်မတို့အားလုံးက အပြစ်ကျူးလွန်လိုက်၊ ဝန်ခံလိုက်နဲ့ ဆိုးကျိုး သံသရာထဲမှာ အသက်ရှင်နေကြပြီး၊ ကျွန်မတို့ကို တရားစီရင်ဖို့နဲ့ သန့်စင်ဖို့ ဘုရားသခင်က သူ့နှုတ်ကပတ်တော်ကို ဖော်ပြတာကို ကျွန်မတို့ လိုအပ်သေးတယ်။ ကျွန်မတို့ သန့်စင်ခံရတဲ့ အချိန်ကျမှသာ၊ ကျွန်မတို့က ကောင်းကင်နိုင်ငံထဲကို ချီမခံရဖို့ အရည်အချင်း ပြည့်မီ မယ်။ အဲဒါကို သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်။ ‘ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းကြရမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၄) ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဘုရားသခင်က သန့်ရှင်းတယ်။ ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးတဲ့ လူတွေက ဘုရားသခင်ရဲ့ မျက်နှာတော်ကို ဖူးခွင့်ရနိုင်မှာမဟုတ်သလို၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ မသင့်တော်ကြဘူး။ သခင်ယေရှု ပြုတော်မူခဲ့တဲ့ ရွေးနှုတ်ခြင်းအမှုတော်က ကျွန်မတို့ရဲ့ အပြစ်တွေကိုသာ ပြေစေပေမဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အပြစ်ရှိတဲ့ သဘာဝတို့ကနေ ကျွန်မတို့ကို အပြစ်မဖြေပေးဘူး။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ ဆိုးယုတ်ပြီး ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားတွေဖြစ်တဲ့ မာနထောင်လွှားပြီး၊ စိတ်ကြီး ဝင်တာ၊ ကလိမ်ကကျစ်ကျပြီး၊ လည်တာ၊ တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ဖို့ ကောင်းတာ၊ ဆိုးယုတ်ပြီး၊ လောဘကြီးတာ၊ သမ္မာတရားကို မနှစ်သက်တဲ့ ခံစားချက်နဲ့တရားမမျှတမှု ပျော်မွေ့တာတွေလိုဟာတွေ ကျန်ရှိနေသေးတယ်။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ကျွန်မတို့ကို အပြစ်ပြုဖို့ ဦးဆောင်ပြီး ဘုရားသခင်ကို အာခံစေတဲ့ အကြောင်းရင်းခံ အတိအကျ ဖြစ်တယ်။ အဲဒါတွေကို မဖြေရှင်းရင်၊ ကျွန်မတို့က မကြာခဏ အပြစ်လုပ်မယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် အတွက် အချင်းချင်း ယှဉ်ပြိုင်မယ်၊ မနာလိုတဲ့ အငြင်းပွားခြင်းတွေ လုပ်မယ်၊ လိမ်ညာပြီး လှည့်စားမယ်၊ ကိုယ့်ကိုယ်ကို ချီးမြှောက်မယ်၊ ကိုယ့်ကိုယ်ကို သက်သေခံမယ်။ အထူးသဖြင့် ဘုရားသခင်ရဲ့ အမှုတော် က ကျွန်မတို့ အယူအဆတွေနဲ့ မကိုက်ညီရင်၊ ကျွန်မတို့က ဘုရားသခင် ကို ဝေဖန်အကဲဖြတ်ဖို့၊ ငြင်းဆန်ဖို့နဲ့ ပြစ်တင်ရှုတ်ချဖို့၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်ကို အာခံဖို့ ကိုယ့်အယူအဆတွေနဲ့ စိတ်ကူး တွေကို မှီခိုသေးတယ်။ ဘုရားသခင်ကို အာခံတဲ့ ဒီလိုလူတွေက ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုချီမ ခံရနိုင်မှာလဲ။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခြင်း အမှုပြုတယ်၊ ပြီးတော့ ဒါကို လုပ်ရတဲ့ သူ့ရည်မှန်းချက်က ကျွန်မတို့ရဲ့ ဆိုးယုတ်ပြီးဖောက်ပြန်တဲ့ စိတ်သဘောထားတွေကနေ ကျွန်မတို့ကို သန့်စင်ပေးပြီး၊ ကောင်းကင်နိုင်ငံတော်ထဲကို ချီမခံရဖို့ ကျွန်မတို့ရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း ကို ကျွန်မတို့ လက်ခံတဲ့အခါမှာ၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်ပြီး၊ သန့်စင်ခံရပြီး၊ ပြောင်းလဲ လာတဲ့အခါမှာ ဘုရားသခင်ရဲ့ ကတိတော်ကို အမွေဆက်ခံရဖို့နဲ့ နိုင်ငံတော်ထဲကို ဘုရားသခင်က ဦးဆောင်သွားတာခံရဖို့ ကျွန်မတို့ အရည်အချင်းပြည့်မီလာတာ ဖြစ်တယ်” ဟု ပြောခဲ့သည်။

ထိုအစ်မ၏ မိတ်သဟာယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို နားထောင်ပြီးသည့်နောက်၊ ကျွန်တော်က “လူတစ်ယောက်က သခင့်ကို ယုံကြည်တဲ့အခါမှာ၊ အဲဒီလူရဲ့ အပြစ်တွေ က ခွင့်လွှတ်ခံရပေမဲ့ အဲဒါက သူဟာ နောက်ထပ် အပြစ်မကျူးလွန် တော့ဘူးလို့ မဆိုလိုဘူး။ ဒါက တကယ့်ကို မှန်တယ်။ သင်းအုပ် ဆရာတွေနဲ့ အကြီးအကဲတွေကနေ ဟိုးအောက်ခြေက သာမာန် အသင်းသားတွေအထိ ငါကိုယ်တိုင် အပါအဝင် အသင်းတော် က လူတွေကို ကြည့်တဲ့အခါ၊ နေ့မှာ ငါတို့က အပြစ်ကျူးလွန်ပြီး၊ ညမှာ ဝန်ခံတဲ့ အခြေအနေတစ်ခုမှာ လူတိုင်းက အသက်ရှင်နေကြပြီး၊ ငါတို့ဟာ အပြစ်ရဲ့ ချည်နှောင်မှုနဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက် လွတ်မြောက်နိုင်စွမ်းရှိဘူး။ လူတွေဟာ ပထမဆုံးအနေနဲ့ ဘုရား နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းမခံရဘဲနဲ့ သခင့် မျက်နှာတော်ကို မြင်နိုင်စွမ်း မရှိတဲ့ပုံပဲ။ လူတစ်ယောက်က ဒီနည်းလမ်း နဲ့ ပြောတဲ့အခါမှာ ဘုရားသခင်ဟာ လူသားကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှု လာပြုဖို့ လုံးဝ လိုအပ်တာပဲ။ လူတစ်ယောက်က သခင်ယေရှုကို ယုံကြည်ရင်၊ အဲဒီလူဟာ တရားစီရင်ခြင်း ခံစရာမလို ဘူးလို့ ငါတစ်ချိန်က ယုံကြည်ခဲ့တယ်။ သခင်က သူ့ကို မယုံကြည်တဲ့ သူတွေကို လာပြီး တရားစီရင်မယ်လို့ ငါထင်ခဲ့တယ်။ အခုတော့ ဒီအယူအဆက ဘုရားသခင်ရဲ့ အလိုတော်နဲ့ လုံးဝမကိုက်ညီဘဲ၊ အဲဒါဟာ နားလည်မှုလွဲခြင်းတစ်ခုဆိုတာကို ငါနားလည်သဘောပေါက် ပြီ” ဟု တွေးမိသည်။ ထို့နောက်တွင်ပင် အစ်မဂေါက်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းတို့ဖြင့် ကောင်းသောခါနာန်ပြည်၌ ဝမ်းမြောက်ပျော်ရွှင်မှု ဟု ခေါ်သည့် ဗီဒီယိုတစ်ခုကို ကျွန်တော့်အတွက် ဖွင့်ပြခဲ့သည်။ “ဘုရားရဲ့အိမ်တော်ကို ပြန်ရောက်တော့ ကျွန်ုပ် အနှိုင်းမဲ့ဝမ်းသာပျော်ရွှင်မှုကို ခံစားရတယ်။ လက်တွေ့ကျတဲ့ဘုရားကို မြင်ခွင့်ရတာ ကံကောင်းလှပါတယ်။ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တာ လက်တွေ့ ဖြစ်လာပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေဟာ လူတို့ကို နိုင်ငံတော်ခေတ်ဆီ ဦးဆောင်လမ်းပြပေးတယ်။ ဘုရားရဲ့စကားကို အခြေပြုပြီး ကျွန်ုပ် လျှောက်လှမ်းရမယ့် လမ်းရှိသည် လူတစ်ယောက်အနေနဲ့ ရွေးသင့်တဲ့လမ်းကို ကျွန်ုပ် နားလည်။ ဘဝရဲ့ သက်ရှိရေနဲ့ သွန်းလောင်းခံခဲ့ရပြီ။ ဘုရားနဲ့ မျက်နှာချင်းဆိုင်ရတာ အနှိုင်းမဲ့ဝမ်းမြောက်ခြင်းပါ။ ဝေးလံစွာ မရှာဖွေတော့ပါ။ ကျွန်ုပ် အိပ်မက်ထဲကကောင်းကင်နိုင်ငံဟာ လက်တွေ့ ဖြစ်ပေါ်လာပြီ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) သီချင်းတစ်ခုလုံးက စိတ်ကြည်နူးဖွယ်နှင့် လွန်စွာ စိတ်လှုပ်ရှားဖွယ် ဖြစ်ပြီး၊ အလွန့်အလွန် စေ့ဆော်နိုင်လေသည်။ ဗီဒီယို ထဲက ညီအစ်ကို မောင်နှမတိုင်း၏ မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် ပြည့်လျှံနေပြီး၊ ကျွန်တော်တို့က ဓမ္မသီချင်း သီဆိုခြင်းတွင် ဝင်မသီဆိုပဲ မနေနိုင်ခဲ့ပါ။ ကျွန်တော်တို့က တေးဂီတ နှင့်အတူ စတင်ကခုန်ပြီး ကျွန်တော်တို့၏ စိတ်နှလုံးများက ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်ခဲ့သည်။ ဘုရား နှုတ်ကပတ်တော်၏ ထောက်ပံ့မှုကို ရရှိသည့် ညီအစ်ကိုမောင်နှများက ကောင်းကြီးမင်္ဂလာခံစားရပြီး၊ ဝမ်းမြောက် သည်ကို ကျွန်တော်တွေ့ ရသည်။ သူတို့က ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို ကြုံတွေ့ခဲ့ရသော်လည်း၊ သူတို့မှာ မည်သည့်စိုးရိမ်ပူပန်မှု လုံးဝ မရှိသေးဘဲ၊ ထိုအစား လွတ်မြောက်ပြီး၊ လွတ်လပ်ကာ၊ ဝမ်းမြောက်ပြီး၊ ပျော်ရွှင်ကြသည်။ ဘာသာရေးတွင် ကျွန်တော့် ကိုယ်ပိုင်ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုတို့အားလုံး မည်သို့ပျောက်ဆုံးသွားပြီး၊ ကျွန်တော် မြင်သမျှ အရာအားလုံးသည် အသင်းတော်၏ ယိုယွင်းပျက်စီးခြင်းနှင့် မှောင်မိုက်မှုတို့ ဖြစ်သည်ကို ကျွန်တော် တွေးမိသည်။ သို့သော် ငြားလည်း၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ညီအစ်ကို မောင်နှမများကမူ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ဖြင့် ပြည့်ဝနေသည်။ သမ္မာတရားအကြောင်း သူတို့၏ မိတ်သဟာယပြုခြင်း များမှ အလင်း ထွန်းလင်းနေသည်၊ သူတို့က ဘုရားသခင်ကို အားမာန် ဖြင့် ချီးမွမ်းပြီး၊ ကြီးစွာသော စိတ်လှုပ်ရှားမှုနှင့် အင်အားတို့ဖြင့် သူတို့က ဘုရားသခင်ကို သက်သေခံကြလေသည်။ နှိုင်းယှဉ်ကြည့်ပါက၊ သူတို့က ကျွန်တော့်အတွက် လုံးလုံးကွဲပြားသည့် ကမ္ဘာတစ်ခုတွင် အသက်ရှင်နေ ပုံရလေသည်။ ထို့နောက်ချက်ချင်း အိမ်သို့ပြန်ရောက်ခဲ့ပြီး၊ သူ့မိခင် ပွေ့ဖက်မှု၏ နွေးထွေးခြင်းကို ပျော်မွေ့နေသည့် လေလွင့် နေသော မိဘမဲ့ တစ်ယောက်ကဲ့သို့ ကျွန်တော် ခံစားရသည်။ ကျွန်တော်က “ဒီမှာ ရှာဖွေဖို့ သမ္မာတရား တကယ်ကို ရှိတယ်။ ငါက သခင့်ကြွလာခြင်းကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ကို ချီမခံရဖို့ ငါ့အခွင့်အရေးကို လက်မလွတ်ရလေအောင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ရဲ့ သမ္မာတရား အကြောင်း ညီအစ်ကို မောင်နှမတွေ ပြုပေးတဲ့ မိတ်သဟာယတွေကို ကောင်းကောင်း နားထောင်ရမယ်” ဟု တွေးမိ သည်။

ထို့နောက်ပိုင်းတွင် အစ်မလီက ဘုရားသခင်၏ နှုတ်ကပတ်တော်မှ နောက်ထပ် ကျမ်းပိုဒ်နှစ်ခုကို ကျွန်တော်တို့ကို ဖတ်ပြခဲ့သည်။ “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က ‘အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း’ ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်)တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အစ်မလီက “ကျွန်မတို့က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခံရပြီး နောက်မှာ၊ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ ကျွန်မတို့အားလုံး အသက်ရှင် ပြီး၊ ဘုရားသခင်ကို အာခံတဲ့ ကိုယ်ကျင့်တရား ပျက်သူတွေဖြစ် လာတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ အနှစ်သာရအရ၊ ကျွန်မတို့အားလုံးက ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်းနှင့် ဖျက်ဆီးခြင်း တို့အတွက် ပစ်မှတ်တွေဖြစ်လာပေမဲ့၊ ဘုရားသခင်ရဲ့ အလိုတော်က လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ မဟုတ်ဘူး၊ အဲဒီအစား လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တယ်။ ဒါ့ကြောင့် လူတွေကို စာတန်ရဲ့ အုပ်စိုးမှုအောက် ကနေ လုံးလုံးကယ်တင်ဖို့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုပြုတာပဲ။ တရားစီရင်ခြင်းအမှုတော်က အမှန်တကယ် တော့ လူတွေက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အမှန်တရားကို သိနိုင်ဖို့၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်း စိတ်သဘောထားကို သတိပြုမိပြီး၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးခြင်းကို ရရှိနိုင်ဖို့ရာ လူတွေရဲ့ ပုန်ကန်လိုခြင်းနဲ့ ဘုရားသခင်ကို အာခံတဲ့ စကားတွေ၊ လုပ်ရပ်တွေ၊ သဘာဝနဲ့ အနှစ်သာရတို့ကို ဖော်ထုတ်ဖို့ ဘုရားသခင်က သူ့နှုတ်ကပတ်တော်ကို အသုံးပြုနေတာဖြစ်တယ်။ အဲဒီနောက်မှာ လူတွေက တကယ့်ကို နောင်တရပြီး ပြောင်းလဲနိုင်တယ်၊ ပြီးတော့ သူတို့က သူတို့ရဲ့ ဖောက်ပြန်ပြီးဆိုးယုတ်တဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက် ပြီး၊ ဘုရားသခင်ရဲ့ ရယူခြင်းကို ခံရနိုင်တာ ဖြစ်တယ်။ ဒီနည်းလမ်း အားဖြင့် လူတွေက ပြည့်ဝတဲ့ ကယ်တင်ခြင်းကို ရလိမ့်မယ်။ ဘုရား နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကနေတဆင့်ပဲ ကျွန်မတို့ဟာ ဖောက်ပြန်ပျက်ဆီးခြင်းနဲ့ ပြည့်နေတယ်ဆိုတာ၊ အချိန်ပြည့် နေရာတိုင်းမှာ ကျွန်မတို့က အတ္တကြီးခြင်း၊ မာန ထောင်လွှားခြင်း၊ လှည့်စားခြင်းနဲ့ လောဘကြီးခြင်းတို့လိုမျိုး ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပြနေတယ်ဆိုတာ၊ ပြီးတော့ ကျွန်မတို့က ဘုရားသခင်နဲ့ပတ်သက်ပြီး အယူအဆတွေ၊ စိတ်ကူးတွေ၊ အလွန်အကျွံ လိုအင်ဆန္ဒတွေ၊ မလျော်ကန်တဲ့ တောင်းဆိုမှုတွေနဲ့ ပြည့်နေတယ်ဆိုတာ၊ ပြီးတော့ ကျွန်မတို့က အသိစိတ်၊ ဒါမှမဟုတ် ဆင်ခြင်တုံတရား၊ သစ္စာရှိမှု ဒါမှမဟုတ် နာခံမှုတို့မရှိဘူး ဆိုတာတွေကို ကျွန်မတို့ တွေ့မြင်လာနိုင်တယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ကျွန်မတို့ ပိုပြီးလက်ခံလေ၊ ကျွန်မတို့က ဘယ်လောက် နက်နက်နဲနဲ ဖောက်ပြန်ပျက်စီးနေတယ်ဆိုတာ၊ ပြီးတော့ ကျွန်မတို့မှာ တကယ့်ကို လူ့သဘာဝမရှိဘူး ဆိုတာတွေကို ကျွန်မတို့ ပိုပြီး သတိပြုမိလေ ဖြစ်တယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် စရွံရှာပြီး၊ ကျွန်မတို့ရဲ့ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ကျွန်မတို့ ပိုပြီးလက်ခံလေ၊ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းတို့ကို ကျွန်မတို့ ပိုမြင်ရလေဖြစ်ပြီး၊ ကျွန်မတို့စိတ်နှလုံးတွေက ဘုရားသခင်ကို ပိုပြီး ချစ်ကြောက်ရိုသေလေ ဖြစ်တယ်။ ကျွန်မတို့က ကိုယ့်သွေးသားဆိုင်ရာ လိုအင်ဆန္ဒတွေကို စွန့်ပယ်ဖို့နဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ဖို့တို့ကို လိုလား လာကြတယ်။ နောက်ပိုင်းမှာ အမှုအရာတွေအပေါ်မှာ ကျွန်မတို့ရဲ့ အမြင်ရှုထောင့်တွေနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေမှာ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပေါ်လာပြီး၊ ကျွန်မတို့က စစ်မှန်တဲ့ လူသားတစ်ယောက်ရဲ့ အသွင်တစ်ချို့အတိုင်း စပြီး အသက်ရှင်နေထိုင်တယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ ကြီးစွာသော ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်း ဖြစ်တယ် ဆိုတာကို ကျွန်မတို့ အမှန်တကယ် အသိအမှတ်ပြုလာ ကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင် ဆုံးမခြင်းတို့ မရှိဘဲနဲ့၊ ကျွန်မတို့ အားလုံးက ပျက်စီးခြင်းအတွက် ပစ်မှတ်တွေ ဖြစ်သွား လိမ့်မယ်” ဟု ပြောလျက် ကျွန်တော်တို့ကို မိတ်သဟာယပြု ခဲ့သည်။

အစ်မက သူမ၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ခဲ့ပြီး၊ သူမပြောသည့်အရာအားဖြင့် ကျွန်တော် အလွန်တို့ထိခံရကာ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်မျှ ကြီးမားပြီး စစ်မှန်သည်ကို တွေ့ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ချစ်သည့် ဘုရားသခင် ဖြစ်သည်။ လူများကို ကယ်တင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ကောင်းကို အထင်လွဲသူမှာ ကျွန်တော် ဖြစ်သည်။ ဘုရားသခင်က လူများကို စီရင်ရန် နှင့် အပြစ်ဒဏ်ပေးရန် တရားစီရင်ခြင်းဖြစ်သည်ဟု ကျွန်တော်က တွေးခဲ့ပြီး၊ ဘုရားသခင်က နောက်ဆုံးသောကာလတွင် သူ့နှုတ်ကပတ်တော်ကို ဖော်ပြခြင်းနှင့် လူကို တရားစီရင်ခြင်းတို့က ပို၍ပင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်နိုင်သည် သို့မဟုတ် ကျွန်တော်တို့အတွက် ပို၍ပင် ကြီးမားသည့် ကယ်တင်ခြင်းဖြစ်သည်ကို ကျွန်တော် တစ်ခါမျှ မတွေးမိခဲ့ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို ဖတ်ခြင်းနှင့် အစ်မများ၏ မိတ်သဟာယပြုခြင်းများမှတစ်ဆင့်၊ ဘုရား နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းကို နားလည် သဘောပေါက်မှု တစ်ချို့ ကျွန်တော် ရရှိခဲ့ပြီး၊ ဘုရားသခင်နှင့် ပတ်သက် သည့် ကျွန်တော့် အထင်လွဲခြင်းတို့က ပပျောက်သွားခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ကိုယ်တိုင်ကိုယ်ကျ ဖြစ်သည်ဟု ကျွန်တော် ခိုင်မာစွာ ယုံကြည်လာခဲ့ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်တော် လက်ခံဖို့ လိုလားလာခဲ့သည်။ ကျွန်တော်က စိတ်ရှုပ်ထွေးခြင်းမြူထဲမှ အပြည့်အဝ လွတ်လာခဲ့ပြီး၊ ကျွန်တော့်မျက်နှာသည် ဝမ်းမြောက်သောအပြုံး တစ်ခုဖြင့် ပီတိဖြာနေသည်။ အစ်မလီက “အစ်ကို့ကို လမ်းပြတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒါတွေအားလုံးက ဘုရား နှုတ်ကပတ်တော်ရဲ့ ရလဒ်ပဲ။ ကျွန်မတို့ သမ္မာတရားကို နားမလည် လာခင်မှာ၊ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ပတ်သက်တဲ့ အယူအဆတွေ ပေါ်ပေါက်နိုင်ပေမဲ့၊ သမ္မာတရားကို ကျွန်မတို့ ရှာဖွေ၊ လက်ခံပြီး၊ ဘုရားနှုတ်ကပတ်တော်ကို နားထောင်သမျှ ကာလပတ်လုံး၊ ကျွန်မတို့က သမ္မာတရားကို နားလည်ပြီး၊ ဘုရားအမှုတော်နဲ့ ပတ်သက် တဲ့ အသိရလာတယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကလည်း မီးခိုးတိမ်တိုက်တွေလို လွင့်ပါးသွားလိမ့်မယ်။ အဲဒီနောက်မှာ ကျွန်မတို့က ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်နိုင် ပြီး၊ ဘုရားသခင်ကို နောက်ထပ် အထင်လွဲတော့မှာ မဟုတ်ဘူး” ဟု ပျော်ရွှင်စွာပြောခဲ့သည်။

နောက်ဆုံးသောကာလက ဘုရားအမှုတော်ကို လက်ခံပြီး နောက်မှာ၊ အစ်မဂေါက်နှင့် တခြားလူများက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ဧဝံဂေလိရုပ်ရှင်များ၊ သီချင်းဗီဒီယိုများနှင့် ဓမ္မသီချင်းများတို့ကို ကျွန်တော်နှင့် ဝေမျှခံစားနိုင်ရန် ကျွန်တော့်ဖုန်းထဲ တွင် စာပို့သည့် အက်ပလီကေးရှင်းတစ်ခုကို ကျွန်တော် ထည့်သွင်းခဲ့ သည်။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ “ပလ္လင်တော်မှ အသက်ရေစီးဆင်းသည်” ဟု ခေါ်သည့် ဧဝံဂေလိရုပ်ရှင် ကို တွေ့သည့်အချိန်တွင်၊ ၎င်းက ကျွန်တော့်အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှုရှိလေသည်။ ရုပ်ရှင်ထက် အသင်းတော်၏ ယိုယွင်း ပျက်စီးသည့် အခြေအနေက ကျွန်တော်တို့ အသင်းတော်ရှိ အခြေအနေ ကဲ့သို့ပင် ဖြစ်ပြီး၊ ရုပ်ရှင်က လုံးလုံး ရှင်းလင်းပြတ်သားမှုဖြင့် ဤယိုယွင်း ပျက်စီးမှု၏ အကြောင်းခံကို ပြသခဲ့သည်။ ဘုရားသခင်၏ အမှုတော် ပြောင်းလဲသွားပြီး၊ ဘုရားသခင်က ဘာသာရေးအသင်းတော်အတွင်း တွင် နောက်ထပ် အမှုမပြုနေတော့သောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းဆို သူများအားလုံးသည် ငတ်မွတ်ခေါင်းပါးမှုတစ်ခုကို ဒုက္ခခံနေကြရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခဲ့သူများက ဘုရားသခင်၏ အသက်ရေ ထောက်ပံ့ခြင်းကို ရရှိပြီး၊ နောက်ထပ် မခြောက်သွေ့တော့ဘဲ၊ ဘုရားသခင်နှင့်အတူ ကောင်းကြီးမင်္ဂလာ ခံစားရသည့် အသက်တာတစ်ခုတွင် အသက်ရှင်ကြသည်။ ကျွန်တော်က စောင့်လို့နေ ဆိုသည့် ရုပ်ရှင်ကို ကြည့်သည့်အချိန်တွင်၊ သက်ပြင်းမချ ဘဲ မနေနိုင်ခဲ့ပါ။ ရုပ်ရှင်ထဲက သင်းအုပ်ဆရာကြီးက သူ့တစ်သက်လုံး သခင့်ကို ယုံကြည်ခဲ့ပြီး၊ သူ့ အလုပ်ကြိုးစားမှုက အကျိုးကျေးဇူးခံစား ထိုက်သည်ဟု တွေးထင်ခဲ့သည်။ သူက ကောင်းကင်ဘုံသို့ ချီမခံရနိုင်ဖို့ အလို့ငှာသခင်ကြွလာရန်သာ စောင့်မျှော်နေခဲ့သည်။ သို့သော်လည်း သခင်ကြွလာသည့်အချိန်တွင် တိမ်တိုက်တစ်ခုပေါ်မှ ဆင်းသက်လာပြီး၊ သူ့ကို ပထမဆုံး ဗျာဒိတ်ပေးမည်ဟု ယုံကြည်မှုကို ခေါင်းမာစွာ ဖက်တွယ်တားသည်။ သူ့ဤခေါင်းမာမှုကြောင့် သူက ဘုရားသခင်၏ နောက်ဆုံးသောကာလမှ အမှုတော်ကို အာခံပြီး၊ လက်ခံဖို့ ငြင်းဆန်ခဲ့လေသည်၊ အဆုံးသတ်တွင် သူက တိမ်တိုက်တစ်ခုကို စောင့်မျှော်လျက် ကောင်းကင်ကို ငေးကြည့်ခြင်းဖြင့်သာ ကျန်ရစ်ပြီး၊ နောင်တအပြည့်ဖြင့် သေဆုံးခဲ့သည်။ ဤခါးသီးသော သင်ခန်းစာက ကြည့်ရှုသူကို စဉ်းစားစရာအကြောင်း အမှန်တကယ် ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော့်စိတ်နှလုံးထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး၊ သူ့ထံမှ ကောင်းကြီးမင်္ဂလာများ ရရှိဖို့သာ ကြိုးစားသော်လည်း၊ သူ့တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို လက်ခံဖို့ ဝန်လေးသည့် ပုန်ကန်လိုသော သားတစ်ယောက် ဖြစ်သည့် ကျွန်တော့်ကို ကယ်တင်ခြင်းအတွက် နှင့် နောက်ဆုံးသောကာလတွင် သူ့ကယ်တင်ခြင်းကို ရရှိဖို့ သူ့ပလ္လင်တော်ရှေ့မှောက်သို့ ဦးဆောင်ခြင်း တို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်မိခဲ့ပါသည်။

ယခုအခါတွင် ကျွန်တော်သည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ထဲတွင် အသင်းတော်အသက်တာဖြင့် အသက်ရှင်ပြီး၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် တွေ့ကြုံခံစားခြင်းမှတစ်ဆင့် ဘုရားသခင်အတွက် တရားစီရင်ခြင်းအမှုပြုဖို့ရန်မှာ မည်မျှ စစ်မှန်ပြီး လက်တွေ့ကျသည်ကို ကျွန်တော် ဖြည်းဖြည်းချင်း စတင်သတိမူမိခဲ့သည်။ ဘုရားသခင်က လူ၏ သစ္စာဖောက်သည့် သဘာဝကို ခွဲခြမ်းစိတ်ဖြာသည့်အချိန်တွင်၊ ကျွန်တော်ကိုယ်တိုင် မည်သည့်အခါမျှ မလိမ်ညာခဲ့ဖူးဟု ခံစားရ သောကြောင့်၊ ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်သည့် တကယ့်အခြေအနေကို အသိအမှတ်ပြုရန် ကျွန်တော် ငြင်းဆန်ခဲ့သည်။ ကျွန်တော့်အတွက် ဘုရားသခင် စီစဉ်ပေးခဲ့သည့် လက်တွေ့ကျသည့် အခြေအနေတစ်ခုကို တွေ့ကြုံရသည့်အချိန်တွင်၊ ကျွန်တော့်ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ဖို့နှင့် ကျွန်တော့် ဝင့်ဝါခြင်းကို ကာကွယ်ဖို့ အလိမ်အညာများကို အလိုအလျောက် ရှေ့နောက် မစဉ်းစားဘဲ ပြောချသည်။ ထို့အပြင် ကျွန်တော့် စိတ်နှလုံးထဲတွင် သစ္စာဖောက်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံစားရပြီး၊ ကျွန်တော့်မှာ လူမသိစေလိုသည့် လျှို့ဝှက်ချက်များစွာလည်း ရှိခဲ့သည်။ ဘုရား နှုတ်ကပတ်တော်က ထုတ်ဖော်သည့် အရာအားလုံးသည် သမ္မာတရား ဖြစ်ပြီး၊ စစ်မှန်သည့် အခြေအနေတစ်ခုဖြစ်ကြောင်းနှင့် ၎င်းမှာ လူ့သဘာဝနှင့် အနှစ်သာရဖြစ်ကြောင်းတို့ကို မြင်ဖို့ ဤအရာက ကျွန်တော့်ကို ဦးဆောင်ခဲ့သည်။ ထို့နောက်မှသာလျှင် ဘုရား နှုတ်ကပတ်တော်ကို အမှန်တကယ် ကျွန်တော် ယုံကြည်လက်ခံလာပြီး၊ သမ္မာတရားကို ရှာဖွေဖို့နှင့် မိမိ၏ ကိုယ်ပိုင် လှည့်စားသော သဘာဝကို ပြောင်းလဲဖို့ အရေးပေါ် လိုအင်ဆန္ဒတစ်ခု ရှိခဲ့သည်။ ဤအတွေ့အကြုံ ပြီးနောက်၊ ဘုရားသခင်၏ လက်တွေ့ကျသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးခြင်းတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်တော်သည် မိမိ၏ သစ္စာဖောက်သည့် သဘာဝကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ မိမိ၏ လှည့်စားသော စိတ်သဘောထားကို ပြောင်းလဲဖို့ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပါ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်တော့် ကို အမှန်တကယ် သန့်စင်ပေးနေခဲ့ပြီး၊ ကယ်တင်နေခဲ့သည်၊ ပြီးလျှင် ၎င်းတို့သည် ထူးခြားသော ချစ်ခြင်းမေတ္တာတစ်မျိုးဖြစ်သည်။ ဤအထူး ချစ်ခြင်းမေတ္တာမျိုးကို ကျွန်တော် ကောင်းစွာ ချစ်မြတ်နိုးပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံလိုပါသည်၊ ပြီးလျှင် ဘုရားသခင်ကို ကျွန်တော် စိတ်ကျေနပ် စေဖို့ရာ လူသစ်တစ်ယောက် အမြန်ဆုံးဖြစ်လာနိုင်ဖို့ ပြောင်းလဲချင် ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားဆီဦးလှည့်ဖို့ မုသားတွေကိုဖြတ်ကျော်ခြင်း

ခင်မူ တောင်ကိုရီးယားနိုင်ငံ ၂၀၁၇ ခုနှစ်အစောပိုင်းတုန်းက ကျွန်တော့်ဇနီးနဲ့သမီးက ကျွန်တော်နဲ့အတူနေဖို့ တောင်ကိုရီးယားကိုရောက်လာခဲ့ကြတယ်လေ။...

ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်ရှေ့မှောက် ကျွန်တော် ချီဆောင်ခံလိုက်ရပြီ

ကျွန်တော်က အသက် ၂၀ မှာ နှစ်ခြင်းခံပြီး၊ သခင်ယေရှုကို ယုံကြည်လာခဲ့တာပါ။ သင်းအုပ်က သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အဆုံးအမတွေအကြောင်း...

ဘုရားသခင်နှင့် ကျမ်းစာကြား ဆက်စပ်ပုံကို ကျွန်မ အခု နားလည်ပြီ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။