သခင် ပြန်လာခြင်းနဲ့ပတ်သက်ရင် ဘယ်သူ ပြောတာ နားထောင်သင့်သလဲ

03.12.2020

သခင် ပြန်လာခြင်းကို ကြိုဆိုဖို့ ဘယ်ဟာက အဓိကကျလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)သန်းခေါင်ယံ၌ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဗျာဒိတ်ကျမ်းမှာလည်း ပရောဖက်ပြုထားတယ်၊ “ကြည့်ရှုလော့၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) သခင့်ကို ကြိုဆိုရာမှာ အဓိကကျတာက ဘုရားရဲ့အသံကို နားထောင်ဖို့ပဲဆိုတာကို ဒီပရောဖက်ပြုချက်တွေက ပြတယ်။ ဘုရားရဲ့အသံကို နားထောင်တာက တစ်ခုတည်းသောနည်းလမ်းပါပဲ။ ဒါပေမဲ့ ယုံကြည်သူတော်တော်များများက ထင်ကြတယ်။ ဆရာတော်တွေက ကျမ်းစာကို သေချာသိပြီး၊ အမြဲတမ်း အသေးစိတ်ရှင်းပြတယ်ဆိုတော့၊ သူတို့က ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးမှာလည်း တံခါးမှူးတွေပဲ ဖြစ်မယ်ပေါ့။ ဒီတော့ သခင် ပြန်ကြွလာပြီဆိုတဲ့ သက်သေခံချက်ကို ကြားလည်း၊ အဲဒီလူတွေက မစူးစမ်းကြဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သမ္မာတရားပါလားလို့ မြင်လည်း၊ အလေးမထားကြသေးဘူး။ အဲဒီလိုလူတွေက ဘုရားကို ယုံကြည်တာလား၊ ဆရာတော်တွေကို ယုံကြည်တာလား။ သခင် ပြန်လာခြင်းနဲ့ပတ်သက်ရင် ကျွန်မတို့က ဘယ်သူ ပြောတာ နားထောင်သင့်လဲ။ ဘုရားရဲ့အသံကို နားထောင်သင့်လား၊ သင်းအုပ်တွေ ပြောတာကို နားထောင်သင့်လား။ ကျွန်မလည်း ဒါကို ဟိုအရင်က လုံးဝနားမလည်ခဲ့ဘူး။ သင်းအုပ် ပြောတာကိုပဲ မျက်စိမှိတ်နားထောင်မိတော့၊ သခင် ပြန်လာတာကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါးဖြစ်ခဲ့သေးတယ်။

၂၀၁၇ ဇွန်လပိုင်းမှာ ဂျာမနီမှာနေတဲ့ အစ်မလျူနဲ့ အစ်ကိုတွမ်ဆိုတဲ့ လူတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ ဆုံမိတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်းနဲ့၊ သူတို့က ရိုးရိုးကုပ်ကုပ်နေတယ်၊ ယုံကြည်လောက်တယ်ဆိုတာ ကျွန်မ မြင်လာတယ်။ ကျမ်းစာကို တကယ်နားလည်ကြတယ်၊ သူတို့ပေးတဲ့ မိတ်သဟာယတွေက အသိဉာဏ်ပွင့်တယ်။ ကျွန်မလည်း အများကြီး ရလိုက်တယ်။ စည်းဝေးပွဲတွေလည်း လုပ်မိကြတယ်။ ဟိုအရင် ကျွန်မ လုံးဝ နားမလည်ခဲ့တဲ့ သမ္မာတရားတွေ အများကြီးကို သိလိုက်ရတာပါ။ ဥပမာ၊ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ စစ်မှန်တဲ့ နောင်တရခြင်းဆိုတာ ဘာလဲ၊ ဘုရားသခင်နောက် လိုက်ပြီး နာခံတယ်ဆိုတာ ဘာလဲ၊ လူတွေနောက် လိုက်ပြီး နာခံတယ်ဆိုတာ ဘာလဲ၊ သခင်ယေရှုကို ဆန့်ကျင်ကြတဲ့ ဖာရိရှဲတွေရဲ့ အနှစ်သာရနဲ့ အရင်းခံအကြောင်း၊ ဘုရားရဲ့အသံကို နားထောင်ပြီး၊ သခင့်ကို ဘယ်လိုကြိုဆိုမလဲဆိုတာမျိုးတွေပေါ့။ အဲဒါတွေကနေ အားတွေအများကြီး ရလိုက်သလို ကျွန်မ ခံစားရတယ်။ ရင်ထဲမှာလည်း ကြည်လင်သွားတာ။ အဲဒီလို စည်းဝေးခဲ့တာတွေကို ကြည်နူးမိတယ်။ အဲဒီမှာ အစ်ကိုတွမ်က သမ္မာကျမ်းပိုဒ် တစ်ခုနှစ်ခုကို ဖတ်ပြတယ်၊ “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) သခင်က နောက်ဆုံးသောကာလမှာ ကြွလာဖို့ အမှုတော်ပြုဖို့အတွက်၊ လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူတယ်လို့ သူက ပြောပြတယ်။ ဒီပရောဖက်ပြုချက်က ပြည့်စုံခဲ့တာလည်း ကြာပြီတဲ့။ သူ ပြောတာက၊ “သခင်က လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီ။ ကိုယ်တော်က သမ္မာတရားတွေကို ဖော်ပြနေတယ်။ ဘုရားအိမ်တော်က စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ အနန္တတန်ခိုးရှင်ဘုရားက လူသားတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားတွေကို ဖော်ပြထားတယ်။ ဒီအဖြစ်က အရှေ့အရပ်ကနေ ထွန်းလင်းနေတဲ့ လျှပ်စစ်ကြီးတစ်ခုလိုပဲ။ ဒါက ‘အရှေ့အရပ်ကနေ လျှပ်ပြက်ခြင်း’ ပဲ” တဲ့။ ဒါကို ကြားတော့ ကျွန်မ နည်းနည်း အံ့သြသွားတယ်။ စိတ်ထဲမှာလည်း၊ “သခင်ယေရှုက ပြန်ကြွလာပြီလား” ပေါ့။ နောက်တော့ ဆရာတော်တွေ ပြောတာကို သတိရတယ်။ ဘုရားက လူ့ဇာတိနဲ့ ပြန်ကြွလာပြီလို့ သက်သေခံတာ အရှေ့အရပ်မှလျှပ်ပြက်ခြင်းပဲရှိတယ်။ သခင်ယေရှုကသာ ခရစ်တော်ဖြစ်တာကြောင့်၊ ကျွန်မတို့က အဲဒါတွေကို မယုံကြည်သင့်ဘူးဆိုတာတွေပေါ့။ အဲဒီနောက်ပိုင်း ကျွန်မ တကယ် စိတ်ရှုပ်လာတယ်။ အစ်ကိုတွမ်ရဲ့မိတ်သဟာယကိုလည်း အာရုံမစိုက်နိုင်တော့ဘူး။ ကျွန်မ စဉ်းစားတာက၊ “သင်းအုပ်နဲ့ အကြီးအကဲတွေဆိုတာ သခင့်ကို အစေခံတယ်။ ကျမ်းစာကို ကောင်းကောင်းသိကြတယ်။ ဒီလောက် အရေးကြီးတဲ့ကိစ္စမျိုးကို သူတို့ အကုန်သိသင့်တယ်။ ဒီတော့ ငါ သူတို့ကို အရင်ဆုံး သွားမေးမယ်” ပေါ့။

ကျွန်မလည်း အဲဒီ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းသွားပြီး သင်းအုပ်ကို မေးတော့၊ သင်းအုပ်က ပြောရော၊ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေ ဟောပြောတာတွေက တန်ဖိုးတော့ရှိတယ်။ ဒါပေမဲ့ သခင်က အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် လူ့ဇာတိနဲ့ ပြန်ကြွလာပြီလို့ သူတို့က သက်သေခံတယ်။ အဲဒါတော့ မဖြစ်နိုင်ဘူး။ သခင်ယေရှုကသာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပဲ။ ဒါကြောင့် သူတို့ယုံကြည်နေတာက လူသားတစ်ယောက်ပဲ။ သူတို့အသင်းတော်ကို တရုတ်ကွန်မြူနစ်အစိုးရကလည်း ဖိနှိပ်တယ်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ယုံကြည်တယ်ဆိုတာ သခင်ယေရှုကို သစ္စာဖောက်တာပဲ” တဲ့။ ဒါကို ကြားလိုက်ရတော့ ရင်ထဲမှာ တွန့်ခနဲကြောက်သွားတာ။ သင်းအုပ် ပြောတာ အမှန်ပဲဆိုရင်၊ အစ်မလျူနဲ့ အစ်ကိုတွမ်က သခင့်ဆီကနေ သွေဖည်သွားပြီလို့ပဲ ကျွန်မ တွက်လိုက်မိတယ်။ သူတို့နဲ့ပတ်သက်ပြီး သံသယတွေဖြစ်လာတယ်။ သတိထားလာတယ်ပေါ့။ သူတို့နဲ့လည်း နောက်ထပ် မဆုံချင်တော့ဘူး။ ဒါပေမဲ့ သခင်ယေရှု ပြန်ကြွလာပြီဆိုတဲ့ သူတို့သက်သေခံချက်ကို တွေးလိုက်မိရင်၊ ချီတုံချတုံဖြစ်ပြန်ရော။ အဲဒါက အမှန်တကယ်ပဲဆိုတာကို ကျွန်မက မစူးစမ်းမိဘူးဆိုရင်၊ သခင်က ကျွန်မကို ပစ်ပယ်မှာမဟုတ်ဘူးလား။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံယူတဲ့ဘုရား ဖြစ်တယ်ဆိုရင်၊ သင်းအုပ်က ဘာလို့လက်မခံရတာလဲ။ လူတစ်ယောက်ကို ယုံကြည်ကြတာလို့ ဘာလို့ပြောလဲ။ သင်းအုပ်က ကျမ်းစာကို ကျွန်မထက် ပိုသိတယ်၊ နားလည်တယ်လို့ စဉ်းစားမိတယ်။ ဒီတော့ လမ်းမမှားအောင် ကျွန်မက သူတို့နဲ့ ဝေးဝေးနေသင့်တယ်ပေါ့။ ဒါပေမဲ့ အိမ်ပြန်ရောက်တော့၊ ရင်ထဲမှာ တကယ်ကို ဂနာမငြိမ်ဖြစ်ပြီး အဆင်မပြေဘူး။ စိတ်မချမ်းမသာနဲ့ ဝမ်းနည်းသလိုဖြစ်နေတာ။ သခင့်ကိုလည်း ဆုတောင်းလိုက်တယ်၊ “သခင်၊ ကျွန်မ ဒီနေ့ သင်းအုပ် ပြောတာကို နားထောင်မိပါတယ်။ အခုဆို အစ်မလျူနဲ့ အစ်ကိုတွမ်ကိုလည်း သံသယဖြစ်လာပါပြီ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆက်ပြီး စူးစမ်းရမှာ ကျွန်မ ကြောက်မိတယ်။ သခင် ပြန်လာဖို့ကို ကျွန်မ တောင့်တပါတယ်။ ဒါပေမဲ့ လမ်းမှားပြီး ကိုယ်တော့်ကို သစ္စာဖောက်မိမှာ စိုးတယ်။ ကျွန်မ ဘာလုပ်သင့်မှန်း မသိတော့ပါဘူး။ အမှားအမှန်ကို သိအောင်၊ ကျွန်မကို အသိဉာဏ်ဖွင့်ပေးပြီး လမ်းပြတော်မူပါ” ပေါ့။

ဆုတောင်းပြီးမှ ကျွန်မလည်း တဖြည်းဖြည်း ငြိမ်းချမ်းမှုလေး ရလာတယ်။ နောက်တော့ တစ်ခါတုန်းက အစ်မလျူ မိတ်သဟာယပြုခဲ့တာတစ်ခုက စိတ်ထဲ ပေါ်လာရော၊ ဘုရားသခင်ဆိုတာ ကျွန်မတို့ယုံကြည်ခြင်းမှာ အဓိပတိပဲ။ အရာခပ်သိမ်းက ဘုရားနှုတ်ကပတ်တော်တွေပေါ်မှာ အခြေခံရမယ်။ အထူးသဖြင့် လမ်းမှန်ကို စူးစမ်းတယ်ဆိုတဲ့ အရေးကြီးတဲ့ဟာမျိုးအတွက်ပေါ့။ ကျွန်မတို့က အရာရာတိုင်းမှာ တခြားလူတွေပြောတာပဲ နားထောင်တယ်ဆိုရင်၊ ကျွန်မတို့က လူတွေကို နာခံယုံကြည်နေတာပဲ။ အဲဒါဆို သခင့်လမ်းခရီးကို သွေဖည်သွားမှာ။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်ကြည့်တယ်။ သခင် ပြန်လာပြီလို့ ကြားရတဲ့အချိန်မှာ၊ ကျွန်မက သခင့်အလိုတော်ကို အရင်ဆုံး မရှာဖွေခဲ့ဘူး။ အဲဒါနဲ့ပတ်သက်ပြီး သခင့်နှုတ်ကပတ်တော်တွေက ဘာပြောလဲ၊ ဒါက ဘုရားဆီက လာတာလားဆိုတာလည်း သိအောင်မလုပ်ခဲ့ဘူး။ အဲဒီအစား သင်းအုပ်ကို ကိုးကွယ်ပြီး၊ သူ ပြောတာကိုပဲ နားထောင်မိတယ်။ အဲဒါက သခင့်အလိုတော် မဟုတ်ဘူးလေ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဝင်တွေနဲ့အတူ စည်းဝေးတဲ့အခါတိုင်း၊ သူတို့မိတ်သဟာယက အသိဉာဏ်ဖွင့်ပေးတာချည်းပဲ။ ကျမ်းစာနဲ့လည်း ကိုက်ညီတယ်။ ဘုရားအလိုတော်ကို သူတို့ရှင်းပြတာတွေကလည်း ရှင်းတယ်။ ဟိုအရင် ကျွန်မ လုံးဝမသိခဲ့တဲ့ သမ္မာတရားတွေကို စည်းဝေးပွဲတစ်ခုနှစ်ခုလောက်နဲ့ နားလည်သွားတာပါ။ ပြီးတော့ ဘုရားနဲ့ ပိုပြီး နီးကပ်လာတယ်၊ ကိုယ့်ယုံကြည်ခြင်းက ကြီးမားလာတယ်လို့ ခံစားခဲ့ရတယ်။ ဒါတွေက ဘုရားဆီက လာတယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ပါတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ အသင်းတော်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ပါလား၊ သမ္မာတရားရဲ့ အထောက်အပံ့ ရှိလားဆိုတာ ကျွန်မ မစဉ်းစားခဲ့ဘူး။ သင်းအုပ်က ကျမ်းစာကို သေချာသိတယ်လို့ပဲ ထင်လိုက်တာ။ ဒီတော့ သူ ပြောတဲ့ သခင် ပြန်မလာသေးဘူးဆိုတာကို ယုံခဲ့မိတာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ သမ္မာတရား ရှိတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ကျွန်မက အဲဒါကို မလေ့လာသေးတာပဲ။ အဲဒါက သင်းအုပ်ကိုပဲ ယုံကြည်နေတာ မဟုတ်ဘူးလား။ ဘုရားနောက် လိုက်နေတာ၊ ဘုရားကို ယုံကြည်နေတာ ဟုတ်ပါ့မလား။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ပြုခဲ့တဲ့အချိန်ကို ကျွန်မ စဉ်းစားမိတယ်။ ဗိမာန်တော်ထဲမှာ ဘုရားကို အစေခံကြတဲ့ ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ အားလုံးက ကျမ်းစာတွေ ပညတ်တွေကို အပြည့်အစုံ သိကြတယ်။ ဒါပေမဲ့ သူတို့က သခင်ယေရှုကို မေရှိယအဖြစ် အသိအမှတ်မပြုခဲ့ကြဘူး။ အဲဒီအစား ကိုယ်တော့်ကို တရားလွန် ဆန့်ကျင်ရှုတ်ချပြီးတော့၊ ကားတိုင်တင်ခဲ့ကြတာ။ ကျွန်မ နားလည်သွားတာက၊ ကျမ်းစာကို နှံ့စပ်တယ်ဆိုတာ ဘုရားကို သိတာနဲ့ မတူဘူး။ ကျွန်မက သင်းအုပ် ပြောတာတွေကို မျက်စိမှိတ် နားထောင်တယ်ဆိုရင်၊ ဘုရားအလိုတော်ကို ဖီဆန်မိသွားမယ်၊ ကိုယ်တော့်ကို ဆန့်ကျင်မိနိုင်တယ်။ အစ်မလျူနဲ့ အစ်ကိုတွမ်တို့နဲ့ပဲ စည်းဝေးပွဲတွေ ဆက်တက်မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြန်ကြွလာတဲ့သခင် ဖြစ်တယ်လို့ ဆုံးဖြတ်နိုင်ပြီဆိုရင် ကျွန်မ လက်ခံမယ်၊ ကိုယ်တော့်နောက် လိုက်မယ်ပေါ့။

စည်းဝေးပွဲ ထပ်လုပ်ကြတော့၊ ကျွန်မ မရေမရာဖြစ်နေတာတွေကို သူတို့ကို ဖွင့်ပြောလိုက်တယ်။ အဲဒီမှာ အစ်ကိုတွမ်က ပြောပြတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က လူတစ်ယောက်ကို ယုံကြည်နေတာပဲဆိုတာ၊ ညီမရဲ့သင်းအုပ်က ဘာကို အခြေပြုပြီး ပြောတာလဲ။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးပြီလား၊ ကိုယ်တော့်အမှုတော်ကို လေ့လာပြီးပြီလား။ အသင်းတော်ကို ဒီလိုရှုတ်ချတယ်ဆိုတော့၊ သူက ဘုရားကို ခုခံမိမှာ မကြောက်ဘူးလား ဖာရိရှဲတွေဆိုလည်း သခင်ယေရှုကို သာမန်လူတစ်ယောက်ဆိုပြီး ဝေဖန်ခဲ့ကြတာပဲ။ ကိုယ်တော် ဖော်ပြတဲ့ သမ္မာတရားတွေကို နားမထောင်ခဲ့ကြဘူး။ တရားလွန် ဆန့်ကျင်ရှုတ်ချကြတယ်။ နောက်ဆုံး ကိုယ်တော့်ကို ကားတိုင်တင်ဖို့ ပေါင်းကြံမိပြီး၊ ဘုရားရဲ့အပြစ်ဒဏ်ပေးခြင်း ခံရကြတာဒီနေ့ခေတ် ဆရာတော်တွေကလည်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားလား၊ ဘုရားရဲ့အသံတော်လားဆိုတာကို မစူးစမ်းကြဘူး။ ကိုယ်တော့်ကို ငြင်းပယ်တာ၊ ရှုတ်ချတာပဲ လုပ်ကြတယ်။ အဲဒါက ဖာရိရှဲတွေလုပ်ခဲ့တဲ့ အမှားနဲ့ အတူတူပဲမဟုတ်လား အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ပဲ လူ့ဇာတိခံဘုရားလား၊ ပြန်ကြွလာတဲ့ သခင်ယေရှုလားဆိုတာကို ဘာသာရေးလောကနဲ့ အစိုးရရဲ့ထောက်ခံမှုနဲ့ ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားလား၊ သူက ဘုရားရဲ့အမှုတော်ကို လုပ်ဆောင်သလားဆိုတာကို ကိုယ်တိုင် မြင်အောင်ကြည့်ရမှာ။ ဒါက အဓိကပဲ” တဲ့။ လူ့ဇာတိခံခြင်းဆိုတာကို သေချာရှင်းအောင်ဆိုပြီး၊ အစ်ကိုတွမ်က အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ပြီးတော့ အစ်ကိုတွမ်က ဒီမိတ်သဟာယကို ပေးတယ်၊ “လူ့ဇာတိခံဘုရားဆိုတာ လူ့ဇာတိကို ယူခြုံထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်ပဲ။ လူသားတွေကို ကယ်တင်ဖို့ ကမ္ဘာပေါ်မှာ အမှုတော်ပြု ဟောကြားရင်းနဲ့ သာမန်လူတစ်ယောက် ဖြစ်လာတာ။ လူ့ဇာတိခံဘုရားဆိုတာ တကယ်ကို သာမန်ရိုးရိုးပုံစံပါပဲ။ သူ့မှာ သာမန်လူ့သဘာဝရှိတယ်။ တခြားသာမန်လူတွေလိုပဲ ဝတ်ဆင် စားသောက်တယ်။ သူ့မှာ ပုံမှန်လူ့ခံစားချက်တွေလည်း ရှိတယ်။ ဒါပေမဲ့ သူ့ပင်ကိုသဘာဝက ဘုရားဖြစ်ခြင်းပဲ။ သူက လူသားကို အားဖြစ်စေဖို့၊ သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်တယ်။ ဘုရားကိုယ်တော်တိုင်ရဲ့ အမှုတော်ကို လုပ်ဆောင်တယ်။ ဘုရားရဲ့စိတ်သဘောထားနဲ့ ဘုရားရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကိုလည်း ဖော်ပြတယ်။ ဒါက ဘယ်လို ဖန်ဆင်းခံလူသားဖြစ်ဖြစ် မလုပ်နိုင်တာမျိုးပဲ သာမန်လူတစ်ယောက်လို ထင်ခဲ့ရတဲ့ သခင်ယေရှုလိုပဲပေါ့။ ဒါပေမဲ့ ကိုယ်တော်က သမ္မာတရားကို ဖော်ပြပြီး၊ နောင်တလမ်းကို ယူဆောင်ပေးခဲ့တယ်။ လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တယ်။ သနားကရုဏာနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ဘုရားရဲ့ စိတ်သဘောထားတွေကို ဖော်ပြခဲ့တယ်။ နာမကျန်းသူကို ပျောက်ကင်းစေတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေ အများကြီး ပြခဲ့တယ်။ ဥပမာ လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်တည်းနဲ့ ကျွေးပြတာ၊ ပင်လယ်တွေကို စကားတစ်ခွန်းတည်းနဲ့ ငြိမ်သက်စေတာ၊ သေသူကို ထမြောက်စေတာ၊ စသဖြင့်ပေါ့။ ကိုယ်တော်က ဘုရားရဲ့ တန်ခိုးတော်နဲ့ အာဏာကို ပြသခဲ့တာပဲ။ နောက်ဆုံး ကားတိုင်မှာ သံမှိုစွဲခံပြီးတော့၊ လူသားတွေကို အပြစ်ကနေ ရွေးနုတ်ပေးတဲ့ သူ့အမှုတော်ကို အပြီးသတ်ခဲ့တယ်။ သခင့်အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ၊ သူ ဖော်ပြခဲ့တဲ့ စိတ်သဘောထားတွေကတစ်ဆင့် သူဟာ လူ့ဇာတိခံဘုရားဖြစ်မှန်း ခရစ်တော်ဖြစ်ခဲ့မှန်း၊ ကျွန်တော်တို့ မြင်နိုင်ကြတယ် ဘုရားက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထပ်ပြီး လူ့ဇာတိခံယူလိုက်ပါပြီ။ သူက သခင်ယေရှုလိုပဲ အပြင်ပန်းအရ သာမန်လူတစ်ယောက်လို့ပဲ ထင်ရတယ်။ လူသားတွေကြားမှာပဲ အမှန်တကယ် နေထိုင်တယ်။ တန်ခိုးဣဒ္ဓိပါဒ်ဆိုတာတွေ မရှိဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားက လူသားတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ လူသားတွေကို အပြစ်ကနေ သန့်စင်ပေးပြီး၊ အပြည့်အဝ ကယ်တင်ဖို့၊ ဘုရားရဲ့နိုင်ငံတော်ဆီ လမ်းပြဖို့အတွက် ကိုယ်တော်က ဘုရားရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်တယ်။ လူသားတွေကို ကယ်တင်တဲ့ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ပတ်သက်တဲ့ နက်နဲမှုတွေအားလုံးကို အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ဖော်ထုတ်ပြတယ်။ အဲဒီမှာ ဘာတွေပါလဲဆိုရင်၊ ပညတ်တော်၊ ကျေးဇူးတော်နဲ့ နိုင်ငံတော်ခေတ်တွေအတွက် ဘုရားရဲ့အမှုတော် အဆင့်သုံးဆင့်အကြောင်း အဖြစ်မှန်၊ ပြီးတော့ အဲဒါတွေက ဘာကိုဖြစ်မြောက်စေလဲ၊ ဘုရားရဲ့နာမတော်တွေနဲ့ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေ၊ ဘုရားရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းရဲ့ အဓိပ္ပာယ်၊ ဘုရားက ခေတ်တစ်ခုကို ဘယ်လိုအဆုံးသတ်ပြီး၊ လူတွေကို အမျိုးအစားအလိုက် ဘယ်လိုခွဲခြားလဲ၊ ပြီးတော့ လူအမျိုးမျိုးရဲ့ အဆုံးသတ်တွေအကြောင်း၊ ခရစ်တော်ရဲ့နိုင်ငံတော်က ကမ္ဘာမြေပေါ် ဘယ်လိုပေါ်ပေါက်လာမှာလဲ၊ စသဖြင့်ပေါ့။ အနန္တတန်ခိုးရှင်ဘုရားက စာတန်ကြောင့် ဖြစ်လာတဲ့ လူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့၊ ဘုရားကို ခုခံတတ်တဲ့ မကောင်းတဲ့သဘာဝကိုလည်း ထုတ်ဖော်ပြထားတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မကောင်းတဲ့ စိတ်သဘောထားတွေကို မြင်လာကြတယ်။ မာနထောင်လွှားတာ၊ လိမ်ညာလှည့်ဖြားတာ၊ သမ္မာတရားကို မုန်းတီးတာမျိုးတွေပေါ့ ကိုယ်တော်က ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်ပြထားတယ်။ ကျွန်တော်တို့စိတ်သဘောထားတွေ ပြောင်းလဲစေဖို့ တိကျတဲ့လမ်းကိုလည်း ပြထားတယ်။ ပြောမယ်ဆို အများကြီးပါပဲ သမ္မာတရားကို ဖော်ပြနိုင်တာ၊ ဘုရားရဲ့စီမံခန့်ခွဲမှုအစီအစဉ်အကြောင်း နက်နဲမှုတွေကို ထုတ်ဖော်နိုင်တယ်ဆိုတာ၊ ဘုရားကလွဲရင် ဘယ်သူရှိမှာလဲ။ လူသားတွေကို သန့်စင်ကယ်တင်တဲ့ တရားစီရင်ခြင်းအမှုကို တခြားဘယ်သူက လုပ်နိုင်မှာလဲ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကို တခြားဘယ်သူက ထုတ်ဖော်နိုင်မှာလဲ။ ပြီးတော့ လူတွေရဲ့အဆုံးသတ်တွေကို ဘယ်သူက ဆုံးဖြတ်ပေးနိုင်လို့လဲ လူသားတွေကို ကယ်တင်ခြင်းအတွက် ဒီလို လက်တွေ့ကျတဲ့ အမှုတော်မျိုးကို လူ့ဇာတိခံဘုရားကပဲ လုပ်နိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေအားလုံးကို သခင့်ရဲ့ ရွေးနုတ်ခြင်းအမှုအပေါ် အခြေခံပြီး လုပ်ဆောင်တာပါ။ ဒါက ပိုပြီး အသစ်ဖြစ်တဲ့ မြင့်မားတဲ့ အမှုတော်အဆင့်တစ်ခုပဲ ဒါက သခင့်ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတာပါ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူ့ဇာတိခံဘုရား ဖြစ်တယ်၊ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေ သူ့ရဲ့ တရားစီရင်ခြင်းအမှုနဲ့ ပြသတဲ့ စိတ်သဘောထားတွေ အားလုံးက သက်သေပြတယ်။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ပါပဲ ခရစ်တော် ဟုတ်မဟုတ် ဆုံးဖြတ်တဲ့အခါမျိုးမှာ အပြင်ပန်းသွင်ပြင်နဲ့ အကဲဖြတ်လို့မရဘူး။ အဓိကအချက်က သူဟာ သမ္မာတရားကို ဖော်ပြလား၊ လူသားတွေကို ရွေးနုတ်ကယ်တင်နိုင်သလားဆိုတာပဲ။”

အစ်ကိုတွမ်ရဲ့မိတ်သဟာယက ကျွန်မကို တကယ် အားတက်စေတာပါ။ လူ့ဇာတိခံခြင်းဆိုတာ သာမန်လူတစ်ယောက်ရဲ့ဇာတိကို ယူခြုံထားတဲ့ ကောင်းကင်ဘုံက ဘုရားသခင်ပဲ။ ပုံမှန်လူတစ်ယောက်လို့ပဲ ထင်ရတယ်။ ဒါပေမဲ့ သူ့မှာ ဘုရားရဲ့အနှစ်သာရရှိတယ်။ သမ္မာတရားကို ဖော်ပြပြီး၊ ဘုရားကိုယ်တော်တိုင်ရဲ့ အမှုကို ပြုနိုင်တယ်။ ဒါက ဘယ်လူသားမှ မလုပ်နိုင်တာမျိုးပဲ။ ဒီ သမ္မာကျမ်းပိုဒ်ကိုလည်း ကျွန်မ သွားတွေးမိတယ်၊ “ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှတစ်ပါး အဘယ်သူမျှမသိ” (ကောရိန်သုသြဝါဒစာပထမစောင် ၂:၁၁) လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေကို လူ့ဇာတိခံတဲ့ ဘုရားကလွဲရင် တခြားဘယ်သူက ဒီလောက် ရှင်းပြနိုင်မှာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ သမ္မာတရားတွေကို မဖတ်ကြည့်ဘူးဆိုရင်၊ အပြင်ပန်းအရ ခရစ်တော်ကို သာမန်လူတစ်ယောက်လို့ပဲ အထင်မှားနိုင်တယ်။ အဲဒါဆို ဘုရားကို ငြင်းပယ်မိသွားမယ်၊ ဆန့်ကျင်မိသွားနိုင်တယ်။

နောက်တော့ အစ်မလျူက မိတ်သဟာယ ပေးတယ်။ သူ ပြောတာက၊ “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဟာ သမ္မာကျမ်းရဲ့ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတာ။ ကိုယ်တော်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ တဲ့။ ဂိုဏ်းဂဏအမျိုးမျိုးက ယုံကြည်သူအစစ်အမှန်တွေ တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးကြပြီ။ ဒါတွေက သမ္မာတရားပဲ၊ ဘုရားရဲ့အသံပဲဆိုတာ မြင်သွားကြလို့၊ သူတို့တွေက အနန္တတန်ခိုးရှင်ဘုရားဆီ ဦးလှည့်ကုန်ပါပြီ။ ကိုယ်တော့်အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ဘာသာရေးလောကတစ်ခုလုံးကို ကိုင်လှုပ်လိုက်တာပါ။ ဆရာတော်တွေလည်း ဒီအကြောင်းကို သေချာပေါက် ကြားပြီးကြပြီ။ ဒါဆို သူတို့က အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဘာလို့ မလေ့လာ မဖတ်ကြည့်ကြတာလဲ။ ဘာဖြစ်လို့ မရမက ဆန့်ကျင်နေကြတာလဲ သခင်ယေရှုက နာမကျန်းသူကို ပျောက်ကင်းစေတယ်၊ နတ်ဆိုးတွေကို နှင်တယ်၊ နောင်တလမ်းကို ဟောပြောတယ်၊ အဲဒါတွေက ဘုရားဆီက လာတယ်ဆိုတာ ဖာရိရှဲတွေ သိခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က သတိအထားလွန်ပြီး ကိုယ်တော့်ကို ငြင်းပယ်ကြတယ်။ လက်သမားသား နာဇရက်ဆိုပြီး ပြောခဲ့ကြတယ်။ ကိုယ်တော့်ကို တရားလွန် ဆန့်ကျင်ရှုတ်ချတဲ့အပြင်၊ ကားတိုင်တင်ဖို့အတွက် ရောမအစိုးရနဲ့ ပေါင်းကြံတဲ့အထိ ဖြစ်ခဲ့ကြတယ်။ သူတို့က ခရစ်တော်ကို ငြင်းပယ်ရှုတ်ချမိတယ်။ ကိုယ်တော့်ရန်သူတွေ ဖြစ်ကုန်ကြတယ်။ ဘုရားအမှုတော်အားဖြင့် ဖော်ထုတ်ခံရတဲ့ အန္တိခရစ်တွေ ဖြစ်ခဲ့ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပါပြီ။ အခုဆို သင်းအုပ်တွေ အကြီးအကဲတွေက၊ ကိုယ်တော်ဟာ တရားစီရင်ခြင်းအမှုပြုဖို့ သမ္မာတရားတွေကို ဖော်ပြမှန်း သိကြတယ်။ သူတို့က အဲဒါကို မစူးစမ်းတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ရှုတ်ချဖို့ ကောလာဟလတွေ ဖြန့်ကြတယ်။ သူတို့အသင်းတော်တွေမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေဖျက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကောလာဟလတွေ အလိမ်အညာတွေကို ဖြန့်တယ်။ သူတို့က ကိုယ်တော့်ကို ဆန့်ကျင်ဖို့၊ အဲဒီ ဘုရားမဲ့ပါတီနဲ့ ပူးပေါင်းကြတယ်။ သူတို့က သခင်ယေရှုကို ဆန့်ကျင်ခဲ့တဲ့ ဖာရိရှဲတွေနဲ့ ဘာများ ကွာခြားလို့လဲကျမ်းစာမှာ ပြောထားတယ်၊ ‘လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူ အများတို့သည် လောကထဲသို့ ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်း ဖြစ်၏။’ (ရှင်ယောဟန် သြဝါဒစာ ဒုတိယစောင် ၁:၇) ‘လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့ လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။’ (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၄:၃) ဆရာတော်တွေက ခရစ်တော်ကို ငြင်းပယ်တာပါ။ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ကို ရှုတ်ချပြီး၊ ဘုရားကို ခေါင်းမာမာနဲ့ ခုခံနေကြတာ။ သူတို့တွေက နောက်ဆုံးသောကာလမှာ ဘုရားရဲ့အမှုတော်အားဖြင့် ဖော်ထုတ်ခံရတဲ့ အန္တိခရစ်တွေ မဟုတ်ဘူးလား” တဲ့။

ကျွန်မ ဒွိဟဖြစ်နေတာတွေက နောက်ဆုံးတော့ အစ်မလျူရဲ့မိတ်သဟာယနဲ့ ရှင်းသွားတယ်။ ဆရာတော်တွေက ခရစ်တော်အကြောင်း လူ့ဇာတိခံခြင်းအကြောင်း ဘာမှမသိဘူးဆိုတာ နားလည်မိတယ်။ သူတို့က သခင်ယေရှုကို ယုံကြည်တာဆိုပေမဲ့၊ ကိုယ်တော့်အနှစ်သာရကို လုံးဝ မသိကြဘူး။ သခင်ယေရှုက အမှုတော်ပြုဖို့ လူ့ဇာတိနဲ့ ပြန်ကြွလာပြီ။ သမ္မာတရားတွေ အများကြီးကို ဖော်ပြနေတယ်။ ဒါပေမဲ့ သူတို့က မစူးစမ်းဘူး။ ကိုယ်တော့်ကို အသိအမှတ်တောင် မပြုဘူး။ ကိုယ်တော့်ကို မဆင်မခြင်နဲ့ ဆန့်ကျင်ရှုတ်ချတယ်။ သူတို့က ဘုရားရဲ့ရန်သူတွေပဲ။ ကျွန်မအနေနဲ့ သူတို့နောက် လိုက်လို့မဖြစ်တော့ဘူးဆိုတာ သိလိုက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံမှဖြစ်မယ်၊ ဘုရားရဲ့ခြေလှမ်းတွေကို အမီလိုက်ရမယ်။ သင်းအုပ်က ဘယ်လိုပဲလုပ်လုပ်၊ အနန္တတန်ခိုးရှင်ဘုရားနောက်ကို လိုက်မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

သိပ်မကြာဘူး၊ သင်းအုပ်က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ယုံကြည်တဲ့အကြောင်း သိသွားရော။ သူက ကျွန်မကို ချက်ချင်း ဒေါသတွေထွက်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့အတွက် ဝေဖန်တော့တာပဲ။ ကျွန်မက လူတစ်ယောက်ကို ယုံကြည်နေတာ၊ အဲဒါက မှားတယ်၊ ကျွန်မစိတ်ပြောင်းအောင် ကျွန်မယောကျ်ားကို ပြောခိုင်းမယ်ဆိုတာတွေပေါ့။ ကျွန်မယောက်ျားက သင်းအုပ်ရဲ့အလိမ်အညာတွေကို မချင့်ချိန်တတ်ဘူး။ ဒါနဲ့ ကျွန်မယုံကြည်တာကို နှောင့်ယှက်လာတယ်။ သူ့ပုံစံက အရင်နဲ့ လုံးဝ မတူတော့တာမျိုးပဲ။ ကျွန်မ စည်းဝေးပွဲတစ်ခုက ပြန်လာမှန်း သိပြီဆိုရင်၊ ဒေါသတွေထွက်ပြီး ပစ္စည်းတွေကို လွှင့်ပစ်တယ်။ ကျွန်မယုံကြည်တာကို အကျပ်ကိုင်တဲ့သဘောနဲ့၊ မိသားစုစီးပွားရေးကိုတောင် သူက ဂရုမစိုက်တော့ဘူး။ ကျွန်မအတွက် အဲဒါက တော်တော် ဝမ်းနည်းခဲ့ရတယ်။ သင်းအုပ်ရဲ့မိန်းမကလည်း ကျွန်မကို တားဖို့ကြိုးစားတယ်လေ။ သူက ကျွန်မတို့အိမ်ကို လာရင် အကြာကြီးနေတာ။ သူ့ကို အဖော်လုပ်ပေးရမယ်ဆိုတော့၊ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ မဖတ်နိုင်တော့ဘူး။ အိမ်အလုပ်ကိုတောင် အလျင်မမီနိုင်တော့ဘူး။ ကျွန်မကို တကယ် အနှောင့်အယှက်ပေးခဲ့ကြတာ။

သင်းအုပ်ရဲ့လုပ်ရပ်တွေကို ကျွန်မ တကယ် ဒေါသဖြစ်မိတယ်။ သူက သခင်ယေရှု ပြန်လာတာကို မစူးစမ်းဘူး၊ ကျွန်မကိုလည်း လမ်းမှန်ကို လက်မခံမိအောင်၊ အလိမ်အညာတွေနဲ့ လှည့်စားဖို့ ကြိုးစားတယ်။ ကျွန်မကို နှောင့်ယှက်ဖို့ ကျွန်မယောက်ျားကိုတောင် အသုံးချတယ်။ ဘုရားရဲ့ကယ်တင်ခြင်းကို ကျွန်မ ဆုံးရှုံးအောင်ပေါ့လေ။ ဘယ်လောက် ရွံစရာကောင်းလဲ။ သခင်ယေရှုက ဖာရိရှဲတွေကို ဖော်ထုတ်ပြီး ရှုတ်ချခဲ့တာတွေကို ကျွန်မ တွေးမိတယ်၊ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃) ဒီနေ့ခေတ် သင်းအုပ်တွေ အကြီးအကဲတွေလည်း အဲဒီလိုပဲလို့ ကျွန်မ ခံစားမိလိုက်တယ်။ သူတို့က ဘုရားရဲ့အသံကို ကြားမှာမဟုတ်ဘူး၊ သခင့်ကို ကြိုဆိုမှာမဟုတ်ဘူး။ သခင့်ကို ကြိုဆိုပြီး ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်ချင်တဲ့ ကျွန်မတို့ကို နှောင့်ယှက်ဖို့ပဲ အလိမ်အညာတွေ ဖြန့်ဝေကြတယ်။ ကျွန်မတို့ကို သူတို့နဲ့အတူ ငရဲမှာ အပြစ်ဒဏ်ပေး ခံရစေချင်တာ။ သူတို့နဲ့အတူ မြေမြှုပ်ခံရစေချင်တာ။ နိုင်ငံတော်ဆီ သွားတဲ့လမ်းမှာ သူတို့က အတားအဆီးတွေပဲ။ ကျွန်မတို့စိတ်ကို ဝါးမျိုနေတဲ့ အန္တိခရစ်တွေ၊ နတ်ဆိုးတွေပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်ဆိုသလိုပေါ့၊ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) သင်းအုပ်ရဲ့ မရိုးသားတဲ့၊ သမ္မာတရားကို မုန်းတီးတဲ့ ပင်ကိုသဘာဝကို ကျွန်မ ကောင်းကောင်းသိသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်နောက် လိုက်ဖို့လည်း ပိုပြီးတော့ စိတ်ပါလာတယ်။ ကျွန်မက သင်းအုပ်တွေကို အမြဲတမ်း ကိုးကွယ်ခဲ့တာပါ။ ကျမ်းစာကို သိပြီး၊ ဘုရားကို အစေခံတဲ့ ဒီလူတွေက တကယ်တော့ ဘုရားရဲ့နိုင်ငံတော်ထဲ ယုံကြည်သူတွေ ဝင်ရောက်မှာကို ပိတ်ပင်နေတဲ့ သမ္မာတရားကို မုန်းတီးတဲ့ အန္တိခရစ်တွေဖြစ်မှန်း ကျွန်မ လုံးဝ မထင်ခဲ့မိဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အမှုတော်ပြုတာတွေ၊ အသင်းတော်တွေမှာ ပုန်းနေတဲ့ ဒီလို မိစ္ဆာအစေခံတွေ၊ အန္တိခရစ်တွေကို ဖော်ထုတ်တာတွေ မလုပ်ခဲ့ဘူးဆိုရင်၊ ကျွန်မတောင် ဘာမှမသိလိုက်ဘဲ၊ သင်းအုပ်က ကျွန်မကို ဖျက်ဆီးသွားလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံမိသွားတယ်ဆိုတာ၊ ဘုရားရဲ့ သနားကရုဏာနဲ့ ကယ်တင်ခြင်းပါပဲ။

အဲဒီနောက်ပိုင်း ကျွန်မက ဘုရားကို အားထားပြီး သက်သေခံတယ်။ ကျွန်မယောက်ျားလည်း နှောင့်ယှက်တာတွေ ရပ်သွားတယ်။ အခုဆို ညီအစ်ကိုမောင်နှမတွေနဲ့အတူ စည်းဝေးပွဲတွေ တက်တယ်။ အသင်းတော်မှာ ကိုယ့်တာဝန်ကို လုပ်တယ်။ ကျွန်မရင်ထဲမှာ ငြိမ်းချမ်းတာရော ပျော်တာရော အပြည့်ပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကျေးဇူးပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နာမတော်တို့၏ နက်နဲမှု

“ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော...

အပြစ်မှ သန့်စင်ခံရဖို့လမ်းကို ကျွန်မ တွေ့ခဲ့ပြီ

“စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။