နောက်ဆုံးမှာတော့ သန့်စင်ခြင်းသို့သွားရာလမ်းကို ရှာတွေ့ခဲ့ပါပြီ

10.03.2022

ချန်လျှံ အမေရိကန်နိုင်ငံ

ကျွန်တော်က ကက်သလစ်မိသားစုမှာ မွေးဖွားခဲ့ပြီးတော့ အသက် ၁၃ နှစ်အရွယ်မှာ ဘာသာရေးအကျဥ်းချုပ်အမေးအဖြေများကိုလေ့လာခဲ့ပြီး နှစ်ခြင်းခံယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘုရားသခင်ကို အစေခံဖို့အတွက် ဘုန်းတော်ကြီးဖြစ်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် အသက် ၂၂ နှစ်မှာ ကျမ်းစာကျောင်းကိုတက်ခဲ့ပြီးတော့ ဘာသာရေးပညာရပ်၊ ကျမ်းစာနဲ့ တခြားဘာသာရပ်တွေကိုလည်း လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အချိန်သာကြာလာတယ်၊ ကျွန်တော်ဘုရားသခင်နဲ့နီးစပ်လာတယ်လို့ မခံစားရသေးဘဲနဲ့ အိမ်ထောင်ပြုပြီး မိသားစုတည်ထောင်ချင်တဲ့စိတ်ပဲ ဖြစ်နေတယ်။ ကျွန်တော်အကြိမ်ကြိမ်ဆုတောင်းပေမယ့်လည်း အဲဒီစိတ်ကို မတားဆီးနိုင်ဘူးဖြစ်နေတယ်။ ကောင်းကင်နိုင်ငံတော်ကို ရောက်အောင်လို့ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ဗြဟ္မစရိယကျင့်မယ်လို့ သစ္စာဆိုခဲ့တယ်။ ဒါပေမဲ့ အဲဒီဆက်ကပ်မှုကို ကျွန်တော် စွန့်ပစ်ချင်ခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ကို ပြစ်မှားပြီး လိမ်ညာတာပဲမဟုတ်ဘူးလား။ ကျွန်တော်ဘယ်လိုလုပ် ဘုရားသခင်ရဲ့နိုင်ငံတော်ကိုရောက်ပါ့မလဲ။ ကျွန်တော်ဘာသာရေးကျောင်းမှာ ၁၀ နှစ်တက်ခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ အင်ဒိုနီးရှားမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို တစ်နှစ်သွားခဲ့တယ်၊ ဒါပေမဲ့ ညစ်ညမ်းတဲ့အတွေးတွေကတော့ အချိန်နဲ့အမျှ ရှိနေတုန်းပါပဲ။ ကျွန်တော်တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ လေ့လာသင်ယူပြီးတော့ ဘုရားကျောင်းပုံမှန်တက်တဲ့ သာမာန်လူတစ်ယောက်အဖြစ်သာ နေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ အိမ်ပြန်ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နေ့စဥ်ဘဝမှာတော့ ဘာမှအရေးမပါတဲ့ အိမ်ထောင်ရေးကိစ္စတွေနဲ့ ခဏ ခဏ စကားများရပြီးတော့ ကျွန်တော်ကလည်း သိပ်စိတ်မရှည်ဘူး။ တစ်ခါတလေကျရင် ကျွန်တော့်ကိုယ်ကျိုးကို ကာကွယ်ဖို့ လိမ်တယ်။ အဲဒီအရာတွေအတွက် ဝန်ချတောင်းပန်ဖို့ ဘုရားသခင်ရှေ့မှောက်ကို သွားခဲ့ပေမယ့်လည်း အဲဒါတွေကို ကျွန်တော်ဆက်လုပ်နေခဲ့မိတယ်။ ပွဲတော်တွေသွားပြီး၊ ပိုပြီးတော့ ဆုတောင်းပြီး ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ ဆက်ဆံရေးကို ပြုပြင်ချင်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့ပြဿနာတွေကတော့ ပြေလည်မသွားခဲ့ပါဘူး။

အဲဒီလိုနဲ့ ၂၀၁၄ ခုနှစ်မှာ ကျွန်တော် အမေရိကန်ပြည်ထောင်စုကို လာခဲ့တယ်။ ပွဲတော်မှာ ပုံမှန်ဘုရားကျောင်းတက်တဲ့သူတွေဖြစ်တဲ့ လီနဲ့ လုတို့နဲ့ တွေ့ခဲ့ရတယ်။ အခါအခွင့်သင့်တာနဲ့ ယုံကြည်သက်ဝင်မှုနဲ့ ပတ်သက်တာတွေကို သူတို့နဲ့ဆွေးနွေးဖြစ်ပါတယ်။ တစ်ခါက သမ္မာကျမ်းစာအကြောင်းပြောကြရင်းနဲ့ လုက သမ္မာကျမ်းစာကိုကျွမ်းကျင်ပြီးတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကိုလည်းယုံကြည်တဲ့ ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ သင်းထောက်ဆရာတစ်ယောက်ကို သူသိတယ်လို့ ပြောတာကိုသွားသတိရတယ်။ စိတ်ဝင်စားနေတဲ့ တခြား အသင်းတော်အဖွဲ့ဝင်နှစ်ယောက်ကလည်း ပါဝင်ခဲ့တယ်လို့ သူကပြောတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆိုတာ ဘယ်လိုအသင်းတော်မျိုးလဲဆိုတာနဲ့ ဘာလို့ စိတ်ဝင်တစား ယုံကြည်သူတွေ တိုးလာတာလဲဆိုတာကို သူကသိချင်နေတယ်။ ကျွန်တော်လည်းနားမလည်ခဲ့ဘူး။ ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး အရှေ့အရပ်မှ လျှက်ပြက်ခြင်းကိုလည်းယုံကြည်တဲ့ သင်းထောက်ဆရာတစ်ယောက်ကို ကျွန်တော်လည်းတွေ့ခဲ့ဖူးတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘယ်လိုတရားတွေဟောပြီး ဘာလို့ ဘာသာတရားကိုင်းရှိုင်းတဲ့ ခရစ်ယာန်တွေအများကြီးကို ဆွဲဆောင်တာလဲ ကျွန်တော် မသိခဲ့ဘူး။ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လှုံ့ဆော်မှုကြောင့်များလားပေါ့။ အဲဒီအသင်းတော်က ဟောတဲ့တရားတွေက ဘာတွေများထူးခြားနေလဲ လေ့လာကြည့်မယ်လို့ စဥ်းစားခဲ့တယ်။ ကျွန်တော့်ရဲ့ဝတ်ပြုဆုတောင်းခြင်းနဲ့ ဘုရားသခင်ကို သိရှိခြင်းကိုရော အထောက်အကူများဖြစ်မလားပေါ့။ အဲဒါနဲ့ ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လေ့လာကြည့်ချင်တယ်လို့ လီနဲ့ လုကိုပြောခဲ့တယ်။ သူတို့ကလက်ခံတယ်။

ကျွန်တော်တို့သွားကြတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ ဆိုတဲ့ဗီဒီယိုကို ကျွန်တော်တို့ကို အစ်မတစ်ယာက်ကဖွင့်ပြပါတယ်။ အဲဒါကိုကြည့်ပြီးတော့ ကျွန်တော်အကြာကြီးမျှော်လင့်ခဲ့သလို သခင်ယေရှုပြန်ကြွလာခဲ့ပြီဆိုတာကို သိခဲ့ရပါတယ်။ သူက တရားစီရင်ခြင်းအလုပ်ကိုလုပ်ဆောင်ဖို့ သမ္မာတရားတွေကို ဖော်ပြနေတဲ့ လူ့ဇာတိခံယူထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ပါပဲ။ အဲဒါကြောင့် သမ္မာတရားကို ချစ်မြတ်နိုးပြီး ဘုရားသခင်ရဲ့ပေါ်ထွန်းမှုကို လိုလားတဲ့ ဘာသာရေးဂိုဏ်းခွဲတွေအကုန်လုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြတယ်၊ အဲဒါတွေဟာ သမ္မာတရားဟုတ်မဟုတ် ဘုရားသခင်ရဲ့အသံတော်ဟုတ်မဟုတ်ကို လေ့လာကြပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လက်ခံကြပါတယ်။ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိတရားဟာ အရှေ့တိုင်းက တရုတ်ပြည်ကနေ အနောက်နိုင်ငံတွေအများကြီးကို ပျံ့နှံ့နေပြီဖြစ်ပါတယ်။ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ဖြစ်တဲ့ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ကိုဖြည့်ဆည်းရာလည်းရောက်ပါတယ်။ အဲဒီဟောကိန်းက ဒီလိုမျိုးဖြစ်လာတာကို ကျွန်တော်တကယ်အံ့သြမိတယ်။ ကျွန်တော်ဒါတွေကို နှစ်နဲ့ချီဖတ်ခဲ့ပေမယ့် နားမလည်ခဲ့ဘူး။

အဲဒါပြီးတော့ အစ်ကိုတစ်ယောက်က သမ္မာကျမ်းစာနှင့် ဘုရားသခင်ဆိုတဲ့ ဧဝံဂေလိရုပ်ရှင်တစ်ခုကို ဖွင့်ပြတယ်။ အဲဒါကိုကြည့်ရတော့ ကျွန်တော်ပိုပြီးခံစားမိသလို သမ္မာကျမ်းစာထဲမှာ ထူးခြားဆန်းကျယ်မှုတွေ အများကြီးရှိတာကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်တော်ဘာသာရေးစာအုပ်တွေ အများကြီးဖတ်ဖူးတယ် ဒါပေမဲ့ သမ္မာကျမ်းစာရဲ့နောက်ကွယ်က အမှန်တရားတွေ၊ အဲဒါကဘယ်လိုဖြစ်ပေါ်လာပြီး ဘုရားသခင်နဲ့ဘယ်လိုပတ်သက်မှုရှိလဲဆိုတာတွေကို ဘယ်ဘာသာရေးလေ့လာသူတွေနဲ့ သမ္မာကျမ်းစာပညာရှင်တွေကမှ သေချာမရှင်းပြနိုင်ခဲ့ဘူး။ အဲဒီရုပ်ရှင်ကနေပြီး ကျွန်တော်အများကြီးသိလိုက်ရတယ်။ စိတ်အားထက်သန်တဲ့ ယုံကြည်သူတွေ အများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားပြီးရင် ဘာလို့သူ့ကိုလက်ခံသွားကြတာလဲဆိုတာကို ကျွန်တော်သိသွားပြီ။ ကျွန်တော်လည်း လေ့လာမှဖြစ်တော့မယ်ပေါ့။

အဲဒါပြီးတော့ လူသားမျိုးနွယ်ကို အပြီးတိုင်ကယ်တင်ပြီး သန့်စင်စေဖို့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားတွေကို ဖော်ပြတယ်လို့ သူတို့ကပြောတယ်။ ကျွန်တော်နည်းနည်းရှုပ်သွားတယ်၊ ဘာလို့လဲဆိုတော့ လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုက “အမှုပြီးပြီ(ရှင်ယောဟန်ခရစ်ဝင် ၁၉:၃၀) လို့မိန့်ထားတယ်။ ဒါက ဘုရားသခင်ရဲ့ လူသားတွေကိုကယ်တင်ဖို့ လုပ်ဆောင်မှုပြီးမြောက်သွားပြီလို့ ပြောတာမဟုတ်ဘူးလား။ အဲဒါဆို ဘာလို့ဘုရားသခင်က လူသားတွေကို ကယ်တင်ပြီးတော့ သန့်စင်စေဖို့ တရားစီရင်ဖို့လိုဦးမှာလဲ။ ကျွန်တော်သိချင်မိတယ် ဒါပေမဲ့ အချိန်ကနောက်ကျနေတာနဲ့ နောက်ရက်မှပြန်လာဖို့ စီစဥ်ခဲ့တယ်။ အိမ်အပြန်လမ်းမှာ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။ အဲဒီနေ့ကမိတ်သဟာယမှာ ကျွန်တော်တော်တော်လေးသိခဲ့ရပြီးတော့ သခင်နဲ့ပိုနီးစပ်လာတယ်လို့ ခံစားခဲ့ရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ သခင့်ရဲ့လုပ်ဆောင်မှုတွေ ပါဖို့ ဖြစ်နိုင်ခြေရှိတယ်။ သခင်က တကယ်ကိုပြန်ကြွလာခဲ့ပြီး ပေတရုလိုမျိုး သခင့်ဘေးမှာ ကျွန်တော်အတူရှိခွင့်ရရင် အရမ်းကောင်းမှာပဲလို့ပေါ့။ အဲဒီအတွေးကြောင့် နောက်နေ့ တွေ့ဆုံပွဲအတွက် ပိုပြီးစိတ်လှုပ်ရှားမိပါတယ်။

နောက်နေ့မှာ ကျွန်တော် အလုပ်ပြီးတာနဲ့ ကျွန်တော်တို့တွေ့မယ့်နေရာကို အမြန်သွားခဲ့ပြီးတော့ အစ်မကို ချက်ချင်းပဲမေးခဲ့တယ်၊ “တရားစီရင်တဲ့အလုပ်ကို လုပ်ဆောင်ဖို့ သခင်ယေရှုပြန်ကြွလာခဲ့ပြီးတော့ သမ္မာတရားတွေကို ဖော်ပြနေတယ်လို့ အစ်မပြောတယ်နော်။ ဒါပေမဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ‘အမှုပြီးပြီ’ လို့မိန့်ထားတယ်။ အဲဒါက ဘုရားသခင်ရဲ့ လူသားတွေကို ကယ်တင်တဲ့လုပ်ဆောင်မှုဟာ ပြီးမြောက်ခဲ့ပြီလို့ပြောတာပဲ။ ကျွန်တော်တို့ရဲ့ယုံကြည်မှုကနေတစ်ဆင့် ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ။ ယုံကြည့်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ပြီး ကယ်တင်ခြင်းကိုခံလိုက်ရပြီ။ ပြီးတော့ သခင်ပြန်လည်ပေါ်ထွန်းရင် ကျွန်တော်တို့ကို သူ့ရဲ့နိုင်ငံတော်ကို တန်းခေါ်သွားမှာ။ သူကဘာလို့ ကယ်တင်ခြင်းအမှုကို ထပ်ပြုဦးမှာလဲ။ ဒါရဲ့နောက်ကွယ်ကအဓိပွါယ်ကဘာလဲ။” ပေါ့။

သူကပြောတယ်၊ “သခင်ယေရှု ‘အမှုပြီးပြီ’ လို့မိန့်တာက သူ့ရဲ့ရွေးနုတ်ခြင်းအမှု ပြီးပြီလို့ပြောတာပါ။ ဘုရားသခင်ရဲ့ လူသားတွေကို ကယ်တင်မယ့်အမှုတော်အားလုံး ပြီးဆုံးပြီလို့ မဆိုလိုပါဘူး။ သခင်ယေရှုက ‘အမှုပြီးပြီ’ လို့ပြောခဲ့လို့သာ သူပြန်ကြွလာရင် အမှုတော်အသစ်မလုပ်ဆောင်ဘူး၊ ဘုရားသခင်ရဲ့ လူသားတွေကို ကယ်တင်မယ့်အမှုတော်ပြီးမြောက်ပြီလို့ ကျွန်မတို့ယူဆမယ်ဆိုရင် ဒီ ပရောဖက်ပြုချက်တွေက ဘယ်လိုလုပ်ပြည့်စုံမှာလဲ။ ‘ငါသည် သင်တို့အား ပြောစရာ အကြောင်းအရာများစွာ ရှိသေးသော်လည်း သင်တို့သည် ယခုခံယူနိုင်ကြမည်မဟုတ်။ သမ္မာတရား၏ဝိညာဉ်တော် ကြွလာတော်မူသောအခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် မိမိ၏အခွင့်အာဏာအလျောက် ဟောပြောလိမ့်မည်မဟုတ်။ သို့သော် ထိုအရှင်သည် မိမိကြားသိရသော အကြောင်းအရာများကို ဟောပြောတော်မူလိမ့်မည်။ ထို့ပြင် ထိုအရှင်သည် နောင်ဖြစ်လတ္တံ့သော အကြောင်းအရာတို့ကို သင်တို့အား ပြောကြားတော်မူလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) လို့ ပရောဖက်ပြုခဲ့တယ်။ ‘ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ရှင်ပေတရုဩဝါဒစာပဌမစောင် ၄း၁၇ မှာလည်း ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။’ ဒီဟောကိန်းတွေက နောက်ဆုံးသောကာလမှာ သခင်ဟာ လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားတွေကို ထပ်ဖော်ပြပြီး အလုပ်လုပ်လိမ့်မယ်လို့ ပြောထားတယ်။ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအမှုတော်က လုံးဝ ပြီးသွားပြီလို့ပြောမယ်ဆိုရင် ဒီဟောကိန်းတွေက ဘယ်လိုလုပ်ဖြစ်လာပါတော့မလဲ။ သမ္မာကျမ်းစာက နောက်ဆုံးသောကာလမှာ သခင်က အစေခံကောင်းနဲ့ အစေခံဆိုး၊ သိုးနဲ့ဆိတ်၊ ဂျုံနဲ့ ပေါင်းပင်၊ အမြော်အမြင်ရှိတဲ့ အပျိုစင်တွေနဲ့ မိုက်မဲသူတွေကို ခွဲခြားလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ထားတယ်။ သခင်ယေရှုမိန့်ခဲ့သလိုပဲ- ‘ကိုယ်တော်ကလည်း ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။ လယ်ကွင်းကား ဤကမ္ဘာလောကပေတည်း။ ကောင်းသောမျိုးစေ့သည်ကား နိုင်ငံတော်သားများ ဖြစ်ကြ၏။ ပေါင်းပင်များကား နတ်ဆိုး၏သားများ ဖြစ်ကြ၏။ ယင်းမျိုးစေ့များကိုဲသော ရန်သူကား နတ်ဆိုးပင်ဖြစ်၏။ စပါးရိတ်သိမ်းချိန်ကား ဤကမ္ဘာကုန်သောအချိန်ဖြစ်၏။ ရိတ်သိမ်းသောသူများသည်ကား ကောင်းကင်တမန်တော်များဖြစ်၏။ ပေါင်းပင်များကို စုသိမ်းပြီး မီးရှို့ရသကဲ့သို့ ကမ္ဘာကုန်သောကာလ၌လည်း ထပ်တူဖြစ်လိမ့်မည်။ လူသားသည် မိမိ၏ကောင်းကင်တမန်တော်တို့ကို စေလွှတ်တော်မူ၍ သူတို့သည် မှားယွင်းစေသော အရာရှိသမျှနှင့် အပြစ်ကျူးလွန်သူအားလုံးတို့ကို ကိုယ်တော်၏နိုင်ငံတော်မှ ထုတ်ပယ်ပြီ။ ၎င်းတို့ကို တောက်လောင်နေသော မီးဖိုထဲသို့ ပစ်ချလိမ့်မည်။ ထိုနေရာ၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့်မည်။ ထို့နောက် ဖြောင့်မတ်သောသူတို့သည် မိမိတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေ။(ရှင်မဿဲခရစ်ဝင် ၁၃:၃၇-၄၃) ဗျာဒိတ်ကျမ်းမှာ နောက်ဆုံးသောကာလမှာ ဘုရားသခင်က အောင်မြင်သောသူတွေကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ သူ့ရဲ့နိုင်ငံတော်ဟာ ကမ္မာကိုကြွလာမယ်လို့ ဟောကိန်းထုတ်ထားတယ်။ နောက်ဆုံးသောကာလမှာ သခင်လုပ်ဆောင်မှာက အဲဒါပါပဲ။ သခင်ယေရှုက သူ့ရဲ့အမှုတော်ပြီးသွားလို့သာ ဘုရားသခင်ရဲ့လူသားတွေကိုကယ်တင်ဖို့ လုပ်ဆောင်မှု အကုန်ပြီးသွားပြီလို့ ပြောမယ်ဆိုရင် ဒီဟောကိန်းတွေက ဘယ်လိုလုပ်ဖြစ်လာတော့မလဲ။ အဲဒီတော့ ဒီလိုနားလည်ထားမှုက သခင့်ရဲ့နှုတ်ကပတ်တွေ၊ ဘုရားသခင် လုပ်ဆောင်မှုရဲ့ တကယ့်လက်တွေ့ပုံစံတွေနဲ့ အရှင်းကြီးကွဲလွဲနေပါတယ်” တဲ့။

ကျွန်တော် ခေါင်းတညိမ့်ညိမ့်နဲ့ နားထောင်ခဲ့တယ်။ သူပြောတာမှန်တယ်လို့လည်း ခံစားရတယ်။ ဒီလောက်အရှင်းကြီးကို ငါဘာလို့မမြင်ခဲ့ပါလိမ့်ပေါ့။ သူကပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တချို့ကိုဖတ်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

ဗီဒီယိုပြီးတော့ သူက ဒီမိတ်သဟာယကို မျှဝေခဲ့ပါတယ်၊ “ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုဟာ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ အဲဒီတော့ သူ့ကိုယုံကြည်နေသရွေ့၊ ဆုတောင်း၊ ဝန်ချတောင်းပန်နေသရွေ့ ကျွန်မတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးမှာပဲ။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်မတို့ ခံစားနိုင်ပြီးတော့ ပညတ်တော်အရ အပြစ်ပေးခံရမှာမဟုတ်ပါဘူး။ အဲဒါက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကနေ ရရှိခဲ့တဲ့အရာဖြစ်ပြီး ‘ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်း’ ရဲ့တကယ့်အဓိပ္ပါယ်ပါပဲ။ ကျွန်မတို့ရဲ့အပြစ်တွေကို သခင်ယေရှုကခွင်လွှတ်လိုက်ပြီးတော့ သိသာတဲ့အပြစ်တွေကို ကျွန်မတို့ကလည်း ထပ်မကျူးလွန်တော့ဘဲနဲ့ များသောအားဖြင့် လိမ်မာလာကြတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အပြစ်မကင်းသေးပါဘူး ကျွန်မတို့ဟာ ကိုယ်ကျိုးအတွက် လိမ်လည်လှည့်ဖျားတုန်းပဲ၊ လောဘကြီး၊ မနာလို၊ အမုန်းတရားထားပြီးတော့ ဆိုးယုတ်တဲ့အတွေးတွေ ကိန်းအောင်းနေကြတယ်။ လောကီဆိုင်ရာ ရေပန်းစားတဲ့အရာတွေရဲ့ ဖျားယောင်းမှုကို ကျွန်မတို့မလွန်ဆန်နိုင်ဘူး။ ငွေမက်ကြပြီးတော့ မာန်မာနထောင်လွှားကြတယ်။ ကျွန်မတို့မကြိုက်တာကိုလုပ်တဲ့သူတွေကို အထက်စီးကနေ ကျွန်မတို့ အပြစ်တင်ကြတယ်။ ကျွန်မတို့မှာ မာန်မာနကြီးမှုနဲ့ လိမ်လည်လှည့်ဖျားတတ်မှုလိုမျိုး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေပါတယ်။ ကျွန်မတို့က သမ္မာတရားကို စိတ်ကုန်လာပြီးတော့ မကောင်းမှုမှာ ပျော်မွေ့လာကြတယ်။ အပြင်လောကကလာတဲ့ အပြစ်တွေထက် အဲဒီဆိုးယုတ်တဲ့သဘောထားတွေက ပိုပြီးအခိုင်အမာအမြစ်တွယ်နေတယ်။ အဲဒါတွေကို စာတန်ကကျွန်မတို့ရင်ထဲမှာ မျိုးစေ့ချပေးထားပြီးတော့ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်းနဲ့ အပြစ်တွေကျူးလွန်ခြင်းရဲ့ ဇာစ်မြစ်ပါပဲ။ အဲဒါတွေကို မဖြေရှင်းနိုင်သရွေ့တော့ ကျွန်မတို့ အပြစ်တွေကိုကျူးလွန်နေပြီးတော့ အပြစ်တွေရဲ့ချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်ဦးမှာမဟုတ်ပါဘူး။ သမ္မာကျမ်းစာမှာ ‘ငါသည် သန့်ရှင်းမွန်မြတ်သောကြောင့် သင်တို့သည် သန့်ရှင်းမွန်မြတ်ကြလော့(ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၁၆) လို့ပြောထားတယ်။ ဘုရားသခင်က သန့်ရှင်းတာကြောင့် သူ့ရဲ့နိုင်ငံတော်ကလည်းသန့်ရှင်းပါတယ်။ ညစ်ညမ်းတဲ့လူသားတွေကို သူကပေးဝင်လို့မရပါဘူး။ နေ့စဥ်အပြစ်တွေကျူးလွန်နေတဲ့ ကျွန်မတို့ဟာ အပြစ်တရားရဲ့ အစေခံတွေပါပဲ။ ဒါကြောင့် ကျွန်မတို့က ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဘယ်လိုလုပ်ရောက်ထိုက်ပါ့မလဲ။ အဲဒီတော့ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက ဘုရားသခင်ရဲ့လူသားတွေကိုကယ်တင်ခြင်းရဲ့ တစ်ပိုင်းပဲရှိသေးတယ်၊ အကုန်မဟုတ်သေးဘူး။ ကျွန်မတို့ရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပေမယ့် ကျွန်မတို့က အပြစ်ကနေ မလွတ်မြောက်သေးသလို စာတန်ရဲ့လွှမ်းမိုးမှုကိုလည်း မတွန်းလှန်နိုင်သေးပါဘူး။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို အပြည့်အဝမကယ်တင်ရသေးပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာပေါ်ထွန်းလာခဲ့တယ်။ ဘုရားသခင်ကိုဆန့်ကျင်နေတဲ့ ကျွန်မတို့ရဲ့ အပြစ်ကျူးလွန်တတ်တဲ့ ဆိုးယုတ်တဲ့သဘာဝကို ဖြေရှင်းပြီး ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောားတွေကို သန့်စင်စေဖို့ သမ္မာတရားတွေကို ဖော်ပြပြီးတော့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တယ်။ အဲဒါမှကျွန်မတို့ အပြစ်တရားရဲ့ချုပ်နှောင်မှုကနေလွတ်မြောက်ပြီးတော့ အပြည့်အဝကယ်တင်ခြင်းကိုခံရပြီး ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်ခွင့်ရမှာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုနဲ့ လုပ်ဆောင်မှုက အစေခံကောင်းနဲ့ အစေခံဆိုး၊ သိုးနဲ့ဆိတ်၊ ဂျုံနဲ့ တောပင်၊ အမြော်အမြင်ရှိတဲ့ အပျိုစင်နဲ့ မိုက်မဲတဲ့ အပျိုစင်တွေကိုလည်း ဖော်ထုတ်ခဲ့တယ် သခင့်ရဲ့အသံတော်ကို နားထောင်ဖို့ငြင်းတဲ့သူတွေ၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို ငြင်းဆန်ရှုံ့ချတဲ့သူတွေဟာ နောက်ဆုံးမှာတော့ ကပ်ဘေးတွေကျရောက်ပြီး အံ့ကြိတ်ငိုကျွေးကြရမယ့် မိုက်မဲတဲ့အပျိုစင်တွေ၊ တောပင်တွေ၊ အစေခံဆိုးတွေဖြစ်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်ပြုပြီးတော့ နောက်ဆုံးသောကာလ သူ့ရဲ့လုပ်ဆောင်မှုကိုလက်ခံတဲ့သူတွေက အမြော်အမြင်ရှိတဲ့အပျိုစင်၊ ဂျုံနဲ့ သိုးတွေပဲဖြစ်ပါတယ်။ သူတို့ဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့တရားစီရင်မှုနဲ့ ကြုံတွေ့ရပြီး သန့်စင်သွားပြီးတော့ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့နိုင်ငံတော်ကို ခေါ်ဆောင်ခံရပါတယ်။ အဲဒါက ဗျာဒိတ်ကျမ်းက ဟောကိန်းတွေကို အပြည့်အဝဖြည့်ဆည်းလိုက်တာပါပဲ။ အဲဒီတော့ ဘုရားသခင်ရဲ့တရားစီရင်တဲ့ လုပ်ဆောင်မှုဟာ အဆုံးသတ်သွားတဲ့အခါ ဘုရားသခင်ရဲ့လူသားတွေကိုကယ်တင်ဖို့လုပ်ဆောင်မှုဟာ အပြည့်အဝပြီးမြောက်သွားလိမ့်မယ်။” တဲ့။

သူ့ရဲ့မိတ်သဟာယကနေ ကျွန်တော်အများကြီးသိလိုက်ရပါတယ်။ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲပြုပြီးတော့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်တဲ့ အလုပ်ကသာ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ပြီးတော့ သန့်စင်စေမှာဆိုတာကို ကျွန်တော်သဘောပေါက်သွားပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကြောင့် အပြစ်တွေကနေ ရွေးနုတ်ခြင်းခံရပေမယ့် ကျွန်တော်တို့ရဲ့ အပြစ်ကျူးလွန်တတ်တဲ့သဘာဝကတော့ ရှိနေတုန်းပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့က အပြစ်တွေကျူးလွန်လိုက်၊ ဝန်ချတောင်းပန်လိုက်နဲ့ ဖြစ်နေတာပါ။ ကျန်တော်ဆိုရင် အရင်ကအပြစ်မကျူးလွန်မိအောင် ကိုယ့်ကိုယ့်ကိုယ်ထိန်းချုပ်ထားရတယ်။ ဒါပေမဲ့ ကျမ်းစာတွေနဲ့ ဘုန်းတော်ကြီးကျောင်းရဲ့စည်းကမ်းတွေကို လိုက်နာရင်လည်း အပြစ်မကျူးလွန်မိအောင် မတားဆီးနိုင်ပါဘူး။ အဲဒါနဲ့ အပြစ်ကျူးလွန်တတ်တဲ့ ပြဿနာကို တစ်ခါတည်းအမြစ်ဖြတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်စေခြင်းကို ခံယူဖို့ပဲဆိုတာကို နားလည်သွားတယ်။ ကျွန်တော် အဲဒီအစ်မကို ဘုရားသခင်က လူသားတွေကို သန့်စင်ဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုဆောင်ရွက်မှာလဲလို့ စိတ်အားထက်သန်စွာနဲ့ မေးခဲ့ပါတယ်။

သူက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြတဲ့ နောက်ဗီဒီယိုတစ်ခုဖွင့်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဗီဒီယိုပြီးတော့ သူကမိတ်သဟာယဆက်ဖွဲ့တယ်။ “လူတွေကို တရားစီရင်ပြီးတော့ သန့်စင်စေဖို့အတွက် နောက်ဆုံးသောကာလမှာ ဘုရားသခင်က သမ္မာတရားတွေကိုဖော်ပြတယ်။ လူသားမျိုးနွယ် သန့်စင်ခံရပြီး အပြည့်အဝကယ်တင်ခံရဖို့အတွက် နားလည်ပြီး ဝင်ရောက်ဖို့လိုတဲ့ သမ္မာတရားတွေအားလုံးကို သူဖော်ပြတယ်။ သူ့ရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဥ် ရဲ့ထူးခြားဆန်းကျယ်မှုတွေ၊ လူသားမျိုးနွယ်ကိုကယ်တင်ဖို့ လုပ်ဆောင်မယ့်အဆင့်သုံးဆင့်၊ လူ့ဇာတိခံစဥ် ဘုရားသခင်လုပ်ဆောင်မှုရဲ့ ထူးခြားဆန်းကြယ်မှုတွေနဲ့ နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်တဲ့အလုပ်ရဲ့ ထူးခြားဆန်းကြယ်မှုတွေကို ထုတ်ဖော်ပြခဲ့တယ်။ ဘာလို့လူသားတွေက အပြစ်တွေကျူးလွန်ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားကြလဲဆိုတဲ့ ဇစ်မြစ်၊ ကျွန်မတို့ကို စာတန်ရဲ့ဖောက်ပြန်ပျက်စီးတွေမှုရဲ့ အမှန်တရားတွေ ဖောက်ပြန်ပျက်စီးတတ်တဲ့ အခြေအနေတွေကို အကုန်လုံးကို ဖော်ထုတ်ပြီးတော့ တရားစီရင်ခြင်းကိုလည်း လုပ်ဆောင်တယ်။ အဲဒါတွေအပြင် ဘုရားသခင်ရဲ့ သန့်ရှင်း၊ ဖြောင့်မတ်ပြီး ပြစ်မှားလို့မရတဲ့စိတ်သဘောထားကို ထုတ်ဖော်ပြပြီး ဘယ်လိုလူတွေကို သူနှစ်သက်တယ်၊ ဘယ်လိုလူတွေကိုတော့ ရွံရှာတယ်၊ ဘယ်သူက ဘုရားသခင်ရဲ့နိုင်ငံတော်ကိုရောက်ပြီး ဘယ်သူကတော့ အပြစ်ပေးခံရမယ်ဆိုတာနဲ့ လူအမျိုးမျိုးအတွက် ဖြစ်လာမယ့်အကျိုးဆက်နဲ့ ရောက်မယ့်နေရာတွေကိုလည်း ပြောပြပါတယ်။ ကျွန်မတို့ရဲ့ အသက်စိတ်သဘောထားတွေကိုပြောင်းလဲဖို့ လမ်းကြောင်းကိုလည်းပေးပါတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတွေနဲ့ ကြုံတွေ့လိုက်တော့မှ စာတန်က ကျွန်မတို့ကို ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးထားလည်းဆိုတာနဲ့ ကျွန်မတို့မှာ မာန်မာနကြီးမှု၊ လိမ်လည်လှည့်ဖျားမှု၊ ဆိုးယုတ်မှု၊ ရက်စက်ကြမ်းတမ်းမှု၊ သမ္မာတရားကို မုန်းတီးမှုတို့လို စာတန်ရဲ့စိတ်သဘောထားတွေပြည့်နေပြီး လူပီသအောင် မနေထိုင်နိုင်ကြဘူးဆိုတာကို သိလာတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို မြင်လာတယ်၊ ဘုရားသခင်ကို လေးစားကြည်ညိုလာတယ်၊ ကိုယ့်ကိုယ့်ကိုယ် တကယ်မုန်းတီးလာတယ်၊ ဇာတိပကတိကိုစွန့်လွတ်ပြီးတော့ သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်ချင်လာပါတယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ စိတ်သဘောထားတွေဟာ တဖြည်းဖြည်းချင်း ပြောင်းလဲလာပါတော့တယ်” တဲ့။

မိတ်သဟာယပြီးတော့ စစ်မှန်သောအလင်းရောင်ပေါ်ထွန်းခြင်းဆိုတဲ့ သက်သေခံထားတဲ့ဗီဒီယိုနောက်တစ်ခုကို ထပ်ဖွင့်ပြတယ်။ အဓိကဇာတ်ကောင်က အရည်အချင်းနည်းနည်းရှိပြီးတော့ သူများတွေကိုဆရာလုပ်၊ အထင်သေးတတ်တယ်။ သူကမောက်မာတယ်။ သူများတွေကိုနှိမ်ချတတ်ပြီးတော့ လူတိုင်းကို သူပြောတာနားထောင်စေချင်တယ်။ သူကယုံကြည်သူတစ်ယောက်ဖြစ်ပြီးတော့ ခဏ ခဏလည်း ဆုတောင်းပြီး ဝန်ချတောင်းပန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒေါသနဲ့ သူများတွေကို ဆူငေါက်တာကို မထိန်းချုပ်နိုင်ဘူး။ လုပ်ဖော်ကိုင်ဘက်တွေအကုန်လုံးက သူ့ကိုရှောင်ကြပြီးတော့ သူ့အမျိုးသမီးနဲ့ သမီးကလည်းသူ့ကိုကြောက်ကြတယ်။ သူ့မှာခင်မင်ရင်းနှီးရတဲ့မိတ်ဆွေမရှိဘူး။ အပြစ်တရားနဲ့နေထိုင်ပြီးတော့ ဆိုးဆိုးရွားရွား ဒုက္ခခံစားရတယ်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကို လက်ခံပြီးတဲ့နောက်မှာတော့ ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတွေကနေတစ်ဆင့် သူဟာ သူ့အကျိုးကိုပဲ ရှေ့တန်းတင်၊ နေရာပိုလိုချင်ပြီး သူများတွေရဲ့နာခံမှုကို လိုချင်နေတာက မာန်မာနထောင်လွှားပြီး အကျိုးအကြာင်းမဆီလျော်လို့ပဲဖြစ်တယ်၊ အဲဒါတွေအားလုံးက ဆိုးယုတ်တဲ့စိတ်သဘောထားတွေပဲဆိုတာကို သူ့ကို ပြသခဲ့တယ်။ အဲဒါဟာ ဘုရားသခင်ကို ရွံရှာစက်ဆုပ်စေပြီးတော့ လူတွေနဲ့ ကင်းကွာသွားစေတယ်။ သူအဲဒါကိုသဘောပေါက်သွားတာနဲ့ သူ့ကိုယ်သူတကယ်မုန်းတီးပြီးတော့ နောင်တတွေနဲ့ပြည့်နှက်လာတယ်။ အဲဒီနောက်မှာတော့ သူများတွေကို ညင်ညင်သာသာဆက်ဆံတယ်၊ ပြီးတော့ ပြဿနာရှိလာတဲ့အခါ သူ့ရဲ့ ဇာတိပကတိကိုစွန့်လွှတ်တယ်၊ သမ္မာတရားကိုလိုက်စားပြီးတော့ သူများတွေကို နားထောင်တတ်လာပါတယ်။ အရင်ကလို မာန်မာနမကြီးတော့ပါဘူး။

အဲဒီဗီဒီယိုကိုမြင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လောက်စွမ်းအားကြီး၊ အာဏာရှိပြီး လူတွေကို တကယ်ပြောင်းလဲပြီး သန့်စင်စေနိုင်တယ်ဆိုတာကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ ကျွန်တော်အခွင့်ကြုံတိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဖတ်ခဲ့ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဓမ္မတေးဗီဒီယိုနဲ့ ဧဝံဂေလိတရားတော်ရုပ်ရှင်တွေကို ကြည့်ခဲ့ပါတယ်။ အဲဒါတွေကိုပိုကြည့်ရလေလေ ပိုပြီးပျော်ရွှင်တက်ကြွလေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားတွေဖြစ်ပြီးတော့ ဘုရားသခင်ရဲ့အသံတော်ဖြစ်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သခင်ပြန်လည်ပေါ်ထွန်းခြင်းပဲဆိုတာကို ပိုပြီးသေချာလာပါတယ်။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့လုပ်ဆောင်မှုကို ကျွန်တော်လက်ခံခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

ဘာသာတရားထဲတွင် သမ္မာတရားကို မရရှိနိုင်

မိန်ရှမ်း ထိုင်ဝမ် ကလေးအနေနဲ့ ကိုယ့်မိဘတွေနောက်လိုက်ပြီး သခင့်ကို ကျွန်မ ယုံကြည်ခဲ့သလို၊ ကိုယ့်ယုံကြည်မှုကို ထက်ထက်သန်သန် လိုက်စားခဲ့တယ်။...

ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ဖြေရှင်းရန်နည်းလမ်းကို ကျွန်ုပ်သိပြီ

ရမ်ဆီ ဖာနန်ဒို မာရီယို၊ မက္ကဆီကိုနိုင်ငံ ကျွန်တော်သည် ကတ်သလစ် မိသားစု၌ ကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက သူတို့နှင့်အတူ သခင့်ကို ကျွန်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။