နောက်ဆုံးတွင် သခင့်ကို ကြိုဆိုပြီးပြီ

10.03.2022

မိုက်ကယ် အင်ဒိုနီးရှားနိုင်ငံ

ကျွန်တော် ကလေးတစ်ယောက်အနေနဲ့ အထက်တန်းပြီးတဲ့အထိ ကတ်သလစ်ကျောင်းကိုပဲ တက်ခဲ့ရတယ်။ ဆုတောင်းရာမှာ၊ မိတ်သဟာပြုရာမှာ၊ တခြားအသင်းတော် လှုပ်ရှားမှုတွေမှာ ကျွန်တော် အရမ်းတက်ကြွခဲ့တယ်။ သခင်မိုးတိမ်ပေါ်က ကြွလာပြီး ကျွန်တော့်ကို ကောင်းကင်နိုင်ငံတော်ထဲ ခေါ်သွားဖို့ အမြဲ တောင့်တနေခဲ့တယ်။ သခင် ပြန်ကြွလာတဲ့ နိမိတ်တွေ ပေါ်ထွန်းပြီး ကပ်ဘေးကြီးတွေ ကျွန်တော်တို့ပေါ် ကျရောက်နေခဲ့တာ ကျွန်တော် မြင်ရတယ်။ ကောင်းကင်ကို ကြည့်ပြီး ကျွန်တော် တွေးတယ်၊ “ဘယ်အချိန်မှာ သခင် ကြွလာမှာလဲ”လို့ပေါ့။ တစ်နေ့ ကျွန်တော် ကျမ်းစာဖတ်တော့၊ သခင် မိုးတိမ်ပေါ်က ကြွလာတာတင် မဟုတ်ဘဲ သူ့ရဲ့ ပြန်ကြွလာခြင်းအကြောင်း တခြားကျမ်းစာပရောဖက်ပြုချက်တွေ ရှိနေသေးတယ်ဆိုတာ၊ အဲဒါတွေက ပြောထားတာ တစ်မျိုးတစ်ဖုံဆိုတာ သတိထားမိလာတယ်။ ဒီကျမ်းချက်တွေက ဒီလိုပြောတယ်၊ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)သင်တို့သည်လည်း အသင့်ဖြစ်ကြလော့၊ အဘယ့်ကြောင့်ဆိုသော် လူသား မည်သည့် အချိန်နာရီတွင် ကြွလာမည်ကို သင်တို့ မသိ။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) အားလုံးက “လူသား”လို့ ဖော်ပြထားတာ သတိထားမိတော့ ကျွန်တော် ဇဝေဇဝါဖြစ်သွားတယ်။ လူသားအနေနဲ့ သခင်က ဘယ်လို ပြန်ကြွလာနိုင်မှာလဲ။ နောက်တော့ တမန်တော်ဝတ္ထုက သခင်ယေရှုအနေနဲ့ သူ တက်ကြွခဲ့တဲ့အတိုင်းပဲ ကောင်းကင်ကနေ ကြွဆင်းလာမယ်လို့ ဖော်ပြထားတာကို ကျွန်တော် သတိရသွားတယ်။ ဒီတော့ မိုးတိမ်ပေါ်က သူ တက်ကြွခဲ့တဲ့အတွက်၊ မိုးတိမ်ပေါ်က သေချာပေါက် သူ ပြန်ကြွဆင်းမှာပဲလို့ တွက်လိုက်မိတယ်။ တချို့ ကျမ်းချက်တွေက လူသားအနေနဲ့ သူ ကြွဆင်းမယ်လို့ ပြောခဲ့ပေမဲ့ တခြားကျမ်းချက်တွေက မိုးတိမ်ပေါ်က ကြွလာမယ်လို့ ဘာလို့ ပြောထားတာလဲ။ ကျွန်တော့်အတွက် ဆန့်ကျင်ကွဲလွဲနေသလိုပဲ။ ဘုန်းတော်ကြီးကို ကျွန်တော် သွားမေးလိုက်တယ်။ ဒါပေမဲ့ သူက ကွေ့လည်ကြောင်ပတ်နဲ့၊ ကျွန်တော်တို့ လူသားတွေက ကျမ်းစာကို နားမလည်နိုင်၊ အပြည့်အဝ မရှင်းပြနိုင်ဘူးဆိုပဲ။ အဖြေမရှာဖို့ ကျွန်တော့်ကို အကြံပေးခဲ့တယ်။ “အဲဒါ ဘယ်လိုလုပ်ပြီး ဟန်ကျမှာလဲ။ သခင် ဘယ်လို ကြွလာမယ်ဆိုတာကို ကျွန်တော်မသိရင်၊ သူပြန်ကြွလာတဲ့အခါ သူ့ကို ဘယ်လိုကြိုဆိုမှာလဲ”လို့ တွေးမိတယ်။ နောက်တော့ ပရိုတက်စ်တင့် အသင်းတော် နှစ်ခုသုံးခုဆီကို သွားပြီး အဲဒီက သင်းအုပ်တွေကို မေးခဲ့ပေမဲ့၊ ဘုန်းတော်ကြီးပြောတာတွေကိုပဲ သူတို့ ပြောကြတယ်။ သူတို့အားလုံးက သခင့်ကို အစေခံတာသာ ဆယ်စုနှစ်တွေကြာလာပေမဲ့၊ သခင် ပြန်ကြွလာတဲ့အခါ ဘယ်လို ပေါ်ထွန်းမယ်ဆိုတာကို မရှင်းလင်းကြသေးဘူး။ ကျွန်တော် တကယ် စိတ်ပျက်သွားတယ်။ ယုတ္တိတန်တဲ့ ရှင်းပြချက်တစ်ခု ရှာတွေ့နိုးနိုးနဲ့ အင်တာနက်ဘက် ကျွန်တော် လှည့်တယ်၊ ဒါပေမဲ့ ခဏကြည့်ပြီးတဲ့နောက်၊ တိကျပြတ်သားတဲ့ အဖြေတစ်ခုကို ရှာမတွေ့နိုင်သေးဘူး။ ကျွန်တော် တကယ် စိတ်ပျက်သွားပြီး သခင့်ရှေ့မှာ လာဆုတောင်းခဲ့တယ်။ “သခင်၊ ကိုယ်တော် ပြန်ကြွလာမယ့်ပုံနဲ့ပတ်သက်လို့ ကျမ်းစာထဲမှာ နှစ်မျိုး ဖတ်လိုက်ရပါတယ်။ ကျွန်တော် တကယ် စိတ်ရှုပ်ထွေးပြီး အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ ကျွန်တော့်မှာ မျက်ကန်းတစ်ယောက် အမှောင်မှာ စမ်းတဝါးဝါး လုပ်နေသလို ခံစားရတယ်။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့ ကျွန်တော့်ကို လမ်းပြပါ”လို့ပေါ့။

သုံးနှစ်ကြာ ကျွန်တော် ဒီလို ဆုတောင်းခဲ့တယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဧဝံဂေလိ ရုပ်ရှင်တွေကို ယူကျုပေါ်မှာ ရှာတွေ့ခဲ့ပြီး၊ သူတို့မှာ အမြင်တွေ အများကြီးရှိတာ တွေ့ရတယ်။ သူတို့ရုပ်ရှင်ကို လူတွေအများကြီး ကြည့်တာ မြင်ရတော့ ကျွန်တော် သိချင်စိတ်ပေါက်လာလို့၊ အဲဒါတွေကို စပြီးကြည့်ကြည့်လိုက်တယ်။ ပထမဆုံး ကျွန်တော် ကြည့်ခဲ့တာက၊ “မြို့တော် ကျဆုံးလိမ့်မည်”ဆိုတာပဲ။ အသင်းတော်တွေ ခြောက်ကပ်ပျက်စီးခြင်း နောက်ကွယ်က အကြောင်းရင်းကို စေ့စေ့စပ်စပ် စိစစ်ထားတာ၊ ကျွန်တော်လည်း အဲဒီကနေ အများကြီး ရလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သမ္မာတရားကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မိတ်သဟာယက အသိဉာဏ် ပွင့်လင်းစေတယ်လို့ ခံစားရတယ်။ သူတို့ ဗီဒီယိုတွေကို ကျွန်တော် ဆက်ကြည့်ခဲ့တယ်။ အဲဒါတွေထဲမှာ ဟာသပြဇာတ်တိုဖြစ်တဲ့ “သခင်က အမှန်တကယ် ဘယ်လို ကြွလာသလဲ”ဆိုတာ ပါတယ်။ အဲဒီမှာ ကျွန်တော် အချိန်အကြာကြီး ရှာနေခဲ့တဲ့ အဖြေရှိတယ်။ သခင်က မိုးတိမ်ပေါ် ကြွလာရုံတင် မဟုတ်ဘဲ တခြားနည်းလမ်းတစ်ခုနဲ့ ပြန်ကြွလာမယ်လို့ သူတို့ တိတိကျကျ ဖော်ပြကြတယ်။ ဒီသမ္မာကျမ်း ပရောဖက်ပြုချက်တွေကို သူတို့ ကိုးကားကြတယ်လေ။ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သခင့်ရဲ့ မိုးတိမ်ပေါ်ကနေ လူပုံအလယ် ကြွလာခြင်းနဲ့ သူခိုးလို တိတ်တဆိတ် ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက် နှစ်မျိုး ဘယ်လိုရှိတဲ့အကြောင်း သူတို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒါတွေက တစ်ချိန်တည်းမှာ ပြည့်စုံတာ မဟုတ်လို့ ကွဲလွဲဆန့်ကျင်တာ မရှိဘူး။ ပထမဦးဆုံး သခင်က တိတ်တဆိတ် ကြွလာပြီးတဲ့နောက် မိုးတိမ်ပေါ်ကနေ လူပုံအလယ် ကြွလာတာတဲ့။ သူ့ရဲ့ တိတ်တဆိတ် ကြွလာခြင်းဆိုတာက သူ ပြန်ကြွလာတဲ့အခါ၊ လူသားအနေနဲ့ လူ့ဇာတိခံပြီး ကမ္ဘာမြေကို ကြွလာတာကို ဆိုလိုတယ်လို့လည်း ပြောကြတယ်၊ အဲဒါက ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅ ကို လုံးဝ ပြည့်စုံစေတယ်- “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” “လူသား”ဆိုတာ သူက လူသား တစ်ယောက်ကနေ မွေးပြီး သာမန် လူ့သဘာဝရှိသလို၊ ဘယ်လူသား အမှုကိစ္စမှာမဆို ပါဝင်နိုင်တာကို ဆိုလိုတာပဲ။ ဝိညာဉ်အနေနဲ့ သူကြွလာရင်၊ သူ့ကို လူသားလို့ ခေါ်လို့မရသာ အသိသာကြီးပဲလေ။ အဲဒါကြောင့် လူသားအနေနဲ့ သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ ကြွလာခြင်းအပေါ် သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေက သူဟာ လူ့ဇာတိခံ ခန္ဓာနဲ့ ပြန်ကြွလာမယ်လို့ ဆိုလိုတာပါ။ ဘုရားက လူ့ဇတိခံခန္ဓာနဲ့မဟုတ်ရင်၊ သူ့ကို လူသားလို့ ခေါ်လို့ရမှာ မဟုတ်ဘူး။ ဝိညာဉ်တော်အနေနဲ့ ယေဟောဝါ ဘုရားကို လူသားလို့ ရည်ညွှန်းလို့ မရသလိုပဲပေါ့။ ဒါကို သခင်ယေရှုရဲ့ ပရောဖက်ပြုချက်နဲ့လည်း သူတို့ ဆက်စပ်လိုက်ကြတယ်။ “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” “ဒါက သခင်ဟာ သူ ပြန်ကြွလာတဲ့အခါ လူ့ဇာတိနဲ့ ပေါ်ထွန်းမှာကို သက်သေပြတယ်။ သူ့ ဝိညာဉ်ဟာ အချိန်၊ နေရာနဲ့ ကန့်သတ်မခံရသလို၊ လူတိုင်းက သူ့ကို ကြောက်ကြတယ်— သူ့ကို ဘယ်သူမှ မဆန့်ကျင်ရဲဘူး။ ဘုရားက လူသားမျိုးနွယ်ဆီ သူ့ဝိညာဉ်တော်ပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းခဲ့ရင်၊ ဒီမျိုးဆက်ရဲ့ ငြင်းပယ်တာခံရဖို့ မပြောနဲ့၊ အများကြီး ဆင်းရဲဒုက္ခခံရမှာမဟုတ်ဘူး။ လူ့ဇာတိနဲ့ လူသားကပဲ ဆင်းရဲဒုက္ခခံရမှာ။ ဒီပရောဖက်ပြုချက်က သခင်ယေရှု ပြန်ကြွလာတဲ့အခါ ဖြစ်ပျက်တဲ့အရာဖြစ်ပြီး၊ သူ ပထမဆုံးအကြိမ် လူ့ဇာတိခံတုန်းက ဒုက္ခခံခဲ့ရတဲ့အရာအကြောင်း မဟုတ်ဘူး၊ ဒါကြောင့် အဲဒါက သခင်ဟာ နောက်ဆုံးသော ကာလ သူ ပြန်ကြွလာရာမှာ ထပ်ပြီး လူ့ဇာတိခံမယ်ဆိုတာကို ပြတာပဲ”တဲ့။ ဒါကို သူတို့ပြောတာ ကြားရ‌တော့ ကျွန်တော် အားတက်သွားတယ်။ သခင်က ပထမဆုံး တိတ်တဆိတ် လူ့ဇာတိခံပြီးတဲ့နောက် မိုးတိမ်ပေါ်ကနေ လူပုံအလယ် ပေါ်ထွန်းရင်၊ သခင့်ရဲ့ ကြွလာခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာပရောဖက်ပြုချက်တွေအားလုံး ပြည့်စုံသွားမှာပဲ၊ ဆန့်ကျင်ကွဲလွဲတာ တစ်ခုမှ ရှိမှာ မဟုတ်ဘူး။ ကျွန်တော် နှစ်နဲ့ချီ မရှင်းမလင်းဖြစ်နေခဲ့တာ နောက်ဆုံးမှာ ပြေလည်သွားခဲ့တယ်။ အချိန်အကြာကြီး ကျွန်တော် ရှာနေခဲ့တဲ့ အဖြေကို သိရတာ အရမ်းပျော်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကတစ်ဆင့် သိရမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဘုရားကို အထပ်ထပ် ကျေးဇူးတင်မိတယ်။

နောက်တော့ ဧဝံဂေလိ ရုပ်ရှင်တွေကို ထပ်ကူးဖို့ သူတို့ရဲ့ ယူကျုချန်နယ်ကို ကျွန်တော်သွားလိုက်တယ်၊ ဖေ့စ်ဘုတ်မှာလည်း သူတို့ကို ဖော်လိုလိုက်တယ်။ အချိန်ရှိတဲ့အခါတိုင်း သူတို့ရဲ့ ရုပ်ရှင်တွေကို ကျွန်တော် ကြည့်တယ်။ “ပြန်လာခဲ့သူ ဘယ်သူပါလဲ”၊ “အန္တရာယ်ထဲက ချီဆောင်ခြင်း”၊ “ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း”၊ “ဘုရားရဲ့ အမည်နာမ ပြောင်းတာလား” ဆိုတာတွေကို ကျွန်တော်ကြည့်ခဲ့တယ်။ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူကနေ စစ်မှန်တဲ့ ခရစ်တော်ကို ဘယ်လိုခွဲခြားသိမြင်ဖို့၊ ခေတ်အသီးသီးထဲက ဘုရားနာမရဲ့ အဓိပ္ပာယ်၊ ပညာသတိရှိတဲ့ သတို့သမီးတွေနဲ့ မိုက်မဲတဲ့ သတို့သမီးတို့အကြား ခြားနားချက်၊ ဘယ်ယုံကြည်ခြင်းမျိုးက ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်၊ ဘယ်လူစားမျိုးက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်နိုင်တယ်ဆိုတာတွေလိုမျိုး သမ္မာတရားတချို့ကို သင်ယူခဲ့ရတယ်။ ဒါတွေက ကျွန်တော် ယုံကြည်ခဲ့တဲ့ နှစ်ကာလတွေအားလုံးမှာ လုံးဝ မသိခဲ့တဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေပဲ။ ဒါတွေအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြခဲ့တာကို ကျွန်တော် အံ့ဩမိသလို၊ ဘုရားကို ပိုသိဖို့ တကယ် အထောက်အကူဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်တွေအားလုံးကို ကျွန်တော် ကူးပြီး သိမ်းထားလိုက်တယ်။ အဲဒါတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိနဲ့ သခင် ပြန်ကြွလာခဲ့တာကို သက်သေခံကြမှန်းလည်း ကျွန်တော် သတိထားမိတယ်။ ကျွန်တော် အံ့ဩပြီး ကျေနပ်မိသလို၊ လူ့ဇာတိခံခြင်းအကြောင်းရယ်၊ ဘုရားက အမှုပြုဖို့ ဘာလို့ လူ့ဇာတိနဲ့ ကြွလာဖို့ လိုတဲ့အကြောင်းရယ်ကို တကယ်ကို ပိုသိချင်ခဲ့တယ်။ အဲဒီနောက်၊ မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာကို ကျွန်တော် ကြည့်ခဲ့တယ်။

အဲဒီထဲမှာ လူ့ဇာတိခံခြင်းနဲ့ပတ်သက်တဲ့ အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ပါတယ်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။” “သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။...ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

ရုပ်ရှင်ထဲမှာ သူတို့ မိတ်သဟာယပြုကြတယ်- “လူ့ဇတိခံယူခြင်းဆိုတာ ဘုရားဝိညာဉ်တော်က လူ့ဇာတိကို ယူတင်ဝတ်ဆင်တာပဲ၊ ဆိုလိုတာက၊ ဘုရားဝိညာဉ်တော်ဟာ လူသားမျိုးနွယ်ကြားမှာ အမှုပြုပြီး စကားပြောဖို့ သာမန်နဲ့ ပုံမှန် လူတစ်ယောက် ဖြစ်လာရင်းနဲ့ သာမန် လူ့သဘာဝ၊ သာမန်စိတ်နဲ့ လူ့ဇာတိမှာ တကယ်ဖြစ်လာတာပဲ။ ဒီဇာတိက သာမန် လူ့သဘာဝရယ်၊ ပြည့်စုံတဲ့ ဘုရားသဘာဝရယ်ကို ပိုင်ဆိုင်တယ်။ ပုံပန်းက သာမန်နဲ့ ပုံမှန်ဖြစ်ပေမဲ့၊ ဒီလူ့ဇာတိက ဘုရားရဲ့အမှုတော်ကို တာဝန်ယူဆောင်ရွက်နိုင်တယ်၊ ဘုရားရဲ့အသံတော်ကို ဖော်ပြနိုင်တယ်၊ လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ကယ်လည်းကယ်တင်နိုင်တယ်။ အဲဒါက သူ့မှာ ပြည့်စုံတဲ့ ဘုရားသဘာဝ ရှိလို့ပဲ။ ဒီပြည့်စုံတဲ့ ဘုရားသဘာဝက ဘုရားရဲ့ ပင်ကို စိတ်သဘောထား၊ ဘုရားရဲ့ သန်ရှင်း၊ ဖြောင့်မတ်တဲ့ အနှစ်သာရ၊ ဘုရားရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်း၊ သူ့ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာ၊ ပြီးတော့ သူ့ဝိညာဉ်တော် ပိုင်ဆိုင်တဲ့ သူ့ရဲ့ ဩဇာအာဏာနဲ့ တန်ခိုးတို့ပဲ။ ဒါတွေအားလုံး ဒီလူ့ဇာတိထဲမှာ တကယ်ဖြစ်ပေါ်လာတာ။ ဒီလူ့ဇာတိက ခရစ်တော်ဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်တဲ့ အမှုကို ပြုဖို့ ကမ္ဘာမြေဆီ တကယ် ကြွလာခဲ့တဲ့ ဘုရားကိုယ်တော်တိုင်ပဲ။ ပုံပန်းအရ၊ ခရစ်တော်က သာမန်နဲ့ ပုံမှန်ဖြစ်ပေမဲ့၊ သူနဲ့ ဖန်ဆင်းခံ လူသားတွေကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိတယ်။ ဖန်ဆင်းခံ လူသားမျိုးနွယ်ကသာ ဘာဘုရားသဘာဝမှမရှိတဲ့ လူ့သဘာဝရှိတယ်။ ဒါပေမဲ့ ခရစ်တော်က သာမန် လူ့သဘာဝရှိတစ်ခုပဲ ရှိတာ မဟုတ်ဘူး။ အဲဒါအပြင်၊ ပြည့်စုံတဲ့ ဘုရားသဘာဝရှိတယ်။ သူ့မှာ ဘုရားရဲ့ အနှစ်သာရရှိလို့ ဘုရားကို ကိုယ်စားပြုနိုင်တယ်။ သူက သမ္မာတရားကို ဘုရားရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ ဖော်ပြနိုင်တယ်၊ ဘုရားရဲ့ စိတ်သဘောထားနဲ့ ဘုရားရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ဖော်ပြနိုင်ပြီး၊ လူသားဆီကို သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို အပ်နှင်းနိုင်တယ်။ ဒါက ဘယ်ဖန်ဆင်းခံ လူသားမဆိုရဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်တယ်။ ခရစ်တော် အမှုပြု၊ စကားပြောပြီး ဘုရားရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတွေကို ဖော်ပြတဲ့အခါ၊ ဒါတွေအားလုံးကို သာမန်လူ့ဇာတိထဲကနေ သူ လုပ်တယ်။ ဘုရားရဲ့ အမှုနဲ့ စိတ်သဘောထားကို သူ ဘယ်လိုဖော်ပြပါစေ၊ တစ်လျှောက်လုံး သာမန်လူ့သဘာဝထဲမှာ သူ အသက်ရှင်တယ်။ သူ့မှာ သာမန်လူ့ဇာတိရှိတယ်။ နည်းနည်းလေးမှ သဘာဝလွန်တာ မရှိဘူး။ ဒါကြောင့် ဒါက ဘုရားဟာ လူသားအလယ် ကြွလာပြီး သာမန်လူဖြစ်လာတာကို ဆိုလိုတာပဲ။ ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏’ဆိုတာကို ပြည့်စုံစေတာက ဒီသာမန်နဲ့ ပုံမှန် လူ့ဇာတိပဲ။ ဒါက လက်တွေ့ကျတဲ့ လူ့ဇာတိခံ ဘုရားသခင်ပဲ။ ခရစ်တော်မှာ ပြည့်စုံတဲ့ ဘုရားသဘာဝရှိလို့၊ ဘုရားကို သူ ကိုယ်စားပြုနိုင်တယ်၊ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ဦးဆောင်နိုင်တယ်။ ခရစ်တော်က ပြည့်စုံတဲ့ ဘုရားသဘာဝရှိလို့၊ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို အသိပေးမယ့်အစား၊ တိုက်ရိုက် ဖော်ပြနိုင်တယ်။ လူကို ထောက်ပံ့၊ ရေလောင်းပြီး ထိန်းကျောင်းဖို့ သမ္မာတရားကို အချိန်မရွေး၊ နေရာမရွေး သူ ဖော်ပြနိုင်တယ်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို သူ ဦးဆောင်လမ်းပြနိုင်တယ်။ ခရစ်တော်မှာ ပြည့်စုံတဲ့ ဘုရားသဘာဝ၊ ဘုရားရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ အနှစ်သာရရှိလို့၊ သူက လူ့ဇာတိခံ ဘုရား၊ လက်တွေကျတဲ့ ဘုရားကိုယ်တော်တိုင်ဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်”တဲ့။

ဒီအချိန်မှာ၊ လူ့ဇာတိခံ ဘုရားက ကျွန်တော်တို့အလယ်မှာ အသက်ရှင်ရင်းနဲ့ သာမန်၊ ပုံမှန် လူ့ဇာတိကို ယူတင်ဝတ်ဆင်ထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်မှန်း ကျွန်တော် သဘောပေါက်သွားတယ်။ အပြင်ပန်းကနေ သူက ပုံမှန်လူလိုပဲ ဖြစ်ပုံပေါ်ပေမဲ့၊ အတွင်းထဲမှာတော့ ဘုရားရဲ့ ဝိညာဉ်တော်၊ ပြည့်စုံတဲ့ ဘုရားသဘာဝ ပါပဲ။ အဲဒါက သခင်ယေရှုလိုပဲပေါ့။ အပြင်ပန်းမှာ သူက ပုံမှန်လူတစ်ယောက်ဖြစ်ပုံရပေမဲ့၊ လုံးဝ ဘုရားသဘာဝရှိတယ်၊ ဒါကြောင့် သမ္မာတရားကို သူဖော်ပြနိုင်တယ်၊ နောင်တလမ်းခရီးကို ကျွန်တော်တို့ကို ပေးနိုင်ပြီး လူတွေကို သေရာက ထမြောက်စေနိုင်တယ်။ နောက်ဆုံးမှာ လူသားမျိုးနွယ်ရဲ့ အပြစ်တွေကို ရွေးနုတ်ဖို့ ကားစင်တင်ခံခဲ့ရတယ်။ ဒါတွေကို ဘုရားကပဲ လုပ်နိုင်တယ်။ ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်က နောက်ထပ် မေးခွန်းမေးတယ်- “ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘာလို့ ဘုရားက လူ့ဇာတိနဲ့ ကြွလာဖို့လိုသလဲ”တဲ့။ အဲဒါက တကယ်ကောင်းတဲ့ မေးခွန်းပဲ၊ ဘုရားက ကျွန်တော်တို့ကို ကယ်ဖို့ ဘာလို့ လူ့ဇာတိခံယူဖို့ လိုသလဲလို့ ကျွန်တော်လည်း တကယ်နားလည်ချင်တာလေ။ စိတ်ထက်သန်သန်နဲ့ ကျွန်တော် ဆက်ကြည့်တယ်။

ရုပ်ရှင်ထဲက ညီအစ်ကို မောင်နှမတွေက အနန္တတန်ခိုးရှင် ဘုရား နှုတ်ကပတ်တော်တချို့ကို ဖတ်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသား၏ ဇာတိပကတိကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သကဲ့သို့၊ ယင်းသည် အဆုံးစွန် အလွန်အမင်း မျက်စိကန်းစေပြီးဖြစ်ကာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်း၏ ရည်မှန်းချက်သည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်ဖြစ်ပြီး၊ စာတန်သည်လည်း ဘုရားသခင်၏ အမှုကို နှောင့်ယှက်ဖို့ လူသား၏ ဇာတိခန္ဓာကို အသုံးပြုသောကြောင့် ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားကို သိမ်းပိုက်ခြင်း အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် မုချ လိုအပ်ပေသည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး၊ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာကာ၊ ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့်၊ စာတန်နှင့် တိုက်ပွဲဝင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားကာ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဝင်ရန် လူသား ဖြစ်လာရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျခြင်း အမှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)ယင်းမှာ အတိအကျအားဖြင့် စာတန်သည် လူသား၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ လူသားသည် ဘုရားသခင်က ကယ်တင်ရန် ရည်ရွယ်သည့်သူတစ်ဦး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဆင်နွှဲဖို့နှင့် လူကို ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းဖို့ရန် လူ့ဇာတိခံယူရမည်ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဤအရာသည်သာ သူ၏အမှုကို အကျိုးပြုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထို့ကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။” “ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုနေချိန်တွင်၊ သူသည် လူ့ဇာတိ၌ စာတန်နှင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ လူ့ဇာတိ၌ သူ အမှုပြုချိန်တွင်၊ သူသည် ဝိညာဉ်လောက၌ သူ၏အမှုကို လုပ်ဆောင်နေပြီး၊ ဝိညာဉ်လောကရှိ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာမြေပေါ်တွင် အမှန်ဖြစ်စေသည်။ သိမ်းပိုက်ခြင်းခံရသောသူသည် လူသား၊ သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရသူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဟုတ်ပေ၏၊ ဤသည်မှာလည်း လူသားဖြစ်၏) ဖြစ်ကာ၊ နောက်ဆုံးတွင် ကယ်တင်ခံရသည့်သူမှာလည်း လူသားဖြစ်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် စာတန်နှင့် တကယ့်တိုက်ပွဲကို တိုက်နိုင်ဖို့၊ သူ့ကို မနာခံသကဲ့သို့ သူကဲ့သို့ အပြင်ပန်းအကာကို ပိုင်ဆိုင်ထားသော လူသားအား သိမ်းပိုက်ဖို့နှင့် သူ့ကဲ့သို့ အပြင်ပန်းအကာရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံရပြီးဖြစ်သည့် လူသားကို ကယ်တင်နိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခြင်း၏ အပြင်ပန်းအကာရှိသည့် လူသားတစ်ဦး ဖြစ်လာရန် ဘုရားသခင်အတွက် သာ၍ပင် လိုအပ်လေသည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူ၏ သိမ်းပိုက်ခြင်းခံရမည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းဖြင့် သူ၏အမှုသည် များစွာသာ၍ လွယ်ကူလာသည်။ သူသည် စာတန်ကို အနိုင်ယူနိုင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ကယ်တင်လည်း ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ရုပ်ရှင်ထဲမှာ မိတ်သဟာယကို ဆက်ကြတယ်- “ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘာလို့ လူ့ဇာတိခံ ဘုရားရဲ့ ကယ်တာကို လိုအပ်သလဲ။ အဲဒါက ဘာလို့လဲဆိုတော့ လူ့ရဲ့ ဇာတိပကတိက စာတန်ကိုယ်တိုင်ရဲ့ လှည့်ဖြားပြီး ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရလို့ပဲ။ လူသားမျိုးနွယ်အားလုံးက အကောင်းနဲ့အဆိုး၊ အလှတရားနဲ့ အကျည်းတန်မှုကို မသိနားမလည်ဘဲ အပြစ်ထဲမှာ မွေ့လျော်ရင်းနဲ့ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်ကြတယ်။ ဘာက အပျက်သဘောဆောင်ပြီး ဘာက အပြုသဘောဆောင်တယ်ဆိုတာ မသိကြဘူး။ သူတို့ရဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ၊ စိတ်သဘောထားတွေနဲ့ အသက်ရှင်ကြတယ်။ မသိနားလည်ကြဘူး၊ လှည့်ဖြားတတ်တယ်၊ ဆိုးယုတ်တယ်၊ ခက်ထန်တယ်၊ ကြမ်းကြုတ်ရက်စက်ပြီး သမ္မာတရားကို ငြီးငွေ့ကြတယ်။ ဒီအရာတွေအားလုံး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး လူတွေရဲ့ တကယ့် သဘာဝ ဖြစ်လာကြပြီ။ အဲဒါတွေရဲ့ ထိန်းချုပ်မှုအောက်မှာ၊ လူတွေက အပြစ်လုပ်ပြီး ဘုရားကို မဆန့်ကျင်ဘဲ မနေနိုင်ကြဘူး။ သူတို့အနေနဲ့ ယုံကြည်ခြင်း ရှိမယ်၊ ကျမ်းစာဖတ်၊ ဆုတောင်းပြီး ဘုရားဆီ ဝန်ချကောင်း ဝန်ချနိုင်ပေမဲ့၊ နောက်တော့ အပြစ်ကိုပဲဆက်လုပ်ကြတာပဲ။ အပြစ်ကနေ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် မလုပ်နိုင်ကြဘူး။ အဲဒါက ပေါလုပြောခဲ့သလိုပဲ- ‘အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။’ (ရောမသြဝါဒစာ ၇:၁၈) ဘုရားက ဖန်ဆင်းရှင်ဖြစ်တယ်။ ဘုရားကပဲ လူ့ရဲ့အနှစ်သာရအကြောင်း အားလုံး သိတယ်။ လူတွေ ဘယ်လောက်နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးလဲဆိုတာ ဘုရားသိတယ်၊ ဒါကြောင့် ဘုရားကပဲ လူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဆိုးယုတ်တဲ့ သဘာဝကို ဖော်ထုတ်နိုင်တယ်။ ဘယ်လိုအသက်ရှင်ပြီး ဘယ်လိုပြုမူ နေထိုင်ရမယ်ဆိုတာကို ဘုရား အတိအကျ ပြောပြနိုင်တယ်။ ဘုရားက ကျွန်တော်တို့ကို အသက်နဲ့ သမ္မာတရား အပ်နှင်းတယ်၊ လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ကယ်တင်နိုင်တယ်။ ဘုရားကလွဲလို့၊ လူရဲ့ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရကို တခြား ဘယ်သူမှ မမြင်နိုင်ဘူး၊ ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ သမ္မာတရားကို မပေးနိုင်ဘူး။ ဒါကြောင့် ဘုရားအနေနဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို စာတန်ရဲ့ အုပ်စိုးမှုကနေ လုံးလုံးလျားလျား ကယ်တင်ဖို့၊ ဘုရားအနေနဲ့ သမ္မာတရားနဲ့ ဘုရားရဲ့ စိတ်သဘောထားကို ဖော်ပြပြီး သမ္မာတရားက ဘာလဲဆိုတာကို ကျွန်တော်တို့နားလည်ဖို့၊ ဘုရားကို သိလာကြဖို့၊ စာတန်ရဲ့ အကြံတွေနဲ့ သူ့ရဲ့ အလိမ်အညာအားလုံးကို ရိပ်စားမိပြီး၊ နောက်ဆုံးမှာ ကျွန်တော်တို့ စိတ်နှလုံးတွေထဲမှာ စာတန်ကို ပုန်ကန်၊ ငြင်းပယ်ပြီး ဘုရားဆီ အပြည့်အဝ လှည့်ကြစေဖို့ ကျွန်တော်တို့ ပိုင်ဆိုင်ရမယ့် သမ္မာတရားအားလုံးကို လူတွေကို ပြောပြဖို့ လူ့ဇာတိခံရမယ်။ နောက်ဆုံးသော ကာလမှာ ဘုရားက ဝိညာဉ်တော်နဲ့ အမှုပြုရင်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အပြည့်အဝ သန့်စင်စေမှာ မဟုတ်ဘူး။ ဘုရားရဲ့ ဝိညာဉ်တော်ကို ကျွန်တော်တို့ မြင်လို့၊ ထိလို့မရသလို၊ သူ စကားပြောတဲ့အခါ နားလည်ကြမှာ မဟုတ်ဘူး။ အဲဒါအပြင်၊ ဘုရားရဲ့ ဝိညာဉ်တော်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ် တိုးဝင်ချဉ်းကပ်ဖို့အတွက် အရမ်း သန့်ရှင်းလွန်းတယ်။ ညစ်နွမ်းတဲ့အတွက် ဘုရားရဲ့ ပြစ်ဒဏ်ပေးတာ သူတို့ ခံရမှာပါ။ ဓမ္မဟောင်းကျမ်းက မှတ်တမ်းတင်ထားတာက၊ သိနာတောင်ပေါ်မှာ ယေဟောဝါ ဘုရားသခင် ပေါ်ထွန်းတဲ့အချိန်မှာ မိုးကြိုးသံ မြည်ခဲ့ပြီး၊ တောင်ထိပ်ကနေ လျှပ်စီး၊ မိုးကြိုး၊ တံပိုးခရာသံတွေနဲ့အတူ မီးခိုးတွေကို ဣသရေလတွေက မြင်ခဲ့ကြတယ်တဲ့။ သူတို့အားလုံးက အဝေးမှာ ရပ်ပြီး မောရှေကို ပြောကြတယ်၊ ‘အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်။’ (ထွက်မြောက်ရာကျမ်း ၂၀:၁၉) အဲဒါကြောင့် လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ပြီး သိမ်းပိုက်တဲ့ အမှုကို လူ့ဇာတိခံ ဘုရားကပဲ လုပ်နိုင်တာပါ။ ဘုရားရဲ့ လူ့ဇာတိခံခြင်းက လူအမျိုးအစားအားလုံးကို ဖော်ထုတ်တယ်။ လူတွေက မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသလို၊ ဘယ်သူ့ကိုမှ နားမထောင်ကြမှာ မဟုတ်ဘူး။ သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင် လူ့ဇာတိခံယူတဲ့အခါ၊ သူတို့မှာ ကိုယ်ပိုင် အယူအဆတွေရှိလိမ့်မယ်၊ ပုန်ကန်ကြပြီး သူ့ကို ခုတောင်ခုခံကြလိမ့်မယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘုရားကို ဆန့်ကျင်၊ သစ္စာဖောက်တဲ့ အမှန်တရားက နောက်ဆုံး အဲဒီမှာ ထုတ်ဖော်ပြခံရလိမ့်မယ်။ ဘုရားက လူသားအပေါ် သူ့ရဲ့တရားစီရင်ခြင်းကို သူတို့ ထုတ်ဖော်ပြတဲ့ သူတို့ရဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေအတိုင်း ဆောင်ရွက်မှာပါ။ ဒါက လူသားကို ဘုရားရဲ့ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနဲ့ စုံလင်စေခြင်းအတွက် အကျိုးရှိတယ်။ ဘုရားရဲ့ အဆင့်ဆင့် တရားစီရင်ခြင်း ကတစ်ဆင့် ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ သိမ်းပိုက်၊ သန့်စင်ခံရမှာပါ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လုံးလုံး သိမ်းပိုက်တာကို လူက ခံလိုက်ရတာနဲ့၊ လူ့ဇာတိခံ ဘုရားကို ကျွန်တော်တို့ စနာခံလာကြလိမ့်မယ်။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်ခံပြီး သူ့ရဲ့ အမှုတော်ကို တွေ့ကြုံကြလိမ့်မယ်။ သမ္မာတရားကို လိုက်စားဖို့ ဆုံးဖြတ်ချက်တစ်ခု ချကြမှာဖြစ်ပြီး၊ စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ကြတော့မှာ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်အားဖြင့် လုံးဝ ကျွန်တော်တို့ အသက်ရှင်ကြတဲ့အခါ၊ အဲဒါက စာတန်ကို ဘုရားက အနိုင်ယူလိုက်ပြီဆိုတဲ့ သဘောပဲ။ အဲဒီအခါ လူသားမျိုးနွယ်ဟာ ဘုရားရဲ့ စာတန်နဲ့စစ်ပွဲက တိုက်ယူရတဲ့ ပစ္စည်းတွေ ဖြစ်လာတယ်။ ဘုရားက လူသားမျိုးနွယ်ကို စာတန်ရဲ့ အုပ်စိုးမှုကနေ အပြီးအပြတ် ကယ်တင်ပြီးဖြစ်လိမ့်မယ်။ ဒါက လူ့ဇာတိခံ ဘုရားစွမ်းဆောင်ရရှိတဲ့ အရာဖြစ်ပြီး၊ အဲဒါကြောင့် ဘုရားရဲ့ လူ့ဇာတိခံခြင်းက လိုအပ်တာဖြစ်တယ်။ လူ့ဇာတိခံ ဘုရားကပဲ လူကို လုံးလုံးလျားလျား သိမ်းပိုက်ပြီး ကယ်တင်နိုင်တယ်”တဲ့။

ဒါကို ကြည့်ပြီးတဲ့နောက် နားလည်လိုက်တာက၊ နောက်ဆုံးသော ကာလမှာ သခင်ယေရှုက ကျွန်တော်တို့ကို ကယ်တင်ဖို့ လူ့ဇာတိခံနဲ့ ပြန်ကြွလာတာက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေအပေါ် လုံးဝ အခြေခံတယ်ဆိုတာပဲ။ စာတန်က ကျွန်တော်တို့ကို ဖောက်ပြန်ပျက်စီးစေပြီးပြီ၊ ဘုရားကို ခုခံပြီး ဆန့်ကျင်စေတာက ဒီဖောက်ပြန်ပျက်စီးပြီး ပုန်ကန်တတ်တဲ့ စိတ်သဘောထားပါပဲ။ ဘုရားက သာမန်နဲ့ ပုံမှန် လူသားအနေနဲ့ လူ့ဇာတိခံယူပြီး ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် ဆက်ဆံလို့သာ ကျွန်တော်တို့အထဲက ဒီဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ မှားယွင်းတဲ့ ရှုထောင့်အမြင်တွေဟာ အပြည့်အဝ ဖော်ထုတ်ခံရနိုင်တာပါ။ ကျွန်တော်တို့ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေပေါ် အခြေခံပြီး ဘုရားက လူတွေကို တရားစီရင်၊ ဖော်ထုတ်၊ သန့်စင်စေဖို့ သမ္မာတရားတွေကို တိုက်ရိုက် ဖော်ပြတယ်။ အဲဒီအခါမှပဲ စစ်မှန်တဲ့ ဝမ်းနည်းမကို ကျွန်တော်တို့ ခံစားရနိုင်ပြီး ဘုရားဆီ နောင်တရတဲ့နောက်၊ ဘုရားအတွက် ကြောက်ရွံ့တဲ့ စိတ်နှလုံး ဖြစ်လာနိုင်ကြတယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း သန့်စင်ခံရမှာဖြစ်ပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာ ခံရနိုင်တယ်။ လူ့ဇာတိခံယူတာဟာ ဘုရားအတွက် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်ခဏ စစ်ဆေးကြည့်ပြီး အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ဘုရားရဲ့ အသံတော်ဖြစ်မှန်း၊ သူဟာ နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း သံသယ အရိပ်အယောင် တစ်စက်မှမရှိဘဲ သေချာလာခဲ့တယ်။ သုံးနှစ်တာ ဆုတောင်း၊ ရှာဖွေပြီးတဲ့နောက်၊ ဘုရားက လူ့ဇာတိနဲ့ ပြန်ကြွလာပြီးပြီဖြစ်မှန်း နောက်ဆုံးမှာ သိလိုက်ရတယ်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဖော်ပြလို့မရတဲ့ ဒီခံစားချက်ရှိခဲ့ပြီး၊ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကရုဏာကို စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတယ်။

၂၀၁၉ ဖေဖော်ဝါရီလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ကျွန်တော် အဆက်အသွယ်ရခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော် အသက်တာကို စအသက်ရှင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားက သူ့ရဲ့ အမှုတော် အဆင့်သုံးဆင့်နဲ့ဆိုင်တဲ့ နက်နဲမှုတွေ၊ ကျမ်းစာရဲ့ အတွင်းဇာတ်ကြောင်းနဲ့ အနှစ်သာရ၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှု အရေးပါမှုနဲ့ သမ္မာတရား ရှုထောင့်အားလုံးကို ထုတ်ဖော်ပြမှန်း ကျွန်တော် မြင်ရတယ်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ခံစားရတာက၊ အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော်တွေဟာ မယှဉ်သာအောင် အလျှံပယ်ဖြစ်ပြီး၊ ရှင်သန်တဲ့ အသက်ရေရဲ့ ရေသောက်မြစ်ဖြစ်တယ်ဆိုတာပဲ။ ဘုရားကျေးဇူးတော်ပဲ။ အသင်းတော်ရဲ့ ဧဝံဂေလိ ရုပ်ရှင်တွေကို ကြည့်လို့ ဘုရားရဲ့ အသံတော်ကို ကျွန်တော်ကြားပြီး သူ့ရှေ့ကို လာခဲ့တယ်။ ပြီးတော့ သခင့်ရဲ့ ပြန်ကြွလာခြင်းကိုလည်း ကျွန်တော် ကြိုဆိုခွင့်ရခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

ချန်းဘို၊ တရုတ်ပြည်ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။