ဖြူသောပလ္လင်ကြီးရဲ့တရားစီရင်မှု စတင်လိုက်ပြီ

03.04.2021

ကျွန်မက ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ၊ ဆုတောင်းနည်းတွေ ကျမ်းစာဖတ်ပုံတွေကို စပြီးသင်ယူတယ်။ နေ့စဉ်ဘဝမှာ သခင့်နှုတ်ကပတ်တော်တွေကို လိုက်နာဖို့ အစွမ်းကုန်ကြိုးစားတယ်။ နောက်တော့ အွန်လိုင်းမှာ နောက်ဆုံးသောကာလရဲ့ တရားစီရင်မှုအကြောင်း ဗီဒီယိုတွေ အများကြီး ကြည့်ဖြစ်တယ်။ အဲဒီဗီဒီယိုတွေမှာ ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုချက်ကို ပြကြတယ်၊ “တဖန်တုံ၊ ဖြူသောပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။(ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂) နောက်ဆုံးသောကာလမှာ သခင်ယေရှုက ဝတ်ရုံဖြူကို ဝတ်ပြီး၊ ပလ္လင်ဖြူကြီးပေါ်မှာ ထိုင်တယ်။ လူတိုင်းက ကိုယ်တော့်ရှေ့မှာ ဒူးထောက်ကြရတယ်။ လူတစ်ယောက်ချင်းစီကို ဘဝ လုပ်ဆောင်ချက်တွေနဲ့အညီ ကိုယ်တော်က တရားစီရင်တယ်။ အပြစ်ကျူးလွန်သူတွေက အပြစ်ဒဏ်ပေးခံရဖို့ ငရဲကို ဆင်းကြတယ်။ အပြစ်မရှိတဲ့သူတွေက နိုင်ငံတော်ဆီ ချီဆောင်ခံရတယ်ပေါ့။ ဒီဗီဒီယိုတွေ ကြည့်ပြီး၊ စိတ်ထဲမှာ သခင် တရားစီရင်တဲ့ပုံရိပ်တွေချည်းပဲ မြင်ကုန်တယ်။ နောက်ဆုံးသောကာလ တရားစီရင်ခြင်းဆိုတာ ဒီဗီဒီယိုတွေ ပြောသလိုပဲဖြစ်လိမ့်မယ်ဆိုပြီး ယုံသွားတာ။ သခင့်အဆုံးအမတွေကို လိုက်နာဖို့လည်း ဆုံးဖြတ်တယ်။ ဒါမှ သခင် တရားစီရင်ဖို့ပြန်လာပြီဆိုရင်၊ ကျွန်မကို နိုင်ငံတော်ထဲ လက်ခံမှာလေ။

၂၀၀၄ ခုနှစ်၊ အင်ဒိုနီးရှားမှာ ဆူနာမီ တိုက်တော့ လူနှစ်သိန်းကျော် သေကြတယ်။ ကျွန်မ နားလည်မိတာက၊ ဒါ ဘုရားရဲ့အမျက်ဒေါသပဲ၊ တရားစီရင်ခြင်းနေ့ရက် မကြာခင် လာတော့မယ်ဆိုတာ၊ ကိုယ်တော်က သတိပေးနေတာပဲပေါ့။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံး၊ ကျွန်မက သခင့်အဆုံးအမတွေကို လက်တွေ့လုပ်ဆောင်ဖို့ပဲ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်လို့ မရခဲ့ဘူး၊ သူများတွေကိုလည်း ကိုယ်နဲ့ထပ်တူ မချစ်နိုင်ခဲ့ဘူး။ ကျွန်မယောက္ခမက ယောက်မကို ကျွန်မအကြောင်း ဝေဖန်ပြောနေတာ ကြားမိရင်၊ ဒေါသထွက်တယ်။ ယောက္ခမကို မကျေနပ်တော့ဘူး။ ကျွန်မက အရမ်းလည်း ချမ်းသာချင်တာ။ ခေတ်စားတာတွေနောက် လိုက်တတ်တယ်။ ကျမ်းစာမှာ ပြောတယ်လေ၊ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်(ဝတ်ပြုရာကျမ်း ၁၁:၄၅) ဘုရားက သန့်ရှင်းတယ်။ မသန့်ရှင်းသူတွေက ဘုရားကို မဖူးမြင်နိုင်ကြဘူး။ ဒါပေမဲ့ ကျွန်မဆို အမြဲတမ်း အပြစ်လုပ်လိုက် ဝန်ခံလိုက်နဲ့ပဲ နေနေတာ။ ကိုယ့်ကိုယ်ကိုယ် အပြစ်နဲ့မကင်းနိုင်ခဲ့ဘူး။ ပြန်ကြွလာတဲ့ သခင်က ကျွန်မကို တရားစီရင်ပြီး၊ ငရဲကို ပို့မှာလား။ ဒါနဲ့ ကျွန်မလည်း အပြစ်ဖြစ်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သင်းအုပ်တွေကို မေးကြည့်တယ်။ သူတို့ ပြောတာက၊ “သခင့်ဆီ ဆုတောင်းပြီး အပြစ်ကိုဝန်ခံ နောင်တရနေသရွေ့၊ ကိုယ်တော်က အပြစ်တွေကို ခွင့်လွှတ်ပေးမှာပါ” တဲ့။ ဒါပေမဲ့ ကျွန်မပြဿနာက မပြေလည်သွားဘူး။ အရင်လိုပဲ အပြစ်လုပ်လိုက် ဝန်ခံလိုက်နဲ့ ဆက်ဖြစ်နေတာပဲ။ အပြစ်လုပ်မိတဲ့အခါတိုင်း ကျွန်မ ကြောက်လာတယ်။ သခင်က လူတစ်ယောက်ချင်းစီကို ကိုယ့်လုပ်ရပ်တွေအတိုင်း တရားစီရင်ဖို့၊ နောက်ဆုံးသောကာလမှာ ကြွလာတော့မယ်။ ကျွန်မက ဆက်ပြီး အပြစ်လုပ်နေတယ်ဆိုရင်၊ တရားစီရင်ခံရလိမ့်မယ်။ ပြစ်ဒဏ်ချမှတ်ခံရမှာပေါ့။ နိုင်ငံတော်ထဲကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ။ ကျွန်မ တော်တော် သောကဖြစ်လာတယ်။

၂၀၁၈ ဖေဖော်ဝါရီလပိုင်းမှာ၊ ကျွန်မအမျိုးသားက အွန်လိုင်းမှာ စည်းဝေးပွဲတွေ စတက်လာတယ်။ သူ့ကို ကြည့်ရတာ နေ့တိုင်း ပျော်နေသလိုပဲ။ သူ့ယုံကြည်ခြင်းကိုလည်း အများကြီး အာရုံစိုက်လာတယ်။ ဒါနဲ့ ကျွန်မလည်း သူတို့စည်းဝေးပွဲတွေမှာ ဘာတွေဆွေးနွေးလဲဆိုတာ သိချင်သွားရော။ တစ်ရက်ကျတော့ ကျွန်မအမျိုးသားက ပြောတယ်၊ “သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီ။ ကိုယ်တော်က တရားစီရင်ခြင်းအမှုကို ပြုနေတယ်” တဲ့။ ကျွန်မ အံ့သြသွားတယ်။ သခင်ယေရှု ပြန်ကြွလာပြီဆိုရင်၊ ကောင်းကင်ပေါ်က ပလ္လင်ဖြူကြီးထက်မှာ ထိုင်ပြီး၊ ကျွန်မတို့ကို တစ်ယောက်ချင်း တရားစီရင်နေမှာလေ။ ဒီမြင်ကွင်းကို မမြင်ကြရသေးဘူး။ ဒီတော့ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်း စတင်လိုက်ပြီဆိုတာ ဖြစ်နိုင်မလား။ ကျွန်မအမျိုးသားကို အဲဒီလိုပြောလိုက်တော့၊ သူက ရယ်ရယ်မောမောနဲ့ ပြန်ပြောတယ်၊ “နောက်ဆုံးသောကာလမှာ ဘုရားရဲ့တရားစီရင်ခြင်းအမှုက ငါတို့ထင်ကြသလို မဟုတ်ဘူး။ ဘုရားက လူ့ဇာတိခံပြီး ကမ္ဘာပေါ် ကြွလာပြီ။ ငါတို့ကို တရားစီရင်ဖို့ သမ္မာတရားကို ဖော်ပြနေတယ်” တဲ့။ ကျွန်မလည်း သံသယတွေဖြစ်လာပြီး၊ စဉ်းစားကြည့်တယ်၊ သခင်က နှုတ်ကပတ်တော်တွေ ဖော်ပြရင်းနဲ့ ငါတို့ကို ဘယ်လို တရားစီရင်နိုင်မှာလဲ။ ဒါမျိုးကို သင်းအုပ်တွေ၊ အကြီးအကဲတွေ ပြောတာလည်း လုံးဝ မကြားဖူးဘူး။ ကျွန်မအမျိုးသားက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးခါစဆိုတော့၊ သူလည်း သေချာ မရှင်းပြနိုင်ဘူးလေ။ ဒါနဲ့ ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က လူတွေနဲ့ တွေ့ဖို့ပြောတယ်။ ပထမတော့ ကျွန်မ မတွေ့ချင်ဘူး။ ဒါပေမဲ့ ကျွန်မအမျိုးသားက စဉ်းစဉ်းစားစားလုပ်တတ်တယ်၊ ယုံကြည်ခြင်း ထက်သန်တယ်၊ သခင် ပြန်ကြွလာပြီး တရားစီရင်ခြင်းအမှု ပြုနေတာကိုလည်း သူက ယုံကြည်တယ်ဆိုတော့၊ သူ့မှာ အကြောင်းပြချက်ကောင်းကောင်း ရှိရမယ်လို့ ထင်တယ်။ သခင် တကယ် ပြန်ကြွလာတာဟုတ်မဟုတ် သိအောင်၊ ကျွန်မလည်း သူတို့စည်းဝေးပွဲတွေ တက်ဖို့ သဘောတူလိုက်တာပေါ့။

စည်းဝေးပွဲတစ်ခုမှာ၊ အသင်းတော်က အစ်မလျိုဆိုတဲ့ တစ်ယောက်က ကျွန်မမေးခွန်းကို မိတ်သဟာယပြုပေးတယ်၊ “ဗျာဒိတ်ကျမ်းမှာ ပါတဲ့ ဖြူသောပလ္လင်ကြီးရဲ့ တရားစီရင်ခြင်းဆိုတာ ပတ်မုကျွန်းပေါ်မှာ ရှင်ယောဟန် မြင်ခဲ့တဲ့ ရူပါရုံတစ်ခုပါ။ နောက်ဆုံးသောကာလမှာ ဘုရား လုပ်ဆောင်မယ့်အမှုကို ပရောဖက်ပြုခဲ့တာ။ ဘုရားအမှုတော်ရဲ့ အကြောင်းအရာတွေကို ပြခဲ့တာမဟုတ်ဘူး။ ဒီပရောဖက်ပြုချက်ကို အစ်မတို့အယူအဆတွေ စိတ်ကူးတွေနဲ့ နားလည်အောင် ကြိုးစားလို့မရဘူး။ ကျမ်းစာမှာ ပြောတယ်လေ၊ ‘ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။’ (ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် ၁:၂၀-၂၁) ပရောဖက်ပြုချက်တွေနဲ့ပတ်သက်လာရင်၊ အစ်မတို့က ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိရမယ်။ ပရောဖက်ပြုချက်တွေဆိုတာ ဘုရားဆီက လာတယ်၊ နက်နဲတယ်။ ဒါကြောင့် အဲဒါတွေရဲ့အဓိပ္ပာယ်ကို ဘုရားကပဲ ထုတ်ဖော်ပြနိုင်တာ။ ပရောဖက်ပြုချက်တွေ ပြည့်စုံပြီဆိုမှ လူတွေအနေနဲ့ နားလည်နိုင်ကြတာ။ အစ်မတို့က အဲဒါတွေကို တိုက်ရိုက် အနက်ဖော်မယ်ဆိုရင်၊ ဘုရားရဲ့အမှုတော်ကို ဘောင်ခတ်မိတာမျိုး၊ ဘုရားကို ပုန်ကန်ပြစ်မှားမိတာမျိုး ဖြစ်သွားတတ်တယ်” “ဖာရိရှဲတွေဆိုရင် ကျမ်းစာရဲ့ တိုက်ရိုက်အဓိပ္ပာယ်အတိုင်း လိုက်နာကြတော့၊ မေရှိယဆိုတာ နန်းတော်ထဲမှာ မွေးဖွားလိမ့်မယ်၊ ရှင်ဘုရင် ဖြစ်လာလိမ့်မယ်ဆိုပြီး ထင်ခဲ့ကြတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာတာက လုံးဝ ဆန့်ကျင်ဘက်ပဲ။ သခင်က နန်းတော်ထဲမှာ မွေးဖွားတာ မဟုတ်တဲ့အပြင်၊ လက်သမားရဲ့သားအဖြစ် နွားစားခွက်ထဲမှာ မွေးဖွားလာတယ်။ ရှင်ဘုရင်လည်း ဖြစ်မလာခဲ့ဘူး။ ဖာရိရှဲတွေက သူတို့အယူအဆတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ပြီး၊ သခင့်ကို မေရှိယအဖြစ် အသိအမှတ်ပြုဖို့ ငြင်းခဲ့ကြတယ်။ ကိုယ်တော့်လုပ်ဆောင်ချက်နဲ့ နှုတ်ထွက်စကားတွေမှာ တန်ခိုးအာဏာ ပါမှန်း၊ အဲဒါတွေက ဘုရားဆီက လာမှန်း၊ သူတို့မြင်မိကြတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ဆက်ပြီး ဆန့်ကျင်ရှုတ်ချကြတာပဲလေ။ နောက်ဆုံး သခင့်ကို ကားတိုင်တင်ခဲ့ကြတယ်။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိတာဆိုတော့၊ ဘုရားရဲ့ ကျိန်ဆိုအပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရတယ်” “အစ်မတို့က ဖာရိရှဲတွေကို သင်ခန်းစာယူရမယ်။ ပရောဖက်ပြုချက်တွေနဲ့ ဘုရားအမှုတော်ကို ကိုယ့်အယူအဆတွေနဲ့ နားလည်အောင် မကြိုးစားဖို့၊ ဘောင်မခတ်မိဖို့ ကြိုးစားရမယ်” တဲ့။

ဒီအစ်မ ပြောတာက တော်တော် အသိဉာဏ်ပွင့်သွားတယ်၊ ကျမ်းစာနဲ့လည်း ကိုက်ညီတယ်လို့ ထင်တယ်။ ပရောဖက်ပြုချက်တွေဆိုတာ ဘုရားဆီက လာတာ။ ကိုယ်တော့်အတွေးတွေက လူသားထက် ပိုပြီးမြင့်မားတယ်။ ဘုရားရဲ့ဉာဏ်ပညာကလည်း လူသားထက် ပိုပြီးမြင့်မားတယ်။ ပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံရမယ်ဆိုတဲ့ အသေးစိတ်ကို ဘုရားကပဲ သိတာပေါ့။ ဘုရားရဲ့လုပ်ဆောင်ချက်ကို လူသားက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဘုရားရဲ့လုပ်ဆောင်ချက်ကို ကိုယ့်အယူအဆတွေနဲ့ ဘောင်ခတ်လို့မရမှန်း ကျွန်မ နားလည်သွားတယ်။ အဲဒီအစ်မကိုလည်း မေးမိတယ်၊ “ဘုရားက လူ့ဇာတိခံယူပြီး၊ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ် ကြွလာပြီ။ သမ္မာတရားကို ဖော်ပြနေတယ်၊ တရားစီရင်ခြင်းအမှုကို ပြုနေတယ်လို့ အစ်မက သက်သေခံတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။ ဒါက ကျမ်းစာထဲက ဖြူသောပလ္လင်ကြီးရဲ့ တရားစီရင်ခြင်းဆိုတာနဲ့ ဘယ်လိုဆက်စပ်လို့လဲ” ပေါ့။

အဲဒီအစ်မက ကျမ်းစာထဲက ဒီကျမ်းပိုဒ်တွေကို ထုတ်ပြတယ်၊ “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ...ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။(ဗျာဒိတ်ကျမ်း ၁၄:၆-၇)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၂)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၇)ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါ ဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးတော့ ရှင်ပေတရုသြဝါဒစာ ပဌမစောင်က ဒီတစ်ခုရောပေါ့၊ “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ(ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇) နောက်တော့ သူက မိတ်သဟာယပေးတယ်၊ “ဒီကျမ်းပိုဒ်တွေမှာ ‘မြေကြီးပေါ်မှာနေသောသူတို့ကို ထာဝရဧဝံဂေလိတရား ဟောရသော’၊ ‘တရားစီရင်တော်မူသောအချိန် ရောက်လာပြီ’၊ ‘ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော’ ဆိုတာတွေ ပါတယ်။ ဘုရားက တရားစီရင်ခြင်းအမှုပြုဖို့ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ် ကြွရောက်တယ်လို့ သဘောရတယ်။ ကျမ်းချက်တစ်ခုကလည်း၊ ‘တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏’ လို့ဆိုတယ်။ ‘သားတော်’ နဲ့ ‘လူသား’ ဆိုတာ၊ လူကနေ မွေးဖွားပြီး သာမန်လူ့သဘာဝရှိသူမျိုးကို ဆိုလိုတာ။ သခင်ယေရှုလိုပဲပေါ့၊ အပြင်ပန်းအရ သာမန်လို့ ထင်ရပေမဲ့၊ သူ့မှာ ဘုရားရဲ့ဝိညာဉ်တော်ရှိတယ်။ ဘုရားဖြစ်ခြင်း အနှစ်သာရ ပါတယ်။ ဘုရားရဲ့ဝိညာဉ်တော်ကိုရော သူ့ဝိညာဉ်ခန္ဓာကိုရော လူသားလို့ မခေါ်ဆိုနိုင်ဘူး။ ဘုရားက သမ္မာတရားကို ဖော်ပြဖို့နဲ့၊ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့၊ နောက်ဆုံးသောကာလမှာ လူသားအဖြစ် လူ့ဇာတိခံယူလိမ့်မယ်၊ ဒီ တရားစီရင်ခြင်းကလည်း ဘုရားရဲ့အိမ်တော်ကနေ စတင်တယ်ဆိုတာ၊ ဒီကျမ်းပိုဒ်တွေက သက်သေပဲ။ ဘုရားရဲ့အသံကို ကြားပြီး၊ ပလ္လင်တော်ရှေ့ ရောက်ရှိသူတွေက ဦးဆုံး တရားစီရင်ခံရမယ်လို့ ဒါက ဆိုလိုတာ” တဲ့။

ပြီးတော့ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်၊ “ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် မကြောက်ရွံ့မှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)လက်ရှိသိမ်းပိုက်ခြင်းအလုပ်သည် လူသား၏ဘ၀နိဂုံး အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ သရုပ်မှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရစေဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်၊ လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ ဤသည်မှာ လူတို့၏အပြစ်များကို တရားစီရင်ခြင်းနှင့် ၎င်းနောက် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဘုရားသခင်၏အလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ဤသို့ ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ နေ၏အလင်း မရှိဘဲ၊ ဆိုးညစ်မှုနှင့် စုဖွဲ့ခံကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်မှုနှင့် စုဖွဲ့ခံကြရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁))ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

နောက်တော့ အဲဒီအစ်မက မိတ်သဟာယ ဆက်ပေးတယ်၊ “ဘုရားက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု လုပ်ဆောင်တယ်ဆိုတာ၊ ကျွန်မတို့ထင်သလို လူတိုင်းက ရှေ့တော်မှောက် ဒူးထောက်နေမယ်၊ ဘုရားက တစ်ယောက်ချင်းစီရဲ့ အပြစ်တွေကို ထုတ်ဖော်မယ်၊ ပြီးရင် ကောင်းကင်ဘုံကို သွားရမလား၊ မီးအိုင်ထဲ ဆင်းရမလားဆိုတာ ဆုံးဖြတ်မယ်ဆိုတာမျိုး မဟုတ်ဘူး။ ဘုရားက ဒီလိုသာ တရားစီရင်တယ်ဆိုရင်၊ နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင့်တော်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး” “အစ်မတို့က စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတယ်။ မကောင်းတဲ့ စိတ်သဘောထားတွေ ပြည့်နေတယ်။ ဒါကြောင့် သခင့်ကို ယုံကြည်ခြင်းရှိပြီဆိုရင်၊ ကောင်းတဲ့အလုပ်လေးတွေ လုပ်မိတာမျိုး၊ ညှာညှာတာတာ ပြုမူတာမျိုး၊ ဧဝံဂေလိဖြန့်ဝေပြီး သခင့်အတွက် အလုပ်ကြိုးစားတာမျိုး ရှိချင်ရှိနိုင်မယ်။ ဒါပေမဲ့ အစ်မတို့ကိုယ်ထဲမှာ လွဲမှားတဲ့သဘာဝက ရှိနေတုန်းပဲ။ အပြစ်လုပ်လိုက်၊ ဝန်ခံလိုက်နဲ့ ဆက်ဖြစ်နေတုန်းပဲ။ သခင့်အဆုံးအမတွေကို မလိုက်နာနိုင်ကြဘူး။ သခင်က အစ်မတို့ဖြစ်ချင်တာကို မလုပ်ပေးဘူးဆိုရင်၊ သူ့ကို အပြစ်တင်ကြတယ်။ ကိုယ့်ဂုဏ်သိက္ခာနဲ့ အကျိုးအတွက် လိမ်ညာလှည့်ဖြားကြတယ်။ ကိုယ့်အကျိုးစီးပွားကို ထိခိုက်ပြီဆိုရင်၊ လူတွေကို မုန်းတီးပြီး လက်စားချေကြတယ်။ ကျမ်းစာမှာ ပြောတယ်လေ၊ ‘သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) အစ်မတို့လို လွဲမှားတဲ့လူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်လို့လား။ ဘုရားက အစ်မတို့လက်ရှိအပြုအမူကို အခြေခံပြီး တရားစီရင်မယ်ဆိုရင်၊ အစ်မတို့အားလုံး အပြစ်ဒဏ်ပေးခံရပြီး၊ သုတ်သင်ခံရမှာ မဟုတ်ဘူးလား” “လူသားတွေကို အပြစ်ကနေ အလုံးစုံ ကယ်တင်ဖို့အတွက်၊ ဘုရားက နောက်ဆုံးသောကာလမှာ လူသားအဖြစ် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး၊ တိတ်တိတ်လေး ကြွရောက်လာပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ကိုယ်တော်ပဲ။ ကိုယ်တော်က လူသားတွေကို တရားစီရင်၊ သန့်စင်ပေးဖို့ သမ္မာတရားကို ဖော်ပြတယ်။ အမှုတော်ပြုတယ်။ ဗျာဒိတ်ကျမ်းထဲက ဖြူသောပလ္လင်ကြီးရဲ့ တရားစီရင်ခြင်းဆိုတာ ဒါပါပဲ။ တရားစီရင်ခြင်းအမှုကို ဘုရား လုပ်ဆောင်တဲ့ပုံစံက၊ ပထမဆုံး၊ လူသားကို သန့်စင်ကယ်တင်ဖို့နဲ့ အောင်မြင်သူတွေအုပ်စုကို ပြုလုပ်ဖို့အတွက်၊ လူ့ဇာတိခံယူပြီး သမ္မာတရားကို ဖော်ပြတယ်။ အဲဒီနောက်မှာ ကပ်ဘေးကြီးတွေကို ဖြစ်စေတယ်။ ကောင်းသူကို ဆုချပြီး ဆိုးသူကို အပြစ်ဒဏ်ပေးတယ်။ ဒီ မကောင်းတဲ့ ခေတ်ဟောင်းကို ဖျက်ဆီးပစ်တယ်။ နောက်ဆုံးမှာမှ လူမျိုးအားလုံးရှေ့ကို အတိအလင်း ပေါ်ထွန်းတယ်။ အဲဒီအချိန်မှာ တရားစီရင်ခြင်းအမှုက ပြီးစီးပါပြီ။ ကပ်ဘေးကြီးတွေက ဖြူသောပလ္လင်ကြီးရဲ့ တရားစီရင်မှု စတဲ့အချိန်မှာ ကျရောက်တာ မဟုတ်ဘူး။ ပြီးဆုံးတဲ့အချိန်မှာ ကျရောက်တာပါ။ ဘုရားရဲ့ တိတ်တဆိတ် လုပ်ဆောင်တဲ့ အမှုတော်ကာလထဲမှာ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့၊ ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်သွားတဲ့လူတွေ အားလုံးက အဲဒီအချိန်မှာ ကပ်ဘေးတွေကို ဘုရားရဲ့ကာကွယ်မှုနဲ့ ကျော်လွှားကြလိမ့်မယ်။ ပြီးရင် ကိုယ်တော်က သူတို့ကို နိုင်ငံတော်ထဲ ခေါ်ဆောင်လိမ့်မယ်” “တိတ်တဆိတ် လုပ်ဆောင်တဲ့ အမှုတော်ကာလထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ရှုတ်ချခဲ့သူတွေကတော့ အပြစ်ဒဏ်ပေးခံရတဲ့အနေနဲ့၊ မကြုံစဖူး ကပ်ဘေးတွေထဲမှာ အံကြိတ်ငိုကြွေးရင်း ဖယ်ရှားခံရလိမ့်မယ်” တဲ့။

သူ့မိတ်သဟာယကို ကြားပြီးတော့ ကျွန်မရင်ထဲမှာ ရှင်းသွားတယ်။ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းအမှုဆိုတာ ကျွန်မ ထင်သလို၊ ဘုရားက ပလ္လင်ဖြူကြီးပေါ် ထိုင်ပြီး၊ လူတစ်ယောက်ချင်းစီကို တရားစီရင်မယ်၊ ပြီးရင် ကောင်းကင်ဘုံဖြစ်ဖြစ် ငရဲကိုဖြစ်ဖြစ် ပို့မယ်ဆိုတာမျိုး မဟုတ်ဘူးပေါ့။ ဘုရားရဲ့တရားစီရင်ခြင်းအမှုက အဆင့်တွေနဲ့ လုပ်ဆောင်တာပဲ။ ပထမဆုံး၊ လူတွေရဲ့ လွဲမှားတဲ့သဘာဝကို အမြစ်ဖြတ်ပေးဖို့၊ လူတွေကို သန့်စင်ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြတယ်။ နောင်တရပြီး ပြောင်းလဲကြဖို့ အခွင့်အရေးကို ပေးတာပါ။ အဲဒီနောက်မှာမှ ကောင်းသူကို ဆုပေးပြီး ဆိုးသူကို အပြစ်ဒဏ်ပေးဖို့၊ အတိအလင်း ပေါ်ထွန်းတာ။ ကျွန်မခေါင်းထဲ ရောက်နေတဲ့ ဖြူသောပလ္လင်ကြီးဆိုတဲ့ ပုံရိပ်က ဘုရားရဲ့တရားစီရင်ခြင်းအမှု အဆုံးသတ်တဲ့ မြင်ကွင်းပဲပေါ့။ ကျွန်မက ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ အဲဒီအချိန်ထိ စောင့်မယ်ဆိုရင်၊ အရမ်းနောက်ကျသွားပြီ။ ကယ်တင်ခံရဖို့ အခွင့်အရေးလည်း ဆုံးရှုံးမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းသင့်မှန်း၊ ကျွန်မ နားလည်သွားတယ်။ ဒါနဲ့ အဲဒီအစ်မကို မေးကြည့်တယ်၊ “ဘုရားက လူတွေကို နှုတ်ကပတ်တော်တွေနဲ့ ဘယ်လိုတရားစီရင် သန့်စင်ပေးတာလဲ” ပေါ့။

သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ်။ “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အဲဒီအစ်မက မိတ်သဟာယ ဆက်ပေးတယ်၊ “လူတွေကို တရားစီရင် သန့်စင်ပေးတဲ့ အမှုတော်ကို ပြုဖို့၊ သမ္မာတရားကို ဖော်ပြတယ်ဆိုတာ ဘုရားက နှုတ်ကပတ်တော်နည်းနည်းလောက် မိန့်ဆိုတာမျိုး၊ ကျမ်းပိုဒ်နည်းနည်း ဖော်ပြတာမျိုး မဟုတ်ဘူး။ လူသားတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြတာပါ” “ကိုယ်တော် ထုတ်ဖော်ပြတဲ့ သမ္မာတရားတွေက၊ ဥပမာ၊ စာတန်က လူသားကို ဘယ်လိုပျက်စီးစေလဲ။ ဘုရားက လူသားကို ဘယ်လိုကယ်တင်လဲ၊ ဘယ်လိုလူကို ဘုရားက ကောင်းချီးပေးလဲ၊ ဘယ်လိုလူကို ဖယ်ရှားပစ်လဲ၊ ဘယ်လိုလူတွေ ကယ်တင်ခံရပြီး နိုင်ငံတော်ကို ဝင်ရောက်နိုင်လဲ၊...စသဖြင့်ပေါ့။ ကိုယ်တော်က အထူးသဖြင့် ဘုရားကို ခုခံတတ်တဲ့ လူသားရဲ့ မကောင်းတဲ့သဘာဝကို ခွဲခြားဖော်ထုတ်ပြတယ်။ အစ်မတို့ထဲမှာရှိတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အဆိပ်အတောက်တွေ အားလုံးကိုလည်း ထုတ်ဖော်ပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်မှုတွေနဲ့ တရားစီရင်မှုကတစ်ဆင့်၊ စာတန်ကြောင့် ဖြစ်ရတဲ့ အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု အဖြစ်မှန်ကို မြင်နိုင်ကြတယ်။ ဘုရားကို ခုခံတတ်တဲ့ အစ်မတို့ရဲ့ လွဲမှားတဲ့သဘာဝနဲ့ အရင်းခံအကြောင်းရင်းကို သိလာကြတယ်။ မကောင်းတဲ့ စိတ်သဘောထားတွေဖြစ်တဲ့ မာနထောင်လွှားတာ၊ လိမ်ညာတာ၊ ယုတ်မာတာ၊ သမ္မာတရားကို မုန်းတီးတာတွေက အစ်မတို့ကိုယ်ထဲမှာ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်ဆိုတာ မြင်မိကြတယ်” “ဥပမာ၊ အစ်မတို့က သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တယ်။ မယုံကြည်သူတွေ လုပ်ကြံလှောင်ပြောင်တာကို ခံနိုင်ကြတယ်။ ထောင်ချခံရရင်တောင်၊ သခင့်ကို ငြင်းပယ်တာမျိုး၊ နိုင်ငံတော်ဧဝံဂေလိတရားကို မဟောပြောတော့တာမျိုး မရှိကြဘူး။ ဒါပေမဲ့ ဒုက္ခတွေ ရောက်ပြီး၊ ကိုယ့်အနာဂတ် အလားအလာ မကောင်းတော့ဘူးဆိုရင်၊ ဘုရားကို မကျေမနပ်နဲ့ အပြစ်တင်ကြတယ်။ ကိုယ် အားထုတ်ခဲ့တာတွေကို နောင်တရကြတယ်။ ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်တာမျိုးတောင် ရှိနိုင်တယ်။ အစ်မတို့ ကြိုးစားအားထုတ်ခဲ့တာတွေက ဘုရားရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရဖို့၊ ဆုလာဘ်နဲ့ သရဖူ ရဖို့သက်သက်ပဲဆိုတာ မြင်မိကြတယ်။ အဲဒီလို အားထုတ်တာတွေက မစင်ကြယ်ပါဘူး။ ဘုရားကို အပေးအယူလုပ်နေတာ၊ သခင့်ကို လိမ်ညာနေတာသက်သက်ပဲ။ အဲဒီတော့မှ အစ်မတို့က စာတန်ကြောင့် ဘယ်လောက်ပျက်စီးနေတယ်ဆိုတာကို လက်ခံမိကြတာ။ အစ်မတို့က ဘုရားကို မကြောက်ရွံ့ဘူး၊ အသိစိတ်နဲ့ ဆင်ခြင်ဉာဏ် မရှိကြဘူးဆိုတာတွေပေါ့။ ဘုရားရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရမှ၊ အစ်မတို့က ဘုရားရဲ့ ဖြောင့်မတ်တဲ့ ဘုန်းအာနုဘော်ရှိတဲ့ စိတ်သဘောထားကို သိလာကြတယ်။ ဘုရားကို ကြောက်ရွံ့လာကြတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မုန်းတီးလာတယ်။ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်လာကြတယ်။ အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေက သန့်စင်လာတယ်။ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်လာကြတယ်” “ဘုရားနှုတ်ကပတ်တော်တွေနဲ့ နှစ်ပေါင်းများစွာ တရားစီရင်ခံထားရသူတွေက သူတို့စိတ်နှလုံးထဲမှာ လှိုက်လှိုက်လှဲလှဲ သိသွားကြတယ်။ ဘုရားရဲ့တရားစီရင်မှုက လူတွေကို အမှန်တကယ် သန့်စင်ပြောင်းလဲပေးနိုင်ပါလား၊ ဒါဟာ လူသားအတွက် ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပါလားဆိုတာတွေပေါ့” တဲ့။

ဘုရားရဲ့တရားစီရင်ခြင်းအမှုက ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာ၊ သူ့မိတ်သဟာယကနေ ကျွန်မ မြင်သွားတယ်။ ဘုရားက နှုတ်ကပတ်တော်တွေကို ဖော်ပြတယ်ဆိုတာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ အပြစ်တွေရဲ့ အရင်းခံဇာစ်မြစ်ကို တရားစီရင် ဖော်ထုတ်ပြဖို့ပဲ။ ကျွန်မတို့တွေ ပြောင်းလဲဖို့နဲ့ သန့်စင်ကယ်တင်ခံရမယ့်လမ်းကို ပြဖို့အတွက်ပဲ။ အရင်က အပြစ်လုပ်မိပြီဆိုရင်၊ ကျွန်မကို ခွင့်လွှတ်ဖို့ သခင့်ကို တောင်းလျှောက်လိုက်တာပဲ။ ဒါပေမဲ့ နောက်တော့ အပြစ်မလုပ်မိအောင် မနေနိုင်ပြန်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ဘုရားရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်မခံထားဘူးလေ။ အပြစ်နဲ့ ကင်းရှင်းဖို့၊ သန့်စင်ခံရဖို့လမ်းကို အခုလို နောက်ဆုံးမှ ရှာတွေ့သွားတာ။

အဲဒီနောက်ပိုင်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုရော၊ ညီအစ်ကိုမောင်နှမတွေ ရေးထားတဲ့ သက်သေခံချက်တွေကိုရော အများကြီး ဖတ်ကြည့်တယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားပဲ၊ လူတွေကို သန့်စင်ပြောင်းလဲပေးနိုင်တာပဲဆိုတာ၊ ကျွန်မ လက်ခံလာတယ်။ အနန္တတန်ခိုးရှင်ဘုရားကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်မှန်း အသိအမှတ်ပြုမိတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကိုလည်း လက်ခံသွားတယ်။ ပြန်စဉ်းစားကြည့်တော့၊ ကျွန်မက ပလ္လင်ဖြူကြီးရဲ့ တရားစီရင်မှုအတွက် သခင် ကြွလာဖို့ကိုပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် စောင့်နေတာကိုး။ ဘုရားက သမ္မာတရားကို ဖော်ပြဖို့၊ ဘုရားအိမ်တော်က စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့၊ တိတ်တိတ်လေး ပြန်ကြွလာပြီဆိုတာ ကျွန်မ မသိခဲ့ဘူး။ ဘုရားရဲ့နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လွဲလုနီးပါးဖြစ်ခဲ့တာပါ။ ကိုယ်တော့်အသံကို ကြားခွင့်ပေးတဲ့အတွက်၊ ပလ္လင်တော်ရှေ့ ချီဆောင်ခံရခွင့် ပေးတဲ့အတွက်၊ တရားစီရင်ခြင်းကို လက်ခံပြီး ခရစ်တော်ရဲ့ပလ္လင်ရှေ့ သန့်စင်ခံရခွင့် ပေးတဲ့အတွက်၊ ဘုရားရဲ့ သနားကရုဏာနဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

သခင့်ကို ကြိုဆိုရန် အယူအဆများကို ထိုးဖောက်ထွက်ခြင်း

လီဟွမ်း တရုတ်နိုင်ငံ ဒါနဲ့ ညီမက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဘယ်အချိန်မှာ စပြီး ကြားဖူးခဲ့တာလဲ။ ၂၀၀၅ ခုနှစ်၊...

သခင် ပြန်လာခြင်းနဲ့ပတ်သက်ရင် ဘယ်သူ ပြောတာ နားထောင်သင့်သလဲ

သခင် ပြန်လာခြင်းကို ကြိုဆိုဖို့ ဘယ်ဟာက အဓိကကျလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)...

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးနောက် ကျွန်ုပ်တို့သည် အသက်တာအသစ်ကို ရရှိသည်

ကျူရီချူး၊ မလေးရှားကျွန်မက အလှဖန်တီးရှင်တစ်ယောက် ဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ ကျွန်မတို့က မလေးရှားရှိ အမျိုးသမီးများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။