မြူများရှင်းလင်းသွားပြီး ကောင်းကင်နိုင်ငံတော်သို့ လမ်းကြောင်းကို ကျွန်တော် ရှာတွေ့ခဲ့သည်

03.04.2021

ချန်းအိုင်း၊ တရုတ်ပြည်နယ်

ကျွန်တော် ငယ်ငယ်ကတည်းက သခင့်အပေါ် ကျွန်တော့် မိဘများ၏ ယုံကြည်မှုနောက်သို့ ကျွန်တော် လိုက်လျှောက်ခဲ့ပြီး၊ ယခု အိုမင်းမှုက ကျွန်တော့်ရှေ့တွင် သိသာထင်ရှားစွာ မြင်နေရလေသည်။ ကျွန်တော့် တစ်သက်လုံး သခင့်ကို ယုံကြည်ခဲ့သော်လည်း၊ မိမိကိုယ်ကိုယ် အပြစ်မှ ဖယ်ရှားရန် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းနှင့် ပတ်သက်သည့် ပြဿနာသည် ကျွန်တော့်ကို လမ်းပျောက်ပြီး နာကျင်စေ လျက် အမြဲတမ်း အံ့သြတုန်လှုပ်ခြင်း ဖြစ်စေသည့် ဖြေရှင်းမရနိုင်သော ပဟေဠိတစ်ခုဖြစ်ခဲ့သည်။ ကျွန်တော့် အချိန် ကျရောက်လာသည့်အခါ တွင် ကျွန်တော့် အသက်တာသည် စုံလင်ပြီး၊ မိမိ၏နှလုံးသားတွင် ငြိမ်သက်မှုဖြင့် သခင့်ကို နောက်ဆုံးတွင် တွေ့နိုင်သည် ဆိုသည့် အသိဖြင့် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ မိမိကိုယ်ကိုယ် အပြစ်မှ ဖယ်ရှားပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် နည်းလမ်းကို ကျွန်တော့် တစ်သက်တာအတွင်းတွင် ဖော်ထုတ်အဖြေရှာနိုင်ဖို့ များစွာ ဆန္ဒရှိခဲ့ သည်။

ဤအကျပ်အတည်းကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းရာတွင်၊ ကျွန်တော် သမ္မာကျမ်းစာကို အထပ်အထပ်အခါခါ ဖတ်ရှုလျက်၊ ဓမ္မဟောင်းကျမ်းမှ ဓမ္မသစ်ကျမ်းသို့၊ ပြီးလျှင် ဓမ္မသစ်ကျမ်းမှ ပြန်၍ ဓမ္မဟောင်းကျမ်းသို့ ဖတ်ကာ၊ သမ္မာကျမ်းစာမှ စိတ်အားထက်သန်စွာ အကြံဉာဏ်ရယူခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင်၊ မည်သည့် မှန်ကန်သည့် အဖြေကိုမျှ ကျွန်တော် ရှာမတွေ့ခဲ့ပါ။ ရွေးချယ်စရာ ကုန်လျက်၊ ကျွန်တော်သည်- “ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။(ရှင်မဿဲခရစ်ဝင် ၁၁:၁၂) ဟု သခင်က ပြောခဲ့သောကြောင့် သခင့်သွန်သင်ချက်များ အတိုင်း တတ်နိုင်သမျှ ကောင်းမွန်စွာ ပြုမူကျင့်ကြံဖို့ အကောင်းဆုံး ကြိုးစားရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် လက်တွေ့ဘဝတွင် ကျွန်တော် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားပါစေ၊ သခင်က ကျွန်တော့်ထံမှ လိုအပ်သည့် အရာအတိုင်း အသက်မရှင်နိုင်သေးသည်ကို ကျွန်တော် ရှာဖွေတွေ့ရှိ ခဲ့သည်။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း- “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ကျွန်တော်တို့က ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်ပြီး၊ ညီအစ်ကိုမောင်နှမများ အချင်းချင်း ချစ်ဖို့ကို သခင်က လိုအပ်လေသည်။ သို့သော် ကျွန်တော် မည်သည့်အရာကို လုပ်ပါစေ၊ ကျွန်တော့် မိသားစုအတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် သခင့် အတွက် ကျွန်တော့် ချစ်ခြင်းမေတ္တာထက် ပိုကြီးမားပြီး၊ အသင်းတော်မှ ကျွန်တော့် ညီအစ်ကိုမောင်နှမများကို ကိုယ်နှင့်အမျှ အမှန်တကယ် မချစ်နိုင်သောကြောင့်၊ ဤချစ်ခြင်းမေတ္တာ မျိုးကို ကျွန်တော် မရရှိနိုင်ခဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် ကျွန်တော်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ပါဝင် ပတ်သက်နေသည့်အချိန်တွင် ကျွန်တော်က အခြားသူများနှင့် ပတ်သက်၍ မကြာခဏ သဘောထားသေးသိမ်ပြီး၊ ချင့်တွက်လွန်းလှသည်မှာ ကျွန်တော့် အတွင်း၌ မကျေမချမ်းမှုများ နိုးကြွလာခဲ့သည်။ ကျွန်တော့် ကဲ့သို့ လူတစ်ယောက်က မည်သို့ ကယ်တင်ခံရပြီး၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်နည်း။ သခင်ယေရှုက- “ငါအမှန်ဆို သည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင် နိုင်ငံတော် သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃)သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။(ရှင်မဿဲခရစ်ဝင် ၅:၂၀) တို့ကဲ့သို့သော ကောင်းကင်နိုင်ငံတော် ထဲသို့ ဝင်ရောက်ခြင်း အကြောင်းအရာများစွာ ကိုလည်း ဟောပြောခဲ့သည်။ ကျွန်တော်က သခင်၏ဤသတ်မှတ်ချက် တစ်ခုတစ်လေကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ကျွန်တော် မကြာခဏ မုသားပြောပြီး၊ ကျွန်တော့်စိတ်ကြိုက်မတွေ့သည့် တစ်စုံ တစ်ရာကို ကြုံတွေ့ရတိုင်း သခင့်ကို အပြစ်တင်လေသည်။ အကြိမ်ကြိမ် အဖန်ဖန် အပြစ်ကျူးလွန်လိုက်၊ ပြီးလျှင် နောင်တရလိုက်၊ နောင်တရ လိုက်၊ ပြီးလျှင် အပြစ်ကျူးလွန်လိုက်ဖြစ်လျက် ကျွန်တော့် အတွေးများက လှည့်ဖြားမှု နှင့် မရိုးသားမှုများ ပါဝင်ပြီး၊ အပြစ်တွင် အမြဲမပြတ် ဆင်းရဲ ဒုက္ခခံနေရသည်။ သခင်က သန့်ရှင်းပြီး၊ သမ္မာကျမ်းစာတွင်- “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲ သြဝါဒစာ ၁၂:၁၄) ဟု ဖော်ပြထားလေသည်။ ကျွန်တော်ကဲ့သို့ လုံးလုံး ညစ်ညမ်းနေသည့် သူတစ်ယောက်က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မည်သို့ သင့်တော်နိုင်မည်နည်း။ ဤသည်မှာ ကျွန်တော့် အတွက် အလွန် ဦးနှောက်ခြောက်စရာကောင်းသည်။ သို့သော်လည်း ယုံကြည်မှုရှိခြင်း နှင့် ဗတ္တိဇံခံယူခြင်းဆိုသည်မှာ ဧကန်မုချ ကယ်တင်ခံ ရခြင်း ဖြစ်ကြောင်း၊ သခင့်ကို ကျွန်တော်တို့ မိမိစိတ်နှလုံးတွင် ယုံကြည်ပြီး၊ ကျွန်တော်တို့၏ နှုတ်မှ လက်ခံပါက၊ ကျွန်တော်တို့က ယုံကြည်မှုအားဖြင့် ၊ဖြောင့်မတ်ပြီးဖြစ်ကာ ထာဝရ ကယ်တင်ခံရကြောင်း၊ သခင် တစ်ဖန်ပြန် ကြွလာသည့်အချိန်တွင် ကျွန်တော်တို့ကို တကယ့်ကို ကောင်းကင် နိုင်ငံတော်သို့ ချီမမည် ဖြစ်ကြောင်း ရောမသြဝါဒစာ၊ ဂလာတိသြဝါဒစာ နှင့် ဧဖက်သြဝါဒစာ တို့တွင် ပေါလု ထောက်ခံခဲ့သည်အတိုင်း ယုံကြည်မှု ဖြင့် ဖြောင့်မတ်ခြင်း၏ နည်းလမ်းကို ကျွန်တော် ဖတ်ရသည့် အခါတိုင်း- ကျွန်တော်သည် ဝမ်းမြောက်ခြင်းဖြင့် လွှမ်းခြုံခဲ့ရသည်။ ကျွန်တော် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတွက် စိတ်ပူရန် မလိုဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထို့နောက်တွင် လူများသည် သူတို့၏ ကိုယ်ပိုင်အားထုတ်ကြိုးပမ်းမှုမှ တစ်ဆင့်သာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည့်အကြောင်း သခင်ပြောခဲ့သည့် အရာကို ကျွန်တော် သတိရပြီး စိတ်ပူမိသည်။ ယုံကြည်မှုဖြင့် ဖြောင့်မတ်ပြီးနောက်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်မှာ ထိုမျှ အမှန်တကယ် ရိုးရှင်း ပါသလား။ အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းသော ယုံကြည်သူ သက်ကြီးသူများက ၎င်းတို့၏ အသက်တာ အဆုံးသတ် နားသို့ ရောက်နေသည့်အချိန်တွင် ဂနာမငြိမ်ဖြစ်ပြီး၊ စိတ်ပူပန်လွန်းလှသည်မှာ သူတို့က များစွာ ငိုကြွေးပြီး၊ သူတို့ထဲက တစ်ယောက်မျှ သွားဖို့ကို ပျော်ပုံမပေါက် သည်ကိုလည်း ကျွန်တော် တွေ့ခဲ့ရသည်။ ကျွန်တော် ဤသို့ မတွေးဘဲ မနေနိုင်ခဲ့ပါ။ ယုံကြည်မှုတစ်ခုတည်းအားဖြင့် ဖြောင့်မတ်ခြင်း မှ တစ်ဆင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု သူတို့က ဆိုပါက၊ သူတို့ သေအံ့မူးမူးအချိန်များတွင် အဘယ့်ကြောင့် အလွန် ကြောက်လန့်သည့်ပုံ ပေါက်နေကြသနည်း။ သူတို့က ကယ်တင်ခံရခြင်းရှိ မရှိကိုလည်းကောင်း၊ သေဆုံးပြီးနောက် သူတို့မည်သည့်နေရာသို့ သွားမည်ကိုလည်းကောင်း မသိကြသည့် ပုံစံပေါက်နေသည်။ ကျွန်တော်က သခင်ယေရှု၏ နှုတ်ကပတ်တော်များကို အကြိမ်ကြိမ် အဖန်ဖန် တစ်စိမ့်စိမ့် ချင့်ချိန်ပြီး၊ ပေါလု၏ စကားများကိုလည်း ချင့်ချိန် စဉ်းစားခဲ့ကာ၊ ကောင်းကင်နိုင်ငံတော်သို့ မည်သူဝင်ရောက်နိုင်ကြောင်း အရေးကိစ္စနှင့် ပတ်သက်ပါက သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် ပေါလု၏ စကားများသည် အလွန် ကွဲပြားနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။ ပေါလုအရ လူတစ်ယောက်က သခင့်ကို ယုံကြည်ခြင်း သက်သက် အားဖြင့် ယုံကြည်မှုဖြင့် ဖြောင့်မတ်သည် ဟု ဖြစ်သည်။ ၎င်းမှာ မှန်ကန်ပါက၊ လူတိုင်း ကယ်တင်ခံရမည် ဖြစ်သည်။ သို့ပါက သခင်ယေရှုက- “ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ၏။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ် ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။(ရှင်မဿဲ ခရစ်ဝင် ၁၃:၄၇-၄၈) ဟု အဘယ်ကြောင့် မိန့်တော်မူခဲ့သနည်း။ နောက်ဆုံးသော ကာလ်၌ သခင်ပြန်ကြွလာသည့်အချိန်တွင် သူက ဂျုံစပါးများကို တောပင်များမှ၊ သိုးများကို ဆိတ်များမှ၊ ပြီးလျှင် ကောင်းမြတ်သော အစေခံများကို ဆိုးယုတ်သော အစေခံများမှ အဘယ့်ကြောင့် ခွဲထုတ်ဖို့ လိုအပ်သနည်း။ သခင်ယေရှု ပြောခဲ့သည့် ဤနှုတ်ကပတ်တော်များမှ သခင့်ကို ယုံကြည်သူတိုင်း ကောင်းကင် နိုင်ငံတော်သို့ မဝင်ရောက်နိုင်သည်မှာ ရှင်းလင်းပါသည်။ ထို့ကြောင့် ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော် ကယ်တင်ခံရပါသလား။ ပြီးလျှင် ကျွန်တော် သေဆုံးသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် နိုင်မလား။ ဤမေးခွန်းများက ကျွန်တော့် စိတ်ထဲတွင် ပဟေဠိများကဲ့သို့ စွဲကျန်နေပြီး၊ ကျွန်တော်က ၎င်းတို့ကို မည်သို့ဖြေဆိုရမှန်း မသိခဲ့ပါ။

ဤပြဿနာကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းရာတွင်၊ ခေတ်တစ်လျှောက် လူသိများသည့် ဝိညာဉ်ရေးရာ အကျော်အမော် ပုဂ္ဂိုလ်များ ရေးသားသည့် လက်ရာများမှ အကြံဉာဏ်ရယူခဲ့ သော်လည်း ကျွန်တော် ဖတ်သမျှ အများစုမှာ ရောမ၊ ဂလာတိ နှင့် ဧဖက်တို့တွင် ဖော်ပြထားသည့် ယုံကြည်မှုအားဖြင့်ဖြောင့်မတ်ခြင်း၏ အဓိပ္ပါယ် ကောက်ယူချက်များ ဖြစ်ပြီး ထိုစာအုပ်များထဲမှ တစ်အုပ်မှ ကျွန်တော်၏ ရှုပ်ထွေးမှုကို မပပျောက်စေနိုင်ပါ။ ထို့နောက် သခင်၌ လူသိများသည့် အကြီးအကဲများ အားလုံးထံသို့ သွားလည်ကာ၊ ကွဲပြားသည့် ဂိုဏ်းဂဏများစွာ၏ ဝတ်ပြုစုဝေးပွဲများသို့ တက်ရောက်ခဲ့သော်လည်း၊ သူတို့အားလုံးက အတူတူနီးပါး အရာများကိုသာ ပြောကြကာ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နည်း၏ နက်နဲမှုကို မည်သူမျှ ကျွန်တော့်ကို သိသာထင်ရှားစွာ ရှင်းမပြနိုင်ခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်တော်သည် နိုင်ငံခြား တက်သစ်စ ဂိုဏ်းဂဏ တစ်ခုကို ရှာတွေ့ခဲ့ပြီး၊ ဤကဲ့သို့ အသင်းတော်မျိုးသည် သိမြင်နားလည်မှုအချို့ ပေးနိုင်ကောင်း ပေးနိုင်မည်ဟု မိမိဘာသာ တွေးခဲ့သည်။ ထို့ကြောင့် ရွှင်လန်း တက်ကြွသောစိတ်ဖြင့် သူတို့၏ ဝတ်ပြုစုဝေးပွဲများထဲမှ တစ်ခုကို ကျွန်တော် သွားတက်ရောက်ခဲ့သည်။ သူတို့ဒေသနာ၏ အစတွင် အတော်အတန် သိနားလည်စေသည်ဟု သိခဲ့ရသော်လည်း နောက်ဆုံးတွင် သူတို့သည်လည်း ယုံကြည်မှုအားဖြင့် ဖြောင့်မတ်ခြင်းနှင့် ပတ်သက်သည့် နည်းလမ်းကိုသာ ဟောကြားနေသည်ကို တွေ့ခဲ့ရပြီး၊ စိတ်ပျက်ခြင်းဖြင့် အလွန်စိတ်ကသိကအောက် ဖြစ်ခဲ့ရသည်။ ဝတ်ပြုစုဝေးပွဲ ပြီးနောက် ကျွန်တော်က သင်းအုပ်ခေါင်းဆောင်အား ရှာဖွေပြီး “ဆရာ၊ စိတ်မရှိပါနဲ့၊ ဆရာက ‘တစ်ကြိမ်ကယ်တင်ခံရဖူးလျှင် အမြဲကယ်တင်ခံရ’ လို့ပြောတဲ့ အချိန်မှာ ကျွန်တော် နားမလည်ခဲ့ဘူး။ ဒီအကြောင်းကို ကျွန်တော်နဲ့ ပိုပြီး မိတ်သဟာယ ဝေမျှလို့ရမလားခင်ဗျာ။” ဟု မေးခဲ့သည်။ သင်းအုပ်ဆရာ က “ဒါက နားလည်ဖို့ အရမ်းလွယ်ကူတဲ့အရာပါ။ ရောမသြဝါဒစာမှာ  ‘ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။’ (ရောမ ၈:၃၃-၃၄) လို့ပြောထားတယ်။ သခင်ယေရှုက ကားတိုင်ပေါ် တင်ခံရခြင်း အားဖြင့် ကျွန်တော်တို့ အပြစ်တွေအားလုံးကို ဖြေပေးခဲ့ပြီးပြီ။ အဲဒါဟာ အတိတ်က ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲဖြစ်ဖြစ်၊ ဒီနေ့လက်ရှိ ကျွန်တော်တို့ ကျူးလွန်တဲ့ အပြစ်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် အနာဂတ်မှာ ကျွန်တော်တို့ ကျူးလွန်နိုင်သေးတဲ့ အပြစ်တွေပဲဖြစ်ဖြစ် အပြစ်တွေ အားလုံးကို ခွင့်လွှတ်ပေးပြီးဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်။ ကျွန်တော် တို့က ခရစ်တော်အပေါ် ယုံကြည်ခြင်းနဲ့ ထာဝရ ဖြောင့်မတ်ရာ ရောက်ပြီး၊ သခင်က ကျွန်တော်တို့ အပြစ်တွေအတွက် ကျွန်တော်တို့ကို စီရင်ခြင်းမရှိဘူးဆိုရင်၊ ကျွန်တော်တို့ကို ဘယ်သူက စွပ်စွဲနိုင်မှာလဲ။ ဒါကြောင့် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ယုံကြည်မှုကို ဆုံးရှုံးလို့ မဖြစ်ဘူး။” ဟု ပြောလေသည်။ သင်းအုပ်ဆရာ၏ အဖြေက ကျွန်တော့်ကို ပို၍ပင် စိတ်ရှုပ်ထွေးစေ သောကြောင့် ကျွန်တော်က- “ဟေဗြဲမှာ ‘အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။’ (ဟေဗြဲသြဝါဒစာ ၁၀:၂၆) လို့ ရေးထားတဲ့အရာကို ဆရာ ဘယ်လိုဖြေရှင်းမလဲ” ဟု ဆက်ပြီးမေးခဲ့သည်။ သင်းအုပ်ဆရာ၏ မျက်နှာက ရဲတက်သွားပြီး၊ သူက မည်သည့်အရာမျှ ထပ်မပြောတော့ဘဲ၊ ကျွန်တော့် မေးခွန်းမှာ အဖြေမရဘဲ ကျန်ရစ်ခဲ့သည်။ ဤဝတ်ပြုစုဝေးပွဲက ကျွန်တော့် စိတ်ရှုပ်ထွေးခြင်းကို မဖြေရှင်းနိုင်ရုံ သာမက၊ ထိုအစား ကျွန်တော့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို တိုးလာစေခဲ့သည်။ ကျွန်တော်က “သခင့်ကို ငါယုံကြည်ခဲ့တာ ဆယ်စုနှစ်တွေကြာခဲ့ပြီ၊ ဒါပေမဲ့လည်း ငါသေတဲ့အချိန်မှာ၊ ငါ့စိတ်ဝိညာဉ် ဟာ သခင့်ဆီကို သွားမသွားတောင် ငါမရှင်းသေးဘူးဆိုရင် ဒါဟာ ငါ့တစ်ဘဝလုံး အမှတ်မှားတဲ့ ယုံကြည်မှု အမျိုးအစား တစ်ခု ရှိတယ်လို့ မဆိုလိုနေ ဘူးလား။” ဟု မိမိဘာသာတွေးမိခဲ့သည်။ ထို့နောက် ကျွန်တော့် ပြဿနာ အတွက် အဖြေကို လုံးဝ နေရာအနှံ့ ရှာဖွေခြင်း လမ်းကြောင်းကို စတင်ခဲ့ပါသည်။

၂၀၀၀ခုနှစ် မတ်လတွင်၊ နိုင်ငံခြားသားများ ဟောကြားသည့် ဒေသနာများသည် ပိုသာလွန်ပြီး၊ သူတို့က ကျွန်တော်၏ ရှုပ်ထွေးခြင်း ကို ဧကန်မုချ ဖြေရှင်းမည်ဟု ယုံကြည်စိတ်ချမှုရှိလျက်၊ နိုင်ငံခြားသား များ ဖွင့်သည့် ဓမ္မသင်တန်းကျောင်းတစ်ခုတွင် သွားရောက် လေ့လာ ခဲ့သည်။ သို့သော် အံ့အားသင့်စွာပင်၊ ထိုနေရာတွင် ကျွန်တော်သည် ယုံကြည်မှုဖြင့် ပြည့်လျှံလျက်ရှိသည့် အချိန်အတောအတွင်း နှစ်လကြာ သင်ယူလေ့လာ ပြီးနောက်တွင်၊ သင်းအုပ်ဆရာများအားလုံးသည် တူညီသည့်အရာ အဟောင်းများကိုသာ ဟောကြားကြပြီး၊ သူတို့၏ ဒေသနာများတွင် သိမြင်မှုအသစ် လုံးဝ မရှိသည်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာတွင်ရှိစဉ် အသက်ပေးသည့် ဒေသနာတစ်ခုမျှ မကြားခဲ့ရသကဲ့သို့၊ ဝိညာဉ်ရေးရာ စာတမ်းတိုတစ်ခုပင် မဖတ်ခဲ့ရပါ။ ကျွန်တော်၏ ရှုပ်ထွေးခြင်းက မပပျောက်သွားရုံမျှမက၊ ထိုအစား ထိုနေရာတွင် ကျွန်တော်နေသည့်အချိန်များက ကျွန်တော့်ကို ပို၍ပင် ပျာယာခတ် စေခဲ့သည်။ ကျွန်တော်က စိတ်မရှုပ်ဘဲမနေနိုင်ကာ၊ “ငါဒီမှာရောက်နေ တာ နှစ်လကျော်ခဲ့ပေမဲ့ ငါဘာများ ဆည်းပူးမိလဲ။ ဒီမှာ ထောက်ပံ့မှု မရနိုင်ဘူးဆိုရင်တော့၊ ဒီလေ့လာမှုတွေကို ဆက်လုပ်နေတာ ဘာအကျိုး ရှိလဲ။”

ညစာစားပြီး တစ်ညနေတွင်၊ ကျွန်တော်က သင်းအုပ်ဆရာ တစ်ယောက်ကို “ဆရာ၊ ဓမ္မပညာ ကျောင်းသားတွေ အနေနဲ့၊ ကျွန်တော် တို့ လေ့လာတာ ဒါအကုန်ပဲလား။ အသက်တာရဲ့ လမ်းခရီး အကြောင်း ကျွန်တော်တို့ ပြောလို့မရဘူးလား။” ဟု မေးခဲ့သည်။ သင်းအုပ်ဆရာက အလွန် တည်ကြည်စွာဖြင့် “ဆရာတို့ ဓမ္မပညာဆိုင်ရာ လေ့လာမှုတွေမှာ ဒီအကြောင်းအရာတွေကို မဆွေးနွေးဘူးဆိုရင်၊ ဆရာတို့ ဘာအကြောင်း ပြောသင့်လဲ။ စိတ်အေးအေးထားပြီးတော့၊ ဆက်လေ့လာပါ။ ဆရာတို့က ကမ္ဘာမှာ အကြီးဆုံး ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်တယ်၊ ပြီးတော့ ဆရာတို့က နိင်ငံတကာက အသိအမှတ်ပြုခံထားရတာပါ။ ဆရာတို့က မင်းကို ဒီမှာ သုံးနှစ် လေ့ကျင့်ပေးပြီး၊ အဲဒီနောက်မှာ မင်းက သင်းအုပ်ဆရာတစ်ယောက် အဖြစ် နိုင်ငံတကာအဆင့် သတ်မှတ် အရည်အချင်းပြည့်မီလိမ့်မယ်။ အဲဒီအချိန်ရောက်လာရင်၊ ဧဝံဂေလိ ဟောကြားဖို့ နဲ့ အသင်းတော်တွေ တည်ထောင်ဖို့ အဲဒီအောင်လက်မှတ်ကို ကမ္ဘာ နေရာအနှံ့ကို မင်း ယူသွားလို့ရတယ်လေ။” ဟု ပြန်ဖြေခဲ့သည်။ သင်းအုပ်ဆရာ၏ အဖြေက ကျွန်တော့်အတွက် အမှန်တကယ် စိတ်ပျက် ဖွယ်ကောင်းလေသည်။ ကျွန်တော် သင်းအုပ်ဆရာတစ်ယောက် မဖြစ်ချင် ပါ၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းကိုသာ ကျွန်တော် သိချင်ပါသည်။ ထို့ကြောင့် ကျွန်တော်က “ဆရာ၊ သင်းအုပ်ဆရာ တစ်ယောက်ရဲ့ အောင်လက်မှတ်ရှိတာဟာ အထူးအခွင့်အလမ်း များစွာကို ရရှိစေတဲ့အတွက်ကြောင့်၊ ကျွန်တော်က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အဲဒါကို အသုံးပြုနိုင်မလား။” ဟု သူ့ကို မေးလိုက်သည်။ ဤအရာကို ကြားရာတွင်၊ သင်းအုပ်ဆရာက တိတ်ဆိတ် သွားလေသည်။ ကျွန်တော်က ဆက်ပြောခဲ့သည်။ “ဆရာ၊ ဆရာငယ်ငယ်တည်းက သခင့်ကို ယုံကြည်ခဲ့တယ်လို့ ကျွန်တော် ကြားရတယ်။ အဲဒါက အခုဆိုရင် ဆယ်စုနှစ်များစွာ ဖြစ်နေပြီဆိုတော့ ကျွန်တော် စဉ်းစားမိတယ်၊ ဆရာ ကယ်တင်ခံရပြီးပြီလား။” သူက “ဟုတ်တယ်၊ ဆရာ ကယ်တင်ခံရပြီးပြီ။” ဟု ပြန်ဖြေခဲ့သည်။ ကျွန်တော်က “ဒါဆို ဆရာက ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မလား” ဟု မေးခဲ့သည်။ မိမိကိုယ်မိမိ ယုံကြည် စွာဖြင့် သူက “ဟုတ်တာပေါ့ ဆရာဝင်နိုင်မှာပေါ့” ဟု ပြောခဲ့သည်။ ထို့နောက် ကျွန်တော်က “ဒါဆို ကျွန်တော် မေးပါရစေ၊ ကောင်းကင် နိုင်ငံတော်ကို ဆရာဝင်ရောက်နိုင်တယ်လို့ ပြောတာရဲ့ အခြေခံ အကြောင်းအရင်းက ဘာလဲ။ ဆရာက ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ ထက် ပိုဖြောင့်မတ်တဲ့ လူတစ်ယောက်လား။ ဆရာ ကိုယ့်ကိုယ်ကိုယ် ချစ်သလောက် ကိုယ်နဲ့ သက်ဆိုင်သူတွေကို ချစ်လား။ ဆရာက သန့်ရှင်းလား။ အဲဒီ အကြောင်းလေး တွေးကြည့်ပါ။ ကျွန်တော်တို့က တစ်ချိန်လုံး အပြစ်လုပ်ပြီး၊ သခင့်သွန်သင်ချက်တွေကို မဆန့်ကျင်ဘဲ မနေနိုင်သေးဘူး၊ ပြီးတော့ ကျွန်တော်တို့က နေ့မှာ အပြစ်ကျူးလွန်ပြီး၊ ညမှာ ဝန်ခံတဲ့ အခြေအနေနဲ့ နေ့တိုင်း အသက်ရှင်နေကြတယ်။ ဘုရားသခင်က သန့်ရှင်းတယ်လေ၊ ဒါ့ကြောင့် ကျွန်တော်တို့က အပြစ်တွေအများကြီးနဲ့ ပြည့်နေတဲ့အချိန်မှာ ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ ဝင်ရောက် နိုင်မယ်လို့ ဆရာ တကယ် ထင်လား။” သင်းအုပ်ဆရာက အကြံအိုက်ပြီး၊ သူ့မျက်နှာက ရဲတွတ်သွားကာ၊ အချိန်အတန်ကြာသည့်တိုင်အောင် သူနောက်ထပ် စကားတစ်လုံးမျှ မဆိုတော့ပါ။ သူ့တုံ့ပြန်မှုကို ကျွန်တော် အလွန်စိတ်ပျက်ပြီး၊ ကျွန်တော် ထိုနေရာတွင် ကျွန်တော့် လေ့လာမှု များကို ဆက်လက်ပြုလုပ်ပါက၊ အသက်ကို ရရှိရန်နှင့် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန် နည်းလမ်းနှင့် ပတ်သက်သည့် နက်နဲမှုကို ကျွန်တော် နားလည် သဘောပေါက်နိုင်မည် မဟုတ်ဟု ခံစားရသည်။ ထို့ကြောင့် ကျွန်တော်က ဓမ္မကျောင်း၌ ကျွန်တော့် လေ့လာမှုများကို ချန်ထားခဲ့ပြီး၊ ကျွန်တော့် ဇာတိမြို့သို့ ပြန်လာခဲ့သည်။

အိမ်သို့အပြန်ခရီးတွင်၊ ကျွန်တော် ခံစားဖူးသမျှထဲတွင် အားအလျော့ဆုံးကို ခံစားခဲ့ရသည်။ ကျွန်တော့် နောက်ဆုံး မျှော်လင့်ချက် ခြေမှုန်းခံရသည့်အလား ခံစားခဲ့ရသည်။ ကျွန်တော်က “နိုင်ငံခြားသား သင်းအုပ်ဆရာတွေ ဖွင့်တဲ့ ဓမ္မကျောင်းမှာတောင် ငါ့ရှာဖွေမှုက ကိုယ့်ကိုယ်ကိုယ် အပြစ်က ဖယ်ရှားဖို့နဲ့ ကောင်းကင် နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ လမ်းကြောင်းကို မရနိုင်သေးဘူး။ ဒီလမ်းကြောင်းကို ငါ တခြားဘယ်မှာသွားပြီး ရှာဖွေနိုင်မလဲ။” ကျွန်တော်သည် လမ်းဆုံးရောက် နေသည်ဟု ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်တွင်ပင်၊ သေခါနီးသည့် အချိန်တွင် ကျွန်တော်၏ အိုမင်းနေသောအဖေနှင့် သင်းအုပ်ဆရာ တစ်ယောက်တို့ ငိုကြွေးကြသည့် ပုံရိပ်များက ကျွန်တော့် မျက်လုံးများ ရှေ့တွင် တစ်ဖန် လျှပ်တပြက် ပေါ်ပေါက် လာခဲ့သည်။ ယုံကြည်မှုအားဖြင့် မှန်ကန်ကြောင်းခြင်းနှင့် ပတ်သက်သည့် နည်းလမ်းအကြောင်း၊ လူများက သေပြီး နောက်ပိုင်းတွင် ကောင်းကင်နိုင်ငံတော် ထဲသို့ ဝင်ရောက်နိုင် ကြောင်း သူတို့တစ်ဘဝလုံးကုန်အောင် ဟောကြားခဲ့ သော်လည်း အဆုံးသတ်တွင် သူတို့သည် နောင်တများဖြင့် ပြည့်ကာ ကွယ်လွန် သွားပုံကို ကျွန်တော်တွေးမိသည်။ ကျွန်တော့် တစ်ဘဝလုံး သခင့်ကို ယုံကြည်ခဲ့ပြီး၊ လူများ သေဆုံးသည့်အချိန်တွင် သူတို့ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်မည်ဖြစ်ကြောင်းကို နေ့စဉ်နေ့တိုင်း ကျွန်တော် လူများကို ပြောနေခဲ့သည်၊ သို့သော် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် ဝင်ရောက်ဖို့ နည်းလမ်းကိုမူ ကျွန်တော့်မှာ မည်သည့်အခါမျှ စစ်မှန်သော ရှင်းလင်းပြတ်သားမှု မရှိသေးပါ- ကျွန်တော် အဖေနှင့် သင်းအုပ်ဆရာတို့ကဲ့သို့ပင် ကျွန်တော်လည်း ဤဘဝမှ နောင်တ အပြည့်ဖြင့် ထွက်ခွာရမည်လား။ ကျွန်တော်၏ ပူဆွေးမှု အလယ်တွင်၊ သခင့်ထံမှ ဤနှုတ်ကပတ်တော်များက ကျွန်တော့် စိတ်ထဲကို ရုတ်တရက် ရောက်လာခဲ့သည်။ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) “အဲဒါမှန်တယ်” ဟု ကျွန်တော်တွေးမိသည်။ “သခင်က သစ္စာစောင့် သိတယ်၊ ပြီးတော့ ငါက စစ်မှန်တဲ့ နှလုံးသား တစ်ခုနဲ့ ရှာဖွေသမျှ ကာလပတ်လုံး သခင်က ငါ့ကို လမ်းပြမှာ သေချာ ပေါက်ပဲ။ ငါလက်လျှော့လို့မရဘူး။ ငါ့ခန္ဓာကိုယ်ထဲမှာ ထွက်သက် တစ်ခုကျန်နေသမျှ ကာလပတ်လုံး၊ ကောင်းကင်နိုင်ငံတော်ဆီ သွားရာ လမ်းကြောင်း အတွက် ငါဆက်ပြီးရှာနေဦးမှာပဲ။” ထို့နောက် ဆုတောင်းဖို့ အတွက် သခင့်ရှေ့တော်မှောက်သို့ ကျွန်တော် ရောက်လာခဲ့သည်။ “ချစ်လှစွာသော သခင်၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ ဖယ်ရှားဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ နည်းလမ်း အတွက် နေရာတိုင်းမှာ ရှာဖွေခဲ့ပါတယ်၊ ဒါပေမဲ့လည်း ဘယ်သူကမှ ကျွန်တော့် ပြဿနာကို ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ ချစ်လှစွာသော သခင်၊ ကျွန်တော် ဘာလုပ်သင့်သလဲ။ သင်းအုပ်ဆရာတစ်ယောက် အနေနဲ့ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကို အဆုံးအထိ လုံ့လဝီရိယရှိတဲ့ ရှာဖွေသူတွေ ဖြစ်သင့်ပြီး၊ စိတ်ရှည်သင့်ပြီးတော့၊ ကိုယ်တော်က ကျွန်တော်တို့ သေပြီးနောက်မှာ ကောင်းကင်နိုင်ငံတော်ထဲကို ခေါ်ဖို့ လာလိမ့်မယ်လို့ ကျွန်တော် သူတို့ကို နေ့တိုင်း ပြောခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ၊ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်ကနေ ဖယ်ရှားဖို့နဲ့၊ ကောင်းကင် နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့နည်းလမ်းကို တကယ့်ကို မသိပါဘူး။ ကျွန်တော်က ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကို တွင်းတစ်ခုထဲကို ဦးဆောင်နေရင်း မျက်မမြင်တွေကို ဦးဆောင်နေတဲ့ မျက်မမြင် တစ်ယောက် မဖြစ်နေဘူးလား။ ချစ်လှစွာသော သခင်၊ ကောင်းကင် နိုင်ငံတော်ထဲ ဝင်တဲ့ လမ်းကြောင်းကို ရှာဖွေဖို့ ကျွန်တော် ဘယ်ကို သွားသင့်ပါသလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြတော် မူပါ။”

ကျွန်တော် ဇာတိမြို့ကို ပြန်ရောက်ပြီးနောက်၊ ကျွန်တော်တို့ အသင်းတော်မှ သိုးကောင်းနှင့် ခေါင်းဆောင်သိုး များစွာတို့ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ခိုးယူသွားသည်ဟု ကြားရသည်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း၏ နည်းစဉ်သည် အသစ်သော နားလည် သဘောပေါက်မှု နှင့် အသစ်သော သိမြင်မှုတို့ကို ထောက်ပံ့ပေး သည်ဟု လူများစွာတို့က ပြောနေကြပြီး၊ အတွေ့အကြုံရှိသည့် သင်းအုပ်ဆရာများ ပင် သူတို့၏ ဒေသနာများအပေါ် လေးစားကြည်ညိုမှုရှိကြသည်။ ဤအရာများကို ကျွန်တော် ကြားသည့်အချိန်တိုင်း ကျွန်တော်က “အရှေ့အရပ်က လျှပ်ပြက်ခြင်းက ပေးတဲ့ ဒေသနာတွေက တကယ့်ကို မြင့်မြတ်ပုံ ရတယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကလူတစ်ယောက်နဲ့မှ ငါမကြုံဘူးတာ ဝမ်းနည်းစရာပဲ။ သူတို့နဲ့ တစ်ရက်မှာ ငါတွေ့လို့ရခဲ့ရင် အရမ်းကောင်းမှာပဲ။ အဲဒီနေ့သာ ရောက်လာရင်၊ သူတို့ ဒေသနာတွေဟာ ဘာဖြစ်လို့ တကယ်ကို ကောင်းနေရတာလဲဆိုတာရယ်၊ ငါ နှစ်ပေါင်း များစွာ သယ်ဆောင်လာတဲ့ ဒီရှုပ်ထွေးမှုတွေကို သူတို့က ပပျောက်စေ နိုင်လား၊ မပပျောက်စေ နိုင်ဘူးလားဆိုတာရယ် တွေ့ဖို့ ငါ အသေအချာကို နားထောင်ပြီး၊ အရမ်း လေးလေးနက်နက်ကို ရှာဖွေမှာပဲ။”

တစ်နေ့မှာ အသင်းတော် ခေါင်းဆောင်က “ဟိုအသင်းတော် ကတော့ သူ့သိုးကောင်းတော်တော်များများကို အရှေ့အရပ်က လျှပ်ပြက်ခြင်းရဲ့ အခိုးခံရတယ်။ ဂိုဏ်းဂဏအားလုံးက သူတို့ အသင်းတော်တွေကို အခု ထိန်းချုပ်ကန့်သတ်ထားပြီး၊ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေကို အရှေ့ အရပ်က လျှပ်ပြက်ခြင်းက တစ်ယောက်နဲ့မှ လုံးလုံး မပတ်သက်ဖို့ ၊ ပြီးတော့ အထူးသဖြင့် သူတို့ ဒေသနာတွေကို နားမထောင်ဖို့ တိုက်တွန်းရ မယ်။ ကျွန်မတို့ရဲ့ သစ္စာစောင့်သိသူတွေအားလုံး က အရှေ့အရပ်က လျှပ်ပြက်ခြင်းကို စပြီးယုံကြည်လာရင်၊ ကျွန်မတို့က ဘယ်သူ့ကို တရားဟောရတော့မှာလဲ။” ဟု ကျွန်တော့်ကို ပြောခဲ့သည်။ အသင်းတော် ခေါင်းဆောင် ဤသို့ ပြောသည်ကို ကြားရသည်မှာ ကျွန်တော့်ကို ရွံရှာစေပြီး၊ ကျွန်တော်က “ငါတို့အသင်းတော်က လူတိုင်းကို လက်ခံတယ် ဆိုရင် ဘာဖြစ်လို့ ငါတို့က အသင်းတော်ကို ထိန်းချုပ်ကန့်သတ်ရတာလဲ။ အဝေးတစ်နေရာက သူစိမ်းတစ်ယောက်ကို ခင်ဗျားက ဘာဖြစ်လို့ မကြိုဆိုမှာလဲ။ သမ္မာကျမ်းစာထဲမှာ ‘ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ ၂အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။’ (ဟေဗြဲသြဝါဒစာ ၁၃:၁-၃) လို့ ပြောထားတယ်။ အာဗြဟံက သူစိမ်းတွေကို လက်ခံကြိုဆို တဲ့အတွက် ဘုရားသခင်ရဲ့ ကောင်းကြီး မင်္ဂလာပေးခြင်းကို ခံခဲ့ရပြီး၊ သူက အသက်တစ်ရာမှာ သားတစ်ယောက်ရခဲ့တယ်။ လောတက ကောင်းကင် တမန် နှစ်ပါးကို လက်ခံကြိုဆိုခဲ့လို့ သောဒုံရဲ့ ပျက်ဆီးခြင်းကနေ ကယ်တင်ခံရတယ်။ ပြည့်တန်ဆာရာခပ်က ဣသရေလက သူလျှိုတွေကို ဝင်ခွင့်ပြုပြီး၊ သူ့ရဲ့ မိသားစုတစ်စုလုံးက ကယ်တင်ခံရတယ်။ ဆင်းရဲတဲ့ မုဆိုးမ တစ်ယောက်က ပရောဖက်ဧလိယကို လက်ခံခဲ့လို့ ငတ်မွတ်ခြင်းက သုံးနှစ်ခွဲကြာ ရှောင်လွှဲနိုင်ခဲ့တယ်။ ဝေးရာကလာတဲ့ သူစိမ်းတွေကို လက်ခံ ကြိုဆိုလို့ လူတော်တော်များများထဲက တစ်ယောက်မှ မထိခိုက်ခဲ့ ဘဲ ဆန့်ကျင်ဘက်အနေနဲ့ သူတို့အားလုံးက ဘုရားသခင်ရဲ့ ကောင်းကြီး မင်္ဂလာကို ခံစားခဲ့ရတယ်။ ဒါ့ကြောင့် သူစိမ်းတွေကို လက်ခံကြိုဆိုခြင်းက သခင့်အလိုတော်နဲ့ ကိုက်ညီ တယ်ဆိုတာ ရှင်းလင်းလှပါတယ်။ ဒါဆိုရင် အစ်မက ဘာဖြစ်လို့ သခင့်အလိုတော်နဲ့ ဆန့်ကျင်ပြီးတော့၊ အကြောင်းမဲ့ သက်သက် အသင်းတော်ကို ထိန်းချုပ် ကန့်သတ်ပြီး၊ ဘယ်သူစိမ်း တစ်ယောက်ကိုမျှ ဝင်ခွင်မပြုခဲ့တာလဲ။” ဟု မိမိဘာသာ တွေးမိသည်။ ဤသို့ ကျွန်တော်တွေးလျက် ကျွန်တော့်ခေါင်းကို ခါပြီး၊ သူမကို “ဒါကို လုပ်တာဟာ သခင့်အလိုတော်နဲ့ ဆန့်ကျင်နေတယ်။ ကျွန်တော်တို့ အသင်းတော်က ဘုရားသခင်နဲ့ သက်ဆိုင်ပြီး၊ အားလုံးကို ကြိုဆိုတယ်။ သူတို့ မိတ်သဟာယပြုခြင်းက သခင့်ကို ယုံကြည်ခြင်း အကြောင်း ဖြစ်သမျှ ကာလပတ်လုံး၊ ကျွန်တော်တို့က ဘယ်သူ့ကိုမဆို ကြိုဆိုသင့်ပြီး၊ သူတို့ဘယ်သူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့က သဘောထားကြီးကြီးနဲ့ ရှာဖွေသင့်ပြီး၊ အကြံဉာဏ်တွေကို အတူတကွ စူးစမ်းစစ်ဆေးသင့်တယ်။ ဒါကို လုပ်မှသာလျှင် ကျွန်တော်တို့က သခင့် သွန်သင်ချက်တွေနဲ့ ကိုက်ညီမှာဖြစ်တယ်။” ဟူ၍ ပြောလိုက်သည်။

၂၀၀၀ ခုနှစ် ဇူလိုင်လ၏ နေ့တစ်နေ့တွင် အစ်ကိုဝမ်၏ နေအိမ်၌ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဟောကြားနေသည့် ညီအစ်မ နှစ်ယောက်ကို ကျွန်တော် ဆုံတွေ့ခဲ့သည်။ အချင်းချင်း ခဏတဖြုတ် နှုတ်ဆက်ပြီး နောက်၊ ကျွန်တော်က “ကျွန်တော်က ကယ်တင်ခံရ၏ မခံရ၏၊ ပြီးတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်၏ မနိုင်၏ ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အမြဲတမ်း ဦးနှောက်ခြောက်ရတယ်။ အခု ကျွန်တော်တို့က ယုံကြည်ခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့်သာ ကယ်တင်ခံရမယ်၊ ကိုယ့်နှလုံးသားထဲမှာ သခင့်ကို ယုံကြည်ပြီး ကိုယ့်နှုတ်က သခင့်ကို ဝန်ခံခြင်းအားဖြင့် ကိုယ်က ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ပြီး၊ ထာဝရကယ်တင်ခံရတဲ့အပြင်၊ သခင်ပြန်ကြွလာ တဲ့အချိန်မှာ ကောင်းကင်နိုင်ငံတော်ကို ဧကန်မုချ ချီမခံရမယ် ဆိုတဲ့ ပေါလုရဲ့စကားတွေကို ဘာသာရေးလောကတစ်ခုလုံးက လိုက်နာ စောင့်ထိန်းကြတယ်။ ဒါပေမဲ့ ကျွန်တော့်သဘောအရဆိုရင်တော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းက အဲဒီလောက် ရိုးရှင်းတယ် လို့ မထင်ဘူး။ သမ္မာကျမ်းစာထဲမှာ ပြောထားတဲ့အတိုင်း ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) လို့ဖြစ်တယ်။ ကျွန်တော်ပဲဖြစ်ဖြစ်၊ ကျွန်တော့် အနီးတဝိုက်က ညီအစ်ကိုမောင်နှမတွေပဲဖြစ်ဖြစ်၊ နေ့တိုင်း အပြစ်မှာ ဆင်းရဲဒုက္ခခံနေရတာနဲ့ တစ်နေ့လုံး ကုန်ဆုံးနေပြီး၊ ကျွန်တော်တို့လို နေ့တိုင်း အပြစ်မှာ အသက်ရှင်နေတဲ့ လူတွေက ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော်က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့နည်းလမ်း အတိအကျကိုသာ သိချင်တယ်။ အစ်မတို့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ မိတ်သဟာယ ဝေမျှပေးလို့ရမလား။” ဟု သူတို့ကို မေးခဲ့သည်။

အစ်မဂျိုးက ပြုံးပြီး၊ “အစ်ကိုရေ၊ အစ်ကိုမေးတဲ့ ဒီမေးခွန်းက အရေးကြီးတယ်။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ နည်းလမ်းက ယုံကြည်သူတိုင်းအတွက် အဓိက စိုးရိမ်မှုတစ်ခုပဲ။ ဒီကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားဖို့ဆိုတာက သခင့်ကို ယုံကြည်သူတွေက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ အမြဲတမ်း ကိုယ့်ကိုကိုယ် ပြုမူကျင့်ကြံ သင့်ပြီး၊ လူသားတွေ ပြောတဲ့အတိုင်း ပြုမူကျင့်ကြံရမှာ မဟုတ်ဘူး ဆိုတာကို ပထမဆုံး သိထားဖို့ ဖြစ်တယ်။ သခင်ယေရှုက အစ်မတို့ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သော သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရ လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) အစ်မတို့က ကယ်တင်ခံရဖို့ ကျေးဇူးတော်ကို မှီခိုတာနဲ့ ဒါမှမဟုတ် ယုံကြည်မှုအားဖြင့် ဖြောင့်မတ်ရာရောက်တာနဲ့ပဲ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင် မယ်လို့ သခင်က ဘယ်တော့မှ မပြောခဲ့ပါဘူး။ ယုံကြည်မှု နဲ့ ဖြောင့်မတ်ရာရောက်ဖို့၊ ယုံကြည်မှုကြောင့် ထာဝရကယ်တင်ခံရဖို့ နဲ့၊ အဲဒီနောက်မှာ ကောင်းကင်နိုင်ငံတော်ကို ချီမခံရဖို့- အဲဒါတွေက ပေါလုရဲ့ စကားတွေ ဖြစ်တယ်။ ပေါလုက ဖောက်ပြန်တဲ့ လူသားမျိုးနွယ်ထဲက တစ်ယောက်ဖြစ်တဲ့ တမန်တော်တစ်ယောက်သာ ဖြစ်ပြီး၊ သူလည်း သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လိုအပ်ခဲ့တယ်။ တခြားလူတွေ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်၊ မဝင်ရောက်နိုင်ဘူး ဆိုတာကို သူက ဘယ်လို အဆုံးအဖြတ်ပေးနိုင်မှာလဲ။ သခင်ယေရှု ကသာ ကောင်းကင်နိုင်ငံတော်ရဲ့ သခင်၊ ကောင်းကင်နိုင်ငံတော်ရဲ့ ဘုရင် ဖြစ်တယ်။ သခင့်နှုတ်ကပတ်တော်တွေကသာ သမ္မာတရားဖြစ်ပြီး၊ သြဇာအာဏာကို ပိုင်ဆိုင်တယ်။ ဒါ့ကြောင့် အစ်မတို့ ကောင်းကင် နိုင်ငံတော် ဝင်ရောက်နိုင်ဖို့ နည်းလမ်းနဲ့ ပတ်သက်လာရင်၊ သခင့် နှုတ်ကပတ်တော်တွေကိုသာ အစ်မတို့ နားထောင်သင့်တယ်။ ဒါက လုံးလုံးသေချာပါတယ်။”

“အဲဒီနောက်မှာ ‘ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း နဲ့ ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရခြင်းတို့က ဘာတွေလဲ’၊ ပြီးတော့ ‘သင်ဟာ ကယ်တင်ခံရတာနဲ့ တစ်ပြိုင်နက် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်လား’ ဆိုတဲ့ မေးခွန်းတွေ ရှိတယ်။ ဒီမေးခွန်းတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ အရမ်း ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်၊ ဒါ့ကြောင့် ဘုရားနှုတ်ကပတ်တော် တွေရဲ့ ကျမ်းပိုဒ်နည်းနည်းကို အခု ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတယ်။ ‘နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။’ (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) ‘ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

အစ်မဝမ်က သူမ၏ မိတ်သဟာယကို ဆက်လျက် “ကျေးဇူးတော် ခေတ်မှာ၊ သခင်ယေရှုက ကားစင်တင်ခံခြင်း နည်းလမ်းနဲ့ လူသားမျိုးနွယ် အတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး၊ အစ်မ တို့ကို စာတန်ရဲ့ လက်ခုပ်ထဲက ရွေးနှုတ်ကယ်တင်ရင်း လူသား မျိုးနွယ်ရဲ့ ရွေးနှုတ်ကယ်တင်ခြင်း အမှုကို ပြုခဲ့တယ်။ အစ်မတို့က သခင့်ကယ်တင်ခြင်းကို လက်ခံပြီး၊ သခင့်ကို အစ်မတို့ရဲ့ အပြစ်တွေကို ဝန်ခံပြီး၊ နောင်တရသမျှ ကာလပတ်လုံး၊ အစ်မတို့ရဲ့ အပြစ်တွေဟာ ခွင့်လွှတ်ခံရတယ်၊ အဲဒီနောက်မှာ အစ်မတို့က သခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာတို့ကို ပျော်မွေ့ခံစားရဖို့ သင့်တော် သွားတယ်။ ‘အစ်မတို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်’ ဆိုတာနဲ့ ပတ်သက်ပြီး အစ်မဆိုလိုတာက အစ်မတို့ဟာ ပညတ်တော်ကို ချိုးဖောက် တဲ့အတွက် ပညတ်တော်အောက်မှာ သေဖို့ စီရင်ခံရတာ ဒါမှမဟုတ် အပြစ်ဒဏ်ပေးခံရတာ နောက်ထပ် မရှိတော့ဘူးလို့ ပြောတာပါ။ ပြီးတော့ ဒါဟာ ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ရာရောက်ခြင်းနဲ့ ယုံကြည်ခြင်း ကြောင့် ကယ်တင်ခံရခြင်းကို အမှန်တကယ် ဆိုလိုတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ အစ်မတို့က အပြစ်မရှိတော့ဘူး၊ ဒါမှမဟုတ် ညစ်ညမ်းမှု ကင်းမဲ့သွားတယ်လို့ မဆိုလိုသလို အစ်မတို့က ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့လည်း မဆိုလိုပါဘူး။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ အပြစ်တွေဟာ ခွင့်လွှတ်ခံရပေမဲ့လည်း၊ အစ်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝက အစ်မတို့ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေဆဲ ဖြစ်ပြီး၊ အစ်မတို့က ပြဿနာတွေ ကြုံရတဲ့အခါမှာ၊ ကိုယ့်ရာထူးနဲ့ အကျိုးစီးပွား တွေကို ကာကွယ်ဖို့ မကြာခဏဆိုသလို တခြားလူတွေကို မုသားတွေ ပြောပြီး၊ လှည့်စားကြလို့ဖြစ်တယ်။ အစ်မတို့က သခင့်ကျေးဇူးတော်ကို ပျော်မွေ့တဲ့အခါ၊ သူ့ကို ကျေးဇူးတင်ပြီး၊ ချီးမွမ်းကြတယ်၊ ပြီးတော့ သခင့်အတွက် ခွန်အားပြည့်ပြည့်ဝဝနဲ့ ကိုယ့်ကိုယ့်ကိုယ် အသုံးတော်ခံ ကြတယ်။ ဒါပေမဲ့ ကပ်ဘေး ဖြစ်ပေါ်လာတဲ့ အခိုက်အတန့် ဒါမှမဟုတ် အစ်မတို့ရဲ့ မိသားစုတွေမှာ ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်လာတဲ့ အခိုက်အတန့်မှာ အစ်မတို့ဟာ သခင့်ကို ငြင်းပယ်ပြီး သစ္စာဖောက်တဲ့ အထိတောင် အထင်လွဲပြီး အပြစ်တင်ကြတယ်။ ဒါ့ကြောင့် အစ်မတို့လို ရွေးနှုတ်ခံရပေမဲ့ မကြာခဏ အပြစ်ကျူးလွန်ပြီး၊ ဘုရားသခင်ကို အာခံတဲ့ လူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ဘယ်လို အရည်အချင်း ပြည့်မီနိုင်မှာလဲ။ ဘုရားသခင်ဟာ ဖြောင့်မတ်ပြီး၊ သန့်ရှင်းတယ်၊ ပြီးတော့ သူက ညစ်ညမ်းပြီး ဖောက်ပြန်တဲ့ လူတွေကို သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ အစ်မတို့ကို စာတန်ရဲ့ လွှမ်းမိုးမှုကနေ အပြီးအပြတ် ကယ်တင်ဖို့၊ နောက်ဆုံးသောကာလမှာ လူတွေအပေါ် သူ့ရဲ့ တရားစီရင်ခြင်း နဲ့ သန့်စင်ခြင်း အမှုပြုရင်း သူဟာ သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ဖောက်ပြန်တဲ့ လူသားမျိုးနွယ်အနေနဲ့ အစ်မတို့ရဲ့ လိုအပ်ချက် တွေအတိုင်း အမှုပြုတယ်။ လူ့ဇာတိခံဘုရားသခင်က အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု၊ အစ်မတို့ရဲ့ ညစ်ညမ်းမှု၊ မဖြောင့်မတ်ခြင်း နဲ့ အာခံခြင်းတွေကို စီရင်ဖို့နဲ့ အစ်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားဖို့ လမ်းကြောင်းကို အစ်မတို့ကို ပြဖို့ နှုတ်ကပတ်တော်တွေကို သန်းပေါင်းများစွာ ဖော်ပြခဲ့တယ်။ ဘုရား နှုတ်ကပတ်တော်တွေရဲ့ စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို တွေ့ကြုံ ခံစားခြင်းကတစ်ဆင့် အစ်မတို့က ကိုယ့်ရဲ့ဆိုးယုတ် ဖောက်ပြန်တဲ့ စိတ်သဘောထားတွေကို ဖယ်ရှားတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင် နိုင်တဲ့အခါ၊ ဘုရားသခင်ကို အမှန်တကယ် နာခံပြီး ကိုးကွယ်တဲ့ လူတွေ ဖြစ်လာတဲ့အခါကျမှသာ၊ အစ်မတို့က ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ သင့်တော်လာမယ်။ အမှန်တော့ သခင်ယေရှုက တရားစီရင်ခြင်းအမှုပြုဖို့ နောက်ဆုံးသောကာလမှာ ပြန်လာမယ်လို့ ဟိုးအရင်ကတည်းက ပရောဖက်ပြုခဲ့တာဖြစ်တယ်။ သူပြောခဲ့တဲ့အတိုင်း ‘ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ‘ဥပဇ္ဇျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၈) တဲ့။ ဒါကြောင့် နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်း၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားခြင်း နဲ့ သန့်စင်ခြင်းကို အောင်မြင်ရရှိခြင်း တို့နဲ့သာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အစ်မတို့ ဝင်နိုင်မယ်ဆိုတာ ရှင်းပါတယ်။” ဟူ၍ ပြောသည်။ 

ထိုအစ်မများ၏ မိတ်သဟာယပြုခြင်းများကို နားထောင်ပြီးနောက်၊ အရာအားလုံးက ရုတ်တရက်ရှင်းလင်းလာပြီး၊ အလင်းက ကျွန်တော့် နှလုံးသားကို ချက်ချင်းပြည့်စေခဲ့သည်။ “ဪ၊ ဒါဆို အဲဒါဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ နည်းလမ်းပေါ့။” ဟု ကျွန်တော် တွေးခဲ့သည်။ “သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ခြင်း အမှုပြုပြီး၊ ငါတို့ကို အပြစ်က ဖယ်ရှားပေးခြင်း အမှုမပြုဘူးဆိုတာကို အခုကျမှသာ နောက်ဆုံးတော့ ငါ နားလည်သဘောပေါက်တယ်။ သခင်က ငါတို့အပြစ်တွေကို အမှန်တကယ် ဖြေပေးခဲ့ပေမဲ့လည်း ငါတို့ရဲ့ အပြစ်ရှိတဲ့သဘာဝက ငါတို့မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသေး တယ်၊ ပြီးတော့ ငါတို့က မကြာခဏ အလိုအလျောက် အပြစ်ကျူးလွန်ပြီး၊ သခင့်ကို အာခံနေသေး တယ်။ ငါက အပြစ်ရဲ့ ချည်နှောင်မှုတွေနဲ့ ချုပ်ချယ်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် ဘယ်တော့မှ မလုပ်နိုင်ခဲ့တာ အံ့အားသင့်စရာတော့ မဟုတ်ဘူး- အမှန်တော့ အဲဒါဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက တရားစီရင် ခြင်း အမှုတော်ကို ငါလက်မခံသေးလို့ဖြစ်တယ်။” ထို့ကြောင့် ကျွန်တော်က ထိုအစ်မနှစ်ယောက်ကို ပြောလိုက်သည်။ “သခင့်ကို ကျေးဇူးတင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အစ်မတို့ရဲ့ မိတ်သဟာယ ပြုခြင်းတွေကို နားထောင်တာနဲ့၊ နောက်ဆုံးမှာ ကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့ ယုံကြည်မှုဖြစ်တဲ့- သခင့်ကို သူတို့ နှလုံးသားထဲက ယုံကြည်ပြီး၊ သခင့်ကို နှုတ်နဲ့ ဝန်ခံတဲ့လူတိုင်းက ကောင်းကင်နိုင်ငံတော်ကို ချီမခံရနိုင်တယ်ဆိုတာဟာ- ကျွန်တော်တို့ရဲ့ အယူအဆနဲ့ စိတ်ကူးသာ ဖြစ်တာကို ကျွန်တော် သိလိုက်ရတယ်။ သခင်ယေရှု ပြုခဲ့တဲ့ အမှုတော်က ရွေးနှုတ်ခြင်းအမှုတော် ဖြစ်ပြီး၊ ပြန်ကြွလာတဲ့ သခင်က စီရင်ခြင်းအမှုပြုမယ်ဆိုတာကို အခု ကျွန်တော် နားလည်သဘောပေါက်လိုက်ပြီ။ အဲဒါဟာ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို လုံးလုံးလျားလျား သန့်စင် ပြီး ပြောင်းလဲမယ်၊ အဲဒီနောက်မှသာ ကျွန်တော်တို့က ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ဆိုလိုတာဖြစ်တယ်။ ကျွန်တော်က ဝိညာဉ်ရေးရာ စာအုပ်တွေ အများကြီးဖတ်ပေမဲ့ လူရဲ့ အပြစ်ရှိခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာအတွက် ဖြေရှင်းချက်ကို ကျွန်တော် ဘယ်တော့မှ ရှာမတွေ့တာ အံ့အားသင့်စရာမဟုတ်ဘူး။ အစ်မတို့ရေ အဲဒါဆိုရင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဘယ်လိုပြုမှာလဲ။ ကျွန်တော်နဲ့ မိတ်သဟာပြုခြင်း ထပ်ဝေမျှလို့ရမလား။”

ထို့နောက် အစ်မဝမ်က “ဒီမေးခွန်းအတွက် အဖြေဟာ ဘုရား နှုတ်ကပတ်တော်တွေထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်၊ ဒါကြောင့် အဲဒီထဲက ကျမ်းပိုဒ်တစ်ခုလောက် ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင်ဘုရားသခင်က- ‘နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဆိုပြီး ပြောခဲ့ပါတယ်။

“နောက်ဆုံးသောကာလမှာ အစ်မတို့ရဲ့ ဘုရားသခင်ကို အာခံတဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရကို စီရင်ပြီး ဖော်ထုတ်နေရင်း၊ ကယ်တင်ခြင်း အပြည့်အဝ ရရှိဖို အစ်မတို့လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဘုရားသခင်က ဖော်ပြနေတယ်ဆိုတာ ဘုရား သခင်ရဲ့ နှုတ်ကပတ်တော်က အစ်မတို့ကို ရှင်းရှင်းလင်းလင်း ပြောထား တယ်။ ဒီနှုတ်ကပတ်တော်အားလုံးက သမ္မာတရားတွေ ဖြစ်ပြီး၊ အဲဒီ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ ဘုန်းတန်ခိုး တို့ကို သယ်ဆောင်လာတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းအပြင်၊ ပြစ်မှားစော်ကားခြင်းကို သည်းမခံတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်ပြတယ်။ ဘုရား နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေက တစ်ဆင့်၊ ပြီးတော့ အချက်အလက်တွေရဲ့ ထုတ်ဖော်ခြင်းနဲ့ အစ်မတို့က ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ စာတန်အားဖြင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ပတ်သက်တဲ့ သမ္မာတရားတို့အပေါ် နားလည် သဘောပေါက်မှုတချို့ ရရှိလာခဲ့တယ်။ အစ်မတို့က စာတန်ရဲ့ နက်နက် ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးခံရတယ်၊ အစ်မတို့က သဘာဝအားဖြင့် မာနထောင်လွှားတယ်၊ စိတ်ကြီးဝင်တယ်၊ ကလိမ်ကကျစ်ကျတယ်၊ လှည့်စားတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အတ္တကြီးတယ်၊ လောဘ ကြီးတယ်၊ ကောက်ကျစ်တယ်၊ တခြားလူတွေကို အောင်နိုင်ဖို့ စိတ်ထက်သန်တယ်၊ ပြီးတော့ အစ်မတို့ရဲ့ သွေးထဲ၊ အရိုးထဲထိ ထုတ်ဖော်တာတွေအားလုံးဟာ အစ်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား တွေ ဖြစ်တယ်ဆိုတာကို အစ်မတို့ မြင်ရတယ်။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ လွှမ်းမိုးတာခံရပြီး၊ အစ်မတို့က ဘုရားသခင်ကို အမြဲမပြတ် မရည်ရွယ်ဘဲနဲ့ အာခံပြီး ပုန်ကန်နေကြတယ်။ ဥပမာအားဖြင့် အစ်မတို့ အသင်းတော်မှာ အလုပ်လုပ်ပြီး၊ ဒေသနာတွေကို ဟောကြားတဲ့အချိန်မှာ၊ အစ်မတို့ဟာ ကြီးကျယ်တဲ့ စကားအသုံးအနှုန်း တွေကို တောင်ရောက်မြောက်ရောက်ပြောတယ်၊ ပြီးတော့ တခြားသူတွေ က အစ်မတို့ကို ကြည်ညိုပြီး၊ လေးစားဖို့ ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြီး ချီးမြှောက်ကြတယ်။ အချင်းချင်း ခြေပုန်းခုတ်တာတွေနဲ့ ပြိုင်ဆိုင်တာတွေ အထိတောင် လုပ်ကြရင်း ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တခြား လူတွေကို ခဏခဏ မုသားတွေပြောပြီး၊ လှည့်စားတယ်။ အစ်မတို့ရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့ လူတွေ၊ အဖြစ်အပျက်တွေ၊ အမှုအရာတွေ ဒါမှမဟုတ် အခြေအနေတွေနဲ့ အစ်မတို့ ကြုံတွေ့တဲ့အခါမှာ၊ ဘုရားသခင် ကို မလျော်ကန်တဲ့ တောင်းဆိုမှုတွေ အမြဲတမ်းပြုတယ်၊ ဒါမှမဟုတ် လွန်ကဲတဲ့ လိုအင်ဆန္ဒတွေကို ထားထားကြတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေ နဲ့ အစီအစဉ်တွေကို အစ်မတို့ မနာခံနိုင်ကြဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားခြင်းကတစ်ဆင့်၊ အစ်မတို့ဟာ သမ္မာတရားတစ်ချို့ကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာတယ်၊ အစ်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ နားလည် သဘောပေါက်မှု တစ်ချို့ရလာပြီး၊ အဲဒီသဘာဝကို အမှန်တကယ်ကို မုန်းတီးတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ ပတ်သက်တဲ့ စစ်မှန်တဲ့ နားလည်သဘောပေါက်မှု တစ်ချို့လည်း ရလာခဲ့တယ်။ ဘုရားသခင်က ဘယ်လိုလူမျိုးကို ချစ်ပြီး၊ ဘယ်လိုလူမျိုးကို မုန်းတယ်ဆိုတာ သိလာသလို၊ ဘယ်လိုရှာဖွေ လိုက်စားမှုက ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီတယ် ဆိုတာကို အစ်မတို့ သိလာတယ်။ အပြုသဘောဆောင်တဲ့အရာနဲ့ အပျက်သဘောဆောင်တဲ့ အရာတို့ကြားမှာ ထိုးထွင်းသိမြင်မှုတစ်ချို့ကို အစ်မတို့ သင်ယူရတယ်။ ဒီအရာတွေကို အစ်မတို့ နားလည် သဘောပေါက်ဆိုတာနဲ့ တပြိုင်နက်၊ အစ်မတို့ရဲ့ တကယ့် စိတ်နှလုံး အတွင်းပိုင်းထဲက ဇာတိပကတိကို စွန့်ပယ်ဖို့ နဲ့ ဘုရား နှုတ်ကပတ်တော်တွေ အတိုင်း လက်တွေ့ လုပ်ဆောင်ဖို့ တို့ကို အစ်မတို့ ဆန္ဒရှိလာတယ်။ ဖြည်းဖြည်းချင်းဆိုသလို အချိန်ကြာလာတာနဲ့အမျှ ဘုရားသခင်ကို ကြောက်ရွံ့ပြီး၊ ချစ်ဖို့ ဆန္ဒက အစ်မတို့ထဲမှာ ပေါ်ပေါက် လာတယ်၊ အစ်မတို့ဟာ ကိုယ့်ရဲ့ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရဲ့ ချည်နှောင်မှုတွေနဲ့ ချုပ်ချယ်မှုတစ်ချို့ကနေ လွတ်မြောက်လာပြီး၊ ဘုရားသခင်ကို မလျော်ကန်တဲ့ တောင်းဆိုမှုတွေ လုပ်တာ ပိုနည်းလာတယ်။ ဖန်ဆင်းခံသတ္တဝါတွေအဖြစ် ကိုယ့်နေရာကို ယူနိုင်လာပြီး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်လာနိုင်တယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေ နဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံတယ်၊ ပြီးတော့ စစ်မှန်တဲ့ လူသားတစ်ယောက်ရဲ့ အသွင်တစ်ခုမှာ စပြီး အသက်ရှင် နေထိုင်တယ်။ အစ်မတို့ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံခံစား တဲ့အခါ၊ အစ်မတို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ တစ်ခု တည်းသော လမ်းကြောင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမှုခြင်း အမှုတော်တွေကို လက်ခံဖို့၊ သမ္မာတရားကို ရှာဖွေလိုက်စားဖို့၊ ဘုရားသခင်ကို သိကျွမ်းခြင်း နဲ့ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းတို့ကို အောင်မြင်ရရှိဖို့၊ ပြီးတော့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေကို ပြောင်းလဲစေဖို့ တို့ဖြစ်တယ်ဆိုတဲ့ အချက်အပေါ် နက်ရှိုင်းတဲ့ အသိမှတ်ပြုခြင်းတစ်ခုကို အစ်မတို့ ရရှိလာခဲ့တယ်။”

အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များနှင့် အစ်မတို့၏ မိတ်သဟာယပြုခြင်းတို့ကို ကြားခြင်းက ကျွန်တော့်ကို ပို၍ပင် ကြီးမားသော အတွင်းပိုင်း ရှင်းလင်းပြတ်သားမှုဆီသို့ ဆောင်ကြဉ်း ပေးခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ သည် အလွန်လက်တွေ့ကျပြီး၊ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးသည့် လူသားများ အမှန်တကယ် လိုအပ်သည့် အရာပင် ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းနှင့် တွေ့ကြုံ ခံစားခြင်းတို့ဖြင့်သာလျှင်၊ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီး သော စိတ်သဘောထားများ၏ ချည်နှောင်မှုများနှင့် ချုပ်ချယ်မှုများတို့ကို အပြီးအပြတ် ဖယ်ရှားနိုင်သည်။ ကျွန်တော်က သက်ပြင်းမချဘဲ မနေနိုင်ကာ၊ “ကျွန်တော် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့၊ ကျွန်တော်ဟာ အပြစ်မှာ ဆင်းရဲ ဒုက္ခခံခြင်းသက်သက် ဘဝတစ်ခုကို အသက်ရှင်သန် ရင်း အမြဲတမ်း နေ့မှာ အပြစ်ကျူးလွန်ပြီး၊ အဲဒီနောက်မှာ အဲဒီအပြစ်တွေကို ညမှာဝန်ခံတယ်။ လူသားမျိုးနွယ်ကို သန့်စင်ဖို့ သမ္မာတရားအားလုံးကို ဘုရားသခင်က မဖော်ပြခဲ့ရင်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ကို ကိုယ့်ကိုယ်ကိုယ် ဖယ်ရှားဖို့ လမ်းကြောင်းကို ဘုရားသခင်က မပြခဲ့ဘူးဆိုရင်၊ ကျွန်တော်ဟာ သေချာပေါက် အပြစ်ရ သိပ်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ခြင်းကိုခံရပြီး လွတ်မြောက်ခြင်း လမ်းကြောင်းကို ဘယ်တော့မှ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး။ သခင်ယေရှုက- ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) လို့ ပြောတာဟာ အံ့သြစရာမဟုတ်ဘူး။ သခင်ယေရှုက နောက်ဆုံးသောကာလမှာ ဖော်ပြဖို့ နှုတ်ကပတ်တော်တွေ အများကြီးရှိ သေးပြီး၊ ကျွန်တော်တို့ကို သမ္မာတရားအားလုံးထဲ ဝင်ရောက်ဖို့ ဦးဆောင်မယ်လို့ ဟိုးအရင်တုန်းက ပြောခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာ နဲ့ ဘုန်းတန်ခိုးတွေကို သယ်ဆောင်လာတယ်၊ အဲဒီနှုတ်ကပတ်တော်တွေ က ကျွန်တော်နားလည်သဘောပေါက်ချင်ပေမဲ့ ဘယ်တော့မှ နားမလည်နိုင် ခဲ့တဲ့ သမ္မာတရားတွေနဲ့ နက်နဲမှုတွေအားလုံးကို ထုတ်ဖော်ခဲ့ပြီး၊ ကျွန်တော့်ကို လုံးလုံး လက်ခံယုံကြည်စေခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ လမ်းကြောင်းကို ရှာတွေ့ခဲ့ပြီ။” ဟု ပြောခဲ့သည်။ ညီအစ်မနှစ်ယောက်က ပျော်ရွှင်စွာ ခေါင်းညိတ်လေသည်။

ထို့နောက် ကျွန်တော်က စိတ်လှုပ်ရှားစွာဖြင့်၊ “ဒါဟာ သခင့် အသံတော်ဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွ လာတဲ့ သခင်ယေရှုဖြစ်တယ်။ ကျွန်တော်အကြာကြီး တောင့်တခဲ့တဲ့ အရာတစ်ခု ဟာ နောက်ဆုံးမှာ ဖြစ်လာပြီ၊ ပြီးတော့ ကျွန်တော်ဟာ အရမ်း ကံကောင်းပြီး၊ အရမ်း ကောင်းကြီးမင်္ဂလာခံစားရတယ်။ သခင်ယေရှု မွေးဖွားတဲ့ အရင်အချိန်တုန်းက ရှစ်ရက်သားပဲရှိသေးတဲ့ သူငယ်တော် ယေရှုကို ရှုမောင်က မြင်တဲ့အချိန်မှာ မယုံကြည်နိုင်လောက်တဲ့ ဝမ်းမြောက်ခြင်းကို ခံစားခဲ့ရတယ်။ ကျွန်တော့်တစ်သက်တာမှာ သခင် ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ဖို့ နဲ့ ဘုရားသခင်ရဲ့ ကိုယ်ပိုင် မိန့်မြွက်ချက်တွေကို ကြားဖို့ဆိုတာ ရှုမောင်တုန်းကထက် ပိုပြီးတောင် များပြားတဲ့ အခွင့်ကောင်းကို ကျွန်တော်ရရှိတာဖြစ်တယ်၊ ပြီးတော့ ကျွန်တော် သခင့်ကို အရမ်းကို ကျေးဇူးတင်တာပဲ” ဟု ပြောခဲ့သည်။ ကျွန်တော် စကားပြောရင်း စိတ်ခံစားချက် လွှမ်းမိုးလာပြီး၊ စိတ်လှုပ်ရှားခြင်းကြောင့်ဖြစ်သော မျက်ရည်များကျ လာခဲ့သည်။ ဘုရားသခင်ကို ဆုတောင်းဖို့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက် သော်လည်း အလွန်ငိုကြွေးနေသည်မှာ ကျွန်တော် စကားမပြောနိုင်ခဲ့ပါ။ ညီအစ်မတို့သည်လည်း မျက်ရည်ကျအောင် တို့ထိခံကြရလေသည်။

ကျွန်တော့်ကို နှစ်ပေါင်းများစွာ ဖိစီးခဲ့သည့် စိတ်အနှောင့်ယှက် ဖြစ်ခြင်းက နောက်ဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ၎င်း၏ ဖြေရှင်းချက်ကို ရှာတွေ့ခဲ့လေသည်။ ကောင်းကင်နိုင်ငံတော်သို့ ဦးတည်သည့် သန့်စင်ခြင်း လမ်းကြောင်းကို ကျွန်တော် နေရာတိုင်းတွင် ရှာဖွေသော်လည်း လုံးဝ မရှာဖွေနိုင်ခဲ့ပုံကို တွေးမိသည်။ သို့သော်လည်း ယခု နောက်ဆုံး၌ ကျွန်တော် တွေ့ရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ ကျွန်တော့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းတို့ဖြစ်သည်ကို ကျွန်တော် သိပါသည်။ နောက်ပိုင်းတွင် ဝတ်ပြုစုဝေးပွဲများ တက်ရောက်ခြင်း နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် များအပေါ် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်းများ အားဖြင့် ကျွန်တော်က ပို၍ ပို၍များသော သမ္မာတရားများကို နားလည်သဘောပေါက်လာပြီး၊ ကျွန်တော်တို့ကို ကယ်တင်ရန် ဘုရားသခင်၏ အလိုတော်နှင့် ပတ်သက်သည့် နားလည် သဘောပေါက်မှု တစ်ချို့ကိုလည်း ရရှိခဲ့သည်။ ယခုအခါတွင် ဘုရား နှုတ်ကပတ်တော်များ၏ ပို၍များသော စီရင်ချက်နှင့် ပြစ်တင်ဆုံးမမှု တို့ကို လက်ခံဖို့၊ သူ့အမှုတော်ကို တွေ့ကြုံခံစားဖို့၊ ကျွန်တော့် ဖောက်ပြန်ပျက်စီး သည့် စိတ်သဘောထားများမှ မိမိကိုယ်ကိုယ် တဖြည်းဖြည်းချင်း ဖယ်ရှားပြီး၊ သန်စင်စေဖို့တို့ကို လက်ခံဖို့ ဆန္ဒရှိလာပါသည်။ ဘုရားသခင် ကို ကျေးဇူးတင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၂)

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ “ခမည်းတော်” နှင့် “သားတော်” ၏ နက်နဲမှုသည် နောက်ဆုံးတွင် ထုတ်ဖော်ပြခံရသည် ဤသမ္မာတရားကို ကျွန်တော်...

သခင်ပြန်ကြွလာခြင်း၏ နက်နဲမှု

လီချွင်မင် တောင်ကိုရီးယားနိုင်ငံ ကျွန်တော် ၂၀၁၂ခုနှစ်မှာ သခင့်ကို ယုံကြည်ခဲ့ပါတယ်။ စုဝေးပွဲတွေမှာ သင်းအုပ်ဆရာကပြောတာကို ကျွန်တော်...

ဘုရားသခင်၏အသံကို နားထောင်၍ သခင့်ကို ကြိုဆိုခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည်...

ဘုရားသခင်နှင့် ကျမ်းစာကြား ဆက်စပ်ပုံကို ကျွန်မ အခု နားလည်ပြီ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။