သခင်သည် အရှေ့တိုင်းတွင် ပေါ်ထွန်းခဲ့ပြီ

11.11.2019

ကျီယူကျန်း၊ တရုတ်ပြည်

တစ်နေ့တွင် ကျွန်မညီမက မြောက်ပိုင်းမှ ပြန်ရောက်နေပြီး၊ ကျွန်မကို အရေးကြီးသည့် တစ်စုံတစ်ခု ပြောရန်ရှိသည်ဟု ပြောဖို့ ဖုန်းဆက်လာ ခဲ့သည်။ သူမက ကျွန်မကို ချက်ချင်းလာခိုင်းခဲ့သည်။ ဆိုးရွားသည့် တစ်စုံတစ်ခုဖြစ်နိုင်သည်ဟု သိသော်လည်း မသေချာသောကြောင့် သူမ၏ အိမ်သို့ ချက်ချင်းသွားခဲ့သည်။ ကျွန်မ သူမ၏ နေအိမ်သို့ ရောက်ပြီး၊ သူမ စာအုပ်တစ်အုပ် ဖတ်နေသည်ကို တွေ့သည့်အချိန်မှသာ စိတ်ပူပန်မှု ကွယ်ပျောက်သွားခဲ့သည်။ ကျွန်မဝင်လာသည်ကို ကျွန်မ ညီမမြင်ကာ၊ ထခုန်ပြီး၊ ရွှင်ပျစွာဖြင့် “ကျီယူကျန်း။ ဒီတစ်ခေါက် မြောက်ပိုင်းမှာ ငါသတင်းကောင်းတစ်ချို့ ကြားခဲ့တယ်။ သခင်ယေရှု ပြန်ကြွလာပြီ။” ဟု ပြောလိုက်သည်။

ကျွန်မ ညီမက ဤအရာကိုပြောသည်ကို ကြားပြီးနောက် ကျွန်မက ဘာလုပ်၍ ဘာကိုင်ရမှန်းမသိဘဲ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရှေ့အရပ်က လျှပ်ပြက်ခြင်းက သခင်ယေရှု ပြန်ကြွလာခဲ့ပြီလို့ သက်သေခံနေခဲ့ကြတယ်။ ကျွန်မညီမက အရှေ့အရပ်က လျှပ်ပြက်ခြင်း ကို လက်ခံခဲ့တာများ ဖြစ်နိုင်လား။” ဟု တွေးမိလေသည်။ ကျွန်မ စကားမပြောနိုင်မီ၊ ကျွန်မ ညီမက “အို ကျီယူကျန်း သခင်က ထပ်ပြီး လူ့ဇာတိခံခဲ့တယ်၊ ပြီးတော့ ညီမလေးတို့နိုင်ငံ ဖြစ်တဲ့ တရုတ်ပြည်ကို ကြွလာခဲ့ပြီ။” ဟု အလေးအနက်ပြောခဲ့သည်။ ကျွန်မက ကမန်းကတန်းဖြင့် “နင်ကြားသမျှ မယုံနဲ့လေ။ ဘုရားသခင်က တရုတ်ပြည်ကို လာနိုင်လား။ သမ္မာကျမ်းစာထဲမှာ ‘ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။(ဇာခရိအနာဂတ္တိကျမ်း ၁၄:၄) လို့ တကယ့် ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဘုရားသခင်ရဲ့ ကြွတော်မူခြင်းက ဣသရေလမှာ ဖြစ်မယ်။ သူက တရုတ်ပြည်ကို မကြွနိုင်ဘူး။ ညီမလေးက သခင့်အတွက် အလုပ်လုပ်ပြီး၊ ဒါလေးတောင် မသိသေးဘူးလား။” ဟု ပြောခဲ့သည်။

ကျွန်မ ညီမက ရိုးသားစွာဖြင့် “အစ်မတွေးတဲ့နည်းလမ်း အတိုင်း ကျွန်မ တွေးဖူးတယ်၊ ဒါပေမဲ့လည်း အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တွေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယ ပြုခြင်းတို့ကတစ်ဆင့်၊ သခင်က တရုတ်ပြည်မှာ တကယ့်ကို လူ့ဇာတိခံခဲ့ တယ်ဆိုတာကို ညီမလေး သတိပြုမိ လာတယ်။ အစ်မပြောတဲ့ ကျမ်းစာပိုဒ်က ပရောဖက်ပြုခြင်း တစ်ခုဖြစ်ပေမဲ့၊ ပရောဖက်ပြုခြင်းတွေ က ညီမလေးတို့ လိုချင်တဲ့အတိုင်း အဓိပ္ပာယ်ကောက်လို့ မရဘူးလေ။ အဲဒါတွေက ဘုရားအမှုတော်ရဲ့ အမှန်တရားတွေကတစ်ဆင့် ပြည့်ဝပြီး၊ လူတွေကို မြင်သာစေတယ်။ သခင်ယေရှုက အမှုတော်ကို ဆက်လက် ဆောင်ရွက်ဖို့ ကြွလာတဲ့အချိန်မှာ ပေတရုဖြစ်ဖြစ်၊ ရှမာရိအမျိုးသမီး ဖြစ်ဖြစ်၊ အီသီယိုပီးယားက မိန်းမလျှာပဲဖြစ်ဖြစ် သမ္မာကျမ်းစာ ပရောဖက်ပြုခြင်းတွေရဲ့ အဓိပ္ပာယ်အရင်းအတိုင်း ဖက်တွယ်ထား ခြင်းမရှိဘဲ၊ သခင်ယေရှုပြောတဲ့ အရာတွေ၊ မေရှိယက သခင်ယေရှုအဖြစ်နဲ့ ကြွလာတာကို သူတို့ကို အခိုင်အမာပြောဆိုတဲ့ အမှုတော်ကို သူ ဆောင်ရွက်ဖို့ တို့နဲ့ ပတ်သက်တဲ့ အမှန်တရားတွေ ဖြစ်တယ်။ သူတို့က ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ပြီး သခင့်ကယ်တင်ခြင်းကို လက်ခံကြတယ်။ သမ္မာကျမ်းစာရဲ့ ပရောဖက်ပြုခြင်းတွေရဲ့ အဓိပ္ပာယ်အရင်းအတိုင်းကို ဖက်တွယ်ထားတဲ့ အဲဒီဖာရိရှဲတွေအားလုံးက ပြန်ကြွလာပြီးဖြစ်တဲ့ မေရှိယဖြစ်တဲ့ သခင်ယေရှုကို သာမာန်လူတစ်ယောက် အနေနဲ့ ဆက်ဆံပြီး၊ ငြင်းပယ်တယ်၊ အာခံပြီး၊ ပြီးတော့ သခင်ယေရှုကို ပြစ်တင်ရှုတ်ချတယ်။ အဆုံးသတ်မှာ သူတို့က သခင်ယေရှုကို ကားတိုင်တင်ခဲ့ကြပြီး၊ ဒါ့ကြောင့် သူတို့က ဘုရားသခင်ရဲ့ ပြစ်ဒဏ်ပေးတာခံရတယ်။ ကျီယူယန်းရေ၊ ညီမလေးတို့က သခင် ပြန်ကြွလာခြင်းကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းရမယ်၊ ပြီးတော့ ဘုရားသခင်ကို ကြောက်တဲ့ စိတ်နှလုံးတွေ ကျွန်မတို့မှာ ရှိရမယ်။ ဒီကိစ္စကို အရမ်းမြန်မြန် တကယ့်ကို ဝေဖန်သုံးသပ်လို့မဖြစ်ဘူး” ဟု ပြောခဲ့သည်။

ကျွန်မက ကျွန်မ ညီမကို ဖျတ်ခနဲကြည့်ပြီး သမ္မာကျမ်းစာကို ထောင်ပြကာ “ယေဟောဝါ ဘုရားသခင်က ဣသရေလမှာ ထုတ်ပြန် ကြေညာပြီး၊ သခင်ယေရှုကလည်း ဣသရေလမှာ ကားတိုင်တင်ခံ ရတယ်။ တရုတ်ပြည်က ဘုရားမဲ့ပါတီတစ်ခုရဲ့ အုပ်ချုပ်ခြင်းခံရ တာကြောင့် ဘုရားသခင်က အဲဒီလို နိုင်ငံတစ်ခုကို ကြွလာပါ့မလား။ ငါတို့က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီး၊ ငါတို့ ကြားသမျှကို ငါတို့ လုံးဝ ယုံကြည်လို့မဖြစ်ဘူး။” ဟု ပြောခဲ့သည်။

ကျွန်မ ညီမက စိုးရိမ်တကြီးဖြင့် “ကျီယူကျန်း၊ သခင်ယေရှုက အဲဒီအချိန်တုန်းက သူ့အမှုပြုနေတဲ့ အချိန်မှာ၊ ဖာရိရှဲတွေက သခင့်ကို အာခံပြီး ‘စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ။’ (ရှင်ယောဟန်ခရစ်ဝင် ၇:၅၂) ‘ခရစ်တော်သည် ဂါလိလဲ ပြည်သားဖြစ်ရသလော။’ (ရှင်ယောဟန်ခရစ်ဝင် ၇:၄၁) လို့ပြောကြတယ်။ ဒါပေမဲ့ အမှန်မှာတော့ သခင်ယေရှုက ဂါလိလဲပြည် နာဇရတ်မှာ ကြီးပြင်းခဲ့တယ်။ သမ္မာကျမ်းစာထဲမှာ- ‘ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။’ (ရောမဩဝါဒစာ ၁၁:၃၃-၃၄) လို့ပြောထားတယ်။ ညီမလေးတို့က ဘုရားသခင်ရဲ့ ဉာဏ်ပညာတို့ကို ဘယ်လို နားလည်သဘောပေါက် နိုင်လဲ။ ညီမလေးတို့က ဘုရားအမှုတော်ကို ကိုယ့်ကိုယ်ပိုင် စိတ်တွေနဲ့ ခွဲခြမ်းစိတ်ဖြာလို့မရဘူး။ ညီမလေးတို့က သခင့်ပြန်ကြွလာခြင်းကို နေ့တိုင်း စောင့်မျှော်ကြတယ်။ အခု သခင်က တကယ်ပြန်ကြွလာ တဲ့အတွက်၊ ကျွန်မတို့က ကိုယ်ပိုင် အယူအဆတွေကိုသာ ဖက်တွယ် ထားပြီး၊ ရှာဖွေတာ၊ စုံစမ်းစစ်ဆေးတာ မရှိရင်၊ သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးရမှာဖြစ်ပြီး၊ ကျွန်မတို့က နောင်တတွေနဲ့ ပြည့်နေလိမ့်မယ်။”

ကျွန်မ ညီမလေး အလွန်လေးနက်နေသည်ကို မြင်သော ကြောင့်၊ ကျွန်မက “ငါ့ညီမလေးဟာ သခင့်ကို ရိုးရိုးသားသား ယုံကြည်ပြီး၊ သူရဲ့ကိုယ်ပိုင်စိတ်ကို သိတဲ့ စဉ်းစဉ်းစားစား လုပ်ကိုင်တတ်တဲ့ လူတစ်ယောက် ဖြစ်တယ်။ သူက သူလုပ်တဲ့ဟာနဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် သတိထားပြီး၊ သခင့်ကြွလာခြင်း လိုမျိုး အရမ်းအရေးကြီးတဲ့ ကိစ္စမျိုးအတွက် သူက တခြားလူ တစ်ယောက်က ပြောတာကို မစဉ်းမစား ယုံလိုက်ဖို့ဆိုတာ ပိုလို့ တောင် မဖြစ်နိုင်သေးတယ်။ သူက အခု အရှေ့အရပ်က လျှပ်ပြက်ခြင်းကို လက်ခံ ခဲ့တာကြောင့် သခင့်က တကယ့်ကို ပြန်ကြွလာပြီး၊ တရုတ်ပြည်မှာ သူ့အမှုပြုနေတာများ ဖြစ်နိုင် သလား။” ဟု တွေးမိခဲ့သည်။ ထို့နောက်တွင် နောက်ထပ်အတွေး တစ်ခုက ကျွန်မထံသို့ ရောက်လာခဲ့သည်။ “သခင်က သူ့အမှုကို တရုတ်ပြည်မှာ ဘယ်လိုလုပ်ပြီးပြုနိုင်လဲ။ အဲဒါက အရမ်းကို မတွေးတတ်အောင်ပဲ။” ထို့ကြောင့် ကျွန်မက “သမ္မာကျမ်းစာက အလွှာပေါင်းတစ်ထောင်နဲ့ ကိတ်မုန့်တစ်ခုလိုပဲ၊ ပြီးတော့ လူတိုင်းရဲ့ အဓိပ္ပါယ်ကောက်နည်းက ကွဲပြားတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဣသရေလမှာ တကယ့်ကို ဆင်းသက်မယ်လို့ သမ္မာကျမ်းစာက ပရောဖက်ပြုခဲ့တယ်။ အဲဒီအပြင် တရုတ်လူမျိုးအများစုက ဗုဒ္ဓကို ကိုးကွယ်ပြီး၊ နိုင်ငံတော် အစိုးရ က ဘာသာရေးယုံကြည်မှုတွေကို အမြဲတမ်း နှိပ်ကွပ်ခဲ့တယ်။ ဘုရားသခင်က သူ့အမှုပြုဖို့ တရုတ်ပြည်ကို လာမှာမဟုတ်ဘူး။” ဟု ပြတ်သားစွာပြောခဲ့သည်။

ကျွန်မ ညီမလေးက စိတ်အားထက်သန်စွာဖြင့် “ကျီယူကျန်း၊ သခင်ကပြန်ကြွလာပြီးတော့၊ သူ့အမှုပြုဖို့ တရုတ်ပြည်မှာ ပေါ်ထွန်း ခဲ့ပြီ။ ဒါက အရမ်းအရေးကြီးတယ်။ ညီမလေးက အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့ နောက်ဆုံးသောကာလက အမှုတော်ကို လက်ခံ ခဲ့တာကြောင့်၊ သမ္မာတရားရဲ့ ဒီရှုထောင့်ကို အရမ်း ရှင်းရှင်း လင်းလင်း မရှင်းပြနိုင်သေးဘူး၊ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေက အရမ်းကို အလင်းပေးတဲ့ နည်းလမ်းတစ်ခုနဲ့ သက်သေခံကြတယ်။ အစ်မနဲ့ သူတို့ကို မိတ်သဟာယပြုခိုင်းမယ်။” ဟု ပြောခဲ့သည်။ ကျွန်မက လက်ခါပြီး၊ “အပင်ပန်းခံမနေနဲ့။ ငါပြန်ပြီ” ဟု ပြောခဲ့သည်။ အိမ်ပြန် ရောက်ပြီးနောက်၊ ကျွန်မ မတုန်မလှုပ်ဖြင့် ဆိုဖာပေါ်တွင် ထိုင်ပြီး၊ ကျွန်မညီမ ပြောခဲ့သည့်အရာအကြောင်းတွေးခဲ့သည်။ ကျွန်မ၏ စိတ်များအလွန်လှုပ်ရှားနေပြီး၊ တည်ငြိမ်အောင် မလုပ်နိုင်ပါ။ ကျွန်မက သခင်ယေရှုကို သံလွင်တောင်သို့ ရောက်လာစေ ရန်အတွက် အမြဲတမ်း စောင့်မျှော်ခဲ့သောကြောင့် ကျွန်မ ညီမက တရုတ်ပြည်သို့ သခင်ပြန်ကြွ လာခဲ့ပြီဟု မည်သို့ ရုတ်တရက်ပြောနိုင်သနည်း။ ကျွန်မက သမ္မာကျမ်းစာကို မရပ်မနား လှန်လှောကြည့်ရှုသော်လည်း သခင်က တရုတ်ပြည်တွင် သူ့အမှုပြုဖို့ လာမည်ဟု ဟောကိန်းထုတ်ခဲ့သည့် အခန်းကြီး သို့မဟုတ် ကျမ်းစာပိုဒ်တစ်ခုမျှ ရှာမတွေ့ခဲ့ပါ။ “သခင်ယေရှု က အဲဒီအချိန်က သူ့အမှုပြုနေတဲ့အချိန်က၊ ဖာရိရှဲတွေက သခင့်ကို ‘စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ။’ (ရှင်ယောဟန်ခရစ်ဝင် ၇:၅၂) ‘ခရစ်တော်သည် ဂါလိလဲ ပြည်သားဖြစ်ရသလော။’ (ရှင်ယောဟန်ခရစ်ဝင် ၇:၄၁) လို့ပြောပြီး အာခံခဲ့ကြတယ်။ ဒါပေမဲ့ အမှန်မှာ သခင်ယေရှုက ဂါလိလဲပြည်က နာဇရတ်မှာ ကြီးပြင်းခဲ့သည်…” ကျွန်မညီမရဲ့ စကားက ကျွန်မ၏ စိတ်ထဲမှတစ်ဆင့် ကြိုကြားကြိုကြား လွင့်မျောခဲ့ပြီး၊ သူမပြော သည့်အရာက မှန်ကန်သည်ဟု ကျွန်မ တွေးမိသည်။ သမ္မာကျမ်းစာ ကို လှန်လှောကြည့်ခြင်းနှင့် ကျွန်မညီမ ပြောသည့်အရာ အကြောင်း တွေးခြင်းအကြား လည်နေသည်။ ကျွန်မ၏ စိတ်လှုပ်ရှားနေပြီး၊ အကောင်းဆုံးအတွက် မည်သည့်အရာကို လုပ်ရမည်ကို မသိခဲ့ သောကြောင့် သခင့်ကို ကျွန်မစိတ်နှလုံးထဲမှသာ အော်ခေါ်ခဲ့သည်၊ “ချစ်လှစွာသော သခင်၊ ကျွန်မ ဘာလုပ်သင့်သလဲ။ အိုသခင်၊ ကိုယ်တော် ဘယ်မှာ သေချာပေါက် ကြွလာမှာလဲ။”

ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မညီမက ကျွန်မကို ထပ်ရှာဖို့ လာခဲ့သည်။ သူမက အိမ်ထဲသို့ ဝင်သည်နှင့် ပြုံးလိုက်ပြီး၊ “ကျီယူကျမ်း၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်မရှဲ နဲ့ အစ်မဟောက် တို့က ကျွန်မကို ထောက်ပံ့ပေးဖို့ ကျွန်မနေရာကို လာခဲ့တယ်။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခဲ့တာ အချိန်အကြာကြီးရှိပြီး၊ ညီမလေးတို့ထက် အများကြီး ပိုနားလည် တယ်။ သခင့်ပြန်ကြွလာခြင်းနဲ့ ပတ်သက်ပြီး အစ်မ နားမလည်တာ ရှိရင် သူ့တို့နဲ့ သွားပြီး မိတ်သဟာယပြုပါ။” ဟု ပြောခဲ့သည်။ ကျွန်မက “ငါ သခင့်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီး၊ သခင့်ပြန်ကြွလာခြင်းအတွက် အမြဲတမ်း မျှော်လင့်ခဲ့တယ်။ သခင်တကယ့်ကို ပြန်ကြွလာခဲ့ပြီလား။ ငါ သူတို့နဲ့ မိတ်သဟာယပြုဖို့ ဒီအခွင့်အရေးကို အသုံးချသင့်တယ်။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မညီမနှင့် သူမ၏ အိမ်သို့သွားခဲ့သည်။ အခန်းထဲသို့ ဝင်သည် နှင့်တပြိုင်နက်၊ ညီအစ်မနှစ်ယောက်က ကျွန်မကို နွေးထွေးစွာ နှုတ်ခွန်းဆက်ပြီး၊ ဖော်ရွေပျူငှာစွာ စကားပြောခဲ့သည်။ လူတိုင်း အတူတကွ မိတ်သဟာယပြုနိုင်ဖို့ သူတို့က ကျွန်မကို မေးခွန်း တစ်ခုတစ်လေရှိပါက ထုတ်ပြောခိုင်းသည်။ ကျွန်မက “သခင်ယေရှု က ပြန်ကြွလာခဲ့ပြီး၊ တရုတ်ပြည်မှာ သူ့အမှုပြုနေတယ်လို့ အစ်မက ပြောတယ်။ ဒီပြောဆိုချက်အတွက် သမ္မာကျမ်းစာထဲမှာ အကြောင်း ပြချက် တစ်ခုတစ်လေ ရှိသလား။” ဟု မေးခဲ့သည်။ အစ်မဟောက်က ပြုံးပြီး၊ “အစ်မရေ သမ္မာကျမ်းစာထဲမှာ နောက်ဆုံးသောကာလမှာ သခင်က တရုတ်ပြည်မှာ သူ့အမှုပြုဖို့ ကြွလာမဲ့အကြောင်း ပရောဖက်ပြုခြင်းတွေ တကယ့်ကို ရှိပါတယ်။” ဟု ပြောခဲ့သည်။ ကျွန်မက ကြက်သေသေပြီး “ဒါကဘယ်လိုဖြစ်နိုင်တာလဲ။ ကျွန်မ သမ္မာကျမ်းစာကို အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပေမဲ့လည်း ဒါနဲ့ ပတ်သက်တဲ့ သမ္မာကျမ်းစာဆိုင်ရာ မှတ်တမ်း တစ်ခုမှ ရှာမတွေ့ ခဲ့ဘူး။ အစ်မရဲ့ ပြောဆိုချက်အတွက် သမ္မာကျမ်းစာ ဘယ်နေရာမှာ အခြေခံအကြောင်းအရင်းရှိသလဲ။” ဟု ပြောခဲ့သည်။ အစ်မဟောက် က “အစ်မရေ၊ ကျမ်းစာပိုဒ်နှစ်ခုကို ဖတ်ကြရအောင်ပြီးတော့၊ အစ်မသိလိမ့်မယ်။ မာလခိ ၁:၁၁မှာ- ‘နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ မိန့်တော်မူ၏။’ လို့ပြောထားတယ်။ ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၄:၂၇မှာ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။’ လို့ပြောထားတယ်။ ဒီကျမ်းစာပိုဒ်နှစ်ခုကနေပြီးတော့၊ ဘုရားသခင် က နောက်တစ်ကြိမ် ဆင်းသက်မဲ့နေရာဟာ ကမ္ဘာရဲ့ အရှေ့တိုင်းမှာ ဖြစ်ပြီး၊ တစ်ပါးသော အမျိုးသားတွေရဲ့ နယ်မြေဖြစ်တယ်ဆိုတာကို ကျွန်မတို့ ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။ တရုတ်ပြည်က ကမ္ဘာ့အရှေ့ဖက်မှာ ရှိတယ်ဆိုတာ ကျွန်မတို့အားလုံးသိကြတယ်။ ဘုရားအမှုတော်ရဲ့ ပထမ အဆင့်နှစ်ဆင့်လုံးက ဣသရေလ မှာဖြစ်တယ်။ ဣသရေလနိုင်ငံတော်နဲ့ ပတ်သက်လို့ကတော့ တရုတ်ပြည်ဟာ တစ်ပါးသောအမျိုးသားတွေရဲ့ နိုင်ငံတော်တစ်ခု ဖြစ်တယ်။ ဒါ့ကြောင့် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ တရုတ်ပြည်မှာ ပေါ်ထွန်းဖို့နဲ့ သူ့အမှုပြုဖို့တို့က ဒီပရောဖက်ပြု ခြင်းတွေကို ပြည့်ဝစေတယ်။” ဟု အစ်မဟောက်က စိတ်ရှည်စွာ ပြောခဲ့သည်။ ညီအစ်မများ၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီး၊ ဤကျမ်းစာပိုဒ်နှစ်ပိုဒ်၏ အဓိပ္ပါယ်ကို တစ်စိမ့်စိမ့် ချင့်ချိန်ပြီးနောက်၊ သူတို့၏ မိတ်သဟာယပြုခြင်းက အလွန် အလင်းပေးသည်ဟု ကျွန်မ ထင်ခဲ့သည်။ ယခင်က ဤကျမ်းစာပိုဒ် နှစ်ခုကို ကျွန်မ ဖတ်ခဲ့ဖူး သော်လည်း၊ သခင့်ပြန်ကြွလာခြင်းသည် အရှေ့ဖက်တွင် တရုတ်ပြည် ၌ဖြစ်ကြောင်းနှင့် ပတ်သက်သည့် အဓိပ္ပာယ် ကို ကျွန်မ တစ်ခါမျှ မမြင်ခဲ့ပါ။ သူတို့ ရှင်းပြချက်များကို နားထောင်ရင်း၊ သူတို့၏ မိတ်သဟာယပြုခြင်းတွင် ၎င်း၏အရင်းအမြစ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၌ ရှိသည်ကို ကျွန်မ ခံစားခဲ့ရသည်။

အစ်မဟောက်က အောက်ပါအတိုင်း ပြောခဲ့သည်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာပြောလဲ ကြည့်ရအောင်၊ ‘စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရမည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက်၊ ဝမ်းမြောက် ပျော်ရွှင် နေကြသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေလော့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုစေလော့။ လူသားတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံစေလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်) ဘုရားသခင်က ပထမဆုံးအကြိမ် လူ့ဇာတိခံတဲ့အချိန်မှာ ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိကို ဆောင်ကြဉ်းပေးခဲ့တယ် ဆိုတာ ကျွန်မတို့အားလုံးသိတယ်၊ ပြီးတော့ ဒီဧဝံဂေလိက အနောက်တိုင်းကနေ အရှေ့တိုင်းကို ပျံ့နှံ့လာခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ထာဝရဧဝံဂေလိကို ဆောင်ကြဉ်းပြီး လူတွေကို တရားစီရင်ခြင်း၊ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအမှုပြုရင်း ကမ္ဘာရဲ့ အရှေ့ဖက်ဖြစ်တဲ့ တရုတ်ပြည်ကို ဇာတိပကတိအားဖြင့် ပြန်ကြွလာမယ်လို့ ကျွန်မတို့ တစ်ခါဖူးမှ မတွေးဖူးဘူး။ ဒီတစ်ကြိမ်မှာ ဘုရားသခင်ရဲ့ အမှုတော်က အရှေ့တိုင်းကနေ အနောက်တိုင်းကို ပျံ့နှံ့လိမ့်မယ်။”

ဤအရာကို ကျွန်မကြားသည့်အချိန်တွင်၊ ကျွန်မက ထိုအစ်မကို ကြားဖြတ်ပြောပြီး၊ အကြံအိုက်နေသည့် ဟန်အမူအရာဖြင့် “အစ်မ၊ သမ္မာကျမ်းစာထဲမှာ ယေဟောဝါ ဘုရားသခင်က ဣသရေလမှာ သူ့အမှုပြုခဲ့ပြီး၊ သခင်ယေရှုရဲ့ အမှုတော်က ယုဒမှာ လို့ မှတ်တမ်းတင်ထားတယ်။ ဘုရားသခင်ရဲ့ အမှုတော်အဆင့် နှစ်ခုလုံးက ဣသရေလမှာဖြစ်တာကြောင့် သခင့်ပြန်ကြွလာခြင်း ကလည်း ဣသရေလမှာ မဖြစ်သင့်ဘူးလား။ အဲဒါဟာ တရုတ်ပြည်မှာလို့ အစ်မ ဘယ်လိုပြောနိုင်တာလဲ” ဟု မေးခဲ့သည်။ အစ်မဟောက်က ပြုံးပြီး “ဘုရားသခင်ရဲ့ အမှုတော်အဆင့်နှစ်ဆင့်က ဣသရေလမှာဖြစ်လို့၊ သခင်က ပြန်ကြွလာတဲ့အချိန်မှာ ဣသရေလ မှာ အသေအချာ သူ့အမှုပြုမယ်လို့ ကျွန်မတို့က ထင်ကြတယ်။ ဒါပေမဲ့ အဲဒီလို တွေးတာက အမှန်တရားနဲ့ ကိုက်ညီရဲ့လား။ ဘုရားသခင်က ဣသရေလလူမျိုးတို့ရဲ့ ဘုရားသခင်သာ ဖြစ်နိုင်လား။ ဘုရားသခင်က ဣသရေလလူမျိုးတွေကိုသာ အုပ်ချုပ်ပြီး၊ ကယ်တင်တာဖြစ်နိုင်လား။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘာပြောလဲ ကြည့်ရအောင်။” ဟု ပြောခဲ့သည်။

အစ်မရှဲက ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ဖွင့်ပြီး ဖတ်ခဲ့သည်။ “ကယ်တင်ရှင်သည် နောက်ဆုံးသောကာလအတွင်းတွင် ရောက်ရှိပြီး၊ ယေရှုဟု ခေါ်ဆိုခြင်းခံရဆဲဖြစ်ကာ၊ တစ်ဖန် ယုဒပြည်တွင် မွေးဖွားပြီး၊ ထိုနေရာတွင် အမှုပြုခဲ့ပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နုတ်ခဲ့ကာ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်သည်ကို သက်သေပြမည် ဖြစ်သည်။ ဤအရာက ‘ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော သခင်ဖြစ်၏။’ ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်မည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ၊ အဖန်ဆင်းခံ သတ္တဝါ အားလုံး၏ ဘုရားသခင်ဖြစ်သောကြောင့်၊ ယုဒပြည်ကို ငါ စွန့်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အလယ်တွင် ငါ၏ အမှုကို ပြုပေသည်။ ငါသည် ဣသရေလ အမျိုးတို့၏ ဘုရားသခင်၊ ယေဟောဝါဖြစ်သည်သာမက၊ ထို့အပြင် တစ်ပါးအမျိုးသားတို့အလယ်ရှိ ငါ၏ ရွေးချယ်ခြင်း ခံရသူအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နောက်ဆုံးသောကာလ အတွင်းတွင် တစ်ပါးအမျိုးသားများအလယ် ငါ ပေါ်ထွန်းပေသည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကို ငါ ဖန်ဆင်းခဲ့သည်သာမက၊ ဣသရေလ အလွန် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အားလုံးတို့ကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာကြောင့် ငါသည် ခပ်သိမ်းသော အဖန်ဆင်းခံ သတ္တဝါများ အားလုံး၏ အရှင်သခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုရာ အဖြစ်မျှသာ ငါအသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနုတ်ခြင်း အမှုနှင့်ဆိုင်သော အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့ပြီး၊ ယခုတွင် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ် တစ်ခုသို့ ဆောင်ကြဉ်းရန် အခြေပြုရာအဖြစ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို ငါ အသုံးပြုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ ငါကျိန်ဆဲ ခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသော ကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်)သူသည် ဣသရေလအမျိုးများကို ဦးဆောင်ခဲ့ပြီး ယုဒပြည်တွင် မွေးဖွားခဲ့သကဲ့သို့၊ သူသည် တစ်ပါးအမျိုးသားပြည် တစ်ခုတွင်လည်း မွေးဖွားလေပြီဖြစ်သည်။ သူ၏အမှုအားလုံးကို သူဖန်ဆင်းသည့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် လုပ်ဆောင်သည် မဟုတ်လော။ သူသည် ဣသရေလအမျိုးတို့ကို အဆတစ်ရာချစ်ပြီး တစ်ပါးအမျိုးသားတို့ကို အဆတစ်ထောင် စက်ဆုပ်ရွံရှာသလော။ ယင်းမှာ သင်တို့၏အယူအဆ မဟုတ်လော။ ဘုရားသခင်သည် သင်တို့၏ ဘုရားသခင် မည်သည့်အခါမျှ မဖြစ်ခဲ့သည်မှာ မမှန်ကန်ဘဲ၊ ယင်းထက် သင်တို့သည် သူ့ကို အသိအမှတ်မပြုခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သင်တို့၏ ဘုရားဖြစ်ရန် လိုလားခြင်းမရှိသည်မှာ မမှန်ကန်ဘဲ၊ ယင်းထက် သင်တို့သည် သူ့ကို ငြင်းပယ်ခြင်းသာ ဖြစ်သည်။ အဖန်ဆင်းခံများထဲတွင် မည်သူသည် အနန္တတန်ခိုးရှင်၏ လက်တွင် မရှိသနည်း။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်းတွင် ရည်မှန်းချက်မှာ ဘုရားသခင်သည် သင်တို့၏ ဘုရားသခင်သာဖြစ်သည်ကို သင်တို့အား အသိအမှတ်ပြုစေဖို့သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ ဘုရားသခင်သာ ဖြစ်သည်ဟု သင်တို့ ခံယူထားဆဲဖြစ်ပြီး၊ ဣသရေလရှိ ဒါဝိဒ်၏အိမ်တော်သည် ဘုရားသခင်၏မွေးဖွားခြင်း ဇာစ်မြစ်ဖြစ်သည်ဟု ခံယူထားဆဲဖြစ်ပါက၊ ပြီးလျှင် မည်သည့်တစ်ပါးအမျိုးသားမိသားစုကမျှ ယေဟောဝါ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ ရရှိနိုင်ဖို့မဆိုထားနှင့်၊ ဣသရေလမှအပ မည်သည့်နိုင်ငံမျှ ဘုရားသခင်ကို ‘မွေးဖွားရန်’ အရည်အချင်းမပြည့်မီဟု ခံယူထားဆဲဖြစ်ပါက- ဤသို့ သင် တွေးထင်ဆဲဖြစ်ပါက၊ ယင်းက သင့်ကို ခေါင်းမာသော ခုခံသူတစ်ဦးဖြစ်စေသည် မဟုတ်လော။...သင်သည် ဘုရားသခင်ကို ကာလကြာမြင့်စွာ မယုံကြည်ကြသေးသော်လည်း၊ သူနှင့်ပတ်သက်၍ သင်၌ အယူအဆများစွာရှိသည်မှာ ဣသရေလအမျိုးများ၏ ဘုရားသခင်သည် သင်တို့ကို သူ၏ မျက်မှောက်ဖြင့် ကျေးဇူးပြုဖို့ အရေးတယူလုပ်မည်ဟု တစ်ခဏမျှ သင်မတွေးဝံ့သည်အထိ ဖြစ်သည်။ သင်တို့သည် မခံနိုင်လောက်အောင် ညစ်ညူးကြပုံကို ထောက်ဆလျှင်၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင် မည်သို့ မြင်နိုင်မည်အကြောင်းအား သင်တို့ သာ၍ပင် မတွေးဝံ့ကြချေ။ ဘုရားသခင်သည် တစ်ပါးအမျိုးသားမြေတွင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ဆင်းသက်နိုင်မည်ကိုလည်း သင်တို့ မတွေးဖူးကြပေ။ သူသည် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် ဆင်းသက်ပြီး ဣသရေလလူမျိုးများထံ ပေါ်ထွန်းသင့်ပေသည်။ တစ်ပါးအမျိုးသားများ (ဆိုလိုသည်မှာ ဣသရေလပြင်ပရှိ လူမျိုးများ) သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းခံရသူများ ဖြစ်သည် မဟုတ်လော။ သူတို့ကြားတွင် သူသည် မည်သို့ ကိုယ်တိုင်ကိုယ်ကျ အမှုပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာအတွင်း သင်တို့ ထားရှိကြပြီးဖြစ်သည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အယူအဆများ ဖြစ်သည်။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ဤအယူအဆများကို အစိတ်စိတ်အမြွှာမြွှာ ခွဲရန် ဖြစ်သည်။ ထိုကြောင့်၊ သိနာတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် မဟုတ်ဘဲ ယခင်က သူဦးဆောင်ခဲ့ဖူးခြင်း မရှိသည့် လူများကြားဖြစ်သည့်- သင်တို့ကြားတွင် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင်တို့ ရှုမြင်ကြရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃))အကယ်၍ သူ၏လက်ရှိအလုပ်ကို ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် ဘုရားသခင်သည် ဣသရေလ အမျိုးသားတို့၏ ဘုရားသခင်သာဖြစ်သည်၊ ဣသရေလအမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံရသော လူတို့ဖြစ်ကြသည်၊ ဣသရေလအမျိုးသားတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ နှင့် ကတိတော်ကို အမွေခံထိုက်သည်ဟု ယုံကြည်သွားကြ ပေလိမ့်မည်။ နောက်ဆုံးသောကာလအတောအတွင်း အဆင်းနီသော နဂါးကြီး၏နိုင်ငံဖြစ်သည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံ၌ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရာအားလုံး၏ ဘုရားဟူသည့် ဘုရားသခင်၏ အလုပ်ကို အထမြောက်စေ၏။ သူ၏ စီမံခန့်ခွဲမှုအလုပ် အလုံးစုံကို သူအပြီးသတ်၏၊ ထို့ပြင် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ သူ့အလုပ်၏ အချက်အချာကျသော အပိုင်းကို သူအဆုံးသတ်၏။ ဤအလုပ်အဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်သည်၊ အတိအကျဆိုရလျှင် ဖန်ဆင်းရှင်အား ဖန်ဆင်းရာအားလုံးက ဝတ်ပြုလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အဆင့်တစ်ဆင့်စီ၌ ကြီးမားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုးတို့ မရှိဘဲနှင့် မည်သည့်အရာကိုမျှ မလုပ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏)

ထို့နောက် အစ်မဟောက်က “အရင်က ဘုရားအမှုတော်ရဲ့ ပထမအဆင့်နှစ်ဆင့်လုံးက ဣသရေလမှာ ပြုခဲ့တာကြောင့် ဘုရားသခင်က ဣသရေလတို့ရဲ့ ဘုရားသခင် ဖြစ်တယ်လို့ ကျွန်မတို့စိတ်နှလုံးတွေထဲမှာ သတ်မှတ်ထားကြတယ်။ ဣသရေလက ဘုရားအမှုတော်ရဲ့ ဇာတိဖြစ်ပြီး၊ ဘုရားအမှုတော်ရဲ့ အခြေစိုက်နယ်ပယ် တစ်ခုလည်း ဖြစ်တာကြောင့် ကျွန်မတို့က ဘုရားသခင်ရဲ့ အမှုတော်က ဣသရေလမှာသာ ရှိနိုင်တယ်၊ ဧဝံဂေလိက ဣသရေလကသာ ထွက်လာနိုင်တယ်၊ ဣသရေလ လူမျိုးတွေသာ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေ အမှန်တကယ် ဖြစ်တယ်ဆိုပြီးတော့ ထင်ခဲ့ကြသည်။ ဒါ့ကြောင့် ဘုရားသခင်က ဣသရေလမှာ သူ့အမှုတော်ရဲ့ ဒီနောက်ဆုံးအဆင့်ကို ပြုဆဲပဲ ဆိုရင်တော့၊ ဘုရားသခင်က ဣသရေလမှာသာ သူ့အမှုပြုနိုင်တယ်၊ ဘုရားသခင်က ဣသရေလလူမျိုးတွေကိုသာ ကောင်းကြီးမင်္ဂလာ ပေးနိုင်တယ်၊ ပြီးတော့ ဘုရားသခင်က တစ်ပါးသော အမျိုးသားတွေနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ပိုလို့တောင် ကျွန်တော်တို့ က အခိုင်အမာ ယုံကြည်ကြလိမ့်မယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က တစ်ပါးတည်းသော အမျိုးသားနိုင်ငံတစ်ခုဖြစ်တဲ့ အဆင်းနီတဲ့နဂါးကြီး ရစ်ခွေနေတဲ့ နယ်မြေ တရုတ်ပြည်မှာ သူ့ရဲ့ လူတွေကို တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါကိုလုပ်ခြင်းအားဖြင့်၊ ဘုရားသခင်က ဣသရေလ လူမျိုးတွေရဲ့ ဘုရားသခင်သာ မဟုတ်ဘဲ၊ တစ်ပါးသောအမျိုးသား တွေရဲ့ နိုင်ငံတော်တွေအားလုံးရဲ့ ဘုရားသခင်လည်း ဖြစ်ပြီး၊ ဖန်ဆင်းခံသတ္တဝါအားလုံးရဲ့ ဘုရားသခင်လည်းဖြစ်တယ်ဆိုတာကို လူတွေက အမှန်တကယ် တွေ့ဖို့ သူက လူတိုင်းရဲ့ အယူအဆတွေကို လှန်လှောခဲ့တယ်။ ဘုရားသခင်က ဣသရေလလူမျိုးတို့ကိုသာ ကောင်းကြီးပေးရုံမကဘဲ၊ တစ်ပါးသောအမျိုးသားတွေကိုလည်း ကောင်းကြီးမင်္ဂလာ ပေးခဲ့တယ်။ ဒါက ‘ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏’ ရဲ့ အမှုတော်ကို ဖြစ်မြောက်အောင်မြင် စေခဲ့တယ်။ ဘုရားသခင်က နောက်ဆုံးသော ကာလမှာ တရုတ်ပြည်မှာ သူ့အမှုပြုဖို့ ရွေးချယ်တာက ထူးထူးခြားခြား အဓိပ္ပာယ်ရှိတာ ရှင်းပါတယ်။ ဘုရားသခင်က တကယ့်ကို အရမ်း အနန္တတန်ခိုးနဲ့ပြည့်စုံပြီး၊ အမြော်အမြင်ရှိတယ်။” ဟု ပြောလျက် မိတ်သဟာယပြုခဲ့သည်။

ထိုအစ်မ၏ မိတ်သဟာယပြုခြင်းကို နားထောင်လျက်၊ ကျွန်တော့်က ဆင်ခြင်သုံးသပ်ခြင်းထဲသို့ နစ်မြုပ်သွားခဲ့သည်။ “ဟုတ်တယ်။” ဟု ကျွန်မတွေးမိသည်။ “ဘုရားသခင်က ဖန်ဆင်းခြင်းအားလုံးရဲ့ သခင်ဖြစ် တယ်။ လူသားမျိုးနွယ် တစ်ခုလုံးက ဘုရားသခင် ဖန်ဆင်းထားခြင်း မဟုတ်ဘူးလား။ ဘုရားသခင်က ဣသရေလလူမျိုးတို့ကိုသာ ကယ်တင်ရုံမကဘူး၊ တရုတ်ပြည်ကလူတွေကိုလည်း ကယ်တင်ခဲ့သည်။ လက်ရှိမှာ တရုတ်ပြည်မှာ အမှုပြုဖို့ ဘုရားသခင် ကြွလာခြင်းက တစ်ပါးသော အမျိုးသားတွေအတွက် သူ့ချစ်ခြင်းမေတ္တာကို မပြဘူးလား။ ငါက ဘုရားသခင်ရဲ့ အလိုတော်ကို တကယ်နားမလည်ပုံပေါက်တယ်။” ဤအရာကိုတွေးလျက်၊ ကျွန်မက အတော်အတန် အရှက်ရခဲ့သည်။ ကျွန်မ၏ လေသံကို ပျော့ပျောင်းစေပြီး၊ “အစ်မရေ၊ အစ်မပြောတာကို ကျွန်မနားလည်ပါတယ်။ ဘုရားသခင်က ဣသရေလမှာ သူ့အမှုကို နောက်တစ်ကြိမ်ပြုခဲ့ရင်၊ ကျွန်မတို့က ဘုရားသခင်ကို ဘောင်ခတ် ပြီး၊ ဘုရားသခင်က ဣသရေလလူမျိုးတို့ရဲ့ ဘုရားသခင်သာ ဖြစ်တယ်လို့ ထင်နေမှာဖြစ်တယ်။ လက်ရှိမှာ ဘုရားသခင်က လူတွေရဲ့ အယူအဆတွေကို ဖျက်ဆီးဖို့၊ ဘုရားသခင်က ဖန်ဆင်းခံ သတ္တဝါတွေ အားလုံးရဲ့ သခင်ဖြစ်တယ်ဆိုတာနဲ့ ဘုရားသခင်က ဣသရေလ နဲ့ တရုတ်ပြည်မှာပါ သူ့အမှုပြုနိုင် တယ်ဆိုတာကို လူတွေကို နားလည်စေဖို့၊ ပြီးတော့ အဲဒါကြောင့် ကျွန်မတို့က ဘုရားသခင်ရဲ့ အမှုတော်ကို ဘောင်မခတ်အောင်လို့ ဘုရားသခင်က ဒီနည်းလမ်းနဲ့ အမှုပြုတာဖြစ် တယ်။ ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပေါ် အခြေခံပြီး ဘုရားသခင်ရဲ့ အမှုတော်ကို ဘောင်ခတ်ခြင်းအားဖြင့် ကျွန်မက တကယ့်ကို အရမ်း မိုက်မဲပြီး၊ မာနထောင်လွှားခဲ့ပုံရတယ်။ ဒါပေမဲ့ ကျွန်မ နားမလည်တဲ့ အရာတစ်ခု ရှိနေသေးတယ်။ ကမ္ဘာပေါ်မှာ ပရိုတက်စတင့်ဝါဒနဲ့ ကတ်သလစ်ဝါဒတို့က နိုင်ငံတော်ဘာသာရေးတွေ ဖြစ်ပြီး၊ ဘုရားသခင်က အမြဲဝတ်ပြုကိုးကွယ်ခံရတဲ့ ဥရောပနဲ့ မြောက်အမေရိကတို့ရဲ့ နိုင်ငံအများအပြားလိုမျိုး၊ နိုင်ငံတွေ အများကြီး ရှိတယ်။ ဘုရားသခင်က အဲဒီနိုင်ငံတွေမှာ လူတွေကို သူ့ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော် လာပြုတာက ပိုမလွယ် ဘူးလား။ တရုတ်ပြည်က ဘုရားမဲ့နိုင်ငံတစ်ခုဖြစ်ပြီး၊ ရုပ်ထုဆင်းထု ကိုးကွယ်သူတွေနဲ့ ပြည့်နေတယ်။ နိုင်ငံတော်အစိုးရက ဘုရားသခင် ကို ယုံကြည်တဲ့သူတွေကို အရူးအမူး နှိပ်ကွပ်တယ်၊ ဒါဆိုရင် ဘုရားသခင်က ဘာဖြစ်လို့ တရုတ်ပြည်မှာ သူ့အမှုပြုရတာလဲ။” ဟု ပြောခဲ့သည်။

အစ်မရှဲက ပြုံးပြီး၊ “အစ်မရေ၊ အစ်မမေးခွန်းက အရမ်းကို ပဓာနကျတယ်။ ဘုရားသခင်က တရုတ်ပြည်မှာ သူ့တရားစီရင်ခြင်း နဲ့ သန့်စင်ခြင်းအမှုတော်တို့ကို ပြုဖို့ ဘာဖြစ်လို့ ရွေးခဲ့တာလဲ။ ဣသရေလနဲ့ တရုတ်ပြည်တို့မှာ ဘုရားသခင်က သူ့အမှုပြုခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်တို့ကို နားလည်သဘောပေါက်ခြင်း အားဖြင့်သာ ကျွန်မတို့က သမ္မာတရားရဲ့ ဒီရှုထောင့်ကို နားလည်လိမ့် မယ်။ ဘုရားနှုတ်ကပတ်တော် က ဘာပြောထားလဲဆိုတာကို တစ်ချက်ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်- ‘ဓမ္မဟောင်းကျမ်းက ဣသရေလ အမျိုးသားများအတွက် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် ဣသရေလနိုင်ငံ၌ သူ၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်လျက်၊ ဓမ္မသစ်ကျမ်းက ယုဒပြည်ရှိ ယေရှု၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ထားသည်။ သို့ရာတွင် သမ္မာကျမ်းစာထဲ၌ တရုတ်အမည်များ တစ်ခုမျှ မပါခြင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှု၏ ပထမအပိုင်းနှစ်ပိုင်းတို့ကို ဣသရေလနိုင်ငံမှာ လုပ်ဆောင်ခဲ့ပြီး ဣသရေလ ပြည်သူတို့သည် ရွေးချယ်ခြင်းခံရသည့် လူမျိုးများ ဖြစ်ခဲ့ကြသည်- ၎င်းတို့သည် ယေဟောဝါ၏ အမှုကို လက်ခံခဲ့ကြသည့် ပထမဦးဆုံး လူမျိုးများ ဖြစ်ခဲ့ကြသည်ဟု ဆိုလိုသည်။ သူတို့သည် လူသားမျိုးနွယ်အားလုံးတို့ထဲမှ ဖောက်ပြန်ပျက်စီးမှု အနည်းဆုံးသူများ ဖြစ်ခဲ့ကြပြီး၊ အစပိုင်းတွင် သူတို့သည် ဘုရားသခင်ကို ကြည်ညိုလိုသူများ၊ ဘုရားသခင်ကို ရိုသေလေးမြတ်လိုသူများ ဖြစ်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို နာခံခဲ့ကြပြီး၊ ဗိမာန်တော်တွင် အမြဲတမ်း အစေခံခဲ့ကြလျက် ယဇ်ပုရောဟိတ်များ၏ ဝတ်ရုံများ သို့မဟုတ် သရဖူများကို ဆင်ယင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့ကြသည့် ပထမဦးဆုံးသော လူမျိုးများ ဖြစ်ခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ခံစားခဲ့ရသည့် အစောဆုံး လူမျိုးများလည်း ဖြစ်ခဲ့ကြသည်။ ထိုလူများသည် လူသားတစ်ရပ်လုံး၏ နမူနာနှင့် စံပြပုံစံ ဖြစ်ခဲ့ကြသည်။ သူတို့သည် သန့်ရှင်းမှုနှင့် ဖြောင့်မတ်ခြင်း၏ နမူနာနှင့် စံပြပုံစံလည်း ဖြစ်ခဲ့ကြသည်။ ယောဘ၊ အာဗြဟံ၊ လောတ သို့မဟုတ် ပေတရုနှင့် တိမောသေ ကဲ့သို့သော ပုဂ္ဂိုလ်များ အားလုံးမှာ ဣသရေလ အမျိုးသားများ ဖြစ်ခဲ့ကြပြီး နမူနာများနှင့် စံပြပုံစံ အားလုံးတို့ အထဲက အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့ကြသည်။ ဣသရေလသည် လူသားမျိုးနွယ်အထဲမှာ ဘုရားသခင်ကို ကိုးကွယ်သည့် အစောဆုံး နိုင်ငံဖြစ်ခဲ့ပြီး ထိုနိုင်ငံမှနေပြီး ထွက်ပေါ်လာခဲ့ကြသည့် ဖြောင့်မတ်သည့် ပုဂ္ဂိုလ်များမှာ မည်သည့်ဒေသထက်မဆို ပိုများခဲ့သည်။ အနာဂတ်တွင် ဤဒေသတစ်၀န်းလုံးရှိ လူသားမျိုးနွယ်ကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲပေးနိုင်ရန်အတွက် ဘုရားသခင်သည် သူတို့အပေါ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်ထဲတွင် ဣသရေလ ပြင်ပရှိ လူသားတို့အတွက် နမူနာနှင့် စံပြအဖြစ် အစေခံနိုင်ရန် သူတို့၏ အောင်မြင်မှုများနှင့် ယေဟောဝါကို ကိုးကွယ်ရာတွင် သူတို့၏ ဖြောင့်မတ်ခြင်းကို မှတ်တမ်းတင်ခဲ့သည်၊ ထို့အပြင် သူတို့၏ လုပ်ဆောင်ချက်များသည် နှစ်ထောင်ပေါင်းအချို့၏ အလုပ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ယနေ့ အထိပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြာဝဠတစ်ခုလုံး၌ အောင်မြင်သည့်သဘောနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ဤလူများအထဲ၌ ပုန်ကန်မှု၊ ဆန့်ကျင်မှု၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း အားလုံးတို့ကို မြင်တွေ့ရပြီး၊ လူသားမျိုးနွယ်၏ ပုန်ကန်လိုစိတ်ရှိသမျှကို သူတို့အထဲတွင် ကိုယ်စားပြုထားလေသည်။ သူတို့သည် အမှန်ပင် မှတ်သားလောက်ပေသည်။ ဤအကြောင်းကြောင့် သူတို့ကို့ သိမ်းပိုက်ခြင်း၏ နမူနာအဖြစ် စံပြုထားပြီး၊ သူတို့ကို သိမ်းပိုက်လိုက်သည်နှင့် သူတို့သည် အခြားသောသူများအတွက် အလိုအလျောက် စံပြနမူနာ ဖြစ်လာလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)) လို့ပြောထားတယ်။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်၊ အစ်မရှဲက သူ့မိတ်သဟာယပြုခြင်းကို ဆက်ခဲ့တယ်။ “သူ့အမှုတော် အဆင့်တိုင်းမှာ သူ့အမှုတော်ရဲ့ နေရာအမျိုးအစား နဲ့ သူ့အမှုတော်ရဲ့ ရည်မှန်းချက်တွေ က သူ့အမှုတော်ရဲ့ လိုအပ်ချက်ပေါ်မှာ အခြေခံပြီး ရွေးချယ်ထားတယ်၊ ပြီးတော့ အဲဒါတွေအားလုံးက တော်တော် အဓိပ္ပါယ်ရှိတယ်လို့ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော် တွေက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဥပမာ အားဖြင့် ဘုရားအမှုတော်ရဲ့ ပထမအဆင့်နှစ်ခုက ဣသရေလနိုင်ငံမှာ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဣသရေလလူမျိုးတွေက ဘုရားသခင်ရဲ့ ရွေးချယ်ခံလူတွေဖြစ်လို့ပဲ။ သူတို့က လူသားမျိုးနွယ် တစ်ခုလုံးရဲ့ ဖောက်ပြန်ပျက်စီးမှု အနည်းဆုံး ဖြစ်ပြီး၊ သူတို့မှာ ဘုရားသခင်ကို ကြောက်တဲ့ စိတ်နှလုံးတွေ ရှိကြတယ်။ သူတို့တွေကြားထဲမှာ ဘုရားသခင်ရဲ့ အမှုပြုရင်း၊ စံပြတွေနဲ့ စံနမူနာတစ်အုပ်ကို ပြုလုပ်တာက ဘုရားသခင်အတွက် အလွယ်ကူဆုံးဖြစ်တယ်။ ဒါ့ကြောင့် ဘုရားသခင်ရဲ့ အမှုတော်က ပိုမြန်ပြီး၊ ပိုအလွယ်တကူ ပျံ့နှံ့နိုင်မှာ ဖြစ်တယ်၊ ဒါမှသာ လူသားမျိုးနွယ်တစ်ခုလုံးက ဘုရားသခင်ရဲ့ တည်ရှိမှု နဲ့ ဘုရားသခင်ရဲ့အမှုတော်ကို သိကြမှာဖြစ်တယ်၊ ဒါမှသာ လူတွေက ဘုရားသခင်ရှေ့တော်မှောက်ကို ပိုရောက်လာပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိမှာဖြစ်တယ်။ ဒါ့ကြောင့် ဘုရားသခင်က သူ့အမှုတော် အဆင့်နှစ်ခုကို ဣသရေလမှာ စတာက အဓိပ္ပါယ်အရှိဆုံးဖြစ်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင် က လူတွေကို သိမ်းပိုက်ပြီး သန့်စင်တဲ့ အမှုပြုတယ်။ သူက ဘုရားသခင်ရဲ့ သိမ်းပိုက်ခြင်းနဲ့ သန့်စင်ခြင်းတို့ကို ပထမဆုံး လက်ခံဖို့ ကိုယ်စားလှယ်တစ်ချို့ကိုလည်း လိုအပ်တယ်။ လူသားမျိုးနွယ်တစ်ခုလုံး အလယ်မှာ တရုတ်ပြည်ကလူတွေက ဖောက်ပြန်အပျက်စီးဆုံးနဲ့ ခေတ်နောက်အကျဆုံး ဖြစ်ပြီး၊ တရုတ်ပြည်ဟာ ဘုရားသခင်ကို ယုံကြည်မှုအနည်းဆုံးနိုင်ငံ၊ ဘုရားသခင်ကို အစွဲမြဲဆုံးအာခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဒါ့ကြောင့် နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရုတ်ပြည်မှာ သူ့တရားစီရင်ခြင်းနဲ့ သိမ်းပိုက်ခြင်း အမှုတော်ကို ပထမဦးစွာ ပြုခြင်းအားဖြင့်၊ အနက်ရှိုင်းဆုံး ဖောက်ပြန်ပျက်စီးခံရတဲ့ သူတွေအပေါ် သူ့ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်း အမှုပြုခြင်း အားဖြင့်၊ ပြီးတော့ ကမ္ဘာပေါ်မှာ ဖောက်ပြန်အပျက်စီးဆုံးဖြစ်တဲ့ တရုတ်ပြည်က လူထုကို သိမ်းပိုက်ခြင်းနဲ့ သန့်စင်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ပြည့်စုံခြင်း၊ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းတွေကို အကောင်းဆုံး လက်တွေ့ပြနိုင်ပြီး၊ စာတန်က အရှက်အရဆုံးဖြစ်ခဲ့တယ်။ ဖောက်ပြန်အပျက်စီးဆုံးလူတွေက ဘုရားသခင်ရဲ့ သိမ်းပိုက်ခံရတဲ့အချိန်မှာ ကျန်တဲ့ လူသားမျိုးနွယ် တစ်ခုလုံးကလည်း သိမ်းပိုက်ခံရမယ်၊ စာတန်က လုံးလုံးရှုံးနိမ့် မယ်ဆိုတာ ပြောစရာမလိုပါဘူး။ သူ့အမှုတော်ရဲ့ အဆင့်တိုင်းမှာ ဘုရားသခင်ရွေးချယ်တဲ့ သူ့အမှုတော်ရဲ့ နေရာနဲ့ ရည်မှန်းချက်တွေနဲ့ အောင်မြင်ရရှိတဲ့ နောက်ဆုံးရလဒ်တွေကနေ ဘုရားသခင်ရဲ့ အမှုတော်က အရမ်းအမြော်အမြင်ရှိပြီး အရမ်းကောင်းတယ် ဆိုတာကို ကျွန်မတို့က ပိုကောင်းကောင်း မြင်နိုင်တယ်။”

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ထိုအစ်မ ၏ မိတ်သဟာယပြုခြင်းတို့ကို နားထောင်ပြီးနောက်မှာ၊ ဘုရားသခင် က ယခင်က ဣသရေလမှာ သူ့အမှုပြုခဲ့သည်မှာ သူက ဖောက်ပြန် ပျက်စီးမှု အနည်းဆုံး လူသားမျိုးနွယ်ကြားမှာ သူ့ကယ်တင်ခြင်းကို ပို၍ပင်များသော လူများကို လက်ခံဖို့ ခွင့်ပြုရန် သူတို့၏ သက်သေခံချက်များနှင့် ဘုရားသခင်၏ ဧဝံဂေလိ ဟောကြားခြင်း များမှတစ်ဆင့် စံနမူနာများနှင့် စံပြတစ်အုပ်ကို ပြုလုပ်ချင်သော ကြောင့် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်ပြုသည့် အမှုသည် လူကို သိမ်းပိုက်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် ဖြစ်ပြီး၊ သူက သိမ်းပိုက်ခံရပြီး၊ ကယ်တင်ခြင်းရရှိသူများဖြစ်သည့် လူများကို စံနမူနာများနှင့် စံပြများ ဖြစ်စေလျက် ကမ္ဘာပေါ်မှာ ဖောက်ပြန် အပျက်စီးဆုံးနှင့် အညစ်ညမ်းဆုံးလူတွေဖြစ်တဲ့ တရုတ်ပြည်မှ လူများကို သူ့အမှုတော်၏ ရည်မှန်းချက်များအဖြစ် ရွေးချယ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အမြော်အမြင်နဲ့ အနန္တတန်ခိုးတို့ကို ပို၍ပင် ထုတ်ဖော်နေသည်။ ကျွန်မက ဘုရားသခင်၏ အလိုတော်ကို လုံးဝ နားမလည်ဘဲ၊ သမ္မာကျမ်းစာတွင် သခင်က ဣသရေလ၏ သံလွင်တောင်အပေါ် ဆင်းသက်ခြင်းအားဖြင့် ပြန်လာမည်ကို ဖတ်ရှုရသည့်အချိန်တွင်၊ ကျွန်တော်က တိုက်ရိုက်အဓိပ္ပာယ်ကို လက်ခံခဲ့ပြီး၊ ဘုရားသခင်က ဣသရေလတွင် သူ့အမှုတော်ကို အတိအကျပြုမည်ဟု တွေးခဲ့သည်။ ဘုရားသခင်က တရုတ်ပြည်သို့ ရောက်နှင့်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်ကို ကျွန်မ မမျှော်လင့်ထား ခဲ့ပါ။ ဘုရားသခင်၏ အမှုတော်သည် လူများစိတ်ကူးသကဲ့သို့ မရိုးရှင်းပုံရသည်။

ဤအချိန်တွင် အစ်မရှဲက “ဘုရားသခင်က ဘယ်နိုင်ငံမှာ သူ့အမှုပြုတယ်ဆိုတာက သူ့အမှုတော်အတွက် နဲ့ လူသားမျိုးနွယ်ကို ပိုကောင်းကောင်း ကယ်တင်ဖို့အတွက် သက်သက် ဖြစ်တယ်၊ ကျွန်မတို့က လက်ရှိမှာ ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုကို ရှာဖွေချင် တယ်ဆိုရင်၊ ကျွန်မတို့ရဲ့ စိတ်ကူးတွေနဲ့ အယူအဆတွေကို ပထမဆုံး ဘေးဖယ်ထားရမယ်။ ဘုရားသခင်က ဒီနိုင်ငံ၊ ဟိုနိုင်ငံကို လာသင့်တယ်လို့ တွေးရင်း တိကျတဲ့နယ်ပယ်တစ်ခုထဲမှာ ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို ကျွန်မတို့ ဘောင်မခတ်သင့်ဘူး။ ဘုရားသခင်က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ဘုရားသခင် ဖြစ်တယ်။ ဘုရားသခင်က သူ့အမှုတော်ရဲ့ လိုအပ်ချက်တွေအတိုင်း သူ့အမှုတော်ရဲ့ နေရာကို ရွေးချယ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က- ‘ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ သီးသန့်ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ၊ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ် နိုင်သည်၊ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ် ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက် ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်၊ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) လို့ပြောတယ်။” ဟု ဆက်ပြောခဲ့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြား ပြီးနောက်၊ ကျွန်မက စိတ်လှုပ်ရှားမှုဖြင့် ငိုကြွေးပြီး၊ အစ်မများကို “ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ တန်ခိုးနဲ့ သြဇာအာဏာ တို့ သယ်ဆောင်လာပြီး၊ ဘုရားသခင်ဆီက လာတယ်။ အခုနောက်ဆုံးမှာ ကျွန်မ နားလည်ပြီ။ ဘုရားသခင်က ဣသရေလ လူမျိုးတို့ရဲ့ ဘုရားသခင်သာ မဟုတ်ဘဲ၊ တရုတ်လူမျိုးတို့ရဲ့ ဘုရားသခင်လည်း ဖြစ်ပြီးတော့၊ အဲဒီ့အပြင် သူက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ဘုရားသခင် ဖြစ်တယ်။ ဘုရားသခင်က တကယ့်ကို ပြန်ကြွလာခဲ့ပြီ။ ဒီလွန်ခဲ့တဲ့ ရက်နည်းနည်းမှာ ကျွန်မက မှားယွင်းတဲ့ လမ်းကြောင်းကို လျှောက်မိမှာစိုးလို့ ကောင်းကောင်း မစားနိုင်၊ မအိပ်နိုင်ခဲ့ဘူး။ ဒီနေ့ အစ်မတို့နဲ့ မိတ်သဟာယပြုရတာ ကျေးဇူးတင်တယ်၊ ကျွန်မရဲ့ စိတ်နှလုံးထဲက ဝန်က ပျောက်ကွယ် သွားတယ်။ ကျွန်မကို လက်မလျှော့တဲ့အတွက် ဘုရားသခင်ကို ကျွန်မ တကယ့်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။” ဟု ပြောခဲ့သည်။ ထို့နောက် ညီအစ်မနှစ်ယောက်က ကျွန်မကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ၏ မိတ္ထူတစ်အုပ် ပေးခဲ့ပြီး၊ ကျွန်မက ထိုစာအုပ်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ အိမ်သို့ ပျော်ရွှင်စွာ ပြန်ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာ သည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ လက်ခံယုံကြည်လာခဲ့သည်။ ကျွန်မတို့ သခင်ယေရှုသည် အမှန်တကယ် ပြန်ကြွလာခဲ့ပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။