သန့်စင်သူသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရ၏

10.03.2022

ဆာရာ အမေရိကန်နိုင်ငံ

ကျွန်မသခင့်ကိုယုံကြည်ပြီးတဲ့နောက်မှာ အိမ်နီးချင်းတွေကိုလည်း ကိုယ့်လိုသဘောထားပြီးချစ်ခင်ဖို့ သခင်ကဆုံးမတယ်၊ ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာဟာ ဘုရားသခင်ဆီကလာပြီးတော့ ဘုရားသခင်က ကျွန်မတို့ကိုအရင်ဆုံးချစ်ခင်ခဲ့တဲ့အတွက် ကျွန်မတို့ကလည်း သူများတွေနဲ့ ရန်သူတွေကိုလည်းချစ်ခင်ရမယ်လို့ပြောတာ မကြာခဏကြားခဲ့ရတယ်။ ဟေဗြဲသြဝါဒစာ ၁၂း၁၄ မှာ “လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” လို့ပြောထားတယ်။ အဲဒါကိုဖတ်ရတော့ အမေနဲ့ ကျွန်မ အပြင်းအထန် ရန်ဖြစ်ငြင်းခုန်ကြတဲ့အချိန်ကို သွားသတိရမိတယ်။ အဲဒါက သခင့်ရဲ့အလိုတော်နဲ့မကိုက်ညီဘဲ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့လိုတယ်ဆိုတာကို ကျွန်မသိခဲ့ပါတယ်။ နောက်ပိုင်းကျတော့ အမေနဲ့စကားများတိုင်း ကိုယ့်ကိုယ့်ကိုယ်ထိန်းချုပ်ပြီးတော့ သူပြောတာကိုနားထောင်ဖို့ကြိုးစားခဲ့တယ်။ ကျွန်မစိတ်ကိုတည်ငြိမ်အောင်ထားပြီး သည်းခံတယ်။ ဒါပေမဲ့ ကြာလာတော့ ဒေါသကိုမထိန်းနိုင်တော့ဘူး။ သူပြောတာကို ကျွန်မသဘောမတူရင် စကားများတော့တာပဲ။ အဲဒါအပြင် ခေတ်ပေါ်ရေစီးကြောင်းတွေနောက်ကိုလိုက်ခဲ့ပြီးတော့ ရုပ်ရှင်နဲ့ တီဗီကို တော်တော်လေးစွဲလမ်းခဲ့တယ်။ တစ်ခါတလေမှာ ကျွန်မအရှက်မရဖို့နဲ့ ကိုယ်ကျိုးအတွက်ဆို လိမ်ညာရမှာလည်းဝန်မလေးခဲ့ဘူး။ အပြစ်ကျူးလွန်လိုက် ဝန်ချတောင်းပန်လိုက် သံသရာထဲမှာလည်နေခဲ့ပြီးတော့ အမြဲတမ်းအပြစ်ရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့စိတ်အလိုလိုက်မှုကို မချိုးနှိမ်နိုင်၊ မလွတ်မြောက်နိုင်ခဲ့လို့ စိတ်ဆင်းရဲခဲ့ရပါတယ်။ တစ်ခါတလေကျရင် “ဒီလိုအပြစ်တွေကျူးလွန်နေပုံမျိုးနဲ့ ကောင်းကင်နိုင်ငံတော်ကို ငါရောက်ပါ့မလား” လို့တွေးမိတယ်။ တစ်ခါက အမေကကျွန်မကိုပြောတယ်၊ “ခရစ်ယာန်တစ်ယောက်ဖြစ်ပြီးတော့ နင်ကစိတ်ဆတ်လွန်းတယ်” တဲ့။ သူအဲဒီလိုပြောတာကိုကြားရတော့ ကျွန်မပိုပြီးစိတ်ဆင်းရဲခဲ့တယ်။ ကျွန်မထိန်းချုပ်ဖို့ တကယ်ကြိုးစားခဲ့ပေမယ့် သခင့်ရဲ့အဆုံးအမတွေကို မထိန်းသိမ်းနိုင်ခဲ့ဘူး။ သခင်ကအဲဒါကိုကျေနပ်ပါ့မလား။ ကျွန်မပြောင်းလဲနိုင်ပါ့မလားပေါ့။ ညီအစ်ကိုမောင်နှမတွေကို အဲဒီပြဿနာအကြောင်းပြောပြတော့ တချို့က “ကျွန်တော်တို့ကိုယ့်ကိုယ့်ကိုယ်ထိန်းချုပ်နိုင်အောင် လုပ်ရမယ်။ ဘုရားသခင်နဲ့ပိုနီးစပ်လာရင် ပိုပြီးသည်းခံတတ်လာတယ်။” တဲ့။ တချို့ကကျတော့ “ဒီလိုပဲ စိတ်အခန့်မသင့်တာတွေကရှိတတ်တယ်၊ ဒါပေမဲ့ အပြောင်းအလဲဆိုတာ တစ်ခုနဲ့တစ်ခု ဆက်နွယ်ပြီးတိုးတက်လာတာပါ။ များများပြောင်းလဲနိုင်လေလေ ပိုကောင်းတဲ့သူဖြစ်လာလေပါပဲ။ အဲဒါကိုမယုံမရှိနဲ့။ သခင့်ရဲ့ကယ်တင်ခြင်း ပြီးမြောက်ပြီ။ သူ့ရဲ့ကျေးဇူးတော်နဲ့ ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံတော် ကိုခေါ်သွားပါလိမ့်မယ်။” တဲ့။ သူတို့အဲဒီလိုပြောပေမယ့်လည်း ကျွန်မကတော့ အခုထိ ရှင်းရှင်းလင်းလင်း လမ်းကြောင်းတစ်ခု ရှာမတွေ့သေးပါဘူး။ ကူညီပေးဖို့ သခင့်ကိုဆုတောင်းတာပဲ ကျွန်မတတ်နိုင်ပါတယ်။

အဲဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အွန်လိုင်းမှာ မမှတ်မထင်တွေ့ခဲ့ရတယ်။ သမ္မာကျမ်းစာလေ့လာဖို့အတွက် မကြာခဏတွေ့ကြတယ်။ သူတို့ရဲ့မိတ်သဟာယက စိတ်ဝင်စားဖို့ကောင်းပြီးတော့ လေးနက်တယ်။ သူတို့နဲ့တွေ့ပြီး ကျွန်မအများကြီးသိခဲ့ရပါတယ်။ တစ်ရက်က တွေ့ဆုံပွဲတစ်ခုမှာ အစ်ကိုလင်းက သခင်ပြန်လည်ပေါ်ထွန်းခြင်းအကြောင်းပြောတယ်။ သခင်ပြန်လည်ပေါ်ထွန်းရင် အမှုတော်အသစ်ကိုလုပ်ဆောင်မယ်လို့ ပြောပြီးတော့ သမ္မာကျမ်းစာထဲက ကျမ်းစာတချို့ကို ကျွန်မတို့ဆီပို့ပေးခဲ့တယ်။ ဟေဗြဲသြဝါဒစာ ၉း၂၈ မှာ “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” လို့ပြောထားတယ်။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅ မှာ “နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” လို့ပြောထားပါတယ်။ ပြီးတော့ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) အစ်ကိုလင်းက “ဒီကျမ်းစာတွေက သခင်ဒုတိယအကြိမ် ဘယ်လိုပေါ်ထွန်းမလဲဆိုတာနဲ့ နောက်ဆုံးသောကာလမှာ သူ့ရဲ့ကယ်တင်ခြင်းကို ခံယူရမယ်ဆိုတာကို ပြောထားတယ်။ နောက်ဆုံးသောကာလ တရားစီရင်မှုဟာ ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ပြီးတရားစီရင်မယ်လို့လည်း ပြောထားတယ်။ သခင်ပြန်လည်ပေါ်ထွန်းလာရင် တရားစီရင်တဲ့အလုပ်ကို ဘယ်လိုလုပ်ဆောင်မယ်၊ ကျွန်တော်တို့ကို ဘယ်လိုမျိုး အပြစ်ကလွတ်မြောက်စေပြီး သန့်စင်စေကာ ကယ်တင်မလဲဆိုတာကိုလည်း ရှင်းပြထားပါတယ်” လို့ပြောတယ်။ အစ်ကိုလင်းပြောတာက သမ္မာကျမ်းစာနဲ့အညီပါပဲ၊ ဒါပေမဲ့ ကျွန်မသိပ်မရှင်းဘူး။ သခင်က ကားစင်တင်ခံရတုန်းက ကျွန်မတို့ကို အပြစ်ကနေ ရွေးနုတ်ပြီးပြီလေ။ ဘုရားသခင်ရဲ့ကယ်တင်ခြင်း ပြီးမြောက်သွားခဲ့ပြီ။ ဘာလို့များ သခင်ကပြန်လာပြီးတော့ သန့်စင်စေခြင်းနဲ့ တရားစီရင်ခြင်းကို လုပ်ဆောင်ရမှာလဲ။ ကျွန်မ မရှင်းတာကိုသူတို့ကိုပြောပြခဲ့တယ်။

အစ်ကိုလင်းက ကျွန်မကိုစာပိုဒ်နှစ်ပိုဒ်ကိုပြတယ်။ “လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။...ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

အစ်ကိုလင်းက “သခင်ယေရှုက ကျွန်တော်တို့ကို စာတန်ရဲ့ပိုင်နက်ကနေ ရွေးနုတ်ခဲ့ပြီးပြီ။ ကျွန်တော်တို့ အပြစ်တွေကို ဖြေလွှတ်လိုက်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့မှာ လုံးဝအပြစ်ကင်းသွားတာ ဒါမှမဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး အပြစ်တွေမကျူးလွန်တော့တာမဟုတ်ပါဘူး။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုနဲ့ ခွင့်လွှတ်ခြင်းကိုလုပ်ဆောင်ခဲ့တာ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်လုပ်ဆောင်တဲ့ သန့်စင်စေခြင်းနဲ့ လူတွေကိုပြောင်းလဲစေခြင်းမဟုတ်ဘူး။ သခင့်အပေါ်ယုံကြည်မှုအရ ကျွန်တော်တို့အပြစ်တွေကိုခွင့်လွှတ်ပြီးသားဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့အပြစ်တွေကျူးလွန်တတ်တဲ့ သဘာဝနဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားတွေက အမြစ်တွယ်နေပါတယ်။ ကျွန်တော်တို့က မာန်မာနထောင်လွှား၊ ကလိမ်ကကျစ်ကျ၊ ကောက်ကျစ်၊ ဆိုးယုတ်ပြီး သမ္မာတရားကို ရွံရှာမုန်းတီးကြတယ်၊ အပြစ်တွေကိုကျူးလွန်မြဲ ကျူးလွန်ပြီးတော့ သခင့်ကို ဆန့်ကျင်ပြီး တော်လှန်ပုန်ကန်ကြတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ကျိုးကို ကာကွယ်ဖို့ ဟန်ဆောင်လိမ်ညာကြတယ်။ သူများတွေနဲ့ သဘောမတူရင် စိတ်တိုပြီး ငြင်းခုန်ကြတယ်။ ခေတ်ပေါ်ရေစီးကြောင်းတွေနောက်ကိုလိုက်ပြီးတော့ အပြစ်မကင်းတဲ့ သာယာမှုတွေကို လိုချင်တပ်မက်ကြတယ်။ အခက်အခဲတွေနဲ့ကြုံလာရင် ဘုရားသခင်ကို အပြစ်တင်တယ်။ သူ့ကိုသစ္စာဖောက်ပြီးတော့ ဘုရားသခင်နဲ့ ပိုဝေးသွားကြတယ်။ ဘုရားသခင်ကပြောတယ်- ‘ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) တဲ့။ ကျွန်တော်တို့က မသန့်ရှင်း မစင်ကြယ်ရင် ဘုရားသခင်နဲ့တွေ့ဆုံနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့လို မကြာခဏ အပြစ်တွေကျူးလွန်ပြီး ဘုရားသခင်ကိုပုန်ကန်ပြစ်မှားတဲ့သူတွေက သူ့ရဲ့နိုင်ငံတော်ထဲ ဝင်ဖို့ ဘယ်လိုလုပ်သင့်တော်နိုင်မလဲ။ အဲဒါကြောင့် သမ္မာတရားကို ဖော်ပြဖို့၊ တရားစီရင်ခြင်းအမှုနဲ့ သန့်စင်စေခြင်းကိုလုပ်ဆောင်ဖို့၊ ကျွန်တော်တို့ကို သမ္မာတရားတွေ ထပ်ပြီးပေးအပ်ဖို့၊ တစ်ခါတည်းကယ်တင်ပြီးတော့ အပြစ်တွေကနေ လွတ်မြောက်စေဖို့နဲ့ ဘုရားသခင်ရဲ့နိုင်ငံတော်ကိုခေါ်ဆောင်ဖို့ သခင်ပြန်လာမယ်လို့ ကတိပေးခဲ့တာပါ” လို့မိတ်သဟာယဖွဲ့ပါတယ်။

ကျွန်မက “အစ်ကိုပြောတာမှန်တယ်။ ကျွန်မတို့က အမြဲတမ်း အပြစ်တွေကျူးလွန်လိုက် ဝန်ချတောင်းပန်လိုက်နဲ့။ သခင့်ကိုယုံကြည်ပေမယ့်လည်း အပြစ်တွေမကင်းသေးဘူး၊ ဒါပေမဲ့ ကျွန်မမှာ ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ ခရစ်ယာန်သူငယ်ချင်းတွေရှိတယ်။ သူတို့ကဘယ်တော့မှ အငြင်းအခုန်မလုပ်ဘဲနဲ့ ရန်သူတွေကိုလည်းမေတ္တာထားတယ်။ တချို့မှာ အိမ်ထောင်ရေးပြဿနာတွေရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ယုံကြည်သက်ဝင်လာတာနဲ့အမျှ သူတို့ရဲ့ဆက်ဆံရေးတွေလည်း ကောင်းမွန်လာတယ်။ တချို့ကျတော့ ဒေါသကြီးလေ့ရှိတယ်၊ ဒါပေမဲ့ သခင့်အပေါ်ယုံကြည်သက်ဝင်မှုကြောင့် စိတ်ရှည်၊ သည်းခံတတ်လာကြတယ်။ သခင့်ကို တကယ်သက်ဝင်ယုံကြည်တဲ့ ဘယ်သူမဆို အပြောင်းအလဲနဲ့ကြုံတွေ့ရပါတယ်။ အဲဒီလိုသာဆက်ပြောင်းလဲသွားမယ်ဆိုရင် သူတို့လည်းအပြစ်တွေကနေ လွတ်မြောက်ပြီးတော့ သန့်စင်သွားမှာမဟုတ်ဘူးလား။” လို့ပြောခဲ့တယ်။

ကျွန်မမေးတာကို အစ်ကိုလင်းက “သခင့်ကိုစပြီးယုံကြည်တာနဲ့ လူတော်တော်များများပြောင်းလဲလာကြတယ်။ သူများတွေကို ဆဲဆိုရိုက်နှက်တာတွေမလုပ်တော့ဘူး၊ ပိုပြီးကြင်နာတတ်လာတယ်၊ ပိုပြီးစိတ်ရှည်သည်းခံတတ်လာတယ်၊ ကိုယ့်ရဲ့ကားတိုင်ကို ထမ်းရွက်ကြတယ်။ အလှူအတန်းတွေလုပ်ပြီးတော့ အနစ်နာခံတတ်လာကြပါတယ်။ အဲဒါက သခင့်ကိုတကယ်သက်ဝင်ယုံကြည်တာကိုပြတာဖြစ်နိုင်ပေမယ့် သခင့်ရဲ့အလိုတော်နောက်ကိုလိုက်တာလို့ ပြောလို့ရပါ့မလား။ သူတို့ကအပြစ်ကနေလွတ်မြောက်ပြီးတော့ သန့်စင်သွားပြီလို့ပြောလို့ရပါ့မလား” လို့ စိတ်ရှည်ရှည်နဲ့ ပြောပြပါတယ်။ ပြီးတော့ အစ်ကိုလင်းက စာပိုဒ်နှစ်ပိုဒ်ဖတ်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ ‘ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်’ ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝ စီမံညွှန်ကြားပေသည်။ မိမိ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”)စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတစ်ဦး၏သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇနှင့် သက်ဆိုင်သည့် အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မမြင်နိုင်ပေ၊ ယင်းတို့မှာ သူ၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဆိုလိုသည်မှာ၊ ယင်းတို့သည် လူတစ်ယောက်၏ ဘဝအပေါ် သဘောထားနှင့် သူ၏စံနှုန်းများ၊ သူ၏ဝိညာဉ်အတွင်းကျကျရှိ အရာများနှင့် သူ၏အနှစ်သာရတို့ တိုက်ရိုက် ပါဝင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်မခံနိုင်ပါက၊ သူသည် ဤကဏ္ဍများတွင် ပြောင်းလဲခြင်း ကြုံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ရပ်တည်မှုနှင့် ဘဝတို့နှင့် သက်ဆိုင်သည့် မိမိ၏ စံနှုန်းများနှင့် မိမိ၏သဘောထားအမြင်များကို ပြောင်းလဲခြင်း၊ မိမိ၏ အမြင်ရှုထောင့်များကို ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ချိန်ညှိခြင်း၊ ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံနိုင်လာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲပြီဟု ဆိုနိုင်ပေမည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ”)

အစ်ကိုလင်းကပြောတယ် “အပြုအမူပြောင်းလဲသွားတာနဲ့ လူတစ်ယောက်ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲသွားတာ ဒါမှမဟုတ် အဲဒီလူက ဘုရားသခင်ကို သစ္စာရှိပြီး နာခံသွားတာမဟုတ်ပါဘူး။ သခင့်ကိုယုံကြည်တဲ့သူ တော်တော်များများက ကောင်းတာတွေလုပ်ကြပါတယ်။ လှူကြတယ်၊ ဆင်းရဲသားတွေကိုကူညီပြီးတော့ အနစ်နာခံကြတယ်ပေါ့။ ဒါပေမဲ့ အခက်အခဲကြုံတွေ့လာရင် ဘုရားသခင်ကို စောဒကတက်ကြတယ်။ သူ့ကို သစ္စာဖောက်ပြီးတော့ ငြင်းဆန်ကြတယ်။ အဲဒါက ဘုရားသခင်ကိုတကယ် နာခံတာဟုတ်ပါ့မလား မေတ္တာတရားအကြောင်းခဏခဏပြောကြတဲ့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေရှိတယ်၊ ဒါပေမဲ့ အသင်းတော်ကိုလှူတဲ့သူတွေကိုပဲ ကောင်းချီးပေးပြီး ဆုတောင်းပေးတယ်။ အဲဒါက မေတ္တာအစစ်ဟုတ်ပါ့မလား တချို့လူတွေက ကြည့်လိုက်ရင်တော့ မာန်မာနကင်းပြီးတော့ သည်းခံတတ်ပုံပေါက်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ သဘာဝတွေကတော့ မောက်မာပြီး ဘဝင်မြင့်ကြတယ်။ သူတို့ရဲ့သမ္မာကျမ်းစာကိုရှင်းပြတာတွေက သူတို့အကျိုးရှိဖို့ပဲဖြစ်ပြီးတော့ လူတွေကို ပိုရှုပ်ထွေးသွားစေတယ်။ သူတို့က အသင်းတော်မှာ အာဏာရဖို့ ယှဉ်ပြိုင်ကြပြီးတော့ အသင်းတော်ရဲ့ပိုက်ဆံတွေကိုတောင် အလွဲသုံးစားလုပ်ကြတယ်။ တချို့သင်းအုပ်ဆရာတွေက ယုံကြည်သူတွေကို ကူညီထောက်ပံ့ပြီးတော့ မေတ္တာထားချင်ယောင် ဟန်ဆောင်နေကြတယ်၊ ဒါပေမဲ့ အသင်းတော်ဟာ ခြောက်ကပ်နေခဲ့လို့ ယုံကြည်သူတွေရဲ့ စိတ်ဝိညာဥ်တွေဟာ ဆာလောင်မွတ်သိပ်နေတဲ့အခါ၊ သူတို့ယုံကြည်မှုက အေးစက်စက်ဖြစ်နေကြတဲ့အခါ သူတို့ရဲ့ပြဿနာတွေကို သင်းအုပ်ဆရာတွေက မဖြေရှင်းနိုင်ကြဘူး။ သူတို့က ယုံကြည်သူတွေက သူများပြောတာကို နားထောင်တာ၊ သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုရှိတဲ့ အသင်းတော်ကို ရှာတာတွေကိုတောင် ပိတ်ပင်ကြတယ်။ ယုံကြည်သူတွေရဲ့ဘဝတွေအတွက် ထည့်မစဥ်းစားကြဘူး။ အဲဒါသူတော်ကောင်းယောင်ဆောင်တာပဲမဟုတ်ဘူးလား။ ဖာရိရှဲတွေလည်း သူများတွေကိုမေတ္တာထားခဲ့ပြီးတော့ အပေါ်ယံမှာတော့ ဘာသာရေးအရမ်းကိုင်းရှိုင်းတယ်လို့ထင်ရတာပဲ။ ဒါပေမဲ့ သခင်ယေရှု ပေါ်ထွန်းလာတော့ သူ့ရဲ့လုပ်ဆောင်မှုတွေကို သူတို့ကမလေ့လာခဲ့ကြဘူး။ သူတို့က ပုန်ကန်ပြစ်မှား၊ ဆန့်ကျင်ရှုတ်ချပြီးတော့ သူ့ကို ချောက်တွန်းခဲ့ကြတယ်။ ရောမတွေနဲ့ပေါင်းပြီးတော့ ကားစင်တင်ခံရအောင်တောင် လုပ်ခဲ့တယ်။ ဒါက အပေါ်ယံအပြုအမူကောင်းတွေဆိုတာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားသခင်ကိုသိပြီးတော့ သူ့ကိုနာခံတာနဲ့မတူပါဘူး။ ကျွန်တော်တို့ရဲ့ အပြစ်ကျူးလွန်တတ်တဲ့ သဘာဝကို မဖြေရှင်းနိုင်ရင်တော့ ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ပြစ်မှားနေကြဦးမှာပါပဲ။ ဒါပေမဲ့ စိတ်သဘောထားတွေပြောင်းလဲသွားတဲ့သူတွေတော့ အဲဒီထဲမှာမပါပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အပြစ်ကျူးလွန်တတ်တဲ့ သဘာဝနဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားတွေက ဖြေရှင်းပြီးသားဖြစ်သွားလို့ပါ။ ဘယ်လိုအခြေအနေပဲရောက်ရောက်၊ ဘယ်လိုစမ်းသပ်မှုမျိုးပဲကြုံတွေ့ပါစေ သူတို့က ဘုရားသခင်ကို ဆန့်ကျင်တာတို့ ပုန်ကန်ပြစ်မှားတာတို့ မလုပ်တော့ပါဘူး။ သူတို့က ဘုရားသခင်ကိုနာခံပြီးတော့ သစ္စာစောင့်သိကြောင်းပြနိုင်လာပါတယ်။ အပေါ်ယံ ဒါမှမဟုတ် ရှုပ်ထွေးတဲ့မေတ္တာတရားမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်းကို လက်တွေ့လုပ်ဆောင်ပြီး တခြားလူတွေအပေါ် စည်းကမ်းတကျချစ်ခင်ခြင်းကိုလည်း ပြသကြပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအပေါ် အခြေခံတယ်။ အဲဒါက သူတို့ရဲ့စိတ်သဘောထားတွေကို ပြောင်းလဲနိုင်သွားပြီဆိုတာကို ပြတာပါပဲ။ အပြစ်တွေကနေလွတ်မြောက်ပြီးတော့ ကယ်တင်ခြင်းခံရဖို့အတွက် ကောင်းမှုတွေလုပ်နေရုံနဲ့ မလုံလောက်ဘူးဆိုတာကို အခုလောက်ဆို သဘောပေါက်သင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့စိတ်သဘာထားတွေကို ပြောင်းလဲပြီးတော့ သန့်စင်အောင်လုပ်ရမယ်။ ကျွန်တော်တို့ရဲ့ အပြစ်ကျူးလွန်တတ်တဲ့သဘာဝကနေ သေချာလွတ်မြောက်ချင်တယ်၊ ဘုရားသခင်ကိုသိခွင့်ရ၊ သူ့ကိုနာခံပြီး ချစ်ခင်ချင်တယ်ဆိုရင် သခင်ပြန်လည်ပေါ်ထွန်းလာတဲ့အခါ တရားစီရင်ခြင်းအမှုကိုလက်ခံဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ဖောက်ပြန်ပျက်စီးနေတဲ့စိတ်သဘောထားတွေ သန့်စင်သွားမှသာ ဘုရားသခင်ရဲ့နိုင်ငံတော်ကိုဝင်ခွင့်ရမှာပါ” တဲ့။

အစ်ကိုလင်းပြောတာတွေကို ကျွန်မတော်တော်လေးသဘောတူတယ်။ ကျွန်မက သူ့ကို “အစ်ကိုဖတ်ပြတဲ့ စာပိုဒ်နှစ်ပိုဒ်လုံးက အရမ်းကောင်းပါတယ်။ လူတစ်ယောက်ရဲ့အပြုအမူကောင်းတာနဲ့ သူတို့က ဘုရားသခင်ကို မပုန်ကန်မပြစ်မှားဘူး ဒါမှမဟုတ် အပြစ်တွေမကျူးလွန်တော့ဘူးလို့ပြောလို့မရဘူး။ ပြီးတော့ သူတို့ကသန့်စင်ပြီးတော့ နိုင်ငံတော်ကို ဝင်ခွင့်ရသွားတာလည်းမဟုတ်ဘူး။ တကယ်လို့ သခင်သာ ကျွန်မတို့ကို ပြန်လာမကယ်ခဲ့ဘူးဆိုရင် ကျွန်မတို့ဘာသာ အပြစ်ကနေလွတ်မြောက်အောင် ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး။” လို့ပြောခဲ့တယ်။ “သခင်ပြန်လည်ပေါ်ထွန်းရင် လူတွေကို သန့်စင်စေဖို့ တရားစီရင်တဲ့အလုပ်ကို ဘယ်လိုလုပ်ဆောင်မှာလဲ။”

အစ်ကိုလင်းက ပြုံးပြီးတော့ပြောတယ်၊ “သမ္မာကျမ်းစာမှာ အဲဒါနဲ့ပတ်သက်တဲ့ ဟောကိန်းတွေအများကြီးရှိတယ်။ ဥပမာ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) သခင်ဟာ သမ္မာတရားကို ဖော်ပြပြီးတော့ ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်ကို တရားစီရင်ဖို့ ပြန်လာမယ်ဆိုတာကို ဒီစာပိုဒ်တွေမှာပြောထားတယ်။” ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အစ်ကိုလင်းက နောက်ထပ်စာပိုဒ်တစ်ပိုဒ်ထပ်ပြတယ်။ “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အစ်ကိုလင်းကပြောတယ်။ “နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ သမ္မာတရားကိုဖော်ပြ၊ တရားစီရင်ပြီးတော့ လူသားမျိုးနွယ်ကိုသန့်စင်စေပါလိမ့်မယ်။ ဒီသမ္မာတရားတွေက ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့၊ စကားများငြင်းခုန်တာတို့၊ စိတ်ဆတ်တာတို့လို အပေါ်ယံအပြုအမူတွေအတွက်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွေးမှားတွေနဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားလေ့လာဖို့၊ ကျွန်တော်တို့သဘာဝရဲ့အနှစ်သာရနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်ဖို့ သေချာစီမံထားတာတွေပါ။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်တော်တို့မှာ ဆိုးယုတ်တဲ့စိတ်သဘောထားတွေဖြစ်တဲ့ မာန်မာနကြီးမှု၊ လိမ်လည်လှည့်ဖျားမှု၊ ကြမ်းကြုပ်ရက်စက်မှုနဲ့ မကောင်းမှုတွေနဲ့ ပြည့်နှက်ပြီးတော့ စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးမှုတွေ ဘယ်လောက်နက်နက်ရှိုင်းရှိုင်းရှိနေလဲဆိုတာကို တွေ့ရမှာပါ။ မာန်မာနကြီးတဲ့သဘာဝလွှမ်းမိုးနေလို့ သူများတွေထက်အမြဲတမ်းသာလွန်ချင်ပြီး ဂုဏ်ရှိချင်ကြတယ်၊ အားလုံးကိုထိန်းချုပ်ချင်တယ်။ ကျွန်တော်တို့ ကြိုးစားပြီးတော့ ဘုရားသခင်ရဲ့အမှုတော်ကိုထမ်းဆောင်ကြတယ်၊ စွန့်လွှတ်အနစ်နာခံကြတယ်၊ ဒါပေမဲ့ သူ့ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးကို ပြန်လိုချင်လို့သာ လုပ်နေကြတာပါ။ အခက်အခဲတွေနဲ့ကြုံတွေ့ရရင် သူ့ကိုအပြစ်တင်ပြီး ပုန်ကန်ပြစ်မှားကြတယ်။ ကျွန်တော်တို့မှာ သာမာန်လူတစ်ယောက်ရဲ့ အသိစိတ်နဲ့ အသိတရား ပျောက်ဆုံးနေတာကိုပြဖို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ တရားစီရင်ပါတယ်။ စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေတဲ့ ကျွန်တော်တို့ရဲ့ အမှန်တရားကိုမြင်လာကြတယ်၊ ကိုယ့်ကိုယ့်ကိုယ်မုန်းတီးပြီးတော့ ဆဲဆိုမိလာတယ်၊ ပြီးရင်တော့ တကယ်ရင်ထဲကနေပြီးတော့ ဝန်ချတောင်းပန်ကြတယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်မှုတွေက ဘယ်လိုလူမျိုးကို ဘုရားသခင်ကကြိုက်နှစ်သက်ပြီး ကောင်းချီးပေးတယ်၊ ဘယ်လိုလူကိုတော့ သူကရွံရှာစက်ဆုပ်ပြီး ကျိန်ဆဲသလဲဆိုတာတွေကို ပြသပါတယ်။ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့မရနိုင်ဘဲနဲ့ ဘုရားသခင်ကို ကြည်ညိုချစ်ခင်တဲ့စိတ်တွေ ရင်ထဲမှာဖြစ်ပေါ်လာတာကို ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်တွေစပြီးပြောင်းလဲသွားကတည်းက တစ်ခုခုဖြစ်လာရင် ဘုရားသခင်ရဲ့အလိုတော်ကိုနားလည်ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နိုင်လာပါမယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ ဆိုးယုတ်တဲ့သဘောထားတွေကနေ စပြီးလွတ်မြောက်လာပါလိမ့်မယ်။ ပြီးတော့ ဘုရားသခင်ကိုလည်း တကယ်ကြည်ညိုချစ်ခင်လာပြီးတော့ နာခံနိုင်လာပါမယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အပြစ်တွေကျူးလွန်တတ်တဲ့ သဘာဝ ပြဿနာကို တစ်ခါတည်းဖြေရှင်းလိုက်ပါတယ်။” တဲ့။

အစ်ကိုလင်း ဖတ်ခဲ့ရတဲ့အရာတွေက တော်ရုံလူ ပြောပြနိုင်တဲ့ အကြောင်းအရာတွေမဟုတ်ဘူးလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ဒါတွေကို သူ့ကိုဘယ်သူပြောပြတာလဲမေးတော့ သူက “ဒါတွေကို နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကပြောပြတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှုပြန်လည်ပေါ်ထွန်းခြင်းပါပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နှုတ်ကပတ်တော်ပေါင်း သန်းနဲ့ချီပြီး ဖော်ပြပြီးပြီ။ အဲဒါတွေကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့အထဲမှာ စုစည်းထားပါတယ်။ သမ္မတရားကို ချစ်မြတ်နိုးပြီး ဘုရားသခင်ကို တကယ်ယုံကြည်တဲ့ ဘယ်ဘာသာဝင်မဆို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အသံတော်ကိုကြားခွင့်ရဖို့ သူ့ရှေ့မှောက်မှာခစားကြပါတယ်။ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ သူတို့ကြုံတွေ့ရပြီးတော့ သူတို့ရဲ့အသက်စိတ်ဘဘောထားတွေလည်းပြောင်းလဲလာပါတယ်။ ညီအစ်ကိုမောင်နှမတွေအများကြီးရဲ့ သက်သေခံချက်တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းတော်ဝက်ဘ်ဆိုဒ်မှာရှိပါတယ်” တဲ့။ အဲဒါကြားတော့ ကျွန်မဝမ်းသာသွားပြီး “ဒါတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဆိုတော့ ခံစားရတာထူးခြားနေတယ်။ သခင်ပြန်လည်ပေါ်ထွန်းတာကို ကြိုဆိုခွင့်ရလိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဘူး။ ကျွန်မတော့တကယ်ကောင်းချီးပေးခံရတာပါပဲ” လို့ပြောခဲ့တယ်။ အဲဒါပြီးတော့ ကျွန်မအွန်လိုင်းကို ထပ်သွားခဲ့တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေတစ်ဆင့် တရားစီရင်မှုခံယူထားသူတွေရဲ့သက်သေခံချက်တွေအများကြီးတွေ့ရပြီးတော့ “နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း” တို့၊ “တရားစီရင်ခြင်းဟာ အလင်းရောင်ပါ” တို့၊ “နောက်ဆုံးသောကာလ ခရစ်တော်၏ တရားစီရင်မှုကို ဘယ်လိုခံယူခဲ့ပါသလဲ” တို့၊ “ဘုရားသခင်၏ တရားစီရင်မှုက ကျွန်တော့်ကိုသန့်စင်စေခဲ့သည်” တို့ထဲကလိုမျိုး သူတို့ရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေ ပြောင်းလဲသွားပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လုပ်ဆောင်မှုဟာ လူတွေကို ပြောင်းလဲပြီးတော့ သန့်စင်စေတာကို ကျွန်မခံစားရတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တကယ်ကို သခင်ယေရှုပြန်လည်ပေါ်ထွန်းခြင်းပဲဆိုတာကိုလည်း သိခဲ့ရပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုအသစ်ကို ကျွန်မစိတ်အားထက်သန်စွာနဲ့ လက်ခံခဲ့ပါတယ်။ ကျွန်မရင်ထဲမှာ ဘုရားသခင်ကိုကျေးဇူးတင်တဲ့စိတ်တွေပြည့်နေပါတယ်။ ညီအစ်ကိုမောင်နှမတွေကနေတစ်ဆင့် ကျွန်မကို ဧဝံဂေလိတရားဟောပြောခဲ့တာရော၊ သူ့ရဲ့အသံတော်ကို ကြားနာခွင့်ရခဲ့တာရော၊ ကျွန်မရဲ့အပြစ်တွေကို သန့်စင်စေမယ့်နည်းလမ်းကို ပေးခဲ့တာအတွက်ရော ဘုရားသခင်ကိုကျေးဇူးတင်မိခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ရှေ့မှောက် ကျွန်တော် ချီဆောင်ခံလိုက်ရပြီ

ကျွန်တော်က အသက် ၂၀ မှာ နှစ်ခြင်းခံပြီး၊ သခင်ယေရှုကို ယုံကြည်လာခဲ့တာပါ။ သင်းအုပ်က သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အဆုံးအမတွေအကြောင်း...

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။