သခင်ပြန်ကြွလာခြင်း၏ နက်နဲမှု

10.03.2022

လီချွင်မင် တောင်ကိုရီးယားနိုင်ငံ

ကျွန်တော် ၂၀၁၂ခုနှစ်မှာ သခင့်ကို ယုံကြည်ခဲ့ပါတယ်။ စုဝေးပွဲတွေမှာ သင်းအုပ်ဆရာကပြောတာကို ကျွန်တော် မကြာခဏကြားရတယ်။ “ကျမ်းစာမှာ ပြောတာက၊ ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ (တမန်တော်ဝတ္ထု ၁:၁၁)ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇) သခင်ယေရှုဟာ သူ့ရဲ့ဝိညာဉ်ခန္ဓာနဲ့ မိုးတိမ်စီးပြီး ကောင်းကင်ကို တက်သွားတယ်။ ဒါကြောင့် သူဟာ သေချာပေါက် ဒီလိုနည်းလမ်းနဲ့ပဲ မိုးတိမ်ပေါ်ကနေပေါ်ထွန်းပြီး ပြန်ကြွလာမယ်။ ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက် အများကြီး အခု ပြည့်စုံလာပြီ။ သခင်က မကြာခင် ပြန်ကြွလာမယ်။ သူာ မိုးတိမ်စီးပြီးကြွလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ရမယ်။ သခင် လူ့ဇာတိခံယူခဲ့ပြီဆိုတဲ့ သတင်းမှန်သမျှက အတုဖြစ်ပြီး ယုံကြည်လို့မရပါဘူး။ မဟုတ်ရင် ကျွန်တော်တို့ လှည့်စားခံရပြီး ကောင်းကင်ဘုံရောက်ဖို့ အခွင့်အရေးနဲ့ လွဲချော်လိမ့်မယ်” တဲ့။ သင်းအုပ်ဆရာရဲ့ စကားတွေကို ကျွန်တော် စိတ်ထဲမှာ အမြဲထားထားတယ်။ နောက်ပိုင်းမှာ ကျွန်တော် အသင်းတော်မှာ အစေခံခဲ့တယ်။ ကျွန်တော် ဘဏ္ဍာထိန်းကောင်းဖြစ်ပြီး၊ သခင့်သိုးတွေကို စောင့်ရှောက်ရမယ်လို့ အဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့တယ်။

၂၀၁၈ ဇွန်လရဲ့ နေ့တစ်နေ့မှာ ကျွန်တော်နဲ့ တခြားအစ်မနှစ်ယောက်က အစ်မလီရဲ့အိမ်မှာ ကျမ်းစာသွားဖတ်ကြတယ်။ သူ့ရဲ့ တူမ ညီမကျင်ကလည်း အဲဒီမှာရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့အားလုံး ကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာကြတယ်။ ညီမကျင်က သခင်ပြန်ကြွလာခြင်းအကြောင်းဖြစ်တဲ့ ဒီပရောဖက်ပြုချက်တွေကို ပြောပြတယ်။ “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) သခင်က သူပြန်ကြွလာတဲ့အခါ တရားစီရင်ခြင်းအမှုကိုပြုလိမ့်မယ်လို့ သူကပြောတယ်။ သူဟာ သူ့ရဲ့ တရားစီရင်ခြင်းအမှုကနေတစ်ဆင့် တောပင်နဲ့ ဂျုံပင်၊ သိုးနဲ့ ဆိတ်၊ ကောင်းတဲ့အစေခံနဲ့ မကောင်းတဲ့အစေခံတွေကို ခွဲခြားမယ်။ ညီမကျင်ရဲ့ မိတ်သဟာယက တကယ်ကို အသစ်ဖြစ်ပြီး ဉာဏ်အလင်းပွင့်စေတယ်။ နားထောင်လို့ကောင်းပြီး ကျွန်တော် အများကြီးရလိုက်တယ်။ ပြီးခါနီးရောက်တော့ ညီမကျင်က ကျွန်တော်တို့ကိုပြောတယ်။ “သခင်ယေရှုက ပြန်ကြွလာခဲ့ပြီ။ သူက နောက်ဆုံးသောကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပါတယ်။ ဘုရားသခင်က လူ့ဇာတိခံယူပြီး ကမ္ဘာမြေကို ကြွလာခဲ့ပါပြီ။ သမ္မာတရားတွေကို ဖော်ပြနေပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပါတယ်” တဲ့။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်တော့်မျက်နှာက အပြုံးက ရုတ်တရက် ပျောက်သွားတယ်။ သခင်ယေရှုက ပြန်ကြွလာပြီး လူ့ဇာတိအနေနဲ့ အလုပ်လုပ်နေတယ်၊ ဟုတ်လား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲပေါ့။ သခင်က သူ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ပြန်ကြွလာမှာဖြစ်ပြီး သူ့ရဲ လူ့ဇာတိခံယူခြင်းသတင်းတိုင်းက အတုအယောင်ပဲလို့ သင်းအုပ်ဆရာက အမြဲတမ်းပြောတယ် ပေါ့။ ကျွန်တော် ချက်ချင်းပဲ ညီမကျင်ကို သတိထားလိုက်တယ်။ ဘာမှ နောက်ထပ် မကြားချင်တော့ဘူး။ ကျွန်တော်တို့ ပြန်တော့ သူက ကျွန်တော်တို့ကို သိုးသငယ် ဖွင့်သည့် စာစောင် ဆိုတဲ့ စာအုပ်တစ်အုပ်ပေးပြီး နှံ့နှံ့စပ်စပ်ဖတ်ဖို့ ကျွန်တော့်ကို စိတ်ရင်းနဲ့ တိုက်တွန်းတယ်။ အမြင်ကောင်းအောင် စာအုပ်ကို ကျွန်တော် လက်ခံလိုက်တယ်။

အိမ်ပြန်ရောက်တဲ့နောက် သိချင်တဲ့စိတ်နဲ့ စာမျက်နှာနည်းနည်း လှန်ကြည့်လိုက်တယ်။ ဒီစကားတွေက သြဇာအာဏာရှိပြီး အစွမ်းတန်ခိုးရှိတယ်လို့ ထင်ပေမဲ့ သင်းအုပ်ဆရာရဲ့ စကားတွေကို တွေးမိတာနဲ့တစ်ပြိုင်နက် ဖတ်နေတာကို ရပ်လိုက်တယ်။ နောက်နေ့မှာ ညီမကျင်ရဲ့ မိတ်သဟာယကို နားထောင်ဖို့အတွက် အစ်မနှစ်ယောက်က ကျွန်တော့်ကို ဖိတ်တယ်။ အဲဒါနဲ့ ကျွန်တော် စိတ်ပူနေတာတွေကို ပြောလိုက်တယ်။ သူတို့ပြန်ပြောတာက သခင်ကြွလာခြင်းက အရေးကြီးတဲ့ဖြစ်ရပ်ဖြစ်ပြီး သူ့မိတ်သဟာယက အသိဉာဏ်အလင်းပွင့်လင်းစေတဲ့အတွက် ဒါကို ကျွန်တော်တို့တွေ တကယ်ကို ရှာဖွေစူးစမ်းသင့်တယ် တဲ့။ အဲဒါက သခင် တကယ်ပြန်ကြွလာခဲ့ပြီးပြီလားဆိုတာကို ဆုံးဖြတ်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ လို့ သူတို့ကပြောတယ်။ သူတို့ပြောတာက ကျိုးကြောင်းသင့်တယ်လို့ ကျွန်တော်တွေးမိတာကြောင့် အစ်မလီရဲ့အိမ်ကို နောက်တစ်ခေါက်သွားလိုက်တယ်။

ညီမကျင်ကို ကျွန်တော်တွေ့တော့ သူ့ကို မေးလိုက်တယ်။ “သခင်ယေရှုက လူ့ဇာတိခံယူပြီး ပြန်ကြွလာပြီလို့ ညီမကပြောတယ်နော်။ ဘယ်လိုသိတာလဲ။ ဘုရားသခင်ကို ညီမ မြင်ပြီးပြီလား” ပေါ့။ သူက ပြုံးပြီး ပြန်ပြောတယ်။ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီး နှုတ်ကပတ်တော်တွေကို မိန့်မြွက်မယ်၊ ဘုရားရဲ့သိုးတွေက သူ့အသံကိုကြားပြီး သူ့ရှေ့ကို လာကြမယ်ဆိုတာဒီပရောဖက်ပြုချက်တွေက တော်တော်ကို ရှင်းလင်းပါတယ်။ သခင့်ကို ကြိုဆိုဖို့အတွက် ကျွန်မတို့ မြင်တဲ့အရာအတိုင်း သွားလို့မဖြစ်ဘူး။ သခင့်ကို သတိပြုမိပြီး ကြိုဆိုဖို့အတွက် ဘုရားသခင်ရဲ့ အသံကို ကျွန်မတို့ နားထောင်ရမယ်။ ဘုရားအသံတော်ကို ကြားတာဟာ ဘုရားပေါ်ထွန်းခြင်းကို မျက်မြင် ကြုံတွေ့ရခြင်းပဲ။ ယေဟောဝါဘုရားသခင်က လေပွေထဲကနေ စကားပြောတာကို ယောဘကြားတဲ့အခါမှာ သူက ပြောတယ်။ ‘သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။’ (ယောဘဝတ္တု ၄၂:၅) ယောဘက ဘုရားကို မြင်ပြီးပြီလို့ပြောတယ်။ ဒါပေမဲ့ သူက ယေဟောဝါဘုရားသခင်ကို မျက်လုံးနဲ့ မြင်တာလား။ လေပွေထဲကနေပဲ ယေဟောဝါရဲ့ အသံကို ကြားရတာ။ အဲဒါက ဘုရားသခင်ဖြစ်မှန်း သူ့နှလုံးသားထဲကနေ သိခဲ့တယ်။ ဘုရားသခင်ကို မြင်လိုက်ရသလိုပဲပေါ့။ ပြီးတော့ သခင်ယေရှုကြွလာပြီး အမှုပြုတုန်းက ပေတရု၊ နာသနေလ၊ ရှမာရိအမျိုးသမီးနဲ့ တခြားလူတွေအားလုံးက သခင့်စကားတွေကနေ ဘုရားအသံတော်ကို မှတ်မိကြတယ်။ ဒါကြောင့် သူဟာ မေရှိယဖြစ်တယ်လို့ သေချာသွားပြီး သခင့်နောက်ကို သူတို့စလိုက်ခဲ့ကြတယ်။ ကျွန်မတို့က ဘုရားကို မြင်ရင်တောင်မှ မျက်နှာချင်းဆိုင်နေရင်တောင်မှ ဘုရားအသံကို နားမထောင်ရင်၊ ကျွန်မတို့ သူ့ကို သိမှာမဟုတ်ဘူး။ အဲဒါက ဖာရိရှဲတွေ သခင်ယေရှုကို တွေ့ခဲ့တုန်းကလိုပဲ။ သူတို့က သူ့ကို မေရှိယအဖြစ် အသိအမှတ်မပြုကြဘဲ အာခံရှုတ်ချခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့က သခင့်ရဲ့ ပေါ်ထွန်းခြင်းမှာ ကျွန်မတို့အမြင်တွေကို အမှီပြုလို့မရတာဘဲ။ အဓိကသော့ချက်က ဘုရားအသံကိုကြားပြီး ကျွန်မတို့ စိတ်နှလုံးထဲမှာ မှန်ကန်ကြောင်းအတည်ပြုဖို့ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခြင်း၊ အဲဒါတွေက သမ္မာတရားတွေဖြစ်တယ်၊ ဘုရားအသံဖြစ်တယ်ဆိုတာ မြင်ခြင်းကနေ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မတို့ လက်ခံကြပြီး အဲဒီနောက် သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်မှန်းကျွန်မတို့ စိတ်နှလုံးထဲကနေ သိကြတယ်” တဲ့။ ဒါက ကျွန်တော်နဲ့ တော်တော်ကိုက်တယ်ဗျ။ ဒါပေမဲ့ သင်းအုပ်ဆရာပြောတာကို ကျွန်တော် တွေးမိတာနဲ့တစ်ပြိုင်နက် သခင်က လူ့ဇာတိနဲ့ ပြန်ကြွလာပြီဆိုတာကို အလုံးစုံ မယုံကြည်နိုင်ဘဲ “ကျွန်တော် အရငဆုံး စူးစမ်းကြည့်ဖို့လိုတယ်” လို့ ပြောလိုက်တယ်။ အဲဒီညမှာ ကျွန်တော် မအိပ်နိုင်ဖြစ်ပြီး လူးလှိမ့်နေခဲ့တယ်။ ညီမကျင်ရဲ့ မိတ်သဟာယကိုပဲ ဆက်တွေးနေမိပြီး ကိုယ့်ဘာသာတွေးမိတယ်။ “သူ့မိတ်သဟာယက တကယ်ကို အလင်းပါတယ်။ အရင်က ဒီလို အံ့သြဖို့ကောင်းတဲ့ မိတ်သဟာယကို တစ်ခါမှ မကြားဖူးဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင် ဘယ်လိုလုပ်မလဲ။ ငါက ဒါကို လေ့လာစူးစမ်းဖို့ ငြင်းလိုက်မိရင် သခင်ကြွလာတာနဲ့ လွဲချော်သွားမှာမဟုတ်ဘူးလား။ ဒါပေမဲ့ သခင်က သူ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ ပြန်ကြွလာမှာဖြစ်ပြီး လူ့ဇာတိနဲ့မဟုတ်ဘူးလို့ သင်းအုပ်ဆရာက ငါတို့ကို တော်တော်ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ငါက လမ်းမှားကို လျှောက်လိုက်မိရင် သူများတွေကို ပျက်စီးအောင် လုပ်မိနိုင်တယ်” လို့ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော် သခင့်ကို ဆုတောင်းဖို့ ဒူးထောက်လိုက်တယ်။ “အို သခင်ယေရှု ကျွန်တော် အခု တကယ်ပဲ လမ်းပျောက်နေပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကိုယ်တော်ပြန်ကြွလာတာလားဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် ကိုယ်တော့်လမ်းကနေ သွေဖည်မသွားဖို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေပြီး သိမြင်မှု ပေးတော်မူပါ” ပေါ့။

နောက်နေ့မှာ ကျွန်တော် အစ်ကိုဝမ်နဲ့ အမှတ်မထင် ဆုံမိတယ်။ သူက ယုံကြည်သူဖြစ်တာ နှစ်နဲ့ချီနေပြီဖြစ်ပြီး၊ ကျမ်းစာကို နှံ့စပ််တယ်။ စိတ်နှစ်မြုပ်ထားတဲ့ ရှာဖွေသူတစ်ယောက်ပဲ။ သခင် ပြန်ကြွလာခြင်းအကြောင်းကို ကျွန်တော် သူ့ကို ပြောပြလိုက်တယ်။ ဒါကို ကြားတော့ အစ်ကိုဝမ်က ပြောတယ်။ “ဒါ သခင်ကြွလာခြင်းရဲ့ အရေးကြီးတဲ့အချိန်ပဲ။ သခင်ပြန်ကြွလာတဲ့သတင်းကို တစ်ယောက်ယောက်က ဖြန့်ဝေတာကို ကျွန်တော်တို့ကြားရင် စိတ်ကိုဖွင့်ထားပြီး ရှာဖွေသင့်တယ်။ ပေါ့ပေါ့တန်တန်နဲ့ မဝေဖန်သင့်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃) ရောမသြဝါဒစာ ၁၀:၁၇ မှာ ပြောတာက ‘သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။’ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့သခင်လားဆိုတာ စူးစမ်းရှာဖွေခြင်းကတစ်ဆင့်ပဲ ကျွန်တော်တို့ သိနိုင်တယ်။ သခင်က တကယ်ပြန်ကြွလာခဲ့ရင် ကျွန်တော်တို့က မစူးစမ်းရင် ချီဆောင်ခံရဖို့ ကျွန်တော်တို့အခွင့်အရေးနဲ့ လွဲချော်သွားမှာ မဟုတ်ဘူးလား” တဲ့။ အစ်ကိုဝမ်ပြောတာက ကျိုးကြောင်းသင့်တယ်၊ ကျွန်တော်တို့က သခင်ကြွလာခြင်းကို ဘုရားကို ကြောက်ရွံ့ခြင်းနဲ့ ချဉ်းကပ်သင့်ပြီး ထင်ရာမြင်ရာ မဝေဖန်သင့်ဘူးလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စူးစမ်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

သုံးလေးရက်လောက်ကြာတော့ အစ်ကိုဝမ်နဲ့ ကျွန်တော်က တခြားအစ်မနှစ်ယောက်နဲ့အတူ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွားခဲ့ကြတယ်။ ကျွန်တော် ပူပန်နေတာကို မျှဝေလိုက်တယ်။ “အရင်တစ်ခေါက်က ညီမကျင်ဝေမျှခဲ့တဲ့ မိတ်သဟာယက အားလုံး ကျမ်းစာနဲ့ညီပြီး တကယ်ကို အလင်းပါဝင်ပါတယ်။ ဒါပေမဲ့ သခင်က လူ့ဇာတိနဲ့ ပြန်ကြွလာခဲ့ပြီဆိုတဲ့ သက်သေခံချက်ကို ကျွန်တော် လက်မခံနိုင်တာပါ။ ဘာကြောင့်လဲဆိုရင် ကျမ်းစာမှာ ပြောတာက ‘ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇) သခင် ပြန်ကြွလာတဲ့အခါ သူ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ ကြီးမားတဲ့ ဘုန်းအသရေနဲ့ ပေါ်ထွန်းသင့်တယ်လေ။ ဘယ်လိုလုပ် လူ့ဇာတိအနေနဲ့ ပြန်လာနိုင်မှာလဲ” ဆိုပြီးတော့။

အစ်ကိုတစ်ယောက်က ဒီမိတ်သဟာယကို ဝေမျှတယ်။ “သခင်က နောက်ဆုံးသောကာလမှာ ဘယ်လိုပေါ်ထွန်းမယ်ဆိုတာနဲ့ပတ်သက်ပြီး မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်းကြွလာယ်ဆိုတဲ့ ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေက လွဲလို့ လူသားအဖြစ် လူ့ဇာတိနဲ့ ပြန်လာမယ့် ပရောဖက်ပြုချက်တွေလည်း အများကြီးရှိပါတယ်” တဲ့။ ကျွန်တော် ဒါကိုကြားတော့ တော်တော်အံ့သြသွားတယ်။ သခင်က လူ့ဇာတိနဲ့ ပြန်လာမယ့် ပရောဖက်ပြုချက်တွေလည်း ရှိတယ်တဲ့လား။ ဘယ်လိုဖြစ်ပြီး ဒါကို လုံးဝ သတိမထားမိခဲ့တာလဲ ပေါ့။ နောက်တော့ အဲဒီအစ်ကိုကပြောတယ်။ “ဥပမာအနေနဲ့၊ ‘ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ပြီးတော့ ‘ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒီပရောဖက်ပြုချက်တွေက လူသားနဲ့ လူသားရဲ့ ကြွလာခြင်းကို ပြောထားတယ်။ လူသားလို့ပြောလိုက်ခြင်းအားဖြင့် သူဟာ လူကနေမွေးဖွားပြီး သာမန်လူ့သဘာဝကိုပိုင်ဆိုင်တယ်လို့ ဆိုလိုတာပဲ။ သူက သူ့ရဲ့ဝိညာဉ်ခန္ဓာနဲ့ပေါ်ထွန်းခဲ့ရင် လူသားအဖြစ် ညွှန်းဆိုခံရမှာမဟုတ်ဘူး။ ဥပမာအနေနဲ့၊ ယေဟောဝါဘုရားသခင်က ဝိညာဉ်ဖြစ်ပြီး လူသားလို့ မခေါ်ဘူး။ လူ့ဇာတိနဲ့ သခင်ယေရှုက လူသားဖြစ်တယ်။ ခရစ်တော်ဖြစ်ခဲ့ပြီး၊ ဒါဟာ လူ့ဇာတိယူတင်ဝတ်ဆင်ထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်ဖြစ်တာကြောင့်ပဲ။ သူက အပြင်ပန်းမှာ အရမ်းကို သာမန်လိုဖြစ်ပေမဲ့ သူဟာ လုံးဝ ဘုရားဖြစ်ပြီး ဘုရားကိုယ်တိုင်ရဲ့အလုပ်ကို လုပ်နိုင်တယ်။ ဒါကြောင့် ‘လူသားကြွလာသည်’၊ ‘လူသားကြွလာခြင်း’အကြောင်းကို သခင်ယေရှုက ပြောတဲ့အချိန်မှာ သူက နောက်ဆုံးသောကာလမှာ လူ့ဇာတိနဲ့ ပြန်ကြွလာမယ့် ဘုရားကို ရည်ညွှန်းနေတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီကျမ်းပိုဒ်၊ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ဆိုတာက သခင်ယေရှုပြန်ကြွလာတဲ့အခါ ဖြစ်ပျက်တဲ့အရာရဲ့ ပရောဖက်ပြုချက်တစ်ခုပါ။ သခင်ယေရှုက ပထမအကြိမ် လူ့ဇာတိခံယူတဲ့အခါ သူ ဆင်းရဲဒုက္ခခံရတဲ့အကြောင်း မဟုတ်ပါဘူး။ သခင်ယေရှုက သူ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ ကြီးမားတဲ့ ဘုန်းအသရေနဲ့ မိုးတိမ်စီးပြီး ဆင်းကြွလာရင် တစ်ကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားမှာပဲ။ လူတိုင်းက တုန်လှုပ်ပြီး ပျပ်ဝတ်ကြမယ်။ သူ့ကို ဘယ်သူဆန့်ကျင်ရဲမှာလဲ။ သူက ဒုက္ခခံရမှာ၊ ဒီမျိုးဆက်ရဲ့ ငြင်းပယ်တာကို ခံရမှာ မဟုတ်ဘူး။ ဘုရားသခင်က လူသားအဖြစ် လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အခါ၊ အရမ်းကို သာမန်ပုံစံရှိနေတဲ့အခါမှသာ လူတွေက သူဟာ ဘုရားဖြစ်တယ်ဆိုတာ မသိဘဲ သာမန်လူတစ်ယောက်လို ဆက်ဆံကြတာပါ။ လူတွေက သူတို့အယူအဆတွေကို အခြေခံပြီး ဘုရားကို ဆန့်ကျင်ရှုတ်ချကြတယ်။ ဒါက ကျမ်းစာမှာ ပြောထားတာကို ပြည့်စုံစေပါတယ်။ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ကျွန်တော်တို့က သခင်ပြန်ကြွလာခြင်းကို စူးစမ်းတဲ့အခါမှာ ကျမ်းပိုဒ်တစ်ပိုဒ်၊ နှစ်ပိုဒ်နဲ့ပဲသွားပြီး သူ မိုးတိမ်စီးပြီးကြွလာမယ်လို့ ဆုံးဖြတ်လိုက်ရင် ကျွန်တော်တို့ဟာ ဘုရားကိုဆန့်ကျင်ပြီး နောက်ဆုံးသောကာလမှာ ကယ်တင်ခြင်းရဖို့ ကျွန်တော်တို့ အခွင့်အရေးနဲ့ လွဲရဖို့ များပါတယ်” တဲ့။

သူ့မိတ်သဟာယကို ကျွန်တော် မချေပနိုင်ခဲ့ဘူး။ အဲဒီကျမ်းပိုဒ်တွေက သခင်က လူ့ဇာတိနဲ့ လူသားအဖြစ် ပြန်ကြွလာမယ်လို့ တကယ်ကို ပရောဖက်ပြုထားတာပဲ။ သမ္မာကျမ်းစာကို ကျွန်တော် အကြိမ်အများကြီး ဖတ်ပြီးပြီ။ ဘာကြောင့် ဒါကို မမြင်ခဲ့တာလဲ ပေါ့။ ကျွန်တော် သတိထားနေတာကို နည်းနည်းလျှော့ချလိုက်တယ်။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်။ သခင်က လူ့ဇာတိနဲ့ကြွလာရင် သူက မိုးတိမ်စီးကြွလာပြီး လူတိုင်းက သူ့ကိုမြင်ရမယ်ဆိုတဲ့ ပရောဖက်ပြုချက်က ဘယ်လိုပြည့်စုံမှာလဲ လို့ပေါ့။ အဲဒီမှာ သူက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာဆိုတဲ့ ရုပ်ရှင်တစ်ခုထဲက လူသား ကြွရောက်လာခြင်း၏ နက်နဲမှုလို့ ခေါ်တဲ့ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်တယ်။ အဲဒီမှာ သခင်က နောက်ဆုံးသောကာလမှာ နည်းလမ်းနှစ်ခုနဲ့ကြွလာတယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်။ တစ်ခုက မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်း ကြလာတာဖြစ်ပြီး တစ်ခုကတော့ တိတ်တဆိတ်ကြွလာတာပဲ။ ဒါက လုံးဝ ဆန့်ကျင်မနေပါဘူး။ ပရောဖက်ပြုချက်တွေက ဘုရားသခင်ရဲ့ အမှုတော် တိုးတက်တာနဲ့အမျှ ပြည့်စုံတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က အရင်ဦးဆုံး လူ့ဇာတိခံယူပြီးတော့ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကိုပြုလုပ်ရင်း၊ လူသားမျိုးနွယ်ကို သန့်စင်နေရင်းနဲ့ လူသားတွေကြားမှာ တိတ်တဆိတ်နေထိုင်တယ်။ ဘုရားအသံတော်ကိုကြားပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံတဲ့သူတွေက ပညာရှိသတို့သမီးတွေဖြစ်ပြီး ဘုရားပုလ္လင်ရှေ့ကို ဆောင်ယူခြင်းခံရတယ်။ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကြုံရပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရတယ်။ ဘုရားသခင်က သူတို့ကို ကပ်ဘေးတွေမတိုင်ခင် အောင်မြင်သူတွေအဖြစ် ပြုလုပ်တယ်။ ဒီအောင်မြင်သူအုပ်စုကို ပြုလုပ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ တိတ်တဆိတ်အမှုတော်က အဆုံးသတ်မှာဖြစ်ပြီး၊ ကောင်းသူကို ဆုချီးမြှင့်ပြီး မကောင်းသူကို အပြစ်ပေးဖို့ ကပ်ဘေးကြီးတွေကို လွှတ်လိမ့်မယ်။ အဲဒီနောက်မှာ သူဟာ လူအားလုံးနဲ့ တိုင်းနိုင်ငံအားလုံးဆီကို ပွင့်ပွင့်လင်းလင်းပေါ်ထွန်းလိမ့်မယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး သန့်စင်ခံရသူတွေက သူ့နိုင်ငံတော်ထဲကို ခေါ်ဆောင်ခံရချိန်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို ငြင်းဆန်ပြီး ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချသူတွေကတော့ ငိုရင်း၊ အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးတွေကို လွန်ဆန်နိုင်မှာ မဟုတ်ဘူး။ အဲဒါက ဒီပရောဖက်ပြုချက်ကို ပြည့်စုံစေလိမ့်မယ်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)

ရုပ်ရှင်ထဲမှာ ကျွန်တော့်ကို တကယ်တို့ထိတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်တစ်ခုရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဒီနှုတ်ကပတ်တော်တွေက ဘုရားက ကျွန်တော့်ကို သတိပေးနေသလို ခံစားခဲ့ရတယ်။ ကျွန်တော်က မိုးတိမ်အယူအဆကို ဖက်တွယ်ထားပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခဲ့ရင် ဘုရားသခင်က ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတာကို ကျွန်တော် မြင်တာနဲ့တစ်ပြိုင်နက် အရမ်းနောက်ကျသွားမှာပဲ။ အဲဒီနောက်မှာ ကျွန်တော် သတိထားနေတာကို လုံးဝ လျှော့ပစ်လိုက်တယ်။ ဒါပေမဲ့ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ ဝိညာဉ်ခန္ဓာပုံသဏ္ဍာန်နဲ့ ကြွလာမယ့်အစား ဘာလို့ လူ့ဇာတိနဲ့ ကြွလာတယ်ဆိုတာကို နားမလည်သေးဘူး။ ကျွန်တော် ရှုပ်ထွေးနေတာကို ပြောပြလိုက်တယ်။

အဲဒီအစ်ကိုက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ် ဖတ်ပြတယ်။ “ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် တိုးဝင်ချဉ်းကပ်နိုင်ခြင်းလည်း မရှိသည့်အတွက်၊ ဘုရားသခင်၏ လူကိုကယ်တင်ခြင်းသည် ဝိညာဉ်တော်၏ နည်းစနစ်နှင့် ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာတို့ကို တိုက်ရိုက် အသုံးပြု၍ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် ဝိညာဉ်တော်၏ ပြုမူပုံကို တိုက်ရိုက် အသုံးပြုလျက် လူသားကို ကယ်တင်ရန် ကြိုးစားခဲ့ပါက၊ လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံ လူသားတစ်ဦး၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက၊ လူသားအတွက် ဤကယ်တင်ခြင်းကို ရရှိဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်အနီးသို့ မသွားနိုင်ကြသလောက်၊ လူသည် သူ့ကို ချဉ်းကပ်ခြင်းငှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူဖြစ်လာတော့မည့် ဇာတိခန္ဓာအထဲသို့ ထားရှိခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အမှုပြုစေနိုင်ပေသည်။ ထိုအခါမှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ကာ ကြားနိုင်သည့်အပြင်၊ သူ၏နှုတ်ကပတ်တော် ပိုင်ဆိုင်ခြင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ဤနည်းဖြင့် အပြည့်အဝ ကယ်တင်ခံရနိုင်ပေသည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက၊ အသွေးအသားရှိသော မည်သူကမျှ ထိုသို့သော ကြီးမြတ်သည့် ကယ်တင်ခြင်းကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူမျိုးနွယ်အလယ်တွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက၊ လူသားမျိုးနွယ်အားလုံးသည် ဒဏ်ခတ်ခံရမည် ဖြစ်သည် သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ဘဲလျက်၊ ၎င်းတို့သည် စာတန်၏ လုံးဝ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။...အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အဲဒီနောက် သူကပြောတယ်။ “ဘုရားက ဝိညာဉ်နဲ့အလုပ်လုပ်သည်ဖြစ်စေ၊ လူ့ဇာတိနဲ့ အလုပ်လုပ်သည်ဖြစ်စေ အမြဲ အရေးပါပါတယ်။ ဘုရားသခင်က သူ့အမှုတော်အတွက် ဘာကိုလိုအပ်တယ်၊ လူသားတွေက ဘယ်လောက် ဖောက်ပြန်ပျက်စီးတယ်ဆိုတဲ့အပေါ် အဲဒါက အခြေခံပါတယ်။ ဘုရားသခင်က သူ့အမှုတော်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် အကျိုးအရှိဆုံးဖြစ်တဲ့ ဘယ်နည်းလမ်းကိုမဆို ရွေးချယ်တယ်။ ယုံကြည်သူတွေအနေနဲ့ သခင်ယေရှုက ကျွန်တော်တို့အပြစ်တွေကို ခွင့်လွှတ်ခဲ့ပေမဲ့လည်း ကျွန်တော်တို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ အရင်းအမြစ်နဲ့ ဆိုးယုတ်တဲ့သဘာဝက ရှိနေဆဲပဲဆိုတာ ကျွန်တော်တို့အားလုံး ကောင်းကောင်း သတိပြုမိကြပါတယ်။ ကျွန်တော်တို့ဟာ မာနထောင်လွှားမှု၊ လှည့်စားမှု၊ ဆိုးယုတ်မှု၊ သမ္မာတရားကို မုန်းတီးရွံရှာမှုတွေလို ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို မကြာခဏ ထုတ်ဖော်ကြတယ်။ ကျွန်တော်တို့ဟာ ကိုယ်ကျိုးအတွက် လိမ်ညာပြီး ပိုက်ဆံနဲ့ အဆင့်အတန်းအတွက် သူများတွေနဲ့ တိုက်ခိုက်ကြတယ်။ ကျွန်တော်တို့ဟာ အပြစ်ပြုပြီး ဘုရားကို အာမခံဘဲ မနေနိုင်ကြဘူး။ ဘုရားက သန့်ရှင်းတယ်။ ဒါကြောင့် ကျွန်တော်တို့လို ညစ်ညူးတဲ့ လူတွေက သခင့်ကို မြင်တွေ့ပြီး သူ့ရဲ့ နိုင်ငံတော်ကို ဝင်ရဖို့ ဘယ်လို သင့်တော်မှာလဲ။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ ဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို ဖြေရှင်းပြီး ကျွန်တော်တို့ကို အပြည့်အဝ သန့်စင်၊ ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုပါတယ်။ ကျွန်တော်တို့ကြားမှာ တကယ်ကို နေထိုင်နေတဲ့ လူသားအဖြစ်နဲ့ လူ့ဇာတိခံတဲ့ ဘုရားသခင်ကသာ ဒါတွေအားလုံးကို ပြီးမြောက်နိုင်ပါတယ်။ သူဟာ ကျွန်တော်တို့ လိုအပ်တဲ့အရာအပေါ် အခြေခံပြီး သမ္မာတရားတွေကို အချိန်မရွေးဖော်ပြတယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ဆိုးယုတ်တဲ့ သဘာဝကို ဖော်ထုတ်ပြီး တရားစီရင်တယ်။ ကျွန်တော်တို့ဆီ ဘုရားအလိုတော်ကို တိုက်ရိုက်ဆက်သွယ်ပြောဆိုတယ်။ ဒါက ဘုရားက ဘယ်သူကိုချစ်ပြီး ဘယ်သူကို ရွံရှာတယ်၊ ရိုးသားသူတစ်ယောက်ဘယ်လိုဖြစ်ရမယ်၊ ဘုရားကို ဘယ်လိုချစ်ပြီး နာခံရမယ် စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘုရားအလိုတော်နဲ့ သတ်မှတ်ချက်တွေကို မှန်မှန်ကန်ကန် နားလည်နိုင်တာဖြစ်တယ်။ အပြစ်ကို စွန့်ပစ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို ကြုံရဖို့ပါ။ အဲဒီအခါ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးမှုက သန့်စင်ခံရပြီး ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး နာခံနိုင်ကြတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ဟာ ကယ်တင်ခံရပြီး ဘုရားရဲ့နိုင်ငံတော်ကို ဝင်နိုင်တာဖြစ်တယ်။ ဘုရားသခင်က ဝိညာဉ်နဲ့ တိုက်ရိုက်အလုပ်လုပ်ရင် သူ့အသံက မိုးခြိမ်းသံလိုဖြစ်မယ်။ လူတိုင်း ကြောက်သွားမှာဖြစ်ပြီး ဘုရားဆီ တိုးဝင်ချဉ်းကပ်လို့ရမှာ မဟုတ်ဘူး။ သူ့အလိုတော်ကို ဘယ်သူမှ နားလည်မှာမဟုတ်ဘူး။ ဘုရားသခင်အပေါ် လူတွေရဲ့ အယူအဆနဲ့ ဖောက်ပြန်ပျက်စီးမှုက ဖော်ထုတ်ခံရမှာမဟုတ်ဘူး။ ပြီးတော့ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် သိမှာမဟုတ်ဘူး။ အမှန်တကယ်နောင်တရပြီး ပြောင်းလဲကြမှာမဟုတ်ဘူး။ နောက်ပြီး ဘုရားသခင်က ဝိညာဉ်အနေနဲ့ ် ပေါ်ထွန်းရင် လူတွေက ကြောက်ပြီး ဘယ်သူကမှ အယူအဆတွေရှိမှာ၊ သူ့ကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဒါဆိုရင် ကောင်းသူ၊ ဆိုးသူတွေက အားလုံး သူ့ရှေ့မှာ လဲကျကြမှာ။ ဒါဆို သူတို့ကို ဘယ်လိုခွဲခြားလို့ရမှာလဲ။ လူတွေကို သူတို့အမျိုးအစားအလိုက် ဘယ်လိုခွဲခြားလို့ရမှာလဲ” တဲ့။

ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူတာဟာ ဘယ်လောက် အမြော်အမြင်ရှိပြီး အဓိပ္ပာယ်ရှိသလဲဆိုတဲ့ အသိတစ်ခုကို ဒီအစ်ကိုရဲ့ မိတ်သဟာယက ကျွန်တော့်ကိုပေးခဲ့တယ်။ ဘုရားသခင်က လူ့ဇာတိနဲ့မဟုတ်ဘဲ ဝိညာဉ်နဲ့ပေါ်ထွန်းပြီး အလုပ်လုပ်ခဲ့ရင် တစ်ယောက်စီကို သူတို့အမျိုးအစားအတိုင်းခွဲခြားပြီး လူတွေရဲ့ ပုန်ကန်မှု၊ မရိုးသားတဲ့ ယုံကြည်မှုကို သူ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ လူတွေကို သန့်စင်၊ ဖယ်ရှားပြီး ကယ်တင်နိုင်မှာ မဟုတ်ဘူး။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတွေနဲ့ ဧဝံဂေလိရုပ်ရှင်တွေအများကြီးကို ကျွန်တော်တို့ ကြည့်ခဲ့ကြတယ်။ အချိန်နည်းနည်းလောက် စူးစမ်းရှာဖွေပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်တော်တို့တွေ အရမ်း စိတ်လှုပ်ရှားပြီး ကျေးဇူးတင်မိကြတယ်။ ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပြီး ချီးမွမ်းကြတာကို မရပ်နိုင်ခဲ့ဘူး။ ကျွန်တော် ဘုရားအမှုတော်ကို နားမလည်ခဲ့ဘဲ သခင်က ဝိညာဉ်ပုံသဏ္ဍာန်နဲ့ မိုးတိမ်စီးပြီးကြွလာမယ်ဆိုတဲ့ သင်းအုပ်ဆရာကိုပဲ မျက်စိမှိတ်ယုံကြည်ခဲ့မိတဲ့အချိန်ကို ပြန်တွေးမိတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သတိထားနေမိခဲ့တယ်။ တော်တော်မိုက်မဲခဲ့တာပါ။ ထပ်ခါထပ်ခါ မိတ်သဟာယပြုဖို့အတွက် အဲဒီညီအစ်ကိုမောင်နှမတွေကို ဘုရားသခင်က အသုံးမပြုခဲ့ရင် ကျွန်တော့်ရဲ့ အယူအဆတွေကြောင့် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို သေချာပေါက် လွဲချော်သွားမှာပဲ။ အန္တရာယ်ကြီးလိုက်တာ။ ဘုရားအသံကိုကြားဖို့ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုပြီး သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်ကိုလိုက်ဖို့ အခွင့်ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးနောက် ကျွန်ုပ်တို့သည် အသက်တာအသစ်ကို ရရှိသည်

ကျူရီချူး၊ မလေးရှားကျွန်မက အလှဖန်တီးရှင်တစ်ယောက် ဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ ကျွန်မတို့က မလေးရှားရှိ အမျိုးသမီးများ...

ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

စိန်းယွိ တရုတ်နိုင်ငံ ၂၀၀၀ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယား သင်းအုပ်က ကျွန်မတို့ကို တရားဒေသနာ မကြာခဏ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။