ဘုရားဆီဦးလှည့်ဖို့ မုသားတွေကိုဖြတ်ကျော်ခြင်း

10.03.2022

ခင်မူ တောင်ကိုရီးယားနိုင်ငံ

၂၀၁၇ ခုနှစ်အစောပိုင်းတုန်းက ကျွန်တော့်ဇနီးနဲ့သမီးက ကျွန်တော်နဲ့အတူနေဖို့ တောင်ကိုရီးယားကိုရောက်လာခဲ့ကြတယ်လေ။ ကျွန်တော် ပျော်သွားခဲ့ပေမဲ့လည်း ဇနီးဖြစ်သူကတော့ ဒီကဘ၀နေထိုင်မှုပုံစံနဲ့ ဘာသာစကားချင်းမတူတော့ တကယ်တမ်း ဒီပတ်ဝန်းကျင်ကို သိပ်အသားမကျခဲ့ပါဘူး။ သေချာပြောရရင် အပေါင်းအသင်းမပါဘဲ နေရာအစိမ်းတစ်ခုကိုလာဖို့အတွက်နဲ့ အသက်ကြီးနေတဲ့သူ့မိဘတွေနဲ့ သူချစ်တဲ့အလုပ်ကိုထားခဲ့ရတာလေ။ အားလုံးက သူ့အတွက် စိမ်းနေတာပေါ့။ သူအမြဲစိတ်ဓာတ်ကျပြီး စကားလည်းသိပ်မပြောတော့ဘူး။ သူခံစားနေရမှန်း ကျွန်တော်သိပေမယ့် သူ့ကိုဘယ်လိုနှစ်သိမ့်ရမှန်းမသိခဲ့ဘူး။ မတ်လထဲက တစ်ရက်မှာပေါ့ဗျာ သူက ဘုရားသခင်ကို စပြီးယုံကြည်လာပြီး တွေ့ဆုံပွဲတွေသွားနေပြီလို့ ပြောလာတယ်။ ကျွန်တော်က ကောင်းတယ်လို့ပဲထင်ခဲ့တာပေါ့။ ကျွန်တော့်အဘွားကလည်း ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲလေ။ ကျွန်တော် ကန့်ကွက်စရာမရှိခဲ့ပါဘူး။ အချိန်တချို့ကြာပြီးတာ့မှ သူကအမြဲတမ်း စိတ်ကြည်နေပြီးတော့ သူ့ရဲ့အပြုအမူအားလုံးက အရင်ကနဲ့ လုံး၀ကိုမတူတော့တာကို သတိထားခဲ့မိတယ်။ ကျွန်တော်အရမ်းပျော်ခဲ့တာပေါ့။ အချိန်ကြာလာတော့ ကျွန်တော်သူ့အသင်းတော်အကြောင်း သိချင်လာခဲ့ပြီးတော့ လူတစ်ယောက်ကို ဒီလိုကြီးကြီးမားမား ပြောင်းလဲအောင် ဘယ်လိုများလုပ်နိုင်ခဲ့လဲဆိုတာ တွေးမိခဲ့တာပေါ့။

တစ်ရက်ကျတော့ ကျွန်တော်သူ့ကို ဘယ်အသင်းတော်တက်နေတာလဲလို့ မေးခဲ့ပါတယ်။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် လို့ပြောပါတယ်။ အဲဒီတော့မှ ချက်ချင်းပဲ ရှန်ဒေါင်မှာ၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ကျိုးရန်မတော်တဆမှုအကြောင်းတွေးမိပြီး တကယ််ကိုစိတ်ဆိုးသွားခဲ့ပါတယ်။ ကျွန်တော်လည်းသူ့ကို မာမာထန်ထန်နဲ့ “မင်းအဲဒီကယုံကြည်သူတွေနဲ့ ဘာမှဆက်မလုပ်နဲ့တော့ သူတို့နဲ့ထပ်ပြီး ဆက်သွယ်နေတာတွေ့ရင် မင်းဖုန်းကိုခွဲပစ်မယ်”လို့ပြောခဲ့လိုက်ပါတယ်။ သူ့မျက်နှာက အဖြေရှာရခက်တဲ့ပုံစံမျိုးဖြစ်သွားပြီး ကျွန်တော်ကဘာလို့ သူ့ကိုဝင်ရှုပ်နေတာလဲဆိုပြီး မေးလာပါတော့တယ်။ ကျွန်တော်လည််း ဒေါသတကြီးနဲ့ “ဘာဖြစ်လို့လဲ ဟုတ်လား ဒါက မင်းနဲ့ငါတို့မိသားစု ကောင်းစားဖို့အတွက်ပဲကွ။ မင်းမသိဘူးလား တရုတ်ပြည်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အသည်းအသန်လိုက်ပြီးချေမှုန်းဖိနှိပ်နေတာကိုလေ။ ၂၀၁၄ ခုနှစ် မေလ ၂၈ မှာဖြစ်သွားတဲ့ ကျိုးရန်အမှုကို နင်မသိဘူးလား။ ဒီအမှုမှာ အဓိကကျူးလွန်သူ ကျန်းလီဒေါင်က ဒီအသင်းတော်ကပဲလို့ အွန်လိုင်းမှာပြောထားတယ်လေ။ မင်းဒီလူတွေနဲ့ ဆက်ပေါင်းနေတာက သားရဲခံတွင်းထဲခုန်ဆင်းသလို ဖြစ်နေပြီမဟုတ်ဘူးလား” ဆိုပြီး ပြောလိုက်တယ်။ သူက ခိုင်ခိုင်မာမာတုံ့ပြန်ခဲ့ပါတယ် “ကျန်းလီဒေါင်နဲ့ အဲဒီလူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က မဟုတ်ဘူး။ အွန်လိုင်းမှာပြောနေကြတာတွေကို ရှင်ယုံလို့မရဘူးလေ။ ကျွန်မကအဲဒီ အသင်းတော်ကမောင်နှမတွေနဲ့ အဆက်အသွယ်ရှိလာတာ ၂လကျော်နေပြီ။ ပြီးတော့အားလုံးက သူများအပေါ် ရိုးသားကြင်နာတတ်ကြတဲ့ လူကောင်းလူမွန်တွေချည်းပဲ။ သူတို့က ဘယ်သူ့မှာပဲအခက်အခဲရှိရှိ အချင်းချင်းကူညီကြတယ်။ သူတို့အွန်လိုင်းမှာပြောနေကြသလို လုံး၀မဟုတ်ဘူး”လို့ပြောလာပါတယ်။ ဒါပေမဲ့ သူအဲဒါတွေပြောတာ ကြားရတော့ ကျွန်တော်လည်း “ကိုယ့်ဘာသာအွန်လိုင်းမှာကြည့် ဒါဆို ငါမှန်လား မမှန်လား မင်းသိလိမ့်မယ်လို့”ခပ်သွက်သွက်ပဲတုန့်ပြန်ခဲ့ပါတယ်။

နောက်တော့ ကျွန်တော့်ဇနီးက ထိုင်ခုံဆီခေါ်သွားပြီးတော့- “ရှင်ကကိစ္စတွေဆို သေချာတွေးတတ်တဲ့လူမျိုးပါ။ ရှင် ကျိုးကြောင်းသင့်ချဉ်းကပ်ပြီး အချက်အလက်နဲ့ပြောရမယ်လေ။ တစ်ဖက်တည်းကပြောတာကိုပဲ နားထောင်လို့မရဘူး။ ၁၉၈၉ ခုနှစ်တုန်းက ရှားအန်မန်ရင်ပြင်မှာလုပ်တဲ့ ဆန္ဒပြပွဲကို မမှတ်မိဘူးလား။ ကျောင်းသားတွေက ခြစားမှုကို အားတက်သရောဆန္ဒပြပြီး ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် ရုန်းကန်နေကြတာလေ။ ဒါပေမဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ကျောင်းသားဟန်ဆောင်မယ့် သူစိမ်းတွေကိုထည့်ပြီးတော့ ပစ္စည်းတွေရိုက်ခွဲ၊ လုယက်၊ စစ်ကားတွေကိုမီးရှို့ပြီး မှောက်ပစ်ကြတယ်။ အထိကရုဏ်းတွေ အများကြီးဖန်တီးခဲ့ပြီးမှ တရုတ်ပြည်ကွန်မြူနစ်ပါတီက အဲဒီပြစ်မှုတွေအတွက် ကျောင်းသားတွေကို မှားယွင်းစွပ်စွဲခဲ့တာပဲ။ နောက်တော့ CCP က CCTV လိုမီဒီယာနဲ့ ရေဒီယိုကိုအသုံးချပြီး သူတို့ပြောတာတွေချည်းပဲ ထပ်နေအောင် လုပ်ခဲ့ကြတယ်။ ကျောင်းသားတွေကို တန်ပြန်တော်လှန်တဲ့ အထိကရုဏ်းဖန်တီးသူတွေလို့ စွပ်စွဲပြီး သူတို့ရဲ့ တင့်ကားတွေနဲ့ အသက်ရှိသေးတဲ့ ကျောင်းသားတွေထောင်နဲ့ချီပြီး ကြိတ်ပစ်ခဲ့ကြတာလေ။ CCP ရဲ့ သမိုင်းကိုသိတဲ့ ဘယ်သူမဆို အဲဒါက တရားမှုကိုဆန့်ကျင်တဲ့သမိုင်းကြောင်းရှိတဲ့ အာဏာရှင်စနစ်ဆိုတာ သိကြပါတယ်။ လူတစ်ယောက်မှာ ကွဲပြားတဲ့နိုင်ငံရေးအတွေးအခေါ် ဒါမှမဟုတ် ရှုထောင့်ရှိလာပြီဆိုရင် သူတို့က အမြဲတမ်းဆွဲချပြီး အဲဒီလူတွေ ဒါမှမဟုတ် အဖွဲ့တွေကို ရှုတ်ချတယ်၊ ဖိနှိပ်တာမျိုးဒါမှမဟုတ် ရှင်းထုတ်တာမျိုးတောင် လုပ်ကြတယ်လေ။ ဘာသာရေးယုံကြည်မှု၊ ဒီမိုကရေစီအခွင့်အရေးလှုပ်ရှားမှု လူနည်းစုအခွင့်အရေးအတွက် ဆန္ဒပြတာမျိုးတွေကို CCP က ရက်ရက်စက်စက်ဖိနှိပ်ပြီဆိုရင် ပထမဆုံး မသမာတဲ့အမှုတွေကိုဆင်မယ်၊ ပြီးရင် လူထုရဲ့အသံကို အကျယ်ကြီးဖန်တီးပြီး လူတွေစိတ်ခံစားချက်ပြင်းလာအောင်လုပ်ပြီးမှ ရက်စက်တဲ့ဖိနှိပ်မှုကို သုံးတာပဲလေ။ ဒါက အမှန်တရားပါ။ မေ ၂၈ ရက် ကျိုးရန်အမှုဆိုတာလည်း အနန္တတန်ခိုးရှင်ဘုရားအသင်း ကို သေချာအမှုဆင်ပြီး စွပ်စွဲတဲ့ နောက်ထပ်မသမာတဲ့အမှုပဲ”တဲ့ ဒါပေမဲ့ ကျွန်တော်သူပြောတာကို နားမထောင်ချင်ခဲ့ပါဘူး။ ကျွန်တော်လည်း ဒေါသတကြီးနဲ့ “ငါဂရုမစိုက်ဘူး နင် အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်လို့မရဘူး ငါတို့မိသားစုလုံခြုံရေးကို ငါစဉ်းစားရမယ် ပြီးတော့ငါက နင်နဲ့ငါ့သမီးကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးချင်တယ်။ ငါတခြား ဘာကိုမှစိတ်မပူဘူး။ ငါနင့်ကို ဒီတစ်ခါနောက်ဆုံးပြောတာပဲ နင်သူတို့နဲ့ဘာမှထပ်မလုပ်ရတော့ဘူး။ အိမ်မှာပဲနေပြီး အိမ်ရှင်မကောင်း၊မိခင်ကောင်း ဖြစ်အောင်နေ။ မဟုတ်လို့ကတော့ ငါနင့်ကိုသော့ပိတ်ထားမိရင် ငါ့ကိုအပြစ်မတင်နဲ့” လို့ပြောခဲ့မိတယ်။ နောက်တော့ ကျွန်တော်လည်း တံခါးကိုဆောင့်ပိတ်ပြီး အိမ်အပြင်ကို ဒုန်းစိုင်းထွက်သွားတော့တာပါပဲ။

ကျွန်တော်လမ်းမပေါ်မှာလျှောက်လာရင်း စိတ်ထဲမသက်မသာကြီးခံစားခဲ့ရတယ်။ အိမ်ထောင်သက် ၁၀ နှစ်ကျော်အတွင်း သူ့အပေါ် ဒီလိုမျိုးတစ်ခါမှ ဒေါသမထွက်ခဲ့ဖူးဘူး။ စတွေ့တာကနေ ချစ်သွားတဲ့အချိန်၊ လမ်းကျဉ်းလေးအတူလျှောက်တာကနေ လက်ထပ်ပြီးတဲ့အထိ ကျွန်တော်တို့ အများကြီးဖြတ်သန်းခဲ့ကြတယ်။ မိဘတွေကအတိုက်အခံပြုတာတွေ၊ ဓလေ့ထုံးတမ်းနဲ့ အသက်အရွယ်ကွာခြားတာတွေ၊ အဝေးရောက်စုံတွဲတွေဖြစ်ရတာတွေပေါ့။ ခက်ခဲတဲ့အချိန်တွေကို အတူဖြတ်ကျော်နိုင်ခဲ့ပြီးတော့ သူကလည်း မိသားစုအတွက် နှစ်တွေအများကြီး ရုန်းကန်ခဲ့ရတာပါ။ မြင်ယောင်မိရုံနဲ့တင် တကယ်နာကျင်ရပေမဲ့ ကျွန်တော်က သူ့ကို ဘုရားကိုယုံကြည်တာနဲ့ပဲ ဒေါသတွေပုံချခဲ့မိတယ်။ ဒီလိုမလုပ်ခဲ့သင့်မှန်းသိပေမဲ့လည်း မိသားစုကောင်းဖို့အတွက်ပဲလို့ပဲ ယူဆခဲ့မိပါတယ်။ သူဘာလို့ငါ့ကို နားမလည်နိုင်တာလဲ။ ကျွန်တော်ဖုန်းကိုကြည့်လိုက်မိတော့ ကျွန်တော်တို့ ၃ ယောက် ပျော်ပျော်ရွှင်ရွှင်ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုတွေ့ရတာပဲ သမီးလေးက ချိုမြမြလေး ပြုံးနေတာလေ။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပြောလိုက်ပါတယ် “ငါက ဒီမိသားစုကိုစောင့်ရှောက်တဲ့သူပဲငါသူတို့ကို ကာကွယ်ရမယ် ဘယ်သူကမှ ထိခိုက်အောင်လုပ်လို့မရစေရဘူး” ပေါ့။

နောက်ပိုင်းကျတော့ ကျွန်တော့်အမျိုးသမီးရဲ့ ကျွန်တော့်အပေါ်ခံစားချက်တွေကို ထိခိုက်အောင်လုပ်မိမှာ စိုးရိမ်တဲ့အတွက် ဘုရားကိစ္စ ဘာမှလာမပြောဖို့ပဲ သူ့ကိုပြောလိုက်ပါတယ်။ အပြင်ပန်းအရတော့ သင့်မြတ်နေတယ်လို့ ထင်ရပေမယ့် နှစ်ယောက်သားကြားထဲမှာတော့ အက်ကွဲကြောင်းတစ်ခုက ပေါ်လာခဲ့ပြီးပြီလေ။

တစ်ရက််ကျတော့ ကျွန်တော်အလုပ်ကအပြန် အိမ်ထဲဝင်တော့ အခန်းဘက်ကနေ စိတ်ကြည်နူးစေမယ့်သီချင်းတွေ ဖွင့်ထားတာကြားရတယ်။ ပြီးတော့ သမီးနဲ့ကျွန်တော့်ဇနီးရဲ့ ပျော်ပျော်ရွှင်ရွှင်ရယ်သံက ဟိန်းထွက်လာတယ်လေ။ သိချင်စိတ်တွေနဲ့ တွေးမိလိုက်တာက “အိမ်မှာ ဒီလိုကြည်နူးဖို့ကောင်းတဲ့အသံ မကြားရတာတောင်ကြာပြီ။ ဘယ်လိုသီချင်းမျိုးက အခုသူတို့ကို အရမ်းပျော်နေစေရတာလဲ”ပေါ့။ တံခါးကို တိုးတိုးလေးဖွင့်လိုက်တော့ ကွန်ပြူတာဖန်သားပြင်ပေါ်မှာ အနန္တတန်ခိုးရှင်ဘုရားအသင်းကထုတ်ထားတဲ့ အဆိုအကဗီဒီယိုကို တွေ့လိုက်ရတယ်။ ဘုရားသခင်ရဲ့ စစ်မှန်တဲ့မေတ္တာ မိန်းကလေးငယ်ငယ် ၆ ယောက်က သိပ်ကောင်းတဲ့ခံစားချက်မျိုးနဲ့ ပျော်ပျော်ရွှင်ရွင် သီဆိုကခုန်နေကြတယ် ပြီးတော့အထူးသဖြင့် သူတို့အားလုံးရဲ့ မျက်နှာက သိပ်ကြည်နူးဖို့ကောင်းတဲ့ အပြုံးတွေက ရုတ်တရက်ကြီး ကျွန်တော့်စိတ်ကိုဆွဲခေါ်သွားခဲ့တယ်။ ကျွန်တော်သိချင်စိတ်အပြည့်နဲ့ တွေးမိတာက “ဒါ ဘယ်လိုအသင်းတော်လဲ ပြီးတော့ သူတို့က ဘယ်လိုလူတွေလဲ ဘာလို့ဒီသီချင်းနဲ့အကက အရမ်းကို ကူးစက်မြန်စေပြီးတော့ အရမ်းစိတ်အေးချမ်းစေတာလဲ တကယ်လို့ သူတို့ကတကယ်သာ လူဆိုးတွေဆိုရင် ဘယ်လိုလုပ်သူတို့မှာ ဒီလို စစ်မှန်ပြီးကြင်နာတတ်တဲ့ အပြုံးမျိုးရှိနေနိုင်တာလဲ” ပေါ့ ကျွန်တော့်သမီးက ကျွန်တော်ဝင်လာတာတွေ့တော့ ကျွန်တော့်ဇနီးကို ကျွန်တော့်အတွက် ဘုရားသခင်မိမိဘုန်းတော်ကိုအရှေ့အရပ်သို့ယူဆောင် ဆိုတဲ့ အဆိုအကဗီဒီယိုကို ဖွင့်ပြဖို့ ပြောတော့တာပါပဲ။ အခုလိုမျိုး ပျော်စရာအငွေ့အသက်လေးတွေဆိုတာလည်း အိမ်မှာ အရင်ကလိုသိပ်မရတော့ သူ့ကို မနှောင့်ယှက်နိုင်ခဲ့ပါဘူး။ ကျွန်တော့်သမီးကို ချီပြီး အမျိုးသမီးဘေးမှာ ထိုင်ကြည့်ခဲ့ပါတယ်။ ခြေလှမ်းအကနဲ့ ပုံစံချင်းတူပြီး အကမယ်တွေကလည်း ပျံနေတဲ့စွန်ရဲတွေလို ကျက်သရေရှိရှိလှုပ်ရှားနေတဲ့ ဗီဒီယိုမှာ ကျွန်တော်တကယ်ကို နစ်မြောသွားခဲ့ပါတယ်။ အရမ်းကိုခမ်းနားပြီး ဆွဲဆောင်မှုအရမ်းရှိပါတယ်။

ကျွန်တော်အရမ်းသဘောကျသွားတာတွေ့တော့ ကျွန်တော့်အမျိုးသမီးက “ဒါတွေအားလုံးကို အနန္တတန်ခိုးရှင်ဘုရားအသင်းတော်က မောင်နှမတွေလုပ်ထားကြတာလေ။ ဘယ်သူကမှ ကျွမ်းကျင်အဆင့်တော့ မပါကြပါဘူး”တဲ့ ကျွန်တော်အံ့ဩသွားပြီး တွေးမိတာက “ဒါဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ ကျွမ်းကျင်အဆင့် မလေ့ကျင့်ဖူးတဲ့သူတွေက ဘယ်လိုလုပ်အရမ်းကို ကောင်းကောင်းကနိုင်နေရတာလဲ။ ပြီးတော့ အဲဒီဗီဒီယိုတွေမှာက ကောင်းမွန်တဲ့ခံစားချက်တွေပါနေတယ်။ သူတို့က တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားနဲ့ ခွန်အားအပြည့်ပဲ။ လူဆိုးတွေမှာ ဘယ်လိုလုပ်ဒီလိုမျိုး ကောင်းမွန်တဲ့စွမ်းအင်တွေ ရှိနေနိုင်တာလဲ ဘာလို့ ငါအွန်လိုင်းမှာတွေ့တာနဲ့ အကုန်လွဲနေရတာလဲ။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ” ပေါ့ ကျွန်တော့်အမျိုးသမီးကပြုံးပြီးတော့ ပြောပါတယ် “ကောင်းလိုက်တာ ဘုရားရဲ့အလုပ်လုပ်မှုနဲ့ လမ်းညွှန်မှုသာမရှိရင် ကျွမ်းကျင်အဆင့်မဟုတ်တဲ့သူတွေက ဒီလိုကနိုင်ပါ့မလား။ သူတို့လုပ်ထားတဲ့ ရုပ်ရှင်တွေသာကြည့်ပြီးရင် ရှင်ဒီထက်ပိုအံ့ဩသွားလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှာ သန့်ရှင်းသောဝိဉာဉ်တော် အလုပ်လုပ်တယ်လေ။ ဘုရားသခင်ရဲ့ ကောင်းချီးရှိတယ်။ ဒါကြောင့် သူတို့ရဲ့ အကနဲ့ရုပ်ရှင်တွေက အရမ်းကိုကောင်းမွန်နေပြီးတော့ ရုပ်ရှင်တွေထဲမှာ သူတို့မိတ်သဟာယဖွဲ့သွားတဲ့ သမ္မာတရားတွေက လူတွေကို တကယ်အကျိုးဖြစ်စေတယ်။ အဲဒီအွန်လိုင်းက အသင်းတော်အပေါ် မကောင်းတဲ့ဝါဒဖြန့်မှုတွေက CCP ဖြန့်ထားတဲ့ မုသားတွေသက်သက်ပါပဲ။ အားလုံးက အမှန်တွေမဟုတ်ပါဘူး။ အနန္တတန်ခိုးရှင်ဘုရားအသင်းကို CCP က အပုပ်ချတယ်ဆိုတာက လူတွေကိုလမ်းမှားကိုခေါ်ဖို့၊ လူတွေငြင်းပယ်ဖို့နဲ့ ရန်သူအဖြစ်မြင်သွားဖို့ပဲလေ။ အဲဒီတော့ သူတို့ကဘုရားရဲ့အလုပ်ကို မစူးစမ်းရဲတော့ ဘုရားရဲ့ကယ်တင်ခြင်းကိုလည်း ဆုံးရှုံးရတာပေါ့။”

သူပြောတာကြားလိုက်ရတော့ ကျွန်တော်တကယ်ကို သိချင်စိတ်ပြင်းပြသွားခဲ့တယ်။ ကျွန်တော် ဘယ်လိုအသင်းတော်မျိုးလဲဆိုတာနဲ့ အွန်လိုင်းမှာပြောနေကြတာတွေက မှန်လားမှားလားဆိုတာကို သိချင်ခဲ့ပါတယ်။ ကျွန်တော် သူ့ရဲ့ ယုံကြည်မှုအပေါ်လက်တွေ့လုပ်ဆောင်ခြင်းကို ခွင့်ပြုသင့်ရဲ့လားဆိုတာ မသိခဲ့ပါဘူး။ ကျွန်တော့်ရင်ထဲမှာ အဲဒီအရင်တိုက်ပွဲကပဲ ပြန်ပြီးပြင်းထန်လာပါတော့တယ်။ ဒီလိုအတွင်းစိတ်ထဲမှာ ရုန်းကန်နေရပြီးတဲ့နောက်မှာတော့ ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ဂိတ်စောင့်တစ်ယောက်လို သရုပ်ဆောင်လို့ရတာပဲလေ။ အသင်းတော်ထဲမှာ တစ်ယောက်ယောက်က မသင့်တော်တာလုပ်နေတာတို့ မသင့်တော်တာဘာပဲလုပ်လုပ်တွေ့တာနဲ့ သူ့ကို အဲဒီနေရာကနေ ချက်ချင်းဆွဲခေါ်လာခဲ့ပြီးတော့ ဘယ်တော့မှ ပြန်မလာတော့ဘူးပေါ့။ တကယ်လို့ အွန်လိုင်းမှာပြောကြသလို မဟုတ်ရင်လည်း သူ့လမ်းကြောင်းကို မပိတ်တော့ဘူး။ အဲဒီအားလပ်ရက်မှာပဲ ဇနီးဆီသွားပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ကြည့်ချင်တယ်လို့ ပြောတော့ သူလည်း အံ့ဩပြီးဝမ်းသာသွားခဲ့ပါတယ်။

ကျွန်တော်တို့ရောက်တာနဲ့တပြိုင်နက် ညီအစ်ကိုမောင်နှမတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးလက်ခံပေးခဲ့ကြပြီးတော့ သူတို့ပြောဆိုဆက်ဆံပုံတွေကနေတဆင့် သူတို့က ကြင်နာပြီးရိုးသားကြတယ်ဆိုတာ ခံစားခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ သတိချပ်ပြီး ကြောက်နေရတဲ့စိတ်က တဖြည်းဖြည်း သက်သာလာခဲ့ပါတယ်။ နောက်တော့ အစ်မတစ်ယောက်က ဂီတတစ်ခုကိုဖွင့်ပြပါတယ်။ ရှောင်ကျန်းရဲ့ပုံပြင် ဆိုတာပါပဲ ကျွန်တော် စိတ်ဝင်တစားနဲ့ ကြည့်ခဲ့ပါတယ်။ ရှောင်ကျန်းဖြတ်ကျော်ခဲ့ရတဲ့ အနိမ့်အမြင့်အတက်အကျတွေကိုတွေ့ပြီး စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းလှုပ်ခတ်သွားပြီးတော့ ကိုယ့်ဘ၀အကြောင်း ကိုယ်တွေးမိစေခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က မိသားစုမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေခဲ့ရပြီးတော့ အခြေကျဖို့အတွက်နဲ့ အနိုင်ကျင့်၊ အရှက်ခွဲ၊ လှောင်ပြောင်ခံခဲ့ရတယ်လေ။ အခုတော့ ကျွန်တော်လည်းရပ်တည်ဖို့ အလုပ်ကြိုးစားနေခဲ့ပြီးတော့ ကိစ္စမျိုးစုံကိုလည်း ဖြတ်သန်းခဲ့ရတယ်၊ နှစ်နဲ့ချီပြီး အနိမ့်အမြင့် အတက်အကျတွေကြုံတွေ့ခဲ့ရတယ် နောက်တော့ ပင်ပန်းပြီးဝမ်းနည်းပေမယ့် ဇနီးနဲ့အပေါင်းအသင်းတွေရှေ့မှာ မာကျောချင်ဟန်ဆောင်ခဲ့ရတယ်။ ကျွန်တော့်နှလုံးသားထဲက နာကျင်မှုကို ဘယ်သူကများ တကယ်သိနိုင်မှာလဲ။ ဗီဒီယိုအဆုံးနားမှာတော့ ဒီသီချင်းလေးဆိုသွားတယ်လေ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ”) ဆိုသွားတဲ့ ဂီတနုတ် တစ်ခုချင်းဆီက သူ့ရဲ့ပျောက်သွားတာကြာပြီဖြစ်တဲ့ ရင်သွေးဆီ လက်ဆန့်တန်းနေတဲ့ မိခင်တစ်ယောက်လို ခံစားရတာပါပဲ။ ကျွန်တော်ကတော့ မေတ္တာတရားရဲ့ ခေါ်ငင်မှုကို ခံစားရတာပါပဲ မယုံနိုင်စရာကောင်းအောင်ကို စိတ်လှုပ်ရှားမိခဲ့ပါတယ်။ အဲဒါလည်းပြီးသွားတော့ ကျွန်တော်ရိုးရိုးသားသားနဲ့ပဲ “တော်တော်ကောင်းတဲ့ ဂီတရုပ်ရှင်ပဲ” လို့ပြောလိုက်ပါတယ်။ ဇနီးက ကျွန်တော့်ကိုကြည့်ပြီး ခံစားချက်အပြည့်နဲ့ပြောလိုက်တာက “ရှောင်ကျန်းရဲ့ပုံပြင် ကြောင့် ထိတွေ့မှုကို ခံစားနေရတာက ရှင့်ကို ဘုရားသခင်ကလှုပ်ရှားစေတာပဲ။ မေလ ၂၈ ရက် ကျိုးရန်အမှုက ရှင့်အပေါ်သက်ရောက်မှုရှိတာ ကျွန်မသိပါတယ် ပြီးတော့ ရှင့်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် နဲ့ပတ်သက်ပြီး တော်တော်နားလည်မှုလွဲနေတာကိုလည်း သိတယ်။ ကျွန်မတို့ရဲ့လုံခြုံရေးအတွက် ရှင်စိတ်ပူနေတယ်ဆိုတာလည်း ကျွန်မသိပါတယ် ဒီတော့ ဒီနေ့ကျွန်မတို့အဲဒီအမှုမှာ ဘယ်လိုဖြစ်တာလဲဆိုတာ မြင်နိုင်ကြည့်နိုင်ပြီလေ” တဲ့။

နောက်တော့မောင်နှမတွေက ကျွန်တော့်ကို နောက်ကွယ်မှ ထွက်ပေါ်လာသော အမှန်တရား မေလ ၂၈ ရက် က ဖြစ်ပွားခဲ့သော ဇောင်ယွမ်အမှု ဆိုတဲ့ဗီဒီယို ဖွင့်ပြပါတယ်။ အဲဒီမှာ အမှုရဲ့အဓိကသံသယဖြစ်စရာ ရှုထောင့်တွေအများကြီးကိုဖော်ပြထားပြီးတော့ တစ်လွှာချင်း ခွဲခြမ်းစိတ်ဖြာပြသွားတာပါပဲ။ အဲဒါက CCP ရဲ့ မုသားတွေကို မျက်နှာဖုံးခွာချပြီးတော့ တကယ့်ဖြစ်ရပ်ကို ဖော်ပြပေးခဲ့ပါတယ်။ ခုခံသူ ကျန်းလီဒေါင်နဲ့ ကျန်းဖန်က တရားရုံးကို “ကျွန်တော်တို့ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်နဲ့ တစ်ခါမှ မဆက်သွယ်ဖူးပါဘူး။ နိုင်ငံတော်က ကျိုးဝေရှန်ရဲ့ အနန္တတန်ခိုးရှင်ဘုရားကို နှိမ်နင်းတာပါ ကျွန်တော်တို့ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရား မဟုတ်ပါဘူး” လို့ရှင်းရှင်းလင်းလင်း ပြောခဲ့တာကို ကျွန်တော်တွေ့ရတယ်။ သူတို့က အနန္တတန်ခိုးရှင်ဘုရားအသင်းဝင်တွေဆိုတာကို သူတို့ကိုယ်တိုင် ငြင်းဆိုခဲ့ကြတာပါ။ ပြီးတော့ သူတို့က အသင်းတော်နဲ့ လုံး၀မသက်ဆိုင်ပါဘူးလို့လည်းပြောသွားတယ်။ ဒါပေမဲ့ CCP က သံသယရှိသူရဲ့ထွက်ဆိုချက်ကို အလေးမထားဘဲ အချက်အလက်တွေကိုသွေဖီပြီး အလိုကျမှန်ရာကိုဆွဲပြီးတော့ အမှုကို အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကလူတွေ ကျူးလွန်တယ်လို့ပဲ အခိုင်အမာပြောနေခဲ့တာလေ။ အဲဒါက အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကို နာမည်ဖျက်ချင်လို့လုပ်တဲ့ မျက်နှာပြောင်တိုက်ပြီးလိမ်တာပဲမဟုတ်လား

ညီမတစ်ယောက်က နောက်တော့ ဒီလိုမျိုး မိတ်သဟာယဖွဲ့လာပါတယ်။ “CCP က ကလိမ်ကကျစ်နိုင်တယ်ဆိုပြီး လူသိများတာ နှစ်နဲ့ချီနေပြီလေ ပြီးတော့ ပြည်တွင်းရောပြည်ပမှာပါ ဆိုးဝါးတဲ့ဂုဏ်သတင်းက ရှိထားသေးတယ်။ ကမ္ဘာအနှံ့မှာလည်း လူတွေပိုပြီးသိလာကြပြီးတော့ ဘယ်သူကမှ သိပ်မယုံချင်ကြတော့ဘူးလေ။ ကျွန်မတို့အားလုံး တရုတ်ပြည်ဆိုတာ ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံနေရမှန်း သိကြတာပဲ မျှတတဲ့နိုင်ငံရေးလွတ်လပ်ခွင့် ဒါမှမဟုတ် သတင်းစာလွတ်လပ်ခွင့် မရှိဘူးလေ။ တရုတ်မီဒီယာတွေနဲ့ တရားခွင်တွေကို CCP အစိုးရက အားလုံးထိန်းချုပ်ထားပြီးတော့ အဲဒါတွေကလည်း သူတို့ရဲ့ အာဏာစက်အတွက် သတင်းလွှင့်စရာနဲ့ အသုံးချစရာတွေပါပဲ။ အဲဒါ လူသိများတဲ့အချက်ပဲ။ ကျိုးရန်မတော်တဆမှုပြီးတော့ ၃ ရက်အကြာမှာ တရားရုံးကြားနာမှုမရှိ၊ ရုံးဆုံးဖြတ်ချက် မရှိဘဲနဲ့ CCP က တီဗီနဲ့အွန်လိုင်းမီဒီယာတွေကို သုံးပြီး လူထုနှာခေါင်းရှုံ့စရာဖြစ်အောင် လုပ်ခဲ့တယ်။ ဇွန်လအလယ်လောက်မှာ သူတို့ရဲ့ ရက်တစ်ရာစစ်ပွဲကို စခဲ့ပြီးတော့ ပေါ်ပေါ်ထင်ထင်ပဲ လက်နက်ကိုင်ရဲတွေကို အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကို ချေမှုန်းဖိနှိပ်ဖို့ လွှတ်လိုက်တော့တာပဲ။ သူတို့က ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံအနှံ့ အသင်းတော်ကို ပစ်မှတ်ထားရှာဖွေပြီးတော့ ခရစ်ယာန်တွေကို ဖမ်းဆီးခဲ့တယ်။ မေလ ၂၈ရက် ရှန်ဒေါင်မှာဖြစ်တဲ့ ကျိုးရန်အမှုက ဘာသာရေးအယူအဆကို ဖိနှိပ်ဖို့နဲ့ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကိုရှင်းထုတ်ဖို့ CCP က စီစဉ်ထားတဲ့ မသမာတဲ့အမှုဆိုတာ ထင်ရှားပါတယ်။”တဲ့

ဒီလိုကြားရတော့ “CCP က တော်တော်ကိုအမုန်းကြီးတာပဲ အမှန်ကိုမသိတဲ့သူတွေက စီစီပီရဲ့ အလိမ်အညာတွေကို ယုံမိပြီးတော့ အသင််းတော်အပေါ် အထင်လွဲကုန်အောင် အမှန်တရားကိုပြောင်းပြန်လုပ်၊ တကယ့်ဖြစ်ရပ်ကို လီဆယ်ပြီး အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကို အကွက်ဆင်လိုက်တာပဲ ငါလည်း CCP ရဲ့ အလိမ်မိသွားခဲ့ပေမယ့် ငါနားမလည်တာတစ်ခုက ဘာလို့များ CCP က အသင်းတော်ကို သဲကြီးမဲကြီး ဒုက္ခလိုက်ပေးနေလဲဆိုတာနဲ့ အဲဒီလို နာကျင်စရာလူသတ်မှုကြီးကို အနန္တတန်ခိုးရှင်ဘုရားအသင်းအပေါ် ပုံချပြီး အသင်းဝင်တွေကို ဖမ်းချင်တာလဲ။ တကယ်တမ်းဘာဖြစ်နေတာလဲ”လို့ တွေးမိခဲ့ပါတယ်။ အဲဒီအတွေးနဲ့ပဲ ကျွန်တော်မရှင်းတာကို ပြောပြခဲ့မိတော့။

ညီီအစ်မတစ်ယောက်က “CCP က အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကို အသည်းအသန်ဖိနှိပ်ပြီး မဟုတ်တဲ့လူသတ်မှုကို အကွက်ဆင်ပုံချတာက ဘုရားမဲ့ဝါဒပါတီဖြစ်နေလို့ပဲပေါ့။ တည်ထောင်သူ ကားလ်မာ့စ်ကလည်း စာတန်ကိုးကွယ်တဲ့သူ။ လူတွေက နောက်ဆုံး စာတန်ကိုယုံကြည်ပြီး ကိုးကွယ်လာကြပြီးတော့ သူတို့ရဲ့ကယ်တင်ရှင်အဖြစ်သတ်မှတ်ကြဖို့အတွက် CCP က ဘာသာရေးယုံကြည်မှုအားလုံးကို ရှင်းပစ်ချင်တာ။ မာ့စ်က ဘုရားကိုဆန့်ကျင်တဲ့တကယ့်လက်တွေ့ဘ၀ကနတ်ဆိုးပါပဲ။ CCP အာဏာရသွားကတည်းက ပေါ်ပေါ်ထင်ထင် ဘုရားကို ငြင်းပယ် ရှုံ့ချပြီး ပမာမခန့်လုပ်လာတာလေ ပြီးတော့ ခရစ်ယာန်ဘာသာဆိုတာ အစွန်းရောက်အဖွဲ့အစည်းတစ်ခုလို့တောင်ပြောကြတယ်။ သမ္မာကျမ်းတွေကို အစွန်းရောက်စာပေဆိုပြီး သိမ်းဆည်းဖျက်ဆီးတယ်။ ပြီးတော့ ဖိနှိပ်လို့ရအောင် ဘာသာရေးအဖွဲ့တွေကို အစွန်းရောက်အဖွဲ့လို့ခေါ်တယ်လေ။ အခုတော့ နောက်ဆုံးသောကာလမှာအနန္တတန်ခိုးရှင်ဘုရား ပေါ်လာပြီး တရုတ်ပြည်မှာအလုပ်လုပ်နေပါပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့အထဲမှာ သမ္မာတရားများစွာကို ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်က ဘာသာတရားတွေနဲ့ ဂိုဏ်းဂဏတွေအားလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တယ်။ သမ္မာတရားကိုချစ်တဲ့ စစ်မှန်တဲ့ယုံကြည်သူ တော်တော်များများ အခုဆို အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးသွားကြပြီးတော့ အဲဒါတွေက သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အသံအမှန်ဖြစ်တယ်ဆိုတာနဲ့ အဲဲဒီ အနန္တတန်ခိုးရှင်ဘုရားဆိုတာ သခင်ယေရှု ပြန်လာခြင်းပဲဆိုတာ မြင်သွားကြပြီ တစ်ယောက်ပြီးတစ်ယောက် အနန္တတန်ခိုးရှင်ဘုရားကို လက်ခံလာကြပြီး ဘုရားပလ္လင်တော်ရှေ့မှောက် ရောက်လာကြပြီ။ နှစ် ၂၀ဆိုတဲ့ တိုတောင်းတဲ့ကာလအတွင်းမှာပဲ တရုတ်ပြည်မက လူသန်းနဲ့ချီပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြပြီးပြီ လူတွေပိုပိုပြီး အနန္တတန်ခိုးရှင်ဘုရားအပေါ် ယုံကြည်မှုရလာတဲ့အချိန်မှာ CCP ကိုဘယ်သူကမှမယုံတာ လက်မခံတော့တာက CCP ကိုဒေါသထွက်စေတာပေါ့။ အဲဒါကြောင့် မထိန်းနိုင်မသိမ်းနိုင်ဘဲ အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ရှုတ်ချနေကြပြီးတော့ ကလိမ်စေ့ငြမ်းဆင်ပြီး အနန္တတန်ခိုးရှင်ဘုရားအသင်းကို အကွက်ဆင်တော့တာပါပဲ။ စီစီပီက လျို့ဝှက်စာရွက်စာတမ်းတွေထုတ်ပြန်ခဲ့ပြီး လက်နက်ကိုင်ရဲတွေ အများကြီးကိုလည်း စီစဉ်စုဝေးခဲ့တယ်။ စီစီပီက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို တားဆီးဖို့ အလဟဿ အားစိုက်ထုတ်ရင်းနဲ့ တရုတ်ပြည်တစ်ခုလုံးမှာ အသင်းတော်ထဲက ခရစ်ယာန်တွေကို ဖမ်းဆီးဖိနှိပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ။ စီစီပီက ဘုရားရဲ့အမှုတော်နဲ့ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ကို အဆုံးသတ်ဖို့ကြိုးစားတာပါပဲ။ အဲဒါက CCPရဲ့ သမ္မာတရားနဲ့ဘုရားသခင်အပေါ်မုန်းတီးနေတဲ့ စေတန်ဆန်၊ နတ်ဆိုးဆန်တဲ့သဘာ၀ကို ဖော်ပြတာပါပဲ။ အနန္တတန်ခိုးရှင်ဘုရား နှုတ်ကပတ်တော်ထဲကလိုပေါ့- ‘ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။...၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇))

အဲဒီအစ်မက နောက်တော့ကျွန်တော့်ကို ကွန်မြူနစ်ဝါဒ၏ မုသားများ ဆိုတဲ့ရုပ်ရှင်ကို ဖွင့်ပြခဲ့ပါတယ်။ အဲဒီီထဲမှာပါတဲ့ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကိုတကယ် စိတ်တက်ကြွစေခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ ဘုန်းအာနုဘော်ကို အဲဒီနှုတ်ကပတ်တော်တွေကနေ ခံစားလို့ရနေပါတယ်။ ဘယ်လိုလူသားကမှ ဘုရားရဲ့အလုပ်ကို တားဆီးလို့မရနိုင်ပါဘူး။ CCP က သူလုပ်နိုင်သလောက် အနန္တတန်ခိုးရှင်ဘုရားအသင်းကို အပုပ်ချရှုံ့ချပြီး အသင်းတော်က ခရစ်ယာန်တွေကို အသည်းအသန် လိုက်ဖမ်းပြီး ဒုက္ခပေးနေပေမယ့်လည်း အသင််းတော်မှာတော့ ဇွဲရှိရှိနဲ့ဆက်ပြီး ဘုရားနောက်လိုက်ပြီး ဧဝံဂေလိတရားဟောနေကြတုန်းပါပဲ။ သူတို့က ဧဝံဂေလိတရားရုပ်ရှင်တွေ၊ ဓမ္မတေးသရုပ်ပြတွေ၊ အဆိုအကဗီဒီယိုတွေ လုပ်ပြီးတော့ လူတွေကလည်း ပိုပိုပြီး အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်လာကြတယ်လေ။ ဘယ််လိုလူသားမျိုးပဲဖြစ်ဖြစ် ဘယ်အရာမှဒီလို ပြင်းထန်တဲ့ဖိနှိပ်မှုတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်မှာမဟုတ်ဘူးလေ။ ဒါက သေချာပေါက်ဘုရားဆီကလာပြီး စစ်မှန်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာ သိခဲ့ရပြီးတော့ ရှာဖွေရတာလည်း တန်သွားပါပြီ။ ဒါတွေအားလုံးနားလည်သွားတော့ ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားအသင်းတော်နဲ့ ပတ်သက်ပြီး အထင်လွဲတာတွေ၊ သံသယတွေလည်းရှင်းသွားပြီးတော့ ရင်ထဲမှာရှိတဲ့ အလေးအပင်ကြီး ပေါ့သွားသလို ခံစားခဲ့ရတယ်။

ကျွန််တော်လည်း ဇနီးဘက်လှည့်ပြီး “အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်တာ မင်းမှန်ပါတယ်။ ကိုယ််မသိခဲ့ဘူး ပြီးတော့နားလည်မှု မရှိပေးခဲ့ဘူး ပြီးတော့ CCPရဲ့အလိမ်တွေကို မျက်စိမှိတ်ယုံခဲ့ပြီး မင်းရဲ့လမ်းကိုပိတ်ပင်မိတယ်။ ကိုယ်အရမ်းမှားသွားပါတယ်”လို့ပြောလိုက်ပါတယ် သူ့မျက်လုံးထဲမှာ မျက်ရည်တွေဝေ့လာပြီးတော့ သူလည်းခံစားချက်အပြည့်နဲ့ “ရှင် CCP ရဲ့အလိမ်တွေကို ဖောက်ထွင်းမြင်နိုင်ပြီး မရှင်းလင်းမှုတွေထဲက ထွက်လာနိုင်တာ ကျေးဇူးတော်ပဲ။ ဒါက ဘုရားရဲ့လမ်းညွှန်မှုနဲ့ ခေါင်းဆောင်မှုပါပဲ”လို့ ပြောလာတယ်လေ။

အဲဒါပြီးတော့ ဇနီးနဲ့အတူ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်ရဲ့ ဗီဒီယိုတွေကို အခါသင့်တိုင်းကြည့်ဖြစ်ကြပါတယ်။ ပြီီးတော့ သူ့ယုံကြည်မှုအကြောင်းပြောတာ နားထောင်ပေးခဲ့တယ်။ နောက်တော့ ကျွန်တော်တော်တော်လေး နေမကောင်းဖြစ်တော့ အသင်းတော်က ညီအစ်ကိုမောင်နှမတွေ လာကြည့်ကြပြီး အများကြီးကူညီပေးခဲ့ကြပါတယ်။ အေးစက်ပြီး ထူးမခြားနားတဲ့လူ့အသိုင်းအဝိုင်းထဲမှာ ညီအစ်ကိုမောင်နှမတွေရဲ့ ရိုးသားတဲ့အကူအညီတွေက ကျွန်တော့်ကိုတကယ် ပျော်စရာမိသားစုဆိုတဲ့ ခံစားချက်မျိုးပေးပါတယ်။ သူတို့နဲ့သိခွင့်ရတဲ့အချိန် ကြာလာတော့ သူတို့အားလုံးက သူတို့ရဲ့ဆက်ဆံရေးမှာ ဘုရားကိုအားကိုးပြီး အလုပ်အကိုင်အပြောအဆို ဖြောင့်မတ်၊ဂုဏ်ရှိပြီး ရိုးသားကြတဲ့ တော်တော်ကြင်နာတတ်တဲ့လူတွေပဲဆိုတာ သိလိုက်ရပါတယ်။ သူတို့က ကျွန်တော်အလုပ်အတူလုပ်ခဲ့တဲ့လူတွေနဲ့ လုံး၀ကိုမတူပါဘူး သူတို့လိုလူမျိုး ကမ္ဘာပေါ်မှာ တော်တော်ရှားသွားပါပြီ။ အနန္တတန်ခိုးရှင်ဘုရားနှုတ်ကပတ်တော်တွေက လူတစ်ယောက်ကို တကယ်ပြောင်းလဲစေနိုင်ပြီး လမ်းမှန်ကိုညွှန်ပေးတယ်လို့ ခံစားရပါတယ်။ ပြီးတော့လည်း ဒီအသင်းတော်က လူတွေကို စိတ်အတွင်းထဲထိနွေးထွေးစေမယ့် မေတ္တာတွေအပြည့်နဲ့ပါပဲ။ ကျွန်တေော် အနန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလ အလုပ်ကို ဝမ်းမြောက်ဝမ်းသာပဲ လက်ခံလိုက်ပါပြီ။ ကျွန်တော် CCP ရဲ့အလိမ်တွေနဲ့ အကန်းတစ်ယောက်ဖြစ်ခဲ့ပြီး ဇနီးရဲ့ယုံကြည်မှုလမ်းကြောင်းကို ပိတ်ပင်ခဲ့ပေမယ့် ဘုရားက ကျွန်တော့်ကိုကယ်တင်ဖို့ လက်မလျှော့ခဲ့တာကို ပြန်တွေးမိတယ်။ မောင်နှမတွေကျွန်တော့်ကိုပြောပြတဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ဘုရားက ကျွန်တော့်ကို CCP ရဲ့အလိမ်တွေနဲ့ နောက်ကွယ်က ဆိုးဝါးတဲ့အမှန်တရားတွေကို မြင်ခွင့်ပေးလိုက်တာပါပဲ။ ဘုရားသခင်ကပဲ သူ့ရှေ့မှောက်ကို ကျွန်တော့်ကို ခေါ်ဆောင်ခဲ့တာပါ။ ကျွန်တော့်အပေါ်ကယ်တင်ခြင်းအတွက် ဘုရားကိုကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်မျက်မြင်တွေ့ရပြီ

ကျန်းကျိန့် တောင်ကိုရီးယားနိုင်ငံ ကျွန်တော်က ကိုရီးယား ပရက်စ်ဘီတေးရီးယန်း အသင်းတော်မှာ ပါဝင်လေ့ရှိခဲ့တယ်။ ကျွန်တော့်သမီးလေး နေမကောင်းတော့...

တရုတ်ပြည်တွင် ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် အလွန်အရေးပါသည်။

“ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်...

ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

စိန်းယွိ တရုတ်နိုင်ငံ ၂၀၀၀ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယား သင်းအုပ်က ကျွန်မတို့ကို တရားဒေသနာ မကြာခဏ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။