ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

28.08.2023

စိန်းယွိ တရုတ်နိုင်ငံ

၂၀၀၀ ခုနှစ်မှာ ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့တယ်။ တောင်ကိုရီးယား သင်းအုပ်က ကျွန်မတို့ကို တရားဒေသနာ မကြာခဏ ဝေမျှတယ်။ ဝတ်ပြုပွဲမှာ သင်းအုပ်က ကျမ်းတစ်ပိုဒ်ဖတ်ပြတယ်။ အရာခပ်သိမ်းမှာ သည်းခံပြီး စိတ်ရှည်ဖို့၊ ဘုရားကို ကျွန်မတို့ ဘုန်းထင်ရှားစေတာက တရား နားထောင်ခြင်းနဲ့ မဟုတ်ဘဲ၊ လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဖြစ်တယ်လို့ ပြောတယ်။ အဲဒီအခါမှပဲ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်မတို့ ဝင်ရောက်နိုင်တယ်တဲ့။ အဲဒီအချိန်ကစပြီး၊ မိသားစုနဲ့ မိတ်ဆွေတွေကို မေတ္တာ၊ ကြင်နာမှုနဲ့ ကျွန်မ စဆက်ဆံခဲ့တယ်။ တစ်ယောက်ယောက် ကျွန်မကို စိတ်အနှောင့်အယှက်ပေးရင်၊ သူတို့ကို ခွင့်လွတ်အောင် မစဖို့ သခင့်ကို ဆုတောင်းတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်က ပြဿနာ မရှိဘူး။ ဒါပေမဲ့ အချိန်ကြာလာတော့၊ ကျွန်မ မထိန်းနိုင်တော့ဘူး။ တစ်ခါတလေ စိတ်ပေါက်ပြီး၊ အရေးမပါတဲ့ အရာတချို့နဲ့ ပတ်သက်လို့ သူတို့ကို ဩဝါဒပေးမိတယ်။ နောက်တော့ အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ အမြဲ အပြစ်လုပ်၊ ဝန်ချရင်းနဲ့ ဒီအပြစ်တရားရဲ့ အချုပ်အနှောင်တွေကနေ မလွတ်နိုင်ခဲ့ဘူး။ အဲဒါဆိုရင် သခင်ကြွလာတဲ့အခါ ကျွန်မ နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရမလား။ အပြစ်ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သင်းအုပ်ဆီ ကျွန်မ သွားမေးတယ်။ သူက ဝန်ချပြီး နောင်တရဖို့၊ ပိုဆုတောင်းပြီး ကျမ်းစာ ပိုဖတ်ဖို့နဲ့ သည်းခံ၊ စိတ်ရှည်ဖို့ ပြောတယ်။ တိကျတဲ့ လမ်းကြောင်းကို မညွှန်ဘဲ ဒါကို သူ ပြောတဲ့အခါတိုင်း ကျွန်မ စိတ်ပျက်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ပြီးတော့ ဟေဗြဲထဲမှာ ပြောတယ်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄) ကျွန်မလို အမြဲ အပြစ်လုပ်ပြီး ဝန်ချနေတဲ့၊ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်နိုင်တဲ့ လူတစ်ယောက်က ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ နေ့တိုင်း စိတ်ဆင်းရဲခဲ့ရတယ်။ နောက်တော့၊ အသင်းတော်က မနာလိုတော၊ ခွက်စောင်းခုတ်တာတွေနဲ့ ပြည့်နေမှန်း သတိထားမိတယ်။ စင်အတွက် ရန်ဖြစ်ရင်းနဲ့ ဝတ်ပြုပွဲတစ်ခုမှာ တရားဟောဆရာတစ်ယောက်က ပိုအသက်ကြီးတဲ့ တရားဟောဆရာရဲ့ ကျမ်းစာကို မြေပေါ် လွှင့်ပစ်ပြီး၊ သူ့ကို ဖယ်လိုက်တယ်။ တချို့ဆိုရင် ဘုရားကျောင်းထဲမှာ စီးပွားရေး လုပ်ငန်းကိုတောင် စီမံနေကြတာ။ သခင်ယေရှုရဲ့ စကားတွေကို ကျွန်မ တွေးမိတယ်။ “ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓါးပြတွင်းဖြစ်စေကြပြီတကားဟု။(ရှင်မဿဲခရစ်ဝင် ၂၁:၁၃) အဲဒီလိုအသင်းတော်တစ်ပါးက ဘယ်လိုလုပ် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိနိုင်မှာလဲ။ ဒါက သူခိုးတွင်းတစ်ခု မဟုတ်လား။ ဒီဝတ်ပြုအစီအစဉ်တွေကနေ အာဟာရပံ့ပိုးမှုရနိုင်ခြေမရှိသလို ကျွန်မရဲ့ အပြစ်လုပ်တဲ့ ပြဿနာ လုံးဝ ပြေလည်မှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်ရှိတဲ့ အသင်းတော်ကို ကျွန်မ ရှာချင်ခဲ့မိတယ်။ ကျွန်မရဲ့ အစ်မက ကျွန်မကု တခြားအသင်းတော်တချို့ဆီ ခေါ်သွားပေမဲ့၊ အားလုံးက အခြေအနေ အတူတူပဲ။ အပြစ်ကို ဘယ်လို လွတ်မြောက်ရမလဲလို့ မေးတော့၊ ဘယ်သူကမှ လမ်းကြောင်းတစ်ခုက ထောက်မပြနိုင်ကြဘူး။ သခင်ယေရှုက ကျွန်မတို့ကို ခွင့်လွှတ်ပြီးသားဖြစ်တယ်၊ ဆုတောင်းပြီး နောင်တရဖို့ပဲ လိုတာတဲ့။ ဒါက ကျွန်မကို အနှစ်မဲ့စေတယ်။ ဝတ်ပြုအစီအစဉ်တွေကို ကျွန်မ တက်တောင်မတက်ချင်တော့ဘူး။ တစ်နေ့ ကျွန်မ ရုတ်တရက် အကြံရတယ်။ ဒီအနီးအနားမှာရှိတဲ့ အသင်းတော်တွေမှာ ဘုရားက အလုပ်မလုပ်တာ ဖြစ်မယ်လို့ပေါ့။ ကိုရီးယား သင်းအုပ်တွေ အလည်လာကြတဲ့အခါ၊ အသင်းတော်တွေကို ထိန်းကျောင်းဖို့ တစ်ချိန်လုံး တရုတ်ပြည်ကို လာပြီး ဘုရားတရား ကိုင်းရှိုင်းပုံ ရကြတယ်။ သူတို့မှာ အရမ်း ယုံကြည်ခြင်းရှိကြတယ်။ ကိုရီးယား အသင်းတော်တွေမှာ ဘုရားက အလုပ်လုပ်နေခဲ့တာလား။ အဲဒီမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိတဲ့ အသင်းတော်ကို ရှာမယ်ပေါ့။

၂၀၀၇မှာ၊ အစ်မနဲ့ ကျွန်မက မိသားစုတွေကို ကိုရီယားကို ခေါ်သွားတယ်။ သူက တရုတ်လူမျိုးတွေ အများကြီးတက်တဲ့ အသင်းတော်တစ်ပါးကို မိတ်ဆက်ပေးတယ်။ ကျွန်မတို့ အသက်မွေးလို့ရအောင်လို့ အသင်းသားတွေက တရုတ်လူမျိုးတွေကို အလုပ်ရှာပေးကြတယ်။ အဒီအသင်းတော်ရဲ့ အသင်းသားတွေက တကယ် ချစ်ခင်တတ်ကြတယ်။ ဒီတော့ အဲဒီမှာ ဝတ်ပြုအစီအစဉ်တွေ ကျွန်မတက်တယ်။ သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နိုင်တယ်ပေါ့။ အစီအစဉ်အတောအတွင်းမှာ သင်းအုပ်က “တစ်လောက ကျွန်တော့်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ၊ ဘုရားက ပြန်လာနှင့်ပြီးပြီ၊ တရုတ်ပြည်မှာ ပေါ်ထွန်း၊ အမှုပြုနေသလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်လို့ ခေါ်တယ်လို့ ပြောတာ ကြားရခဲ့တယ်။ ဒါပေမဲ့ တရုတ်ပြည်က ခေတ်နောက်ကျန်တဲ့ နိုင်ငံတစ်ခုပဲ။ နိုင်ငံသားတွေက ဗဟုသုတ မကြွယ်ကြဘူး။ ဘုရားက အရမ်းကြီးမြတ်တယ်။ အဲဒီမှာ သူက ဘယ်လိုလုပ် ပေါ်ထွန်းပြီး အမှုပြုဖို့ ဖြစ်နိုင်မှာလဲ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဟောချက်ကို တော်တော်များများက ဖြန့်နေကြတယ်။ နားမထောင်ကြနဲ့။ ခင်ဗျားတို့လို ဝိညာဉ်ရင့်ကျက်မှု နည်းတာနဲ့ဆို၊ တစ်ခါ ပတ်သက်မိတာနဲ့ လုံးဝ ထွက်တော့မှာ မဟုတ်ဘူး”တဲ့။ သူအဲဒီလိုပြောတာ ကြားတော့ ကျွန်မ အပြည့်အဝ သဘောတူမိခဲ့တယ်။ တရုတ်ပြည်က အသင်းတော် တော်တော်များများက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်မရှိဘူးလေ။ အဲဒီက အစိုးရက ယုံကြည်သူတွေကို ဖိနှိပ်ပြီး တရုတ်လူမျိုးတွေက ရုပ်တုတွေ ကိုးကွယ်ကြတယ်။ တရုတ်ပြည်မှာ ဘုရားက ပေါ်ထွန်းပြီး အမှုပြုနိုင်ပါ့မလား။ ဖြစ်နိုင်မှာ မဟုတ်ဘူး။

မကြာခင်မှာ၊ သင်းအုပ်က နှုတ်စလျှာစနဲ့ တရားဟောနေတုန်း၊ နောက်ပိုင်း သူ လုပ်တာက မတူဘူး ဖြစ်နေတယ်။ သခင့်ရဲ့ လမ်းခရီးကို သူ လက်တွေ့လုပ်မနေခဲ့ဘူးလေ။ ကျွန်မ အရမ်းစိတ်ပျက်အားလျော့မိတယ်။ သင်းအုပ်ကို အပြစ်နဲ့ ပြည့်တာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ မေးတော့၊ စိတ်ဆိုးမာန်ဆိုးနဲ့ သူက ပြောတယ်။ “လူတိုင်း ဖောက်ပြန်ပျက်စီးတယ်။ အပြစ်လုပ်တာ ပုံမှန်ပဲလေ။ သခင့်ဆီ ဝန်ချပြီးတော့ ခွင့်လွှတ်ခြင်း ခံရလိမ့်မယ်။ ခင်ဗျားက နောင်တရဖို့ လိုလားလို့၊ ခင်ဗျားရဲ့ အပြစ်တွေကို သခင်က ခွင့်လွှတ်ပြီးသားပဲလေ”တဲ့။ သင်းအုပ်ပြောတာကို ကျွန်မ စက်ဆုပ်မိတယ်။ ဘာလို့ သူက တရုတ် သင်းအုပ်တွေအတိုင်း တူညီတဲ့အရာကိုပဲ ပြောနေခဲ့ရတာလဲ။ အပြစ်ကို ချက်ချင်း စွန့်ပယ်လို့မှမရတာ။ အနည်းဆုံး အပြောင်းအလဲတချို့ ရှိရမယ်လေ။ ကျွန်မတို့ ဘာကိုမှ လုံးဝ မပြောင်းလဲရင် ဘာလို့ ဒုက္ခခံပြီး ဝန်ချနေမှာလဲ။ အဲဒါက ကျွန်မတို့ကို မယုံကြည်သူတွေနဲ့ အတူတူပဲ ဖြစ်သွားစေတာ မဟုတ်လား။ အဲဒါဆိုရင် ယုံကြည်ခြင်းမှာ အဓိပ္ပာယ်တစ်ခုခု ရှိလို့လား။ ကျွန်မ အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရတယ်၊ ဒါပေမဲ့ လက်မလျှော့ချင်ခဲ့ဘူး။ သခင်က ကျွန်မကို ဘေးဖယ်ထားမှာ မဟုတ်ဘူး၊ တစ်နေ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိတဲ့ အသင်းတော်ကို ရှာတွေ့မှာပဲလို့ ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ဒီကစ္စကို အချိန်ယူ စဉ်းစားခဲ့တယ်။ လမ်းလျှောက်နေတုန်း၊ လက်ဝါးကားတိုင်တွေ၊ အသင်းတော်တွေကို ရှာနေမိတယ်၊ ပြီးတော့ သင်းအုပ်တစ်ယောက်ယောက်ရဲ့ တရား‌ဒေသနာတွေအကြောင်း အပြုသဘောဆောင်တာတွေ ကြားရင်၊ မျှော်လင့်ချက် တစ်မျှင်ကို ဖက်တွယ်ရင်းနဲ့ နားထောင်ဖို့ လေ၊ မိုး၊ နှင်း၊ ဒါမှမဟုတ် မိုးနှင်းတွေကို ဖြတ်လျှောက်တယ်။ ကျွန်မရဲ့ ရှုပ်ထွေးမှုတွေ ပြေလည်သွားဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိတဲ့ အသင်းတော်တစ်ပါးတစ်လေကို ရှာမတွေ့ဘဲ၊ ကိုရီးယားမှာ အသင်းတော် အပါး၄၀ ကျော်ကို လည်ပတ်ခဲ့တယ်။ ဘယ်သင်းအုပ်ကမှ ကျွန်မရဲ့ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ ဘာလုပ်ရမှန်းမသိ၊ ကျွန်မ အိပ်ရေးပျက် ညတွေတစ်လျှောက် လူးလိမ့်နေမိတယ်။ စိတ်နှလုံးကနေ ဟစ်အော်မိတယ်။ “သခင်၊ ဘယ်ကိုများရောက်နေတာပါလဲ။ ကိုယ်တော် ကျွန်မကို စွန့်ပစ်ပြီလား”ပေါ့။ အဲဒီနှစ်တွေမှာ၊ စိတ်နှလုံးထဲ အရမ်းလေးလံခဲ့တယ်။ ဝမ်းနည်းညိုးငယ်ပြီး နာကျင်ခဲ့ရတယ်။

ဒီနာကျင်မှုနဲ့ ကြံရာမရဖြစ်ခြင်းအလယ်၊ ၂၀၁၅ ခုနှစ် ဇွန်လမှာ၊ ကျွန်မအစ်မက အိမ်ကို လာပြီး ဝမ်းသာအားရ ပြောတယ်။ “ငါ့မှာ သတင်းကောင်းပါတယ်။ သခင် ပြန်ကြွလာတာ ကြာပြီ။ တရုတ်ပြည်မှာ သမ္မာတရား အများကြီး ဖော်ပြရင်းနဲ့ ပေါ်ထွန်းပြီး အမှုပြုနေတယ်။ ဧဝံဂေလိက အခု ကိုရီးယားကို ရောက်နေပြီ”တဲ့။ ကျွန်မတွေးမိတယ်။ “ဘုရားက တရုတ်ပြည်မှာ အလုပ်လုပ်နေတယ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ”ပေါ့။ ကျွန်မ ကတ်သီးကတ်ဖဲ့ ပြောလိုက်တယ်။ “တရုတ်ပြည်က ခေတ်နောက်ကျပြီး ပြည်သူတွေက ဗဟုသုတမကြွယ်ကြလို့ ဘုရားက တရုတ်ပြည်မှာ အလုပ်လုပ်မဲ့ နည်းလမ်း မရှိဘူးလို့ ပြီးခဲ့တဲ့ ၂၀၀၉ တုန်းက သင်းအုပ် ပြောခဲ့တာပဲ။ ဘုရားက ဂုဏ်အသရေရှိပြီး ကြီးမြတ်တယ်။ ဘာလို့ တရုတ်ပြည်မှာ အလုပ်လုပ်မှာလဲ”လို့ပေါ့။ နောက်တော့ ကျွန်မ အိုးခွက်ပန်းကန်တွေပဲ သွားဆေးလိုက်တယ်။ သူက စာအုပ်တစ်အုပ် ထုတ်ပြီး စိတ်ရှည်ရှည်နဲ့ ပြောတယ်။ “ဒီ ‘သိုးသငယ် ဖွင့်သည့် စာစောင်’စာအုပမှာ နောက်ဆုံးသောကာလထဲက ဘုရား ဖော်ပြတဲ့ စကားတွေ ပါတယ်။ တချို့ကို နင့်အတွက် ဖတ်ပြမယ်”တဲ့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်ထဲက လူ့ဇာတိခံ ဘုရားသခင်၏ အမှု အဆင့်တိုင်းကို သင် တွေ့ကြုံပြီးချိန်တွင်၊ နှစ်ပေါင်းများစွာ သင်၌ ရှိခဲ့သည့် စိတ်ဆန္ဒများသည် နောက်ဆုံးတွင် တကယ်ဖြစ်ပေါ်လာပြီ ဖြစ်သည်ကို သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် သင် အမှန်တကယ် မြင်တွေ့ရပြီ၊ ယခုမှသာ သူ၏ မျက်နှာကို ကြည့်ရပြီ၊ သူ၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များကို ကြားရပြီ၊ သူ၏ အမှု၏ ဉာဏ်ပညာကို နားလည်သဘောပေါက်ပြီး သူသည် မည်မျှစစ်မှန်ပြီး အနန္တတန်ခိုးရှင် ဖြစ်သည်ကို အမှန်တကယ် သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်က လူများ မမြင်ခဲ့ဖူးသကဲ့သို့ မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင် ရရှိပြီးဖြစ်သည်ဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပေ၏၊ သင်သည် အတိတ်၏ အမြင်များကို တွယ်ဖက်ပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အချက်ကို ပယ်ချပါက၊ သို့မဟုတ် ငြင်းပယ်ပါက၊ သင်သည် မည်သည့်အရာမျှ မရရှိဘဲ လက်ချည်းသက်သက် ဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ရှိသည်ဟု ကြေညာခံရလိမ့်မည်။ သမ္မာတရားကို နာခံနိုင်ပြီး ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်သော သူတို့သည် ဒုတိယအကြိမ် လူ့ဇာတိခံ ဘုရားသခင်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်အောက်တွင် အကျုံးဝင်လိမ့်မည်။ ၎င်းတို့သည် သာ၍ များပြီး သာ၍ မြင့်မားသည့် သမ္မာတရားများအပြင် စစ်မှန်သော အသက်ကို ရရှိရင်း၊ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လက်ခံနိုင်လိမ့်မည်။ ၎င်းတို့သည် အတိတ်က လူတို့ လုံးဝ မမြင်ဖူးကြသည့် ရူပါရုံကိုလည်း ရှုမြင်ကြရလိမ့်မည်- ‘ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့ ၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။’ (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) ဤရူပါရုံသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်ပြီး သူ၏စိတ်သဘောထား တစ်ရပ်လုံး ဖော်ပြခြင်းသည် သူ၏ လက်ရှိအချိန် လူ့ဇာတိခံယူခြင်းထဲက ဘုရားသခင်၏ အမှု၏ ဖော်ပြချက်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဒါကို နားထောင်တော့၊ ကျွန်မ အံ့ဩသွားတယ်။ ဒါက ဗျာဒိတ်ကျမ်းရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြတာပဲ။ အရမ်းဩဇာအာဏာရှိတယ်။ ဒီစာကားတွေကို ဘယ်လူသားကမှ မြွက်ဆိုနိုင်မှာ မဟုတ်ဘူး။ သခင်ယေရှုက အမှုပြုဖို့ ကြွလာချိန် စကားပြောဖို့ သုံးခဲ့တဲ့ ဩဇာအာဏာကို တွေးမိပြီး၊ ဒါတွေက တကယ်ပဲ ဘုရားရဲ့ မိန့်မြွက်ချက်တွေများလားလို့ တွေးမိတယ်။ ချက်ချင်း ကျွန်မ စိတ်ဝိညာဉ် တွက်ကြွသွားပြီး၊ သေချာ စနားထောင်မိတယ်။ အထူးသဖြင့် ဗျာဒိတ်ကျမ်းက ပရောဖက်ပြုချက်တွေကို အစ်မ ဖတ်တဲ့အချိန်မှာ၊ အဲဒါတွေက ဘယ်လူကမှ အနက်ပြန်နိုင်မှာ မဟုတ်တဲ့အရာတစ်ခုပဲလို့ တွေးနေမိတယ်။ ဗျာဒိတ်ကျမ်းက ပြောတယ်။ “ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊ တံဆိပ်ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၄-၅) သိုးသငယ်ကပဲ၊ ဘုရားကပဲ အဲဒီနက်နဲမှုတွေကို ဖွင့်ပြနိုင်မှာ။ ဒါ ဘုရားရဲ့ စကားလား။ တရုတ်ပြည်မှာ သူ ပေါ်ထွန်းခဲ့ပြီး အမှုပြုနေခဲ့တာ ဖြစ်နိုင်မလား။ ဒီစာအုပ်ထဲမှာ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မကို နားဝေတိမ်တောင်ဖြစ်စေခဲ့တဲ့ အရာအတွက် အဖြေကို ရှာတွေ့နိုင်မလား။ ဒါနဲ့ ပတ်သက်လို့ ကျွန်မ အရမ်းသိချင်စိတ် ပြင်းပြလာတယ်။ အဲဒီအချိန်မှာပဲ၊ အစ်မက ဒါကိုဖတ်ပြတယ်။ “ယင်းတို့သည် ဗျာဒိတ်ကျမ်းထဲက၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ’ ဟူသည့် နှုတ်ကပတ်တော်များ၏ ပြည့်စုံခြင်းလည်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင် အစပြုခဲ့သည့် အမှု၏ ကနဦးအဆင့်ကို ကိုယ်စားပြုပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဒါက ကျွန်မကို နောက်ထပ် စိတ်ဝင်စားသွားစေတယ်။ ဒါ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက် မဟုတ်လား။ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေ ပြည့်စုံခဲ့ပြီလား။ ဒါတွေက ဘုရားရဲ့ စကားတွေပဲလား။ အဲဒါကို စေ့စေ့စပ်စပ် ဖတ်ချင်တော့၊ ကျွန်မနဲ့ ထားခဲ့ဖို့ အစ်မကို ပြောလိုက်တယ်။ သူ ကျွန်မကို စာအုပ်ပေးတော့ ကျွန်မ အရမ်းဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတယ်။ ဖွင့်ဖို့ မစောင့်နိုင်အောင်ပါပဲ။ ဒါပေမဲ့ ပူပန်တာတချို့လည်း ရှိတယ်။ ဒီစာအုပ်က တကယ်ပဲ ကျမ်းစာနဲ့ ကိုက်ညီရဲ့လားပေါ့။ ကျမ်းစာနဲ့ ဒီစာအုပ် နှစ်ခုလုံးကို အိပ်ရာပေါ် ကျွန်မ ဘေးချင်းယဉ်ပြီး ထားလိုက်တယ်။ အဲဒီစာအုပ်ထဲမှာ ဒီစာပိုဒ်ကို ဖတ်ရတယ်။ “ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်အတွင်း ဝင်ရောက်သည့်အခါမှ၊ ငါ့ဘုန်းတော်၏ အခြားအစိတ်အပိုင်းကို ယူဆောင်ပြီး ယင်းကို ခါနာန်ပြည်တွင် ဦးစွာဖော်ပြသည်၊ ည၏ ပိန်းပိတ်အောင် မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ ရောက်ရှိနိုင်စေရန်အတွက် အလင်းရောင် အနည်းငယ်ကို တစ်ကမ္ဘာလုံး၌ ထွန်းလင်းသွားစေသည်။ ငါ၏ ဘုန်းတော်ကို တိုင်းနိုင်ငံတိုင်းတွင် တိုးပွားပြီး အသစ်ပေါ်ထွန်းစေလျက်၊ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်း၏စွမ်းအားမှ ခွန်အားရယူရန် လာရောက်နိုင်သည်။ ပြီးလျှင် ငါသည် လူ့ကမ္ဘာကို ရှေးကာလက လာရောက်ခဲ့ပြီး ငါ၏ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ယူဆောင်လာခဲ့ကြောင်း လူသားမျိုးနွယ် တစ်ရပ်လုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ ဘုန်းတော်သည် အရှေ့အရပ်မှ ထွန်းလင်းပြီး ကျေးဇူးတော်ခေတ်မှ ယနေ့တိုင် ယူဆောင် လာခဲ့သောကြောင့် ဖြစ်သည်။ ငါထွက်ခွာလာသည့်အရပ်သည် ဣသရေလပြည် ဖြစ်လင့်ကစား၊ ထိုနေရာမှ အရှေ့အရပ်သို့ ငါ ရောက်ရှိခဲ့ပေသည်။ အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင်မည် ဖြစ်သောကြောင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထိုနည်းအားဖြင့် ဣသရေလ လူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ကာ ယင်းမှာ ယုဒပြည်တွင် မရှိစေတော့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်) နောက်တော့ အဲဒါကို ကျမ်းစာထဲက ပရောဖက်ပြုချက်နဲ့ ယှဉ်ကြည့်လိုက်တယ်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အဲဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကိုက်တယ်။ လုံးဝ ကျမ်းစာနဲ့ ကိုက်ညီတာပဲ။ ဘုရားကလွဲလို့ ဘယ်သူက ဒီနက်နဲမှုတွေကို ဖော်ထုတ်နိုင်မှာလဲ။ ဒီစကားတွေက ကျွန်မကို ဆွဲဆောင်ခဲ့တယ်။ ဖတ်လေ၊ ဖတ်ချင်လေပဲ။ ဒီစာအုပ်ထဲမှာ ကျွန်မစိတ်နှလုံးထဲက ရှုပ်ထွေးမှုအတွက် အဖြေတွေ့တယ်လို့ ခံစားခဲ့ရတယ်။

အဲဒီနောက် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) ဒီအပိုဒ်ကို ကျွန်မ တစ်ဆက်တည်း နှစ်ကြိမ် ဖတ်လိုက်တယ်။ တွေးနေမိတာက ဘုရားရဲ့ အသံကို တွေ့နိုင်တဲ့ ဘယ်နေရာမှာမဆို၊ သူ့ခြေလှမ်းတွေကိုလည်း တွေ့နိုင်တယ်။ အဲဒါက ဘုရားပေါ်ထွန်းတဲ့ နေရာပဲလို့ပေါ့။ အဲဒါတွေက တကယ်ပဲ ဘုရားစကားတွေလား။ ဘုရားကလွဲလို့ အဲဒီလိုအရာတစ်ခုခုကို ဘယ်သူကမှ ပြောနိုင်မှာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ကျွန်မဖတ်ခဲ့ရတာ အဲဒါပဲ။ ဒီတော့ ဘုရားက အဲဒီအသင်းတော်မှာ အလုပ်လုပ်တာ ဖြစ်နိုင်တယ်။ ကျွန်မ စိတ်လှုပ်ရှားသွားပြီး ဆက်ဖတ်မိတယ်။

နောက်တော့၊ ဒီအပိုဒ်ကို အမှတ်တမဲ့ တွေ့တယ်။ “ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည်- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဒါပေမဲ့ ဒီအပိုင်းကို ဖတ်မိတော့၊ “ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည် တရုတ်နိုင်ငံ ဖြစ်သည်။” စိတ်ပျက်သွားပြီး ချက်ချင်း ရပ်လိုက်မိတယ်။ အဲဒီစာနှစ်ကြောင်းကို ငေးစိုက်ကြည့်ရင်းနဲ့ ကျွန်မ ဆက်တွေးနေမိတယ်။ “ဘုရား၊ တရုတ်ပြည်မှာ ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မဖတ်သင့်ဘူးထင်တယ်။ လမ်းလွဲသွားရင် ဘယ်လိုလုပ်မလဲ”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ ဒီစကားတွေက ဘုရားရဲ့ စကားတွေ ဖြစ်ပုံရတယ်။ မစစ်ဆေးကြည့်ဘဲ သခင်က တကယ် ပြန်ကြွလာပြီးပြီဆိုရင်၊ ကိုယ့်အခွင့်အရေးကို လက်လွတ်မိမှာ မဟုတ်လား။ အရမ်း ဝေခွဲမရဖြစ်ပြီး တွေးတာ မရပ်နိုင်ခဲ့ဘူး။ ဘာလို့ ဘုရားက တရုတ်ပြည်မှာ ပေါ်ထွန်းပြီး အလုပ်လုပ်မှာလဲ။ ဒါကို ကျမ်းစာနဲ့ ကျွန်မ ယှဉ်ကြည့်ပြီး၊ သခင်ယေရှုပြောတာကို ဖတ်လိုက်တယ်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) “အရှေ့အရပ်”ဆိုတာက တရုတ်ပြည်ကို ရည်ညွှန်းချက်များလား။ ဒါပေမဲ့ တရုတ်ပြည်က အရမ်း ခေတ်နောက်ကျပြီး ဘုရားမဲ့ဝါဒီက နိုင်ငံထဲမှာ လုံးဝ အာဏာရှိတာလေ။ တရုတ်ပြည်မှာ ဘုရားက ပေါ်ထွန်းပြီး အမှုပြုနိုင်ပါ့မလား။ အဲဒီလိုဖြစ်ခဲ့တယ်လို့ ဒီစာအုပ်ကို အရမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။ ကျွန်မ ချီတုံချတုံ ဖြစ်နေတုန်းပဲ။ ဆက်ဖတ်သင့်လား၊ လက်လျှော့သင့်လား။ နောက်တော့ အဲဒီနှစ်တွေတစ်လျှောက်လုံး ရှာဖွေရာမှာ ကျွန်မ ဘယ်လောက် ရုန်းကန်ခဲ့ပုံကို တွေးမိတယ်။ ဒါကြောင့် မျှော်လင့်ချက် ရေးရေး ရှိသရွေ့၊ လက်လျှော့လို့မဖြစ်ဘူး။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်နေ့မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီ ကျွန်မ သွားတယ်။ အပြစ်ကနေလွတ်မြောက်ဖို့နည်းလမ်း ဆိုတဲ့ဒေသနာကို အစ်ကိုတစ်ယောက်က ဟောနေတာ။ ကိုယ်တွေးတာနဲ့ တစ်ထပ်တည်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်နေတာ။ “ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

သူက မိတ်သဟာယပြုတယ်။ “ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကိုပဲ ဘုရားလုပ်တယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ မြင်နိုင်တယ်။ သခင်ယေရှုက ဝန်ချပြီး နောင်တရဖို့ လူတွေကို ပြောရင်းနဲ့ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်တယ်။ နာမကျန်းဖြစ်သူကို ပျောက်စေတယ်၊ နတ်ဆိုးတွေ နှင်ထုတ်ပြီး လူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။ လူသားမျိုးနွယ်ပေါ်လည်း အကန့်အသတ်မဲ့ ကျေးဇူးတော် ပေးသနားတယ်။ နောက်ဆုံးမှာ၊ အားလုံးအတွက် အပြစ်ဖြေယဇ်အနေနဲ့ ကားစင်တင်ခံခဲ့ရတယ်။ အဲဒီအချိန်ကတည်းက၊ အပြစ်ကနေ ခွင့်လွှတ်ခံရပြီး ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို မွေ့လျော်ရအောင် ကျွန်တော်တို့ လုပ်ဖို့ရှိသမျှက ဆုတောင်း၊ ဝန်ချဖို့ပဲ။ ဒါက ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှုရဲ့ အမှုတော်ပဲ။ ဒီတော့၊ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှု ပြီးစီးခြင်းက ဘုရားရဲ့ ကယ်တင်းခြင်း အမှု ပြီးသွားတဲ့ သဘောလား။ ဘယ်ဟုတ်မလဲ။ ရွေးနုတ်ခြင်းအမှုက ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ရုံခွင့်လွှတ်ပေးပေမဲ့၊ ကျွန်တော်တို့ အပြစ်နဲ့ပြည့်ခြင်း ရင်းမြစ်နဲ့ အပြစ်သဘာဝက ပြေလည်မသွားခဲ့ဘူး။ ကျွန်တော်တို့ တစ်ချိန်လုံး အပြစ်မလုပ်ဘဲ မနေနိုင်သေးဘူး။ ကျွန်တော်တို့ မာနထောင်လွှား၊ ကြွားဝါတယ်၊ လိမ်ညာ၊ လှည့်စားတယ်။ တစ်ခါတလေ မနာလိုတာ၊ မုန်းတီးတာတွေ ခံစားရတယ်။ နေ့မှာ အပြစ်လုပ်ပြီး ညမှာ ဝန်ချတဲ့ အခြေအနေမှာ အသက်ရှင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ကယ်ထုတ်လို့ မရဘူး။ ဟေဗြဲ ၁၂:၁၄ မှာ ပြောတယ်။ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ ဘုရားက သန့်ရှင်း၊ ဖြောင့်မတ်တယ်။ အရမ်း ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးတဲ့ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲ ဘယ်လို ဝင်ရမှာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ အပြစ်ရှိခြင်းရဲ့ သဘာဝကို ဖြေရှင်းဖို့၊ အချုပ်အနှောင်နဲ့ ချုပ်ချယ်မှုတွေကို အပြည့်အဝ စွန့်ပယ်ခွင့်ပေးဖို့နဲ့ သန့်စင်ပေးဖို့၊ ဘုရားနိုင်ငံတော်ထဲ ပို့ဆောင်ဖို့၊ သမ္မာတရားတွေ ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရင်း နောက်ဆုံးသော ကာလမှာ ကြွလာပြီ။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ‘လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်စေပြီး အပြည့်အဝ ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံး ဖော်ပြရင်းနဲ့ နှုတ်ကပတ်တော်သန်းချီ မိန့်မြွက်တယ်။ ကျွန်မတို့ရဲ့ ဘုရားကို ဆန့်ကျင်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို တရားစီရင်၊ ဖော်ထုတ်တယ်။ အပြစ်နဲ့ပြည့်ခြင်းနဲ့ ဘုရားကို ဆန့်ကျင်ခြင်း ရင်းမြစ်ကို အပြည့်အဝ ထုတ်ဖော်ပြရင်းနဲ့ပေါ့။ အပြစ်စွန့်ပစ်ခြင်းနဲ့ ဘုရားရဲ့ ကယ်တင်ခြင်း ရရှိတဲ့ လမ်းကြောင်းဆီကိုလည်း ကျွန်မတို့ကို ညွှန်ပြတယ်။ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်၊ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ပဲ။ အဲဒီအခါမှာ နောင်တခံစား၊ ကိုယ့်ကိုယ်ကိုယ် မုန်းပြီး ဘုရားဆီ နောင်တရနိုင်တယ်၊ ဖောက်ပြန်ပျက်စီးခြင်းကနေ လွတ်ပြီး သန့်စင်ခံရနိုင်တယ်။ နောက်ဆုံးသော ကာလထဲက ဘုရားအမှုတော်ဟာ သန့်စင်၊ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းပဲ”တဲ့။

ဒီညီအစ်ကိုရဲ့ မိတ်သဟာယက အရမ်းဉာဏ်အလင်းရတယ်။ ပခုံးပေါ်က ဝန်ပေါ့သွားသလိုပဲ။ လက်စသတ်တော့ သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့ပြီး၊ အပြစ်ဖြေယဇ်ကနေ လူဟာ အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရပေမဲ့၊ သူတို့ထဲက အပြစ်နဲ့ပြည့်တဲ့ သဘာဝ ကျန်နေတုန်းပဲကိုး။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို လက်ခံတာက အပြစ်ပြဿနာကို ဖြေရှင်းဖို့ အပြစ်ရဲ့ အချုပ်အနှောင်၊ အချုပ်အချယ်တွေ လွတ်ဖို့၊ သန့်စင်ခံရဖို့နဲ့ ဘုရားနိုင်ငံတော်ထဲ ဝင်ထိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဘုရားကိုယ်တိုင်ကသာ သူ့ရဲ့ စီမံခန့်ခွဲမှု အလုပ်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြနိုင်ပြီး၊ ဘုရားကသာ လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်နိုင်တယ်။ ဒါဘုရားရဲ့ အမှုတော်ပဲလို့ ကျွန်မ သေချာသွားတယ်။ ပီတိဖြစ်ခဲ့ရတယ်။

နောက်နေ့မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ်။ “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) ဒါကို ဖတ်ပြီးတော့၊ ကျွန်မကို ပိုရှင်းသွားစေတဲ့ မိတ်သဟာယနဲ့ သက်သေခံချက် ဝေမျှတယ်။ နောက်ဆုံးသော ကာလမှာ၊ ဘုရားက လူသားရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘောဝကို ဖြေရှင်းဖို့ သမ္မာတရား ဖော်ပြပြီး တရားစီရင်ခြင်းအမှု ပြုနေတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းကို လက်မခံဘဲ၊ ဘာသာတရားထဲမှာ ကိုယ့်ဘဝတစ်ခုလုံး ကုန်ဆုံးရင်၊ အပြစ်ကလွတ်ပြီး သန့်စင်ခံရမှာ မဟုတ်ဘူး။ ဘုရားရဲ့ ကရုဏာနဲ့ ကျေးဇူးတော်ကြောင့်၊ အပြစ်ကနေ သန့်စင်ခံရတဲ့ လမ်းကြောင်းကို နောက်ဆုံး ကျွန်မတွေ့ခဲ့တယ်။ အရမ်းစိတ်လှုပ်ရှားတယ်၊ မျက်ရည်မထိန်းနိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့ ရှစ်နှစ်ကျော်၊ အပြစ်ကို ဖယ်ရှားပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ လမ်းကြောင်းရှာရင်း၊ မရေမတွက်နိုင်တဲ့ အသင်းတော် အကြီး၊ အသေးတွေဆီ သွားခဲ့ပုံကို ပြန်တွေးမိတယ်။ ဒါပေမဲ့ အကြိမ်တိုင်း မျှော်လင့်ချက်နဲ့ ဝင်ပြီးတော့ စိတ်ပျက်ပြီး ပြန်သွားရတယ်။ သူ့အသံကို ကြားပြီး သူ့ရဲ့ ပေါ်ထွန်ခြင်းကို တွေ့မြင်ခွင့်ပေးတာ ဘုရားရဲ့ ကျေးဇူးတော်ပါ။ ကျွန်မ အရမ်းကောင်းချီးခံစားရတယ်။ နှစ်ချီ လှည့်လည်သွားလာပြီးတဲ့နောက် သူ့အမေဆီ နောက်ဆုံး ပြန်ရောက်တဲ့ ပျောက်ဆုံးတဲ့ ကလေးလိုပဲ ခံစားရတယ်။ ပြောမပြတတ်တဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ခံစားရတယ်။

ဒါပေမဲ့ ပြေလည်မသွားသေးတဲ့ ရှုပ်ထွေးမှုတချို့ ရှိတုန်းပဲ။ အဲဒီညီအစ်မကို မေးလိုက်တယ်။ “တရုတ်လူမျိုးတွေက ဗဟုသုတနည်းသလို ဘုရားကို ဆန့်ကျင်ကြတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားက ဘာလို့ အဲဒီမှာ ပေါ်ထွန်းပြီး အမှုပြုမှာလဲ”လို့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ သူ ဖတ်ပြတယ်။ “ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀၀၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံးဝ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။...ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲ အမှုသည် များစွာ ပိုမို လွယ်ကူလာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံးဝ အဆုံးသတ်လိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြဝဠာတစ်ခုလုံး၌ အောင်မြင်သည့်သဘောနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြောင်းရင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)) ပြီးတော့ မိတ်သဟာယပြုတယ်။ “ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ နောက်ဆုံးသော ကာလမှာ တရုတ်ပြည်မှာ ပေါ်ထွန်း၊ အမှုပြုဖို့က ဘုရားအတွက် အဓိပ္ပာယ် အရှိဆုံးပဲ။ အခု ဘုရားရဲ့ အမှုတော်က တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုဖြစ်တယ်။ လူသားရဲ့ ဘုရားကို ဆန့်ကျင်၊ ဆိုးယုတ်တဲ့ သဘာဝနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား အမျိုးမျိုးကို ဖော်ထုတ်ဖို့ သမ္မာတရား ဖော်ပြနေတာ။ ပုန်ကန်ပြစ်မှားတာ သည်းမခံတဲ့ သူ့ရဲ့ ဖြောင့်မတ်၊ ဘုန်းအာနုဘော်ရှိပြီး အမျက်နဲ့ ပြည့်တဲ့ စိတ်သဘောထားကို ပြနေတာ။ ဒါကြောင့် ပုံသက်သေဖန်တီးဖို့ နက်နက်ရှိုင်းရှိုင်း ဖော်ပြန်ပျက်စီးပြီး ဘုရားကို အဆန့်ကျင်ဆုံးသူတွေကို သူ ရွေးခဲ့တာပဲ။ ဒီလူတွေကြားမှာ အလုပ်လုပ်တာက လူသားမျိူးနွယ်အတွင်းက ဖောက်ပြန်ပျက်စီးခြင်း အမျိုးအစားတိုင်းကို ထုတ်ဖော်ပြဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ သူ့ရဲ့ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းကို ပိုပြတယ်။ ဒါက သူ့ရဲ့ တရားစီရင်ခြင်း အမှုထဲမှာ အကောင်းဆုံး ရလဒ်တွေ သူရရှိပုံပဲ။ ပြီးတော့၊ တရုတ်ပြည်က အဆင်းနီတဲ့ နဂါးကြီးရဲ့ သားရဲတွင်းလေ။ အဆင်းနီတဲ့ နဂါးကြီးက စာတန်ရဲ့ ပြယုဂ်ဖြစ်တယ်။ ဒီလူတွေက စာတန် ဖောက်ပြန်ပျက်စီးစေတာကို အခံရဆုံးပေါ့။ ဒါကြောင့် တရုတ်ပြည်က လောကရဲ့ဆိုးယုတ်မှု ဝင်ရိုးဖြစ်ပြီး၊ တရုတ်လူမျိုးတွေက အနက်ရှိုင်းဆုံး ဖောက်ပြန်ပျက်စီးသူတွေပဲ။ ဘုရားကို သူတို့ အငြင်းပယ်၊ အဆန့်ကျင်ဆုံးဖြစ်ပြီး၊ အဆုံးရွားဆုံး လူ့သဘာဝ ရှိကြတယ်။ တရုတ်လူမျိုးတွေဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ စံနမူနာပဲ။ တရုတ်ပြည်မှာ၊ ဘုရားပေါ်ထွန်း၊ အမှုပြုပြီး သမ္မာတရားတွေ ဖော်ပြတာ၊ တရုတ်လူမျိုးတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပုန်ကန်မှု တစ်ခုမကျန် ဖော်ထုတ်တာတွေက လူသားမျိုးနွယ်ကို ပိုသိမ်းပိုက်နိုင်ပါတယ်။ လူကို စာတန်က အရမ်း ဖောက်ပြန်ပျက်စီးစေပုံ အနှစ်သာရနဲ့ အမှန်တရားကို ပိုထိထိရောက်ရောက် ပြနိုင်တယ်။ ပြီးတော့ အညီညူးဆုံး၊ အဖောက်ပြန်အပျက်စီးဆုံး၊ ဘုရားကို အဆန့်ကျင်ဆုံး နိုင်ငံမှာ အမှုပြုခြင်း၊ တရုတ်ပြည်ရဲ့ ဗဟုသုတအနည်းဆုံးနဲ့ အရမ်း ဖောက်ပြန်ပျက်စီးတဲ့ လူတွေကို သိမ်းပိုက်၊ သန့်စင်ပြီး ပြောင်းလဲစေခြင်းအားဖြင့်၊ တခြားနိုင်ငံတွေရဲ့ လူမျိုးတွေဟာ ကယ်တင်ခံဖို့ ပိုလွယ်သွားမှာ။ ဘုရား ဒီလိုအမှုပြုတာက လူသားမျိုးနွယ် အားလုံးကို ဘုရားရဲ့ ကြီးမြတ်တဲ့ တန်ခိုးကို မြင်ခွင့်ပေးပြီး အပြည့်အဝ ယုံကြည်လက်ခံစေတယ်။ ဒါက ဘုရားရဲ့ ဩဇာအာဏာနဲ့ တန်ခိုးအပြင်၊ သူ့ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကို ထုတ်ဖော်ပြတယ်။”

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို သူ ပိုဖတ်ပြတယ်။ “တရုတ်လူမျိုးများသည် ဘုရားသခင်ကို မည်သည့်အခါကမျှ မယုံကြည်ခဲ့ပေ။ ၎င်းတို့သည် ယေဟောဝါကို မည်သည့်အခါကမျှ အစေမခံဖူးကြသကဲ့သို့၊ ယေရှုကို မည်သည့်အခါကမျှ အစေမခံဖူးကြပေ။ ၎င်းတို့သည် ဒူးထောက်ဦးချကြသည်၊ အမွှေးနံ့သာပေါင်းကိုသာ မီးရှို့သည်၊ အမွှေးစက္ကူကိုသာ မီးရှို့ကြပြီး၊ ဗုဒ္ဓကိုသာ ကိုးကွယ်ကြလေသည်။ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုသာ ကိုးကွယ်ကြသည်- ၎င်းတို့အားလုံးသည် အစွန်းရောက်သည်အထိ ပုန်ကန်တတ်ကြ၏။ ထို့ကြောင့် လူတို့၏ အဆင့်အတန်း နိမ့်ကျလေလေ၊ သင်တို့ထံမှ ဘုရားသခင် ရရှိသောအရာမှာ ဘုန်းအသရေ ဖြစ်လေလေဟူသည်ကို ပို၍ပင် ပြသပေသည်။...လူသား အယူအဆများအရ၊ ငါသည် အဆင့်အတန်း မြင့်မားသည်ကို ပြရန်၊ အလွန်အဖိုးတန်သည်ကို ပြရန်နှင့် ငါ၏ဂုဏ်အသရေ၊ သန့်ရှင်းခြင်းနှင့် ကြီးမြတ်ခြင်းတို့ကို ပြရန် နိုင်ငံကောင်းတစ်ခုတွင် မွေးဖွားခဲ့ရမည် ဖြစ်သည်။ ငါ့ကို အသိအမှတ်ပြုသော နေရာတစ်ခု၊ အဆင့်အတန်း မြင့်မားသော မိသားစုတစ်ခုတွင် မွေးဖွားလာခဲ့ပါက၊ ငါသည် ရာထူးနှင့် အဆင့်အတန်း မြင့်မားသောသူ ဖြစ်ပါက၊ ငါသည် အလွန်ကောင်းစွာ ဆက်ဆံခံရမည်ဖြစ်သည်။ ယင်းသည် ငါ၏အမှုအတွက် အကျိုးပြုလိမ့်မည် မဟုတ်သကဲ့သို့၊ အင်မတန် ကြီးမားသော ကယ်တင်ခြင်းသည် ထိုအခါ ထုတ်ဖော်ပြနိုင်လိမ့်ဦးမည်လော။ ငါ့ကို မြင်သောသူအားလုံးသည် ငါ့အား နာခံကြလိမ့်မည်ဖြစ်ပြီး၊ အညစ်အကြေးများနှင့် ၎င်းတို့ ညစ်ညမ်းစေခြင်းခံရလိမ့်မည်မဟုတ်။ ငါသည် ဤသို့သော နေရာမျိုးတွင် မွေးဖွားလာခဲ့သင့်သည်။ ယင်းမှာ သင်တို့ ယုံကြည်သော အရာဖြစ်သည်။ သို့သော် စဉ်းစားကြည့်လော့- ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ် ပျော်ရွှင်မှုအတွက် ကြွလာခဲ့သလော၊ အလုပ်အတွက် ကြွလာခဲ့သလော။ ငါသည် ဤသို့ လွယ်ကူပြီး၊ သက်သောင့်သက်သာရှိသည့် နေရာတွင် အမှုပြုခဲ့ပါက၊ ငါ၏ ဘုန်းအသရေ အပြည့်အဝကို ငါရနိုင်မည်လော။ ငါ၏ဖန်ဆင်းခြင်း အားလုံးကို ငါ သိမ်းပိုက်နိုင်ဦးမည်လော။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်)

အဲဒီနောက် မိတ်သဟာယပြုတယ်။ “နောက်ဆုံးသော ကာလမှာ ဘုရားက လူ့ဇာတိခံတာ၊ တရုတ်ပြည်မှာ ပေါ်ထွန်းပြီး အမှုပြုတာက ကြီးမားတဲ့ အရေးပါမှုကို သယ်ဆောင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ပြောပြတယ်။ တရုတ်လူမျိုးတွေကို ဘုရားကို အခုခံ၊ အမုန်းတီးဆုံး လူတွေပဲ။ အစွမ်းအစနဲ့ လူ့သဘာဝ မရှိဆုံးဖြစ်ပေမဲ့၊ ဘုရားက အမှုပြုဖို့ တရုတ်ပြည်ကို သွားရင်း၊ အရမ်း စိတ်ရှည်၊ သည်းခံခြင်းနဲ့ သမ္မာတရားကို ဖော်ပြရင်း အဲဒီမှာ လူ့ဇာတိခံခဲ့တယ်။ အညစ်ညူးဆုံးနဲ့ အဖောက်ပြန်အပျက်စီးဆုံး လူတွေကို ကယ်ဖို့ ကြီးမားတဲ့ အရှက်ရခြင်းကို သည်းခံခဲ့တယ်။ ဒါက ဘုရားဘယ်လို နှိမ့်ချ၊ ကွယ်ဝှက်ပုံကို ထုတ်ဖော်ပြပြီး၊ သူ့ရဲ့ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်း၊ လူသားမျိုးနွယ်အတွက် သူ့ရဲ့ ကိုယ်ကျိုးစွန့်၊ စစ်မှန်တဲ့ မေတ္တာကို ပြတယ်။ အဲဒါအပြင်၊ ဘုရားက ဖန်ဆင်းရှင် ဖြစ်မှန်းလည်း ကျွန်မတို့ မြင်နိုင်တယ်။ ဘယ်နိုင်ငံမှာမဆို၊ ဘယ်လူမျိုးကြားမှာမဆို၊ သူ့အမှုတော်ကို လုပ်ဆောင်ဖို့ ဩဇာအာဏာရှိတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံမှာ သူ ပေါ်ထွန်းပြီး အမှုပြုပါစေ၊ သူ့အမှုတော်က လူသားမျိုးနွယ် အားလုံးအတွက်ပါ။ လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ဖို့ပဲ။ နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က တရုတ်နိုင်ငံမှာ ပေါ်ထွန်း၊ အမှုပြုပြုနေတယ်၊ သမ္မာတရား ဖော်ပြနေတယ်။ အောင်မြင်သူတစ်စုကို သူ ပြုလုပ်နှင့်ပြီးပြီဖြစ်သလို၊ အခု သူ့ရဲ့ ဧဝံဂေလိက တစ်ကမ္ဘာလုံးအနှံ့ ပျံ့နေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက အရှေ့ကနေ အနောက်အရပ်ကို ထွန်းလင်းတဲ့ ကြီးမြတ်တဲ့ အလင်းဖြစ်ပါတယ်။ ပိုပိုများတဲ့ လူတွေက ဘုရားရဲ့ အသံကို ကြားနေကြတယ်၊ အစုလိုက်အပုံလိုက် အနန္တတန်ခိုးရှင် ဘုရားသခင်ဖက် လှည့်ပြန်ပြီး၊ ဘုရားရဲ့ သန့်စင်၊ ကယ်တင်ခြင်းကို လက်ခံနေကြတယ်။ ဘုရားရဲ့ အရင် အမှုတော် အဆင့်နှစ်ဆင့်က ဣသရေလနိုင်ငံမှာ ဖြစ်ခဲ့တဲ့အတွက် သူဟာ ဣသလေလူမျိုးတွေရဲ့ ဘုရားဖြစ်ပြီး၊ တရုတ်ပြည်မှာ ပေါ်ထွန်း၊ အမှုပြုမှာ မဟုတ်ဘူးလို့ တွေးရင်းနဲ့ ကိုယ့်အယူအဆနဲ့ စိတ်ကူးတွေနောက်လိုက်ရင်၊ အဲဒါ သူ့ကို ဘောင်ခတ်နေတာ မဟုတ်လား။ ဘုရားသခင် ပြောခဲ့သည်မှာ- ‘ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်’ (မာလခိ အနာဂတ္တိကျမ်း ၁:၁၁) အဲဒါဆိုရင် ဒီကျမ်းချက်က ဘယ်လို ပြည့်စုံတော့မှာလဲ။ နောက်ဆုံးသော ကာလမှာ ဘုရားက ဘုရားမဲ့ဝါဒ အုပ်စိုးတဲ့ တရုတ်ပြည်မှာ၊ လူ့ဇာတိခံပြီး အမှုပြုတာက လူ့အယူအဆတွေကို လုံးဝ ပြိုကွဲသွားစေတယ်။ အဲဒါက ဘုရားဟာ ဣသရေလူမျိုးတွေရဲ့ ဘုရားသာမဟုတ်ဘဲ၊ တစ်ပါးအမျိုးသားတွေရဲ့ ဘုရားလည်းဖြစ်တာကို ပြတာပဲ။ သူဟာ လူသားမျိုးနွယ်အားလုံးရဲ့ ဘုရားပဲ။ နိုင်ငံတစ်ခု၊ လူတစ်မျိုးတည်းရဲ့ ဘုရားပဲ မဟုတ်ဘူး။ တရုတ်ပြည်မှာ ဘုရားလူ့ဇာတိခံတာ၊ ပေါ်ထွန်းပြီး အမှုပြုတာက အရမ်းကို အဓိပ္ပာယ်ရှိတယ်”တဲ့။

သူ့ မိတ်သဟာယကို ကြားပြီးတော့ ကျွန်မ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်တယ်။ ဘုရားအမှုတော်ကို ကျွန်မ နားမလည်ပေမဲ့၊ ဘုရားကို ဘောင်ခတ်ရာမှာ သင်းအုပ်တွေနဲ့ အတူ လုပ်ခဲ့တယ်၊ တရုတ်ပြည်မှာ သူ အမှုပြုဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ တွေးရင်းနဲ့ပေါ့။ ကျွန်မ မာနထောင်လွှားပြီး မသိနားမလည်လိုက်လေခြင်း။ ဒီအကြောင်းတွေးတာကိုက လန့်စရာပါ။ ဘုရားရဲ့ ကျေးဇူးတော်ကြောင့်၊ သူ့အသံကို ကြားပြီး သူ့ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ အခွင့်အလမ်းကောင်း ကျွန်မ ရခဲ့တယ်။ မဟုတ်ရင်၊ ကိုယ့်အယူအဆတွေအရ ဘုရားကို ဘောင်ခတ်နေမိဦးမှာ၊ သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ရှုတ်ချနေမိဦးမှာ ဖြစ်ပြီး၊ သူ့ရဲ့ ကယ်တင်ခြင်းကို ရဖို့ မျှော်လင့်ချက် ရှိမှာ မဟုတ်ဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ သခင်ယေရှု ဒီလိုပြောတာကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံလိုက်ရပြီ။ “ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။(ရှင်မဿဲခရစ်ဝင် ၇:၈) ဒီနှုတ်ကပတ်တော်တွေက အရမ်းစစ်မှန်ပြီး ဘုရားက သစ္စာရှိပါတယ်။ ကျွန်မတို့ ရှာဖွေသရွေ့၊ ဘုရားက ကျွန်မတို့ကို ဦးဆောင်လမ်းပြပြီး ဉာဏ်အလင်းပေးမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရား၏ နာမသည် ဧကန်အမှန် နက်နဲလှ၏

ဂျက် ကနေဒါနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။...

YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

ဖြူသောပလ္လင်ကြီးရဲ့တရားစီရင်မှု စတင်လိုက်ပြီ

ကျွန်မက ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ၊ ဆုတောင်းနည်းတွေ ကျမ်းစာဖတ်ပုံတွေကို စပြီးသင်ယူတယ်။ နေ့စဉ်ဘဝမှာ သခင့်နှုတ်ကပတ်တော်တွေကို လိုက်နာဖို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။