လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

05.09.2019

ရန်ရွယ်၊ ယူဆီမြို့၊ ရှန်စီမြို့နယ်

ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မ ဖခင်သည် လူကောင်းတစ်ယောက်ဟု ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့သည်။ တစ်နေ့သောအခါ ကျွန်မ၏ ဖခင်ဖြစ်သူကို အသင်းတော်ကနေ ထုတ်ပယ်လိုက်ကြောင်းကို ကျွန်မရုတ်တရက် ကြားသိလိုက် ရသည်။ ထိုအချိန်က ကျွန်မကို လုံးဝ ကြက်သေ သေသွားစေပြီး နားမလည်ခဲ့ပါ။ ကျွန်မနှလုံးသားထဲတွင် ကျွန်မ၏ အဖေက ကမ္ဘာပေါ်တွင် အကောင်းဆုံးသော လူသားတစ်ဦး အဖြစ်ရှိသည်။ သူက စိတ်တိုတတ်သော်လည်းပဲ၊ ကျွန်မတို့ ညီအစ်မများကို အကောင်းဆုံး စောင့်ရှောက်ပေးခဲ့သကဲ့သို့ ၊ ကျွန်မတို့အပေါ် မည်သည့်အခါမှ ရိုက်နှက်ခြင်း သို့မဟုတ် ဆူပူကြိမ်းမောင်းခြင်းမျိုး မရှိခဲ့ပါ။ ကျွန်မတို့၏ မိသားစု၏ ရုန်းကန်မှုများရှိသော်လည်း၊ ဒုက္ခဆင်းရဲကို မည်မျှပင် ခံနေရသော်လည်း၊ သူက ကျွန်မတို့ကို မခံစားစေခဲ့ပါ။ ကျွန်မတို့ မိသားစုတစ်စုလုံး ဘုရားသခင်၏ အလုပ်ကို လက်ခံပြီးသည့်နောက်တွင် ကျွန်မ၏ အဖေက သူ၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့ စိတ်ဆန္ဒ ပြင်းပြနေသည့်အပြင် ကျွန်မတို့၏ တာဝန်များကို အမှန်တကယ် ကျေပွန်စွာ လုပ်ဆောင်ဖို့ အတွက်လည်း မကြာခဏ တိုက်တွန်းခဲ့သည်။ ကျွန်မ၏ အဖေက တစ်ခါတစ်လေ အနည်းငယ် အရိုင်းဆန်သော်လည်းပဲ ဖြည့်ဆည်းရမည့် တာဝန်များ ရှိပါက၊ မိုးသက်လေပြင်း မည်မျှပင် ကျနေပါစေ သို့မဟုတ် မည်မျှပင် ခက်ခဲကြမ်းတမ်း နေပါစေ၊ နည်းလမ်းရှာကြံပြီး ဤအရာများကို ပြီးမြောက်အောင် လုပ်ဆောင်မည့်သူ ဖြစ်ပါသည်။ ဤကဲ့သို့ ကောင်းမွန်သည့် လူကောင်း တစ်ယောက်က မည်သို့များ ထုတ်ပယ်ခြင်း ခံရသနည်း။ သူ့လိုလူမျိုး ကပင် ကယ်တင်ခြင်း မရနိုင်ပါက၊ မည်ကဲ့သို့လူမျိုးက ရနိုင်မည်နည်း။ အသင်းတော်က ကျွန်မ အဖေကို တရားမျှတစွာ မဆက်ဆံပါဟု ခံစားခဲ့ရသည့်အတွက် ဤကဲ့သို့ အခြေအနေက ကျွန်မ စိတ်ထဲတွင် မကျေမချမ်းမှုနှင့် ပဋိပက္ခများ ပြည့်နှက်နေ စေခဲ့သည်။ ကျွန်မ၏ နှုတ်ကနေ ဖွင့်မပြောခဲ့သော်လည်းပဲ၊ ကျွန်မ၏စိတ်ကို ငြိမ်သက်အောင် လုပ်ဖို့ခက်ခဲပြီး စိတ်ပင်ပန်းဆင်းရဲသည့် ဒဏ်ကိုလည်း မချိမဆံ့ ခံစား နေခဲ့ရသည်။

လွန်ခဲ့သည့်ရက် အနည်းငယ်က ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ အောက်ပါတို့ကို ကျွန်မ တွေ့ခဲ့သည်- “သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြု သောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏ နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားသခင်၏ စကားများကို ဆင်ခြင်တွေးတောပြီးသည့် အခါမှ လူတစ်ယောက်က ဖြောင့်မတ်လား သို့မဟုတ် ကောက်ကျစ်လား ဆိုသည်ကိုသိဖို့၊ သူတို့၏ အပြင်ပန်း အပြုအမူက ကောင်းမကောင်း သို့မဟုတ် သူတို့၏ အခြားသူများနှင့် ဆက်ဆံရေးက မည်သို့ရှိကြောင်းကိုသာ ကြည့်ရန် မဟုတ်ကြောင်းကို ကျွန်မ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ ထိုအစား ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးကို ကြည့်ပြီး စစ်မှန်သည့် နာခံမှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့မှု သူတို့တွင် ရှိမရှိ၊ သူတို့က ဘုရားသခင်နှင့် သဟဇာတ ဖြစ်မဖြစ် တို့ကို ကြည့်ရပါမည်။ တစ်ယောက်ယောက်က အခြားသူများနှင့် ကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေး ရှိသည်၊ တခြားလူများကို မကြာခဏ ကူညီသည်၊ ပြီးလျှင် သူတို့ကို ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံသည်၊ သို့သော်လည်းပဲ သူတို့က ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ပါက၊ သူတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို မရှာဖွေပါက၊ သူတို့တာဝန်ကို သူတို့ကိုယ်ပိုင် လှုံ့ဆော်မှုများနှင့် အပြစ်ကျူးလွန်ပါက၊ ပြီးလျှင် သူတို့၏ အယူအဆများနှင့် ကိုယ်တော်၏ အလုပ်တို့ မကိုက်ညီသည့်အချိန်တွင် ဘုရားသခင်ကို ဝေဖန်ပြီး ခုခံပါက၊ ထိုလူက သူတော်ကောင်းယောင်ဆောင်သည့် လူတစ်ယောက် ဖြစ်ပါသည်။ သူတို့က လှည့်စားတတ်သည့်၊ မျက်နှာနှစ်ဘက် ရှိသည့် ဆိုးယုတ်သည့် လူတစ်ယောက် ဖြစ်သည်။ ဤနားလည်သဘောပေါက်မှုနှင့် ကျွန်မက မိမိဖခင် ပြုခဲ့သည့် အပြုအမူတစ်ချို့ကို စပြီး ပြန်ပြောင်းတွေးမိပါသည်။ ယခင်ဂိုဏ်းဂဏတွင် ကျွန်မ၏အဖေက ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင့် အလုပ်၏ ဤအဆင့်ကို လက်ခံပြီးသည့်နောက်တွင် သူ့၏ သဘာဝက အရမ်းကို မာနထောင်လွှားတတ်ခြင်း ကြောင့်၊ အသင်းတော်ရှိ ညီအစ်ကို မောင်နှမများက သူ့ကို ခေါင်းဆောင် တစ်ယောက်အဖြစ် မရွေးချယ် ခဲ့ကြပါ။ သူ့ကို ခိုင်းသမျှကို လုပ်ပေးပြီး အပြင်ပန်းတွင် နာခံသည့်သူအနေနှင့် မြင်ရသော်ငြားလည်း ၊ သူ့၏ လျှို့ဝှက် ရည်မှန်းချက်တွင် ခေါင်းဆောင်များ၏ “ပလ္လင်” ပေါ်တွင် နောက်တစ်ကြိမ် ထိုင်ရရေးအတွက်သာ ဖြစ်သည်။ နောက်ပိုင်း သူ့၏ဆန္ဒများ ဖြစ်မလာသည့်အခါတွင် သူ့၏ဇာတိအမှန်ကို ပြပြီး အသင်းတော်တွင် အလွန်အမင်း ဘဝင်မြင့်ပြခြင်း၊ မည်သူ တစ်စုံတစ်ယောက်ကိုမှ နားမထောင် ခြင်းနှင့် ဘယ်ကိစ္စတွင်မဆို သူ့စကားကိုပဲ နားထောင်ကြဖို့ လူများကို ဖိအားပေးခဲ့သည်။ သူ့စိတ်တိုင်း မကျသည့် အလုပ်သမားတစ်ယောက်ကို တွေ့ပါက၊ ဝေဖန်သည်၊ သိမ်ငယ်စေသည်၊ နှောင့်ယှက်သည်။ သူက ညီအစ်ကို မောင်နှမများ ကြားတွင် မကျေနပ်မှုများကို သွေးထိုးပေးသည်၊ အသင်းတော်၏ အသက်တာကိုလည်း ပြင်းပြင်းထန်ထန် နှောင့်ယှက်ပြီး၊ ဟန့်တားခဲ့သည်။ ခေါင်းဆောင်များနှင့် ဝန်ထမ်းများက သူနှင့် အကြိမ်ပေါင်းများစွာ သမ္မာတရားကို မိတ်သဟာယပြုခဲ့ကြသည်၊ သူ့ကို ပြုပြင်ပြီး ရိုက်နှက် ဆုံးမခဲ့သည့်အပြင်၊ သတိပေးမှုများ ပြုလုပ်ခဲ့သော် လည်းပဲ၊ သူက နောင်တ တစ်စုံတစ်ရာပြဖို့ နေနေသာသာ၊ လုံးဝ သတိမမူမိဘဲ ရှိခဲ့သည်။ ဤသည်မှာ ကောက်ကျစ်သည့်သူ၏ အမူအကျင့်ပဲ မဟုတ်ပါလား။ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင် ဖြစ်ပါသည်၊ “လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ကျွန်မအဖေ၏ အပြုအမူများက ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ခြင်းကို မလိုက်နာရုံသာမက၊ အသင်းတော်ကိုလည်း ဖျက်လို ဖျက်ဆီးပင် ဖြစ်စေပါသည်။ သူက တန်ခိုးအာဏာ နှင့် အဆင့်အတန်း တို့အတွက် ယှဉ်ပြိုင်ရာတွင် ဆိုးယုတ်မှု ဟန်ပန်အားလုံးကို ပြုခဲ့သည်။ ထိုကဲ့သို့ အနှစ်သာရက ဘုရားသခင်ကို ခုခံသည့် လူတစ်ယောက်၏ အနှစ်သာရဖြစ်ပြီး၊ ဆိုးယုတ်သည့် လူတစ်ယောက် နှင့် သက်ဆိုင်ပါသည်။ ဤသည်ကိုကျွန်မက သူ့၏ အပြင်ပန်း လုပ်ဆောင်ချက်များ ဖြစ်သည့် ကျွန်မကို ဂရုတစိုက်နှင့် ကျွေးမွေးစောင့်ရှောက်ခြင်း၊ သူ့၏ဖခင်တာဝန် ကျေပွန်ခြင်းများကိုကြည့်ပြီး သူ့ကို လူကောင်းတစ်ယောက် အဖြစ် သတ်မှတ်ကာ၊ အသင်းတော်က သူ့ကို မထုတ်ပယ်သင့်ပါဟုပဲ တွေးထင်ခဲ့သည်။ သို့သော်လည်း သူ့၏အပြင်ပန်း ကောင်းမှုလုပ်ဆောင်ချက်များက ဘုရားသခင်ကို နာခံခြင်းနှင့် မညီမျှသည့်အပြင် ဖြောင့်မတ်သည် ဟုလည်း မခေါ်ဆိုနိုင်ပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းကို အမှန်တကယ် နာခံပြီး ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လိုလိုလားလား လက်ခံပြီး၊ စိတ်သဘောထား ပြောင်းလဲဖို့ ရှာသည့်သူသာ ကယ်တင်ခြင်းကို ရရှိနိုင်ပါသည်။ ကျွန်မအဖေက ဤနေ့တွင် ထိုအခြေအနေကို ကျရောက်သွားခြင်းက သူ့ကိုယ်သူသာ အပြစ်တင်ဖို့သာ ရှိပါသည်။ ယင်းမှာ သူ့၏ ဆိုးရွားလှသည့် သဘာဝ ကြောင့် ဖြစ်ပြီး၊ သူ့ထံတွင်လည်း မည်သူ့ကိုမှ အပြစ်တင်စရာ မရှိပါ။ ထို့အပြင် ဤအရာက ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထား၏ အထင်အရှားပြ ခြင်းသာ ဖြစ်ပါသည်။

အို ဘုရားသခင်၊ ဒီပတ်ဝန်းကျင် အနေအထားကို အသုံးပြုပြီး ကျွန်မရဲ့ မှားယွင်းနေတဲ့ အမြင်ကို သမ္မာတရားရဲ့ ရှုထောင့်ကနေပြီး ကိုယ်တော့်ရဲ့ သန့်ရှင်းခြင်း၊ ကိုယ်တော့်ရဲ့ ဖြောင့်မတ်ပြီး ကြီးမြတ်တဲ့ စိတ်နေသဘောထားကို ဘယ်သူတစ်ဦးတစ်ယောက်မှ မချိုးဖောက်ရကြောင်းကို သိမြင် စေခဲ့တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဒီအရာက သမ္မာတရားမရှိရင် အရာရာကို ပိုင်းခြားသိမြင်ဖို့ ခက်ခဲကြောင်း ကျွန်မကို နားလည်စေခဲ့ပါတယ်။ အခုကနေ စပြီး ကျွန်မရှေ့မှာ ဘယ်လိုမျိုး အမှုအရာပဲ ရှိလာပါစေ၊ လူတစ်ယောက်အပေါ် သူတို့ရဲ့ အပေါ်ယံ ပြင်ပန်းသဏ္ဌာန်ကို ကြည့်ပြီး မဝေဖန်တော့ပါဘူး။ သမ္မာတရားရဲ့ ရှုထောင့်ကနေကြည့်ပြီး ကိုယ်တော် လုပ်သမျှ အားလုံးကို လက်ခံပါမယ်။ ကိုယ်တော် လုပ်တဲ့ အမှုအရာတွေကို မမြင်နိုင်ခဲ့ရင်တောင်မှ ကိုယ်တော် လုပ်သမျှ အားလုံးဟာ မှန်ကန်တယ်လို့ ကျွန်မယုံကြည်နေပါမယ်။ ကျွန်မဟာ ဘယ်တော့မှ လူသားတစ်ဦးရဲ့ ရှုထောင့်ကနေပြီး ပိုင်းခြားစိတ်ဖြာမှုနဲ့ စစ်ဆေးမှုတွေကို ပြုလုပ်တော့မှာ မဟုတ်ပါဘူး။ ကျွန်မဟာ သမ္မာတရားဘက်က ရပ်တည်ပြီး ကျွန်မကိုကျွန်မ အမြဲတမ်းသတိပေးကာ ကိုယ်တော့်ရဲ့ သက်သေအဖြစ် ရပ်တည်သွားပါ့မယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ညံ့ဖျင်းသော အရည်အချင်းသည် ဆင်ခြေမဟုတ်

လင်းရန် တရုတ်နိုင်ငံယခင်က၊ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေချိန်တွင် အခက်အခဲအချို့ကို ကျွန်မ ရင်ဆိုင်ရသည့်အခါတိုင်း သို့မဟုတ် ကျွန်မ၏ အလုပ်ကို...

လူတွေကို မစဉ်းမစား ကိုးကွယ်ပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း

ကျန်းလင် တရုတ်နိုင်ငံ ၂၀၁၉ခုနှစ်မှာ အသင်းတော်တစ်ခုမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်တုန်းက အထက်ခေါင်းဆောင်နှစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

ဧဝံဂေလိတရားကို မျှဝေခြင်း အတွေ့အကြုံတစ်ခု

ဖူစူး တောင်ကိုရီးယားနိုင်ငံ ကျွန်မက အန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံပြီးတဲ့နောက်ပိုင်း ဧဝံဂေလိတရားစဟောဖြစ်ခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။