ဘုရားသခင်သည် ကျွန်မဘေးတွင် ရှိသည်

11.04.2019

ဂွါဇီး၊ အမေရိကန်နိုင်ငံ

ကျွန်မသည် ခရစ်ယာန် မိသားစုတစ်စုတွင် မွေးဖွားလာခဲ့ပြီး၊ ကျွန်မအသက် ၁ နှစ်သား အရွယ်တွင် ကျွန်မ အမေက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သော ပြန်ကြွလာသည့် သခင်ယေရှု၏ အမှုတော်အသစ်ကို လက်ခံခဲ့သော်လည်း ကျွန်မ အဖွားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ကျွန်မ ငယ်စဉ်က အဖွား မကြာမကြာ ပြောလေ့ရှိသော စကားများဖြစ်သည့် “သမီးနေမကောင်းတာ ဒါမှမဟုတ် အိမ်စာမလုပ်နိုင်တာမျိုး ဖြစ်ရင်၊ သခင်ယေရှုကိုသာ ဆုတောင်းလိုက်။ ကိုယ်တော်က သမီးကို ဉာဏ်ရည်နဲ့ ဉာဏ်ပညာတို့ပေးလိမ့်မယ်၊ သမီးလုံခြုံမှု အတွက် ကိုယ်တော်က စောင့်ရှောက်လိမ့်မယ်” ဆိုသည်ကို အမှတ်ရမိပါသည်။ ကျွန်မ အမေကမူ ကျွန်မကို “ဘုရားသခင်က ဒီကမ္ဘာလောကကို ဖန်ဆင်းတော်မူပြီး လူသားတွေကို ဖန်ဆင်း ခဲ့တယ်။ ကိုယ်တော်က အမေတို့ဘေးမှာ အမြဲတမ်း ရှိတယ်။ သမီးလေး ပြဿနာတစ်စုံတစ်ခုတွေ့တဲ့အချိန် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းဖို့ သတိရပါ။ ကိုယ်တော်က သမီးကို ဂရုစိုက်ပြီး၊ ကာကွယ်လိမ့်မယ်” ဟု မကြာခဏပြောလေ့ ရှိပါသည်။ ဤမတူညီသည့် အသံနှစ်ခု ကျွန်မနားထဲတွင် အဆက် မပြတ် ကြားနေသည်။ တစ်ခါက ကျွန်မအမေကို မသေချာစွာဖြင့် “အဖွားက သမီးကို သခင်ယေရှုဆီမှာ ဆုတောင်းစေချင်တယ်၊ ပြီးတော့ အမေက သမီးကို အနန္တတန်ခိုးရှင်ဘုရားသခင် ဆီမှာ ဆုတောင်းစေချင်တယ်။ သမီးဘယ်သူ့စကားကို နားထောင်သင့် လဲ” ဟု မေးခဲ့ရာ အမေက “တကယ်တော့ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့က ဘုရားတစ်ပါးတည်းပါ သမီးရယ်။ ခေတ်တွေ ကွဲပြားကုန်လို့ ဘုရားသခင်ယူခဲ့တဲ့ နာမတော်တွေ နဲ့ ဘုရားသခင်ပြုတော်မူတဲ့ အမှုတော်တွေက မတူကြတာပါ။ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုတော် ကို ပြုပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က နိုင်ငံတော်ခေတ် ရဲ့ အမှုတော်ကို ပြုတယ်လေ။ ကိုယ်တော်က ခေတ်တိုင်းမှာ ကိုယ်တော်အမှုတော်ပြုတဲ့နည်းလမ်းကို ပြောင်းလဲလေ့ရှိပြီး သူ့နာမတော် ကိုလည်း ပြောင်းတယ်လေ။ ဒါပေမဲ့ ကိုယ်တော့် နာမတော်နဲ့ အမှုတော်တွေ ဘယ်လိုပဲပြောင်းပါစေ၊ ကိုယ်တော့် အနှစ်သာရကတော့ မပြောင်းလဲပါဘူး။ ဒီနေ့မှာ သမီးက ကျောင်းသွားဖို့ အနီရောင်ဝတ်ထားပြီး၊ မနက်ဖြန် စားသောက် ဆိုင်သွားဖို့ အပြာရောင်ဝတ် သလိုမျိုးပဲ၊ သမီးက မတူတဲ့ အဝတ်ကို ဝတ်ထားပြီး၊ မတူတဲ့ နေရာသွား၊ ပြီးတော့ မတူတဲ့ အလုပ်တွေလုပ်နေပေမဲ့လည်း သမီးကသမီးပဲလေ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ခေတ်သစ် ရောက်လာတဲ့အချိန်မှာ အမေတို့က ကိုယ်တော်ရဲ့ အမှုတော်အသစ်အတိုင်း လိုက်နိုင်ရမယ်။ ဒါ့ကြောင့် အမေတို့က အခု အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းသင့်တာပေါ့” ဟု ပြောခဲ့သည်။ အမေ့ရှင်းလင်းချက်ကို ကြားသော်လည်း၊ ကျွန်မ နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးနေ ဆဲဖြစ်ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်အသစ် အပေါ် သံသယဖြစ်သည့် စိတ်နေ သဘောထားမျိုး အနည်းငယ် ရှိနေဆဲဖြစ်သည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လ တွင် ကျွန်မ ရေခြားမြေခြားတွင် ပညာသင်ယူရန်အတွက် အမေရိကန်နိုင်ငံသို့ လာရောက်ခဲ့သည်။ ကျွန်မအမေကလည်း လအနည်းငယ်အကြာတွင် ရောက်လာပြီး၊ အမေရိကန်နိုင်ငံမှ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုအချိန်မှစပြီး ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တည်ရှိမှုကို နည်းနည်းချင်း စတင်တွေ့ကြုံ ခံစားလာခြင်းဖြစ်သည်။ ကျွန်မ ပညာသင်ရန် အမေရိကန်နိုင်ငံကို ရောက်ခါစက၊ အထူးသဖြင့် သူတစ်ပါးနေအိမ်တွင် ကျွန်မဘာသာ နေထိုင်ခဲ့ရခြင်းဖြင့် ဤနေရာတွင် ဘဝကို လိုက်လျော ညီထွေ ဖြစ်အောင် ညှိနှိုင်းနေထိုင်ရန် အလွန်ခက်ခဲကြောင်း တွေ့ ခဲ့ရသည်။ ကျွန်မက အလွန် သတ္တိနည်းသောကြောင့်၊ တစ်ယောက်တည်းအိပ်ရန် ကြောက်တတ်ပါသည်။ ကျွန်မအမေ က “ဘုရားသခင်ရဲ့ သြဇာအာဏာက ယှဉ်ပြိုင်တုပလို့မရတာကို အမေတို့ယုံကြည်ရမယ်။ စာတန်နဲ့ နတ်ဆိုးတွေကလည်း ကိုယ်တော့် သြဇာအာဏာ အောက်မှာပဲ ရှိတာလေ။ ဒါ့ကြောင့် သမီးညဖက်မှာ ကြောက်တဲ့အချိန် ဘုရားသခင်ကိုသာ ဆုတောင်း လိုက်။ သမီးနှလုံးသားထဲမှာ ဘုရားသခင် ရှိနေသရွေ့၊ စာတန်က သမီးနားကို မလာနိုင်ဘူး” ဟု ကျွန်မကို ပြောသည်။ အမေ ထိုသို့မိတ်သဟာယပြုသည်ကို ကြားတိုင်း၊ ကျွန်မ ပိုမိုငြိမ်သက် လာကာ၊ နှလုံးသားထဲတွင် စိတ်အေးသက်သာ ရှိသည်ဟု ခံစားခဲ့ရပါသည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်မသည် စုဝေးမှုများကို စတင်တက်ရောက်ခဲ့သော်လည်း ကျွန်မယုံကြည်မှုတွင် အတွေ့ အကြုံများစွာ မရှိသေးသောကြောင့် အချိန်အတော်ကြာအောင် စုဝေးမှုများတွင် အားစိုက်ခဲ့ရပါသည်။ နောက်ပိုင်းအထိ ဘုရားသခင်၏ စစ်မှန်သည့်တည်ရှိ မှုနှင့်ဆိုင်သော လက်တွေ့ ကျသည့် ကိုယ်ပိုင်တွေ့ကြုံခံစားမှုလည်း မရှိခဲ့ပါ။ အရေးကိစ္စ အနည်းငယ်ကို ကျော်ဖြတ်လာပြီး နောက်မှသာလျှင် ကျွန်မ နှလုံးသားတွင်း၌ အနန္တတန်ခိုးရှင်ဘုရားသခင်သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ပြီး၊ ကိုယ်တော်သည် ကျွန်မနံဘေးတွင် အမြဲရှိနေသည်မှာ မှန်ကန်ကြောင်း အတည်ပြု ခဲ့သည်။

သောကြာနေ့ နေ့လည်ခင်းတစ်ခုတွင်၊ ကျွန်မ ကျောင်းချိန်ပြီး ဆုံးပြီး အိမ်ပြန်ဖို့အတွက် အနုပညာအတန်း တစ်တန်းသာ တက်ရောက်ဖို့ ကျန်တော့သည်။ အတန်းဖော်တစ်ယောက်က ကျွန်မကို ရုတ်တရက်ကြီး “ငါတို့ကျောင်းလစ်ပြီး မြို့ထဲမှာ အစားစားပြီး စျေးဆိုင်တွေကို မဝယ်ပဲ လျှောက်ကြည့် ကြရအောင်။ တကယ်ကောင်းတဲ့ ပင်လယ်စာစားသောက်ဆိုင် အသစ်တစ်ခုဖွင့်ထားတယ်လို့ ငါကြား တယ်” ဟု ပြောလာ ခဲ့သည်။ ဤသည်ကို ကြားရင်းဖြင့် ကျွန်မက စားလိုစိတ် ပေါက်လာသည်။ ကျွန်မမှာ နေ့လည်စာ ဘာမျှ မစားရသေး သည့်အပြင် အလွန်ပင် ဆာလောင်နေခဲ့သည်။ ကျွန်မ ဗိုက်က ဘင်ခရာတီးဝိုင်းလှည့်နေပြီး၊ ကျွန်မကိုလည်း အတင်းအကျပ် တိုက်တွန်းနေလိုက်သည်မှာ ပင်လယ်စာ စားသောက်ဆိုင်ကို သွားရန် တွန်းထိုးနေသကဲ့သို့ပင် ဖြစ်လေသည်။ သို့သော်လည်း ကျွန်မက တုံ့ဆိုင်းနေဆဲ ဖြစ်ပါသည်။ ကျွန်မ တစ်ခါမျှ ကျောင်းမလစ်ဖူးပါ။ မိသွားလျှင် ဘယ်လို လုပ်မည်နည်း။ သို့သော်လည်း ကျွန်မကတို့အတန်းထဲက ရှောင်လီ ဆိုသော ကျောင်းသူတစ်ယောက်မှာ မည်သူမျှ မသိအောင် အရေးကြီး သော အတန်းကို ဖျက်ခဲ့ပေါင်းလည်း မနည်းတော့ပါ။ ထို့ကြောင့် ကျွန်မလည်း လူမမိလောက်ပါဘူးဟု ကျွန်မတွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်မအတန်းဖော်နှင့်သွားရန် သဘောတူကာ၊ ကျွန်မ အနုပညာဆရာကို နေ့လည်တွင် ဆရာဝန်ဆီသို့ သွားရန်ရှိပြီး၊ စောစီးစွာ အတန်းမှ ထွက်ခွာရမည်ဟု ဆိုကာ ကျွန်မ ပျက်ကွက်မှုအတွက် ခွင့်တောင်းခဲ့သည်။ ထို့နောက် ကျွန်မ အတန်းဖော်နှင့် ကျွန်မတို့ အငှားကားစီးပြီး မြို့ထဲသို့သွားကာ စျေးဆိုင်တွေကို မဝယ်ပဲ လျှောက်ကြည့်ပြီး၊ အစားစားကြ လေသည်။ ထို့နောက် ထိုညနေက ကျွန်မ ၈နာရီ သို့မဟုတ် ၉ နာရီတိုင် အိမ်ပြန် မရောက်ခဲ့ပါ။ အိမ်ပြန်ရောက်ပြီးနောက်၊ နိုင်ငံတကာကျောင်းသားများကို ကြီးကြပ်ကွပ်ကဲသည့် ဆရာ တစ်ယောက်ထံမှ ကျွန်မကို နောက်အတန်းချိန်တွင် ဆရာဝန်ထံသို့သွားရောက်သည့် ဆေးမှတ်တမ်း ယူဆောင်လာ ရန် တောင်းထားသည့် အီးမေးလ်တစ်စောင်ကို ရရှိခဲ့သည်။ ၎င်းကိုကြည့်ရင်းဖြင့် ကျွန်မ အထိတ်တလန့်ဖြစ်ကာ၊ အတန်းဖော်များ နှင့် ဆွေးနွေးရန် အလျင်အမြန်သွားခဲ့သည်။ တစ်ယောက်က “နင်ကလည်း ဆရာ့ကို ဘာမှတ်တမ်းမှ ပေးစရာ မလိုပါဘူး။ ဒါက ကိုယ်ရေးကိုယ်တာလေ” ဟု ပြောသည်။ သူပြောသည်မှာ မှန်သည်ဟု ကျွန်မ ခံစားရသော်လည်း ကျွန်မကိုယ်တိုင်က ဤကိစ္စတွင် မှားယွင်းနေသည့် အားလျော်စွာ မိမိကိုယ်ကို ဒေါသတကြီးပြန်ပြီး ငြင်းခုံဖို့ ကသိကအောက် ခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်မအိမ်ရှင် အဒေါ်ကြီးအား တစ်စုံတစ်ခု ကူညီတွေးတောပေးပါရန် တောင်းဆိုခဲ့သည်။ သူမက ကျွန်မကို ကြီးကြပ်သူထံသို့သွားရောက်ကာ၊ မိမိအမှားကို ဝန်ခံရန် ပြောလေသည်။ သူမပြောသည်ကို နားထောင်ရင်းဖြင့် ကျွန်မနှလုံးသားမှာ အခက်ကြုံနေရသည်။ ကျွန်မအမှားကို ဝန်ခံသင့်နိုး သို့မဟုတ် ဆက်ပြီး လှည့်စားနေရကောင်းနိုး မသိပါ။ ထိုညတစ်ညလုံး အိပ်ရာထဲတွင် ဟိုဖက်လှည့်လိုက်၊ ဒီဖက် လှည့်လိုက်နှင့် အိပ်မရခဲ့ပါ။ ကျွန်မ အမှားကို ဝန်ခံလိုသော်လည်း ကျွန်မဆရာ နှင့် အတန်းဖော်များက ကျွန်မအား မည်သို့တွေးကြ မည်ကို ကြောက်နေခဲ့သည်။ ကျွန်မပုံမှန်ထိန်းသိမ်းထားနေကျ နာမည်ကောင်းဖြင့် နေထိုင်မှုလေးမှာ မျက်စိတမှိတ်တွင် ပျက်စီးရတော့မည်။ ကျွန်မ၏ နာကျင်မှုကြားမှ ဆုတောင်းခြင်း နှင့် ရှာဖွေခြင်းဖြင့် ဘုရားသခင်၏ မျက်မှောက်တော်သို့ ရောက်လာကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤကျမ်းပိုဒ်ကို တွေ့မြင်ခဲ့ပါသည်။ “သို့သော်၊ လှည့်ဖြားတတ်သော သူတို့သည် ဤနည်းလမ်းဖြင့် မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်နှင့် ၎င်းတို့၏ လှည့်ဖြားတတ်သော သဘာဝနှင့် အနှစ်သာရတို့အပေါ် အခြေပြုပြီး အသက်ရှင်ကြသည်။ အခြားသူများက ၎င်းတို့အပေါ် အသာစီးမရစေဖို့ အရာရာတွင် ၎င်းတို့ သတိရှိကြရသည်၊ ၎င်းတို့ လုပ်ဆောင်သမျှ အရာရာတိုင်းတွင် ၎င်းတို့၏ စစ်မှန်သော မျက်နှာကို ဖုံးကွယ်ဖို့ရန်နှင့် အနှေးနှင့် အမြန် မိမိအကြောင်း ပေါ်သွားမည်ကို စိုးရွံ့သည့်အတွက် ၎င်းတို့၏ ကိုယ်ပိုင် နည်းစနစ်များနှင့် ၎င်းတို့၏ ကိုယ်ပိုင် လှည့်ဖြားတတ်ပြီး ကောက်ကျစ်သည့် ကြိုးကိုင်ခြယ်လှယ်မှုကို အသုံးပြုကြရသည်- ၎င်းတို့၏ စရိုက်မှန်ကို ၎င်းတို့ ပြသသည့်အခါတွင် မလိမ့်တစ်ပတ်လုပ်ဖို့ရန် ကြိုးစားတတ်ကြသည်။ မလိမ့်တစ်ပတ်လုပ်ဖို့ ကြိုးစားကြသည့်အခါတွင် အလွန်မလွယ်ကူသောအချိန်များစွာ ရှိတတ်သည်၊ ၎င်းတို့ မတတ်နိုင်ကြသောအခါ စတင် စိုးရိမ်ပူပန်ကြသည်။ အခြားသူများက ၎င်းတို့ကို ကောင်းကောင်း သိရှိသွားမည်ကို စိုးရွံ့ကြသည်။ ထိုသို့ ဖြစ်သောအခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မိမိတို့ အရှက်ရစေသည်ဟု ခံစားကြပြီးနောက် အခြေအနေကို ပြန်အဖတ်ဆယ်ရန် တစ်စုံတစ်ရာကို ပြောဖို့ နည်းလမ်းများ စဉ်းစားကြရသည်...၎င်းတို့၏ စိတ်များတွင်၊ သင်က ၎င်းတို့ကို နားလည်မှုမလွဲစေဖို့ အဘယ်သို့ တားဆီးရမည်အကြောင်းကို အမြဲ စဉ်းစားနေကြသည်။ ထို့ကြောင့်၊ ယင်းကို ထပ်ခါ၊ ထပ်ခါ ၎င်းတို့ ခေါင်းထဲတွင် စဉ်းစားရင်း၊ အခြားသူများနှင့် ဆွေးနွေးမှုများထဲတွင် ထိုအရာကို တင်ပြကြသည်။ ၎င်းတို့မှာ ထိုသို့သော လူတန်းစားမျိုး ဖြစ်သည်ဟု သင်မတွေးထင်မိစေဖို့ သို့မဟုတ် ၎င်းတို့ ဆိုလိုသည့်အရာမှာ ယင်းဖြစ်သည်ကို မတွေးထင်မိစေဖို့၊ ၎င်းတို့ ကောင်းမြတ်သည်ဟု သင်တွေးထင်ဖို့ရန်အလို့ငှာ ၎င်းတို့သည် အမြဲ ဟန်ဆောင်နေတတ်ကြလေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မစိတ်အတွင်းပိုင်းမှ အတွေးများကို တစ်ခုပြီးတစ်ခု ဖော်ပြနေခဲ့သည်မှာ ကျွန်မနှလုံးသား၏ အရိပ်ရှိရာဖက်ကို အလင်းရောင်တစ်ခုက ရုတ်တရက် အလင်းထိုးလိုက်သည့် အလား၊ ထိုအတွေးများသည် အလင်း၌ မြင်သာလာပြီး၊ ကျွန်မကို အလွန်ဆိုးရွားစွာ အရှက်ရစေသည့်အပြင်၊ ပုန်းကွယ်ရန် နေရာလည်း တစ်ခုမျှ မရှိပါ။ ဤသည်မှာ မှန်ပါသည်။ ကျွန်မကျောင်းလစ်ပြီး လိမ်ညာခဲ့မိပါသည်။ ထိုအချက်ပြီးနောက် ကျွန်မအမှားကို ဝန်ခံရန် အစပြုခြင်း မရှိရုံသာမက၊ မိမိမုသားနှင့် အမှန်တရားကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုကိုပင် ပြင်းပြင်း ထန်ထန် စဉ်းစားလိုက်သေးသည်။ ကျွန်မက နောင်တ သို့မဟုတ် လိပ်ပြာမလုံသည့်စိတ် တစ်စက်လေးမှ မခံစားခဲ့ရပါ။ နိုင်ငံတကာ ကျောင်းသားများကို ကြီးကြပ်သူဆရာသည် မိမိအလုပ်မိမိ လုပ်သင့်သည်ဟုပင် ကျွန်မခံစားလိုက်ပါသေးသည်။ အို.. ဤအမူ အကျင့်မျိုးက ဘုရားသခင် ကို ဆန့်ကျင်ပုန်ကန်သည်ပဲ။ ယင်းက ဘုရားသခင်ကို ရွံရှာစေသည်။ ကျွန်မ၏ အတွေးတွေ သို့မဟုတ် လုပ်ရပ်များက ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လားလားမှ မကိုက်ညီပါ။ ကျွန်မ မည်သို့ ယုံကြည်ခြင်းရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်မည်နည်း။ မဖြစ်ပါ။ မယုံကြည်သူများ ပြဿနာ ဖြေရှင်းပုံမျိုးအတိုင်း ကျွန်မ လိုက်လုပ်နေ၍မဖြစ်ပါ။ ကျွန်မ ဘုရားသခင်ကို ဝန်ချတောင်းပန်ရမည်။ ပြီးလျှင်ကိုယ်တော်၏ သတ်မှတ်ချက်များ အတိုင်း လုပ်ရမည်။ ရိုးရိုးသားသား စကားပြောပြီး၊ ရိုးသားသော လူတစ်ယောက် ဖြစ်ရပါမည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ကျွန်မ ဆရာ့ထံသို့သွားပြီး၊ ကျောင်းလစ်ရသည့် ကျွန်မအမှားကို ဝန်ခံခဲ့သည်။ ကြီးကြပ်သူ ဆရာက ကျွန်မကို လုံးဝဝေဖန်သုံးသပ်ခြင်း မရှိသည့်အပြင် ကျွန်မက အလွန်ရိုးသားပြီး အမှားကို ဝန်ခံနိုင်ခြင်းသည် ကောင်းကြောင်း ပြောသည့်အချိန်တွင် ကျွန်မ တုန်လှုပ်သွား ခဲ့သည်။ သို့သော်လည်း ကျောင်းလစ်ခြင်းအတွက် အပြစ်ဒဏ် တစ်ခုကို ပေးမြဲပေး ရမည်သာဖြစ်သောကြောင့် ဆရာက အတန်းများပြီးဆုံးချိန်တွင် အတန်းတစ်တန်းစာ အချိန်ကို ကျွန်မကျောင်းခန်းထဲတွင် ထိုင်နေပြီး ကျွန်မအမှားကို တွေးတော စေရန် အပြစ်ပေးခဲ့ပါသည်။ ကျွန်မသည် ကျောင်းလစ်ခြင်းနှင့် လိမ်ညာခြင်းတို့အတွက် အလွန်သေးငယ်သည့်အပြစ်ဒဏ်ကိုသာ ရရှိသော်လည်း၊ ကျွန်မတွေ့ကြုံခံစားရသည့်အရာမှာ ဘုရားသခင် ၏ ကာကွယ်ခြင်းဖြစ်သည်။ နောက်ပိုင်းစုဝေးမှုတစ်ခုတွင် ဤအကြောင်းကို ကျွန်မအစ်မနှင့် မိတ်သဟာယပြုရာတွင် ဝေမျှခဲ့သည်။ ဤအကြောင်းကို ကြားပြီးနောက် သူမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဤကျမ်းပိုဒ်ကို ကျွန်မအတွက် ဖတ်ပြခဲ့သည်။ “သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင်၊ နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာကို ဘုရားသခင်က စီစဉ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန် မဟုတ်ရပါ၊ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ယင်းကို ဘုရားသခင်က အဘယ်သို့ လုပ်ဆောင်ပါသနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏သဘာဝဗီဇနှင့် အနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သတိပြုမိစေခြင်းဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ထိုမိတ်သဟာယပြုခြင်းဖြင့် ကျွန်မ အတန်းဖော်များ အကြိမ်ပေါင်းများစွာ ကျောင်းလစ်ကြ သော်လည်း မည်သည့်အရာမျှ မဖြစ်ပဲနှင့် ကျွန်မမှာမူ ပထမဆုံး အကြိမ်အနေဖြင့် ဆရာမိသည်ကို ခံခဲ့ရသည့် အကြောင်းအရင်းကို ကျွန်မနားလည်လာခဲ့သည်။ ၎င်းမှာ အမှန်တကယ်ပင် ဘုရားသခင်၏ စည်းကမ်းဖြစ်လေသည်။ ဘုရားသခင်သည် ကျွန်မကို မြင်သာအောင်ပြရန်၊ ပြစ်တင်ဆုံးမရန်၊ နှင့် ဆုံးမပဲ့ပြင် ရန် လက်တွေ့ကျသည့်နည်းလမ်းတစ်ခုဖြင့် ပတ်ဝန်းကျင် တစ်ခုကို သတ်မှတ်ခဲ့သည်။ ကျွန်မကိုယ်ပိုင် ဆိုးယုတ်သော သဘာဝနှင့် ကျွန်မ၏ လိမ်ညာခြင်း၊ လှည့်စားခြင်း စိတ်သဘောထားများကို ကျွန်မ နားလည်သဘောပေါက် စေရန်အတွက် ဖြစ်ပါသည်။ သို့မှသာ ကျွန်မအနေဖြင့် သမ္မာတရားကို ရှာဖွေကာ၊ ရိုးသားသည့် လူတစ်ယောက် အဖြစ်နှင့် လူသားပုံသဏ္ဍာန်တစ်ခုဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါသည်။ အတိတ်တွင် လူတိုင်းက ကျွန်မကို လိမ္မာသည့်ကလေးတစ်ယောက် အဖြစ် ချီးမွမ်းကြသောကြောင့် ကျွန်မကလည်း ၎င်းမှာ မှန်ကန်သည်ဟု အမြဲတွေးခဲ့သော်လည်း အမှန်တရားများကို ထုတ်ဖော်ခြင်း မှတစ်ဆင့် လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော် အားဖြင့် တရားစီရင်ခြင်း နှင့် ဖော်ထုတ်ခံရခြင်းဖြင့် လည်းကောင်း၊ ကျွန်မကိုယ်ပိုင် သဘာဝ၏ မရိုးသားခြင်းနှင့် လိမ်လည်လှည့်ဖြား တတ်ခြင်းတို့ကို နောက်ဆုံးတွင် နားလည် သဘောပေါက်လာခဲ့ပါသည်။ ကျွန်မက မျက်နှာပြောင်တိုက် စွာဖြင့် လိမ်ညာပြီး လှည့်စားကာ၊ ကျွန်မ၏ ဝိညာဉ်အသက်တာ မှာ အလွန်ပင် နုနယ်လှပါသည်။ ကျွန်မက မယုံကြည်သူများနှင့် အချိန်မရွေး၊ နေရာမရွေး လိုက်နိုင်ကာ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေထိုင်ကာ၊ ဘုရားသခင်၏ နာမတော်ကို အရှက်ရစေနိုင်သည်။ ဆရာက ကျွန်မကို ကျောင်းဆင်းချိန်တွင် ဆင်းခွင်းမပေးသော အပြစ်ဒဏ် ပေးခဲ့သည်။ ကျွန်မ ဇာတိခန္ဓာသည် အနည်းငယ် ဒုက္ခဆင်းရဲ ခံစားခဲ့ရသော်လည်း၊ ယခုသင်ခန်းစာ ကို အမှတ်ရစေခဲ့ပြီးလျှင် ကျွန်မသည် အနာဂတ်တွင် လိမ်ညာခြင်း သို့မဟုတ် လှည့်စားခြင်း ပြုတော့မည် မဟုတ်ပါ။ ထိုအချိန်က ကျောင်းလစ် ခြင်းတွင် အောင်မြင်ခဲ့ပါက၊ ထိုနောက်ပိုင်း စစ်ဆေးခြင်း နှင့် စုံစမ်းသွေးဆောင်ခြင်းများကို ရင်ဆိုင်သည့်အချိန်တွင် ကျွန်မ ထပ်မံလုပ်ဆောင် လိုမည် ဖြစ်သည်။ ထို့နောက် ကျွန်မသည် လိမ်ညာပြီးရင်း လိမ်ညာကာ၊ ပို၍ပို၍ မယုံရသူဖြစ်လာပြီး၊ လိမ်လည်လှည့်ဖြားလာမည်သာ ဖြစ်ပြီး နောက်ဆုံးတွင် ကျွန်မသည် စာတန်အားဖြင့် အပြည့်အဝ အောင်မြင်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်ပါက ဘုရားသခင်သည် ရိုးသားသူများ ကို ချစ်ပြီး၊ ကယ်တင်သောကြောင့် ကျွန်မကို အသိအမှတ်ပင် ပြုမည်မဟုတ်ပါ။ ကိုယ်တော်သည် လိမ်လည် လှည့်ဖြား သူများကို မုန်းတီးကာ သုတ်သင်ဖယ်ရှင်းသည်။ ထိုအခိုက်အတန့် တွင် ကျွန်မသည် လိမ်ညာ ခြင်းသည် မည်သည့် ကြီးမားသည့် ထိခိုက်မှုများကို ဖြစ်စေကြောင်း ရှင်းလင်းစွာမြင်ခဲ့သည့်အပြင်၊ ရိုးသားသည့်သူ တစ်ယောက်ဖြစဖို့ရန်မှာ မည်မျှ လေးနက်ပြီး အရေးပါကြောင်းကိုလည်း သိမြင်ခဲ့ရပါသည်။

ထို့နောက်များမကြာမီတွင် ကျွန်မတို့ သင်္ချာစာမေးပွဲ ဖြေရသည်။ စာမေးပွဲမဖြေမီ ညနေတွင် စာလုပ်နေရင်း၊ ကျွန်မနားမလည် သေးသည့် အယူအဆများစွာရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။ နောက်တစ်နေ့တွင် စာမေးပွဲဖြေရတော့မည့် အားလျော်စွာ၊ ကျွန်မအလွန်ပင် စိုးရိမ်ကြောင့်ကြလာသည်။ ထိုစာသင်နှစ်ကာလ ၏ ရမှတ်များသည် တက္ကသိုလ်တက်ရန် အရေးအကြီးဆုံး ဖြစ်သည်။ ၎င်းတို့က ထိုနှစ်မှ ကျွန်မ၏ ရမှတ်များကို ကြည့်ကြ မည်သာ ဖြစ်သည်။ ပြီးနောက် ကျွန်မ သင်္ချာကျပါက၊ ယခင်က ကျွန်မကြိုးစားခဲ့သမျှအလုပ်များအားလုံးသည် အလဟဿ ဖြစ်တော့မည်။ ဤအကြောင်း ပိုတွေးလေ၊ ကျွန်မစိတ်ဖိစီးမှု ပိုများလေဖြစ်သည်။ နောက်တစ်နေ့တွင် စာမေးပွဲမတိုင်မီ မိနစ်အနည်းငယ်တွင် ပုံသေနည်းများအားလုံး ရေးသားထားခဲ့ သည့် မှတ်စုစာအုပ်ကို ယူဆောင်လာရန် မေ့ခဲ့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ ကျွန်မ လုံးဝကို စိတ်ရှုပ်ထွေး သွားခဲ့သည်။ ထိုမှတ်စုစာအုပ်တွင် နမူနာပြဿနာများစွာကို တိတ်တဆိတ် ရေးချထားခဲ့သော်လည်း ယခုကဲ့သို့ ပျောက်ဆုံးသွားမှတော့ ထိုစာမေးပွဲသည်လည်း အသေအချာပင် ကျရှုံးဖို့သာ ရှိသည်။ ကြမ်းပြင်တစ်နေရာရာတွင်များ မတော်တဆ ကျကျန်ခဲ့လေသလားဟု မျှော်လင့်တကြီးဖြင့် နေရာအနှံ့ရှာဖွေခဲ့သည်။ ကျွန်မ အပေါ်အောက် ကြည့်နေရင်းဖြင့်၊ ကျွန်မနံဘေးမှ ကျောင်းသား၏ စာမေးပွဲအဖြေလွှာစာရွက်ပေါ်မှ အဖြေများကို ခိုးကြည့်လိုက်သည်။ ဤမမျှော်လင့်ပဲ ကောင်းလာ သည့်ကံကို ကျွန်မဝမ်းမြောက်မိကာ ကျွန်မမှာ မျှော်လင့်ချက် ရောင်ခြည်းသန်းသည်ကို ရုတ်တရက်တွေ့မြင်ရသည်ဟု ခံစားရ သည်။ ထို့နောက်တွင် ဆရာကို ခိုးကြည့်လိုက်သည်။ သူက ကွန်ပြူတာရှေ့တွင် အလုပ်ထဲအာရုံဝင်စားနေသည်။ ထို့ကြောင့် ကျွန်မက သင်္ချာပြဿနာများအားလုံးကို ကျော်ကြည့်သွား ပြီးနောက် ဘေးမှ ကျောင်းသားကို အသာလေးတို့ကာ ကျွန်မတို့အဖြေများကို နှိုင်းယှဉ်ကြည့်ရန် သူ့ကို လက်ဟန် ခြေဟန်ပြလိုက်သည်။ ကျွန်မက အဖြေများကို ယှဉ်ကြည့်လို သည်ဟု ဆိုခဲ့သော်လည်း၊ အမှန်မှာမူ သူ့အဖြေများကို ကျွန်မအဖြေစာရွက်ပေါ်တွင် ရေးသားလိုခြင်းသာ ဖြစ်သည်။ ကျွန်မ၏ သင်္ချာစာမေးပွဲတစ်ခုလုံးကို ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် ရင်တမမဖြင့် ဖြေဆိုခဲ့သည်။ ကျွန်မကျွမ်းကျင်မှု အနည်းဆုံး ဘာသာရပ်ကို နောက်ဆုံးတွင် ကိုင်တွယ်ဖြေရှင်းခဲ့ပြီးဖြစ်သည်ဟု တွေးခဲ့ပြီး၊ အပန်းဖြေခရီး စသည်နှင့်တပြိုင်နက် ကောင်းကောင်း ပျော်ရွှင်လိုက်ရန် စီစဉ်ထားခဲ့ပါသည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျောင်းက မိဘများနှင့် အုပ်ထိန်းသူများအတွက် အစည်းအဝေး တစ်ခုလုပ်ပြီး၊ ကျွန်မ အစား အိမ်ရှင်အဒေါ်ကြီးက ကျွန်မ၏လစဉ်ပညာရေး တိုးတက်မှု မှတ်တမ်း သွားယူခဲ့ရာတွင် ကျွန်မ အလွန်ပင် အံ့အားသင့်ရသည်။ ပညာသင်ကြားရေးဆိုင်ရာ ရိုးသား ဖြောင့်မတ်ခြင်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခုရှိနိုင်သည်ဟု ကျောင်းက သံသယရှိ သောကြောင့် သင်္ချာရမှတ်ကို ကျန်သည့်အမှတ်များ ကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်းမရှိသည်မှလွဲပြီး၊ ကျွန်မသည် ဘာသာရပ်တိုင်းတွင် ရမှတ်ကောင်းများ ရရှိခဲ့သည်ဟု သူမကဆိုပါသည်။ ဤသည်ကို ကြားရင်းဖြင့် ကျွန်မသည် ချက်ခြင်းပင် မိုးကောင်းကင်မှ ကမ္ဘာမြေကြီးပေါ်သို့ တရွတ်တိုက် ပြုတ်ကျလာသည်ဟု ခံစားခဲ့ရသည်။ ကျွန်မက စိတ်ပူပြီး ကြောက်နေခဲ့ကာ မည်သည့်အရာကို လုပ်ရမှန်းလည်း မသိပါ။ ကျွန်မက “ပညာသင်ကြားရေးဆိုင်ရာ ရိုးသားဖြောင့်မတ်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတဲ့လား။ အဲဒါ ငါ့အတန်းဖော်ရဲ့ အဖြေတွေကို ကူးချတာ သူတို့များ သိသွားလို့ဖြစ်နိုင်လား။ အဲဒါသာ မှန်တယ်ဆိုရင် ငါဘာလုပ်ရမလဲ။ သူများစာကို ခိုးကူးတာက တကယကို ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ၊ ပြီးတော့ တက္ကသိုလ်တက်ဖို့ ငါ့အခွင့်အရေးတွေကိုတောင် ထိခိုက်သွား နိုင်တယ်။ ဒါပေမဲ့ အခုတော့ ကျောင်းက အဲဒါကို သံသယရှိရုံသာ ရှိတာပါ၊ ဒါဆို ငါ့မှာ မျှော်လင့်ချက် ရှိသေးတာပေါ့၊ ငါကသာ ရှင်းရှင်းလင်းလင်း ရှင်းပြချက်တစ်ခု ပေးနိုင်သမျှကာလပတ်လုံး အဆင်ပြေမှာပါ။ ဒါပေမဲ့ ငါဘယ်လိုရှင်းပြရမလဲ။ ငါကလည်း တကယ်ကို သူများစာကို ခိုးကူးမိတာကို။ ငါသွားပြီးတော့ ဝန်ခံလိုက်သင့်လား။” ဟု မိမိဘာသာ စိတ်ထဲတွင် အကြိမ်ကြိမ် အဖန်ဖန် တွေးခဲ့သည်။ ထိုအချိန်က အတန်းဖော်တစ်ယောက်က မည်သည့်အခြေအနေတွင် ရောက်နေစေကာမူ ကျွန်မသည် လုံးဝဝန်မခံရကြောင်း၊ ကျွန်မသည် မည်သည့်ဆင်ခြေမဆို ပေးနိုင်ရန် စဉ်းစားထားသင့်သည့်အပြင်၊ ယင်းမှတဆင့် လွတ်လမ်းထွင်ဖို့ အကြံပြုခဲ့သည်။ သို့သော်လည်း ထို့နောက်တွင် ကျွန်မက “ဒါမျိုးက ဘုရားသခင်ကို ယုံကြည်သူတွေ လုပ်သင့်တဲ့ အလုပ်မဟုတ်ဘူး။ ငါအမှန်တကယ် ဘာကို လုပ်ရမလဲ” ဟု တွေးခဲ့သည်။ ဖြစ်ချင်သည်မှာ ထိုညနေတွင်ပင် စုဝေးမှုတစ်ခုက ရှိနေခဲ့သည်။ ထို့ကြောင့် ကျွန်မညီအစ်မများကို ကျွန်မရောက်နေ သည့် အခြေအနေအကြောင်း မိတ်သဟာယပြုခြင်း၌ ဖွင့်ချပြောပြခဲ့ပါသည်။ ကျွန်မ ညီအစ်မများထဲမှ တစ်ခုက ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခဲ့သည်။ “ယခုတွင်မူ လူတို့သည် သမ္မာတရားနှင့်စပ်လျဉ်း၍ တရားဟောချက်များစွာကို နားထောင်ခဲ့ကြပြီး ဘုရားသခင်၏ များစွာသောအမှုတို့ကို တွေ့ကြုံခဲ့ဖူးကြပြီ ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော အကြောင်းရင်းများနှင့် အခြေအနေများက ဖြစ်ပေါ်စေသော နှောင့်ယှက်မှုနှင့် တားဆီးပိတ်ဆို့မှုတို့ကြောင့် လူအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ မအောင်မြင်နိုင်ကြသလို၊ ဘုရားသခင်ကိုလည်း မကျေနပ်စေနိုင်ကြချေ။ လူတို့သည် ပို၍ပို၍ လျော့ရဲလာကြပြီး ယုံကြည်စိတ်ချမှုအပိုင်း၌ ပို၍ပို၍ ချို့တဲ့လာကြသည်။...ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားများကို ပေးရန်နှင့် သူ၏ လမ်းခရီးကို လူတို့အထဲ၌ ပြည့်ဝစေပြီး သူတို့ကို မတူညီသော ပုံစံများဖြင့် စစ်ဆေးရန်အတွက် အမျိုးမျိုးသော အခြေအနေများကို စီစဉ်ရန်သာ အလိုရှိသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများနှင့် သူ၏ အမှုတို့ကိုယူကာ လူသားများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်စွမ်းရှိလာမည့် အဆုံးသတ်တစ်ခုကို ဖြစ်ပေါ်စေရန် ဖြစ်သည်။ ငါမြင်ဖူးသော လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ သြဝါဒများ၊ စာရွက်ပေါ်က ကျမ်းဟောင်းတရားသက်သက်၊ လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာလျှင် သဘောထားကြသည်။ သူတို့၏ လုပ်ဆောင်များနှင့် စကားပြောဆိုပုံတို့တွင်၊ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သူတို့သည် ဘုရားသခင်၏ လမ်းခရီးကို သူတို့ လိုက်နာသင့်သော လမ်းခရီးတစ်ခုအဖြစ် သဘောမထားကြချေ။ ဤသည်မှာ လူတို့သည် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မှန်ပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့် ဦးတည်ရာဘက်၌ လက်တွေ့လုပ်ဆောင်နေသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါမမြင်ဖူးပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ထိုနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ကျွန်မနှလုံးသားတွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်းကို ခံစားရသည်။ ကျွန်မသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရား ၏ ရှုထောင့်ကို အနည်းငယ် နားလည်ပြီး၊ ထိုရှုထောင့်အားဖြင့် ကျွန်မသည် ပြစ်တင်ဆုံးမခြင်း နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို တွေ့ကြုံခံစားခဲ့သည်မှာ မကြာသေးသော်လည်း နောက်ထပ် စမ်းသပ်မှုရင်ဆိုင် ရသည်နှင့်တပြိုင်နက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးဖြစ်ခဲ့ရသည်။ သူတစ်ပါးစာ ကို ခိုးယူခြင်းသည် မှားယွင်းကြောင်း ကျွန်မအလွန် ရှင်းလင်းစွာ သိရှိခဲ့သော်လည်း ကျွန်မကိုယ်ပိုင် ရမှတ်များ အတွက် ဘုရားသခင်သည် ကျွန်မတို့အား ရိုးသားသူများ ဖြစ်စေရန် လိုအပ်ကြောင်း သမ္မာတရားကို ရှင်းရှင်း မေ့လျော့ထားခဲ့သည်။ ကျွန်မသည် သက်သေခံခြင်း မရှိရုံမျှမက၊ ဘုရားသခင်ကိုပါ အရှက်ရစေခဲ့သည်။ ကျွန်မထိုညက မအိပ်နိုင်ခဲ့ပါ။ ကျွန်မစိတ်ထဲတွင် အကြိမ်ကြိမ်အဖန်ဖန် ပြောင်းလဲ နေခဲ့သည်။ နောက်ဆုံးတွင် ကျွန်မသည် ရိုးသားသူ တစ်ယောက် ဖြစ်ရန် နှင့် ကျွန်မကိုယ်ကျိုးကို ခုခံကာကွယ်ရန် အတွက် ဘုရားသခင်၏ နာမတော်ကို အရှက်ရအောင် မလုပ်တော့ရန် စိတ်ပိုင်းဖြတ် ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်ချ ပြီးသည်နှင့် ကျွန်မသည် အလျင်အမြန်ပင် အိပ်ရာမှ ထကာ၊ ကွန်ပြူတာကို ဖွင့်လိုက်ပြီး၊ မိမိကိုယ်ကို ဝေဖန်သုံးသပ်ခြင်းကို ရေးသားကာ၊ ကျွန်မပြုခဲ့သည့်အမှားကို ဝန်ခံခဲ့သည်။ နောက်နေ့ နံနက်တွင် ကျွန်မကျောင်းကို အလွန်စောစီးစွာ ရောက်ရှိပြီး၊ ကျွန်မ၏ မိမိကိုယ်ကို ဝေဖန်သုံးသပ်ချက်ကို ဆရာ့ကို ပေးခဲ့ကာ၊ ကျွန်မ အမူအကျင့်အတွက် သူ့ကို တောင်းပန်ပြီး၊ အနာဂတ်တွင် မည်သည့် လှည့်စားမှုကိုမျှ နောက်ထပ်လုံးဝ မလုပ်တော့မည့် အကြောင်းကို အာမခံချက်ပေးခဲ့ပါသည်။ ထိုသို့ပြုရင်းဖြင့် ကျွန်မသည် ရမှတ်သုည ရရှိခြင်းအတွက် မိမိကိုယ်ကို စိတ်ထင်း ထားခဲ့ပြီး၊ ကျောင်းမှ ကျွန်မကို ပေးသည့် အပြစ်ဒဏ်မှန်သမျှကို လက်ခံရန်လည်း လိုလို လားလားရှိခဲ့ပါသည်။ သို့သော်လည်း ဆရာက ကျွန်မကို စာမေးပွဲ ထပ်မံဖြေဆိုစေရန် အမှန်တကယ် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းကို တစ်ခါဖူးမျှ မတွေးခဲ့မိပါ။ ထိုအခိုက်အတန့်တွင် ကျွန်မနှလုံးသားထဲမှနေပြီး ဘုရားသခင်ကို ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းများကို ထိန်းမထားနိုင်ခဲ့ပါ။ ကျွန်မအပေါ် ဘုရားသခင်၏ သနားကရုဏာအတွက် ကျေးဇူးတင် ရှိပါသည်။ ဤသည်မှာ ဘုရားသခင်သည် လူ၏ နှလုံးသားများနှင့် စိတ်များကို သိကြောင်း ဖော်ပြနေပြီးလျှင်၊ ကျွန်မကိုယ်ပိုင်အကျိုးအမြတ်ကို ဘေးဖယ်ပြီး၊ ရိုးသားသည့် လူတစ်ယောက် ဖြစ်ခြင်း၏ သမ္မာတရားကို လက်တွေ့ လုပ်ဆောင် သည့်အချိန်တွင်၊ ဘုရားသခင်သည် ကျွန်မ၏ ပြစ်မှားခြင်းများကို မကြည့်ပဲနှင့် ကျွန်မအတွက် လမ်းကြောင်း အသစ်ကို ဖွင့်ပေးကာ၊ ဆရာက ကျွန်မကို စာမေးပွဲထပ်ဖြေခွင့် ပေးလာအောင် လုပ်ပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်မနံဘေး တွင် ရှိပြီး၊ ကျွန်မ၏ သေးငယ်သော လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်လေ့လာကာ၊ ကျွန်မသည် ကိုယ်တော်၏ မှန်ကန်သည့် တည်ရှိမှုကို ကိုယ်တိုင်တွေ့ကြုံခံစားလာရစေရန် ကိုယ်တော်က ကျွန်မအနီးမှ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များကို သတ်မှတ်ပေးသည်ဟု အစစ်အမှန် ခံစားရပါသည်။ ကျွန်မအတွက် ဘုရားသခင်၏ မေတ္တာသည် အလွန်ပင် စစ်မှန်လှပါသည်။

နောက်ရက်အနည်းငယ်တွင် ကျွန်မအတွက် ပို၍ပင် မမျှော်လင့်ပဲ ဖြစ်လာသည့် အရာတစ်ခုမှာ ထိုစာသင်နှစ်က အဆင့်အေ တောက်လျှောက်ရသည့် ကျောင်းသားများအတွက် ကြိုးစားမှု အောင်လက်မှတ်များ ထုတ်ပေးသည့် တစ်ကျောင်းလုံးဆိုင်ရာ အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါသည်။ ဆရာက ကျွန်မအမည်ကို ကြေငြာသည့်အခါတွင် ၎င်းသည် မှားခေါ်သည်ဟုသာထင်ပြီး အခြား ကျောင်းသားများ ကျွန်မကို တစ်စုံတစ်ရာမပြောမချင်း ကျွန်မသည် အမှန်တကယ် အောင်လက်မှတ် လက်ခံရရှိမည် ဖြစ်သည်ကို သတိမပြုခဲ့မိပါ။ သင်္ချာဘာသာရပ်ကို သူတစ်ပါး စာအား ခိုးယူပြီးသည့်နောက်ကျွန်မ မည်သို့ကြိုးစားမှု အောင်လက်မှတ်ရနိုင်သည်ကို ကျွန်မ၏ အတန်းဖော်များသည် အလွန်အံ့သြကြပါသည်။ ကျွန်မနှလုံးသားတွင် တိတ်ဆိတ်စွာ အာမေဋိတ်သံ ပြုမိပါသည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များအားလုံးပင် ဖြစ်ပါသည်။ ဤအောင် လက်မှတ်သည် ကျွန်မရမှတ်များအတွက် မဟုတ်ပဲနှင့်၊ ရိုးဖြောင့်သူတစ်ယောက် ဖြစ်အောင် လက်တွေ့လုပ်ဆောင်ခြင်း အတွက် ဘုရားသခင်က ဆုလာဘ် ချီးမြှင့်ခြင်းဖြစ်ပါသည်။ ဤအချက်ကြောင့် ဘုရားသခင်သည် ကျွန်မနံဘေးတွင် အမြဲတမ်းရှိနေပြီး ကျွန်မကို အချိန်တိုင်း စောင့်ကြည့်နေကြောင်း ကို ကျွန်မအတွက် ပို၍ပင် အတည်ပြုပေးခဲ့သည်။ ကျွန်မအတွက် ဘုရားသခင် စီစဉ်သမျှ အရာအားလုံးသည် အကောင်းဆုံး ဖြစ်ပါသည်။

ယခုအခါတွင် ကျွန်မသည် စုဝေးခြင်းများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖတ်ရှုခြင်းများကို ပို၍ပို၍ပင် ပျော်မွေ့လာခဲ့ သည်။ ကျွန်မအသက်တာတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်နေဆဲဖြစ်သော်လည်း ကျွန်မ မည်သည့်အရာကို ကြုံတွေ့ရပါစေ ထိုပြဿနာကို ဖြေရှင်းရန် ကျွန်မညီအစ်မများနှင့် မိတ်သဟာပြုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရှာဖွေပါသည်။ ဤကဲ့သို့ လက်တွေ့ကျသည့် ပံ့ပိုးမှုများဖြင့် ကျွန်မသည် သမ္မာတရားကို ပို၍ပို၍ နားလည်သဘောပေါက်လာခဲ့ပြီး၊ ပို၍ပို၍ ကြီးမားသည့် ခွန်အားဖြင့် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မနံဘေးတွင် ရှိပြီး လူမျိုးစုံ၊ အဖြစ်အပျက် မျိုးစုံ နှင့် အရာမျိုးစုံတို့မှတစ်ဆင့် ဘုရားသခင်သည် ကျွန်မကို မည်သည့်အချိန်တွင်မဆို မြင်သာအောင် ပြသည့်အပြင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုလည်း အသုံးပြုကာ သမ္မာတရားထဲသို့ ဝင်ရောက်ရန် ဉီးဆောင်လမ်းပြပါသည်။ ယခုအခါတွင် ကျွန်မ၏ ဘုရားသခင်နှင့် ဆက်နွယ်မှုသည် တဖြည်းဖြည်းချင်း ပိုမိုနီးစပ်လာသည့်အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် စစ်မှန်သည့် ဘုရားသခင် ဖြစ်သည်ကိုလည်း ကျွန်မလုံးဝ သေချာပါသည်။ ကိုယ်တော်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် ကျွန်မ နံဘေးတွင်ရှိကာ၊ ကျွန်မအတွက် စောင့်ရှောက် ဂရုစိုက်နေခြင်းအားဖြင့် ကြည့်ရှုစောင့်ရှောက် နေသည့် ဘုရားသခင် ဖြစ်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အောင်မြင်မှုတို့သည် နာကျင်စရာများကို ယူဆောင်လာခဲ့သည်

ထျန်ထျန် တရုတ်နိုင်ငံ နွေဦးရာသီတစ်ခုမှာ ကျွန်မနှင့် စီနီယာဆရာဝန် အချို့တို့သည် အပြင်မှာ ဟင်းချက်စားဖို့ သွားကြသည်။ လမ်းမှာ ဒေသခံ...

ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

ကျောက်ဂွမ်မင်း၊ တရုတ်ပြည် ၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။...

ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ နှစ်တွေအတွက် ကျွန်တော့်ရွေးချယ်မှု

စိန်းယွိ တရုတ်နိုင်ငံ ကျွန်တော်ငယ်ငယ်တုန်းက မိသားစုက တော်တော်ဆင်းရဲတယ်။ တခြားရွာသားတွေက အနိုင်ကျင့်တာကို ခဏခဏခံရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။