ဂုဏ်သိက္ခာနှင့် နေထိုင်ဖို့အတွက် ရိုးသားမှုဖြင့် အသက်ရှင်ပါ

15.04.2026

မယ်ရီဒစ်၊ အမေရိကန်

၂၀၁၅ ခုနှစ်တုန်းက စီစီပီက ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာကို ရှောင်ဖို့ ကျွန်မ ပြည်ပကို ထွက်ပြေးလာခဲ့တယ်။ ကျွန်မ အလုပ်လုပ်ရင်းနဲ့ ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ စူပါမားကက်အကြီးကြီးတစ်ခုမှာ ငွေကိုင်အလုပ်တစ်ခု ကျွန်မ ရခဲ့တယ်။ ဒါက လောကထဲမှာ ကျွန်မရဲ့ ပထမဆုံးအလုပ်ပေါ့။ ကျွန်မ ဒီအလုပ်ကို ချစ်မြတ်နိုးပြီး ကောင်းကောင်းလုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မမှာ အတွေ့အကြုံမရှိတာရယ်၊ စူပါမားကက်က ပစ္စည်းမျိုးစုံ ရောင်းတာရယ်၊ ပြီးတော့ ပြောဆိုဆက်ဆံတာအားလုံးက နိုင်ငံခြားဘာသာစကားနဲ့ ဖြစ်နေတာရယ်ကြောင့် ကျွန်မ ဘာတစ်ခုမှ အသားမကျခဲ့ဘူး။ ကျွန်မ လေးနေရင် သူဌေးက စိတ်ဆိုးပြီး လောတယ်၊ ဒါပေမဲ့ ကျွန်မ မြန်မြန်လုပ်ပြန်တော့လည်း ပိုပြီး အမှားပါလွယ်တယ်။ အဲဒီအခါကျရင် သူဌေးက ကျွန်မ ပေါ့ဆတယ်ဆိုပြီး ဆူတယ်။ စာရင်းမှားတဲ့အခါကျရင်လည်း အဲဒီပမာဏအတိုင်း ကျွန်မ ပြန်လျော်ရတယ်။ ဒီလိုလုပ်နေရတော့ ကျွန်မမှာ နေ့တိုင်း ရင်တမမနဲ့ နေရတာပေါ့။ ညဘက်တွေဆိုရင်တောင် ငွေကောင်တာမှာ ပိုက်ဆံရေနေတယ်လို့ အိပ်မက်မက်တဲ့အထိပဲ။ အဲဒီအချိန်တုန်းက နေ့တိုင်း ဖိအားအများကြီးရှိတယ်လို့ ခံစားရပြီး အလုပ်ဆီကို တကယ်ကို ဆက်ပြီးသွားမနေချင်တော့ဘူး။ ဒါပေမဲ့ ပြည်ပမှာ အလုပ်ရှာရတာ ဘယ်လောက်ခက်လဲ၊ ဒီအလုပ်က ထွက်လိုက်ရင် နောက်အလုပ်တစ်ခုရဖို့ ဘယ်လောက်ခက်မလဲဆိုတာ ပြန်တွေးမိတယ်။ ဒီလိုအခြေအနေမှာ ကျွန်မ ကြိတ်မှိတ်သည်းခံခဲ့ရတာပေါ့။ တစ်နေ့ကျတော့ အတွေ့အကြုံရှိတဲ့ ငွေကိုင်တစ်ယောက်ကို ကျွန်မ မေးကြည့်တယ်။ “ဖောက်သည်တွေ ဒီလောက်များပြီး အလုပ်တွေရှုပ်နေတဲ့အချိန်မှာ အမှားမပါအောင် ကျွန်မ ဘယ်လိုလုပ်ရမလဲ” ပေါ့။ အဲဒီငွေကိုင်က ကျွန်မကို ပြုံးပြပြီး ပြောတယ်။ “အမှားဆိုတာကတော့ မလွဲမသွေ ဖြစ်တတ်တာပဲလေ။ တကယ်တမ်းတော့ အမှားမလုပ်မိတာ ဘယ်သူရှိလို့လဲ။ အဓိကက ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားဖို့ပဲ။ တွေးကြည့်လေ၊ သူဌေးကတော်က နေ့တိုင်း အလုပ်ရှုပ်နေတာ၊ အရောင်းအဝယ်တစ်ခုချင်းစီတိုင်းကို သူဘယ်လိုလုပ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်မှာလဲ။ စုစုပေါင်းပမာဏက စက်ထဲကဟာနဲ့ ကိုက်နေသရွေ့ အဆင်ပြေပါတယ်။ တစ်ခါတလေ ဖောက်သည်တွေ ပစ္စည်းတချို့ဝယ်တဲ့အခါ ပြေစာမထုတ်ပေးဘဲ၊ စာရင်းမသွင်းဘဲနဲ့ ပိုက်ဆံကို ဒီတိုင်းယူထားလိုက်တယ်။ အဲဒါဆိုရင် စာရင်းကို တိတ်တဆိတ် ပြင်လို့ရပြီး အဆူမခံရတော့ဘူးလေ။ ဒါမှမဟုတ် ကွာနေတာကို နည်းနည်းပဲဖြစ်အောင် လုပ်လို့ရတယ်” တဲ့။ ကျွန်မ အံ့သြသွားတယ်။ အဆူမခံရအောင် လုပ်ရမယ့် လှည့်ကွက်က လှည့်ဖြားပြီး ဉာဏ်ဆင်ရမှာပေါ့၊ ပြီးတော့ ဒါက သူဌေးကတော်ကို အရူးလုပ်တာသက်သက်ပဲလေ။ ကျွန်မ စိတ်နှလုံးထဲမှာ ဒါကို လက်မခံနိုင်ဘူး။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တဲ့သူဖြစ်ပြီး ရိုးသားသူတစ်ယောက် ဖြစ်ရမယ်လေ။ လှည့်ဖြားတာနဲ့ ဉာဏ်ဆင်တာတွေကို ဘုရားသခင် ရွံရှာတယ်၊ ဒါကြောင့် ကျွန်မ အဲဒီလို မလုပ်နိုင်ခဲ့ဘူး။ ကျွန်မ လိပ်ပြာလုံလုံနဲ့ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ရမယ်၊ အဲဒါမှ ကျွန်မ စိတ်သက်သာရာရမှာ။

ဒါပေမဲ့ ကျွန်မ ဂရုတစိုက်နဲ့ သတိရှိရှိ နေပေမယ့် ဖောက်သည်တွေများပြီး အလုပ်ရှုပ်တဲ့အခါကျတော့ အမှားတွေက ရှောင်လွှဲလို့ မရပြန်ဘူး။ တစ်နေ့ကျတော့ သူဌေးက ကျွန်မကို ထပ်သတိပေးတယ်။ “နောက်တစ်ခါ ထပ်မှားရင် သုံးဆ ပြန်လျော်ရမယ်၊ ဒါမှမဟုတ်ရင် ဒီကနေ ထွက်သွားတော့” တဲ့။ သနားညှာတာမှု တစ်စက်မှမရှိဘဲ သူဌေးက အဲဒီလို ကြမ်းတမ်းတဲ့ စကားတွေပြောတာကို ကြားလိုက်ရတော့ ကျွန်မ ချက်ချင်း ပြိုလဲသွားတယ်။ ကျွန်မသာ အဖြေတစ်ခု အမြန်ရှာမတွေ့ရင် အလုပ်ထုတ်ခံရတော့မယ်။ ဒါနဲ့ အတွေ့အကြုံရင့်တဲ့ ငွေကိုင် လုပ်သလိုမျိုး ကျွန်မ စလုပ်မိတာပေါ့။ စာရင်းကွာနေတာ တွေ့တဲ့အခါ ဖောက်သည်တွေ ပစ္စည်းသေးသေးမွှားမွှားလေးတွေ ဝယ်ရင် ပြေစာမထုတ်ပေးဘဲ ပိုက်ဆံကို ဒီတိုင်း ယူထားလိုက်တယ်။ ဒီနည်းနဲ့ဆိုရင် ငွေစာရင်းက ကိုက်သွားပြီး ကွန်ပျူတာစနစ်ထဲမှာလည်း မှတ်တမ်းကျန်မှာ မဟုတ်ဘူးလေ။ စာရင်းကွာတာ အတော်လေး ပြေလည်သွားပြီဆိုတာနဲ့ ပုံမှန် ငွေကိုင်လုပ်နည်းအတိုင်း ကျွန်မ ပြန်လုပ်တော့တာပေါ့။ အစတုန်းကတော့ ကျွန်မ တော်တော်လေး ရင်တထိတ်ထိတ်ဖြစ်ပြီး တစ်ယောက်ယောက် သိသွားမှာကို ကြောက်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် ငွေကောင်တာက စောင့်ကြည့်ကင်မရာတွေအောက်တည့်တည့်မှာ ရှိနေတာကိုး။ တစ်ယောက်ယောက်များ ဗီဒီယိုမှတ်တမ်းကို ကြည့်နေရင် ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရမှာလေ။ တစ်ခါတလေ သူဌေးက ရောက်လာပြီး “ဘာလို့ အဲဒီဖောက်သည်ကို ပြေစာမထုတ်ပေးတာလဲ” လို့ မေးတတ်တယ်။ အဲဒီအခါကျရင် ကျွန်မက ချက်ချင်း ဟန်မပျက်ပဲ “ပမာဏ နည်းနည်းလေးမို့လို့ ပြေစာမလိုဘူးလို့ သူတို့က ပြောလို့ပါ၊ ပြီးတော့ ကျွန်မလည်း မေ့သွားလို့” လို့ ပြောလိုက်တယ်။ အဲဒီလိုကြားတော့ သူဌေးက ဘာမှဆက်မပြောတော့ဘူး။ စာရင်းကွာတာကို ဖုံးကွယ်တဲ့အလုပ်က ဒီလိုနည်းနဲ့ “အကွက်စေ့” နေတာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်၊ ကျွန်မ စိတ်ထဲမှာတော့ မပျော်ပါဘူး။ အိမ်ပြန်ရောက်တဲ့အခါ အိပ်ရာပေါ် ပစ်လှဲလိုက်ပြီး တွေးမိတယ်။ ငါက ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ပဲ၊ အမှန်အတိုင်းပြောပြီး ရိုးသားသူတစ်ယောက် ဖြစ်သင့်တာ၊ ဒါပေမဲ့ ကိုယ့်အကျိုးစီးပွားနဲ့ တွေ့တဲ့အခါ ငါ့ရဲ့ စည်းက ဒီလောက်လွယ်လွယ်နဲ့ ပြိုလဲသွားလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး ပေါ့။ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရပြီး လိပ်ပြာမလုံဖြစ်ရတယ်။ ဒါပေမဲ့ တွေးမိပြန်တယ်၊ “ငါ့မှာ ရွေးချယ်စရာမရှိလို့ ဒီလိုလုပ်ရတာပါ၊ အလုပ်မြဲဖို့ လိုတယ်လေ” ပေါ့။ ဒီလို အကျိုးအကြောင်းပြပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့တယ်။

မထင်မှတ်ဘဲ နောက်ရက်နည်းနည်းကြာတော့ မျှော်လင့်မထားတဲ့ ကိစ္စတချို့ ကျွန်မဆီ ရောက်လာပါလေရော။ ဖောက်သည်တချို့က ပစ္စည်းတွေပေါ်က ဈေးနှုန်းကတ်ပြားတွေကိုတောင် လဲထားကြတယ်၊ ပြီးတော့ ပစ္စည်းတချို့မှာ ဘားကုဒ်မပါတာရယ်၊ တချို့ကိရိယာတွေကို ကျွန်မ မမှတ်မိတာရယ်ကြောင့် ၅၅ ဒေါ်လာတန် ပစ္စည်းကို ၅ ဒေါ်လာနဲ့ ရောင်းလိုက်မိတယ်။ ပြီးတော့ ဒေါ်လာ ၄၀၀ ကျော်တန်တဲ့ ချက်လက်မှတ်တစ်ခုကိုလည်း ဖောက်သည်ရဲ့ လက်မှတ်မပါဘဲ ကျွန်မ လက်ခံလိုက်မိတယ်။ ဒီကိစ္စတွေအကုန်လုံးကို သူဌေးက သိသွားတယ်။ ကျွန်မ ကြောင်အသွားပြီး တွေးမိတယ်၊ “ဒီလောက် ငွေပမာဏများတဲ့ အမှားတွေ အများကြီးကို ငါ ဘယ်လိုလုပ်ပြီး မှားရတာလဲ” ပေါ့။ ဒီကိစ္စတွေ ကြားပြီးတဲ့နောက် သူဌေးက ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ “နင် သွားပြီသာမှတ်။ နင် ဘယ်လိုလုပ်ပြီး ဒီလိုအမှားတွေ လုပ်ရတာလဲဆိုတာ သိရအောင် ငါ စောင့်ကြည့်ကင်မရာ မှတ်တမ်းကို နောက်ကျရင် သွားစစ်တော့မယ်။ ပိုက်ဆံပြန်မရရင် နင် သုံးဆ ပြန်လျော်ရမယ်” တဲ့။ အဲဒီအချိန်မှာ ကျွန်မ သွားပြီလို့ ခံစားလိုက်ရတယ်။ အလုပ်ပြုတ်တော့မယ်၊ ပြီးတော့ ကျွန်မ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေအကုန်လုံး ပြန်လျော်ရတော့မယ်ပေါ့။ အရာအားလုံး ပြိုလဲကုန်ပြီလို့ ခံစားလိုက်ရတယ်။ အိမ်ရောက်တော့ ကျွန်မ စိတ်မငြိမ်နိုင်ဘူး၊ ပြီးတော့ ကူကယ်ရာမဲ့နေသလို ခံစားရတယ်။ ဒီဆုံးရှုံးမှုတွေကို ဘယ်လိုပြန်ကာမိအောင် လုပ်ရမလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ဒါပေမဲ့ ဒီအခြေအနေတွေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါဝင်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ ရောက်လာပြီး ဆုတောင်းတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့အတွက် ကျွန်မကို လမ်းပြပြီး ဉာဏ်အလင်းပေးသနားဖို့၊ ဒါမှ ကျွန်မ ဘယ်လို သင့်တော်သလို လုပ်ဆောင်ရမလဲဆိုတာ သိနိုင်ဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာစောင့်သိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ဤအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားသူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဟုတ်ပါတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက သန့်ရှင်းပြီး သစ္စာရှိတယ်၊ ပြီးတော့ အမှန်အတိုင်း ပြောဆိုတယ်။ ဘုရားသခင်က ရိုးသားသူတွေကို ချစ်တယ်။ ရိုးသားသူတွေဖြစ်မှသာ ကျွန်မတို့ ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ကိုယ်တော်က ကျွန်မတို့ကို မိန့်တော်မူထားတယ်။ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကျွန်မ လက်တွေ့လုပ်ဆောင်သင့်တယ်၊ အရာရာမှာ ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီး အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ဘယ်တော့မှ လှည့်ဖြားတာမျိုး မလုပ်ရဘူး။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ၊ အလုပ်လုပ်တဲ့အခါမှာ ကျွန်မက ယုံကြည်စိတ်ချရသူတစ်ယောက် ဖြစ်အောင် ကြိုးစားသင့်တယ်၊ တခြားသူတွေ စိတ်လုံခြုံမှုရပြီး ကျွန်မကို ယုံကြည်နိုင်အောင်ပေါ့။ ဒီလို အသက်ရှင်နေထိုင်ခြင်းက ဂုဏ်သိက္ခာရှိစေပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူဌေးဆူတာမခံရဖို့၊ ဒါမှမဟုတ် ကျွန်မရဲ့ အမှားတွေ မပေါ်ဖို့အတွက် ဘာသာတရား မရှိသူတွေလိုပဲ ကျွန်မက လှည့်ဖြားပြီး ပြုမူခဲ့မိတယ်။ စာရင်းကွာတာကို ဖုံးဖို့အတွက် ပစ္စည်းရောင်းရငွေကို ယူပြီး ပြေစာမထုတ်ပေးဘဲ နေခဲ့တယ်။ သူဌေးကို လှည့်ဖြားဖို့နဲ့ လူတွေကို အရူးလုပ်ဖို့ ဒီလိုယုတ်ညံ့တဲ့နည်းလမ်းတွေကို ကျွန်မ သုံးခဲ့တာပေါ့။ ကျွန်မရဲ့ လိပ်ပြာက မလုံဖြစ်နေပေမဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ သိက္ခာရှိတဲ့ ဆင်ခြေတချို့ကို သုံးခဲ့တုန်းပဲ။ ကျွန်မ လုပ်တာကို လူတွေက ချက်ချင်း သတိထားမိချင်မှ ထားမိမယ်၊ ဒါပေမဲ့ ဘုရားသခင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း စိစစ်နေပါတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ချက်တွေကို ကျွန်မ ပိုနားလည်လာခဲ့တယ်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်ကို ထင်ဟပ်စေတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ပြီးတော့ အခုတလော ကြုံနေရတဲ့ အခက်အခဲတွေနဲ့ အနှောင့်အယှက်တွေက မှားယွင်းတဲ့လမ်းကြောင်းပေါ် ဆက်မလျှောက်ဖို့ ဘုရားသခင်က ကျွန်မကို သတိပေးပြီး နှိုးဆော်နေတဲ့ နည်းလမ်းဖြစ်မှန်းလည်း ကျွန်မ အသိအမှတ်ပြုလိုက်တယ်။

အဲဒီနောက်မှာ ကျွန်မ စပြီး ဆင်ခြင်သုံးသပ်မိတယ်။ “ငါ့ဘေးနားကလူတွေ လှည့်ဖြားသလို လိုက်လုပ်ချင်စိတ်ရှိအောင် ဘယ်အရာက ငါ့ကို တွန်းအားပေးနေတာလဲ။ ဘယ်အရာက ငါ့ကို ထိန်းချုပ်နေတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်။ ရှာဖွေနေရင်းနဲ့ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်လိုက်မိတယ်။ “လူတို့သည် အဘယ်ကြောင့် လှည့်ဖြားတတ်ကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ဖြစ်မြောက်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မသမာသောနည်းလမ်းများကို အသုံးပြုကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ပွင့်လင်းခြင်း၊ ရိုးသားခြင်းမရှိပေ။ ၎င်းတို့သည် ရိုးသားသောသူများမဟုတ်ပေ။ လူတို့က ၎င်းတို့၏ မသိမသာဒုက္ခပေးခြင်းနှင့် ကောက်ကျစ်မှု၊ သို့မဟုတ် မလိုမုန်းထားမှုနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းတို့ကို ထုတ်ဖော်ပြသည်မှာ ဤသို့သော အချိန်များတွင်ဖြစ်သည်။ ဤသည်မှာ ရိုးသားရာတွင် အခက်အခဲရှိသည့်နေရာဖြစ်သည်။ မိမိ၏ စိတ်နှလုံးတွင် ဤ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသဖြင့်၊ ရိုးသားသူတစ်ယောက်ဖြစ်ရန် အထူးပင် ခက်ခဲသည်ဟု အမှန်ပင် ထင်ရသည်။ သို့သော် သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်ပြီး၊ သမ္မာတရားကို လက်ခံနိုင်သောသူဖြစ်လျှင် ရိုးသားသူဖြစ်ခြင်းသည် အလွန်ခက်ခဲမည်မဟုတ်ပေ။ များစွာပို၍ လွယ်ကူသည်ဟု သင် ခံစားရလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးများမှာ လူတို့၏ မသိမသာဒုက္ခပေးခြင်း၊ လှည့်စားမှု၊ မလိုမုန်းထားမှု၊ လူတို့၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များဖြစ်သည်ဆိုသည်ကို ကိုယ်တွေ့ အတွေ့အကြုံရှိသောသူများက ကောင်းစွာသိသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကျန်ရှိနေသရွေ့ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက အလွန်ခက်ခဲလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မ အတွေးထဲ နစ်မျောသွားတယ်။ လက်စသတ်တော့ ကျွန်မက ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လှည့်ဖြားပြီး ပြုမူခဲ့တာပဲ။ ပိုက်ဆံဆုံးရှုံးရတာ၊ သိက္ခာကျတာနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အလုပ်ပြုတ်နိုင်တဲ့ အန္တရာယ်နဲ့တောင် ကြုံရတဲ့အခါ ကျွန်မက လှည့်ဖြားပြီး ကောက်ကျစ်စဉ်းလဲစွာ ပြုမူခဲ့မိတယ်။ ကိုယ့်အမှားတွေကို ဖုံးကွယ်ဖို့ သူများတွေရဲ့ အကျိုးစီးပွားကိုတောင် ထိခိုက်အောင် လုပ်ခဲ့မိတာ။ ပိုဆိုးတာက လိပ်ပြာမလုံဖြစ်တာကတောင် ကျွန်မကို မနှိုးဆော်နိုင်ခဲ့ဘူး။ လူတိုင်း ဒီလိုပဲ လှည့်ဖြားနေကြတာပဲ၊ ဒါကြောင့် ငါလုပ်တာက စည်းကျော်တာ မဟုတ်ပါဘူးလို့ ကျွန်မ ထင်ခဲ့တာ။ အမှားလုပ်ပြီးတဲ့နောက် ကျွန်မက ဉာဏ်ဆင်တယ်၊ လှည့်ဖြားပြီး ပြုမူတယ်။ ပြီးတော့ ရှက်ရကောင်းမှန်း မသိဘဲ ကိုယ့်ကိုယ်ကိုယ်အတွက် ကြီးကျယ်တဲ့ အကြောင်းပြချက် တွေကို ရှာခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ တကယ်ကို ကင်းမဲ့နေတာပဲ။ ကျွန်မက စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး လိမ်ညာ၊ လှည့်ဖြားနေခဲ့တာပဲ။ ဒါကြောင့် ဘုရားသခင်က ကျွန်မကို ရွံရှာပြီး ကျွန်မ အရမ်း နာကျင်ရတယ်။ ဘုရားသခင်ရှေ့မှာ နောင်တရပြီး အမှန်အတိုင်းပြောဖို့၊ ရိုးသားဖို့ အာရုံစိုက်မှသာ ကျွန်မ ငြိမ်သက်ခြင်းရနိုင်ပြီး ပင်ပန်းမှာ မဟုတ်ဘူးလေ။ ထုံထိုင်းနေတဲ့ ကျွန်မရဲ့ နှလုံးသားကို နှိုးဆော်ဖို့ ဘုရားသခင်က ဒီအခြေအနေတွေကို အသုံးပြုနေတာဖြစ်လို့ ကျွန်မ ဆက်ပြီး လိမ်ညာတာ၊ လှည့်ဖြားတာတွေ မလုပ်နိုင်တော့ဘူး။ ပိုက်ဆံဆုံးရှုံးရတာ၊ သိက္ခာကျတာက သေးမွှားတဲ့ကိစ္စပါ၊ ဒါပေမဲ့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှု ပျောက်ဆုံးတာကတော့ ကြီးမားတဲ့ကိစ္စလေ။ ဒါကို စိတ်ထဲမှတ်ထားပြီး ကျွန်မ တာဝန်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးရှုံးမှုတွေကို ကာမိဖို့ အဲဒီလအတွက် ရတဲ့လစာကို သုံးမယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။ မထင်မှတ်ဘဲ စူပါမားကက်က တခြားဝန်ထမ်းတွေက စောင့်ကြည့်ကင်မရာ ရုပ်သံမှတ်တမ်းကို ကြည့်ပြီး ချက်လက်မှတ်မှာ လက်မှတ်မထိုးသွားတဲ့သူကို မှတ်မိသွားကြတယ်။ သူတို့က အဲဒီလူကို ရှာတွေ့မယ့်နည်းလမ်းကို တွေ့သွားကြတယ်။ ကျွန်မ မှားရောင်းလိုက်တဲ့ ကိရိယာတွေနဲ့ ပတ်သက်လို့တော့ သူဌေးကတော်က ဖောက်သည်တွေမှာလည်း တာဝန်ရှိတယ်၊ ပြီးတော့ ကျွန်မက ငယ်သေးတော့ ကိရိယာတချို့ကို မှတ်မိမယ်လို့ မျှော်လင့်လို့မရဘူးလို့ ပြောပြီး ပမာဏရဲ့ တစ်ဝက်ကိုပဲ ကျွန်မကို လျော်ခိုင်းတယ်။ ဒီကိစ္စတွေက နောက်ဆုံးတော့ လွယ်လွယ်ကူကူနဲ့ ပြေလည်သွားတာပေါ့။ ကျွန်မကို ကူညီဖို့ ကျွန်မရဲ့ ပတ်ဝန်းကျင်က လူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေကို ဘုရားသခင်က စီစဉ်ညွှန်ကြားပေးနေမှန်း ကျွန်မ သိလိုက်တယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းလိုက်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကျွန်မရဲ့ ယုံကြည်ခြင်းက ခိုင်မာလာခဲ့တယ်။

တစ်ညကျတော့ စာရင်းစစ်နေရင်းနဲ့ ၈ ဒေါ်လာ လိုနေတာ တွေ့လိုက်တယ်။ ကျွန်မ တွေးမိတယ်၊ “မနေ့ညက ငါ အကြွေတွေ အများကြီး ထည့်လိုက်မိလို့လား။ မဟုတ်ပါဘူး။ ကူပွန်တချို့ကို စာရင်းမသွင်းမိလို့လား။ မဟုတ်ပါဘူး။ စာရင်းမှာ အမှားပါနေလို့လား။ မဟုတ်ပါဘူး” ပေါ့။ ကျွန်မ ဘက်ပေါင်းစုံကနေ စဉ်းစားကြည့်ပေမဲ့ ဘယ်နေရာမှာ မှားနေလဲဆိုတာ အဖြေရှာမရခဲ့ဘူး။ ကျွန်မ အရမ်း စိုးရိမ်ပူပန်လာတယ်၊ နောက်နေ့ကျရင် သူဌေးကတော်က ဆူတာခံရတော့မှာကို တွေးပြီး စိတ်ထဲမှာလည်း သောကရောက်ပြီး စိတ်ပူနေတာပေါ့။ နောက်တစ်ခါ ထပ်မှားရင် အလုပ်ဖြုတ်မယ်လို့ သူဌေးက ပြောထားတယ်၊ အခု နောက်ထပ်အမှားတစ်ခု လုပ်မိပြန်ပြီဆိုတော့ ကျွန်မ အလုပ်မြဲပါ့မလားဆိုတာ မရေမရာ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်၊ “သူဌေးကတော်က ပုံမှန်ဆိုရင် နှစ်ရက်၊ သုံးရက်နေမှ တစ်ခါ စာရင်းစစ်တာဆိုတော့ ဒီနေ့ သူ စစ်ချင်မှ စစ်မှာ။ မနက်ဖြန်ကျမှ အဲဒီငွေကို ‘ပြန်ဖြည့်’ ဖို့ အခွင့်အရေး ရှာလိုက်မယ်၊ ဒါဆိုရင် ငါ အဆူခံရမှာ မဟုတ်သလို အလုပ်ပြုတ်မှာလည်း မဟုတ်ဘူး” ပေါ့။ ဒါပေမဲ့ အမှန်အတိုင်းပြောဖို့၊ ရိုးသားဖို့ ဘုရားသခင်ရှေ့မှာ ကျွန်မ ဆုံးဖြတ်ချက်ချထားတာကို ပြန်တွေးမိလိုက်တဲ့အခါ စိတ်ထဲမှာ နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ အိမ်ရောက်တော့ ကျွန်မရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘုရားသခင်ဆီ ထပ်ပြီး ဆုတောင်းတယ်။ ကျွန်မကို ထပ်ပြီး လမ်းပြပေးဖို့၊ ရှေ့ဆက်ရမယ့်လမ်းကို ပြင်ဆင်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “လူတို့သည် ဤကမ္ဘာလောကတွင်၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး စာတန် အင်အားစု၏ အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသောအခါ ၎င်းတို့အတွက် ရိုးသားရန် မဖြစ်နိုင်ပေ။ အစဉ်ပို၍ လှည့်စားတတ်ခြင်းသာ ဖြစ်လာနိုင်သည်။ ဖောက်ပြန်ပျက်စီးသော ဤလူသားမျိုးနွယ်ကြားတွင် အသက်ရှင်ရသောအခါ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းတွင် အမှန်တကယ်ပင် အခက်အခဲများစွာ ပါဝင်သည့်အပြင် ဘာသာတရားမရှိသူများ၊ နတ်ဆိုးဘုရင်များ၊ အသက်ရှင်နေသော မကောင်းဆိုးဝါးများ၏ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် နှင်ထုတ်ခံရခြင်းကိုပင် ခံရဖို့ များသည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင် ရိုးသားသူတစ်ယောက်အနေဖြင့် ရှင်သန်ရန် ဖြစ်နိုင်သလော။ ဤကမ္ဘာလောကတွင် ငါတို့အတွက် ရှင်သန်ရန် နေရာတစ်ခုတလေရှိသလော။ ရှိသည်။ ငါတို့သည် သေချာပေါက် ရှင်သန်နိုင်ကြသည်။ ဘုရားသခင်သည် ငါတို့အတွက် ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ခဲ့သည်။ ငါတို့အတွက် လွတ်လမ်းတစ်ခုကို သူသေချာပေါက် ဖွင့်ပေးသည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ လမ်းပြမှုအောက်တွင် သူ့နောက်သို့ လုံးလုံးလျားလျား လိုက်လျှောက်သည်။ ငါတို့သည် သူပေးသော ထွက်သက်ဝင်သက်နှင့် အသက်အားဖြင့် လုံးလုံးလျားလျားအသက်ရှင်ကြသည်။ ငါတို့သည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားကို လက်ခံကြသောကြောင့် မည်သို့အသက်ရှင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းအသစ်များရှိသည်။ ငါတို့၏ အသက်တာများအတွက် ပန်းတိုင်အသစ်များရှိကြသည်။ ငါတို့အသက်တာများ၏ အခြေခံအုတ်မြစ်များသည် ပြောင်းလဲသွားပြီဖြစ်သည်။ သမ္မာတရားကို ရရှိခြင်းနှင့် ကယ်တင်ခြင်းခံရခြင်းငှာ ငါတို့သည် အသက်ရှင်နေထိုင်ပုံ နည်းလမ်းသစ်တစ်ခု၊ ကျင့်ကြံပြုမူပုံ နည်းလမ်းသစ်တစ်ခုကို လုံးလုံးလျားလျား ကျင့်သုံးခဲ့ကြပြီ ဖြစ်၏။ ဆိုလိုသည်မှာ အသက်ရှင်ခြင်းပုံစံအသစ်တစ်ခုကို ငါတို့ ခံယူကြပြီးဖြစ်သည်။ ငါတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် ငါတို့ အသက်ရှင်ကြသည်။ ဤသည်မှာ ငါတို့ စားသောက်သည့်အရာ၊ ဝတ်ဆင်သည့်အရာ၊ သို့မဟုတ် ငါတို့ နေထိုင်သည့်နေရာနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသည်မှာ ငါတို့၏ စိတ်နှလုံးက လိုအပ်သည့်အရာဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)၎င်းတို့၏ အရည်အချင်းများနှင့် ဉာဏ်ရည်တို့တွင် ကွဲပြားမှုများရှိပါစေ၊ ၎င်းတို့၌ စိတ်ပိုင်းဖြတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူတို့သည် ကံကြမ္မာ၏ရှေ့မှောက်တွင် အားလုံး တန်းတူညီတူဖြစ်ကြပြီး ထိုနေရာတွင် ၎င်းတို့ကို ကြီးမြတ်သူနှင့် သေးနုပ်သူ၊ မြင့်မြတ်သူနှင့် နိမ့်ကျသူ၊ ဂုဏ်သရေရှိသူနှင့် ယုတ်ညံ့သူဟူ၍ မခွဲခြားပေ။ လူတစ်ဦး လုပ်ကိုင်သည့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပြုသည့်အရာနှင့် ဘဝတွင် ပိုင်ဆိုင်သည့် ဥစ္စာဓနမည်မျှသည် ၎င်းတို့၏ မိဘများ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရည်မှန်းချက်များအပေါ် မူမတည်ပေ၊ ယင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအပေါ် မူတည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တကယ်ပဲ စိတ်သက်သာရာ ရသွားတယ်။ ဒီဆိုးယုတ်တဲ့ လူ့အဖွဲ့အစည်းမှာ လူတွေက စာတန်ရဲ့ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တွေကို မှီခိုပြီး အသက်ရှင်ကြတယ်။ ကိုယ့်အကျိုးစီးပွားအတွက် တစ်ယောက်နဲ့တစ်ယောက် လှည့်ဖြားကြတယ်၊ ပြီးတော့ အတုံ့အလှည့်ရှိတယ်ဆိုပြီး နားလည်ထားကြတယ်။ ဒီလိုမလုပ်ရင်ပဲ အသက်ရှင်ရပ်တည်လို့ မရတော့သလိုပဲ။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တယ်၊ ပြီးတော့ ကျွန်မရဲ့ အသက်က ကိုယ်တော်ဆီက လာတယ်ဆိုတာ၊ ဘုရားသခင်က ကျွန်မရဲ့ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်ဆိုတာ၊ ပြီးတော့ ကျွန်မ အသက်ရှင်ပြီး အသက်ရှူနေရတဲ့အချက်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်မ သိပါတယ်။ ကျွန်မ ဘယ်လိုအလုပ်မျိုး ရမလဲဆိုတာက ဘုရားသခင်ရဲ့ အမိန့်နဲ့ ပြဋ္ဌာန်းချက်တွေနဲ့ အစီအစဉ်တွေအပေါ်မှာပဲ မူတည်တာပါ၊ ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်မှာမှ မူတည်တာ မဟုတ်ပါဘူး။ လှည့်ဖြားခြင်းအားဖြင့် အရာရာကို တိုက်ခိုက်ယူဖို့ ကျွန်မ ဘာလို့ ခေါင်းခြောက်အောင် စဉ်းစားနေရမှာလဲ။ စိတ်နှလုံး ဖွင့်ထားတာ၊ ကိုယ်လုပ်စရာရှိတာကို လုပ်တာ၊ ပြီးတော့ အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံထားတာက ပိုမကောင်းဘူးလား။ ဒါကို စိတ်ထဲမှတ်ထားလိုက်တော့ ကျွန်မ ပိုပြီး စိတ်သက်သာရာ ရသွားတယ်။ ပြီးတော့ ရိုးသားသူတစ်ယောက်ဖြစ်ဖို့၊ ကျွန်မ ဘာပဲလုပ်လုပ် ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံဖို့ ကျွန်မ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်တယ်။ ကျွန်မ အမှားလုပ်ခဲ့မိတာဆိုတော့ ကျွန်မ တာဝန်ယူရမှာပေါ့။ ဘယ်လို ပြန်လျော်ရမလဲ ဆိုတာရယ်၊ ဒီအလုပ် မြဲမမြဲ ဆိုတာရယ်ကတော့ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပါပဲ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ နာခံချင်စိတ်ရှိခဲ့တယ်။

နောက်နေ့ ငွေကောင်တာမှာ အလုပ်လုပ်နေတုန်း ပြေစာမထုတ်ပေးဘဲ နေလို့ရမယ့် အခွင့်အရေးတစ်ခု ကြုံလာပါလေရော။ ဆိုလိုတာက လိုနေတဲ့ ၈ ဒေါ်လာကို ကျွန်မ ပြန်ဖြည့်လို့ ရနိုင်တယ်ပေါ့။ ကျွန်မ စိတ်နှလုံးက ထပ်ပြီး ယိမ်းယိုင်သွားတယ်။ အဲဒီလိုလုပ်ဖို့ ပြင်လိုက်တုန်းမှာပဲ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ရုတ်တရက် တွေးမိတယ်။ “သင်သည် မာယာကင်းသော လူတစ်ဦး ဖြစ်သင့်သည်။ ပါးနပ်ရန် မကြိုးစားနှင့်၊ ပြီးလျှင်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်နှင့်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပြစ်မှားခြင်းများက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်) ရိုးသားသူတစ်ယောက်ဖြစ်ဖို့နဲ့ လှည့်ဖြားသူတစ်ယောက် မဖြစ်ဖို့ ဘုရားသခင်က ကျွန်မကို သတိပေးနေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ လှည့်ဖြားတတ်တဲ့သူတွေက ရှက်စရာကောင်းပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရတယ်။ “လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းတွင် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်အချက်များအားလုံးသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ ဘာသာတရားမရှိသူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့ရည်ရွယ်ချက်များကို အလေးထားနိုင်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်နိုင်သလားဆိုတာကို ကြည့်ဖို့ ဒီအချိန်မှာ ဘုရားသခင်က ကျွန်မကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေမှန်း ကျွန်မ နားလည်လိုက်တယ်။ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူးလို့ ထင်ရပေမဲ့ ဒီရွေးချယ်မှုနဲ့ ဒီလုပ်ရပ်မှာ သက်သေခံချက် ပါဝင်နေတယ်။ ဘုရားသခင်က ရိုးသားသူတွေကို နှစ်သက်မှန်း ကျွန်မ ကောင်းကောင်းသိရက်နဲ့ စာတန်ရဲ့ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းတွေအတိုင်း အသက်ရှင်ပြီး လှည့်ကွက်တွေ၊ လှည့်ဖြားမှုတွေ သုံးနေတုန်းပဲ။ ဒါက ဘုရားသခင်ရဲ့ နာမတော်ကို အရှက်ရစေတာ မဟုတ်ဘူးလား။ ကြီးကျယ်ခမ်းနားတဲ့ သက်သေခံချက်မျိုးတစ်ခုမှ ကျွန်မ ပေးနိုင်မှာမဟုတ်ပေမဲ့ နေ့စဉ်အသက်တာမှာ ကြုံလာရတဲ့ ကိစ္စသေးသေးမွှားမွှားလေးတွေမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်လေ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ရိုးသားသူတစ်ယောက်ဖြစ်ဖို့နဲ့ ဘုရားသခင် ကျေနပ်အောင်လုပ်ဖို့ ကျွန်မ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်တယ်။ အဲဒီနောက်မှာ လိုနေတဲ့ ၈ ဒေါ်လာကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာ မတွေးတော့ဘဲ အလုပ်ကိုပဲ ကြိုးကြိုးစားစား စလုပ်တော့တာပေါ့။ ဒီလိုနဲ့ တစ်နေ့ကုန်သွားပြီး ညနေ စာရင်းချုပ်တဲ့အချိန်ရောက်တော့ ကျွန်မ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်ပြီး ပိုက်ဆံပျောက်နိုင်ချေရှိတယ်ဆိုတဲ့အချက်အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားလိုက်တယ်။ ဆုတောင်းပြီးလို့ ပိုက်ဆံရေကြည့်လိုက်တော့ အံ့သြစရာကောင်းတာက ငွေပမာဏက ကွက်တိဖြစ်နေပါလေရော။ ကျွန်မ အရမ်းအံ့သြသွားတယ်။ မနေ့ညက ၈ ဒေါ်လာ သေချာပေါက် လိုနေတာလေ၊ အခုကျတော့ ဘယ်လိုလုပ် စုစုပေါင်းက ကွက်တိဖြစ်သွားရတာလဲပေါ့။ ကျွန်မ နောက်ထပ် သုံးလေးခေါက်လောက် ထပ်ရေကြည့်ပေမဲ့ သံသယဖြစ်စရာ မလိုလောက်အောင်ကို ပမာဏက ကွက်တိဖြစ်နေတယ်။ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိသလို လှည့်ဖြားတဲ့နည်းလမ်းကို မသုံးမိခဲ့လို့လည်း စိတ်သက်သာရာ ရသွားတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်လိုက်တဲ့အတွက် စိတ်ထဲမှာ ငြိမ်းချမ်းသွားတာပေါ့။

အဲဒီနောက်ပိုင်း အလုပ်မှာ ဘာပြဿနာပဲတက်တက်၊ ဒါမှမဟုတ် တစ်ခုခုအတွက် တာဝန်ယူရမယ်ဆိုရင် ဖြေရှင်းဖို့အတွက် သူဌေးနဲ့ ကျွန်မ တက်တက်ကြွကြွ ဆက်သွယ်ပြောဆိုတယ်။ သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို အလုပ်ကြိုးစားပြီး တာဝန်ကျေတဲ့အတွက် ချီးကျူးကြတယ်၊ နှစ်လ၊ သုံးလကြာတော့ သူဌေးက လစာတိုးပေးတယ်။ နောက်ပိုင်းမှာ အလုပ်ချိန်လျှော့ပေးဖို့ သူဌေးကို ပြောတဲ့အခါ ပုံမှန်ဆိုရင် ဝန်ထမ်းတွေအပေါ် တင်းကျပ်လေ့ရှိတဲ့ သူဌေးက အံ့သြစရာကောင်းလောက်အောင်ပဲ ကြည်ကြည်ဖြူဖြူ လိုက်လျောပေးခဲ့တယ်။ တစ်နေ့ကျတော့ ငွေကိုင်တစ်ယောက်နဲ့ တခြားဝန်ထမ်းတစ်ယောက် စကားပြောနေတာကို ကျွန်မ မတော်တဆ ကြားလိုက်မိတယ်။ ငွေကိုင်က ပြောတယ်၊ “သူဌေးက အရမ်း မျက်နှာလိုက်တာပဲ၊ မယ်ရီဒတ် အပေါ်ကျတော့ တော်တော် သဘောကောင်းတယ်၊ လစာတိုးပေးတယ်၊ အလုပ်ချိန်လျှော့ပေးတယ်၊ သူ့အချိန်ဇယားကိုတောင် ညှိခွင့်ပေးတယ်။ ငါက ဘာကိုပဲတောင်းဆိုပါစေ ငြင်းတာချည်းပဲ” တဲ့။ ဝန်ထမ်းက ပြန်ပြောတယ်။ “အေးလေ၊ ရိုးသားပြီး တည်ကြည်တဲ့သူ၊ သူများတွေကို စိတ်ချလက်ချရှိစေတဲ့သူမျိုးနဲ့ဆို ဘယ်သူက အလုပ်မလုပ်ချင်ဘဲ နေမှာလဲ” တဲ့။ ဒါကိုကြားတော့ ကျွန်မရဲ့ စိတ်နှလုံးအတွင်းထဲကနေဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းလိုက်မိတယ်၊ ဘာလို့လဲဆိုတော့ သူဌေးရဲ့ ဝေဖန်မှုကနေ လေးစားမှုနဲ့ ဂရုစိုက်မှုအဖြစ် ပြောင်းလဲသွားတာဟာ ကျွန်မ တော်လို့မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို ပြောင်းလဲပေးခဲ့လို့ဆိုတာ သိနေလို့ပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကျွန်မ လက်တွေ့လုပ်ဆောင်တဲ့အခါ လူတစ်ယောက်အနေနဲ့ ရှိရမယ့် ဂုဏ်သိက္ခာကို ကျွန်မ ပြန်ရခဲ့သလို သူများတွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး လူတွေရဲ့ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စံသတ်မှတ်ချက် ဖြစ်တယ်ဆိုတာကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ရတာ တကယ်ကို ကောင်းမွန်ပါတယ်ရှင်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လိမ်ညာခြင်းနောက်ကွယ်မှာ ဘာတွေဖုန်းကွယ်ထားသလဲ

ယာချင်း၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်နေတုန်း ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးကို...

စုဝေးပွဲပြီးနောက် ပြန်လည်သုံးသပ်ခြင်းများ

အန်ရန်၊ တရုတ်နိုင်ငံ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက အသင်းတော်မှာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေကို ကျွန်မ စိစစ်ရွေးချယ်နေခဲ့တယ်။...

ကျွန်ုပ်၏ စကားများ နောက်တွယ်၌ မသန့်စင်မှုများ အစဉ်သဖြင့် ရှိနေခဲ့ကြောင်း မြင်လိုက်ရသည်

ရှောင်ဖန်၊ တရုတ်ပြည်အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ကျွန်တော် ကြီးကြပ်နေခဲ့တယ်။ သုံးလကျော်ကြာပြီးတဲ့နောက်မှာတောင် ရေလောင်းသူတွေကို...

ရိုးသားသူတစ်ယောက် ဖြစ်လာခြင်းဖြင့် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို ကျွန်ုပ် ရရှိခဲ့

ယန်ချောင်၊ တရုတ်ပြည်ကျွန်တော့် မိသားစု ငွေရေးကြေးရေး အခြေအနေက တော်တော်လေး သာမန်ပါပဲ။ မိဘတွေက ဘာလက်မှုပညာမှ မတတ်တော့ လယ်စိုက်ပြီးပဲ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။