အသေးအမွှားကိစ္စတစ်ခုမှတစ်ဆင့် ကျွန်မ၏ လှည့်ဖြားတတ်မှု ထုတ်ဖော်ခံလိုက်ရခြင်း

15.04.2026

ကျန်းဒီ၊ တရုတ်ပြည်

၂၀၂၃၊ နိုဝင်ဘာလကုန်မှာ အသင်းတော်အချို့ရဲ့ ရေလောင်းခြင်းအလုပ်ကို ကြီးကြပ်ဖို့ ညီအစ်မနှစ်ယောက်နဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ကျွန်မတို့အလုပ်ထဲက လမ်းလွဲခြင်းတွေနဲ့ ပြဿနာတွေကို အနှစ်ချုပ်လိုက်တိုင်း ကျွန်မမှာ ဖိအားတွေ အများကြီး ခံစားခဲ့ရတယ်။ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက သိပ်မကောင်းဘူး၊ ပြဿနာတွေကို သတိပြုမိတာလည်း နှေးတယ်၊ ပြီးတော့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မနှစ်ယောက်လောက်လည်း ဉာဏ်မသွက်ဘူး၊ အစွမ်းအစ မကောင်းဘူးလေ။ ဥပမာ၊ တစ်ခါတလေ လူသစ်တွေ ပုံမှန် မစုဝေးကြရင် ရေလောင်းသူတွေက လက်တွေ့အခြေအနေတွေနဲ့ဆိုင်တဲ့ အကြောင်းပြချက်တချို့ကို ပေးပြီး လူသစ်တွေရဲ့ ပြဿနာကိုပဲ ထောက်ပြကြတယ်၊ သူတို့တာဝန်တွေမှာ ဘယ်လိုလမ်းလွဲခြင်းတွေ ရှိမရှိဆိုတာကို ဆင်ခြင်သုံးသပ်မှုမရှိကြဘူး။ ကျွန်မမှာက ပိုင်းခြားသိမြင်မှု အားနည်းတော့ ရေလောင်းသူတွေ ပြောတဲ့အတိုင်းလိုက်ပြီး လူသစ်တွေကိုပဲ အာရုံစိုက်မိတာပေါ့။ ဒါပေမဲ့ ကျွန်မနဲ့ တွဲဖက်ညီအစ်မတွေကျတော့ ရေလောင်းသူတွေ ပြောတဲ့ ပြဿနာရဲ့ အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ပြဿနာတွေရဲ့ အရင်းအမြစ်ကို ရှာနိုင်တယ်။ ဒီတော့ ပြဿနာဖြေရှင်းရာမှာ ပိုပြီး ထိရောက်တာပေါ့။ ညီအစ်မတွေနဲ့ ယှဉ်လိုက်တိုင်း ကျွန်မ အရည်အချင်းမမီသလို ခံစားရပြီး သူတို့ ဘာမှ မပြောပေမဲ့ ကျွန်မ ရှက်တယ်။ ကျွန်မ အမြဲ စိုးရိမ်ပူပန်နေမိတယ်။ “သူတို့ ငါ့ကို ဘယ်လိုထင်မလဲ။ လေ့ကျင့်တာ ကြာပြီ၊ တိုးတက်မှု မရှိဘူးလို့ ပြောကြမလား။ ငါ့မှာ အစွမ်းအစ မရှိဘူးလို့ ထင်မလား” ဆိုပြီး အလုပ်အနှစ်ချုပ်တိုင်း ကျွန်မ အရမ်း မွန်းကျပ်သလို ခံစားရပြီး ဒီအခြေအနေတွေကို ရင်ဆိုင်ဖို့ အရမ်း မလိုမလားဖြစ်ခဲ့တယ်။

၂၀၂၄ ဇန်နဝါရီလ တစ်နေ့မှာ အလုပ်အနှစ်ချုပ်ဖို့ ကျွန်မတို့ စုဝေးကြတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “ဒီတစ်ခါတော့ အရင်ဆုံး မိတ်သဟာယဖွဲ့တဲ့သူက ငါဖြစ်လို့မရဘူး။ ညီအစ်မတွေ အနှစ်ချုပ်တာကို စောင့်ပြီးမှ ငါ နောက်ဆုံးမှ ပြောမယ်။ သူတို့ အချက်အများစုကို အနှစ်ချုပ်ပြီးလို့ တူညီတဲ့ ပြဿနာတွေ ရှိရင် ငါက နောက်ဆုံးမှ အကျဉ်းချုပ်လောက်ပဲ ပြောလိုက်မယ်။ အဲဒီလိုဆိုရင် ငါ့ရဲ့ပုံစံအမှန်ကို သူတို့ မြင်မှာ မဟုတ်ဘူး” လို့ပေါ့။ ဒါကြောင့် ဘယ်သူ အရင် အနှစ်ချုပ်မလဲလို့ ညီအစ်မ အန်းရန်က မေးတဲ့အခါ ကျွန်မ တိတ်တိတ်လေးနေလိုက်တယ်။ အဲဒီနောက် အန်းရန်က အသင်းတော်တစ်ခုစီ၊ ပြဿနာတစ်ခုစီကို အသေးစိတ် စပြီး အနှစ်ချုပ်ပါလေရော။ သူ အသေးစိတ် အနှစ်ချုပ်လေလေ ကျွန်မ ပိုစိုးရိမ်လာလေလေပဲ၊ တွေးမိတာက “အန်းရန်က ဒီလောက်အထိ စေ့စေ့စပ်စပ် အနှစ်ချုပ်ပြီးသွားရင် ငါ့ရဲ့ ရိုးရိုးရှင်းရှင်း မိတ်သဟာယကြောင့် ငါကအရည်အချင်းမမီတဲ့ပုံ ပေါက်သွားမှာမဟုတ်လား။ ငါ့မှာ ထိုးထွင်းသိမြင်မှုမရှိဘူး၊ အစွမ်းအစ ညံ့တယ်လို့ ပြောမလား” ဆိုပြီးတော့ပေါ့။ စိတ်မငြိမ်တော့ အန်းရန် အနှစ်ချုပ်နေတဲ့ ပြဿနာတွေကို ကျွန်မ အာရုံမစိုက်နိုင်တော့ဘူး။ ခဏကြာတော့ အန်းရန် ပြောလို့ပြီးသွားပြီး ယန်ရှီး က ဆက်ပြောတယ်။ ယန်ရှီးရဲ့ အနှစ်ချုပ်က အန်းရန်လောက် မစေ့စပ်ပေမဲ့ ရေလောင်းခြင်းအလုပ်ထဲက အဓိကအချက်တချို့ကို သူ ထောက်ပြနိုင်တယ်။ ဒီအချိန်မှာ ကျွန်မ တော်တော်လေး ပူပန်လာပြီး အချိန်ကုန်တာ မြန်တယ်လို့ ခံစားရတယ်။ မကြာခင်မှာပဲ ယန်ရှီးလည်း ပြောလို့ပြီးသွားပြီး သူက ပြောတယ်၊ “ဒီအသင်းတော်တွေမှာ ရှိတဲ့ ပြဿနာတွေက တော်တော်လေး တူတယ်” တဲ့။ အန်းရန်ကလည်း “ဟုတ်တယ်” လို့ ထောက်ခံတယ်။ ညီအစ်မတွေ ဒီလိုပြောတာကို ကြားတော့ ကျွန်မ အခွင့်ကောင်းယူလိုက်ပြီး တွေးလိုက်တာက “ပြဿနာတွေ တူတယ်လို့ သူတို့အားလုံး ပြောကြတော့ ငါ အနှစ်ချုပ်စရာ မလိုတော့ဘူးဆိုတဲ့သဘောလား။ ဒီနည်းနဲ့ဆိုရင် ငါ့မိတ်သဟာယ ရိုးရှင်းလို့ အရှက်ကွဲမှာကို ငါ ရှောင်နိုင်ပြီ” လို့ပေါ့။ ကျွန်မ အခွင့်ကောင်းယူပြီး မြန်မြန် ပြောလိုက်တာက “ကျွန်မ အနှစ်ချုပ်တာလည်း ညီအစ်မတို့ရဲ့ ပြဿနာတွေနဲ့ အတူတူပါပဲ” လို့ပေါ့။ နာရီကြည့်လိုက်တော့ ညသန်းခေါင်ကျော်နေပြီ၊ ပြီးတော့ လူတိုင်း နည်းနည်း ပင်ပန်းနေပုံရတယ်။ ဒါနဲ့ ကျွန်မ တွေးလိုက်တယ်၊ “အခု အားလုံး အိပ်ချင်နေကြပြီဆိုတော့ ငါ့အနှစ်ချုပ် ရိုးရှင်းတာကို သူတို့ သတိထားမိရင်တောင် ငါ ခေါင်းမကြည်လို့ နေမှာပါလို့ ထင်ကောင်းထင်ကြမှာ။ ဒီလိုဆိုရင် ငါ ဒီအတိုင်း ပြီးပြီးရောပြောလိုက်လို့ရတယ်” ပေါ့။ ဒါနဲ့ ကျွန်မက ပြောလိုက်တယ်၊ “အခု အရမ်း နောက်ကျနေပြီ၊ ကျွန်မ ခေါင်းလည်း နည်းနည်း နောက်နေပြီ။ ကျွန်မ အနှစ်ချုပ်တာက ညီအစ်မတို့နဲ့ တူတူပါပဲ၊ ဒါကြောင့် အကြမ်းဖျင်းပဲ ပြောလိုက်ပါ့မယ်” လို့ပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ အန်းရန်က ပြောပါလေရော၊ “အခု အနှစ်ချုပ်ရင် ရလဒ်ကောင်းမှာ မဟုတ်ဘူး၊ မနက်ဖြန် မနက်မှ လုပ်ကြရအောင်” လို့။ အဲဒီတော့ ကျွန်မ တွေးလိုက်တယ်၊ “မနက်ဖြန်မနက် လူတိုင်း အားအင်ပြည့်နေတဲ့အချိန်ကျရင် ငါ့အနှစ်ချုပ် ရိုးရှင်းတာကို သူတို့ကြားရင် ချက်ချင်း သိသွားကြမှာ။ အဲဒီကျရင် သူတို့ ငါ့ကို ဘယ်လိုထင်မလဲ။ အခုပဲ အနှစ်ချုပ်လိုက်တာ ငါ့အတွက် ပိုကောင်းတယ်၊ ဒါမှ ငါ့အနှစ်ချုပ် ရိုးရှင်းရင်တောင် သူတို့ သတိထားမိချင်မှ သတိထားမိမှာ။ ဒါဆိုရင် ငါ နည်းနည်း သိက္ခာဆည်လို့ရပြီလို့ပေါ့” လို့ပေါ့။ ကျွန်မ အမြန်ပဲ ပြောလိုက်တယ်၊ “ဒီညပဲ အနှစ်ချုပ်တာ အပြီးသတ်လိုက်ကြရအောင်၊ မနက်ဖြန်မနက်ကျရင် တခြားအလုပ်တွေ ရှိသေးတယ်လေ” လို့ပေါ့။ ပြောပြီးသွားတော့မှပဲ နောက်ဆုံးမှာ ကျွန်မ စိတ်သက်သာရာရသွားတော့တယ်။ ပြောပြီးသွားတော့မှပဲ ကျွန်မ စိတ်သက်သာရာရသွားတော့တယ်။

နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ကျွန်မရဲ့အခြေအနေကို ဆွေးနွေးရင်းနဲ့ ဒီအတွေ့အကြုံကို ဝေမျှခဲ့တယ်။ ပြောနေရင်းနဲ့မှ အလုပ်အနှစ်ချုပ်တာလေး တစ်ခုတည်းနဲ့တင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ဗျာများအောင် လုပ်မိမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေကလည်း ဒါကို ထောက်ပြပြီး ပြောကြတယ်၊ “ညီမ အတွေးတွေလွန်ပြီး ဘယ်လောက်တောင် စိတ်ရှုပ်ထွေးသွားလဲဆိုတာ ကြည့်ပါဦး။ ပြဿနာတွေကို ဘာလို့ မဖော်ထုတ်နိုင်လဲဆိုတာ သိလား။ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ပဲ အာရုံစိုက်နေပြီး စိတ်က လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပေါ်မှာ မရှိလို့ပဲလေ” တဲ့။ ညီအစ်မတွေ ပြောတာ တကယ် မှန်ပါတယ်။ အခုတလော ကျွန်မတို့ အလုပ်ရဲ့ ရလဒ်တွေက မကောင်းဘူး၊ ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို ရှင်းရှင်းလင်းလင်း အနှစ်ချုပ်ပြီး ထိရောက်တဲ့ ဖြေရှင်းနည်းတွေ ရဖို့ ကျွန်မ မစဉ်းစားခဲ့ဘူး၊ ပြီးတော့ တွဲဖက်ညီအစ်မတွေက ပြဿနာတွေကို ဘယ်လို ရှာဖွေတွေ့ရှိပြီး အနှစ်ချုပ်သလဲဆိုတာကိုလည်း ကျွန်မ မစဉ်းစားသလို သူတို့ဆီကနေလည်း သင်ယူလေ့လာတာ မရှိခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ အတွေးတွေအားလုံးကို ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာပေါ်မှာပဲ အာရုံစိုက်နေခဲ့တာ။ ဒီအချိန်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကျွန်မဖတ်ခဲ့တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ်ကို ပြန်သတိရမိတယ်၊ အဲဒီအထဲမှာ ကျွန်မနဲ့ သိပ်တူတဲ့ အခြေအနေတစ်ခုကို စိတ်ဖြာလေ့လာထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကိုးကားထားတယ်။ ကျွန်မ အဲဒါကို အမြန်ရှာပြီး ဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် မသန့်စင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များ ပါဝင်ပြီး ယင်း၌ ဖုံးကွယ်ထားသမျှမှာ ပြောမကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော လှည့်ကွက်များနှင့် အကြံအစည်များတို့ ဖြစ်လေသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စကားများနှင့် လုပ်ရပ်များသည် ညစ်ညမ်းနေပြီး လိမ်ညာမှုများဖြင့် ပြည့်လွန်းနေသည်။ ၎င်းတို့ မည်မျှစကားပြောပါစေ ၎င်းတို့၏ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မရိုးသားသည့်အပြင် ၎င်းတို့စိတ်များက အလွန်အမင်း ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ သစ္စာဖောက်သော အကြံအစည်များ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကျိုးဆက်တို့ကို တွက်ချက်လျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် စဥ်းစားသည်။ ထို့နောက်တွင် ၎င်းတို့သည် အသုံးအနှုန်းများကို ပြုပြင်ပြောဆိုသဖြင့် ပြောသည့်အရာတိုင်းက အတော်လေး ကိုးရိုးကားယားဖြစ်ပုံပေါ်စေသည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောဆက်ဆံသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ အမှန်တရားက ပေါက်ကြားသွားလျှင်၊ အခြားလူတို့က ၎င်းတို့ကို ရိပ်စားမိပြီး နားလည်လျှင် ဖြေရှင်းဖို့ရန်အတွက် အခြားမုသားတစ်ခုကို အမြန် လုပ်ကြံဖန်တီးကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) ဘုရားသခင်က အန္တိခရစ် စိတ်သဘောထားရှိတဲ့ လူတစ်မျိုးကို ဖော်ထုတ်ထားတယ်။ သူတို့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေမှာ ရိုးသားမှု တစ်စက်မှမရှိဘူး၊ သူတို့က အမြဲတမ်း ကိုယ်ပိုင် ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေနဲ့ ပြုမူကြပြီး သူတို့ရဲ့ အတွေးတွေက ရှုပ်ထွေးပွေလီနေတယ်။ ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကတောင် သူတို့နဲ့ကျရင် ရှုပ်ထွေးသွားတတ်တယ်။ သူတို့ရဲ့ စိတ်သဘောထားက အရမ်း လှည့်ဖြားတတ်တယ်။ ကျွန်မက ဘုရားသခင် ဖော်ထုတ်တဲ့ လူစားမျိုးအတိအကျပါပဲ။ အလုပ်အနှစ်ချုပ်တဲ့အချိန်မှာ ပြဿနာ သိပ်မတွေ့ရလို့ ကျွန်မရဲ့ မိတ်သဟာယ ရိုးရှင်းတာကြောင့် တခြားညီအစ်မတွေ အထင်သေးမှာကို စိုးရိမ်ပြီး ကျွန်မ ခေါင်းထဲမှာ အကြံတွေ၊ ဉာဏ်နီဉာဏ်နက်တွေနဲ့ ပြည့်လာခဲ့တယ်၊ ညီအစ်မတွေ မိတ်သဟာယပြုပြီးတဲ့အထိ စောင့်ပြီးမှ နောက်ဆုံးကျမှ အကြမ်းဖျင်း မိတ်သဟာယပြုမယ်လို့ တွေးခဲ့တာလေ။ ညီအစ်မတွေက အလုပ်ထဲက လမ်းလွဲခြင်းတွေနဲ့ အဓိကပြဿနာတွေကို ဖော်ထုတ်လိုက်တာ မြင်လိုက်ရတဲ့အခါ ကိစ္စရပ်အပေါ် ကျွန်မရဲ့ နားလည်မှုက ရိုးရှင်းတာကို သူတို့ မသိအောင်၊ ပြီးတော့ ကိုယ့်အရှက်ကိုယ် မခွဲမိအောင်လို့ ကျွန်မ သတိမထားမိတဲ့ ပြဿနာတွေ ရှိနေရင်တောင် ညီအစ်မတွေရဲ့မှတ်ချက်တွေအတိုင်းလိုက်ပြီး ကျွန်မရဲ့ အနှစ်ချုပ်က သူတို့နဲ့ အတူတူပဲလို့ ပြောခဲ့တယ်။ ကျွန်မရဲ့ အနှစ်ချုပ် ရိုးရှင်းတာက ကျွန်မအပြစ် မဟုတ်ဘဲ အချိန်နောက်ကျပြီး ခေါင်းမကြည်လို့ ဖြစ်ရတာပါလို့ သူတို့ ထင်သွားအောင် ကြိုးစားတဲ့အနေနဲ့ လူတိုင်း အိပ်ချင်နေတဲ့အချိန်မှာ အနှစ်ချုပ်ဖို့တောင် ကျွန်မ ရွေးချယ်ခဲ့တယ်။ နောက်နေ့ကျမှ အနှစ်ချုပ်ရင် ရလဒ် ပိုကောင်းမယ်လို့ အန်းရန် အကြံပြုတဲ့အခါ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် ကျွန်မ ဖြီးလို့မရတော့မှာကို ကြောက်ပြီး အချိန်ရွှေ့လိုက်ရင် နောက်နေ့အလုပ် ကြန့်ကြာမယ်လို့ အကြောင်းပြပြီး အဲဒီညမှာပဲ အနှစ်ချုပ်ဖို့ ကျွန်မ ဇွတ်အတင်း လုပ်ခဲ့တယ်။ ကျွန်မရဲ့ အတွေးတွေ၊ စကားတွေနဲ့ လုပ်ရပ်တွေမှာ ရိုးသားခြင်း အစအနတောင် မရှိဘဲ၊ ကျွန်မစိတ်တွေက ရှုပ်ထွေးလာမှန်း သဘောပေါက်လိုက်တယ်။ တကယ်တော့ ကျွန်မ ပြဿနာ ဘယ်လောက်များများ ဖော်ထုတ်နိုင်ခဲ့ပါစေ၊ ရိုးရိုးသားသားပဲ ပြောသင့်ခဲ့တာပါ၊ ကျွန်မ မဖော်ထုတ်နိုင်တဲ့ ကိစ္စတွေ ရှိခဲ့ရင်တောင် ကိုယ့်ရဲ့ လမ်းလွဲခြင်းတွေကို ပြန်ရှာပြီး နောက်မှ ပြန်လည်ကုစားလို့ ရတာပဲလေ။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်မက အရမ်း ရှုပ်ထွေးအောင် လုပ်ခဲ့မိတယ်။ ကျွန်မ မပြောခင် အကြာကြီးကတည်းက ပြောမယ့် စကားလုံးတိုင်းကို ချင့်ချိန်ဖို့ လိုတယ်လို့ ခံစားခဲ့ရပြီး ကျွန်မရဲ့ အတွေးတွေအားလုံးက မျက်နှာမပျက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အပေါ်မှာပဲ ဗဟိုပြုနေခဲ့တာ။ ကျွန်မ ခေါင်းထဲမှာ ကောက်ကျစ်တဲ့ အကြံအစည်တွေနဲ့ ပြည့်နှက်နေပြီး ကျွန်မ အရမ်း လှည့်ဖြားတတ်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရင်းနဲ့ ကျွန်မ ဘာလို့ လှည့်ဖြားတတ်တာလဲ၊ လှည့်ဖြားတတ်တဲ့ သဘာဝနဲ့ အကျိုးဆက်တွေက ဘာတွေလဲ ဆိုတာကို နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့ အဘယ်သို့ ထင်သနည်း။ ဘဝသည် လှည့်စားသောသူများအတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် မုသားများပြောလျက်၊ ထိုမုသားများကို ဖုံးဖိရန် မုသားများကို ထပ်၍ပြောလျက်၊ လှည့်စားမှုများကို လုပ်ဆောင်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤပင်ပန်းမှုကို ၎င်းတို့အပေါ်သို့ ၎င်းတို့ ကိုယ်တိုင် ယူဆောင်လာကြခြင်းဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်သည်ကို ၎င်းတို့သိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် လှည့်စားလိုဆဲဖြစ်ပြီး ရိုးသားရန် ဆန္ဒမရှိသနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားကြည့်ဖူးသလော။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏ လှည့်စားခြင်းကို ခံရခြင်း၏ အကျိုးဆက်ဖြစ်သည်။ ထိုအရာက ၎င်းတို့ကို ဤအသက်တာမျိုး၊ ဤစိတ်သဘောထားမျိုးကို ဖယ်ရှားခြင်းအား ပိတ်ပင်တားဆီးထားသည်။ လူတို့သည် ဤသို့ လှည့်စားခံရခြင်းကို လက်ခံရန်၊ ဤသို့ အသက်ရှင်ရန် လိုလားကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အလင်းလမ်းကြောင်းကို မလျှောက်လိုကြပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်ပြီး ဤသို့ ပြုမူခြင်းသည် မလိုအပ်ဟု သင်ထင်သည်။ သို့သော် လှည့်စားသောသူများက လုံးဝ လိုအပ်သည်ဟု ထင်ကြသည်။ ထိုသို့မလုပ်ဆောင်ခြင်းက ၎င်းတို့ကို အရှက်ရစေမည်၊ ၎င်းတို့၏ ပုံရိပ်၊ ၎င်းတို့၏ ဂုဏ်၊ ၎င်းတို့၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည်၊ များစွာ ဆုံးရှုံးရစေမည်ဟု ၎င်းတို့ ထင်ကြသည်။ ဤအရာများကို ၎င်းတို့ တန်ဖိုးထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပုံရိပ်၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူများ၏ သရုပ်မှန်ဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတို့သည် ရိုးသားလိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဂုဏ်နှင့် အဆင့်အတန်းကဲ့သို့သော အရာများကို မြတ်နိုးတန်ဖိုးထားသည်။ လောကီရေပန်းစားသောအရာများနောက်သို့ လိုက်လိုပြီး စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်လိုကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ ပြဿနာဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သောလူများ၊ တရားဒေသနာများစွာကို ကြားနာခဲ့သောလူများ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အရာကိုဆိုလိုသည်ကို သိသောလူများရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သေးသကဲ့သို့ အနည်းငယ်မျှပင် မပြောင်းလဲကြသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားအနည်းငယ်ကို နားလည်လျှင်ပင် ၎င်းတို့သည် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။ ထိုသို့သော လူများအတွက် ဘုရားသခင်အား နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ အချည်းနှီးဖြစ်လိမ့်မည်။ သမ္မာတရားအား မချစ်သောသူများသည် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ သမ္မာတရားအား မချစ်ခြင်းသည် မိမိ၏ စိတ်နှလုံးတွင်ရှိသော၊ မိမိ၏ သဘာဝတွင်ရှိသော ပြဿနာတစ်ခုဖြစ်သည်။ ယင်းကို ဖြေရှင်း၍ မရနိုင်ပေ။ လူတစ်ယောက်သည် သူ၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းခံရနိုင်ခြင်းရှိမရှိဟူသည်မှာ အဓိကအားဖြင့် သူသည် သမ္မာတရားအား ချစ်မချစ်ဟူသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ သမ္မာတရားကို လက်ခံနိုင်သည်။ ၎င်းတို့သာ သမ္မာတရားအတွက် ဆင်းရဲဒုက္ခကို ဖြတ်သန်းနိုင်ပြီး အဖိုးအခပေး ပေးဆပ်နိုင်သည်။ ၎င်းတို့သာ ဘုရားသခင်ကို ဆုတောင်းပြီး သူ့ကို အမှီပြုနိုင်သည်။ ၎င်းတို့သည်သာ ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် သမ္မာတရားကို ရှာနိုင်ပြီး မိမိကိုယ်ကို ပြန်သုံးသပ်ကာ သိမြင်နိုင်သည်။ ဇာတိပကတိကို ပုန်ကန်ရန်အတွက် သတ္တိရှိနိုင်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိနိုင်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ ဤနည်းလမ်းဖြင့် သမ္မာတရားကို လိုက်စားနိုင်သည်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်နိုင်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားလမ်းကြောင်းမရှိပေ။ သမ္မာတရားကို မချစ်သောသူတို့အတွက် သမ္မာတရားကို လက်ခံရန် အလွန်ခက်ခဲသည်။ ဤသည်မှာ ၎င်းတို့၏ သဘောသဘာဝအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသကဲ့သို့ မုန်းတီးသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား အာခံခြင်း၊ မကောင်းမှုလုပ်ဆောင်ခြင်းကို ရပ်တန့်လိုလျှင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပြီး နတ်ဆိုးများ၊ ဘုရားသခင်၏ ရန်သူများ ဖြစ်နေပြီဖြစ်သောကြောင့်ပင်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်သည်။ နတ်ဆိုးများ၊ သို့မဟုတ် စာတန်ကို မကယ်တင်ပေ။ လူအချို့က ‘ကျွန်ုပ်သည် သမ္မာတရားကို အမှန်ပင် နားလည်သည်။ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ အဘယ်သို့ ကျွန်ုပ် လုပ်ဆောင်သင့်သနည်း’ ဟူသကဲ့သို့သော မေးခွန်းများကို မေးသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးတွင် ထိုသို့လုပ်ဆောင်လိုစိတ်မရှိဘဲ သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ဤသို့သောသူသည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူအချို့က ‘ကျွန်ုပ်အတွက် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် များစွာ ဆုံးရှုံးသည်ဟု ထင်ရသည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက် ကျွန်ုပ် မဖြစ်ချင်ပါ။ လှည့်စားသောသူများသည် မည်သည့်အခါမျှ ဆုံးရှုံးခြင်းမရှိ။ အခြားလူများထံမှ အခွင့်အကောင်းယူခြင်းအားဖြင့် အကျိုးအမြတ်ပင် ရရှိသည်။ ထို့ကြောင့် ကျွန်ုပ်သည် လှည့်စားသူသာ ဖြစ်လိုသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အတွင်းရေးကိစ္စကို အခြားလူများအား သိစေဖို့၊ အခြားလူများအား ကျွန်ုပ်ကို သဘောပေါက်စေဖို့၊ နားလည်စေဖို့ မလိုလားပေ။ ကျွန်ုပ်၏ ကံကြမ္မာသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက်ထဲတွင် ရှိသင့်သည်’ ဟူ၍ ပြောကြသည်။ ရသည်။ ဤသို့ဆိုလျှင် စမ်းကြည့်လော့။ အဆုံးတွင် မည်သို့သော အဆုံးသတ်မျိုးကို သင်ရောက်ရှိသည်ကို ကြည့်လော့။ အဆုံးတွင် မည်သူက ငရဲကျပြီး မည်သူက အပြစ်ဒဏ်ခံရသည်ကို ကြည့်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ လှည့်ဖြားတတ်တဲ့လူတွေက ပင်ကိုသဘာဝအရ သမ္မာတရားကို မချစ်ကြဘူး၊ ပြီးတော့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်အောင် လက်တွေ့လုပ်ဆောင်ဖို့ မလိုလားကြဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူတို့နေရက်တွေကို ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် တွက်ချက်ပြီး လှည့်စားရင်း အချိန်ကုန်နေကြတော့ ပင်ပန်းပြီး ဆင်းရဲတဲ့ ဘဝမျိုးမှာ အသက်ရှင်နေကြရတာပေါ့။ ဒါတွေအားလုံးက သူတို့ရဲ့ စာတန်ဆန်တဲ့ သဘာဝရဲ့ ညှဉ်းပန်းမှုနဲ့ လှည့်ကွက်တွေကြောင့် ဖြစ်ရတာလေ။ ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို ဖော်ထုတ်ဖို့ အလုပ်အနှစ်ချုပ်တာက ရှေ့ဆက်မယ့် ရေလောင်းခြင်းအလုပ်ကို တိုးတက်ဖို့ ရည်ရွယ်တာပါ၊ ဒါပေမဲ့ ကျွန်မကကျတော့ အနှစ်ချုပ် ရိုးရှင်းတာကြောင့် ညီအစ်မတွေ အထင်သေးမှာကို အမြဲ စိုးရိမ်နေခဲ့တော့ တစိုက်မတ်မတ် တွက်ချက်ပြီး အကွက်ချနေခဲ့မိတယ်။ ပြဿနာ တစ်ခုမှ မဖော်ထုတ်ခဲ့တာ ရှင်းနေတာတောင်မှ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း မပြောရဲခဲ့ဘူး။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မတွေက အနှစ်ချုပ်တာ ရလဒ်ထွက်ဖို့ဆိုရင် အားအင်ပြည့်နေတဲ့အချိန်မှာ လုပ်သင့်တယ်လို့ အကြံပြုကြတယ်။ ညီအစ်မရဲ့ အကြံပြုချက်က အလုပ်အတွက် အကျိုးရှိမယ်ဆိုတာ ကျွန်မ သိပေမဲ့ သိက္ခာဆည်ဖို့အတွက် လှည့်ကွက်သုံးဖို့ ရွေးချယ်ခဲ့တုန်းပဲ။ ကျွန်မ တော်တော် လှည့်ဖြားတတ်တာပဲ။ အပေါ်ယံမှာတော့ ကျွန်မက တခြားလူတွေကို ဉာဏ်ဆင်နေသလို ထင်ရပေမဲ့ အနှစ်သာရမှာတော့ ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားနေခဲ့တာ။ တွဲဖက်ညီအစ်မတွေ ပြောသလိုပါပဲ၊ အလုပ်အနှစ်ချုပ်တဲ့အချိန်မှာ ကျွန်မက လက်ရှိ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပေါ် အာရုံမစိုက်ခဲ့ဘူး၊ ပြီးတော့ ရှေ့ဆက် အလုပ်တိုးတက်ဖို့အတွက် ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို ဖော်ထုတ်ဖို့ အနှစ်ချုပ်တာကို အသုံးမချခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ ကိုယ်ပိုင် ပုံရိပ်နဲ့ အဆင့်အတန်းကိုပဲ တွေးပြီး ကိုယ့်အားနည်းချက်တွေကို ဖုံးကွယ်ဖို့ အသေအချာ အကွက်ချ စီစဉ်နေခဲ့တာ။ ကျွန်မ အသက်ရှင်နေတဲ့ ပုံစံက ပင်ပန်းရုံသာမကဘူး၊ ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြမှုကိုလည်း ကျွန်မ မရနိုင်ခဲ့ဘူး။ တကယ်တော့ ကျွန်မက ဒီအနှစ်ချုပ်တဲ့ အပိုင်းမှာတင် လှည့်ဖြားပြီး ကောက်ကျစ်ခဲ့တာ မဟုတ်ပါဘူး။ ပုံမှန် ဆွေးနွေးတဲ့အချိန်တွေမှာတောင် ကိုယ့်အားနည်းချက်တွေ မပေါ်အောင်လို့ ကျွန်မက ခဏခဏ လှည့်ဖြားတတ်ခဲ့တယ်။ ကျွန်မ မဖော်ထုတ်လိုက်တဲ့ ကိစ္စတွေဆိုရင် ညီအစ်မတွေ ပြောတာကိုပဲ သံယောင်လိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့ နားထောင်ကောင်းမယ့် အကြောင်းပြချက် တစ်ခုခု ရှာတာမျိုး လုပ်တတ်တယ်။ သမ္မာတရားကို လိုက်စားဖို့၊ ရိုးသားဖို့နဲ့ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်ဖို့ ကျွန်မတို့ကို လမ်းပြပေးထားတဲ့ သမ္မာတရားတွေ အများကြီးကို ဘုရားသခင် ဖော်ပြထားတယ်ဆိုတာကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို အမြဲတမ်း ဆန့်ကျင်ပြီး စာတန်ဆန်တဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်နေခဲ့မိတယ်လေ။ အပေါ်ယံမှာတော့ တွဲဖက်ညီအစ်မတွေ ကျွန်မရဲ့ အားနည်းချက်ကို မမြင်အောင်၊ ပြီးတော့ ပုံရိပ်နဲ့ အဆင့်အတန်းကို ခဏတာ ထိန်းထားနိုင်အောင်လို့ ကျွန်မက အပီအပြင် ဟန်ဆောင်ထားခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်က အရာရာတိုင်းကို စစ်ဆေးတော်မူတယ်။ ကျွန်မ ထုတ်ဖော်ထားတဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ချင်တဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေကြောင့် ဘုရားသခင် ကျွန်မကို ရွံရှာပြီး စက်ဆုပ်စေခဲ့တယ်။ သခင်ယေရှု ပြောခဲ့တာကို ကျွန်မ သတိရမိတယ်- “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ ပြီးတော့ ရိုးဖြောင့်ပြီး ရိုးသားတဲ့သူတွေကို သူ အသိအမှတ်ပြုတယ်။ ကျွန်မသာ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားအတိုင်း ဆက်အသက်ရှင်ပြီး ရိုးသားဖို့ လက်တွေ့မလုပ်ဆောင်ဘဲ လူတွေနဲ့ ဘုရားသခင်ကို ဆက်ပြီး လှည့်စားဖို့ ကြိုးစားနေခဲ့ရင် ဘုရားသခင်က စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းခံရပြီး အဆုံးသတ်သွားမှာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဝင်ရောက်ခြင်း လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်းနှင့်၊ ၎င်းတို့ကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောသူများကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို သူတို့၏ ပြုမူပုံများ၊ သူတို့၏ စိတ်သဘောထားများ၊ ပြီးလျှင် သူတို့၏ ရည်ရွယ်ချက်များနှင့် လှည့်ဖြားခြင်းနည်းလမ်းများကိုလည်း မနှစ်သက်ခြင်းပင် ဖြစ်၏။ ဘုရားသခင်သည် ဤအရာအားလုံးကို နှစ်သက်ခြင်း မရှိချေ။ လှည့်ဖြားတတ်သောသူများသည် သမ္မာတရားကို လက်ခံနိုင်၍ မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုလားပါက ထိုသူတို့၌လည်း ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် မည်သူ့ကိုမျှ ဘက်မလိုက်သကဲ့သို့ သမ္မာတရားသည်လည်း ဘက်လိုက်ခြင်း မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်စေသောသူများ ဖြစ်လိုသည်ရှိသော် ရှေးဦးစွာ မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြောင်းလဲရမည်၊ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်နေထိုင်ခြင်းကို ရပ်တန့်ရမည်၊ မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်ရန် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းကို အမှီပြုခြင်းအား ရပ်တန့်ပြီး မိမိတို့၏ လိမ်လည်မှုအားလုံးကို စွန့်ပယ်ကာ ရိုးသားသောသူများ ဖြစ်လာရန် ကြိုးစားရမည်။ ထိုအခါ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်ဖြားခြင်းတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာတရားမရှိသောသူများကြားတွင် သင်က အမှန်တရားကို ပြောလျှင်၊ ရိုးသားသော သူတစ်ယောက်ဖြစ်ရန် ကြိုးစားလျှင် သင်သည် အသရေဖျက်ခံရမည်၊ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခြင်းခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး ထိုသို့ဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကောက်ကျစ်စဉ်းလဲသော နည်းများကိုလည်း အသုံးပြုသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် အပြစ်ထဲသို့ ပို၍ပို၍ ကျဆင်းကာ မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့ပေ။ ဘုရားသခင်၏ အိမ်တော်၌မူ အခြေအနေများသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သင်တို့သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၌ ပို၍ ကျွမ်းကျင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်တို့ကို ပို၍ အလွန်အမင်း မနှစ်မြို့ဘဲ ပစ်ပယ်ကြလေလေ ဖြစ်လိမ့်မည်။ သင်တို့သည် နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုများကို ဆက်လက်ဖက်တွယ်ထားကာ မိမိကိုယ်ကို ဖုံးကွယ်ရန်နှင့် ဟန်ဆောင်ရန်အလို့ငှာ အကြံအစည်များ၊ ပရိယာယ်များနှင့် ပါးနပ်သော နည်းဗျူဟာများကိုလည်း အသုံးပြုပါက သင်တို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေ အလွန်ရှိ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်ပြီး လှည့်ဖြားသောသူအားလုံးတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်မှာ ကြာပြီဖြစ်၏။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး မိမိကိုယ်ကို အရှိအရှိအတိုင်း မဖွင့်ချလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတွေ ဖြစ်ဖို့ ဘုရားသခင်က ကျွန်မတို့ကို သတ်မှတ်ထားတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အခြေအနေတွေ ပေါ်လာတဲ့အခါ ဘုရားသခင်ရဲ့ စိစစ်ခြင်းကို ကျွန်မတို့ လက်ခံနိုင်ရမယ်၊ ပြောဆိုပြုမူတဲ့အခါ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို အမြစ်ကနေ စပြီး ပြောင်းလဲဖို့ လိုတယ်၊ ပြီးတော့ ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွား၊ ပုံရိပ်၊ ဒါမှမဟုတ် အဆင့်အတန်းကို ကာကွယ်ဖို့အတွက် တခြားသူတွေနဲ့ ဘုရားသခင်ကို မလှည့်စားသင့်ဘူး။ အဲဒီအစား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတွေဖြစ်ဖို့ လေ့ကျင့်သင့်တယ်။ ကျွန်မတို့ ပြောဆိုပြုမူတဲ့အခါ ဖုံးကွယ်တာ၊ ဟန်ဆောင်တာတွေ မရှိဘဲ ဖြောင့်မတ်ပြီး ရိုးသားရမယ်။ အဲဒီလို လူမျိုးမှသာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရနိုင်မှာလေ။ ရှေ့ဆက်ပြီးတော့ ကျွန်မ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမယ်၊ ကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးကွယ်တာ၊ ဟန်ဆောင်တာတွေ လုပ်လို့မဖြစ်တော့ဘူး၊ ကျွန်မ သိသလောက် ပြောရမယ်၊ ကျွန်မရဲ့ အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေ ဖော်ထုတ်ခံရတဲ့အခါ ကျွန်မရဲ့ လမ်းလွဲခြင်းတွေကို အနှစ်ချုပ်ပြီး တခြားသူတွေရဲ့ အားသာချက်တွေကနေ သင်ယူရမယ် လို့ပေါ့။ နောက်ပိုင်းမှာ ညီအစ်မတွေနဲ့ အလုပ်အနှစ်ချုပ်ရင်း ထင်မြင်ချက်တွေ ဝေမျှတဲ့အချိန်ကျတော့ ကျွန်မ သိပ်ပြီးဘောင်ခတ်မခံရတော့ဘူး။ ကျွန်မ နားမလည်တာရှိရင် ပြောပြတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ညီအစ်မတွေဆီကနေ အကူအညီ တောင်းခံတယ်။ ညီအစ်မတွေက ကျွန်မကို အထင်မသေးတဲ့အပြင် လမ်းပြပြီး ကူညီပေးကြတယ်။ သူတို့ရဲ့ အကူအညီနဲ့ ပြဿနာတချို့ရဲ့ အမြစ်ကို ကျွန်မ ပိုရှင်းရှင်းလင်းလင်း နားလည်လာရတယ်၊ ပြီးတော့ အလုပ်အနှစ်ချုပ်ဖို့နဲ့ ပြဿနာဖြေရှင်းဖို့ လမ်းကြောင်းတချို့ကိုလည်း စတွေ့လာရတယ်။

နောက်ပိုင်းမှာ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမလဲဆိုတာကို ကျွန်မ ရှာဖွေခဲ့တယ်၊ ကျွန်မရဲ့ အစွမ်းအစက တွဲဖက်ညီအစ်မတွေလောက် မကောင်းဘူးလို့ ကျွန်မ အမြဲ တွေးခဲ့တယ်၊ အထူးသဖြင့် ပြဿနာတွေ အနှစ်ချုပ်တဲ့အခါ ညီအစ်မတွေလို ပြဿနာ မဖော်ထုတ်နိုင်ခဲ့ဘူး၊ ဒါကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျွန်မ အမြဲတမ်း ဘောင်ခတ်ခံရသလို ခံစားခဲ့ရတာလေ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်တယ်။ “သီချင်းထဲမှ နောက်စာကြောင်းက ‘ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်’ ဟု ဆိုသည်။ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။ လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။) ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါတပါ မဖြစ်ခြင်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ ဘုရားအိမ်တော်မှ သင့်အား အပ်နှံထားသော လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြှုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ စိတ်နှလုံးကို နှစ်သိမ့်ပေးတဲ့ နွေးထွေးတဲ့ ရေစီးကြောင်းတစ်ခုလိုပဲ၊ ပြီးတော့ ဒီနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ပြပေးတယ်။ အစွမ်းအစ ညံ့တာက အဓိကပြဿနာ မဟုတ်ဘူး၊ လူတစ်ယောက်က သူ့တာဝန်မှာ ရိုးသားတဲ့ စိတ်နှလုံး ရှိမရှိ၊ သူ့တာဝန်ကို သစ္စာစောင့်သိမှုနဲ့ ထမ်းဆောင်နိုင်တာမျိုး ရှိမရှိ၊ ပြီးတော့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်တာမျိုး ရှိမရှိ ဆိုတာကိုပဲ အဓိက ကြည့်တယ်လို့ ဘုရားသခင်က မိန့်ထားတယ်။ ကျွန်မတို့ နားမလည်တာ၊ ဒါမှမဟုတ် မလုပ်တတ်တဲ့ အရာတစ်ခုခု ကြုံရရင်တောင်မှ ဘုရားသခင်ဆီ များများ ဆုတောင်းပြီး ကိုယ်တော့်ရဲ့လမ်းပြမှု ရှာဖွေသင့်တယ်၊ အရာရာတိုင်းမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံစိုက်ပြီး အလုပ်အတူလုပ်တဲ့ ညီအစ်မတွေနဲ့ မိတ်သဟာယပြုသင့်တယ်။ နားလည်သဘောပေါက်ပြီဆိုတာနဲ့ သမ္မာတရား စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်၊ ကိုယ်ပိုင် အကျိုးစီးပွား၊ ပုံရိပ်၊ ဒါမှမဟုတ် အဆင့်အတန်းကို မကာကွယ်ဘဲ အဲဒီအစား ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါက ကျွန်မတို့ကို အသက်ရှင်နေထိုင်နိုင်ဖို့ ဘုရားသခင် မျှော်လင့်တဲ့ ရိုးသားတဲ့ လူသားပုံသဏ္ဌာန်ပဲ၊ ပြီးတော့ ဒါက ကျွန်မတို့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင် ပြပေးထားတဲ့ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းလည်း ဖြစ်တယ်။ တကယ်တော့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေက ပြဿနာတွေနဲ့ လမ်းလွဲခြင်း အသေးစိတ်ကို ရှာဖွေနိုင်တာက သူတို့မှာ အစွမ်းအစ ပိုကောင်းလို့တင် မဟုတ်ပါဘူး၊ သူတို့က အားစိုက်ထုတ်ပြီး ကိစ္စရပ်တွေကို တကယ် သေသေချာချာလည်း စဉ်းစားလို့ပါ။ ကျွန်မရဲ့ အစွမ်းအစက ပုံမှန်ပါပဲ၊ ဒါပေမဲ့ အလုပ်အနှစ်ချုပ်တဲ့အချိန်မှာ ကျွန်မ စိတ်နှလုံး မငြိမ်သက်ခဲ့ဘူး၊ အလုပ်ကို အာရုံစိုက်မယ့်အစား ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုပဲ အမြဲ တွေးနေခဲ့တာကိုး။ ဒါ့အပြင် တာဝန်အပေါ်ထားတဲ့ ကျွန်မသဘောထားကလည်း မမှန်ကန်ခဲ့ဘူး၊ ပြဿနာတွေကို သေသေချာချာ စဉ်းစားရတာ ပင်ပန်းတယ်လို့ ထင်ပြီး အားမစိုက်ချင်ခဲ့ဘူး။ ရလဒ်အနေနဲ့ ကျွန်မက ပြဿနာ နည်းနည်းလေးပဲ ရှာတွေ့ခဲ့တယ်၊ ပြီးတော့ ကျွန်မမှာရှိတဲ့ စွမ်းဆောင်ရည်ကိုတောင် အကောင်းဆုံး အသုံးမချနိုင်ခဲ့ဘူးလေ။ တကယ်တော့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မတွေက ကျွန်မ အစွမ်းအစကို ကောင်းကောင်း သိပါတယ်၊ အဲဒီအစား ကျွန်မရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်ဖို့နဲ့ အားသာချက်တွေကို ပိုထုတ်ပြဖို့ သူတို့က ခဏခဏ အားပေးကြတယ်။ အဲဒီအစား ကျွန်မရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်ဖို့နဲ့ အားသာချက်တွေကို ပိုထုတ်ဖော်ပြဖို့ သူတို့က မကြာခဏ အားပေးကြတယ်။ ကျွန်မဆီမှာ ပြဿနာတွေ တွေ့တဲ့အခါ သူတို့က စိတ်ရှည်လက်ရှည် လမ်းပြပြီး ကူညီပေးကြတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားအပေါ် အခြေခံပြီး အမှုအရာတွေကို ဘယ်လို ရှုမြင်ရမလဲဆိုတာ သင်ပေးကြတယ်။ သူတို့ရဲ့ စိတ်ရှည်လက်ရှည် ကူညီမှုကနေတစ်ဆင့် အလုပ်ထဲမှာ လမ်းကြောင်းတချို့ကို ကျွန်မ တွေ့လာရတယ်။ ဒီတာဝန်မှာ ဒီညီအစ်မတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင် စီစဉ်ပေးထားတာလေ၊ ဒါကြောင့် ကျွန်မတို့ရဲ့ တာဝန်တွေကို အတူတူ ကောင်းကောင်း ဖြည့်ဆည်းဖို့နဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် ကျေးဇူးတင်တဲ့ စိတ်နှလုံးနဲ့ သဟဇာတဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ရမယ်။ အစွမ်းအစ ညံ့တာကြောင့် ကျွန်မ ဘောင်ခတ်ခံနေလို့မဖြစ်တော့ဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို မှန်ကန်အောင်ထားပြီး ကျွန်မရဲ့ အားသာချက်တွေကို အသုံးချရမယ်။

ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်တဲ့အခါ အလုပ်အနှစ်ချုပ်ရင်ပဲဖြစ်ဖြစ်၊ ပြဿနာတွေ ဆွေးနွေးရင်ပဲဖြစ်ဖြစ် ကျွန်မ စိတ်ငြိမ်ငြိမ်ထားပြီး သေသေချာချာ စဉ်းစားနိုင်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ သိတာတွေကို ပြောပြီး ကိုယ့်ထင်မြင်ချက်ကို အရင်ဦးအောင် တင်ပြခဲ့တယ်။ ဒီလိုလုပ်တာက ကျွန်မရဲ့ အားနည်းချက် အများကြီးကို ထုတ်ဖော်လိုက်သလို ဖြစ်ပြီး နည်းနည်း ရှက်မိပေမဲ့ အခုတော့ ဒီကိစ္စကို ကျွန်မ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ပါပြီ။ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်တာက ကျွန်မကို ပျော်ရွှင်စေပြီး လွတ်မြောက်မှုနဲ့ လွတ်လပ်မှုကို ခံစားရစေပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း

ရှောင်ချန့် ဟောင်ကောင် ပြီးခဲ့တဲ့နှစ်က ကျွန်မက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေလောင်းနေတာလေ။ အဲဒီအတောအတွင်း၊ ပျိုးထောင်ပေးလို့ရမဲ့...

ကျွန်ုပ်၏ ကောက်ကျစ်မှုနှင့် လိမ်လည်လည့်ဖြားမှုကို ဖြေရှင်းပုံ

လီရှန် ဖိလစ်ပိုင်နိုင်ငံကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ရိုးသားသည့် သူတစ်ယောက်အဖြစ် အမြဲတမ်း မြင်သည်။ အပြောအဆို၊ အလုပ်အကိုင်တွင်...

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံအလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

ကျွန်ုပ်၏ စကားများ နောက်တွယ်၌ မသန့်စင်မှုများ အစဉ်သဖြင့် ရှိနေခဲ့ကြောင်း မြင်လိုက်ရသည်

ရှောင်ဖန်၊ တရုတ်ပြည်အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ကျွန်တော် ကြီးကြပ်နေခဲ့တယ်။ သုံးလကျော်ကြာပြီးတဲ့နောက်မှာတောင် ရေလောင်းသူတွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။