ကျွန်ုပ်၏ စကားများ နောက်တွယ်၌ မသန့်စင်မှုများ အစဉ်သဖြင့် ရှိနေခဲ့ကြောင်း မြင်လိုက်ရသည်

15.04.2026

ရှောင်ဖန်၊ တရုတ်ပြည်

အသင်းတော်မှာ ရေလောင်းတဲ့အလုပ်ကို ကျွန်တော် ကြီးကြပ်နေခဲ့တယ်။ သုံးလကျော်ကြာပြီးတဲ့နောက်မှာတောင် ရေလောင်းသူတွေကို ပြုစုပျိုးထောင်တဲ့အလုပ်က နှေးကွေးနေတုန်းပဲ။ ကျွန်တော့် အလုပ်ဖော် ညီအစ်ကိုဝမ်လေက ဒီကိစ္စနဲ့ပတ်သက်ပြီး ရှာဖွေဖို့၊ ဆင်ခြင်သုံးသပ်ဖို့ ခဏခဏ သတိပေးတယ်၊ ဒါပေမဲ့ သူပြောတိုင်း ကျွန်တော့်စိတ်ထဲမှာ အတိုက်အခံလုပ်တဲ့စိတ်နည်းနည်း ခံစားရတယ်။ ကျွန်တော် မပျင်းခဲ့ဘူး၊ ရေလောင်းသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားပြီး အလုပ်လုပ်နေခဲ့တာပဲလို့ တွေးရင်းနဲ့ပေါ့။ ကျွန်တော် တွေးမိတယ်၊ “သူတို့ရဲ့ တိုးတက်မှုက ဘာလို့ အမြဲတမ်း ဒီလောက် နှေးနေရတာလဲ။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော် မသိဘူး။ ဒါက သူတို့ရဲ့ အစွမ်းအစ ညံ့ဖျင်းပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အရမ်း ပြင်းထန်လွန်းလို့ ဖြစ်မယ်” လို့။ ဒါကြောင့် ညီအစ်ကိုဝမ်လေက အလုပ်ကို အနှစ်ချုပ်ဖို့ သတိပေးတိုင်း ဒါက ကျွန်တော့်မှာ ရှိတဲ့ သဘောထားပဲ။ ကျွန်တော် အလုပ်တွေ အများကြီး လုပ်ခဲ့ပြီးသားမို့လို့ ဆင်ခြင်သုံးသပ်စရာ မလိုဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တွေးမိတယ်။ “ဒီလောက် အချိန်ကြာပြီးတာတောင် လူတွေကို ပြုစုပျိုးထောင်တဲ့ အလုပ်ကနေ ဘာရလဒ်မှ မထွက်လာသေးဘူး၊ ရေလောင်းသူတွေကလည်း တိုးတက်မှု နှေးနေတုန်းပဲ။ ခေါင်းဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေက ဒါကို သေချာပေါက် စောင့်ကြည့်နေကြမှာ၊ ပြီးတော့ တိကျတဲ့ ပြဿနာတွေကို ငါ အနှစ်မချုပ်နိုင်ရင် သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ လုံးဝ ထုံထိုင်းနေတယ်၊ တာဝန်မှာ ထိရောက်မှု မရှိဘူး၊ ကိုယ့်ကိုယ်ကိုယ်တောင် ဆင်ခြင်သုံးသပ်တာမျိုး မရှိဘူးလို့ သူတို့ ထင်ကြမလား။ ဒါပေမဲ့ ငါ့ပြဿနာတွေက ဘာလဲဆိုတာ ငါ တကယ် မသိဘူး။ ပြဿနာတွေအကြောင်းကို ကိုယ့်ဘာသာ စပြောပြီး အခက်အခဲတွေ ရင်ဆိုင်နေရတယ်၊ ရှေ့ဆက်လျှောက်ရမဲ့ လမ်းကြောင်းကို ရှာဖွေချင်ပါတယ်လို့ ပြောလိုက်ရင်ရော။ ဒီလိုဆိုရင် ခေါင်းဆောင်တွေက ငါ့ကို ပြုပြင်မှာ မဟုတ်ရုံတင်မကဘူး၊ ငါက ရိုးသားတယ်လို့ သူတို့ ထင်ကြလိမ့်မယ်၊ အလုပ်မှာ ပြဿနာရှိရင် ဖုံးကွယ်မထားဘဲ အကူအညီရဖို့ ကိုယ့်ဘာသာ အလျင်ဦးအောင် ရှာဖွေတယ်ပေါ့၊ ပြီးတော့ သမ္မာတရားကို ရှာဖွေတဲ့ လူတစ်ယောက်ပဲလို့ သူတို့ ထင်ကြလိမ့်မယ်” လို့ပေါ့။ ဒါကို တွေးမိတော့ ကျွန်တော် တော်တော် ပျော်သွားတယ်၊ ကျွန်တော့်ပြဿနာတွေအတွက် ဖြေရှင်းနည်းကောင်းတစ်ခု ရလိုက်ပြီလို့ ခံစားရတာပေါ့။ ဒါနဲ့ အလုပ်အစီရင်ခံစာထဲမှာ ကျွန်တော့်အခက်အခဲတွေကို ချရေးလိုက်ပြီး အဆုံးမှာ ထည့်ရေးလိုက်တယ်၊ “ကျွန်တော် ဆက်ပြီး ရှာဖွေပါ့မယ်၊ ပြဿနာတစ်စုံတစ်ရာ တွေ့ရင် ကျွန်တော့်ကို မိတ်သဟာယပြုပြီး ထောက်ပြပေးစေချင်ပါတယ်” လို့။ အစီရင်ခံစာ တင်ပြီးတဲ့နောက် ကျွန်တော် ကျေနပ်သွားတယ်။

တစ်နေ့မှာ ဝမ်လေက ပြောတယ်၊ “ရေလောင်းသူတွေကို ပြုစုပျိုးထောင်တဲ့အလုပ်မှာ ခင်ဗျား ဘာလို့ ဘာရလဒ်မှ မရသေးတာလဲလို့ ခေါင်းဆောင်တွေက စာရေးမေးလိုက်တယ်” တဲ့။ လွန်ခဲ့တဲ့ သုံးလေးရက်က အလုပ်အစီရင်ခံစာထဲမှာ ခေါင်းဆောင်တွေဆီက အကူအညီ ကျွန်တော် ရှာယူခဲ့တာကို ပြန်တွေးမိတယ်၊ ခေါင်းဆောင်တွေက ကျွန်တော့်အခြေအနေကို မေးမြန်းဖို့ ဝမ်လေကို ခိုင်းလိုက်တာက ပြဿနာတွေကို ဖော်ထုတ်ဖို့ ကျွန်တော့်ကို ကူညီဖို့ ကြိုးစားနေတာ ဖြစ်လောက်တယ်ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တွေးမိတယ်၊ “ခေါင်းဆောင်တွေက ငါ့အခြေအနေကို စုံစမ်းဖို့ ဒါကို လုပ်နေကြတာ။ ငါ့တာဝန်မှာ တကယ်ပဲ ပြဿနာတွေ ရှိတယ်လို့ ထင်လို့ စစ်ဆေးဖို့ စနေကြတာလား။ ငါ တာဝန်ထမ်းဆောင်လာတာ ဒီလောက်ကြာပြီ၊ ဘာရလဒ်မှ မထွက်ဘူး။ သူတို့ ဘာတွေ တွေ့သွားမလဲဆိုတာ ဘယ်သူသိမှာလဲ။ ငါ့မှာ ပြဿနာတွေ အများကြီးရှိတယ်၊ ဒါမှမဟုတ် တာဝန်နဲ့ပတ်သက်ပြီး ကြီးလေးတဲ့ ကိစ္စတချို့ ရှိနေတယ်ဆိုတာ သူတို့ တွေ့သွားရင် ငါ့ကို ပြုပြင်ကြမလား။ ငါ့အစွမ်းအစက ညံ့ဖျင်းပြီး လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်နိုင်ဘူးလို့ ထင်ပြီးတော့များ ငါ့ကို ဖြုတ်ချလိုက်မလား။ အဲဒါဆိုရင် လုံးဝ အရှက်ကွဲစရာကြီး ဖြစ်မှာ” လို့ပေါ့။ ဒီအတွေးတွေ ဝင်လာတော့ ထိတ်လန့်သွားတယ်၊ “ကိစ္စတွေ ဒီအဆင့်ထိ ရောက်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာ မဟုတ်ဘူးလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ ဘာလုပ်သင့်သလဲ” လို့ပေါ့။ ကျွန်တော် ဘာပဲလုပ်လုပ် စိတ်မငြိမ်နိုင်ခဲ့ဘူး။ ညဘက်မှာ ဝမ်လေ ကီးဘုတ်ရိုက်နေတဲ့အသံကို နားထောင်ရင်း၊ ကျွန်တော် တွေးနေမိတယ်၊ “သူက ငါ့ပြဿနာ ဘယ်နှခုလောက်များ အစီရင်ခံနေတာလဲ။ ခေါင်းဆောင်တွေ ငါ့ကို ဘယ်လိုထင်မလဲ” ဆိုပြီးတော့လေ။ ကျွန်တော် နည်းနည်း ဂနာမငြိမ်ဖြစ်ပြီး အလုပ်ကို အာရုံစိုက်လို့ မရတော့ဘူး။ ဒါနဲ့ ဘုရားသခင်ရဲ့ ရှေ့မှောက်ကို လာပြီး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ဒီအခြေအနေကြောင့် သားရဲ့အခြေအနေ တကယ် ထိခိုက်နေတယ်ဆိုတာ တွေ့ရပါတယ်၊ ဒီကနေ ဘာသင်ခန်းစာ ယူသင့်တယ်ဆိုတာ သား မသိပါဘူး။ ဒီကိစ္စမှာ သမ္မာတရားကို ရှာဖွေဖို့နဲ့ သားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်လာဖို့ လမ်းပြတော်မူပါ” လို့ပေါ့။

နောက်တစ်နေ့ မနက်စာ စားပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို စဖတ်ပြီး ကျွန်တော့်အခြေအနေကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ “သင်သည် ဘုရားအိမ်တော်က သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့ကို လက်ခံနိုင်လျှင် ယင်းမှာ အလွန်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်းကောင်း၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရာတွင်လည်းကောင်း သင့်အတွက် အကူအညီဖြစ်၏။ ယင်းသည် သင့်ကို အကျိုးပြုပြီး ကူညီသည်၊ မည်သည့်ဆိုးကျိုးမျှ လုံးဝမရှိပေ။ သင်သည် ဤစည်းမျဉ်းကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်သည့် သို့မဟုတ် သတိထားရှောင်သည့် ခံစားချက်တစ်ခုမျှ သင့်ထံတွင် နောက်ထပ် မရှိသင့်တော့သည် မဟုတ်လော။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးက သင့်ကို နားလည်ရန်၊ သင့်ကို စောင့်ကြည့်ရန်၊ သင်၏အလုပ်ကို ကြီးကြပ်ရန် ကြိုးစားလျှင်ပင် ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ သဘောထားရသည့်အရာတစ်ခု မဟုတ်ချေ။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အကြောင်းမှာ ယခု သင်၏ လက်ထဲတွင်ရှိသော လုပ်ငန်းဆောင်တာများ၊ သင်ထမ်းဆောင်သည့် တာဝန်နှင့် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးအလုပ် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သကဲ့သို့ ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက သင့်အား အနည်းငယ် ကြီးကြပ်သည့်အခါတွင်ဖြစ်စေ၊ စောင့်ကြည့်လေ့လာသည့်အခါတွင်ဖြစ်စေ၊ သင့်ကို နက်ရှိုင်းသောအဆင့်၌ နားလည်ရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ သင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုရန်နှင့် ဤအချိန်အတွင်း သင်၏ အခြေအနေ မည်သို့ရှိသည်ကို သိရှိရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောထား အနည်းငယ် ပို၍ ပြင်းထန်ပြီး ၎င်းတို့က သင့်ကို အနည်းငယ် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ ပြုသည့်အခါတွင်ပင်ဖြစ်စေ ဤအရာအားလုံးမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် အသိစိတ်ရှိပြီး တာဝန်သိသော သဘောထားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာအပေါ် အပျက်သဘောဆောင်သော အတွေးအခေါ်တစ်ခုမျှ မရှိသင့်သည့်အပြင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် သင် မတုံ့ပြန်သင့်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်လိုက်ရတယ်။ ဘုရားအိမ်တော်က အလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးတာဟာ လူတွေရဲ့ လမ်းလွဲခြင်းတွေကို ပြန်တည့်မတ်ပေးဖို့နဲ့ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ကူညီပေးဖို့အတွက်ပါပဲ၊ ပြီးတော့ ကျွန်တော့်အနေနဲ့ အတိုက်အခံလုပ်တဲ့စိတ်၊ ဒါမှမဟုတ် သတိထားရှောင်တာမျိုး မရှိသင့်ပါဘူး၊ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူးလေ။ ဒီအချိန်အတွင်းမှာ ကျွန်တော်က ကိုယ့်တာဝန်နဲ့ နေ့တိုင်း အလုပ်ရှုပ်နေခဲ့ပေမဲ့၊ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယပြုနေခဲ့ပေမဲ့၊ နောက်ဆုံးကျတော့ ဘာရလဒ်ကောင်းမှ မရခဲ့ဘူးဆိုတာကို ကျွန်တော် ပြန်တွေးမိတယ်။ ကျွန်တော့်အလုပ်မှာ ကျွန်တော် သတိမပြုမိတဲ့ ပြဿနာတွေ အများကြီး ရှိရမယ်၊ ပြီးတော့ ဒီအရာတွေကို အချိန်မီ ဖော်ထုတ်ပြီး မဖြေရှင်းရင် အလုပ်ကို ဆက်ပြီး နှောင့်နှေးစေလိမ့်မယ်။ ခေါင်းဆောင်တွေက ကျွန်တော့်တာဝန်မှာရှိတဲ့ ပြဿနာတွေအကြောင်း ညီအစ်ကိုမောင်နှမတွေကို မေးမြန်းတဲ့အခါ၊ ဒါက ဒီပြဿနာတွေရဲ့ အကြောင်းရင်းကို ရှာတွေ့ဖို့ ကျွန်တော့်ကို ကူညီပေးတာပါပဲ၊ ပြီးတော့ ဒါက ကျွန်တော့်အလုပ်အတွက်ရော၊ အသက် ဝင်ရောက်မှုအတွက်ပါ အကျိုးရှိစေမှာပါ။ သိက္ခာကျမှာ ကြောက်လို့ အတိုက်အခံလုပ်ပြီး သတိထားရှောင်တဲ့ ရှိတဲ့ အခြေအနေမျိုးမှာ ကျွန်တော် မနေသင့်ဘူး၊ ကိုယ့်ပြဿနာတွေကို ကိုယ်တိုင် ထုတ်ပြောမိလို့ နောင်တရနေတာမျိုးလည်း မဖြစ်သင့်ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ ကြီးကြပ်မှုကို ကျွန်တော် လက်ခံရမယ်၊ ပြီးတော့ သူတို့ ဘယ်လိုပြဿနာမျိုးကိုပဲ ထောက်ပြပါစေ၊ ကျွန်တော့်မှာ ရိုးသားတဲ့ စိတ်နှလုံးနဲ့ သမ္မာတရားကို လက်ခံတဲ့ သဘောထား ရှိရမယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့အရာပါပဲ။ ဒါကို တွေးမိတော့ ကျွန်တော် နည်းနည်း လွတ်မြောက်သွားသလို ခခံစားရတယ်။

အဲဒီနောက်မှာ ကျွန်တော် ဆက်ပြီး ရှာဖွေခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခဲ့တယ်၊ “ကိုယ့်တာဝန်မှာ ဘာလို့ ဘာရလဒ်မှ မထွက်လာရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာချင်တာကတော့ ထင်ရှားပါတယ်၊ ဒါပေမဲ့ ခေါင်းဆောင်တွေက ငါ့အလုပ်ကို တကယ်တမ်း စစ်ဆေးတဲ့အခါကျတော့ ငါ ဘာလို့ ဒီလောက် အကဲဆတ်ပြီး ဘာလို့ ဒီလောက် လျှောက်တွေးနေရတာလဲ” လို့ပေါ့။ ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်တော် တကယ်ကို လှည့်ဖြားတတ်မှန်း သဘောပေါက်လိုက်ရတယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ “စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင်၊ လူသားမျိုးနွယ်အားလုံးသည် စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ လူတို့သည် စာတန်ကဲ့သို့ပင် ကဏ္ဍတိုင်း၌ အယောင်ဆောင်ကြပြီး ဟန်လုပ်ကြသည်။ အမှုကိစ္စအားလုံးတွင် ကျီစားခြင်း၊ လှည့်ကွက်သုံးခြင်းတို့ကို ကျင့်သုံးကြသည်။ ၎င်းတို့က ကျီစားခြင်း၊ လှည့်ကွက်သုံးခြင်းတို့ကို ကျင့်သုံးခြင်းမရှိသည့်အရာတစ်ခုမျှ မရှိပေ။ လူအချို့သည် ဈေးဝယ်ထွက်ခြင်းကဲ့သို့သော အလွန်အတွေ့ရများသည့် ပြုဖွယ်ဆောင်တာများတွင်ပင် လှည့်ဖြားသော အရာများကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ခေတ်အဆန်ဆုံး ဝတ်စုံကို ဝယ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့က ထိုအရာကို အလွန်နှစ်သက်သော်လည်း ဘုရားကျောင်းထဲတွင် မဝတ်ဆင်ရဲပေ။ အကြောင်းမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့အကြောင်းကို ပြောပြီး ၎င်းတို့ကို လေးနက်မှုမရှိဟု ပြောမည်စိုးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများ၏ မမြင်ကွယ်ရာတွင်သာ ဝတ်ကြသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုးဖြစ်သနည်း။ လှည့်စားသော လိမ်လည်သော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ လူတစ်ယောက်က အဘယ်ကြောင့် ခေတ်ဆန်သော ဝတ်စုံတစ်ခုကို ဝယ်သော်လည်း ညီအစ်ကိုမောင်နှမများရှေ့တွင် မဝတ်ရဲသနည်း။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများကို နှစ်သက်သည်။ ဘာသာမဲ့များကဲ့သို့ ကမ္ဘာလောက၏ ရေပန်းစားသော အရာများနောက်သို့ လိုက်သည်။ ညီအစ်ကိုမောင်နှမများက သူ့အကြောင်း ထွင်းဖောက်မြင်မည်ကိုလည်းကောင်း၊ သူမည်မျှ လေးနက်မှုမရှိကြောင်း မြင်မည်ကိုလည်းကောင်း၊ သူသည် လေးစားထိုက်သော၊ ဖြောင့်မတ်သောသူမဟုတ်ကြောင်း မြင်မည်ကိုလည်းကောင်း ကြောက်ရွံ့သည်။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများနောက်ကို လိုက်ပြီး ထိုအရာများကို စွန့်လွှတ်ဖို့အတွက် အခက်အခဲဖြစ်သည်။ ထို့ကြောင့် အိမ်တွင်သာ ဝတ်ဆင်နိုင်ပြီး ညီအစ်ကိုမောင်နှမများအား မြင်ခွင့်ပေးဖို့ စိုးရွံ့သည်။ သူနှစ်သက်သောအရာများကို လူမြင်မခံနိုင်လျှင် အဘယ်ကြောင့် ထိုအရာများကို သူ မစွန့်လွှတ်နိုင်သနည်း။ သူ့အား ထိန်းချုပ်နေသော စာတန်ဆန်သောစိတ်သဘောထားတစ်ခုမရှိသလော။ သူသည် စကားများနှင့် အယူဝါဒများကို စဉ်ဆက်မပြတ် ပြောဆိုပြီး သမ္မာတရားကို နားလည်သည့်ပုံစံရှိသည့်တိုင်အောင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေသော သူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် အစဉ်သဖြင့် အပြောနှင့် အလုပ်တွင် အခြားသူများကို လှည့်စားရန် အယောင်ဆောင်နေလျှင်၊ အခြားလူများအား သူ၏ အရှိအတိုင်း မြင်ခွင့်မပြုလျှင်၊ အခြားလူများရှေ့တွင် ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်၏ ပုံရိပ်ဖြင့် အစဉ်ဟန်ဆောင်လျှင် ထိုသူနှင့် ဖာရိရှဲတို့ကြား၌ မည်သည့်ကွာခြားချက်ရှိသနည်း။ သူသည် မကောင်းသော မိန်းမတစ်ယောက်၏ ဘဝကို နေထိုင်လိုသည်။ သို့သော် သူ၏ ဗြဟ္မစရိယအကျင့်အတွက် တည်ဆောက်ထားသော အထိမ်းအမှတ်တစ်ခုလည်း ရှိလိုသည်။ သူသည် လူအများရှေ့တွင် သူ၏ ထူးခြားဆန်းပြားသော ဝတ်စုံအား ဝတ်၍မရသည်ကို ကောင်းစွာသိကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဝယ်သနည်း။ ငွေကို ဖြုန်းတီးခြင်းမဟုတ်လော။ ယင်းမှာ သူသည် ဤသို့သောအရာမျိုးကို နှစ်သက်ပြီး ထိုဝတ်စုံကို တမ်းတမ်းစွဲဖြစ်နေသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဝတ်စုံကို ဝယ်မှဖြစ်မည်ဟု ခံစားမိသည်။ သို့သော် ဝယ်ပြီးသည်နှင့် အပြင်တွင် ဝတ်လို့မရပေ။ သုံးလေးနှစ်ကုန်သွားပြီးနောက်တွင် သူသည် ထိုဝတ်စုံကို ဝယ်မိသည်ကို နောင်တရပြီး ‘ငါသည် ထိုသို့ ပြုလုပ်ရသည်အထိ အဘယ်သို့ဖြစ်ပြီး အလွန်မိုက်မဲကာ အလွန်စက်ဆုပ်ဖွယ်ဖြစ်ခဲ့ရသနည်း’ ဟူ၍ ရုတ်တရက် အသိတရားရသွားသည်။ သူပင်လျှင် မိမိလုပ်သည့်အရာကို စက်ဆုပ်မိသည်။ သို့သော် သူ၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိနှစ်သက်ပြီး လိုက်စားသည့်အရာကို လက်မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကို ကျေနပ်စေရန်အတွက် မရိုးသားသည့် နည်းဗျူဟာများနှင့် လှည့်ကွက်ကို ခံယူကျင့်သုံးသည်။ သူသည် ဤသို့သော အသေးအဖွဲကိစ္စတွင် လှည့်စားသော စိတ်သဘောထားကို ထုတ်ဖော်လျှင် ပို၍ကြီးမားသော အရာတစ်ခုနှင့်ပတ်သက်လာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ ဖြစ်နိုင်မည်မဟုတ်ပေ။ သိသာထင်ရှားစွာပင် လှည့်စားခြင်းသည် သူ၏ သဘာဝဖြစ်သည်။ လှည့်စားမှုသည် သူ၏ ပျော့ကွက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်ရတယ်။ လူတွေက လှည့်ဖြားတတ်တဲ့ စိတ်သဘောထားတွေနဲ့ အသက်ရှင်တဲ့အခါ၊ သူတို့ရဲ့ ပြောဆိုလုပ်ကိုင်မှုတွေအပေါ် ဘုရားသခင်ရဲ့ စိစစ်ခြင်းကို သူတို့ လက်မခံနိုင်ကြဘူး၊ အဲဒီအစား သူတို့က သူများတွေရဲ့ ရှေ့မှာ တစ်မျိုး၊ ကွယ်ရာမှာ တစ်မျိုး ပြုမူကြတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့အတွက် လှည့်ကွက်တွေကို အမြဲ သုံးကြတယ်။ အဲဒီတော့ သူများတွေ အမှန်အတိုင်း မြင်ဖို့ ခက်ကုန်တာပေါ့။ ဒါက စစ်မှန်တဲ့ လှည့်ဖြားတတ်သူ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အရင်က အလုပ်အစီရင်ခံစာ တင်တုန်းက အချိန်ကို ကျွန်တော် ပြန်တွေးကြည့်တယ်။ လူတွေကို ပြုစုပျိုးထောင်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာရှိတယ်လို့ ကျွန်တော် တကယ် မထင်ခဲ့ဘူး၊ ပြီးတော့ ကျွန်တော် အလုပ်အများကြီး လုပ်ဆောင်ခဲ့တယ်လို့ ထင်ခဲ့တယ်၊ ကျွန်တော့်ရဲ့ အလုပ်ဖော် ညီအစ်ကိုက သွေဖည်မှုတွေကို အနှစ်ချုပ်ဖို့ သတိပေးတဲ့အခါမှာတောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ကျွန်တော် မတွေးခဲ့ဘူး။ ဒါပေမဲ့ ရလဒ်တွေ မကောင်းဘူးဆိုတဲ့ အချက်က ရှင်းရှင်းလင်းလင်း မြင်နေရပြီးသားလေ၊ ဒါကြောင့် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကို ကျွန်တော် မဖော်ထုတ်နိုင်ရင် ခေါင်းဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ သိက္ခာမကျရအောင်လို့၊ ကျွန်တော် အခက်အခဲတွေ ကြုံနေရပါတယ်၊ ဖြေရှင်းနည်း ရှာချင်ပါတယ်လို့ တမင်တကာ ပြောခဲ့တာ။ ကျွန်တော် ပြောတာက ရိုးသားသလိုလို၊ အလုပ်အတွက် ဝန်တာထားတဲ့စိတ် ရှိသလိုလို ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရား ရှာဖွေဖို့ ရည်ရွယ်ချက် ကျွန်တော့်မှာ မရှိခဲ့ပါဘူး၊ ကျွန်တော်က သူများတွေမြင်အောင် ဟန်ဆောင်နေခဲ့ရုံ သက်သက်ပါပဲ၊ သိပ်ကို ရှာဖွေချင်စိတ်ရှိပြီး ရိုးသားတဲ့လူတစ်ယောက်လို့ ခေါင်းဆောင်တွေ မြင်အောင်လို့ပေါ့။ ဒါပေမဲ့ ခေါင်းဆောင်တွေက ကျွန်တော့်တာဝန်မှာရှိတဲ့ သွေဖည်မှုတွေနဲ့ ပြဿနာတွေကို တကယ်တမ်း စစ်ဆေးတဲ့အခါကျတော့ ကျွန်တော် ထုတ်ဖော်ခံလိုက်ရတယ်။ ကျွန်တော့်အလုပ်မှာ ကြီးလေးတဲ့ ပြဿနာတွေ ပေါ်သွားမှာ၊ ခေါင်းဆောင်တွေက ကျွန်တော့် အစွမ်းအစ ညံ့ဖျင်းတယ်၊ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ ထင်သွားမှာ၊ ဒါမှမဟုတ် ကျွန်တော့်ကို ဖြုတ်ချလိုက်မှာကို ကျွန်တော် ကြောက်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော် အတိုက်အခံလုပ်ချင်စိတ်တွေနဲ့ အသက်ရှင်နေမိပြီး၊ ပြဿနာတွေအပေါ် လမ်းပြမှု ရှာခဲ့မိတာကိုတောင် နောင်တရနေခဲ့တယ်၊ ပြဿနာတွေကို အစီရင်ခံတာက ကိုယ့်သေတွင်း ကိုက်တူးတာပဲလို့တောင် တွေးမိတယ်လေ။ ပြဿနာတွေအပေါ် ကျွန်တော့်ရဲ့ ရှာဖွေမှုက ဖြေရှင်းဖို့အတွက် မဟုတ်ဘဲ၊ ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ ကျွန်တော့်ရဲ့ နေရာနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော် မြင်လိုက်ရတယ်။ ဒါက သူများတွေကို လိမ်ဖို့ ကြိုးစားပြီး လှည့်ဖြားနေတာ မဟုတ်ဘူးလား။ ဒါက ဘုရားသခင် ဖော်ထုတ်တဲ့ နှစ်ဖက်ချွန် ဖြစ်နေတာ၊ ပြီးတော့ ပြည့်တန်ဆာတစ်ယောက်ရဲ့ ဘဝမှာ နေချင်တဲ့အပြင် ကိုယ့်အပျိုရည်စစ်တာကို ဂုဏ်ပြုမှတ်တမ်းတင်ချင်နေတာမျိုး တကယ် ဖြစ်နေတာပါပဲ။ ရှေးခေတ်က ဖာရိရှဲတွေကို ကျွန်တော် ပြန်တွေးမိတယ်။ သူတို့က အရမ်း ဘုရားကိုရိုသေကိုင်းရှိုင်းသလို ထင်ရပြီး မေရှိယကြွလာဖို့ တောင့်တနေကြပေမဲ့၊ သခင်ယေရှု တကယ် ကြွလာပြီး အမှုပြုတဲ့အခါ၊ သခင်ယေရှုက ထူးဆန်းတဲ့တန်ဖိုးတွေ ဘယ်လောက်ပဲ လုပ်ပြလုပ်ပြ၊ သမ္မာတရားတွေ ဘယ်လောက်ပဲ ဖော်ပြဖော်ပြ၊ သူတို့က တစ်ခုမှ လက်မခံခဲ့ကြဘူး။ သူတို့ရဲ့ အဆင့်အတန်းနဲ့ စားဝတ်နေရေးကို ကာကွယ်ဖို့ သခင်ယေရှုကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ်လေ။ ဘုရားကြွလာဖို့ကို သူတို့ တောင့်တသယောင်နဲ့ အပေါ်ယံမှာ ရိုသေကိုင်းရှိုင်းသလို ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ သူတို့က လူတွေကို လှည့်ဖြားဖို့ ကြိုးစားနေကြတာ၊ ပြီးတော့ သူတို့က သူတော်ကောင်းယောင်ဆောင်သူတွေ သက်သက်ပါပဲ။ ကျွန်တော့်အပြုအမူက ဖာရိရှဲတွေနဲ့ ဘာများကွာလို့လဲ။

တစ်မနက် ကျွန်တော် ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော် တစ်ကြောင်းကို ကျွန်တော် တွေးမိတယ်။ “၎င်းတို့သည် မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် အရာတစ်ခုကို လုပ်ဆောင်နေစဉ် အခြားအရာတစ်ခုကို အယောင်‌ဆောင်လေသည်။” အဲဒါက ကျွန်တော့်အခြေအနေနဲ့ တော်တော် ကိုက်ညီတယ်လို့ ခံစားရလို့ ဖတ်ဖို့အတွက် ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ကျွန်တော် ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောက်ကျစ်ဆိုးယုတ်မှု၏ အဓိက စရိုက်မှာ အဘယ်နည်း။ ယင်းမှာ သူ၏ စကားလုံးများက အထူးသဖြင့် နှစ်လိုဖွယ်ကောင်းသည်ဟု ထင်ရပြီး အပြင်ပန်းတွင် အရာရာ မှန်ကန်ပုံပေါက်ခြင်း ဖြစ်သည်။ မည်သည့်ပြဿနာမျှ ရှိပုံမပေါ်ဘဲ အမှုအရာများသည် မည်သည့်ရှုထောင့်မှမဆို အတော်လေး ကောင်းမွန်ပုံပေါက်လေသည်။ သူက တစ်စုံတစ်ခုကို ပြုလုပ်သောအခါ အထူးတလည်ဖြစ်သော နည်းလမ်းတစ်ခုခု အသုံးပြုသည်ကို သင် မတွေ့မြင်ရသည့်အပြင် အပြန်ပန်းအားဖြင့် အားနည်းချက်များ သို့မဟုတ် အပြစ်အနာအဆာများနှင့် ဆိုင်သည့်လက္ခဏာ မရှိလင့်ကစား သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်လေသည်။ သူသည် အမှုအရာများကို အလွန်တရာ သိုသိပ်သောပုံစံဖြင့် လုပ်ဆောင်သည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့်ပုံ ဖြစ်၏။ ဤကဲ့သို့သော လူတို့နှင့် အရေးကိစ္စများမှာ ပိုင်းခြားသိမြင်ရန် အခက်ဆုံး ဖြစ်လေသည်။ လူအချို့က မကြာခဏပင် သင့်တော်သော အရာများကို ပြောသည်၊ ကောင်းမွန်သည်ဟု ထင်ရသော အကြောင်းပြချက်များကို အသုံးပြုသည်၊ ပြီးလျှင် လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန်အတွက် လူ၏ ချစ်ခင်တွယ်တာမှုနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ ဆိုရိုးစကားများ သို့မဟုတ် လုပ်ရပ်များကို အသုံးချသည်။ ၎င်းတို့သည် မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် အရာတစ်ခုကို လုပ်ဆောင်နေစဉ် အခြားအရာတစ်ခုကို အယောင်‌ဆောင်လေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သော်လည်း လူအများစုက ဤအပြုအမူများကို လှည့်ဖြားသည်ဟု ယူဆကြသည်။ ကောက်ကျစ်ဆိုးယုတ်မှုအပေါ် လူတို့၏ နားလည်သဘောပေါက်မှုနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့သည် အတော်အတန် နည်းပါး၏။ အမှန်တွင် ကောက်ကျစ်ဆိုးယုတ်မှုသည် လှည့်ဖြားခြင်းထက် ပိုင်းခြားသိမြင်ဖို့ ပို၍ခက်ခဲသည်မှာ ယင်းသည် ပို၍သိုသိပ်ပြီး ယင်း၏ နည်းစနစ်များနှင့် လုပ်ရပ်များက ပို၍ ဆန်းပြားသောကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိအထဲ၌ လှည့်ဖြားသော စိတ်သဘောထားရှိလျှင် ပုံမှန်အားဖြင့် အခြားသူများက ထိုသူနှင့် ပေါင်းသင်းဆက်ဆံသော နှစ်ရက်သုံးရက်အတွင်း သူ၏ လှည့်ဖြားခြင်းကို သတိပြုမိနိုင်သည်၊ သို့မဟုတ် ထိုလူ၏ လုပ်ရပ်များနှင့် စကားများ၌ သူ၏ လှည့်ဖြားသော စိတ်သဘောထား ထုတ်ဖော်ပြမှုကို သတိမူမိနိုင်သည်။ သို့ရာတွင် အကယ်၍ ထိုလူသည် ကောက်ကျစ်ဆိုးယုတ်သည်ဆိုပါက ဤသည်မှာ ရက်အနည်းငယ်အတွင်း ပိုင်းခြားသိမြင်နိုင်သည့် အရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တိုတောင်းသော အချိန်ကာလတစ်ခု၌ ဖြစ်ပျက်သည့် သိသာထင်ရှားသော ဖြစ်ရပ်များ သို့မဟုတ် အထူးအခြေအနေများ တစ်ခုခုမရှိဘဲ သူစကားပြောသည်ကို နားထောင်ရုံမျှဖြင့် မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်နိုင်ဖို့ မလွယ်ကူချေ။ သူက အမြဲတမ်းပင် သင့်တော်သော အရာများကို ပြောဆိုလုပ်ဆောင်ပြီး သင့်တော်သော အယူဝါဒကို တစ်ခုပြီးတစ်ခု ပြောဆိုသည်။ သူနှင့် ပေါင်းသင်းဆက်ဆံသော ရက်အနည်းငယ်ပြီးနောက်တွင် ဤလူသည် အတော်လေး ကောင်းမွန်သည်၊ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အသုံးခံနိုင်သည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ ဘုရားသခင်ကိုချစ်သော စိတ်နှလုံးရှိသည်၊ ပြီးလျှင် သူပြုမူသည့်ပုံစံတွင် အသိတရားနှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးရှိသည်ဟု သင် ထင်ကောင်းထင်မည် ဖြစ်သည်။ သို့သော် သူသည် အရေးကိစ္စအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူ၏ ပြောစကားနှင့် လုပ်ရပ်များသည် အမှုအရာ အမြောက်အမြား၊ နတ်ဆိုးဆန်သော ရည်ရွယ်ချက် အမြောက်အမြားနှင့် ရောထွေးနေကြောင်း သင် သိမြင်လေသည်။ ဤလူသည် မရိုးသားဘဲ လှည့်ဖြားကာ ကောက်ကျစ်ဆိုးယုတ်သော အရာတစ်ခု ဖြစ်ကြောင်း သင် သဘောပေါက်လေသည်။ သူသည် လူတို့နှင့် ပေါင်းသင်းဆက်ဆံရန်အတွက် သမ္မာတရားနှင့် လျော်ညီပြီး လူ၏ ချစ်ခင်တွယ်တာမှုကို ပိုင်ဆိုင်သည့် သင့်တော်သော စကားလုံးများနှင့် နှစ်လိုဖွယ်ကောင်းသော စကားစုများကို မကြာခဏ အသုံးပြုသည်။ တစ်ဖက်တွင် သူသည် မိမိကိုယ်ကို ဂုဏ်တင်ပြီး အခြားတစ်ဖက်တွင် အခြားသူများကို အထင်အမြင်မှားစေကာ လူတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းကို စွမ်းဆောင်ရရှိလေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အလွန့်အလွန် အထင်အမြင်မှားစေကာ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် လူများစွာကို အထင်အမြင်မှားစေပြီး ဒုက္ခပေးလေသည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့သည် အလွန်အမင်း အန္တရာယ်ရှိလေ၏။ သင်တို့ပတ်လည်တွင် ထိုကဲ့သို့သောလူများ ရှိသလော။ သင်တို့ကိုယ်တိုင်ရော ဤကဲ့သို့ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းက အဘယ်မျှ ဆိုးဝါးသနည်း။ သမ္မာတရားစည်းမျဉ်း တစ်ခုမျှမရှိဘဲ စကားပြောခြင်းနှင့် ပြုမူလုပ်ဆောင်ခြင်း၊ ပြုမူလုပ်ဆောင်ရန်အတွက် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို လုံးလုံးလျားလျား အားထားခြင်း၊ အခြားသူများက သင့်ကို မရိပ်စားမိနိုင်ဖို့ သို့မဟုတ် သတိမပြုမိနိုင်ဖို့၊ ပြီးလျှင် သင်၏ လူ့သဘာဝနှင့် အဆင့်အတန်းကို အထင်ကြီးမှုနှင့် လေးစားမှုဖြင့် ကြည့်ဖို့အတွက် အခြားသူများကို အထင်အမြင်မှားစေရန်နှင့် ဟန်ဆောင်မှုနောက်ကွယ်၌ အသက်ရှင်ရန် အမြဲအလိုရှိခြင်းသည် ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်လေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏) ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားရှိတဲ့ လူတွေဟာ အရမ်း လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ ပြောဆိုပြုမူကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က မှန်ကန်တဲ့အရာတွေကို ပြောသလို ထင်ရပြီး သူတို့ရဲ့ လုပ်ရပ်တွေက အပြစ်ပြောစရာမရှိသလို ထင်ရပေမဲ့၊ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ သူတို့က ကောက်ကျစ်ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားကြတယ်။ ပြီးတော့ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အမြဲ အာရုံစိုက်နေကြတယ်။ တခြားသူတွေရဲ့ အားကျမှုကို ရဖို့အတွက် သူတို့က လူတွေကို လှည့်ဖြားဖို့ မြှောက်ပင့်တဲ့ စကားလုံးတွေ၊ မှန်ကန်တဲ့ လုပ်ရပ်တွေကို သုံးကြတယ်။ တခြားသူတွေရဲ့ စိတ်ထဲမှာ သူတို့ရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်ကြတယ်။ သူတို့ရဲ့ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေကို တခြားသူတွေ မတွေ့အောင် တားဆီးထားပြီး ဒါ တကယ်ကို ကောက်ကျစ်ဆိုးယုတ်တာပဲ။ သေချာ ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်တော်က ဒီလိုမျိုး ပြုမူနေတာ မဟုတ်ဘူးလား။ ကျွန်တော်က ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေနေခဲ့တာ အသိသာကြီးပါ၊ ဒါပေမဲ့ ကျွန်တော်က အရမ်း နှိမ့်ချပြီး ရှာဖွေချင်စိတ် ပြင်းပြသလိုမျိုး ပြုမူခဲ့တယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော့်ပြဿနာတွေကို ဖုံးကွယ်ဖို့ သက်သက် မဟုတ်ဘဲ၊ တခြားသူတွေရဲ့ စိတ်ထဲမှာ သမ္မာတရား လိုက်စားတဲ့လူတစ်ယောက်အဖြစ် ပုံရိပ်ကောင်း တည်ဆောက်ဖို့လည်း ပါတာပေါ့။ လူတွေကို ပြုစုပျိုးထောင်တဲ့အလုပ်က ဘာရလဒ်မှ မထွက်ဘူးဆိုတာ၊ ရေလောင်းသူတွေက သိပ်မတိုးတက်ဘူးဆိုတာ၊ ပြီးတော့ ဒီအရာတွေကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နေရတယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော့်ပြဿနာတွေကို အနှစ်မချုပ်ဘဲ ဆင်ခြင်သုံးသပ်တာမျိုး မရှိရင် လူတိုင်း ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ ကိုယ့်တာဝန်မှာ ဘာရလဒ်မှ မရတာတောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မရှိဘူးလို့ သူတို့ ပြောကြမလား။ ကျွန်တော် သမ္မာတရား မလိုက်စားဘူး၊ လုံးဝ ထုံထိုင်းနေတယ်လို့ သူတို့ ထင်ကြမလား။ ဒါဆိုရင်တော့ ကျွန်တော့်ဘာသာ စပြောလိုက်တာ ပိုကောင်းမယ်။ ဒီလိုဆိုရင် အလုပ်က ဘာရလဒ်မှ မထွက်လို့ ကျွန်တော့်အပေါ် သူတို့ အမြင်မကြည်တာမျိုး ဖြစ်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့်ကို ရိုးသားတဲ့လူတစ်ယောက်လို့တောင် သူတို့ ထင်ကြမှာ။ ကျွန်တော်ပြောတဲ့ စကားလုံးတွေထဲမှာ ကိုယ်ပိုင် ဉာဏ်နီဉာဏ်နက် ရည်ရွယ်ချက်တွေ ရောနေတာ။ ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ ပုံရိပ်ကောင်း တည်ဆောက်ဖို့အတွက် သမ္မာတရား အပေါ်ယံ ရှာဖွေပြဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်သဘာဝက တကယ်ကို ကောက်ကျစ်ဆိုးယုတ်တယ်ဆိုတာ ကျွန်တော် မြင်လိုက်ရတယ်။ ဘုရားသခင် ပြောသလိုပါပဲ။ “လူအချို့က မကြာခဏပင် သင့်တော်သော အရာများကို ပြောသည်၊ ကောင်းမွန်သည်ဟု ထင်ရသော အကြောင်းပြချက်များကို အသုံးပြုသည်၊ ပြီးလျှင် လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန်အတွက် လူ၏ ချစ်ခင်တွယ်တာမှုနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ ဆိုရိုးစကားများ သို့မဟုတ် လုပ်ရပ်များကို အသုံးချသည်။ ၎င်းတို့သည် မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် အရာတစ်ခုကို လုပ်ဆောင်နေစဉ် အခြားအရာတစ်ခုကို အယောင်‌ဆောင်လေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်…သည်။” တကယ်တမ်းကျတော့ ကျွန်တော့်တာဝန်မှာ အချိန်အတိုင်းအတာတစ်ခုထိ ဘာရလဒ်မှ မရခဲ့ဘူး။ ဒါကြောင့် ဒါကို ဖြေရှင်းရအောင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သမ္မာတရား ရှာဖွေဖို့ လိုအပ်ခဲ့တယ်။ ဒါက အသင်းတော်အလုပ်အတွက်ရော၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အသက် ဝင်ရောက်မှုအတွက်ပါ အကျိုးရှိစေမှာ။ ဒါပေမဲ့ ကျွန်တော်က အလုပ်ထဲက အတားအဆီးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာမျိုး မရှိဘဲ၊ သိက္ခာမကျအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ အသင်းတော်အလုပ်တို့၊ သမ္မာတရား ရှာဖွေတာတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာတောင် ကျွန်တော်က မရိုးမသား ပြုမူပြီး လှည့်ဖြားနေခဲ့တာ။ ဒါက ဘုရားသခင် ကျွန်တော့်ကို တကယ်ပဲ စက်ဆုပ်အောင် လုပ်ခဲ့တာပါ။

နောက်ပိုင်းမှာ အလုပ်ကနေ နားတဲ့အချိန်တိုင်း ကျွန်တော့်အခြေအနေကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျင့်ကြံပြုမူရာမှာ လူတစ်ယောက်ဟာ အရာခပ်သိမ်းမှာ ကိုယ်တော့်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတာကို လက်ခံရမယ်၊ ပြီးတော့ လုပ်ရပ်တွေနဲ့ အပြုအမူတွေ အားလုံးကို ဘုရားသခင် ရှောက်မှောက်ကို ယူဆောင်လာရမယ်လို့ ဘုရားသခင် မိတ်သဟာယပြုထားတာကို ကျွန်တော် သတိရလိုက်တယ်။ ဒါနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် အမြန် ရှာလိုက်တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပါတယ်။ “ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်ဟု ဆိုလိုသည်။...ယနေ့တွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာရမည်။ ဤအရာက ဆိုလိုသည်မှာ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာမှ အရာအားလုံးဖြစ်သည့် ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်း၊ ညီအစ်ကိုမောင်နှမများနှင့် သင်၏ မိတ်သဟာယပြုခြင်း၊ ပြီးလျှင် အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ခြင်းအပြင် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၌ သင်၏ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံရန်အတွက် ကိုယ်တော်၏ ရှေ့တော်သို့ ယူဆောင်လာသင့်သည်။ သင့်အား အသက်တာ၌ ကြီးထွားရင့်ကျက်မှု စွမ်းဆောင်ရရှိစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကျိုးနွံနာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နားလည်လိုက်ရတယ်။ လူတစ်ယောက်က အရာခပ်သိမ်းမှာ ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီး၊ သူ့ရဲ့ လုပ်ရပ်တွေနဲ့ အပြုအမူတွေမှာ ဖုံးကွယ်တာ၊ ဟန်ဆောင်တာတွေ မရှိဘဲ ဒီအရာတွေကို ဘုရားသခင် ရှေ့မှောက် ယူဆောင်လာနိုင်ရင်၊ ဒီလူက အလင်းထဲမှာ အသက်ရှင်တာဖြစ်ပြီး တကယ်ကို ရိုးသားတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလူမျိုးက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရနိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်က ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံဘဲ၊ အမြဲတမ်း လိမ်ညာလှည့်ဖြားမှုတွေ လုပ်နေမယ်ဆိုရင်၊ ဒီလိုလူမျိုးက တကယ်ကို ကောက်ကျစ်ဆိုးယုတ်ပြီး ဘုရားသခင် ရွံရှာတဲ့သူ ဖြစ်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းတစ်ခုကိုလည်း ကျွန်တော် တွေ့ခဲ့တယ်။ လူတွေကို ပြုစုပျိုးထောင်တဲ့အလုပ်က ရလဒ်မထွက်တာ ကြာနေပြီဖြစ်ပြီး၊ ရေလောင်းတဲ့အလုပ်ရဲ့ တိုးတက်မှုကိုတောင် ထိခိုက်နေပြီလေ။ ကျွန်တော်သာ ဆက်ပြီး လှည့်ဖြားဖုံးကွယ်နေမယ်ဆိုရင် ဒီပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူး။ ရေလောင်းသူတွေကလည်း သူတို့တာဝန်တွေမှာ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က လူသစ်တွေကို ကောင်းကောင်း ရေမလောင်းပေးနိုင်ရင်၊ လူသစ်တွေက မှန်သော လမ်းခရီးပေါ်မှာ အခြေခံအုတ်မြစ်ကို မြန်မြန်ဆန်ဆန် မချနိုင်တော့ဘူး။ ဒါက ရေလောင်းတဲ့အလုပ်မှာ ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေလိမ့်မယ်။ ခေါင်းဆောင်တွေက ကျွန်တော့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်အောင် ကူညီဖို့အတွက် အလုပ်ထဲက ပြဿနာတွေနဲ့ သွေဖည်မှုတွေကို စစ်ဆေးနေကြတာ။ သူတို့ ဘယ်လိုကိစ္စမျိုးကိုပဲ ထောက်ပြပါစေ၊ ကျွန်တော်က ကိုယ့်သိက္ခာ၊ ဒါမှမဟုတ် အဆင့်အတန်းကို မငဲ့ကွက်သင့်တော့ဘူး။ ပြီးတော့ ဘုရားသခင်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်ရမယ်။ ကိုယ့်အလုပ်ထဲက ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော် အလေးအနက်ထား ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ လိုခဲ့တယ်၊ သွေဖည်မှုတွေကို အမြန် ပြန်တည့်မတ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။

ရက်နည်းနည်းကြာတော့ ခေါင်းဆောင်ဆီက စာတစ်စောင် ကျွန်တော် ရတယ်။ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားနေတုန်းပဲ။ ခေါင်းဆောင်က ကျွန်တော့်တာဝန်မှာ ကြီးလေးတဲ့ ပြဿနာတွေ တွေ့သွားပြီး ကျွန်တော့်ကို ပြုပြင်မှာကို စိုးရိမ်နေတုန်းပဲလေ။ ခေါင်းဆောင်က ဘယ်လိုကိစ္စမျိုးကိုပဲ ထောက်ပြပါစေ၊ ကိုယ့်သိက္ခာကို ထည့်မတွက်တော့ပါဘူး ဆိုတာရယ်၊ ပြီးတော့ ကျွန်တော် ဆက်ပြီး အတိုက်အခံလုပ်တာ၊ ဒါမှမဟုတ် ဖုံးကွယ်တာတွေ လုပ်တော့မှာ မဟုတ်ဘဲ၊ လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်သုံးသပ်ပါ့မယ် ဆိုတာရယ်ကို ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ စာကို ဖွင့်လိုက်တဲ့အခါ၊ ခေါင်းဆောင်က ကျွန်တော့်တာဝန်ထဲက ပြဿနာတွေကို တကယ် ထောက်ပြထားတာ တွေ့ရပေမဲ့၊ သူက ကျွန်တော့်ကို မပြုပြင်ပါဘူး။ အဲဒီအစား ကျွန်တော့်တာဝန်မှာ ရလဒ်မကောင်းရတဲ့ အကြောင်းရင်းတွေကို ဆင်ခြင်သုံးသပ်နိုင်အောင် လမ်းပြဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို သုံးထားတာ တွေ့ရတယ်။ ခေါင်းဆောင်ရဲ့ မိတ်သဟာယကို ဖတ်ပြီးတဲ့နောက်၊ ကျွန်တော့်ရဲ့ လတ်တလော အခြေအနေနဲ့ ပြဿနာတွေကို နည်းနည်း နားလည်လာတယ်။ ကျွန်တော်က တစ်လျှောက်လုံး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်နေခဲ့တာကိုး။ ပြီးတော့ အလုပ်ရလဒ် မကောင်းတာကို ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မရှိဘဲ ဆင်ခြေတွေပဲ ဆက်ပေးနေခဲ့တာ။ ကျွန်တော်က နေ့တိုင်း အလုပ်ရှုပ်ခံပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ဖြေရှင်းနည်းတွေကို မိတ်သဟာယပြုနေတယ်၊ အကောင်းဆုံး လုပ်ထားပြီးသားလို့ ထင်နေခဲ့တာ။ ဒါကြောင့် သူတို့ မတိုးတက်တာက ကျွန်တော့်ပြဿနာ မဟုတ်ဘဲ သူတို့ရဲ့ အစွမ်းအစ ညံ့ဖျင်းလို့ပါလို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ အလုပ်က ရလဒ်ကောင်း မထွက်ပေမဲ့၊ ကိုယ့်ပြဿနာကိုယ် ဆင်ခြင်သုံးသပ်မဲ့အစား တာဝန်ကိုပဲ ဆက်ပြီး ခေါင်းရှောင်နေခဲ့တာ။ ကျွန်တော် တကယ်ကို ပုန်ကန်ပြီး မာကျောနေခဲ့တာပဲ။ ပြီးတော့ ဆင်ခြင်သုံးသပ်လိုက်တော့၊ ဒီအချိန်အတွင်း လူတွေကို ပြုစုပျိုးထောင်တဲ့ ကျွန်တော့်အလုပ်မှာ သွေဖည်မှုတွေ တကယ် ပါနေမှန်း သဘောပေါက်လိုက်ရတယ်။ နေ့တိုင်း လုပ်စရာ အလုပ်ရှိပြီး အားမနေရရင်ပဲ ကျွန်တော် ကျေနပ်နေခဲ့တာ။ ရလဒ်ထွက်မဲ့ နည်းလမ်းနဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်ရမလဲဆိုတာကို ကျွန်တော် ဘယ်တုန်းကမှ အလေးအနက်ထား မရှာဖွေခဲ့ဘူး။ ရေလောင်းသူတွေကို ပြုစုပျိုးထောင်တဲ့အခါ၊ သူတို့ရဲ့ တကယ့်ပြဿနာတွေကို အခြေခံပြီး အနှစ်ချုပ်တာ၊ မိတ်သဟာယပြုတာမျိုး မလုပ်ဘဲ၊ လေ့လာသင်ယူတဲ့နေရာမှာ မစဉ်းစားမဆင်ခြင်ဘဲ ပုံသေနည်းကျကျ လုပ်တဲ့နည်းလမ်းကိုပဲ လိုက်နာခဲ့တယ်။ ရလဒ်အနေနဲ့ လနဲ့ချီ ပြုစုပျိုးထောင်ပြီးတာတောင် ဘာရလဒ်မှ မရှိခဲ့ဘူး။ ကျွန်တော့်အလုပ်မှာ ပြဿနာတွေ၊ သွေဖည်မှုတွေ အများကြီး ရှိနေတာကို မြင်လိုက်ရတော့၊ ဒါတွေကို အမြန် ပြန်တည့်မတ်ဖို့ လိုမှန်း ကျွန်တော် သိလိုက်တယ်။ သမ္မာတရား ရှာဖွေချင်ယောင်ဆောင်ခဲ့ပုံကို ပြန်ဆင်ခြင်သုံးသပ်မိတော့ ကျွန်တော် တကယ်ကို ရှက်ပြီး မျက်နှာပူမိတယ်။ သမ္မာတရားကို လက်ခံပြီး ရှာဖွေတဲ့ စိတ်နှလုံး ကျွန်တော့်မှာ တကယ် ရှိခဲ့ရင်၊ ဒီပြဿနာတွေကို စောစောစီးစီး တွေ့ပြီး ဖြေရှင်းနိုင်ခဲ့မှာ။ ပြီးတော့ ဒါက ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော်အလုပ်အတွက် အကျိုးရှိစေနိုင်ခဲ့မှာ။ ရှေ့ဆက်ပြီးတော့၊ ကျွန်တော့်ရဲ့ အချည်းနှီးဖြစ်တဲ့ ဂုဏ်နဲ့ သိက္ခာတို့ကို ဘေးဖယ်ထားဖို့၊ ကိစ္စရပ်တိုင်းမှာ သမ္မာတရားကို ပိုရှာဖွေဖို့ နဲ့ တာဝန်ကို တကယ် လက်တွေ့ကျကျ ပုံစံနဲ့ ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ တိုက်ပွဲ

ဝေ့ကျွန်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်က အသုံးအဆောင်ပစ္စည်း ပြုပြင်သည့် ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပါသည်။ သမ္မာအာဇီဝကျသည့် အလုပ်တစ်ခုကို...

အမှားများကို ဝန်ခံရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း

လီဖေး အီတလီနိုင်ငံ ကျွန်မရဲ့ အသင်းတော်မှာ ကျွန်မက ဗီဒီယိုအလုပ်ကို တာဝန်ယူရတယ်။ တစ်နေ့မှာ၊ ညီအစ်မတစ်ယောက်က ကျွန်မကို အလောတကြီး ဖုန်းခေါ်တယ်။...

လိမ်ညာပြောဆိုမှုများကို ကျွန်မ ရပ်ခဲ့သည့် နည်းလမ်း

မာလီနက်ထက် ပြင်သစ်နိုင်ငံဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခင်တုန်းက ကျွန်မဟာ အမှန်အတိုင်းပြောပြီးလူတွေကို စိတ်ပျက်စေမှာ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။