တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ
မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော့် မိသားစု ငွေရေးကြေးရေး အခြေအနေက တော်တော်လေး သာမန်ပါပဲ။ မိဘတွေက ဘာလက်မှုပညာမှ မတတ်တော့ လယ်စိုက်ပြီးပဲ အသက်မွေးရုံပဲ တတ်နိုင်ခဲ့တယ်။ ရွာနားက စက်ရုံတစ်ရုံမှာ ကျွန်တော့်အဖေက အလုပ်လုပ်ရင်း ငွေနည်းနည်းရှာနိုင်ခဲ့တယ်။ ဝင်ငွေနည်းပေမဲ့ ကျွန်တော်တို့ မိသားစု ငါးယောက် စားဝတ်နေရေးအတွက်တော့ လောက်ငှပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသက် ၁၂ နှစ် ပြည့်ခါစမှာ ဒီအခြေအနေကို မကျေနပ်နိုင်ဘဲ သူဌေးတွေရဲ့ ဘဝကို အရမ်းအားကျခဲ့တယ်။ ကျွန်တော့်မှာ သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်၊ သူ့အိမ်က ကုန်တင်ကားကြီး ပိုင်တယ်။ သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်းက ရွာမှာရှိတဲ့ မိသားစုတွေအားလုံးထဲမှာ ထိပ်တန်းစာရင်းဝင်ဆိုတော့ လူတိုင်းက သူတို့ကို အားကျကြတာပေါ့။ သူ့ဆွေမျိုးသားချင်းတွေထဲက လူတွေကလည်း ကိစ္စတစ်ခုခုရှိရင် ဒီမိသားစုနဲ့ပဲ လာတိုင်ပင်ကြတယ်။ ဒါတွေကိုမြင်တော့ ကျွန်တော် ကြီးလာရင် ပိုက်ဆံပိုရှာပြီး သူတို့မိသားစုလို ဘဝမျိုး နေရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုအင်ဆန္ဒက ကျွန်တော့်စိတ်ထဲမှာ အရမ်းကို စွဲမြဲနေခဲ့တာ။ ကျောင်းတက်တုန်းက စာသိပ်မလုပ်နိုင်တော့ မူလတန်းပြီးချိန်မှာ ပိုက်ဆံရှာဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဝင်လုပ်ခဲ့တယ်။ ၁၇ နှစ်သားအရွယ်မှာတော့ လက်သမားပညာ စသင်ခဲ့တာပေါ့။ တဖြည်းဖြည်းနဲ့ လူမှုပတ်ဝန်းကျင် လွှမ်းမိုးမှုရဲ့ ပုံသွင်းမှုအောက်မှာ “ငွေသာလျှင် ပထမ” နဲ့ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတာတွေက ကျွန်တော့်ဆောင်ပုဒ်တွေ ဖြစ်လာပြီး ငွေအတွက် လိုအင်ဆန္ဒက ပိုပြင်းပြလာစေတယ်။
လက်သမားဆရာဆီမှာ နှစ်အတော်ကြာ လုပ်ခဲ့ပေမဲ့ ပိုက်ဆံ သိပ်မရခဲ့ဘူး။ “ဒီအတိုင်းသာ ဆက်သွားရင် သူများတွေ အားကျတဲ့ဘဝမျိုးနဲ့ ငါ ဘယ်တော့မှ နေရမှာလဲ” လို့ တွေးမိတာပေါ့။ ဒါကြောင့် ကျွန်တော် လမ်းကြောင်းပြောင်းပြီး အတွင်းပိုင်းအလှဆင်လုပ်ငန်းလုပ်ရင်း ကိုယ့်လုပ်ငန်းနဲ့ကိုယ် ဖြစ်လာခဲ့တယ်။ အစပိုင်းမှာတော့ အလုပ်ပိုရဖို့အတွက် ဈေးအများကြီး လျှော့ပေးတယ်၊ ပစ္စည်းတွေကိုလည်း ဖောက်သည်တွေနဲ့အတူ သွားဝယ်ပြီး အလုပ်ကို ကောင်းကောင်း ကြိုးစားလုပ်ပေးခဲ့တယ်။ ဆောက်လုပ်ရေးပစ္စည်းဆိုင်ပိုင်ရှင် လာပို့တဲ့ ပစ္စည်းတွေ အရည်အသွေးမကောင်းရင် ကောင်းတဲ့ပစ္စည်းနဲ့ ပြန်လဲပေးဖို့ ကျွန်တော် ပြောတယ်။ ကျွန်တော်က ဖောက်သည်တွေအတွက် အဲဒီလို စဉ်းစားပေးတော့ သူတို့က အရမ်းကျေးဇူးတင်ကြတယ်။ ကျွန်တော်တို့ လက်ရာကကောင်း၊ ဈေးကလည်းသက်သာတော့ ဖောက်သည်တွေဆီက ချီးကျူးမှုတွေရပြီး တဖြည်းဖြည်းနဲ့ အလုပ်တွေ ပိုရလာတာပေါ့။ နောက်ပိုင်းမှာ ဆောက်လုပ်ရေးပစ္စည်းဆိုင်ပိုင်ရှင်က ပုံမှန်ဖောက်သည် ပိုရချင်လို့ဆိုပြီး ကျွန်တော့်ကို ညစာသီးသန့် ဖိတ်ကျွေးတယ်။ သူက “ပစ္စည်းဝယ်ရင် တခြားသူဌေးတွေက ခင်ဗျားကို ပွဲခ ဘယ်လောက်ပေးလဲ” လို့ မေးတယ်။ ကျွန်တော်လည်း နားမလည်တာနဲ့ “ဘာပွဲခလဲ။ ဘယ်သူမှ ကျွန်တော့်ကို ဘာမှ မပေးပါဘူး” လို့ ပြန်မေးလိုက်တယ်။ ဆိုင်ပိုင်ရှင်က အံ့ဩသွားပြီး “ခင်ဗျားက ရိုးလွန်းတာပဲဗျာ။ အဲဒီလိုလုပ်နေရင် ပိုက်ဆံဘယ်လောက်များ ရမှာမို့လို့လဲ။ အခုက ဘယ်ခေတ်ရောက်နေပြီလဲ။ ခေတ်မီအောင်နေစမ်းပါ။ ‘ဉာဏ်နီဉာဏ်နက်မရှိဘဲ မချမ်းသာနိုင်’ ဆိုတဲ့ ဆိုရိုးအတိုင်းပေါ့။ ဘယ်လောကမှာမဆို ပွဲခယူတာက ဓမ္မတာပဲလေ။ ယေဘုယျအားဖြင့် ဖောက်သည်တွေက အိမ်ပြင်ရင် ပစ္စည်းဖိုး ယွမ် တစ်သောင်း၊ နှစ်သောင်းလောက် သုံးကြတာ။ အဲဒီထဲကနေ ခင်ဗျား ပွဲခ တစ်ထောင်၊ နှစ်ထောင်လောက် ရနိုင်တယ်။ ဘာမှပင်ပင်ပန်းပန်း လုပ်စရာမလိုဘဲ ပါးစပ်လှုပ်ရုံနဲ့ ရနိုင်တာကို ဘာလို့ မယူမှာလဲ။ ဒီလိုလုပ်ဗျာ။ ကျွန်တော့်ဆီ ဖောက်သည်တွေ ခေါ်လာခဲ့၊ ခင်ဗျား တစ်နှစ်ကို ယွမ် သောင်းနဲ့ချီ ပိုရစေရမယ်လို့ ကျွန်တော် အာမခံတယ်” လို့ ပြောတယ်။ အစက ဒါကိုကြားတော့ ပိုက်ဆံရှာဖို့ နည်းလမ်းကောင်းပဲလို့ ထင်လိုက်မိပေမဲ့ “ဒါ ဖောက်သည်တွေကို လိမ်တာ မဟုတ်ဘူးလား” လို့ တွေးမိပြန်တယ်။ ကျွန်တော်လိပ်ပြာမသန့်တာနဲ့ “ကျွန်တော်တော့ လုပ်နိုင်မယ်မထင်ဘူးဗျာ။ ကျွန်တော့်ဖောက်သည် အများစုက အသိမိတ်ဆွေတွေ မိတ်ဆက်ပေးတာ။ ကျွန်တော် သူတို့ကို လိမ်မှန်းသိသွားရင် ဒီအလုပ် ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူး” လို့ ပြောလိုက်တယ်။ ဆိုင်ပိုင်ရှင်က ယုံကြည်ချက်ရှိရှိနဲ့ “ကျွန်တော် ဒီလိုလုပ်လာတာ ဆယ်စုနှစ်ချီနေပြီ၊ ဘယ်ဖောက်သည်မှ ပြဿနာလာရှာတာ မရှိဘူး၊ စိတ်မပူပါနဲ့။ ခင်ဗျား နည်းလမ်းပြောင်းမှဖြစ်မယ်၊ မဟုတ်ရင် ပိုက်ဆံရမှာ မဟုတ်ဘူး။ လူတွေ ပြောလေ့ရှိတယ်လေ ‘ကိုယ့်လက်ထဲကပိုက်ဆံ မယူတာ အရူးပဲ’ တဲ့။ စဉ်းစားကြည့်လေ။ မမှန်ဘူးလား” လို့ ပြောတယ်။ သူပြောတာ အဓိပ္ပာယ်ရှိတယ်၊ သူနဲ့တွဲလုပ်ရင် ငါ ပိုက်ဆံအများကြီး ပိုရှာနိုင်မယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါ့အပြင် ရိုးရိုးသားသားပဲ ဆက်လုပ်နေရင် ငါလိုချင်တဲ့ သူများအားကျရတဲ့ အဆင့်မြင့်တဲ့ဘဝကို ဘယ်တော့မှ ရောက်နိုင်မှာလဲ။ နောက်ပြီး ငါနဲ့လုပ်ငန်းတူ တခြားလူတွေဆို အလုပ်ကို ကားမောင်းသွားကြတာ၊ မြင်ရတာ အထင်ကြီးစရာကြီး၊ ဖောက်သည်တွေကလည်း သူတို့ကို အထင်ကြီးလေးစားကြတယ်။ တစ်ဖက်မှာတော့ အသေးစားကုမ္ပဏီပိုင်ရှင်ဖြစ်ရဲ့သားနဲ့ ငါဟာ ဆိုင်ကယ် စီးနေရတယ်။ သိက္ခာကျလွန်းတာပေါ့။ ဒါတွေကို တွေးမိတော့ ကျွန်တော် သဘောတူလိုက်တယ်။ ရက်နည်းနည်းကြာတော့ သူငယ်ချင်းရဲ့ ဆွေမျိုးက သူ့ရုံးခန်းပြင်ဖို့ လိုလို့ဆိုပြီး ပစ္စည်းဝယ်ပေးဖို့ အကူအညီလာတောင်းတယ်။ ဆောက်လုပ်ရေးပစ္စည်းဆိုင်ပိုင်ရှင်က “ဒါ အခွင့်အရေးကောင်းပဲ။ သူ့အတွက် ဈေးနည်းနည်းပိုတင်လိုက်ရင် ခင်ဗျားပွဲခ ပိုရမှာ” လို့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော် လိပ်ပြာသန့်မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။ ကျွန်တော် မလုပ်ရက်တာကို သူမြင်တော့ “ခင်ဗျားက ရိုးလွန်းတာပဲ၊ အခုခေတ်မှာ ဘယ်သူက လိပ်ပြာသန့်တာကို အလေးထားနေလို့လဲ။ ခင်ဗျား ဖောက်သည် သက်သာအောင်လုပ်ပေးလဲ သူက ခင်ဗျားကောင်းကြောင်း တစ်စက်မှ ပြောမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့၊ ဘောက်ချာမှာ ဘာပြဿနာမှ သူတွေ့မှာမဟုတ်ပါဘူး” လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က နည်းနည်း ဝန်လေးနေတုန်းဆိုတော့ ပွဲခ နည်းနည်းလျှော့ယူဖို့ပဲ သဘောတူလိုက်တယ်။ ပြီးတော့ ပစ္စည်းဆိုင်ရှင်က ကုမ္ပဏီကိုလာပြီး သူငယ်ချင်းရဲ့ ဆွေမျိုးဆီ ဘောက်ချာ ပေးလိုက်တယ်။ သူသိသွားမှာစိုးလို့ ကျွန်တော့် ရင်တွေ တဒိန်းဒိန်းခုန်ပြီး လှိုက်ဖိုနေတာ။ “သူငယ်ချင်းရဲ့ဆွေမျိုးက ပါးနပ်တဲ့သူ။ ဒီထဲမှာ မရိုးမသားလုပ်ထားတာ သူသိသွားရင် ငါ လုံးလုံး သိက္ခာကျမှာ မဟုတ်ဘူးလား” လို့ တွေးမိတယ်။ စိတ်လှုပ်ရှားနေလို့ ကိုယ့်သူငယ်ချင်းရဲ့ ဆွေမျိုးမျက်နှာကို ကျွန်တော် မကြည့်ရဲဘူး။ ကျွန်တော် စိုးရိမ်နေတုန်းမှာပဲ “ပစ္စည်းတွေအကုန် စစ်ပြီးပြီလား” လို့ သူက မေးတယ်။ ကျွန်တော် တွေးမိတယ်။ “တစ်ခုခုမှားနေတာများ သူတွေ့သွားလား” လို့ပေါ့။ နည်းနည်းကြောက်သွားပြီး စိတ်မလုံမလဲနဲ့ “စစ်ပြီးပါပြီ” လို့ ပြောလိုက်တယ်။ မထင်မှတ်ဘဲနဲ့ သူက ဈေးနှုန်းကိုကြည့်ပြီး လက်မှတ်ထိုးပေးလိုက်တယ်၊ ပြီးတော့ ပစ္စည်းတွေ ရောင်းလိုက်တဲ့ ဆိုင်ရှင်ကို ငွေစာရင်းဌာနမှာ ပိုက်ဆံသွားထုတ်ဖို့ တိုက်ရိုက် ပြောလိုက်တယ်။ အဲဒီကျမှ ကျွန်တော် နည်းနည်း စိတ်အေးသွားတော့တယ်။ ကိုယ့်ဘာသာ တွေးမိတယ်။ “နောက်ဆို ကိုယ့်လိပ်ပြာမလုံတဲ့ ဒီလိုကိစ္စမျိုးတွေ သိပ်မလုပ်တာ ကောင်းမယ်။ လုပ်လိုက်ရင် ကိုယ့်လိပ်ပြာသန့်မှာ မဟုတ်ဘူး” လို့ပေါ့။
ပြီးတော့ ဆောက်လုပ်ရေးပစ္စည်းဆိုင်ရှင်က ကျွန်တော့်ကို ပွဲခ ယွမ် ၂,၈၀၀ ပေးပြီး ထမင်းပါ လိုက်ကျွေးတယ်။ လွယ်လွယ်လေးရလာတဲ့ ပိုက်ဆံကိုကြည့်ပြီး ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်၊ “ဘာမှ အားမစိုက်ရဘဲ စကားပြောရုံနဲ့ ငါ ဒီလောက်ပိုက်ဆံ ရလိုက်တာ။ ‘ဉာဏ်နီဉာဏ်နက်မရှိဘဲ မချမ်းသာနိုင်’ ဆိုတဲ့စကားက တကယ် အဓိပ္ပာယ်ရှိတာပဲ။ ဒါက စီမံကိန်းအသေးလေးပဲ ရှိသေးတာ။ စီမံကိန်းအကြီးနည်းနည်းသာ ငါယူနိုင်ရင် ပိုက်ဆံဘယ်လောက်တောင် ရလိုက်မလဲ။ ဒီလိုသာ ဆက်လုပ်ရင် ငါ့ဝင်ငွေက အတော်လေးများလာမှာ သေချာတယ်။ သုံးလေးနှစ်အတွင်းမှာ ငါ သူဌေးလို နေနိုင်တော့မှာပဲ” လို့ပေါ့။ ဒါပေမဲ့ ဒါက ကိုယ့်ဂုဏ်သတင်းကိုယ် ရောင်းစားပြီးရလာတဲ့ ပိုက်ဆံဆိုတာ တွေးမိပြန်တော့ စိတ်မသန့်ပြန်ဘူး။ တစ်ဖက်မှာလည်း အရင်ကလိုပဲ ရိုးရိုးသားသား ဆက်လုပ်နေရင် ငါ ပိုက်ဆံအများကြီး လုံးဝ ရမှာ မဟုတ်ဘူး။ ရက်အတော်ကြာ ကျွန်တော် ဝေခွဲမရဖြစ်နေခဲ့တယ်၊ နောက်ဆုံးတော့ လက်တစ်ကမ်းမှာရနိုင်တဲ့ ပိုက်ဆံကိုကြည့်ပြီး အကျိုးအမြတ်ကိုပဲ ရွေးလိုက်တော့တယ်။ အဲဒီအချိန်ကစပြီး “ဉာဏ်နီဉာဏ်နက်မရှိဘဲ မချမ်းသာနိုင်” ဆိုတာ ကျွန်တော့်ဆောင်ပုဒ် ဖြစ်လာတော့တာပဲ။ ပိုက်ဆံပိုရပြီး ဇိမ်ကျကျနေနိုင်ဖို့အတွက် ဖောက်သည်တွေအပေါ် ကျွန်တော် အမြဲ လှည့်စားပြီး လိပ်ပြာမလုံတဲ့ကိစ္စတွေ လုပ်ခဲ့တယ်။ တစ်ခါတုန်းက အရည်အသွေးညံ့တဲ့ ပျဉ်ပြားတစ်ပုံ ဝယ်လိုက်ပြီး “ဖောက်သည်လာရင် အလုပ်မစနဲ့ဦး။ ခင်ဗျားတို့သုံးနေတဲ့ ပစ္စည်းတွေကို ပေးမမြင်နဲ့” လို့ အလုပ်သမားတွေကို မှာထားတယ်။ ဒါပေမဲ့ အလုပ်လုပ်နေတုန်းမှာပဲ ဖောက်သည်က ရုတ်တရက် ဝင်လာတယ်။ ကျွန်တော် အရမ်း ရင်ထိတ်သွားပြီး လက်ဖဝါးတွေပါ ချွေးပြန်လာတယ်၊ ဖောက်သည်က အပြစ်အနာအဆာ တွေ့သွားမှာ အရမ်းကြောက်နေခဲ့တာ။ ဒါကိုသာ မိသွားရင် လက်ခဆုံးမယ့်အပြင် ပစ္စည်းဖိုးပါ ဆုံးမှာ။ ကံကောင်းလို့ အဲဒီတုန်းက ဖောက်သည် သတိမထားမိလိုက်ဘူး။ အလုပ်ဆင်းလို့ အိမ်ရောက်တော့လဲ စိတ်ပူနေတုန်းပဲ “ညဘက် ဖောက်သည်က လုပ်ငန်းခွင်ကို သွားကြည့်မလား။ ပစ္စည်းမှာ ပြဿနာရှိနေတာများ သူတွေ့သွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ကျွန်တော် တစ်ချိန်လုံး စိတ်တထင့်ထင့်ဖြစ်နေရတာ၊ အလုပ်ပြီးလို့ ငွေရှင်းပြီးတဲ့အထိ စိတ်မအေးခဲ့ရဘူး။ တဖြည်းဖြည်းနဲ့ ပိုက်ဆံပိုရှာနိုင်လာတယ်၊ အိမ်ဝယ်နိုင်ပြီး စုမိဆောင်းမိ ရှိလာရုံတင်မကဘူး ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရဲ့ အားကျတာ၊ ချီးကျူးတာကိုပါ ခံလာရတယ်။ အရင်တုန်းက ပိုက်ဆံမရှိတော့ သိတဲ့လူတွေနဲ့တွေ့ရင် ကျွန်တော်က စကားပြောပေမယ့် သူတို့က ပြန်မပြောကြဘူး။ အခုကျတော့ သူတို့ ကျွန်တော်နဲ့တွေ့ရင် အမြဲ အရင်နှုတ်ဆက်တယ်၊ ပြီးတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုကြတယ်။ တစ်ခါတလေ ကျွန်တော် အကူအညီတောင်းရင် သူတို့ထဲက အများစုက ချက်ချင်း သဘောတူကြတယ်။ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်”၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတဲ့ ဆိုရိုးတွေက တော်တော်မှန်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ဆင်ခြင်သုံးသပ်မိတယ်။ ပြီးခဲ့တဲ့သုံးလေးနှစ်မှာ လိပ်ပြာမလုံဘဲ ကျွန်တော် ပိုက်ဆံရှာခဲ့ပြီး အိမ်တွေ ကားတွေ ဝယ်နိုင်ခဲ့ပေမယ့် ကျွန်တော် သိပ်မပျော်ဘူးခဲ့တာကိုပေါ့။ အဲဒီအစား တစ်နေ့ကုန် စိုးရိမ်ပူပန်မှုတွေ၊ သံသယတွေနဲ့ နေခဲ့ရတယ်။ ကျွန်တော် ဒီလို မရိုးမသားလုပ်ထားတာတွေ ဖောက်သည်တွေသိသွားရင် ကျွန်တော့်ကို သေချာပေါက် လက်ညှိုးထိုးပြီး အပြစ်ပြောကြမှာ။ အဲဒီမြင်ကွင်းကို ကျွန်တော် တွေးတောင်မတွေးရဲဘူး။ ကျွန်တော်နဲ့ ဖောက်သည်တွေက တစ်မြို့နယ်တည်းသားတွေဆိုတော့ အမြဲမြင်တွေ့နေရတာ။ ဒါပေမဲ့ တစ်ခါတလေ သူတို့နဲ့ ပက်ပင်းတိုးရင် ကျွန်တော် ခေါင်းမမော့ရဲဘူး၊ သူတို့မျက်လုံးကို တည့်တည့်မကြည့်ရဲဘူး။ ကိုယ့်စိတ်ထဲက ပြစ်တင်ရှုတ်ချတာ၊ စွပ်စွဲတာတွေကို ကျွန်တော် မဖျောက်ဖျက်နိုင်ခဲ့ဘူး။ တစ်ခါတလေ ဖောက်သည်တွေ ကိုယ့်အိမ်တံခါးထိ ရောက်လာတယ်လို့တောင် အိမ်မက်မက်ပြီး လန့်နိုးလာတာမျိုးတောင် ရှိတယ်။ တစ်ခါတလေလည်း တွေးမိတယ် “လူတွေကို မလိမ်နဲ့တော့။ အရင်ကလိုပဲ အလုပ်ကို ရိုးရိုးသားသားနဲ့ ကောင်းကောင်းလုပ်တာ ပိုကောင်းမယ်။ ပိုက်ဆံနည်းနည်းပဲရလဲ ဖြစ်ပါတယ်” လို့ပေါ့။ ဒါပေမဲ့ ကလေးတွေကြီးလာရင် ကိစ္စအဝဝအတွက် ပိုက်ဆံလိုဦးမှာ၊ ပြီးတော့ ပိုက်ဆံမရှိရင် ငါ့ရဲ့ နေထိုင်မှုအဆင့်အတန်းကလည်း ကျသွားမှာလို့ တွေးမိပြန်ရော။ ကျွန်တော် နည်းနည်း မလိုလားသလိုဖြစ်ပြီး ဗျာများသွားတာပေါ့။ ကျွန်တော် ခဏခဏ သက်ပြင်းချမိတယ်။ “ဘဝက ဘာလို့ ဒီလောက် နာကျင်ရတာလဲ” လို့ပေါ့။
၂၀၁၃၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပြီး အသင်းတော် အသက်တာကို စပြီး အသက်ရှင်ခဲ့တယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေအားလုံးက ရင်ထဲရှိတာတွေကို ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ သူတို့ရဲ့ နေ့စဉ်အသက်တာမှာ ဖောက်ပြန်ပျက်စီးမှုတွေကို ဘယ်လိုထုတ်ဖော်မိကြောင်း ဆွေးနွေးကြတာ ကျွန်တော် တွေ့လိုက်ရတယ်။ ဒါက လူ့အဖွဲ့အစည်းမှာဆို ခင်ဗျား ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူး။ တစ်ခါတုန်းက စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က ရိုးသားသူတစ်ယောက်ဖြစ်ဖို့ သူ့အတွေ့အကြုံကို မိတ်သဟာယပြုတယ်။ ပစ္စည်းရောင်းဖို့ သူနဲ့သူ့အမျိုးသားက လူတွေကို ဘယ်လို လိမ်ညာလှည့်ဖြားခဲ့လဲဆိုတာ သူပြောပြတော့၊ ကျွန်တော်လည်း ကိုယ်ချင်းစာမိပြီး ပြောလိုက်တယ် “ဒီလောကကြီးမှာ လူတွေက တဖြည်းဖြည်း ပိုဆိုးလာတယ်။ မင်းကငါ့ကိုလိမ်၊ ငါကမင်းကိုလိမ်နဲ့ချည်းပဲ။ ကျွန်တော့်လိုပေါ့၊ ဆောက်လုပ်ရေးမှာ ရိုးရိုးသားသားပဲ လုပ်နေရင် ဘယ်တော့မှ ပိုက်ဆံရမှာမဟုတ်ဘူး။ ပိုက်ဆံပိုရဖို့ဆိုရင် ဉာဏ်ဆင်ပြီး လိမ်မှရတာ” လို့ ပြောလိုက်တယ်။ ညီအစ်မက ပြောတယ်၊ “ဒါတွေအားလုံးက စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေတဲ့ ရလဒ်တွေလေ။ အဲဒါက ကျွန်မတို့ကို အပြစ်ထဲမှာ အသက်ရှင်စေတယ်၊ ကိုယ့်ကျင့်ကြံပြုမူပုံမှာ လူပီသတဲ့ အခြေခံစည်းတွေ ပျောက်ဆုံးစေပြီး လိပ်ပြာမသန့်တာမျိုးကိုတောင် မခံစားမိသလောက် ဖြစ်စေတယ်” လို့ပေါ့။ အဲဒီအချိန်တုန်းက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်တို့ ဖတ်လိုက်ကြတယ်။ “လူသား၏ မည်သည့်လက္ခဏာသွင်ပြင်များကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ဤခေတ်ရေစီးကြောင်းတစ်ခုစီကို အသုံးပြုသနည်း။ စာတန်သည် အဓိကအားဖြင့် လူသား၏ အသိစိတ်၊ ခံစားချက်၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားများနှင့် ဘဝအမြင်ရှုထောင့်များကို ဖောက်ပြန်ပျက်စီးစေသည်။ ပြီးလျှင် ဤလူမှုရေး ခေတ်ရေစီးကြောင်းများသည် လူတို့ကို တဖြည်းဖြည်းချင်း အဆင့်နိမ့်စေပြီး ဖောက်ပြန်ပျက်စီးစေသည် မဟုတ်လော။ လူများက လူမှုရေးခေတ်ရေစီးကြောင်းထဲရှိ ငွေကြေး၊ ရုပ်ဝတ္တုဆိုင်ရာ လိုအင်ဆန္ဒများ၊ မကောင်းမှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် ရိုသေလေးမြတ်ရန်အလို့ငှာ လူများကို နတ်ဆိုးများ၏ အသိုက်ထဲသို့ တစ်လှမ်းချင်း သွေးဆောင်ရန် ဤလူမှု ခေတ်ရေစီးကြောင်းများကို စာတန် အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုးနှင့် စာတန်ဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝတွင် ရိုးရှင်းသောဘဝတစ်ခုကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်မှုများဖြစ်စေ၊ နှောင်ကြိုးများဖြစ်စေ ကင်းမဲ့လျက် မိမိတို့၏ ဇာတိပကတကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့် မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် ပျော်မြူးရန် ဆန္ဒရှိကြလေသည်။...လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က ကျွန်တော်တို့ကို သွေးဆောင်ဖို့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ငွေကြေးကို အသုံးပြုပြီး အရာအားလုံးထက် ငွေကို တန်ဖိုးထားစေမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်ရတယ်။ ပိုက်ဆံရဖို့နဲ့ သူများတွေ အထင်ကြီးလေးစားတာခံရဖို့အတွက် ကျွန်တော်တို့က မရိုးမသားလုပ်ကြတယ်၊ လိပ်ပြာမလုံဘဲ သူများကို လိမ်ကြတယ်။ မိသားစုသံယောဇဉ်၊ သူငယ်ချင်းသံယောဇဉ်ကိုတောင် ဂရုမစိုက်တော့ဘဲ အသိစိတ်နဲ့ ဆင်ခြင်တုံတရား အကုန်ပျောက်ဆုံးကုန်ကြတာ။ ကျွန်တော် စီးပွားရေး စလုပ်တုန်းက ရိုးရိုးသားသားနဲ့ ပိုက်ဆံရှာနိုင်ခဲ့သေးတယ်ဆိုတာရယ်၊ ဒါပေမဲ့ သူများတွေက လိမ်ညာပြီး ပိုက်ဆံအများကြီး ရှာနိုင်တာ၊ ပြည့်ပြည့်စုံစုံ နေရတာ၊ အထင်ကြီးလေးစားခံရတာတွေကို မြင်တော့ ကျွန်တော်ပါ လိုက်ပြီး ရေလိုက်ငါးလိုက်နေရင်း လိပ်ပြာမလုံတော့ဘူး၊ နည်းလမ်းမျိုးစုံသုံးပြီး ဖောက်သည်တွေကို လိမ်ခဲ့တာတွေရယ်ကို ပြန်တွေးမိတယ်။ ပွဲခယူရုံတင်မကဘူး၊ ဆောက်လုပ်ရေးပစ္စည်းတွေမှာလဲ ကျွန်တော် မရိုးမသား လုပ်ခဲ့တယ်။ ပိုက်ဆံတချို့ ရခဲ့ပေမယ့် အဲဒါတွေက လိမ်ညာလှည့်ဖြားပြီး ရလာတာတွေလေ၊ ပြီးတော့ ကျွန်တော် တစ်နေ့ကုန် ရင်တမမ ဖြစ်နေခဲ့ရတာ။ ဒါတွေအားလုံးက စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေတဲ့ အကျိုးဆက်ဖြစ်မှန်း ပေါ်သွားတာပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်ပြီး ဘုရားသခင်က ဘယ်လိုလူမျိုးကို နှစ်သက်လဲဆိုတာ နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာစောင့်သိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ဤအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားသူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့်ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်က သစ္စာစောင့်သိပြီး သန့်ရှင်းမှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တယ်။ ဘုရားသခင်က လုံးလုံး ရိုးရိုးသားသား စကားပြောပြီး သူ့နှုတ်ကပတ်တော်တွေမှာ စင်ကြယ်တယ်။ ပြီးတော့ ရိုးသားသူတွေကို သူ နှစ်သက်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို သူ့နှုတ်ကပတ်တော်တွေအတိုင်း အမြဲတမ်း ပြောဆိုဆောင်ရွက်တာ၊ ပွင့်လင်းပြီး ရိုးတာ ဘုရားသခင်ကိုရော လူကိုပါ လှည့်စားဖို့ မကြိုးစားတာကို မျှော်လင့်တယ်။ ဒီလိုမှပဲ ကျွန်တော်တို့က လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်နိုင်ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာ ခံရမှာ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်တော့၊ ဆောက်လုပ်ရေးအလုပ်လုပ်တဲ့အခါ ဘုရားသခင်ရဲ့ စိစစ်မှုကို လက်ခံပြီး ဖောက်သည်တိုင်းအပေါ် ရိုးသားရမယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ပြီးခဲ့တဲ့သုံးလေးနှစ်မှာ ပိုက်ဆံရှာဖို့အတွက် ကျွန်တော် တစ်နေ့လုံး လိမ်ညာလှည့်ဖြားခဲ့တာတွေ၊ လိပ်ပြာမလုံဘဲ ကျင့်ကြံပြုမူခဲ့တာတွေကို တွေးမိတယ်။ ဒါက ဘုရားသခင် စက်ဆုပ်ရွံရှာပြီး မုန်းတီးအောင် လုပ်တာပဲ။ ဒါကြောင့် ကျွန်တော် ရိုးသားသူဖြစ်ဖို့ စပြီးလေ့ကျင့်တယ်၊ ဖောက်သည်ဆီက ပိုက်ဆံပိုမယူတော့ဘူး၊ ငွေမျက်နှာပဲကြည့်ပြီး အလုပ်မလုပ်တော့ဘူး။ ဒီလိုလုပ်လိုက်တော့ အများကြီး စိတ်အေးသွားသလို ခံစားရပြီး စိတ်ထဲမှာလဲ ငြိမ်သက်ပြီး အေးချမ်းသွားတယ်။ ဒါပေမဲ့ ခဏကြာတော့ ဒီလိုနည်းနဲ့ စီမံကိန်းတွေကို လုပ်ရင် တကယ်ကို ပိုက်ဆံ သိပ်မရှာနိုင်မှန်း သတိထားမိလာတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ရိုးသားသူဖြစ်ဖို့ တောင်းဆိုပေမယ့်၊ အခုခေတ်မှာ ဘယ်နယ်ပယ်မှာမဆို လှည့်ကွက်သုံးပြီး လိမ်မှ ပိုက်ဆံရှာလို့ရတာလေ။ ကျွန်တော် တော်တော်လေး ဗျာများသွားတာပေါ့။ ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ မသိခဲ့ဘူး။ နည်းနည်းတွေဝေပြီးနောက်မှာ ကျွန်တော် ကိုယ်ကျိုးစီးပွားကိုပဲ ပြန်ရွေးလိုက်တယ်။ “ရိုးသားသူလုပ်ဖို့က အချိန်ယူရမှာ။ နောက်မှ ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်လဲ ဘယ်တော့မှ နောက်မကျပါဘူး” လို့ ကိုယ့်ဘာသာ တွေးလိုက်တယ်။ တစ်ခါတုန်းက ဖောက်သည်တစ်ယောက်အတွက် အိမ်ပြင်ပေးတုန်း အကောင်းစားတွေကို အညံ့စားတွေနဲ့ အစားထိုးလိုက်ပြီး အရည်အသွေးကောင်းတွေကို တုပြီးထုတ်ထားတဲ့ သာမန်ပစ္စည်းတွေ သုံးလိုက်တယ်။ သိပ်မကြာပါဘူး၊ ပြင်ထားတဲ့နေရာကို ဖောက်သည်က မတော်တဆ ရေစိုအောင်လုပ်မိရာကနေ အရည်အသွေးပြဿနာတွေ ပေါ်လာပါလေရော။ ကျွန်တော်သုံးထားတဲ့ပစ္စည်းတွေက အညံ့စားတွေမှန်း ဖောက်သည်က ရိပ်မိသွားပြီး၊ ရှင်းရမယ့်ငွေထဲကနေ ယွမ် တစ်သောင်း အတင်းဖြတ်ထားလိုက်တယ်။ ဒါတောင်မှ ကျွန်တော် အသိမဝင်သေးဘူး။ နောက်ထပ် ခဏကြာတော့ အထည်ဆိုင်ပိုင်ရှင်တစ်ယောက်က သူ့ဆိုင်မျက်နှာစာကို ပြင်ပေးဖို့ ပြောလာတယ်။ ကျွန်တော့်အတွေ့အကြုံအရ အထည်ဆိုင်မျက်နှာစာဆိုတာ တကယ့်ကို ခဏခဏ လဲနေကျလေ။ “သူ့ကို ပစ္စည်းကောင်းကောင်း မသုံးပေးလဲ သူသိမှာမဟုတ်ဘူး၊ ငါ ပိုက်ဆံပိုရှာနိုင်မှာ။ အရင်တစ်ခါ ဆုံးရှုံးလိုက်တဲ့ တစ်သောင်းကို ဒီပရောဂျက်ကနေ ပြန်ယူလို့ရတယ်” လို့ တွေးလိုက်တယ်။ ဒါနဲ့ သူ့ဆိုင်အတွက် သာမန်ပစ္စည်းတွေကိုပဲ သုံးလိုက်တယ်။ အလုပ်လုပ်နေတုန်း အလုပ်သမားတစ်ယောက်က “သူဌေးကတော့ စီးပွားရှာတတ်ပါ့ဗျာ။ သူဌေးသုံးနေတဲ့ အပြားတွေက အလူမီနီယံကွန်ပိုဆစ်ပြားတွေ မဟုတ်ရုံတင်မကဘူး အကြမ်းထည်တွေပဲ။ ဒီပရောဂျက်ကနေ အမြတ်တော်တော်ရမှာပဲနော်” လို့ ပြောတယ်။ ကျွန်တော်က ဒေါသတကြီးနဲ့ “ဒီလိုမလုပ်ရင် ပြီးခဲ့တဲ့တစ်ခါ ရှုံးတာကို မင်း လျော်ပေးမလား” လို့ ပြောလိုက်တယ်။ အလုပ်က မြန်မြန်ဆန်ဆန် ပြီးသွားတယ်၊ ဒါပေမဲ့ ပိုက်ဆံမရှင်းခင်မှာပဲ ဖောက်သည်က ဖုန်းဆက်လာပြီး အပြားကွာကျလို့ လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရတော့မလို့ဖြစ်သွားတယ်လို့ ပြောတယ်။ ကျွန်တော်ရောက်သွားတော့ အထည်ဆိုင်ပိုင်ရှင်က ဒေါသတကြီးနဲ့ “ရှင် ကျွန်မဆိုင်မှာ အညံ့စားပစ္စည်းတွေ သုံးထားတာပဲ။ ပိုက်ဆံကိစ္စ ဘယ်လိုလုပ်မလဲ” လို့ ပြောတယ်။ ကျွန်တော်လည်း ရွေးစရာမရှိတော့လို့ အမှားဝန်ခံပြီး တောင်းပန်လိုက်ရတယ်၊ “အခုချက်ချင်း ပြန်ပြင်ပေးပါ့မယ်။ ပစ္စည်းဖိုးပဲ ယူပါ့မယ်၊ လက်ခ မယူတော့ပါဘူး” လို့ပေါ့။ ဖောက်သည်က လက်ခံလိုက်တယ်။ အဲဒီနောက်မှာ ကျွန်တော် မရှင်းမလင်းဖြစ်ပြီး မတွေးဘဲ မနေနိုင်ဘူး၊ “ဒီရက်ပိုင်း ဘာလို့ အမြဲတမ်း အဆင်မပြေဖြစ်နေရတာလဲ။ ဒီအခွင့်အရေးသုံးပြီး အရှုံးတွေကာမိအောင် လုပ်ချင်တာ၊ အခုတော့ အရှုံးတွေက ပိုပိုကြီးလာပါရောလား။ ကံကောင်းလို့ ဒီတစ်ခါ လူမထိသွားတာ၊ မဟုတ်ရင် ငါ ဒုက္ခရောက်ပြီ” လို့ပေါ့။ အဲဒီအချိန်အတွင်းမှာ ကျွန်တော် စပြီးတွေးတောသုံးသပ်မိတယ်၊ “ဘုရားသခင်က ရိုးသားသူကို ချစ်မှန်း ငါကောင်းကောင်းသိသားနဲ့၊ ပြုပြင်ဆောက်လုပ်ရေးတွေ လုပ်တဲ့အခါ လူတွေကို မရမက လိမ်နေတုန်းပါလား။ ဒါ ဘာကြောင့်လဲ” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်လိုက်တော့ စိတ်နှလုံး နည်းနည်း လင်းလက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်ကနေ ကျွန်တော် နားလည်ခဲ့တာက စာတန်ဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ငွေသာလျှင် ပထမ” နဲ့ “ဉာဏ်နီဉာဏ်နက်မရှိဘဲ မချမ်းသာနိုင်” တို့လိုမျိုး စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကို သုံးပြီး လူတွေကို စုံစမ်းသွေးဆောင်လို့ ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာပါပဲ။ လူတွေက ဒီအရာတွေအတိုင်း အသက်ရှင်တဲ့အခါ ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်လာတယ်၊ စက်ဆုပ်စရာကောင်းလာပြီး အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်လာကြတယ်။ နိုင်ငံတွေ၊ လူမျိုးတွေကနေ မိသားစုတွေ၊ တစ်ဦးတစ်ယောက်ချင်းစီအထိ အားလုံးက ကိုယ့်အကျိုးစီးပွားအတွက်ဆို ဉာဏ်ဆင်ပြီး လိမ်ဖို့ ဝန်မလေးကြဘူး။ ကိုယ့်လိုအင်ဆန္ဒဖြည့်ဖို့အတွက် သူများအကျိုးစီးပွားကို ထိခိုက်ဖို့တောင် လိုလားကြတယ်။ သူတို့ရဲ့ အသိစိတ်က ဝါးမြိုခံလိုက်ရပြီး လူ့သဘာဝ ပျောက်ဆုံးကုန်ကြတယ်။ အစတုန်းကတော့ ကျွန်တော် လိပ်ပြာလုံလုံနဲ့ အိမ်ပြင်ပေးနိုင်ခဲ့သေးတယ်၊ ဖောက်သည်တွေအတွက် အလုပ်ကောင်းအောင် ပိုပြီး ဒုက္ခခံဖို့ လိုလားခဲ့တယ်။ နည်းနည်းပင်ပန်းပေမဲ့ စိတ်ထဲမှာတော့ ငြိမ်သက်ပြီး အေးချမ်းတယ်။ နောက်ပိုင်းကျတော့ ကျွန်တော့်လုပ်ငန်းက လူတွေအားလုံး ကားတွေမောင်း၊ တစ်နှစ်ကို ယွမ် တစ်သိန်းကျော် ရနေတာမြင်တော့ ကျွန်တော် အရမ်းအားကျမိတယ်။ သူများ အထင်ကြီးလေးစားတာခံရဖို့၊ အဆင့်မြင့်မြင့် နေနိုင်ဖို့အတွက် ကျွန်တော် လိမ်တယ်၊ လိပ်ပြာမလုံဘဲ ပွဲခတွေ ယူခဲ့တယ်။ အရည်အသွေးကောင်းတွေကို တုပြီးထုတ်ထားတဲ့ အညံ့စားတွေကို အကောင်းစားတွေအနေနဲ့ လိမ်ပြီးရောင်းခဲ့တယ်၊ ဖောက်သည်တွေ သိသွားတာတောင် ကျွန်တော် မရပ်ခဲ့ဘူး။ ငွေနောက်လိုက်တာကို စွန့်လွှတ်ရမယ့်အစား လိပ်ပြာမလုံတဲ့အလုပ်ကိုပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဆိုးယုတ်တဲ့ရေစီးကြောင်းက ကျွန်တော့်ကို လုံးလုံးဝါးမြိုသွားပြီဆိုတာ ကျွန်တော် မြင်လိုက်ရတယ်။ ကိုယ်ကျိုးအတွက်နဲ့ ကိုယ်ကျင့်ကြံပြုမူပုံက အခြေခံစည်းတွေကို ကျွန်တော် စွန့်လွှတ်ခဲ့တယ်၊ ဖောက်သည်တွေကို မရိုးမသား လိမ်ညာပြီး တဖြည်းဖြည်း ပိုတစ်ကိုယ်ကောင်းဆန်လာတယ်၊ လောဘကြီးလာတယ်၊ ပြီးတော့ ကိုယ့်တည်ကြည်မှုနဲ့ သိက္ခာကို ဆုံးရှုံးခဲ့ရတယ်။ အဲဒီနှစ်တွေတစ်လျှောက် သူများကိုလိမ်ပြီး ပိုက်ဆံတချို့ရခဲ့ပေမဲ့ ကိုယ့်နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ မကုန်ဆုံးခဲ့ပါဘူး။ လူတွေကို လိမ်နေတာ တွေးမိလိုက်တာနဲ့ ရင်ထဲမှာ ပူလောင်ပြီး သူငယ်ချင်းတွေ၊ ဖောက်သည်တွေကို မျက်နှာချင်းမဆိုင်ရဲဘူး။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း မသိုးမသန့်ဖြစ်ပြီး လိပ်ပြာမလုံခဲ့ဘူး။ ညဘက်ဆို ကောင်းကောင်းတောင် အိပ်မပျော်ဘူး၊ တစ်ခါတလေ အိမ်မက်ဆိုးမက်ပြီး လန့်နိုးတတ်တယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း၊ ရိုးသားသူကသာ ကယ်တင်ခံရပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ခွင့်ရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်နှလုံးက မကောင်းဆိုးဝါး ပူးထားသလိုပဲ၊ အကျိုးအမြတ်အတွက် လှည့်ဖြားခဲ့တယ်၊ အပြစ်ထဲမှာ အသက်ရှင်ပြီး ရုန်းမထွက်နိုင် ဖြစ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်သာ မရှိရင် လိမ်ညာလှည့်ဖြားတာ ဘယ်လောက်ဆိုးရွားလဲဆိုတာ ကျွန်တော် နားလည်ခဲ့မှာ မဟုတ်ဘူး။ ဆိုးယုတ်တဲ့ ရေစီးကြောင်းထဲ နက်သထက်နက်အောင် ဆက်နစ်ဝင်သွားမှာ၊ ပြီးတော့ လိပ်ပြာမလုံဘဲ မတရားတဲ့အကျိုးအမြတ်တွေ ရှာနေမိမှာ။ နောက်ဆုံးကျရင် စာတန်ရဲ့ ဝါးမြိုတာခံရပြီး သူနဲ့အတူ ငရဲထဲကျလို့ အပြစ်ဒဏ်ပေးတာခံရမှာ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်၊ ပြီးတော့ ဖောက်သည်တွေကို နောက်ထပ် မလိမ်တော့ဘူး၊ မလှည့်ဖြားတော့ဘူးလို့ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်တယ်။ အမှန်အတိုင်းပြောမယ်၊ ရိုးရိုးသားသား လုပ်မယ်၊ ပြီးတော့ တည်ကြည်ပြီး သိက္ခာရှိရှိတဲ့ လူတစ်ယောက်ဖြစ်အောင် နေရမယ်။
ခဏကြာတော့ ကျွန်တော့်ဆီ စမ်းသပ်မှုတစ်ခု ရောက်လာတယ်။ မိတ်ဆက်ပေးရာကနေတစ်ဆင့် ယွမ် ခုနစ်သောင်းတန် ပရောဂျက်တစ်ခု ကျွန်တော် လက်ခံရရှိခဲ့တယ်။ ဖောက်သည်က အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတယ်၊ အိမ်ပြင်တာနဲ့ပတ်သက်ပြီး ဘာမှ မသိဘူး။ စီမံကိန်း ဘတ်ဂျက်အတိုင်း ပိုက်ဆံမရှင်းဘဲ သုံးလိုက်တဲ့ ပစ္စည်းအရေအတွက်ပေါ်မူတည်ပြီး ရှင်းမှာကို ကျွန်တော်တို့ သဘောတူလိုက်တယ်။ သဘောတူပြီးတာနဲ့ အလုပ်စလုပ်ကြတယ်။ ဖောက်သည်က လုပ်ငန်းခွင်ကို သိပ်မလာဘူးဆိုတော့ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဒါ အခွင့်အရေးကောင်းပဲ။ အဖြစ်သဘောလုပ်ရင် ယွမ်ထောင်နဲ့ချီပြီးသက်သာသွားလို့ ကိုယ့်အိတ်ထဲ ထည့်လို့ရတယ်” လို့ တွေးမိတယ်။ ဒါပေမဲ့ “ငါ ရိုးသားသူ ဖြစ်ရမယ်၊ လိမ်တာ၊ ညာတာတွေ ရပ်ရမယ်” လို့ တွေးမိပြန်ရော။ ဒါပေမဲ့ ပိုက်ဆံရှာဖို့ ဒီအခွင့်အရေးကောင်းကို လက်မလွှတ်နိုင်သေးဘူး။ “ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်လိုက်ရင် လက်တစ်ကမ်းမှာရမယ့် ဒီအလကားရတဲ့ပိုက်ဆံ ဆုံးရှုံးသွားမှာ။ ပြီးတော့ ဒီလိုအခွင့်အရေးမျိုးက ရှားတယ်။ ဒီတစ်ခါ လွတ်သွားရင် နောက်ထပ် ဘယ်တော့ရမလဲ မသိနိုင်ဘူး” လို့ပေါ့။ ဘာရွေးရမှန်းမသိ ဖြစ်နေချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိပြီး ရင်ထဲမှာ ခွန်အားရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်းနှင့်၊ ၎င်းတို့ကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောသူများကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို သူတို့၏ ပြုမူပုံများ၊ သူတို့၏ စိတ်သဘောထားများ၊ ပြီးလျှင် သူတို့၏ ရည်ရွယ်ချက်များနှင့် လှည့်ဖြားခြင်းနည်းလမ်းများကိုလည်း မနှစ်သက်ခြင်းပင် ဖြစ်၏။ ဘုရားသခင်သည် ဤအရာအားလုံးကို နှစ်သက်ခြင်း မရှိချေ။ လှည့်ဖြားတတ်သောသူများသည် သမ္မာတရားကို လက်ခံနိုင်၍ မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုလားပါက ထိုသူတို့၌လည်း ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် မည်သူ့ကိုမျှ ဘက်မလိုက်သကဲ့သို့ သမ္မာတရားသည်လည်း ဘက်လိုက်ခြင်း မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်စေသောသူများ ဖြစ်လိုသည်ရှိသော် ရှေးဦးစွာ မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြောင်းလဲရမည်၊ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်နေထိုင်ခြင်းကို ရပ်တန့်ရမည်၊ မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်ရန် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းကို အမှီပြုခြင်းအား ရပ်တန့်ပြီး မိမိတို့၏ လိမ်လည်မှုအားလုံးကို စွန့်ပယ်ကာ ရိုးသားသောသူများ ဖြစ်လာရန် ကြိုးစားရမည်။ ထိုအခါ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) လူတွေ လှည့်ဖြားပြီး လိမ်ညာတာကို ဘုရားသခင် အမုန်းဆုံးပဲ။ လူတွေကို ရိုးသားသူဖြစ်ဖို့၊ ပြောဆိုလုပ်ကိုင်သမျှမှာ ပွင့်လင်းပြီး ရိုးသားဖို့၊ သူများကို မလှည့်စားဖို့၊ မလိမ်ညာဖို့ ဘုရားသခင်က တောင်းဆိုတယ်။ ကျွန်တော် ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမယ်၊ သူများကို လှည့်ဖြားတာတွေ၊ လိမ်တာတွေ ရပ်ရမယ်။ ဒါကြောင့် ပစ္စည်းဘယ်လောက်လိုလဲဆိုတာကို ကျွန်တော် ရိုးရိုးသားသားပဲ တွက်ချက်လိုက်တယ်။ ပရောဂျက် ပြီးခါနီးတော့ ကျွန်တော် တွက်ကြည့်လိုက်တာ ယွမ် ၅၇,၀၀၀ ပဲ ကျပြီး တစ်သောင်းကျော် ပိုနေတယ်။ ဒါက အလုပ်သမားနှစ်ယောက်ရဲ့ တစ်လစာနဲ့ ညီမျှတယ်။ ကျန်တဲ့ပိုက်ဆံကို ကျွန်တော်ပဲ ယူထားရမလား၊ ဒါမှမဟုတ် ဖောက်သည်ကို အမှန်အတိုင်း ပြောပြရမလား၊ ဒါမှမဟုတ် တစ်ဝက်စီ ခွဲယူလိုက်ရမလားလို့ ကျွန်တော် စဉ်းစားနေခဲ့တယ်။ ဒါကတော့ မျှမျှတတ ဖြစ်ခဲ့မှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဝယ်ထားတဲ့ ပစ္စည်းတွေက ဈေးသက်သာလို့ ပရောဂျက်မှာလည်း အလေအလွင့်မရှိဘူးလေ၊ ပြီးတော့ သူသက်သာအောင် ကျွန်တော် ကူညီပေးခဲ့တာ။ ဒါပေမဲ့ ဘောက်ချာဖွင့်ခါနီးကျတော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာတယ်။ လူတွေကို ငါ ထပ်လိမ်ဖို့ ကြိုးစားနေပြန်ပြီဆိုတာ သတိပြုမိပြီး ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “ဘုရားသခင်သည် သင်၏နံဘေး၌ ရှိကာ၊ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို အကဲခတ်နေပြီး သင်လုပ်ဆောင်သမျှနှင့် သင်၏ အတွေးများထဲတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်ပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ကြည့်တော့ ကျွန်တော် နည်းနည်း ကြောက်သွားတယ်၊ ဘုရားသခင်က ကျွန်တော့်ဘေးနားမှာရပ်ပြီး ကြည့်နေသလိုပဲ။ ရိုးသားသူ ဖြစ်ရမယ်၊ ပိုက်ဆံအတွက်နဲ့ မလိမ်ရဘူး၊ မညာရဘူးဆိုပြီး ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ထပ်သတိပေးတယ်။ ဒါကြောင့် ကျွန်တော် ဖောက်သည်ဆီကနေ ကျသင့်ငွေအမှန်အတိုင်းပဲ အမြန်ကောက်ခံလိုက်တယ်။ ဖောက်သည်က ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောတယ် “ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ခင်ဗျား ကျွန်တော့်ကို သက်သာအောင် လုပ်ပေးလိုက်တာပဲ။ ဒီတစ်ခါတော့ ကျွန်တော် အလုပ်အပ်တဲ့လူမှန်သွားပြီ။ မရိုးသားတဲ့လူသာ ငှားမိရင် ကျွန်တော် ပိုက်ဆံပိုကုန်ခဲ့မှာ” တဲ့။ သူဒီလိုပြောတာကြားတော့ ကျွန်တော့်ရင်ထဲမှာ တကယ်ကို ပျော်ပြီး ငြိမ်းချမ်းသွားတယ်။
နောက်ပိုင်းမှာ တစ်ခါတလေ အမြတ်အများကြီးရနိုင်တဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေ ကြုံတဲ့အခါ လှည့်ဖြားချင်တဲ့၊ လိမ်ချင်တဲ့အတွေးတွေ ဝင်လာတုန်းပဲ၊ ဒါပေမဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဆောင်တယ်၊ ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ စိတ်ထဲမှာ အရမ်းငြိမ်းချမ်းတယ်၊ အရင်ကထက် ပရောဂျက်တွေ ပိုရလာတယ်။ အဲဒီထဲက ၈၀ ရာခိုင်နှုန်းက တခြားဖောက်သည်တွေ အသိချင်း မိတ်ဆက်ပေးရာကနေ ရတာတွေလေ။ ဖောက်သည်တွေအားလုံးက ကျွန်တော်တို့ ရိုးသားတယ်၊ အလုပ်ကောင်းကောင်းလုပ်တယ်၊ ပစ္စည်းကောင်းသုံးတယ်ဆိုပြီး ချီးကျူးကြတယ်။ အလုပ်လုပ်နေတုန်း ကျွန်တော်တို့ကို တစ်ချိန်လုံး စောင့်ကြည့်နေစရာ မလိုတော့ဘူး၊ ကျွန်တော်တို့လုပ်တဲ့အလုပ်အပေါ် သူတို့ အရမ်းစိတ်ချကြတယ်။ ကျွန်တော် ဒီလိုပြောင်းလဲနိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဆောင်နိုင်ခဲ့လို့ပါပဲ။ ကျွန်တော့်ဆီ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းလက်ကမ်းပေးပြီး အပြစ်နွံထဲကနေ ကယ်တင်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကို ကျွန်တော့် စိတ်နှလုံးထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...
ရှောင်လီ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရပြီး၊ ရေလောင်းခြင်းအလုပ်ကို အဓိကတာဝန်ယူခဲ့တယ်။...
ရှောင်ဝေ တရုတ်နိုင်ငံ ၂၀၁၉မှာ အစ်မကွမ်စင်းကို ကျွန်မတို့ အသင်းတော်အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ပြောင်းရွှေ့လိုက်တယ်။ ကျွန်မက သူနဲ့...
ယေ့ချိုး တရုတ်နိုင်ငံ အခုနှစ်၊ ဇွန်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ တစ်နေ့တော့ အစ်မချန်းလင်နဲ့ ကျွန်မတို့ လူသစ်တွေနဲ့...