ကျွန်ုပ်၏ ကောက်ကျစ်မှုနှင့် လိမ်လည်လည့်ဖြားမှုကို ဖြေရှင်းပုံ

22.05.2022

လီရှန် ဖိလစ်ပိုင်နိုင်ငံ

ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ရိုးသားသည့် သူတစ်ယောက်အဖြစ် အမြဲတမ်း မြင်သည်။ အပြောအဆို၊ အလုပ်အကိုင်တွင် ယုံကြည်ထိုက်သည်ဟု မြင်သည်။ ပြီးလျှင် ကျွန်တော်နှင့် သိသည့်လူများကလည်း ထိုကဲ့သို့ ပြောကြသည်။ ကျွန်တော်က ရိုးသားပြီး အားကိုး၍ရသည်ဟု ခံစားမိသည်။ ကျွန်တော် ယုံကြည်ခြင်း ရှိပြီးသည့်နောက်တွင် ညီအစ်ကို မောင်နှမများကို ကျွန်တော် လိမ်ညာခြင်း၊ အခြားလူများကို လှည့်ဖြားခြင်းများကို သိပ်မလုပ်ပါ။ ထို့ကြောင့် ကျွန်တော်က လုံးဝ ရိုးသားသည့်သူ တစ်ယောက် မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် ဉာဏ်များသည့်၊ လှည့်စားသည့်သူမဟုတ်ဟု အမြဲတမ်း ယုံကြည်ခဲ့ပါသည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ကျွန်တော်၏ ကောက်ကျစ်သည့်သဘာဝကို သိမြင်ခဲ့ပြီး ကျွန်တော်၏ သရုပ်မှန်ကို တကယ် မြင်ခဲ့သည်။

တစ်နေ့တွင် ကျွန်တော့် အလုပ်ဖော် အစ်မလီက အလုပ်တစ်ခုကို နောက်ဆက်တွဲ လုပ်ခဲ့ပြီးခြင်း ရှိမရှိ၊ ပြီးလျှင် တိုးတက်မှု တစ်ခုတလေ ရှိမရှိကို မေးသည်။ ကျွန်တော်က ဤရက်များတွင် မှတ်တမ်း လုပ်မထားသည့်အတွက် တိုးတက်မှု၏ အသေးစိတ်အချက် တစ်ခုမျှကို မသိကြောင်း ကျွန်တော် ရုတ်တရက် သတိထားမိလိုက်သည်။ ကျွန်တော် သူမအား ယင်းကိုပြောလိုက်ဖို့ အစတွင် စဉ်းစားမိသော်လည်း ထို့နောက်တွင် ကျွန်တော် တွန့်ဆုတ်သွားသည်။ “ငါက အားကိုး ရတယ်ဆိုတဲ့ပုံစံမျိုး အမြဲတမ်းပြခဲ့တာဆိုတော့ ငါက ကိစ္စတွေကို ဆက်လုပ်ဖို့ မေ့နေတယ်လို့ တိုက်ရိုက်ပြောပြလိုက်ရင် ငါက တာဝန် မသိတတ်ဘူးလို့ သူ ထင်သွားမလား။ ငါ့ကို သူက မကောင်းမြင်သွားပြီး သူ့အမြင်မှာ ငါက ယုံလို့မရတော့ဘူး ဖြစ်သွားမှာပဲ။ သူ့ကို ပွင့်ပွင့်လင်းလင်း ဖြေလို့ မဖြစ်ဘူး။ အခြေအနေကို နားလည်ဖို့ အဲဒီပရောဂျက်ကို စီမံနေတဲ့အစ်မကို ရှာရမယ်၊ ပြီးတော့မှ အစ်မလီကို ပြန်ပြောမယ်။ ဒါဆို ကိစ္စတွေက ဘယ်လိုပဲ ဖြစ်နေပါစေ အနည်းဆုံးတော့ ငါက ဒီကိစ္စတွေကို ကိုင်တွယ်နေတယ်ဆိုတာကို ပြမှာပဲ” ဟု ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်က စာကို မမြင်သေးသည့်ပုံစံနေခဲ့ပြီး ထပ်စစ်ဆေး ပြီးသည့်နောက်တွင်မှ စာပြန်လိုက်သည်။ ထိုအချိန်တုန်းက အစ်မလီက ကျွန်တော့်ကို မည်သည့်အရာမျှမပြောပါ။ သို့သော် ကျွန်တော်က စိတ်မသက်မသာဖြစ်ပြီး စိတ်ပူနေခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ဤအပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်။ “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှု ရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ကို အရှက်ရစေသည်။ ကျွန်တော် လိမ်ညာခဲ့သည့် ပုံစံမျိုး မဖြစ်ခဲ့သော်လည်း၊ ကျွန်တော့် စဉ်းစားပုံမှတစ်ဆင့် ကျွန်တော် ဖော်ပြခဲ့သည့် အရာနှင့် ကျွန်တော့် လုပ်ရပ်များထဲမှ ကျွန်တော့်၏ တစ်ကိုယ်ရေ ရည်ရွယ်ချက်များက အစ်မလီက ကျွန်တော့်ကို ရိပ်စားမိမည်ကို ကြောက်ပြီး တာဝန်တွင် ကျွန်တော့်၏ ပေါ့ဆမှုကို ဖုံးဖိဖာထေးဖို့ ဖြစ်ပါသည်။ ကျွန်တော်က သူမ၏စာကို မမြင်သကဲ့သို့ ပြုမူခဲ့သည်။ ပြီးလျှင် စာမပြန်မီတွင် အခြေအနေကို နားလည်ဖို့၊ ကျွန်တော်က ကိစ္စများကို ကိုင်တွယ်နေသည်ဟု သူမ မြင်သွားအောင် ညီအစ်မဆီသို့ အလျင်အမြန် သွားခဲ့သည်။ ကျွန်တော်က အတုအယောင် အမြင်တစ်ခုကို ဖန်တီးနေပြီး လှည့်ဖြားနေခဲ့ခြင်း ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ကျွန်တော်က ကောက်ကျစ်ပြီး လှည့်စားသည့် အပြုအမူ မဟုတ်ပါလား။ ထိုကဲ့သို့ သေးငယ်သည့် ကိစ္စအပေါ်တွင် ကျွန်တော့်စဉ်းစားပုံက အလွန် ရှုပ်ထွေးလွန်းခဲ့ပြီး အမှန်ကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်များ ထားသိုကာ နည်းလမ်းများကို အသုံးချနေသည်ကို ကျွန်တော် မြင်ခဲ့ပါသည်။ ယင်းက မည်သို့များ ရိုးသားခြင်း ဖြစ်မည်နည်း။ ယင်းက မည်သို့များ အားကိုး၍ရနိုင်ခြင်း ဖြစ်မည်နည်း။ ဤအရာကို သဘောပေါက်သည်နှင့် ကျွန်တော်က ကျွန်တော်ထင်ခဲ့သလို ရိုးသားပြီး စိတ်ရင်းအတိုင်း မရှိခဲ့ဘဲ၊ တစ်ခါတစ်ရံတွင် အခြားသူများကို ပရိယာယ်သုံးပြီး လှည့်ဖြားသည်ကို မြင်ခဲ့သည်။ နောက်တစ်ခါတွင် ကျွန်တော် အမှန်ကို ပြောကိုပြောရမည်ဖြစ်ပြီး၊ ရိုးသားသည့်သူတစ်ဦးဖြစ်ရမည်၊ ပြီးလျှင် အခြားသူများကို လှည့်စားဖို့ ကိစ္စများကို ဆက်ပြီး ဖုံးကွယ်နေ၍မဖြစ်ပါ။

သို့သော် ရက်အနည်းငယ် ကြာပြီးသည့်နောက်တွင် ကျွန်တော်တို့၏ ခေါင်းဆောင်က နောက်နှစ်ရက်တွင် ကျွန်တော်တို့၏အလုပ်ကို လာစစ်မည်ဟု အစ်မလီက ကျွန်တော့်ကို အသိပေးသည်။ ဤသည်ကိုကြားရပြီး ကျွန်တော် ရင်တုန်သွားသည်။ “ခေါင်းဆောင်က သာမန်ဆိုရင် ငါတို့ကို ရုတ်တရက်ကြီး လာမရှာပါဘူး။ ဒီတော့ ဒီတစ်ခေါက် သူက ငါတို့ကို ဘာဖြစ်လို့ ရှာတာလဲ။ ငါတို့အလုပ်မှာ သူ ပြဿနာ တွေ့လို့များလား။ အခုတလော ငါကလည်း ရေလောင်းတဲ့အလုပ်နဲ့ရှုပ်နေပြီး ငါစီမံနေတဲ့ ဗီဒီယိုထုတ်လုပ်ရေးမှာ နောက်ဆက်တွဲ အလုပ်တွေ မလုပ်သလို၊ သိပ်မအောင်မြင်နေဘူး။ ခေါင်းဆောင်က အဲဒါနှင့်ပတ်သက်ပြီး ငါ့ကိုမေးရင် ငါ ဘာပြောသင့်လဲ” ထို့ကြောင့် ကျွန်တော် အမြန် အဖြေရှာနိုင်ဖို့အလို့ငှာ၊ သူမက မည်သည့် မေးခွန်းမျိုးကို မေးနိုင်သည်၊ မည်သည့်အရာကို ကျွန်တော် သတိမထားမိဘဲ ရှိသည်တို့ကို မှန်းဆနေမိသည်။ သို့မဟုတ်ပါက ကျွန်တော် မဖြေနိုင်သည့် မေးခွန်း သူမတွင် ရှိနေပါက ကျွန်တော်က တကယ့်အလုပ်ကို မလုပ်သည့်ပုံစံ ပေါ်မည်မဟုတ်လော။ ကျွန်တော် စိတ်ပူပြီး စိုးရိမ်နေသလိုလို ဖြစ်နေသည်။ နည်းနည်းလောက် စဉ်းစားပြီးသည့်နောက်တွင် ခေါင်းဆောင်တစ်ယောက်က အလုပ်ကို စစ်ခြင်းသည် ပုံမှန်ဖြစ်သည်ဟု သဘောပေါက်လိုက်သည်။ အဘယ်ကြောင့် ကျွန်တော်က အတွေးလွန်နေရသနည်း။ ခေါင်းဆောင်က ကျွန်တော့်ပြဿနာများကို မြင်ပြီး ကျွန်တော်က တကယ့်အလုပ်ကိုမလုပ်၊ အယောင်ဆောင် ခေါင်းဆောင်ဖြစ်သည်ဟု ပြောမည်ကို ကြောက်ပြီး ခေါင်းဆောင်က လိုချင်သည့်အရာကို မှန်းဆနေပြီး ကျွန်တော့် ပြဿနာများကို မည်သို့ဖုံးကွယ်ရမည်ကို ဦးနှောက်ခြောက်ခံ စဉ်းစားနေခဲ့သည်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖို့ ကြိုးစားနေခြင်း မဟုတ်လော။ ခေါင်းဆောင်က အလုပ်အကြောင်းမေးသည်မှာ တကယ့်ကို ပုံမှန်ဖြစ်ပါသည်။ ကျွန်တော်က တည်ငြိမ်စွာ ရင်ဆိုင်ပြီး ပြဿနာများ၊ သို့မဟုတ် စံသွေမှုများ တွေ့ပါက၊ ပြောင်းလဲမှုများ လုပ်သင့်သည်။ အဘယ်ကြောင့် ကျွန်တော်က အရမ်း အတွေးလွန်နေခဲ့ရသနည်း။ ကျွန်တော်က ကောက်ကျစ်နေခဲ့ခြင်း မဟုတ်လော။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်တော် သတိရမိသည်။ “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ပြီးလျှင် သခင်ယေရှုကပြောခဲ့သည်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇) ဘုရားနှုတ်ကပတ်တော်များက ရှင်းပါသည်။ ရိုးသားသူများက အရှိကိုအရှိအတိုင်း ပြောသင့်သည်။ ၎င်းတို့သည် ပွင့်ပွင့်လင်းလင်း ပြောသင့်သည်။ သို့သော် ကျွန်တော့်စဉ်းစားပုံက ရှုပ်ထွေးလွန်းသည်။ ကျွန်တော်က မိမိ၏ ပြဿနာများကို ဖုံးကွယ်ချင်သည်။ ထို့ကြောင့် မရိုးသားသည့် အတွေးများ ထွက်လာနေခဲ့သည်။ သို့ဖြစ်၍ ကျွန်တော် ဘုရားကို ဆုတောင်းခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားဖို့၊ ခေါင်းဆောင်က မည်သည့်အရာကို မေးပါစေ၊ လုံးဝ တဲ့တိုးပြောပြဖို့အတွက် ကျွန်တော့်ကို လမ်းပြပါရန် တောင်းလျှောက်ခဲ့သည်။

ကျွန်တော်တို့အစည်းအဝေးတွင် ခေါင်းဆောင်က ဦးစွာ ဗီဒီယိုထုတ်လုပ်ရေး အလုပ်အကြောင်းမေးသည်။ ကျွန်တော်က ဤအလုပ်အတွက် တိုက်ရိုက်တာဝန်ရှိသည်။ သို့သော် ကျွန်တော်က ရေလောင်းသည့် အလုပ်တွင် အချိန်နှင့်အားအင်အများစုကို သုံးနေခဲ့သည်။ ဗီဒီယိုအလုပ်ကို သိပ်ပြီး ဆက်မလုပ်ခဲ့မိပါ။ ဤအရာကို ကျွန်တော် ရှင်းပြပြီးသည့်နောက်တွင် လက်တွေ့အလုပ်ကို ကျွန်တော်မလုပ်၍ သူမက ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းသည်။ ထို့နောက်တွင် စုဝေးပွဲများကို ပုံမှန်မတက်သည့် ယုံကြည်သူအသစ်များ မည်မျှရှိသည်ကို ကျွန်တော့်ကို မေးခဲ့သည်။ ထိုမေးခွန်းကြောင့် ကျွန်တော် အနည်းငယ် ပျာသွားသည်။ ထိုအသေးစိတ်အချက်အလက်များကို ကျွန်တော် မပြတ်သိအောင် မလုပ်ထားပါ။ ယင်းကို ကျွန်တော် တစ်ခါတလေ မေးပါသည်။ သို့သော် အလေးအနက်မထားခဲ့ပါ။ ထို့နောက်တွင် “ငါ့အားအင်အများစုကို ရေလောင်းတဲ့အလုပ်မှာ နှစ်ထားသည်ဟု အခုပဲပြောထားတယ်။ ဒီတော့ စုဝေးပွဲတွေကို မတက်တဲ့ လူသစ် ဘယ်နှယောက် ရှိမှန်းတောင် ငါမပြောနိုင်ရင် ငါ့ကို သူ ဘယ်လိုထင်မလဲ။ ငါက အဲဒါတောင် မသိရအောင် တစ်နေကုန် ဘာများလုပ်နေလဲ၊ တကယ့်အလုပ်တစ်ခုတလေရော တကယ် လုပ်နေရဲ့လားဆိုပြီး သူက မေးနိုင်တယ်။ ဒီတော့ ဗီဒီယိုအလုပ်မှာ ပြဿနာတွေ အများကြီး ဖော်ထုတ်ပြီးပြီ၊ ရေလောင်းအလုပ်မှာပါ ပြဿနာတွေကို တွေ့ခဲ့ရင်၊ သူက ငါ့ကို ချက်ချင်းပဲ ထုတ်ပစ်လိုက်မလား” ဟု ကျွန်တော် စဉ်းစားသည်။ ထို့ကြောင့် ကျွန်တော် သူမကို ခန့်မှန်းခြေ အရေအတွက်တစ်ခုသာ ပေးလိုက်သည်။ အနည်းငယ် လွဲသွားလည်း အရေးမကြီးလောက်ပါဟု ကျွန်တော် တွေးမိသည်။ ဘာပဲဖြစ်ဖြစ် ယင်းက ကိန်းဂဏန်း အတိအကျ မဟုတ်သဖြင့် တကယ် လိမ်ခြင်းလည်း မဟုတ်ပါ။ ကျွန်တော်တို့ စုဝေးပွဲပြီးသည့်နောက်တွင် ကျွန်တော် အသေးစိတ် စူးစမ်းကြည့်ပြီးလျှင် ကျွန်တော် ခန့်မှန်းသည်က အတော်အတန် လွဲနေသည်ကို တွေ့လိုက်ရသည်။ ယင်းကို မြင်သည့်အခါ ကျွန်တော် တကယ်ကို စိတ်ပူသွားမိသည်။ ဤတစ်ခါတွင် ကျွန်တော်က တကယ်ကို မျက်နှာပြောင်ပြောင်နှင့် လိမ်ခဲ့သည်။ ကျွန်တော် ပေါ်တင် လှည့်စားနေခဲ့သည်။ လိမ်ညာ လှည့်စားခြင်းမှ အဘယ်ကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ရသနည်း။ ဆုတောင်းသည့်အခါတွင် ရိုးသားဖြောင့်မတ်ဖို့အတွက် ကျွန်တော့်တွင် ယုံကြည်ခြင်းရှိခဲ့သည်မှာ ရှင်းပါသည်။ ဤအခြေအနေနှင့် ရင်ဆိုင်ရသည့်အခါတွင် ကျွန်တော် အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ရသနည်း။ ယင်းနှင့်ပတ်သက်ပြီး ကျွန်တော် စိတ်ညစ်မိသည်။ နှစ်ရက်ကြာသည့်တိုင် “လှည့်ဖြားခြင်း” ဆိုသည့် စကားလုံးက ကျွန်တော့်စိတ်ထဲတွင် ပေါ်ပေါ်လာနေသည်။ ရှက်စရာကောင်းသည့် အရာတစ်ခုကို တကယ်လုပ်ခဲ့မိသလို ကျွန်တော် ခံစားရပါသည်။

ကျွန်တော့်ပြဿနာနှင့်ပတ်သက်ပြီး ဘုရားကို ကျွန်တော် ဆုတောင်းခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နေစဉ်တွင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရပါသည်။ “ကောက်ကျစ်သော လူများအတွက် ဘဝသည် ပင်ပန်းဖွယ်ဖြစ်သည် မဟုတ်လော။ တစ်ချိန်လုံး မုသားများကို ပြောလျက် အချိန်ကုန်ဆုံးခြင်း၊ ၎င်းတို့၏ မုသားများကို ဖုံးကွယ်ရန်အတွက် နောက်ထပ် မုသားများပြောခြင်းနှင့် လှည့်စားခြင်းတို့သည် ကောက်ကျစ်သောလူများအတွက် အလွန်ပင် ပင်ပန်းဖွယ်ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူတို့က ကောက်ကျစ်နေလိုဆဲ ဖြစ်ပြီး မရိုးသားချင်ကြသနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားဖူးသလော။ ဤသည်မှာ ဆိုးယုတ်သော မိမိတို့သဘာဝ၏ လိမ်ညာလှည့်စားခြင်းကို လူတို့ခံရသောအခါ ရရှိသည့် အကျိုးဆက်ဖြစ်သည်။ ယင်းသဘာဝက ၎င်းတို့အား ဤဘဝမျိုးကို ထားရစ်ခဲ့နိုင်စွမ်း မရှိအောင်၊ ဤစိတ်သဘောထားမျိုးမှ မလွတ်မြောက်နိုင်အောင် တားဆီးထား၏။ ၎င်းတို့သည် ဤလိမ်ညာလှည့်စားမှုမျိုးကို လက်ခံရန် လိုလိုလားလားရှိကြပြီး ဤခြယ်လှယ်မှုထဲတွင် အသက်ရှင်ရန် လိုလိုလားလားရှိကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လိုကြ၊ အလင်းလမ်းခရီးကို မလျှောက်လှမ်းလိုကြပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းပြီး မလိုအပ်ဟု သင်က ထင်မြင်၏၊ သို့သော် ၎င်းတို့ကမူ ယင်းကို အလွန်အမင်း လိုအပ်သည်ဟု ထင်လေသည်။ ဤသို့ မပြုလုပ်လျှင် ၎င်းတို့၏ အကျိုးစီးပွားများ ထိခိုက်လိမ့်မည်၊ ၎င်းတို့၏ ပုံရိပ်နှင့် ဂုဏ်သတင်းတို့သည်လည်း ထိခိုက်လိမ့်မည်ဟု ၎င်းတို့ထင်ကြသည်။ ၎င်းတို့သည် အလွန်အမင်း ဆုံးရှုံးလိမ့်မည်၊ ထိခိုက်နစ်နာမှုက ကြီးမားလွန်းမည်ဟူသတတ်။ ၎င်းတို့သည် ဤအရာတို့ကို တန်ဖိုးထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပုံရိပ်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ လူတို့တွင် သမ္မာတရားကို ချစ်ခြင်းမရှိသည့် အဖြစ်၏ သရုပ်မှန်ပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် လူတို့သည် မရိုးသားလိုပါက၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်ပါက သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မချစ်မြတ်နိုးခြင်း လုံးဝမရှိ၊ ပြင်ပလောက၏ ရေပန်းစားမှုများနောက်သို့ မလိုက်ခြင်း လုံးဝမရှိ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုအောက်၌ မနေထိုင်လိုခြင်း လုံးဝမရှိပေ။ ဤသည်မှာ ၎င်းတို့သဘာဝ၏ ပြဿနာတစ်ခုဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်လာသည်မှာ နှစ်များစွာကြာနေပြီး ဖြစ်သူများ၊ တရားဒေသနာများစွာ ကြားနာထားသူများ၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သိသူများရှိကြ၏။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်ကြသေးသနည်း၊ ၎င်းတို့တွင် အဘယ်ကြောင့် အပြောင်းအလဲ မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား အနည်းငယ်ကို နားလည်လျှင်ပင် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံး ဘုရားသခင်ကို ၎င်းတို့ယုံကြည်ခြင်းသည် အဘယ်အသုံးမျှ မဝင်ချေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)အချို့လူတို့သည် မည်သူ့ကိုမျှ အမှန်အတိုင်း လုံးဝ မပြောပေ။ ၎င်းတို့သည် လူတို့ကို မပြောခင်တွင် အရာရာတိုင်းကို စိတ်ထဲ၌ အလေးအနက် သုံးသပ်ဆင်ခြင်ပြီး ကြိုတင် ပြင်ဆင်တည်းဖြတ်ထား၏။ ၎င်းတို့ပြောသည့် မည်သည့်အရာများက မှန်ကန်ပြီး မည်သည့်အရာများက မှားယွင်းသည်ကို သင်မသိနိုင်ပေ။ ၎င်းတို့သည် ယနေ့တွင် တစ်မျိုးပြောပြီး မနက်ဖြန်တွင် နောက်တစ်မျိုး ပြောသည်။ လူတစ်ယောက်ကို တစ်မျိုးပြောပြီး အခြားတစ်ယောက်ကို နောက်တစ်မျိုး ပြောသည်။ ၎င်းတို့ပြောသမျှတိုင်းသည် ဆန့်ကျင်ကွဲလွဲနေ၏။ ဤသို့သောလူတို့ကို အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ အချက်အလက်များကို တိတိကျကျ နားလည်သဘောပေါက်ရန်အတွက် အလွန် ခက်ခဲသည်။ ၎င်းတို့ထံမှ တိကျသည့် မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤသည်မှာ မည်သို့သော စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ကောက်ကျစ်ခြင်းဖြစ်၏။ ကောက်ကျစ်သော စိတ်သဘောထားသည် ပြောင်းလဲရန် လွယ်ကူသလော။ ယင်းသည် ပြောင်းလဲရန် အခက်ခဲဆုံးဖြစ်သည်။ စိတ်သဘောထားများနှင့် ဆက်နွှယ်သည့် အရာရာတိုင်းတွင် လူတို့၏ သဘာဝများ ပါဝင်သည်။ လူတို့၏ သဘာဝနှင့်သက်ဆိုင်သည့် အရာများကို ပြောင်းလဲရန်ထက် ပို၍ ခက်ခဲသောအရာ မရှိပေ။ ကျားသစ်သည် သူ၏ အစက်အပျောက်များကို မပြောင်းလဲနိုင်ဆိုသည့် စကားရှိသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ကောက်ကျစ်သောသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို အစဉ်သဖြင့် ထားရှိကြသည်။ ၎င်းတို့၌ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များ မရှိသောအခါ မည်သည့်အရာကိုမျှ မပြောဆိုကြပေ။ ၎င်းတို့၏ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များက မည်သည့်အရာကို ဖြစ်သည်ကို အဖြေရှာရန် သင်ကြိုးစားလျှင် ၎င်းတို့က နှုတ်ဆိတ်နေတော့၏။ အမှန်ဖြစ်သည့် အရာတစ်ခုခုကို ၎င်းတို့မတော်တဆ ပြောဆိုမိလိုက်လျှင် ယင်းကို ပြောင်းလဲ ပြောဆိုရန်အတွက်၊ သင့်ကို စိတ်ရှုပ်ထွေးသွားအောင် ပြုလုပ်ပြီး အမှန်အတိုင်း သိမသွားစေရန်အတွက် နည်းလမ်း တစ်ခုကို မရရအောင် စဉ်းစားလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် လုပ်လေသမျှ၌ အခြေအနေမှန်ကို မည်သူ့ကိုမျှ သိခွင့်မပြုပေ။ လူတို့သည် ၎င်းတို့ကို သိသည်မှာ မည်မျှကြာသည်ဖြစ်စေ ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။ ဤသည်မှာ ကောက်ကျစ်သောသူတို့၏ သဘာဝဖြစ်သည်။ ကောက်ကျစ်သောသူတို့သည် မည်မျှပြောဆိုပါစေ ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ မည်သည့်ဦးတည်ချက်ကို ၎င်းတို့ရယူဖို့ ကြိုးစားနေသည်၊ သို့မဟုတ် မည်သည့်အရာကို အမှန်တကယ် စဉ်းစားနေသည်ကို မည်သို့မျှ မသိနိုင်ပေ။ ၎င်းတို့၏ မိဘများပင် ဤအရာကို သိရန် ခက်ခဲသည်။ ကောက်ကျစ်သောသူကို နားလည်ရန် ကြိုးစားခြင်းသည် အလွန့်အလွန် ခက်ခဲ၏။ ဤသည်မှာ ကောက်ကျစ်သောသူတို့၏ ပုံစံပင်ဖြစ်သည်။ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခင်တွင်ပင် ၎င်းတို့သည် ၎င်းတို့၏ ကောက်ကျစ်မှုကို ဖွင့်ပြပြီးဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ တစ်ခုခုကို သင်ပြောပြီးသလော၊ မပြောပြီးသလော၊ သို့မဟုတ် တစ်ခုခုကို သင်လုပ်ဆောင်ထားသလော၊ မလုပ်ဆောင်ထားသလောက အရေးမကြီးချေ။ ဤစိတ်သဘောထားသည် သင့်အတွင်း၌ ရှိ၏၊ အချိန်နှင့် နေရာအားလုံးတွင် သင့်ကို ထိန်းချုပ်နေ၏၊ သင့်ကို မရိုးမသား လုပ်ဆောင်စေပြီး လှည့်စားမှုကို လုပ်ဆောင်စေ၏၊ လူတို့ကို ဆော့ကစား၏၊ အမှန်တရားကို ဖုံးကွယ်ပြီး ပုံရိပ်ကောင်းကို ပြရုပ်တင်၏။ ဤသည်မှာ ကောက်ကျစ်ခြင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “စိတ်သဘောထား၌ အပြောင်းအလဲ ဖြစ်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရှုထောင့်ခြောက်ခုကို နားလည်ရမည်”)

ကျွန်တော်က ကောက်ကျစ်ပြီး ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို တန်ဖိုးထားသောကြောင့် လိမ်ညာလှည့်ဖြားခြင်းကို မထိန်းနိုင်ဘဲ အမှန်ကို ဖုံးကွယ်နေသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြသခဲ့သည်။ ထိုအရာများကို ကာကွယ်ဖို့အလို့ငှာ ကျွန်တော်က မိမိပြောလိုသည့် အရာကို ထပ်ခါထပ်ခါ စဉ်းစားပြီး ပြန်ပြောင်းတွေးတောသည်၊ ပြီးလျှင် ယင်းက မည်မျှပင်ပန်းပါစေ တဲ့တိုးမပြောချင်ခဲ့ပါ။ ရိုးသားသည့်သူတစ်ယောက်ဖြစ်စေဖို့ ကူညီပေးပါရန် ဘုရားကို ကျွန်တော် ဆုတောင်းခဲ့သော်လည်း ခေါင်းဆောင်က ကျွန်တော်နားမလည်သည့်အလုပ်အကြောင်းကိုမှ မေးမြန်းသည့်အခါတွင် ကျွန်တော်မသိပါဟု တဲ့တိုးပြောလိုက်ပါက ကျွန်တော်က လက်တွေ့အလုပ်ကိုမလုပ်ဘဲ၊ စိတ်မချရဟု သူမက ထင်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေနှင့် ကျွန်တော့်ကို ထုတ်နိုင်သည်ဟု ကျွန်တော် စဉ်းစားနေခဲ့ပုံကို တွေးမိသည်။ ကျွန်တော့် ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်တော့်တာဝန်ရှိ ပြဿနာများ၊ သို့မဟုတ် စံသွေမှုများကို ခေါင်းဆောင်ကို ကျွန်တော် မမြင်စေချင်ပါ။ လူသစ်မည်မျှသည် စုဝေးပွဲများကို ပုံမှန်တက်ရောက်ခြင်း မရှိသည်ကို ကျွန်တော် မသိသော်လည်း ကျွန်‌တော်သည် မိမိ၏အလုပ် ကဏ္ဍတိုင်းကို ကောင်းစွာ နားလည်ပြီး လက်တွေ့ကျသော အလုပ်အချို့ လုပ်နိုင်သည်ဟု တွေးဖို့အလို့ငှာ ခန့်မှန်းခြေ ကိန်းဂဏန်းတစ်ခုကို ကျွန်တော် ကလိမ်ကကျစ် ဖန်တီးခဲ့သည်။ ကျွန်တော်က ကိုယ့်နာမည်နှင့် အဆင့်အတန်းကိုကာကွယ်ဖို့အတွက် အရမ်း ရိုးရှင်းသည့်အရာတစ်ခုနှင့်ပတ်သက်၍ လှည့်စားပြီး လိမ်ညာဖို့ လိုလားနေသည်ကို မြင်ခဲ့ပါသည်။ ယင်းက အလွန် ဆိုးယုတ်ပါသည်။ အမှန်မှာမူ လူတစ်ဦးသည် တာဝန်ကို လုပ်ဆောင်နေစဉ်တွင် ပြဿနာများ၊ သို့မဟုတ် စံသွေမှုများ ရှိသည်မှာ သမားရိုးကျပင် ဖြစ်သည်။ အမှုကိစ္စများကို သိပြီးပြီးချင် ပြောင်းလဲသရွေ့၊ ယင်းမှာ အဆင်ပြေပါသည်။ ထို့ကြောင့် ဖုံးကွယ်ဖို့၊ မရိုးမသားလုပ်ဖို့ မလိုအပ်ပါ။ သို့သော် ကျွန်တော့်အပေါ် ခေါင်းဆောင်၏ထင်မြင်ချက်ကို ကာကွယ်ဖို့ ကြိုးစားသည့်အနေနှင့် ကျွန်တော်က မရိုးမသားဖြင့် လှည့်စားပြီး မိမိ၏ပြဿနာများကို ဖုံးကွယ်ကာ ကျွန်တော့်အရည်အချင်းနှင့် ဂုဏ်သိက္ခာကို စတေးခဲ့သည်။ ဤသည်မှာ မမိုက်မဲပါလား။ ကျွန်တော်က အပြင်ပန်းတွင် ရိုးသားသည့်ပုံစံရှိသော်လည်း စကားများနှင့် လုပ်ရပ်များတွင် မရိုးသားကဲ့သို့၊ ကျွန်တော်၏ အတွေးများ၌ မရိုးရှင်းသည်ကို ကျွန်တော် သဘောပေါက်သွားသည်။ ကျွန်တော် ဖော်ပြသည့်အရာက ကျွန်တော်၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသည့်အရာက ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု လုံးလုံး ဖြစ်ပါသည်။ ကျွန်တော်က ကောက်ကျစ်ပြီး လှည့်စားကာ ရှက်စရာကောင်းခဲ့သည်။ ကျွန်တော်က အမှန်တကယ် လှည့်ဖြားတတ်ပြီး ညစ်ပတ်ကာ ဖောက်ပြန်ပျက်စီးသည်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရွံပင် ရွံရှာခဲ့သည်။ သို့ဖြစ်၍ ဘုရားက ကျွန်တော့်ကို မည်သို့များ မရွံရှာဘဲ၊ မစက်ဆုပ်ဘဲ နေမည်နည်း။ ကျွန်တော်က သိပ်ပြီးမလှည့်ဖြားတတ်သည့် ရိုးသားဖြောင့်မတ်သည့်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ထင်မြင်ခဲ့သည်။ ပြီးလျှင်လည်း ကျွန်တော်က ဘုရားကို လှည့်စားဖို့၊ သို့မဟုတ် ဆန့်ကျင်ပြီးလုပ်ဖို့အတွက် မည်သည့်အရာကိုမျှ လုံးဝ ပြောင်ပြောင်တင်းတင်း မလုပ်ခဲ့ဖူးပါ။ ထို့ကြောင့် ဘုရားက ကျွန်တော့်ကို ကောင်းမွန်သည့်၊ ရိုးသားသည့်လူတစ်ယောက်အဖြစ်မြင်မည်ဟု ကျွန်တော် ခံစားမိခဲ့သည်။ ကျွန်တော်က ရိုးသားခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် ကြိုးစားဖို့မလိုဘဲ ထိုပုံစံနှင့် မိမိ၏တာဝန်ကို ဆက်လက် ထမ်းဆောင်ပြီး ဘုရားနောက် လိုက်နေ၍ရသည်၊ အဆုံး၌ ကယ်တင်ခံရမည်ဟုပင် ကျွန်တော် ထင်ခဲ့ပါသည်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိမြင်ခြင်း မရှိပါ။ ကျွန်တော့်ကို လက်တွေ့အရှိတရားကသာ အမှန်တရားများကို မပြသခဲ့ပါက၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ဖော်ထုတ်မှုကြောင့်သာ မဟုတ်ပါက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လုံးဝ နားလည်ပြီးဖြစ်မည် မဟုတ်ပါ။ ကျွန်တော်က ရိုးသားသူတစ်ယောက်နှင့် တော်တော် ကွာနေကြောင်း၊ နီးစပ်မှုပင် မရှိသေးကြောင်းတို့ကို နောက်ဆုံးတွင် ကျွန်တော် မြင်ခဲ့ပါသည်။

ထိုနောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရသည်။ “အန္တိခရစ်များသည် ဖော်ထုတ်ခံရသောအခါတွင်၊ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရသောအခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခုခံရန်အတွက် အမျိုးမျိုးသော အကြောင်းပြချက်များကို ရှာဖွေရန်၊ ကြိုးစားပြီး လွတ်အောင်ပြုလုပ်ရန်အတွက် ဆင်ခြေမျိုးစုံကို ရှာဖွေရန်၊ ဤသို့ဖြင့် တာဝန်ကို ရှောင်ဖယ်ရန်ဖြစ်သော ၎င်းတို့၏ပန်းတိုင် အထမြောက်ပြီး ခွင့်လွှတ်ခံရခြင်းဟူသည့် ၎င်းတို့၏ဦးတည်ချက်ကို ရရှိရန်အတွက် ဖြစ်သည်။ အန္တိခရစ်များ အကြောက်ဆုံးသော အရာမှာ ဘုရားသခင် ရွေးချယ်ထားသောသူတို့က ၎င်းတို့၏ ပင်ကိုယ်စရိုက်၊ ၎င်းတို့၏ အားနည်းချက်များနှင့် ချွတ်ယွင်းချက်များ၊ ၎င်းတို့၏ အစွမ်းအစ အမှန်နှင့် လုပ်ကိုင်နိုင်စွမ်း အမှန်တို့အား ရိပ်စားမိမည်ကို ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဟန်ဆောင်ပြုမူပြီး ၎င်းတို့၏ အမှားများ၊ ပြဿနာများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးကွယ်ရန် အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏ မကောင်းမှုသည် ပါပေါ်သကဲ့သို့ ပေါ်လာသောအခါ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ဤအချက်ကို ဝန်မခံခြင်း၊ သို့မဟုတ် လက်မခံခြင်း ဖြစ်သည်။ သို့မဟုတ် ဤသို့သော အမှားများကို ဖာထေးရန် အစွမ်းကုန် လုပ်ဆောင်ကြခြင်း မရှိဘဲ ယင်းတို့ကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ လုပ်ရပ်များအား အတွင်းသိသိသောသူများကို တစ်ပတ်ရိုက်ပြီး စိတ်ရှုပ်ထွေးသွားစေရန်၊ ကိစ္စ၏ အဖြစ်မှန်ကို ဘုရားသခင် ရွေးချယ်ထားသောသူများအား မြင်ခွင့်မပေးရန်၊ ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အိမ်တော်အတွက် မည်မျှနစ်နာစေသည်ကို ထိုသူတို့အား သိခွင့်မပေးရန်၊ အသင်းတော်အလုပ်ကို ၎င်းတို့ မည်မျှကြားဝင်နှောင့်ယှက်ခဲ့သည်ကို ထိုသူတို့အား အသိမပေးရန် နည်းလမ်းကို စဉ်းစားဖို့ ကြိုးစားခြင်းဖြစ်သည်။ အထက်က သိရှိသွားမည်ကို ၎င်းတို့အကြောက်ဆုံး ဖြစ်သည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က ၎င်းတို့ကို အထက်သို့ တိုင်ကြားလိုက်သည်နှင့် ၎င်းတို့အတွက် အားလုံးအဆုံးသတ်သွားပြီဖြစ်သည်။ ထို့ကြောင့် တစ်ခုခုဖြစ်ပျက်သည့်အခါတွင် အန္တိခရစ်များ လုပ်သော ပထမဆုံးသော အရာသည် ၎င်းတို့ မည်သည့်နေရာတွင် မှားသွားသည်၊ မည်သည့်နေရာတွင် စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်၊ ၎င်းတို့ ပြုလုပ်ခဲ့သောအရာကို အဘယ်ကြောင့်ပြုလုပ်ခဲ့ရသည်၊ မည်သည့်စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်၊ ထိုအချိန်တွင် ၎င်းတို့၏ အခြေအနေက မည်သို့ဖြစ်သည်၊ ဤသည်မှာ ထိန်းကျောင်းရခက်ခြင်းကြောင့်၊ သို့မဟုတ် အရောင်စွန်းထင်းနေသော ရည်ရွယ်ချက်များကြောင့် ဟုတ်မဟုတ်တို့ကို ပြန်လည်မဆင်ခြင်ကြည့်ခြင်းဖြစ်သည်။ ယင်းတို့ကို ပြန်လည်ဆင်ခြင်ကြည့်ဖို့ မဆိုထားနှင့်၊ ဤအရာများကို စိတ်ဖြာလေ့လာခြင်း၊ သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းတို့ ပြုလုပ်ရမည့်အစား အချက်အလက်အမှန်များကို ဖုံးကွယ်ရန် နည်းလမ်းမရွေးကို ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ တစ်ချိန်တည်းတွင် ရွေးချယ်ခြင်းခံထားရသော သူတို့ကို တစ်ပတ်ရိုက်ရန်အတွက် ၎င်းတို့ရှေ့တွင် ကျိုးကြောင်းရှင်းပြပြီး ဆင်ခြေများပေးရန် အစွမ်းကုန်ကြိုးစားကာ ပြဿနာကို လျှော့ပေါ့ပြောရန်၊ ဖြီးဖြန်းပြောဆိုပြီး လွတ်မြောက်ရန် ကြိုးစားသည်။ အားလုံးက ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့၏ မကောင်းမှုကို ဆက်လက်ကျူးလွန်ရန်၊ လူတို့၏ စိတ်နှလုံးတွင် ၎င်းတို့ယူထားသော နေရာကို ဆက်လက်ထိန်းသိမ်းရန်၊ လူတို့ကို ဆက်လက်ခြယ်လှယ်နိုင်သေးရန်၊ လူတို့ကို ၎င်းတို့အား အထင်ကြီးလေးစားအောင် ဆက်လက်ပြုလုပ်ရန်၊ ၎င်းတို့ပြောသည့်အတိုင်း လုပ်အောင် ဆက်လက်ပြုလုပ်ရန်ဖြစ်သော ၎င်းတို့၏ ရိုင်းစိုင်းသည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို ရရှိရန်ဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံသကဲ့သို့ အမှားတစ်စုံတစ်ခုကို ကျူးလွန်မိသည့်အခါ နောင်တရခြင်း သဘောထားလည်း မရှိကြ...”) ဘုရားနှုတ်ကပတ်တော်များက ကျွန်တော့်ကို တကယ်ကို နှိုးဆော်ပေးပါသည်။ အထူးသဖြင့် “အန္တိခရစ်များ” “ယင်းတို့ကို ဖုံးကွယ်ရန် နည်းလမ်းကို စဉ်းစားဖို့ ကြိုးစားခြင်း” “တစ်ပတ်ရိုက်” “စိတ်ရှုပ်ထွေးသွားစေရန်” ဆိုသည့် စကားများကို ဖတ်ရသည်မှာ ဘုရားက ကျွန်တော့်ရှေ့တွင်ပင် ကျွန်တော့်ကို တရားစီရင်ပြီး ဖော်ထုတ်နေသလို ခံစားရသည်။ အစ်မလီက ထိုပရောဂျက်ကို ကျွန်တော် ဆက်ပြီးစစ်ဆေးခြင်း ရှိမရှိ မေးသည့်အခါ ကျွန်တော်က မစစ်ရသေးသည်ကို ချက်ချင်း ဝန်မခံခဲ့သည်ကို၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ကြည့်ပြီး ကျွန်တော်၏ စံသွေမှုကို ပြောင်းလဲဖို့နည်းလမ်းကို ရှာဖွေခြင်းတို့အတွက်ပင် အခွင့်အရေးကို အသုံးမပြုခဲ့သည်ကို ကျွန်တော် တွေးမိသည်။ သူမ့စာကို ကျွန်တော် မမြင်ချင်ယောင်ဆောင်ခဲ့ပြီး အဖြေရှာပြီး ပြန်ပြောဖို့ အမြန်လုပ်ခဲ့သည်။ ဤနည်းနှင့် ကျွန်တော်က ပရောဂျက်ကို မပြတ်သိအောင် မလုပ်ထားကြောင်း၊ သို့မဟုတ် ကျွန်တော်၏တာဝန်၌ တာဝန်သိတတ်မှု ရှိမနေကြောင်း အစ်မလီ သိမည် မဟုတ်ပါ။ ကျွန်တော်က စိတ်ချရသည်၊ ယုံကြည်ရသည့်သူတစ်ဦးဟု သူမက ထင်ပေမည်။ ထို့နောက်တွင် ခေါင်းဆောင်က ကျွန်တော့်အလုပ်ကို စစ်ဖို့ လာသည့်အခါ ကျွန်တော့်တာဝန်တွင် စံသွေမှုအချို့နှင့် ပြဿနာအချို့ကို သူမတွေ့သွားပြီး ကျွန်တော့်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကျွန်တော်က တကယ့်အလုပ်ကို မလုပ်ဘဲ တာဝန်တွင် ပေါ့ဆနေပြီး တာဝန်မသိတတ်သည်ကို အသိအမှတ်ပြုရင်း၊ ယင်းကို လက်ခံခြင်း၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း မရှိရုံသာမက၊ ကျွန်တော်သည် လိမ်ညာပြီး လှည့်စားကာ၊ အမှန်တရားကို ဖုံးကွယ်သည်။ ကျွန်တော်က “နောက်ဆိုရင် ခေါင်းဆောင်ရဲ့ ဘယ်မေးခွန်းကိုမဆို အမြန်ဖြေနိုင်အောင် သေချာလုပ်ဖို့ ငါ ပိုကြိုးစားရမယ်။ ဒါမှ သူက ငါ့အလုပ်မှာ အမှားတွေ၊ မျက်စိလျှမ်းတာတွေကို ရှာတွေ့မှာ မဟုတ်ဘဲ၊ ငါက အသေးစိတ် ဂရုစိုက်တတ်ပြီး တာဝန်သိတတ်တယ်လို့ ထင်မှာပေါ့” ဟုပင် ကိုယ့်ကိုယ်ကိုယ် ပြောခဲ့သည်။ လူများက ကျွန်တော့်ကို ရိပ်စားမိပြီး ကျွန်တော်က “တာဝန်သိတတ်သည့်၊ စိတ်ချရသည့်၊ တည်ကြည်ပြီး ယုံကြည်အားထားရသည့်” သူအဖြစ် ကျွန်တော် ပုံရိပ်ကောင်းကို ဆုံးရှုံးရမည်ကို ကြောက်လျက်၊ ကိုယ့်နာမည်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ဖို့အတွက် ဦးနှောက်ခြောက်ခံ စဉ်းစားနေခဲ့သည်။ ကျွန်တော့်ပန်းတိုင်က အခြားလူများ၏ စိတ်နှလုံးထဲတွင် အထူးနေရာ တစ်ခုရှိနေဖို့ ဖြစ်သည် မဟုတ်ပါလား။ ကျွန်တော်က မိမိထုတ်ဖော်ပြသည့် စိတ်သဘောထားသည် တကယ်ပဲ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထား ဖြစ်သည်ကို မြင်ခဲ့ပါသည်။ အန္တိခရစ် တစ်ယောက်က ဝေဖန်ခံရသည့်အခါ၊ ဖော်ထုတ်ခံရသည့်အခါ မနာခံဘဲ၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ပြန်မဆင်ခြင်ဘဲ သူတို့ကိုယ်သူတို့ မှန်ကြောင်းပြဖို့ အတတ်နိုင်ဆုံး လုပ်ကြသည်။ တာဝန်ဘေးချထားပြီး ကိုယ်ပိုင်ပြဿနာများကို ဖုံးကွယ်ကြသည်။ ၎င်းတို့သည် လုံးဝကို အရှက်မရှိကြပါ။ အန္တိခရစ်များက သမ္မာတရားကို လက်ခံဖို့ ဆန္ဒကို နည်းနည်းလေးမျှ မပြကြဘဲ၊ သူတို့၏ နာမည်နှင့် ဂုဏ်အဆင့်အတန်းကို ကာကွယ်သည့် နည်းလမ်းနှင့် ပြောဆိုပြုမူဖို့ သူတို့၏ ကြံစည်မှုများကိုသာ ပြသကြသည်။ ကျွန်တော်က ထိုကဲ့သို့ ပြုမူနေခြင်း မဟုတ်ပါလား။ ကျွန်တော်က တကယ့်အလုပ်ကိုမလုပ်ပါ၊ သို့မဟုတ် မိမိ၏တာဝန်တွင် စိတ်နှစ်မထားပါ။ ထို့ကြောင့် ကျွန်တော်က အပြစ်ရှိပြီး အကြွေးတင်ရှိသလို ခံစားရသင့်ပါသည်။ သို့သော် ကျွန်တော်သည် သိမြင်နားလည်ခြင်း ကင်းမဲ့ရုံမျှမက၊ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့နှင့် ကာဖို့အတွက် အစဉ် အစွမ်းကုန် ကြိုးစားနေသည်။ ကျွန်တော်၏သဘာဝက အမှန်တကယ် လှည့်စားပြီး ကောက်ကျစ်သည်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး ဆိုးယုတ်သည်။ ကျွန်တော်က လုံးဝကို ချပြခြင်းခံရသည်၊ အများရှေ့တွင် ဖော်ထုတ်ခံရသည်၊ ကျွန်တော့် လုပ်ရပ်များကို ဘုရားသခင်က တရားစီရင်ပြီး ရှုတ်ချသည်ဟု ကျွန်တော် ခံစားမိသည်။ ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး ဘယ်ပုန်ကန်ပစ်မှားမှုကိုမှ သည်းမခံကြောင်းကိုလည်း ကျွန်တော် ခံစားမိပြီး တော်တော်ကို ကြောက်လန့်ပြီး တုန်လှုပ်မိခဲ့ပါသည်။ ကျွန်တော် ချက်ချင်း နောင်တရပြီး ပြောင်းလဲရမည်ကို သိလိုက်သည်။

ထို့နောက်တွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရသည်။ “လူတို့သည် ရိုးသားဖို့ ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး လူသားနှင့် တစ်စုံတစ်ရာ တူခြင်း ရှိမရှိဆိုသည်ကို သိနိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး၊ ၎င်းတို့ ကိုယ်တိုင်၏ သဘာဝနှင့်အနှစ်သာရကို သတိပြုမိနိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရနိုင်ပေသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိလျှင် သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်ဖို့ လမ်းမရှိပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မရှာဖွေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့်၊ လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက၊ ရိုးသားခြင်းဖြင့် စတင်ရမည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ရယူခြင်း ခံရမည့် သူများကို အမှတ်အသားပြုသည့် လက္ခဏာ တစ်ခု ရှိသည်။ ယင်းမှာ မည်သည့်အရာ ဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်- “အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ လုပ်ရပ်များ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ “အပြစ်ကင်းလွတ်ခြင်း”။ ယင်းသည် မည်သည်ကို ရည်ညွှန်းသနည်း။ မကောင်းမှုကို မလုပ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုကို မလုပ်ခြင်းသည် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ထို့ကြောင့် အပြစ်ကင်းလွတ်ခြင်းသည် ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ အပြစ်နှင့် ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတို့သာ စုံလင်သည်။ ထို့ကြောင့် အပြစ်ကင်းလွတ်သော သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများဖြစ်သည်။ စုံလင်သောသူတို့သည်သာ အပြစ်ကင်းလွတ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ကောက်ကျစ်သည့်လူများသည် အလိမ်အညာများဖြင့် ပြည့်နေသည်ကို ဘုရားနှုတ်ကပတ်တော်များမှ ကျွန်တော် တွေ့ခဲ့ရသည်။ သူတို့က လုံးဝ ဆိုးယုတ်သည့် စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်ကြပြီး ဘုရား၏ ရန်သူများဖြစ်ကြသည်။ သူတို့က စာတန်နှင့်သက်ဆိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရနိုင်ပါ။ ကျွန်တော့်၏ အလိမ်အညာများနှင့် လှည့်စားမှုများက ကျွန်တော့်ကို မည်မျှ အန္တရာယ်ပေးကြောင်းနှင့် ကျွန်တော်သည် အရှက်မဲ့ကြောင်းတို့ကို ကျွန်တော် မြင်တွေ့ခဲ့ပါသည်။ ဘုရားသခင် စီစဉ်ပေးသည့် ဤအခြေအနေများကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်တော်၏ အလိမ်အညာများနှင့် လှည့်စားမှုများ၏ အတိုင်းအတာကို၊ သို့မဟုတ် ကျွန်တော်၏ ဉာဏ်များပြီး ကောက်ကျစ်သည့် ဆိုးယုတ်သော စိတ်သဘောထား၏ ပြင်းထန်မှုကို ကျွန်တော် မည်သည့်အခါမျှ သဘောပေါက်ပြီးဖြစ်မည် မဟုတ်ပါ။ ကျွန်တော် ထိုနည်းလမ်းနှင့် ဆက်သွား၍ မဖြစ်ပါ၊ ကျွန်တော့်အမှားများကို ဝန်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ရိုးသားသူတစ်ဦး ဖြစ်ရမည်ကို ကျွန်တော် ဝန်ခံခဲ့ရပါသည်။

အမှန်တကယ်တွင် မည်သည့်အရာဖြစ်ခဲ့သည်ကို ခေါင်းဆောင်ကို ပြောပြဖို့ သူမထံသို့ စာပို့ဖို့ အဆင်သင့် ပြင်လိုက်သည်။ သို့သော် တွန့်ဆုတ်မိသလိုမျိုး ဖြစ်သွားသည်။ “ငါ့မရိုးသားမှုကို ဖွင့်ပြောလိုက်ရင် ခေါင်းဆောင်က ငါ့ကို ဘယ်လိုထင်မလဲ။ ငါက အရမ်း ကောက်ကျစ်တယ်၊ ဒီလောက်ရိုးရှင်းတဲ့ကိစ္စကို အတွေးလွန်နေတယ်၊ ဒါကို လိမ်တောင် လိမ်ခဲ့တယ်၊ ပြီးတော့ ငါက မယုံကြည်ရဘူးလို့ သူထင်မှာ မဟုတ်လား။ ဒီတစ်ခေါက်တော့ ငါ ဘာမှ မပြောဘဲထားရင် ကောင်းမယ်၊ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်၊ ရိုးသားမယ်၊ အဲဒါဆိုရင် နောင်တရသည်ဟု မှတ်ယူလို့ရမှာပဲ” ဟု တွေးခဲ့ပါသည်။ ကျွန်တော် ထပ်လိမ့်တော့မည် မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် မပြတ် နှစ်သိမ့်နေခဲ့သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် သိနေပြီး အပြစ်ရှိသလို ခံစားခဲ့ရသည်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့သည်။ “လူတို့သည် ရိုးသားခြင်းကို ကြုံတွေ့ရသောအခါ၌ လက်တွေ့ပြဿနာများစွာ ဖြစ်ပေါ်လာလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် မစဉ်းမစား နှုတ်ဟကြလိမ့်မည်။ မှားယွင်းသော အတွေး၊ ရည်ရွယ်ချက်တစ်ခုခု၊ သို့မဟုတ် ဦးတည်ချက်တစ်ခုခု၊ သို့တည်းမဟုတ် ဘဝင်မြင့်မှု၏ စေစားမှုကို ခံရပြီး မုသားတစ်ခုကို ပြောကြလိမ့်မည်။ ထို့နောက်တွင် အကျိုးဆက်အနေဖြင့် ယင်းမုသားကို ဖုံးကွယ်ရန်အတွက် မုသားများကို ထပ်၍ ပြောနေရသောကြောင့် အဆုံးတွင် စိတ်ရှုပ်ထွေးသွားကြလိမ့်မည်။ သို့သော် ယင်းမုသားကို ၎င်းတို့ ပြန်မရုတ်သိမ်းနိုင်ပေ။ ၎င်းတို့၏ အမှားကို ပြုပြင်ရန်၊ ၎င်းတို့ မုသားပြောခဲ့သည်ကို ဝန်ခံရန် သတ္တိ ကင်းမဲ့ကြသည်။ ဤနည်းဖြင့် ၎င်းတို့၏ အမှားများသည် ဆက်လက်ဖြစ်ပေါ်နေ၏။ ဤသို့ဖြစ်ပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ကြီးမားသော ကျောက်ဆောင်ကြီးက ဖိထားသကဲ့သို့ အစဉ်သဖြင့် ဖြစ်နေလေတော့သည်။ ၎င်းတို့သည် ဖွင့်ပြောပြရန်၊ ၎င်းတို့၏ အမှားကို ဝန်ခံပြီး နောင်တရရန် အခွင့်အရေးကို ရှာတွေ့လိုကြသည်။ သို့သော် ဤအရာကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ အဆုံးတွင် ၎င်းတို့က သေချာစဉ်းစားပြီး “နောင်တစ်ချိန်တွင် ငါ၏တာဝန်ကို ထမ်းဆောင်ရသောအခါ ဤအရာအတွက် ဖာထေးလုပ်ဆောင်ပေးမည်” ဟု မိမိတို့ကိုယ်ကို ပြောကြသည်။ ဖာထေးလုပ်ဆောင်ပေးမည်ဟု ၎င်းတို့က အစဉ်ပြောကြသော်လည်း မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ မုသားပြောဆိုပြီးနောက်တွင် တောင်းပန်ခြင်းကဲ့သို့ မရိုးရှင်းလှ။ မုသားပြောဆိုပြီး လှည့်စားခြင်း၏ ထိခိုက်မှုနှင့် အကျိုးဆက်များအတွက် သင်ဖာထေး လုပ်ဆောင်ပေးနိုင်သလော။ မိမိကိုယ်မိမိ လွန်စွာ မုန်းတီးလျက်ဖြင့် သင်သည် နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ထိုအရာမျိုးကို မည်သည့်အခါမျှ မလုပ်ဆောင်တော့လျှင် သင်လုပ်ဆောင်ခဲ့သည့်အရာကို ခွင့်လွှတ်နိုင်သည်၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် သက်ညှာခြင်းကို သင် လက်ခံရရှိနိုင်သည်။ သင်သည် ကြည့်ကောင်းအောင် ပြောပြီး ဤအတွက် နောင်တစ်ချိန်တွင် အစားပြန်လည် လုပ်ဆောင်ပေးပါ့မည်ဟု ပြောသော်လည်း အမှန်တကယ် နောင်တမရဘဲ နောက်ပိုင်းတွင်လည်း ဆက်လက်၍ လိမ်ညာလှည့်စားလျှင်၊ သင်သည် ခေါင်းမာစွာဖြင့် နောင်တရဖို့ ငြင်းဆန်လျှင် သေချာပေါက် ဖယ်ရှားခံရမည်ဖြစ်သည်။ ဤအရာကို အသိတရားနှင့် ခံစားချက်ကို ပိုင်ဆိုင်သောလူတို့က သတိပြုမိသင့်သည်။ မုသားများကို ပြောကာ လှည့်စားပြီးနောက်တွင် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက်သာ စဉ်းစားခြင်းက မလုံလောက်ပေ။ အရေးကြီးဆုံးမှာ သင်သည် မှန်ကန်စွာ နောင်တရရမည်။ သင်သည် ရိုးသားလိုလျှင် အမှန်တရားကို ပြောဆိုပြီး စစ်မှန်သောအရာများကို လုပ်ဆောင်ရမည်။ လိမ်ညာခြင်းနှင့် လှည့်စားခြင်း၏ ပြဿနာကို သင်ကိုင်တွယ်ရမည်။ တစ်ခါတစ်ရံတွင် သင်သည် သိက္ခာကျနိုင်၏၊ ကိုင်တွယ်ဖြေရှင်းခံရနိုင်၏၊ အပြစ်တင်ခြင်းပင် ခံရနိုင်သည်။ သို့သော် သင်၏ စိတ်နှလုံးသည် တည်ကြည်ခိုင်မာပြီး ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် သင့်ကိုယ်သင် ပြောလိမ့်မည်။ “ငါသည် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ အစားထိုးခံရသည်ဖြစ်စေ ငါ၏စိတ်နှလုံးတွင် တည်ကြည်ခိုင်မာ၏။ ငါသည် ရိုးသားပြီး ငါပြောသည့်အရာမှန်သမျှက မမှားယွင်းပေ။ ငါ၏တာဝန်ကို မှန်ကန်စွာ မလုပ်ဆောင်ခဲ့သောကြောင့် ငါသည် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသင့်သည်။ ယင်းအတွက် တာဝန်ယူသင့်သည်။” ဤသည်မှာ အပြုသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်သည်။ သို့တိုင်အောင် သင်လှည့်စားလိုက်သည်နှင့် အကျိုးဆက်မှာ အဘယ်အရာဖြစ်သနည်း။ လှည့်စားပြီးသည့်နောက်တွင် သင်၏စိတ်နှလုံး၌ မည်သို့ခံစားရသနည်း။ (စိတ်မအေးပါ။) စိတ်မအေးပေ။ သင်၏စိတ်နှလုံးတွင် အစဉ်သဖြင့် အပြစ်နှင့် ဖောက်ပြန်ပျက်စီးမှုကို ခံစားရသည်။ စွပ်စွပ်ခံရသကဲ့သို့ အစဉ်ခံစားရသည်။ “ငါအဘယ်သို့ လှည့်စားနိုင်ရသနည်း။ နောက်တစ်ဖန် ငါအဘယ်သို့ လှည့်စားနိုင်ရပြန်သနည်း။ အဘယ်ကြောင့် ငါဤသို့ဖြစ်နေရသနည်း။” သင်သည် ဦးခေါင်းကို မော့မထားနိုင်သကဲ့သို့၊ ဘုရားကို ရင်မဆိုင်နိုင်သကဲ့သို့ ခံစားရသည်။ အထူးသဖြင့် လူတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသောအခါ ဘုရားသခင်၏ ကြင်နာခြင်း၊ ကရုဏာနှင့် သည်းခံခြင်းတို့ကို လက်ခံရရှိသောအခါ ဘုရားကို လှည့်စားရသည်မှာ ရှက်စရာကောင်းသည်ဟု ၎င်းတို့ခံစားရသည်။ အတွင်းတွင် ၎င်းတို့သည် အပြစ်တင်ခံရသည့်စိတ်ကို ပိုမိုခံစားရသည်။ ထို့အပြင် ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းကို မရှာတွေ့နိုင်ပေ။ ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ လှည့်စားခြင်းသည် ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ပွင့်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းသည် သင့်ကို နာကျင်စေလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြခဲ့သည်မှာ ကျွန်တော်၏ကိုယ်ပိုင် အခြေအနေ ဖြစ်သည်။ ဘုရားသခင်က ယင်းတို့အားလုံးကို ကျွန်တော့်ကို တိုက်ရိုက် ပြောနေသလို ခံစားမိခဲ့သည်။ ပြီးလျှင် လှည့်စားခြင်းနှင့် ရိုးသားသူတစ်ယောက် ဖြစ်ခြင်းတို့သည် လုံးလုံး ဆန့်ကျင်နေသည့် လမ်းကြောင်းများဖြစ်ကြောင်း ကျွန်တော် မြင်ခဲ့ပါသည်။ လှည့်စားခြင်းက လမ်းမှန် မဟုတ်ပါ။ ယင်းက မှန်ကန်သည့် လူ့သဘာဝအတွင်းတွင် မရှိပါ။ လူများသည် တစ်ခါတစ်ရံတွင် သူ့မုသားများနှင့် လှည့်ကွက်များဖြင့် သူ့ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်သည်။ သို့သော် ၎င်းတို့ ဆုံးရှုံးသည့်အရာမှာ ၎င်းတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြစ်သည်။ ယင်းက အပြစ်ရှိသလိုခံစားရပြီး စိတ်မအေးရခြင်းမှ လွဲ၍ အခြားမည်သည့်အရာမျှ မဖြစ်စေပါ။ ပြီးလျှင် ၎င်းတို့သည် စာတန်၏ လှည့်စားခြင်းနှင့် လှောင်ပြောင်ခြင်းကို ခံရလျက်၊ မှောင်မိုက်ထဲတွင် နေကြရမည်။ ကျွန်တော်၏ လိမ်ညာမှုများနှင့် လှည့်ဖြားမှုတို့ကြောင့် ကျွန်တော်သည် မရိုးသားဘဲ ရှက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်များကို သိုထားပြီး စာတန်က ဆော့ကစားသည်ကို ကျွန်တော် နာနာကျင်ကျင်နှင့် ခံနေခဲ့ရသည်။ ကျွန်တော့်၏ အလိမ်အညာများနှင့် လှည့်စားမှုတို့က ကျွန်တော့်၏ စိတ်ကြီးဝင်မှုကို ခဏတာ ကျေနပ်စေခဲ့သော်လည်း၊ ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရကာ၊ သူ၏လက်ခံမှုကို မရရှိခဲ့ပါ။ ကျွန်တော်က ငတုံးတစ်ယောက် မဟုတ်ပါလား။ ကျွန်တော် အမှန်အတိုင်းပြောဖို့လိုသည့် အချိန်ဖြစ်သည့် အရေးပါသည့်နေရာတိုင်းတွင် ကျွန်တော်က “နောက်တစ်ခါမှာ ငါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မယ်။ နောက်တစ်ခါပေါ့” ဟု ပြောရင်း၊ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်နေခဲ့သည်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အစဉ် ခွင့်လွှတ်နေပြီး ကျွန်တော် နားလည်ခဲ့သည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ။ ထို့ကြောင့် ကျွန်တော်က ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ စစ်မှန်မှုကို လုံးဝ အသက်ရှင်မနေထိုင်ခဲ့ပါ။ ပြီးလျှင် ကျွန်တော်၏ လှည့်စားတတ်သော စိတ်သဘောထားကို ကျွန်တော် မည်သည့်အခါမျှ ဘေးမဖယ်ခဲ့ပါ။ ကျွန်တော့်ကဲ့သို့ လူတစ်ဦးကို ဘုရားသခင်က မည်သို့များ ကယ်တင်နိုင်သနည်း။ ဤအရာကို တွေးလျက်၊ ယင်းကို ကျွန်တော် ဆက်လုပ်နေ၍ မရကြောင်း၊ လူများက ကျွန်တော့်ကို မည်သို့မြင်သည်က အရေးမကြီးကြောင်းနှင့် ဘုရားရှေ့တွင် အသက်ရှင်ဖို့၊ ဘုရား၏ စိစစ်မှုကိုလက်ခံပြီး ဘုရား လက်ခံနိုင်သည့် လူတစ်ဦးဖြစ်ဖို့ကို ကျွန်တော် မည်သည့်အရာထက်မဆို လိုအပ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောခဲ့သည်။ ယင်းက အဓိကကျသည့်အရာ ဖြစ်သည်။ ကျွန်တော်သည် ရိုးရှင်းပြီး ပွင့်လင်းကာ သမ္မာတရားကို ပြောသင့်သည်။ တစ်ယောက်ယောက်က ကျွန်တော့်ကို ရှင်းရှင်းလင်းလင်းမြင်သွားပြီး ကျွန်တော်၏ သိက္ခာနှင့် ဂုဏ်အဆင့်အတန်း ဆုံးရှုံးရလျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားခြင်းသည် ဘုရား၏ လက်ခံမှုကိုရသည့် အဓိပ္ပာယ်ဖြစ်လိမ့်မည်။ ပြီးလျှင် ယင်းက အရေးကြီးဆုံးဖြစ်ပြီး အရမ်းတန်ဖိုးရှိကာ အဓိပ္ပာယ်ရှိပါသည်။ ထို့အပြင် ကျွန်တော်က ကိုယ့်ပြဿနာများကို အမြဲတမ်း ဖုံးကွယ်နေခဲ့သည်။ အခြားသူများက ယင်းတို့ကို မသိနိုင်သော်လည်း၊ ကျွန်တော်သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အပြစ်တင်ခြင်း မခံရနိုင်သော်လည်း၊ ကျွန်တော့်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနှင့် အမှားတို့ကို ကျွန်တော် မသိဘဲ ဖြစ်နေခဲ့သောကြောင့် ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မပြောင်းလဲနိုင်ခဲ့ပါ။ သို့မဟုတ် ကိုယ့်တာဝန်တွင် ပိုကောင်းအောင် မလုပ်နိုင်ခဲ့ပါ။ ထိုအရာများက ရပ်မသွားဘဲ ကြီးထွားလာနေသည့် အကျိတ်တစ်ခုလို ကျွန်တော့်စိတ်နှလုံးထဲတွင် ဆက်နှစ်မြုပ်နေခဲ့ပြီး အဆုံး၌ ယင်းသည် ကျွန်တော့်၏ အဆုံးသတ်ဖြစ်သွားမည်။ သို့သော် ပွင့်လင်းပြီး ရိုးရှင်းသည့် ညီအစ်ကိုမောင်နှမများက သူတို့တာဝန်တွင်ရှိသည့် အမှားများ၊ မေးခွန်းများအားလုံးကို ပွင့်ပွင့်လင်းလင်း ချပြကြပြီး တစ်ခါတလေတွင် သူတို့က ကိုင်တွယ်ဖြေရှင်းခံရကာ၊ အပြစ်တင်ခြင်း ခံရသည်၊ သို့မဟုတ် အထုတ်ပင်ခံရသည်။ သို့သော် ယင်းက သူတို့စိတ်နှလုံးကို တကယ်ကို တို့ထိခဲ့သည်။ သူတို့သည် မိမိတို့၏ ပြဿနာများကို အမြန်မြင်နိုင်ပြီး ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာနိုင်ကြသည်။ ယင်းက ၎င်းတို့ကို အသက်တာတွင် ကြီးမားစွာ တိုးတက်ကြသည်။ ပွင့်လင်းခြင်းနှင့် ရိုးရှင်းခြင်းတို့သည် ရှက်စရာကောင်းသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဘုရား၏ လက်ခံမှုကို ၎င်းတို့ ရကြသည်။ ယင်းက ဉာဏ်ပညာရှိခြင်း ဖြစ်သည်။ ကျွန်တော်က အကြံအစည်များနှင့်ပြည့်နေသည်၊ တော်သည်၊ သူများကို လှည့်စားခြင်းသည် ပါးနပ်မှုရှိခြင်း ဖြစ်သည်ဟု ထင်လေ့ရှိခဲ့ပါသည်။ သို့သော် ကျွန်တော်က လုံးဝကို မိုက်မဲပြီး ငတုံးစစ်စစ် တစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်တော်က အရာရာတွင် လူသိလူတတ်ကြီး ဖြစ်နေခဲ့သည်။ လုံးဝကို အဓိပ္ပာယ်မရှိဖြစ်ခဲ့သည်။ ဤအရာကို သဘောပေါက်သည့်အခါ၊ ထို့နောက်တွင် ဘုရားသခင်ကို နောက်ထပ် စိတ်ပျက်စေမည့်အစား လူများကျွန်တော့်အပေါ် မည်သည့်အရာမြင်နိုင်သည်ကို ဂရုမစိုက်တော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စာတန်ကိုပဲ အရှက်ရအောင်လုပ်ချင်ခဲ့သည်။ သို့ဖြစ်၍ ခေါင်းဆောင်ကို ကျွန်တော် လိမ်ရသည့် အကြောင်းရင်းနှင့် ကျွန်တော်၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်ခဲ့သည်တို့အပါအဝင် အမှန်အတိုင်းပြောဖို့ ကျွန်တော် အားတင်းလိုက်သည်။ ထိုစာကို ပို့ပြီးသည့်နောက်တွင် ကျွန်တော် ငြိမ်းချမ်းပြီး လွတ်မြောက်သွားသလိုခံစားမိသည်။ ခေါင်းဆောင်က မကြာမီတွင် “ဒီလိုပုံစံနဲ့ ရိုးသားဖို့ ကြိုးစားတာက အရမ်းကောင်းတယ် ကျွန်မမှာလည်း ကောက်ကျစ်တဲ့ စိတ်သဘောထားရှိပြီး ဘုရားရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတို့ကို ကြုံတွေ့ဖို့ လိုတယ်” ဟု ပြောလျက်၊ ကျွန်တော့်ကို စာတစ်စောင် ပြန်ပို့သည်။ ဆိုပြီး ပြောသည်။ ယင်းကို မြင်ရသည့်အခါ ကျွန်တော် အရမ်းကို စိတ်ခံစားမိပြီး အရမ်းလည်း ရှက်မိသည်။ ရိုးသားသူတစ်ယောက်ဖြစ်ဖို့အတွက် ဤကြိုးစားမှုတစ်ခုက ဒါဟာ လူသားတစ်ယောက်ဖြစ်ဖို့ တစ်ခုတည်းသော မှန်ကန်သည့်နည်းလမ်းဖြစ်ကြောင်း ကျွန်တော့်ကို တကယ်ပြသခဲ့သည်။

ထို့နောက်တွင် နေ့စဉ်အသက်တာရှိ ကျွန်တော့်စကားများနှင့်၊ လုပ်ရပ်များတွင် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိရှိနှင့် စတင် ကြိုးစားခဲ့သည်။ ပြီးလျှင် ကျွန်တော်ပြောသည့် အရာများစွာ၌ မှန်ကန်တိကျခြင်း၊ သို့မဟုတ် ဓမ္မဓိဋ္ဌာန်ကျခြင်း မရှိသည်ကို ကျွန်တော် မြင်ခဲ့ပါသည်။ တစ်ခါတလေတွင် ကျွန်တော်က ကျွန်တော့်အယူအဆများနှင့် စိတ်ကူးတို့ကို အခြေခံစကားပြောပြီး တစ်ခါတလေတွင် ချဲ့ကားပြီးပြောသည်၊ သို့မဟုတ် မမှန်မကန် ပြောသည်။ တစ်ခါတလေတွင် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တမင်တကာ မှားယွင်းဖော်ပြပြီး လှည့်စားသည်။ ကျွန်တော်က တကယ်ကို လူလိမ်တစ်ယောက်ဖြစ်သည်ကို ပိုပိုပြီး သိသာလာသည်။ ကျွန်တော် တစ်ခါတုန်းက ပရောဂျက်က မည်သည့်အခြေအနေရှိသည်ကို မေးထားသည့် စာတစ်စောင်ကို ခေါင်းဆောင်တစ်ယောက်က ပို့သည်ကို သတိရမိသည်။ ကျွန်တော်က “ငါ အခြေအနေကို အချိန်မီ မသိရသေးဘူး၊ ဒါပေမဲ့ “ကျွန်တော် မသိဘူး၊ သွားမေးဖို့ လိုတယ်” လို့ ပြောလိုက်ရင် ခေါင်းဆောင်က ငါ့ကို လက်တွေ့မကျဘူး၊ လျှောက်ပဲပြောနေတာလို့ ထင်မှာလား။ ငါ ဘာမှ မပြောသင့်ဘူး၊ အခြေအနေကို အမြန် စစ်ဆေးပြီးမှ ပြန်ပြောသင့်တယ်။ ဒါဆိုရင် မပြီးသေးဘူးဆိုရင်တောင် ခေါင်းဆောင်က ငါနဲ့ပတ်သက်ပြီး ဘာမှမကောင်း ပြောစရာ ရှိမှာမဟုတ်ဘူး။ အဲဒါဆိုရင် ငါက အနည်းဆုံးတော့ ကိစ္စတွေကို ဆက်ပြီး ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်မှာပဲ” ဟု မရည်ရွယ်ဘဲ တွေးမိသည်။ ထိုလိုလုပ်တော့မည့်အချိန်တွင်ပင် ကျွန်တော်က ကိုယ့်ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ကာကွယ်ဖို့အတွက် ထပ်မံ လှည့်စားနေသည်ကို ကျွန်တော် သဘောပေါက်လိုက်သည်။ သို့ဖြစ်၍ ကျွန်တော် ဘုရားကို “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေကို စွန့်ပစ်ပြီး ရိုးသားသူတစ်ယောက်အဖြစ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လမ်းပြကူညီတော်မူပါ” ဟု တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ကျွန်တော် ဆုတောင်းပြီးနောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲရောက်လာခဲ့သည်။ “လိမ်ညာခြင်းအားဖြင့်၊ သင်၏ သမာဓိနှင့် ဂုဏ်သိက္ခာကို သင် ရောင်းစားပေသည်။ ဤအလိမ်အညာများက သင်၏ ဂုဏ်သိက္ခာကို ဆုံးရှုံးစေပြီး ဘုရားသခင် ရှေ့မှောက်တွင် သမာဓိမရှိ ဖြစ်စေသည်။ ဘုရားသခင်သည် ဤအရာကို နှစ်သက်ခြင်းမရှိသကဲ့သို့ ယင်းကို သူ မုန်းတီးစက်ဆုပ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) “သမာဓိ” နှင့် “ဂုဏ်သိက္ခာ”ဆိုသည့် စကားများက ကျွန်တော့်ကို အမှန်ကိုပြောဖို့၊ မကောင်းဆိုးဝါး တစ်ကောင်လို အသက်ရှင်ခြင်းမှ ရပ်တန့်ဖို့ တကယ်ကို လှုံဆော်ပေးခဲ့သည်။ သို့ဖြစ်၍ ကျွန်တော် “အသေးစိတ်အချက်ကိုတော့ ကျွန်တော် မသေချာဘူး။ အရင်ဆုံး လေ့လာကြည့်ရဦးမယ်” ဟု ပြောလျက်၊ ဖြောင့်မတ်သော အဖြေတစ်ခုကို ပြန်ပို့လိုက်သည်။ ထိုသို့ ပို့ပြီးသည့်နောက်တွင် ကျွန်တော့်စိတ်နှလုံးထဲတွင် အလွန် အေးချမ်းသည့် ခံစားချက်ဖြစ်သွားသည်။ ရိုးသားခြင်းဟာ လူ့သဘာဝ၏ အခြေခံအကျဆုံး သွင်ပြင်လက္ခဏာ ဖြစ်ကြောင်း၊ ယင်းသည် လူ့သဘာဝ၏ အဓိကအချက်ဖြစ်ကြောင်း ကျွန်တော် ပိုပိုပြီး ခံစားမိခဲ့သည်။ ရိုးသားခြင်းသည်သာလျှင် လူ့အသက်တာ၏ မှန်ကန်သော လမ်းကြောင်းဖြစ်လေသည်။ ကျွန်တော့်ကို ကယ်တင်သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားသော တိုင်ကြားမှုကြောင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရခြင်း

လီမင် ဂျာမနီနိုင်ငံ ဖန်ပင်းက ရေလောင်းအဖွဲ့ကို ကျွန်မ စီမံနေချိန်မှာ ကျွန်မအလုပ်ကို တာဝန်ယူခဲ့တဲ့ ခေါင်းဆာင်လေ။ ကျွန်မတို့...

အထူးသီးသန့် ဆုံးမပဲ့ပြင်ခြင်း အတွေ့အကြုံတစ်ခု

ရှောင်းဟန် တရုတ်နိုင်ငံ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အားကောင်းတဲ့ လိုအင်ဆန္ဒတစ်ခု ကျွန်မမှာ ရှိဖူးတယ်၊ မနာလိုမှုနဲ့ ညီအစ်ကို မောင်နှမတွေကို...

ကျွန်ုပ်၏ စိတ်နှလုံးကို ခံစားချက်က လွှမ်းမိုးထားသည်

၂၀၁၇ ခုနှစ် မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုဆော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။