ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

31.08.2022

ချန်ယံ တောင်ကိုရီးယားနိုင်ငံ

အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့ ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကိုမေးတယ်။ ကျွန်တော် ဘာပြောရမှန်းမသိဘူး။ အရင်သုံးလေးရက်က ဒါကို ကျွန်တော် ဆက်မလုပ်ဖြစ်ဘူး။ အသေးစိတ်ကို မသိနေဘူး။ ကျွန်တော် ဘယ်လိုတုံ့ပြန်သင့်လဲ။ ကျွန်တော်က မသိဘူးလို့ပြောရင် ကျွန်တော်က လက်တွေ့အလုပ်ကိုမလုပ်ဘူးလို့ ခေါင်းဆောင်နဲ့ တခြားတွဲဖက်အမှုဆောင်တွေက သေချာပေါက်ပြောမှာပဲ။ ဒါဆိုရင် ရှက်စရာကောင်းမယ်။ အရင်က ကျွန်တော်သိထားတာကိုပဲ ပြောပြလို့ရတာပဲ၊ ပြီးရင် ကျွန်တော် ဘာလုပ်လို့ရမလဲဆိုတာကြည့်မယ်လို့ စဉ်းစားလိုက်တယ်။ အဲဒါနဲ့ ကျွန်တော် ပြန်ပြောလိုက်တယ်။ “အဲဒီအလုပ်အားလုံးအတွက် အစီအစဉ်တွေကို လုပ်ပြီးပြီ။ ပြီးတော့ အဖွဲ့ဝင်တချို့ထည့်ပြီးသွားပြီ” ပေါ့။ ခေါင်းဆောင်က ချက်ချင်းပြောတယ်။ “အစ်ကိုက မေးတာကို မဖြေဘူး။ လည့်ပတ်ပြီးပြောနေတာပဲ။ ဒါက ကောက်ကျစ်တာပဲ။ အစ်ကိုက မသိရင် မသိဘူးလို့ပဲပြောပြီးတော့ အမြန်ဆုံးလိုက်လုပ်ပေါ့။ ဘာလို့ အရမ်းသွယ်ဝိုက်နေတာလဲ။ ဒါမကောင်းဘူး။ အမှားတစ်ခုက အမှားတစ်ခုပဲ။ ဒါကိုဝန်ခံဖို့ သတ္တိရှိသင့်တယ်” တဲ့။ ကျွန်တော်က ဂနာမငြိမ်ဖြစ်ပြီး စိတ်မသက်မသာဖြစ်တယ်။ ကျွန်တော့်မျက်နှာက ပူထူနေတယ်။ ကျွန်တော်ကြောက်ခဲ့တဲ့ဟာ ဖြစ်လာတာပဲ။ ကျွန်တော်က လုံးဝ သိက္ခာကျပြီ၊ လူတိုင်းက ကျွန်တော့်ကို ရိပ်စားမိပြီလို့ ခံစားမိတယ်။ ခေါင်းဆောင်ပြောတာမှန်တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ စိတ်နှလုံးထဲမှာ မနာခံနိုင်ဘူး။ သူက ဒါကို အရမ်းကြီးပြောဖို့မလိုပါဘူးလို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်က အမြန်ဆုံးကိုင်တွယ်လိုက်ရင် အဆင်ပြေသွားမှာမဟုတ်ဘူးလား။ ဒီလူတွေအားလုံးရှေ့မှာ ဘာလို့ ကျွန်တော့်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းရတာလဲ ပေါ့။ ကျွန်တော် တော်တော်စိတ်ညစ်မိတယ်။ အဲဒါနဲ့ ကျွန်တော် တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ဒီနေ့ဖြစ်ခဲ့တာကို ကျွန်တော် အရမ်း အတိုက်အခံဖြစ်ပါတယ်။ ဒါကို မနာခံနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်သိပြီး သင်ခန်းစာယူနိုင်ဖို့အတွက် ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။ နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်တယ်။ “ယေဟောဝါ ဘုရားသခင်က စာတန်ကို မည်သည့်မေးခွန်းမျိုး မေးခဲ့သည်ကို ဦးစွာကြည့်ကြပါစို့။ ‘အသင် အဘယ်အရပ်က လာသနည်း။’ ဤသည်မှာ ရိုးရိုးစင်းစင်း မေးခွန်းတစ်ခု မဟုတ်လော။ ဖုံးကွယ်ထားသည့် အဓိပ္ပာယ် တစ်ခုတစ်လေ ရှိပါသလော။ မရှိပါ။ ယင်းသည် ရိုးရှင်းသည့် မေးခွန်း တစ်ခုသက်သက်ဖြစ်၏၊ ‘သင်မည်သည့်နေရာက လာသနည်း’ ဟု သင်တို့ကို ငါမေးမည်ဆိုပါက၊ သင်တို့ မည်သို့ ဖြေကြမည်နည်း။ ဤသည်မှာ အဖြေရခက်သည့် မေးခွန်း တစ်ခုလော။ ‘လှည့်လည်၍ အရပ်ရပ် သွားလာသည့်အမှုထဲက လာပါသည်’ ဟု သင်တို့ ပြောမည်လော။ (မဟုတ်ပါ။) သင်တို့သည် ဤသို့ ပြန်ဖြေကြမည် မဟုတ်။ ထို့ကြောင့်၊ စာတန်က ဤသို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်သည် ယုတ္တိမတန်ဘဲ လှည့်ဖြားလည်း လှည့်ဖြားတတ်သည်ဟု ခံစားရပါသည်။) ငါမည်သည့်အရာ ခံစားနေရသည်ကို သင်တို့ ပြောနိုင်သလော။ စာတန်၏ ဤစကားများကို ငါမြင်သည့်အချိန်တိုင်းတွင် စာတန်သည် စကားပြောဆိုသော်လည်း၊ သူ၏ စကားများက အနှစ်သာရမရှိသောကြောင့် ငါ စက်ဆုပ်ရွံရှာ၏။ ဘုရားသခင်၏ မေးခွန်းကို စာတန် ဖြေခဲ့ပါသလော။ မဖြေခဲ့ပါ၊ စာတန် ပြောဆိုသည့် စကားလုံးများသည် အဖြေတစ်ခု မဟုတ်ပေ၊ ထိုစကားများသည် မည်သည့်အရာမျှ မထုတ်ဖော်ပေ။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းအဖို့ အဖြေ မဟုတ်ခဲ့ပေ။ ‘မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်’ ဤစကားလုံးများနှင့် သက်ဆိုင်၍ သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ စာတန် မည်သည့်နေရာက လာသနည်း။ ဤမေးခွန်းအဖို့ အဖြေတစ်ခုကို သင်တို့ ရကြပြီလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲသော အကြံအစည်များနှင့် သက်ဆိုင်သည့် ‘ဉာဏ်ထက်မှု’ ဖြစ်သည်- မည်သည့်အရာအား အမှန်တကယ် ပြောနေသည်ကို မည်သူ့ကိုမျှ သိခွင့်မပေးခြင်း ဖြစ်သည်။ ဤစကားများကို ကြားလျက်၊ ၎င်းက ဖြေကြား ပြီးသွားသော်လည်း၊ မည်သည့်အရာ ပြောသွားသည်ကို သင် မသိမြင်နိုင်သေးပေ။ သို့သော် စာတန်က တိတိကျကျ သူဖြေလိုက်သည်ဟု ထင်နေ၏။ ထိုအခါတွင် သင်သည် မည်သို့ ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာသည်။) ယခု သင်သည် ဤစကားများကို တုန့်ပြန်သည့်အနေဖြင့် စတင်ရွံရှာမိသည်။ စာတန်၏ စကားများတွင် ထူးခြားသော လက္ခဏာတစ်မျိုးရှိသည်။ စာတန်ပြောသည့်အရာသည် သင့်ကို ခေါင်းရှုတ်စေပြီး သူ့စကား၏ အရင်းအမြစ်ကို မသိမြင်နိုင်ပေ။ တစ်ခါတစ်ရံတွင် စာတန်သည် ရည်ရွယ်ချက်များရှိပြီး တမင်သက်သက် စကားပြောဆိုသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုကဲ့သို့သောစကားများက အလိုအလျောက်ထွက်ပေါ်လာပြီး စာတန်၏ ပါးစပ်မှ တိုက်ရိုက်ထွက်လာသည်။ စာတန်သည် ထိုကဲ့သို့သောစကားများကို ကြာရှည်စွာ ချိန်ဆမနေပေ။ ထိုအစား ယင်းတို့သည် မစဉ်းစားဘဲ ဖော်ပြခြင်းဖြစ်သည်။ ဘယ်ကနေလာသည်ကို ဘုရားသခင်က မေးသည့်အခါတွင် စာတန်က အဓိပ္ပာယ်မပြတ်သားသော စကားအချို့ဖြင့် ဖြေသည်။ သင့်အနေဖြင့် စာတန် မည်သည့်နေရာက အမှန်တကယ် လာသည်ကို သိရှိခြင်းမရှိဘဲ၊ အလွန် အကြံအိုက်သွားလေသည်။ သင်တို့ထဲတွင် ဤသို့ ပြောဆိုသည့်သူများ ရှိသလော။ ဤသို့ ပြောဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်ပါသည်။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးများကို ငါတို့ သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်၊ မဟုတ်လော။ တစ်ယောက်ယောက်သည် မနေ့က မည်သည့်အရာလုပ်ခဲ့သည်ကို အခြားသူများအား မသိစေချင်ဟု ဆိုပါစို့။ ‘မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း။’ ဟု သင်က သူ့ကို မေးသည်။ ၎င်းတို့က ၎င်းတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် မပြောပေ။ ယင်းထက်၊ ၎င်းတို့က၊ ‘မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်။’ ဟု ပြောလေသည်။ ၎င်းတို့က သင်၏မေးခွန်းကို ဖြေခဲ့ပါသလော။ ဖြေခဲ့၏၊ သို့သော် သင်လိုချင်သည့် အဖြေကို ၎င်းတို့ မပေးခဲ့ကြပေ။ ဤသည်မှာ လူ့ အပြောအဆို၏ မာယာအတွင်းရှိ ‘ဉာဏ်ထက်မြက်မှု’ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင် လုံးဝ မသိရှိနိုင်သကဲ့သို့၊ ၎င်းတို့ စကားများ၏ အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကို မသိမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းရှိကြသောကြောင့် အဘယ်အရာကို ၎င်းတို့ ရှောင်ရှားရန် ကြိုးစားနေကြသည်ကို သင် မသိချေ- ဤသည်မှာ ယုတ်မာသောအရာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) စာတန်ရဲ့ စကားတွေ၊ လုပ်ရပ်တွေအားလုံးက ရည်ရွယ်ချက်တွေ၊ လှည့်စားတာတွေပါတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတာကနေ ကျွန်တော် မြင်ခဲ့တယ်။ သူ့ရဲ့ ရှက်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့အတွက် လူတွေ နားမလည်နိုင်အောင် တော်တော်ကို လှည့်ပတ်ပြီးပြောတယ်။ တကယ်ကို မသိမသာအန္တရာယ်ရှိပြီး ကောက်ကျစ်ပါတယ်။ စာတန်က ဘုရားရဲ့ မေးခွန်းတွေကို မပြတ်သားတဲ့၊ အမြင်မှားစေတဲ့ တုံ့ပြန်ချက်တွေနဲ့ ဖြေတယ်။ ဒါဟာ ဘုရားအတွက် ရွံရှာစရာပါပဲ။ ကျွန်တော်ကတော့ လူသစ်တွေကို ရေလောင်းတာက ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာ ကျွန်တော် မသိတာ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမှန်အတိုင်းမပြောဘူး။ ခေါင်းဆောင်ကို ရှုပ်သွားအောင် အဖြေမဟုတ်တဲ့ဟာကို ပေးလိုက်တယ်။ ခေါင်းဆောင်ကို အမှန်ကို မမြင်စေဘဲ မေးခွန်းကို ဖြေလိုက်တယ်။ ကျွန်တော့်ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လက်တွေ့အလုပ်ကို ကျွန်တော် မလုပ်ဘူးဆိုတာ ခေါင်းဆောင်မသိဖို့၊ အဲဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်မသေးဖို့အတွက် ကျွန်တော်က အမှန်တရားတွေကို ဖုံးဖို့၊ သူတို့ကို အမြင်မှားစေပြီး လှည့်စားဖို့အတွက် တစ်ခုခုကို မျက်နှာပြောင်ပြောင်နဲ့ ပြောခဲ့တယ်။ ကျွန်တော်က ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုကို ပြနေတာပါ။ ဒါကို စဉ်းစားကြည့်တော့ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေနဲ့ ဒီလိုလုပ်လေ့ရှိတယ်။ ဥပမာ အလုပ်အစည်းအဝေးတစ်ခုမှာ တစ်ယောက်ယောက်က ကျွမ်းကျင်မှုအခြေခံတဲ့ မေးခွန်းကို ကျွန်တော့်ကိုမေးတယ်၊ ဒါပေမဲ့ ကျွန်တော်က တကယ် ကောင်းကောင်းနားမလည်ဘူး၊ အမှန်အတိုင်းပြောရင် သူတို့က ကျွန်တော့်ကို အထင်သေးမှာကို ကြောက်တယ်။ အဲဒါနဲ့ ကျွန်တော်က “ဒီပြဿနာက မပြေလည်ရင် ခင်ဗျားရဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ဆိုင်တဲ့ ပြဿနာ သက်သက်မဟုတ်တော့ဘူးမို့လား။ ခင်ဗျားက ကိုယ့်တာဝန်မှာ ဖြစ်သလိုလုပ်နေတာကြောင့်မဟုတ်ဘူးလား။ ဒါမှမဟုတ် သင်ယူပြီး စကားပြောဆက်ဆံဖို့ ပျက်ကွက်နေတာလား” ဆိုတာမျိုးတွေ ပြောလိုက်တယ်။ အပေါ်ယံမှာ ကျွန်တော်က မေးခွန်းကို ဖြေနေတဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ဒီလိုအဖြေမျိုးက ပြဿနာကို မဖြေရှင်းဘူးဆိုတာ ကျွန်တော့်စိတ်နှလုံးထဲမှာ သိနေတယ်။ ကျွန်တော်က အပြန်အလှန်အနေနဲ့ ဒီလိုမေးခွန်းတွေမေးရင် အဲဒီလူက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကျွန်တော့်ကို မေးခွန်းတွေ မမေးတော့ဘူးလို့ ထင်မိတယ်။ ဒီလိုဆိုတော့ ကျွန်တော့် အားနည်းချက်တွေက မပေါ်လွင်တော့ဘူးပေါ့။ ကျွန်တော်က ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အမြဲတမ်း ကောက်ကျစ်ပြီး လှည့်စားတတ်ခဲ့တယ်။ ကျွန်တော်က သိက္ခာကျရတာထက် ဘုရားကို ပုန်ကန်ပြစ်မှားရတာ ပိုပျော်နေတယ်။ ဒါက ကျွန်တော့်ရဲ့ မယုံကြည်ရတဲ့၊ ကောက်ကျစ်တဲ့သဘာဝကို၊ ကျွန်တော်က သမ္မာတရားကို စိတ်ကုန်နေတယ်ဆိုတာကို အပြည့်အဝ ဖွင့်ပြတယ်။ လိမ်တာ၊ လှည့်စားတာက အရမ်းပါးနပ်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တော့ ဒါ မိုက်မဲတာပဲ။ ကျွန်တော်က လူတိုင်းကို လိမ်လည်ပြီး လှည့်စားခဲ့ရင်တောင် သူတို့က ကျွန်တော့်ကို အထင်ကြီးလေးစားပြီး ကျွန်တော်က အလုပ်ပြီးအောင်လုပ်နိုင်တယ်၊ တာဝန်ကို ကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်ရင်တောင် ဘုရားက လက်ခံမှာမဟုတ်ဘူး။ သူက ကျွန်တော့်ကို ရွံရှာမှာပဲ။ ဒါဆိုရင် လူတိုင်းက လက်ခံတာက ဘာအကျိုးရှိမှာလဲ။ အဲဒီအချိန်မှာပဲ ကျွန်တော် လက်ဗလာဖြစ်ပြီး သနားစရာကောင်းသလို ခံစားမိတယ်။ ကျွန်တော်က မနက်ကနေ ညအထိ အလုပ်ရှုပ်နေတာ။ ဒါပေမဲ့ ရိုးသားတာတစ်ခုကိုတောင် မပြောနိုင်ဘူး။ ကျွန်တော့်ရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲဘူး။ ကျွန်တော့်မှာ ဘာသမ္မာတရားစစ်မှန်မှုမှမရှိခဲ့ဘူး။ အဲဒီနေ့က ခေါင်းဆောင်က ကြမ်းကြမ်းတမ်းတမ်း ဖော်ထုတ်ပြီး ဝေဖန်တာခံရတာဟာ ကျွန်တော့်အတွက် ဘုရားရဲ့ သတိပေးချက်ပဲ။ ကျွန်တော် ဒီလိုဆက်သွားလို့မဖြစ်ဘဲ ဘုရားထံမှာ နောင်တရရမယ်၊ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားပြီး အဲဒီစစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမယ်ဆိုတာ သိလိုက်တယ်။

အဲဒီနောက်မှာ ကျွန်တော့်မှာ တခြားဘာမရိုးသားတဲ့အပြုအမူတွေရှိသေးလဲ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပြန်ဆန်းစစ်ပြီး ပြောင်းလဲရမယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ အလုပ်အပေါ် ကျွန်တော့်ရဲ့ လတ်တလော အစီရင်ခံစာတွေမှာလည်း ကောက်ကျစ်တဲ့အပိုင်းတချို့ရှိတာကို ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်းကတစ်ဆင့် ကျွန်တော် သဘောပေါက်ခဲ့တယ်။ ပိုပြီးတော့ နှံ့နှံ့စပ်စပ်၊ ပြည့်ပြည့်စုံစုံပြီးတဲ့ အလုပ်တွေကို ကျွန်တော်က အသေးစိတ်မှတ်သားတယ်။ ဒါပေမဲ့ အကြမ်းဖျင်းပဲဖြစ်ပြီး မထိရောက်ဘဲလုပ်ထားတဲ့အလုပ်ကိုကျတော့ အကြမ်းဖျင်းဝေါဟာရတွေနဲ့ရေးတယ်။ ဒါမှမဟုတ် လုံးဝ မရေးဘူး။ ရလဒ်ကောင်းတွေမရတဲ့ ပရောဂျက်တစ်ခုရှိခဲ့တာကို ကျွန်တော် သတိရတယ်။ အလုပ်ကို တင်ပြဖို့ အချိန်ရောက်တော့ ကျွန်တော်က အမှန်အတိုင်းရေးလိုက်ရင် လူတိုင်းက ကျွန်တော့်ကို ဘယ်လိုထင်မလဲဆိုတာကို စဉ်းစားနေတယ်။ ဒီပရောဂျက်လေးကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူး၊ ကျွန်တော်က အရည်အချင်းမရှိဘူးလို့ သူတို့ ပြောကြမှာလားပေါ့။ ကျွန်တော်က အကျိုးအပြစ်တွေကို ချိန်ဆပြီးတော့ ဘယ်သူမှမသိအောင်လို့ အဲဒီပရောဂျက်တိုးတက်မှုကို မရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်က အရမ်းအလုပ်ရှုပ်ပြီး ဒါကို မေ့သွားတာလို့ သူတို့ ထင်ချင်ထင်နိုင်တယ် ပေါ့။ ကျွန်တော့် အစီရင်ခံစာတွေမှာ ကျွန်တော်က အကွက်ချတယ်၊ ခဏခဏ မရိုးသားဘဲ လှည့်စားတယ်။ တော်တော် ကောက်ကျစ်ခဲ့ပါတယ်။ ကျွန်တော် ယုံကြည်တဲ့နှစ်တွေတစ်လျှောက်မှာ တာဝန်တွေအများကြီးထမ်းဆောင်ပြီး ဆင်းရဲဒုက္ခတချို့ခံခဲ့ပေမဲ့ ကျွန်တော်က သမ္မာတရားကို လိုက်စားဖို့ အားမထုတ်ခဲ့ဘူး။ ကျွန်တော်က ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုပဲ စဉ်းစားနေခဲ့တယ်။ ဒါကြောင့် ကျွန်တော်က နည်းနည်းလေးမှ ရိုးသားသူတစ်ယောက်လို ပြောဆိုပြုမူတာ မရှိနေသေးဘူး။ ကျွန်တော်က ရိုးရှင်းပြီး ပွင့်လင်းဖို့ သတ္တိမရှိခဲ့ဘူး။ သနားစရာပါပဲ။ တစ်ခါတလေ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ဘုရားက ကျွန်တော်တို့ကို အများကြီးစကားပြောခဲ့တယ်။ သူ့နှုတ်ကပတ်တော်တွေ အများကြီးကို ကျွန်တော် ဖတ်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေထဲက ဘယ်တစ်ခုရဲ့ စစ်မှန်မှုအတိုင်း ကျွန်တော် အသက်ရှင်နေထိုင်နေသလဲ။ ကျွန်တော့်အလုပ်နဲ့ပတ်သက်တဲ့ တိကျတဲ့အစီရင်ခံစာကိုတောင် မရေးနိုင်ဘူး။ ဒီလိုဆိုရင် အဆုံးမှာ ကျွန်တော် ဘာရမှာလဲ။ အဲဒီအချိန်မှာ ကျွန်တော်က အန္တရာယ်ကျရောက်လုနီးနီးဖြစ်နေသလို ခံစားမိတယ်။ နောင်တမရဘဲ၊ စိတ်သဘောထားမှာ ပြောင်းလဲမှုကို မလိုက်စားဘဲနဲ့ ကျွန်တော်က အချိန်မရွေး ဘုရားသခင်က ထုတ်ပယ်တာကို ခံရမှာပဲ။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော် အရမ်းကို ဖောက်ပြန်ပျက်စီးနေပါတယ်။ ကျွန်တော့်ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အမြဲတမ်း လိမ်ညာလှည့်စားနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သိနိုင်ဖို့အတွက် ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြီး လမ်းပြတော်မူပါ” ပေါ့။

အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “သင်တို့သည် မည်သည့်အဆင့်၌မဆို ခေါင်းဆောင်တစ်ဦး၊ အမှုဆောင်တစ်ဦး၊ သို့မဟုတ် ကြီးကြပ်ရေးမှုတစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်အား မေးခွန်းထုတ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ ပျက်ယွင်းခြင်းများနှင့် အမှားများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ကိုင်တွယ်ဖြေရှင်းမည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။...သင်၏ စိတ်နှလုံးထဲရှိ ထိုအကြောက်တရားသည် သင်၌ အနည်းဆုံးအနေဖြင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိကြောင်း သက်သေပြသည်။ ပြီးလျှင် ကြောက်စိတ်ဝင်လာသည့်အခါ၊ သင်သည် ကိစ္စများကို ဖုံးဖိပြီး အခြားသူများကို လှည့်စားလိုသည်။ ယင်းမှာ လက်ရှိအခြေအနေ ဖြစ်သလော။ (ဟုတ်ပါသည်။) သင် မည်သည့်အရာကို ကြောက်နေသနည်း။ ထိုကိစ္စကို သင် အဘယ်ကြောင့် ရိုးသားစွာနှင့် ပွင့်လင်းစွာ သဘောထားကာ၊ ‘ကျွန်ုပ် အဆုံး၌ ဂုဏ်အဆင့်အတန်းမရှိလျှင်၊ မည်သည့်အရာကို တတ်နိုင်မည်နည်း။ ဤကိစ္စကို ဖော်ထုတ်ခံရပြီး အထက်မှ သိသွားလျှင်ပြီး၊ သူတို့က ကျွန်ုပ်ကို ထပ်မသုံးတော့လျှင်ပင်၊ အခြေအနေကို ရှင်းလင်းစွာ ရှင်းပြဖို့ လိုသေးသည်’ ဟု မပြောနိုင်ရသနည်း။ သင်သည် သင်၏ ဂုဏ်အဆင့်အတန်းကို သမ္မာတရားထက် ပိုချစ်ကြောင်း သင်၏အကြောက်တရားက သက်သေပြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ (ဟုတ်ပါသည်။) အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ သင်သည် ဂုဏ်အဆင့်အတန်းကို အဘယ်ကြောင့် အလွန် တန်ဖိုးထားရသနည်း။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များမှာ အဘယ်နည်း။ ဂုဏ်အဆင့်အတန်းက သင့်အား ဘေးဒုက္ခ၊ အခက်အခဲများ၊ အရှက်ရခြင်းနှင့် နာကျင်မှုတို့ကိုသာ ဆောင်ကြဉ်းပေးလျှင်၊ သင်သည် ယင်းကို တန်ဖိုးထားဦးမည်လော။ (မထားပါ။) ဂုဏ်အဆင့်အတန်းရှိခြင်းတွင် အခြားလူများထံမှ အားကျမှု၊ လေးစားမှု၊ အထင်ကြီးမှုနှင့် မြှောက်ပင့်ခြင်းတို့အပြင်၊ ၎င်းတို့၏ လေးစားအားကျခြင်းနှင့် ကြည်ညိုခြင်းတို့ကဲ့သို့ အရာများဖြစ်သည့် အကျိုးအမြတ်များစွာရှိသည်။ သင့်ကို ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကိုယ် တန်ဖိုးထားစိတ်တို့ကို ပေးသည့် သာလွန်ခြင်းနှင့် အခွင့်ထူးခံစိတ်တို့လည်း ရှိသည်။ ထို့အပြင် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များနှင့် အထူးဆက်ဆံမှုများတို့ကဲ့သို့ အခြားသူများ မခံစားရသည့်အရာများကိုလည်း သင်ခံစားနိုင်သည်။ ဤအရာများအားလုံးသည် သင် အိပ်မက်မက်ခဲ့သော်လည်း သင် မတွေးဝံ့သည့် အရာများ ဖြစ်သည်။ ဤအရာများကို သင်ချစ်မြတ်နိုးသလော။ ဂုဏ်အဆင့်အတန်းသည် ပေါ့တန်ရုံသာရှိပြီး တကယ့်အဓိပ္ပာယ် မရှိလျှင်၊ ယင်းကို ကာကွယ်ခြင်းက မည်သည့်ရည်ရွယ်ချက်မျှ မရှိလျှင်၊ ယင်းကို ချစ်မြတ်နိုးရသည်မှာ မိုက်မဲသည် မဟုတ်လော။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်မွေ့မှုများတို့ကဲ့သို့သော အရာများကို သင်လက်လွှတ်နိုင်လျှင်၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းတို့သည် သင့်ကို ချည်နှောင်ထားတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းနှင့် လိုက်ဖမ်းခြင်းတို့နှင့် ဆက်နွှယ်သော ပြဿနာများကို မဖြေရှင်းမီ မည်သည့်အရာကို ဖြေရှင်းရမည်နည်း။ ပထမဦးစွာ ဂုဏ်အဆင့်အတန်းက သင့်အားပေးသည့် အရာများ၊ သင် အလွန်ယစ်မူးပြီး သင်ချစ်မြတ်နိုးသည့်အရာများ၏ အနှစ်သာရကို သင်မြင်ရမည်ဖြစ်သည်။ ဤအရာများကို ရိပ်စားမိပြီး သင်လက်လွှတ်နိုင်လျှင်၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းတို့၏ သွေးဆောင်ဖြားယောင်းခြင်းက ယုတ်လျော့သွားလိမ့်မည် ဖြစ်ပြီး၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းတို့ကို ပျော်မွေ့ခံစားဖို့အလို့ငှာ သင် ပြုမူဆောင်ရွက်သည့်အခါတွင် ပေါ်ပေါက်လာသည့် ပြဿနာများ၊ သင်လုပ်ဆောင်နိုင်သည့် မကောင်းမှု၊ သင်ပါဝင်လုပ်ဆောင်သည့် လှည့်စားမှု၊ ဖုံးကွယ်ခြင်း၊ ထိမ်ချန်ကွယ်ဝှက်ခြင်း၊ ပြီးလျှင် အခြားသူများ၏ ကြီးကြပ်ခြင်း၊ မေးမြန်းခြင်း၊ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းတို့ကို သင်၏ ငြင်းပယ်ခြင်းတို့အားလုံးသည် ပြေလည်သွားလိမ့်မည်။ ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ငမ်းငမ်းတက်လိုချင်ခြင်း၏ အနှစ်သာရကို ရိပ်စားနိုင်စွမ်းမရှိဘဲ၊ ဤပြဿနာများသည် မည်သည့်အခါမျှ ပြေလည်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)) ကျွန်တော်က ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ချစ်မြတ်နိုးလွန်းတာကြောင့် လိမ်ညာလှည့်စားတာကို မရပ်နိုင်တာဆိုတာ ကျွန်တော် သဘောပေါက်အောင် ကူညီပေးခဲ့တယ်။ ကျွန်တော့်ရဲ့ နာမည်နဲ့ ရာထူးကို ကာကွယ်ဖို့အတွက် အလုပ်ကို နောက်ကလိုက်လုပ်ဖို့ ကျွန်တော် ပျက်ကွက်တဲ့ တကယ့်ဖြစ်ရပ်ကို ခေါင်းဆောင် မမြင်ဖို့အတွက် ကျွန်တော်က အကွက်ချကြံစည်ဖို့၊ လှည့်ကွက်တွေလုပ်ဖို့၊ ကျွန်တော့်စကားတွေနဲ့ ခေါင်းဆောင်ကို လှည့်စားဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့အလုပ်အစီရင်ခံစာတွေမှာ ကျွန်တော့်အားနည်းချက်တွေကို ဖုံးပြီး ကောင်းတာတွေပဲ တင်ပြတယ်။ မကောင်းတာတွေ မပါဘူး။ ကျွန်တော်က လက်တွေ့အလုပ်လုပ်တဲ့ခေါင်းဆောင်လို့ သူများတွေ ထင်အောင်ပေါ့။ ကျွန်တော့်ရဲ့ သရုပ်မှန်ကို သူတို့မြင်ပြီး ကျွန်တော့်ကို အထင်မကြီးဖြစ်ပြီး အဲဒါဆိုရင် အဲဒီအဆင့်အတန်းကြောင့်ရတဲ့ သာလွန်တဲ့ခံစားချက်ကို မခံစားရတော့မှာကို ကျွန်တော် ကြောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဒါကိုမြင်တဲ့အခါ “အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။” ဒါက ဘယ်လောက်ဆိုးတဲ့ပြဿနာလဲဆိုတာ နောက်ဆုံးမှာ ကျွန်တော် သဘောပေါက်သွားတယ်။ အထုတ်ခံရတဲ့ အန္တိခရစ်တွေအကြောင်း ကျွန်တော် စဉ်းစားမိတယ်။ သူတို့က အမြဲတမ်း သူတို့တာဝန်မှာ နာမည်နဲ့ အဆင့်အတန်းနောက်ကို လိုက်တယ်။ လှည့်ကွက်တွေလုပ်ပြီး နောက်ကွယ်မှာ လှည့်စားတတ်တယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်ကို အရမ်းနှောင့်ယှက်တယ်။ ဒါကြောင့် သူတို့က အဖော်ထုတ်ခံရပြီး နှင်ထုတ်ခံရတယ်။ သူတို့တွေက အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေကို နှစ်သက်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေလည်းဖြစ်တယ်။ သူတို့က တကယ့်အလုပ်ကို မလုပ်တဲ့အခါမှာ သူတို့တာဝန်မှာ အမြဲတမ်း ကောက်ကျစ်ပြီး အမှန်ကို ဖုံးကွယ်ကြတယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်က နှောင့်နှေးရတယ်။ ဒါက ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတဲ့ အစ်မချန်လိုပဲပေါ့။ သူကလည်း အဲဒီအချိန်တုန်းက တခြားအလုပ်ကို ကိုင်တွယ်နေရတာ။ သူက ရာထူးနှစ်ခုလုံးမှာ စိတ်မချရဖြစ်ပြီး လှည့်စားတတ်တယ်။ ဧဝံဂေလိအလုပ်မှာ သူက သူ့ရဲ့တခြားအလုပ်နဲ့ ရှုပ်နေပြီး တခြားအလုပ်မှာကျတော့ သူက ဧဝံဂေလိအလုပ်နဲ့ ရှုပ်နေတယ်လို့ ပြောတယ်။ တကယ်တမ်းတော့ သူက ဘယ်ဘက်မှာမှ အလုပ်မလုပ်နေဘူး။ နောက်ဆုံးကျ ဖော်ထုတ်ခံရပြီး အထုတ်ခံလိုက်ရတယ်။ တခြားလူတွေရဲ့ ကျရှုံးမှုတွေက သင်ခန်းစာတွေက ကျွန်တော့်အတွက် သတိပေးချက်ပဲ။ ကျွန်တော့်ရဲ့ နာမည်နဲ့ အဆင့်အတန်းအတွက် လှည့်ကွက်တွေလုပ်ပြီး လှည့်စားတာက ကိုယ့်ကိုယ်ကိုယ်နဲ့ သူများတွေကို လှည့်စားနေတာပဲ။ မိုက်မဲနေတာပါပဲ။ ဘုရားက အရာရာကို မြင်တယ်။ ရိုးသားသူတွေကို နှစ်သက်တယ်။ ရိုးသားသူတွေသာ ဘုရားအိမ်တော်မှာ ခိုင်မာတဲ့ ခြေကုပ်ရှိပါတယ်။ ကောက်ကျစ်သူတွေက တစ်ချိန်ချိန်မှာ ဖော်ထုတ်ပြီး ထုတ်ပယ်ခံရမှာပါ။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ ကျွန်တော်က ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ဟန်ဆောင်ပြီး အမြင်မှားအောင်လုပ်နေတာပါ။ လူတချို့ကို ကျွန်တော် အရူးလုပ်ခဲ့ပေမဲ့ ဘုရားရဲ့ စီစစ်မှုကို မလွတ်မြောက်နိုင်ပါဘူး။ အဆုံးမှာ ဘုရားက ကျွန်တော့်ကို ဖော်ထုတ်ပြီး ထုတ်ပယ်ခံရမှာပဲ။ အဲဒီမှာ ရိုးသားခြင်းရဲ့ အရေးကြီးမှုကို ကျွန်တော် သဘောပေါက်သွားပြီး ဘုရားသခင်က အလိုရှိသလို ရိုးသားခြင်း၊ အရာရာမှာ ဘုရားရဲ့ စိစစ်မှုကို လက်ခံခြင်းက ဘုရားရဲ့ လက်ခံမှုကိုရရှိဖို့ တစ်ခုတည်းသောနည်းလမ်းပဲဆိုတာ သိခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “လူတစ်ယောက်သည် မိမိ၏စိတ်နှလုံးအတွင်း အမှန်တကယ်ရှိသည့်အရာကို အစဉ်ပြောဆိုလျှင်၊ မည်သည့်အခါမျှ လိမ်ညာခြင်း၊ သို့မဟုတ် ချဲ့ကားပြောဆိုခြင်းမရှိလျှင်၊ ရိုးသားစစ်မှန်လျှင်၊ တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိလျှင်၊ မိမိနားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤလူသည် သမ္မာတရားကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ လူတစ်ယောက်သည် သူ့ကို မည်သူမျှ ရှင်းလင်းစွာ မမြင်နိုင်ရန်အတွက် မိမိကိုယ်မိမိ ဖုံးကွယ်ပြီး စိတ်နှလုံးကို ဖုံးထားလျှင်၊ အခြားလူတို့ကို လှည့်စားရန် မှားယွင်းသော အမြင်ကို ပေးလျှင်၊ ထိုသူသည် ကြီးမားသောအန္တရာယ်ကျရောက်လေသည်။ ၎င်းတို့သည် အလွန် ဒုက္ခရောက်ကြသည်။ သမ္မာတရားကိုရရှိရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ ထိုသူကို ရိပ်စားမိပြီး ဖော်ထုတ်ခြင်းခံရမည် ဖြစ်သည်။ သင်သည် လူတစ်ယောက်၏ အလားအလာများကို သူ၏ နေ့စဉ် အသက်တာ၊ စကားများနှင့် လုပ်ရပ်များမှတစ်ဆင့် မြင်နိုင်သည်။ ဤလူသည် အစဉ် ဟန်ဆောင်နေလျှင်၊ အစဉ် သူများထက်သာသည့် ပုံစံပြုမူနေထိုင်လျှင် ဤလူသည် သမ္မာတရားကို လက်ခံသည့်သူမဟုတ်ပေ။ ထိုသူသည် အနှေးနှင့်အမြန် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမည်။...မည်သည့်အခါမျှ မပွင့်လင်းသော၊ အကြောင်းကိစ္စများကို အစဉ် ဖုံးကွယ်သော၊ အစဉ်သဖြင့် ဖြောင့်မှန်ဟန်ဆောင်သော၊ မိမိတို့ကို အခြားလူများအထင်ကြီးအောင်ပြုလုပ်ဖို့ အစဉ်ကြိုးစားသော၊ ၎င်းတို့အား အပြည့်အဝသိမြင်ရန် အခြားလူတို့ကို ခွင့်မပြုသော၊ အခြားလူတို့ကို ၎င်းတို့အား လေးစားခွင့်မပြုသော ဤလူတို့သည် မမိုက်မဲသလော။ ဤသို့သောလူတို့သည် အလွန့်အလွန် မိုက်မဲသည်။ ဤသည်မှာ လူတစ်ယောက်နှင့်ပတ်သက်သည့် အမှန်တရားသည် အနှေးနှင့်အမြန် ပေါ်လွင်လိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့ ပြုမူလုပ်ဆောင်ရာတွင် မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်သနည်း။ ဖာရိရှဲများ၏ လမ်းကြောင်းဖြစ်သည်။ သူတော်ကောင်း ယောင်ဆောင်သူများသည် အန္တရာယ်ကျရောက်သလော၊ မကျရောက်သလော။ ၎င်းတို့သည် ဘုရားသခင် အမုန်းတီးဆုံးလူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အန္တရာယ်မကျရောက်ဟု သင် စိတ်ကူးသလော။ ဖာရိရှဲဖြစ်သောသူ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်း လမ်းကြောင်းကို လျှောက်ကြသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) အမြဲတမ်းပုံးနေတာ၊ ဖုံးကွယ်နေတာ၊ ဟန်ဆောင်နေတာက လမ်းမှားပဲ။ နောက်ပြန်မလှည့်ရင် အဆုံးမှာ ဖျက်ဆီးခံရမယ်။ ကျွန်တော် ဘုရားကို ဆုတောင်းပြီး စိတ်ပိုင်းဖြတ်လိုက်တယ်။ စိတ်သဘောထားမှာ ပြောင်းလဲဖို့ စတင်လိုက်စားပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်တယ်။ “သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်စဉ်းစားပြီး ကျွန်တော် သဘောပေါက်သွားတာက ဘုရားရဲ့ စိစစ်မှုကို လက်ခံတဲ့သူတွေသာ ဘုရားကို ကြောက်ရွံ့မှုရှိကြတယ် သမ္မာတရားကို ရှာဖွေဖို့အတွက် ဘုရားရှေ့မှာ သူတို့ကိုယ်သူတို့ ငြိမ်သက်စေနိုင်တယ်၊ သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေကို အတိအကျ အကဲဖြတ်နိုင်တယ်၊ မှန်ကန်တဲ့အရာကိုလုပ်ဖို့ သိပြီး ဘုရားရဲ့ လက်ခံမှုကို ဘယ်လိုရယူရမယ်ဆိုတာကိုသိတယ်ဆိုတာပဲ။ ဘုရားသခင်က သူ့ရဲ့စိစစ်မှုကို ကျွန်တော်တို့ကို လက်ခံစေခြင်းအားဖြင့် သူ့ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော်တို့ပြောတဲ့၊ လုပ်တဲ့အရာအတွက် စံနှုန်းနဲ့ အခြေခံဖြစ်လာနိုင်ဖို့အတွက် ဘုရားရှေ့မှာ အမြဲတမ်းနေထိုင်ပြီး စာတန်က လှည့်စားတာကို မခံရတဲ့အခွင့်ကို ကျွန်တော်တို့ကိုပေးတယ်။ ဒါက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံရဖို့ လမ်းကြောင်းပေါ်ကို ခြေချဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဘုရားအလိုတော်ကို နားလည်ပြီးတဲ့နောက်မှာ ဘုရားသခင်အပေါ် ကျွန်တော့်စိတ်နှလုံးကို ဖွင့်ဟဖို့ ဟန်မဆောင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဟန်မလုပ်ဖို့၊ အရာရာမှာ ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့ စပြီး လက်တွေ့လုပ်ဆောင်တယ်။ အဲဒီနောက်မှာ အစီရင်ခံစာတွေ ကျွန်တော်ရေးတဲ့အခါမှာ ရိုးသားပြီး ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့ ကျွန်တော် ကောင်းကောင်းမလုပ်ခဲ့တဲ့ အလုပ်ကို အတိအကျဖော်ပြဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ခေါင်းဆောင်က ကျွန်တော့်အလုပ်ကို မေးတဲ့အခါမှာ ကျွန်တော်က သေချာ အမှန်အတိုင်းပြောတယ်။ သူများတွက ကျွန်တော့်ကို မေးခွန်းတွေ မေးတဲ့အခါ ကျွန်တော်က ကိုယ်သိတာကို အမှန်အတိုင်းပြောတယ်။ သိရင်သိတယ်။ မသိရင် မသိဘူးပေါ့။ ဒီလို လက်တွေ့လုပ်တော့ ပိုပြီးတော့ တော်တော် စိတ်သက်သာတယ်။ ဘုရားရဲ့ စိစစ်မှုကို လက်ခံခြင်းက သမ္မာတရားစစ်မှန်မှုထဲကို ဝင်ရောက်ပြီး ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ဖို့ လမ်းကြောင်းတစ်ခုပဲဆိုတာ ကျွန်တော် ကြုံတွေ့ခဲ့ရတယ်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘဲနဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သေချာစစ်ဆေးမှာမဟုတ်ဘူး၊ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ သမ္မာတရားကို တကယ်လိုက်စားမိမှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော် ကြုံတွေ့ခဲ့ရတယ်။ ဒီလိုမဟုတ်ရင် ကျွန်တော် ယုံကြည်ခြင်းရှိတာ နှစ်ဘယ်လောက်ရှိပါစေ၊ တာဝန်တွေ ဘယ်လောက်ထမ်းဆောင်ခဲ့ပါစေ၊ ဘယ်လောက်ဒုက္ခခံခဲ့ပါစေ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ကျွန်တော် ကယ်တင်ခြင်းခံရနိုင်မှာမဟုတ်ဘဲ ဘုရားက သေချာပေါက် ထုတ်ပယ်တာကို ခံရမှာပဲ။ အဲဒီအချိန်မှာ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတာက ရိုးသားခြင်းရဲ့ အရေးကြီးမှုကို ကျွန်တော့်ကို ပြခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်မချရတဲ့၊ ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားကို နည်းနည်းလည်ခဲ့တယ်။ ဒါက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

ယုလု၊ ပေါ်တူဂီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ...

မကျန်းမာမှုနှင့် ဆင်းရဲဒုက္ခတို့က ကျွန်မ၏ သရုပ်မှန်ကို ပြခဲ့သည်

ထင်ထင် တရုတ်နိုင်ငံ ကျွန်မငယ်ငယ်ကတည်းက ခေါင်းကိုက်လေ့ရှိတယ်။ တစ်ခါတလေ အရမ်းနာတာ အိပ်ရာပေါ်မှာပဲ လူးလှိမ့်နေရတယ်။...

သင်၏ အငြင်းအခုံသန်ခြင်း နောက်ကွယ်တွင် မည်သည့် စိတ်သဘောထားရှိသနည်း

ချမ်းမို တောင်ကိုရီးယားနိုင်ငံ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကို ဘုရားနှစ်သက်တာ မူအရသိခဲ့တယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။