ကယ်တင်ခံရဖို့ သင်ရိုးသားလာရမည်

21.07.2022

အိုက်ကွမ်း ပြင်သစ်နိုင်ငံ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပြင်သစ် လူသစ်အသင်းတော်သို့ ယုံကြည်သူသစ်များကို ရေလောင်းပေးဖို့ ကျွန်မလာခဲ့သည်။ ခဏကြာပြီးနောက် လူသစ်တစ်ဦးသည် တော်တော် မာနထောင်လွှားသည့် စိတ်သဘောထားရှိကြောင်း၊ မိမိကိုယ်ပိုင် စိတ်ကူးများကို မကြာခဏ မလျှော့တမ်း ပြောပြီး သူ၏ ညီအစ်ကို မောင်နှမများနှင့် ကောင်းကောင်း အလုပ်မလုပ်နိုင်ကြောင်းကို ကျွန်မတွေ့ရသည်။ သူ၏ ပြဿနာကို အခြားသူများက ပြောပြသည့်အခါ လက်ခံဖို့ သူငြင်း၏၊ အမှားအမှန်နှင့်ပတ်သက်၍ ငြင်းခုံပြီး သူ့ကြောင့် စိတ်ကျဉ်းကျပ်ရအောင် လုပ်ကာ အသင်းတော်အလုပ်ကို နှောင့်ယှက်ရင်း ထိုသူတို့နောက်ကွယ်တွင် သူတို့ကို ဝေဖန်ရှုတ်ချ၏။ စည်းမျဉ်းများအရဆိုလျှင် သူ့ကို ထုတ်ပယ်သင့်သည်။ သို့သော် ကျွန်မတွင် ပူပန်မှုအချို့ ရှိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျွန်မအနေနှင့် သူ့ကို သွားမိတ်သဟာယပြုပေးရမည် ဖြစ်သော်လည်း ယခင်က ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ခါမျှ မလုပ်ခဲ့ဖူးသကဲ့သို့ ဤအကြောင်းအရာပေါ် မည်သူနှင့်မျှ မိတ်သဟာယမပြုဖူးသည့်အပြင် မည်သို့ လုပ်ဆောင်ရမည်ကိုလည်း မသိ၍ ဖြစ်သည်။ သို့သော် ကြီးကြပ်သူကို ကျွန်မမမေးမြန်းချင်ခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် ဤပြဿနာကိုပင် ကျွန်မမကိုင်တွယ်နိုင်ကြောင်း သူသိသည့်အခါ ကျွန်မသည် မစွမ်းဆောင်နိုင်ဟု သူထင်မည်ဖြစ်ပြီး ကျွန်မ၏ အားနည်းချက်ကို ရှင်းရှင်းလင်းလင်း တွေ့မည်ဖြစ်ကာ ကျွန်မကို တန်ဖိုးမထားတော့မည်၊ မပျိုးထောင်ပေးတော့မည်ကို ကျွန်မကြောက်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကျွန်မ၏ ပြင်သစ်စကားပြောက သိပ်မကောင်းသောကြောင့် ပြောလိုသည့်အရာကို ကျွန်မမရှင်းပြနိုင်ပါက လူသစ်သည် အပျက်သဘောဆောင်၊ အားနည်းလာပြီး မိမိ၏ ယုံကြည်ခြင်းမှ နုတ်ထွက်သွားမည်ဖြစ်ကာ ကျွန်မတာဝန်ယူရမည် ဖြစ်သည်ဟုလည်း တွေးမိသည်။ ကျွန်မချီတုံချတုံ ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ဤကိစ္စကို လူသစ်အသင်းတော် ခေါင်းဆောင်ဖြစ်သည့် ညီအစ်ကိုကလော့ဒ်ထံ အပ်ပြီး ကိုင်တွယ်ခိုင်းလိုက်သည်။ ဤသည်မှာ ညီအစ်ကိုကလော့ဒ်အတွက် ပြဿနာများအား မိမိဘာသာ မည်သို့ဖြေရှင်းရမည်ကို သင်ပေးရန် လေ့ကျင့်မှုဖြစ်ကြောင်း ကျိုးကြောင်းပြချက်တစ်ခုပင် ကျွန်မရှာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မိတ်သဟာယအတွင်း သူစကားရှင်းရှင်းလင်းလင်း မပြောသောကြောင့် လူသစ်က အထင်လွဲ၍ အပျက်သဘောဆောင်လာပြီးနောက် နုတ်ထွက်ကာ ယုံကြည်ခြင်း ရပ်လိုက်သည်။ ဤအရာကြောင့် ညီအစ်ကိုကလော့ဒ်က အလွန်စိတ်မချမ်းမသာ ဖြစ်သွား၏။ မိတ်သဟာယပြုဖို့ သူအလွန်မိုက်မဲသည်ဟု ပြောသည်။ ဤသည်မှာ ကျွန်မ၏ တာဝန်ဖြစ်သည်ကို ကျွန်မသိသော်လည်း ကျွန်မ၏ ပြဿနာကို စိစစ်ဖို့ သူ့ထံ ကျွန်မဖွင့်မပြောခဲ့ပါ။ သူ့ကို တည်တည်ငြိမ်ငြိမ် မိတ်သဟာယပြုပေးခဲ့ပြီး သူ၏ သွေဖည်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ကျွန်မ၏ အခြေအနေအမှန်ကို ထုတ်ဖော်မပြခဲ့ဘဲ ပြဿနာများကို ကျွန်မဖြေရှင်းနိုင်သည်ဟု သူ့ကို တလွဲထင်စေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် စုဝေးပွဲတစ်ခုတွင် ခေါင်းဆောင်က မိတ်သဟာယပြုသည့်အခါ ကျွန်မ၏ အခြေအနေကို ထောက်ပြခဲ့သည်။ ရေလောင်းသည့် အမှုဆောင်တစ်ဦးက သူ၏ တာဝန်များကို တာဝန်မဲ့စွာ ထမ်းဆောင်ခဲ့ကြောင်းနှင့် ပြဿနာများကို ကိုယ်တိုင် မဖြေရှင်းဘဲ၊ ထိုအစား လူသစ်ခေါင်းဆောင်ကို ဖြေရှင်းခိုင်းသဖြင့် ပြဿနာများက မပြေမလည်ဖြစ်သွားပြီး လူသစ်တစ်ဦးက မိမိ၏ ယုံကြည်ခြင်းမှ နုတ်ထွက်သွားသည်ဟု သူပြော၏။ ကျွန်မ၏ ပြဿနာကို ခေါင်းဆောင်က အလွန်တဲ့တိုး ထောက်ပြသည်ကို ကြားရသည့်အခါ ကျွန်မချက်ချင်း ရှက်သွားခဲ့သည်၊ “အသင်းတော်တချို့က ကြီးကြပ်သူတွေနဲ့ ရေလောင်း အမှုဆောင်တွေ ဒီမှာရှိနေတာ။ လူတိုင်းက အခု ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက လုံးဝ အားကိုးမရဘူးလို့ သူတို့အားလုံး ထင်ကုန်ကြမှာပဲ” ဟု တွေးရင်း ဂုဏ်သိက္ခာ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်ခဲ့၏။ ခေါင်းဆောင်က ပြောပြီးသွားသည့်အခါ လူတိုင်းကို စကားပြောခိုင်းသည်။ “ဒီနေရာမှာ ခေါင်းဆောင်က အရမ်းကို တိုက်ရိုက်ကြီး ပြောသွားတာ၊ ငါက တရားခံပဲ။ အခု ငါမိတ်သဟာယမပြုရင် ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာကို လက်ခံတတ်တဲ့ သဘောထား ငါ့မှာ မရှိတဲ့ပုံ ပေါ်မှာ မဟုတ်လား။ အဲဒါက ခေါင်းဆောင်အပေါ် မကောင်းတဲ့ ထင်မြင်ချက် သေချာပေါက် ချန်ထားခဲ့မှာပဲ” ဟု ကျွန်မတွေးမိခဲ့သည်။ ကျွန်မ၏ ပုံရိပ်ကို ပြန်ထိန်းသိမ်းဖို့ ကျွန်မဦးဆုံး မိတ်သဟာယပြုပြီး အနည်းငယ် ငိုသံပါပါနှင့် “ကျွန်မကြောင့် ဒီလိုအရာမျိုး ဖြစ်သွားလို့ အရမ်းနောင်တရမိပါတယ်။ ကျွန်မက အရမ်းတာဝန်မဲ့သူဖြစ်မှန်း အခု မြင်ပါပြီ” ဟု ပြောလိုက်သည်။ မိမိကိုယ်ကိုနှင့်ဆိုင်သည့် “အသိ” ကို ပြပြီးနောက်တွင် “အရင်ကဆိုရင် အဲဒီလူသစ်ရဲ့ အခက်အခဲတွေကို ကျွန်မသိရတော့ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်လို့ သူ့ကို မိတ်သဟာယပြုပေးခဲ့သလို သူ့ကို ကူညီပြီး အားပေးဖို့ အင်မတန် အားထုတ်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ထုတ်ပယ်ဖို့ ဖြစ်လာတဲ့အခါ ဘာသာစကား အတားအဆီးကြောင့် ညီအစ်ကိုကလော့ဒ်ကို ကျွန်မကိုင်တွယ်ခိုင်းခဲ့တယ်။ အဲဒီလိုလုပ်တာရဲ့ အကျိုးဆက်တွေကို ကျွန်မထည့်မတွက်ခဲ့ဘူး။ အဲဒါကြောင့် လူသစ်က သူ့ယုံကြည်ခြင်းကနေ နုတ်ထွက်သွားတာပါ” ဟု ပြောလျက် ကိုယ့်ကိုယ်ကိုယ် စတင်ရှင်းပြခဲ့သည်။ ဆွေးနွေးမှုပြီးသည့်နောက် ညီအစ်မတစ်ဦးက ကျွန်မကို စာပို့ပြီး တဲ့တိုးပြောလာသည်မှာ “အစ်မရဲ့ စကားလေသံက အရမ်းနူးညံ့လွန်းတယ်။ တမင်ရည်ရွယ်ထားသလိုပဲ။ သက်သောင့်သက်သာ မဖြစ်ဘူး။ အစ်မက ငါမှားမှန်း သိနှင့်ပြီးသားမို့လို့ ငါ့ကို လာမဆူကြတော့နဲ့ဆိုတဲ့ ပုံစံမျိုးကြီး ဖြစ်နေတယ်” ဟူ၍ ဖြစ်သည်။ စာကို ကျွန်မဖတ်ရသည့်အခါ အရှက်ကွဲ၍ ကျွန်မမျက်နှာက ချက်ချင်းနီရဲသွား၏။ လှည့်ကွက်တစ်ခု လုပ်နေစဉ် အမိခံလိုက်ရသကဲ့သို့ ခံစားရသည်။ အလွန်ရှက်စရာဖြစ်ခဲ့ရ၏။ ထို့နောက်တွင် ထိုညီအစ်မ၏ စကားလုံးများက ကျွန်မစိတ်နှလုံးထဲ အမြဲ ရှိနေခဲ့သည်။ ကျွန်မ၏ ပြဿနာများကို သူက တဲ့တိုးထောက်ပြခဲ့ခြင်း ဖြစ်၏၊ ထိုအရာနောက်တွင် ဘုရား၏ အလိုတော်ရှိရပေမည်။ ကျွန်မကောင်းကောင်းမွန်မွန် သုံးသပ်ပြီး မိမိကိုယ်ကို နားလည်ဖို့ ကြိုးစားသင့်သည်။ သုံးသပ်ကြည့်ရာတွင် ကျွန်မအနေနှင့် ပြုပြင်ခံရပြီး ကိုင်တွယ်ခံရသည့်အခါတိုင်း မိမိ၏ပြဿနာများကို အမြဲ ဝန်ခံပြီးနောက် အယောက်တိုင်းက ကျွန်မကို ခွင့်လွှတ်ပြီး ကျွန်မကို ဗွေမယူကြတော့ဖို့အလို့ငှာ အခြားသူများ၏ စာနာမှုနှင့် သိနားလည်မှုတို့ ရရန် ဝမ်းနည်းပြီး စိတ်ထိခိုက်သည့် လေသံဖြင့် ကျွန်မ၏ တကယ့်အခက်အခဲများကို ဖော်ပြခဲ့ကြောင်း ကျွန်မသဘောပေါက်သွားသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မလက်ခံနိုင်သည်ဟု အခြားသူများအား ထင်စေချင်ပြီး ကျွန်မအပေါ် ထင်မြင်ချက်ကောင်းတစ်ခု ရှိစေချင်ခဲ့သည်။ ဤအရာအားဖြင့် ကျွန်မ၏ စကားလုံးများတွင် လှည့်ကွက်များစွာ ရှိသည်ကို သဘောပေါက်ခဲ့သည်။ ထို့နောက်တွင် ဤပြဿနာနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော် အပိုင်းများကို စားသောက်ဖို့ ကျွန်မရှာခဲ့သည်။

တစ်နေ့တွင် သမ္မာကျမ်းထဲရှိ ဘုရားသခင်နှင့် စာတန်ကြား အပြန်အလှန် ပြောဆိုချက်ကို ကျွန်မသတိရသွား၏။ “ယေဟောဝါက စာတန်ကို ပြောသည်၊ ‘အသင် အဘယ်အရပ်က လာသနည်။’ ထို့နောက် စာတန်က ယေဟောဝါကို ဤသို့ ပြန်ဖြေကြားခဲ့၏၊ ‘မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။’” (ယောဘ ဝတ္ထု ၁:၇) စာတန်စကားပြောပုံကို ဘုရားသခင်က ဖော်ထုတ်ပြီး စိတ်ဖြာဆန်းစစ်ကာ ပြောခဲ့သည်၊ “စာတန်၏ စကားများတွင် ထူးခြားသော လက္ခဏာတစ်မျိုးရှိသည်။ စာတန်ပြောသည့်အရာသည် သင့်ကို ခေါင်းရှုတ်စေပြီး သူ့စကား၏ အရင်းအမြစ်ကို မသိမြင်နိုင်ပေ။ တစ်ခါတစ်ရံတွင် စာတန်သည် ရည်ရွယ်ချက်များရှိပြီး တမင်သက်သက် စကားပြောဆိုသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုကဲ့သို့သောစကားများက အလိုအလျောက်ထွက်ပေါ်လာပြီး စာတန်၏ ပါးစပ်မှ တိုက်ရိုက်ထွက်လာသည်။ စာတန်သည် ထိုကဲ့သို့သောစကားများကို ကြာရှည်စွာ ချိန်ဆမနေပေ။ ထိုအစား ယင်းတို့သည် မစဉ်းစားဘဲ ဖော်ပြခြင်းဖြစ်သည်။ ဘယ်ကနေလာသည်ကို ဘုရားသခင်က မေးသည့်အခါတွင် စာတန်က အဓိပ္ပာယ်မပြတ်သားသော စကားအချို့ဖြင့် ဖြေသည်။ သင့်အနေဖြင့် စာတန် မည်သည့်နေရာက အမှန်တကယ် လာသည်ကို သိရှိခြင်းမရှိဘဲ၊ အလွန် အကြံအိုက်သွားလေသည်။ သင်တို့ထဲတွင် ဤသို့ ပြောဆိုသည့်သူများ ရှိသလော။ ဤသို့ ပြောဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်ပါသည်။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးများကို ငါတို့ သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်၊ မဟုတ်လော။ တစ်ယောက်ယောက်သည် မနေ့က မည်သည့်အရာလုပ်ခဲ့သည်ကို အခြားသူများအား မသိစေချင်ဟု ဆိုပါစို့။ ‘မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း။’ ဟု သင်က သူ့ကို မေးသည်။ ၎င်းတို့က ၎င်းတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် မပြောပေ။ ယင်းထက်၊ ၎င်းတို့က၊ ‘မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်။’ ဟု ပြောလေသည်။ ၎င်းတို့က သင်၏မေးခွန်းကို ဖြေခဲ့ပါသလော။ ဖြေခဲ့၏၊ သို့သော် သင်လိုချင်သည့် အဖြေကို ၎င်းတို့ မပေးခဲ့ကြပေ။ ဤသည်မှာ လူ့ အပြောအဆို၏ မာယာအတွင်းရှိ ‘ဉာဏ်ထက်မြက်မှု’ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင် လုံးဝ မသိရှိနိုင်သကဲ့သို့၊ ၎င်းတို့ စကားများ၏ အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကို မသိမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းရှိကြသောကြောင့် အဘယ်အရာကို ၎င်းတို့ ရှောင်ရှားရန် ကြိုးစားနေကြသည်ကို သင် မသိချေ- ဤသည်မှာ ယုတ်မာသောအရာ ဖြစ်သည်။ သင်တို့အထဲတွင်လည်း ဤသို့ စကားပြောသူ ရှိသလော။ (ပြောပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်မာန၊ ရာထူးနှင့်ပုံရိပ်ကို ထိန်းသိမ်းရန်၊ သင်တို့ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်ဖြစ်သလော။ မည်သည့် ရည်ရွယ်ချက် ရှိပါစေ၊ ယင်းသည် သင်၏ကိုယ်ကျိုးများမှ ခွဲခြားမရပေ၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်လေသည်။ ဤသည်မှာ လူသား၏ သဘာဝ ဖြစ်သည်မဟုတ်လော။ ဤသို့သော သဘာဝရှိသူအားလုံးသည် စာတန်နှင့်၊ သို့မဟုတ် စာတန်၏ မိသားစုနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ငါတို့ ဤကဲ့သို့ ပြော၍ရနိုင်၏၊ ဟုတ်သည် မဟုတ်လော။ အများအားဖြင့် ဤသရုပ်သကန်သည် စက်ဆုပ်စရာဖြစ်ပြီး ရွံရှာစရာ ကောင်းပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) အတိတ်တွင် စာတန်သည် အာရုံပြောင်းစေပြီး လှည့်ဖြားသောနည်းဖြင့် စကားပြောသည်ဟု ဘုရားသခင်ပြောသည်ကို ဖတ်ခဲ့ရချိန်တွင် ဤနည်းစနစ်များကို အသုံးပြုနိုင်သူတစ်ဦးသည် သေချာပေါက် အကြံသမားနှင့် လိမ္မာပါးနပ်သော လူတစ်ဦးဖြစ်သည်ဟု ကျွန်မအမြဲခံစားခဲ့သည်။ သို့ရာတွင် ကျွန်မတစ်ဖန် ဖတ်ကြည့်သည့်အခါ ဤအရာများကို ကျွန်မလည်း ဖော်ထုတ်ပြီး ပြခဲ့သည်ကို သဘောပေါက်သွား၏။ ညီအစ်ကို မောင်နှများရှေ့တွင် ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်သည့်အခါ အပြင်ပန်းတွင် ကျွန်မလက်ခံပြီး ကျွန်မတာဝန်မဲ့ခဲ့သည်ဟု ဝန်ခံသော်လည်း တကယ်လက်ခံခဲ့သည်မဟုတ်ဘဲ မတရားခံရသည်ဟုပင် ခံစားခဲ့သည်။ ဤတာဝန်ကို ကျွန်မလုပ်ဆောင်နေသည်မှာ မကြာသေးသောကြောင့် ကျွန်မ၏ ပြဿနာများက ခွင့်လွှတ်နိုင်လောက်သည်ဟု ထင်ခဲ့သည်။ ကျွန်မသိက္ခာတစ်ပြားသားမျှ မချန်ဘဲ အဘယ်ကြောင့် သူက စုဝေးပွဲတွင် ကျွန်မကို အလွန်တိုက်ရိုက်ကြီး ဖော်ထုတ်ခဲ့ရသနည်း။ ထို့နောက် အယောက်တိုင်းက ကျွန်မသည် ယုံကြည်၍ မရသကဲ့သို့ တာဝန်မဲ့သည်ဟု သေချာပေါက် ထင်သွားကြသည်။ ကျွန်မ၏ ပုံရိပ်ကို ပြန်ထိန်းသိမ်းဖို့ရန်၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မလက်ခံနိုင်သည်ဟု ညီအစ်ကို မောင်နှမများ တွေးထင်ကြစေရန် ကျွန်မ၏ အမှားကို ဝန်ခံပြီး ကျွန်မမှားမှန်း ကျွန်မ သိနှင့်ပြီးသားဖြစ်ကြောင်း၊ ကျွန်မအပြစ်ရှိသည်ဟု ခံစားရပြီး ဝမ်းနည်းမှု ခံစားရကြောင်းနှင့် ကျွန်မကို အပြစ်မတင်ကြတော့ဖို့ မျှော်လင့်မိကြောင်း လူတိုင်းကို ပြောဖို့ တမင်ငိုသံပါပါနှင့် နူးညံ့သောလေသံဖြင့် စကားပြောခဲ့သည်။ ကျွန်မအနေနှင့် မိမိ၏ အမှားများကို ပြုပြင်နိုင်ပြီး အမှန်တရားကို လက်ခံနိုင်ကြောင်း ဖော်ပြချင်ခဲ့သည်။ အပေါ်ယံတွင် ကျွန်မသည် မိမိကိုယ်ကိုယ် သိပုံပေါ်သော်လည်း အခြားလူများ၏ နှုတ်များကို ပိတ်ဆို့ဖို့နှင့် ကျွန်မ၏ ပြဿနာများကို ဆက်မပြောကြစေရန်၊ သို့မဟုတ် ကျွန်မကို ဗွေမယူကြစေရန် သူတို့ကို တားဆီးဖို့ ဤနည်းစနစ်ကို ကျွန်မတကယ်အသုံးပြုခဲ့သည်။ ဤသည်မှာ ကျွန်မ၏ တကယ့်ရည်ရွယ်ချက် ဖြစ်သည်။ ဤအရာအပေါ် ကျွန်မသုံးသပ်ကြည့်သည့်အခါ ကျွန်မ၏ ကိုယ်ပိုင်သဘာဝမှာ စာတန်ကဲ့သို့ အန္တရာယ်ပြုမည့် လက္ခဏာရှိကာ ကောက်ကျစ်ကြောင်း တွေ့ခဲ့ရ၏။ ကျွန်မ၏စကားများက လူတို့ကို လှည့်စားဖို့ အကြံများဖြင့် ပြည့်နေခဲ့သည်။ ကျွန်မ၏တာဝန်ကို တာဝန်မဲ့စွာ လုပ်ခဲ့ပြီး ခေါင်းဆောင်၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ ကျွန်မသည် နောင်တမရခဲ့ရုံမျှမက အမှန်တရားကို လက်ခံနိုင်သူဖြစ်သည်ဟု ကျွန်မအား တွေးထင်ကြဖို့အလို့ငှာ အခြားသူများရှေ့တွင် ကျွန်မကိုယ်ကျွန်မ သိသယောင် ဟန်ဆောင်ခဲ့သည်။ ကျွန်မသည် တကယ်ကို ဉာဏ်များပြီး လှည့်ဖြားတတ်ခဲ့ပါ၏။ ပွင့်ပွင့်လင်းလင်း စကားပြောပြီး မိမိကိုယ်ကိုယ် သိရှိခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည့်သဘော ဖြစ်သော်လည်း ကျွန်မ၏ ဝန်ချခြင်းနှင့် ဝန်ခံခြင်းတို့တွင်မူ လှည့်ကွက်များ ပါနေခဲ့သည်။ ကျွန်မသည် မိမိကိုယ်ကိုယ် ခုခံကာကွယ်နေခဲ့ပြီး တာဝန်ကို ရှောင်နေခဲ့ခြင်း ဖြစ်၏။ ကျွန်မသည် အမှန်တကယ် အလွန်ယုတ်မာခဲ့ပါသည်။

ထို့နောက် လူတို့၏ ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့သည်။ ဘုရားသခင်က ပြောသည်- “လှည့်စားတတ်ခြင်းသည် အပြင်ပန်း၌ မကြာခဏ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် ဝေ့လည်ကြောင်ပတ်ပြောဆိုသည့်အခါ၊ သို့မဟုတ် အလွန်လှည့်ဖြားတတ်သည့်နည်းလမ်းဖြင့် စကားပြောဆိုပြီး စဉ်းလဲသည့်အခါ၊ ယင်းမှာ လှည့်စားတတ်ခြင်း ဖြစ်သည်။ ဆိုးယုတ်ခြင်း၏ အဓိက ဝိသေသလက္ခဏာမှာ အဘယ်နည်း။ ဆိုးယုတ်ခြင်းဟူသည်မှာ လူများ ပြောသည့်အရာသည် အထူးသဖြင့် နားဝင်ချိုသည့်အရာ ဖြစ်သည့်အခါ၊ ယင်းတို့အားလုံးက မှန်ကန်ပြီး အပြစ်ကင်းသည်ဟု ထင်ရပြီး၊ သင်မည်သည့်ဘက်က ကြည့်ပါစေ၊ ကောင်းသည်ဟု ထင်ရသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် သိသာထင်ရှားသည့် နည်းစနစ်များကို မသုံးဘဲ၊ အမှုကိစ္စများကို ၎င်းတို့ လုပ်ဆောင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိသည့် အချိန်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို လုပ်ဆောင်သည့်အခါတွင် အလွန်အမင်း လျှို့ဝှက်ကြသည်၊ သိသာသော အရိပ်လက္ခဏာ၊ သို့မဟုတ် လျှို့ဝှက်ချက်ကို မြင်သာစေသည့် အသွင်အပြင်မျိုး၊ စကားမျိုး မရှိဘဲ ယင်းတို့ကို ဖြစ်မြောက်အောင်မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့က လူများကို ထင်ယောင်ထင်မှား ဖြစ်စေသည့်နည်းလမ်းဖြစ်ပြီး ထိုသို့သော အရာများနှင့် ထိုသို့သော လူများကို ခွဲခြားဖော်ထုတ်ဖို့ အလွန်ခက်ခဲပေသည်။ လူအချို့က မှန်ကန်သင့်တော်သော စကားများကို မကြာခဏ ပြောကြကာ၊ သာယာနာပျော်ဖွယ် စကားစုတို့ကို မကြာခဏ အသုံးပြုကြပြီး လူများကို လှည့်စားဖို့ သူတို့၏ခံစားချက်များနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ အာဘော်များနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ ၎င်းတို့သည် လမ်းတစ်ခုကို သွားဟန်ဆောင်ကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏လျှို့ဝှက်သော ရည်မှန်းချက်များ ရရှိဖို့ အခြားလမ်းတစ်ခုကို သွားကြသည်။ ဤသည်မှာ ဆိုးယုတ်ခြင်း ဖြစ်သည်။ လူများက ဤအပြုအမူများကို လှည့်စားတတ်ခြင်းဟု ပုံမှန်အားဖြင့် ယုံကြည်ကြသည်။ ၎င်းတို့၌ ဆိုးယုတ်ခြင်းနှင့်သက်ဆိုင်သည့် အသိပညာလည်း နည်းပါးကြပြီး ယင်းကို အသေးစိတ် စိစစ်လေ့လာမှုလည်း နည်းကြသည်။ ကောက်ကျစ် စဉ်းလဲခြင်းသည် ဖုံးကွယ်နေပြီး ပါဝင်သည့် နည်းစနစ်များနှင့် နည်းနိဿယများသည် သာ၍ ဆန်းပြားရှုပ်ထွေးသောကြောင့်၊ လှည့်စားတတ်ခြင်းထက် သာ၍ ဖော်ထုတ်ဖို့ ခက်ခဲသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အတွင်း၌ လှည့်စားတတ်သော စိတ်သဘောထားတစ်ခု ရှိသည့်အခါ၊ ၎င်းတို့သည် လှည့်စားတတ်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် စကားများသည် လှည့်စားသည့် စိတ်သဘောထား တစ်ခုကို ထုတ်ဖော်ပြနေသည်ကို အခြားသူများမြင်နိုင်ဖို့ ပုံမှန်အားဖြင့် နှစ်ရက် သုံးရက်ခန့်သာကြာတတ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက ဆိုးယုတ်သည်ဟု ဆိုသည့်အခါ၊ ဤသည်မှာ ရက်အနည်းငယ်ဖြင့် ထိုးထွင်းသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အချိန်တိုအတွင်း၌ အရေးပါသည့်အရာ သို့မဟုတ် ထူးခြားသည့်အရာ တစ်ခုမျှ မဖြစ်လျှင်၊ ၎င်းတို့၏စကားများကို နားထောင်ရုံဖြင့်ပင် ၎င်းတို့၏ အရှိကို အရှိအတိုင်း သိမြင်ဖို့ အခက်ကြုံလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မှန်သည့်အရာကို ပြောသည်၊ မှန်သည့်အရာကို လုပ်ဆောင်ပြီး၊ အယူဝါဒတစ်ခုပြီးတစ်ခု ခရားရေလွှတ် တတွတ်တွတ် ပြောနိုင်ကြသည်။ ထိုသို့သောသူများနှင့် ရက်အနည်းငယ် ရှိပြီးသည့်နောက်တွင် သင်သည် ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် တွေးထင်ကာ၊ အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သည့်သူများ၊ ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်သည့်သူများ၊ ဘုရားသခင်ကို ချစ်သည့်စိတ်နှလုံး ရှိသည့်သူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ပြုမူသည့်သူများဟု တွေးထင်သည်။ သို့ရာတွင် ၎င်းတို့က အမှုကိစ္စများကို စတင် လုပ်ဆောင်သည်နှင့်၊ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များ၌ မသန့်စင်ခြင်း များစွာ ရှိကြောင်း၊ သို့မဟုတ် ၎င်းတို့၌ မရိုးဖြောင့်သော အတွေးများစွာ ရှိကြောင်းကို သင် တွေ့ရှိလိမ့်မည်၊ ၎င်းတို့သည် မရိုးသားကြောင်း၊ ၎င်းတို့သည် လှည့်စားတတ်သော လူများဖြစ်ကြောင်းနှင့် ၎င်းတို့သည် အတော်အတန် ဆိုးယုတ်သူများဖြစ်ကြောင်း သင် နားလည်သဘောပေါက်လိမ့်မည်။ ၎င်းတို့က သင့်တော်သည့် စကားများ၊ သမ္မာတရားနှင့် အံကိုက်ဖြစ်သည့် စကားများ၊ လူများ၏ခံစားချက်နှင့်ကိုက်ညီသော၊ ပြီးလျှင် လူများနှင့် စကားစမြည်ပြောဖို့ ကြားကောင်းသည့် စကားများကို မကြာခဏ ရွေးချယ်တတ်ကြသည်။ တစ်ဖက်တွင် ၎င်းတို့က ၎င်းတို့အကြောင်းကို သက်သေပြဖို့ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ၎င်းတို့က လူများအလယ်တွင် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ ရှိနိုင်ဖို့အလို့ငှာ၊ အခြားသူများကို လှည့်စားဖို့ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်အမင်း လှည့်စားတတ်ကြပြီး ၎င်းတို့၌ အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် လူများစွာတို့ကို လှည့်စားပြီး ဘေးဖြစ်စေလိမ့်မည် ဖြစ်သည်။ ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် လူများသည် အလွန့်အလွန် အန္တရာယ်ရှိကြသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) ဆိုးယုတ်သော စိတ်သဘောထားများရှိသူတို့၏ အဓိက လက္ခဏာမှာ သူတို့သိုဝှက်တတ်ကြခြင်းပင် ဖြစ်ကြောင်း ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည်။ အခြားသူများထံမှ မိမိတို့၏ ရည်ရွယ်ချက်များကို ကွယ်ဝှက်ဖို့နှင့် မိမိတို့၏ ဖုံးကွယ်ထားသော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ သင့်တော်သည့် စကားများကို အမြဲပြောပြီး လူ့ခံစားချက်နှင့်ညီပြီး သမ္မာတရားနှင့် ကိုက်ညီပုံရသည့် နည်းစနစ်များကို အသုံးပြုကြသည်။ ကျွန်မလုပ်ခဲ့သည့်အရာများအကြောင်း တွေးပြီး လှည့်ကွက်တူသည်ကို ကျွန်မသဘောပေါက်သွား၏။ ထိုလူသစ်၏ ပြဿနာများကို ကျွန်မမကိုင်တွယ်နိုင်ခဲ့ပါ၊ ထို့ကြောင့် ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်ကို ကြီးကြပ်သူထံမှ ဖုံးကွယ်ဖို့ ပြဿနာကို လူသစ်ခေါင်းဆောင်ထံ လွှဲပေးခဲ့သည်။ ဤသည်မှာ ညီအစ်ကိုကလော့ဒ်အတွက် ပြဿနာများအား သူ့ဘာသာ မည်သို့ဖြေရှင်းရမည်ကို သင်ပြပေးဖို့ လေ့ကျင့်မှုဖြစ်သည်ဟူသည့် မြင့်မြတ်တင့်တယ်ပုံရသော ဆင်ခြေကိုပင် ကျွန်မရှာခဲ့သည်။ နောက်ဆုံးတွင် ထိုပြဿနာကို သူကောင်းကောင်း မကိုင်တွယ်ခဲ့ဘဲ သူ၏ သွေဖည်မှုများကို ကျွန်မကူညီကာ ပေါင်းရုံးသုံးသပ်ခဲ့သည်။ ကျွန်မ၏ အခြေအနေအမှန်ကို ဖော်ထုတ်ဖို့ ကျွန်မပျက်ကွက်ခဲ့ရုံမက ဤပြဿနာများကို ဖြေရှင်းရာတွင် ကျွန်မတော်သည်ဟု တွေးထင်စေဖို့ သူ့ရှေ့တွင် ကောင်းမွန်သော ပုံရိပ်ကို ကျွန်မတည်ဆောက်ဖို့ ကြိုးစားခဲ့သည်။ ကျွန်မခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ချိန်တွင် လူတိုင်း၏ စိတ်နှလုံးထဲရှိ ကျွန်မပုံရိပ်ကို ပြန်ထိန်းသိမ်းဖို့၊ အခြားသူများ၏ နှုတ်များကို တားဆီးဖို့ ကျွန်မ၏ အမှားများကို ဝန်ခံခဲ့ပြီး လူတိုင်း၏ စာနာမှုနှင့် နားလည်မှုကို ရဖို့နှင့် ကျွန်မက အမှန်တရားကို လက်ခံနိုင်သူ၊ မိမိကိုယ်ကိုယ် သိရှိပြီး နောင်တရသော သဘောထားရှိသူတစ်ယောက်ဟု လူတိုင်းထင်သွားစေဖို့ ငိုသံပါသည့် လေသံကိုပင် အသုံးပြုခဲ့သည်။ ထိုသို့ဖြင့် သူတို့က ကျွန်မကို ဗွေယူကြတော့မည် မဟုတ်ပါ။ ကျွန်မ၏ စကားများနှင့် လုပ်ဆောင်ချက်များကို ဘုရားနှုတ်ကပတ်တော်များ အသုံးပြုလျက် သုံးသပ်ပြီးနောက်တွင် ကျွန်မသည် အမှန်တကယ် ဆိုးရွားကြောင်း တွေ့ခဲ့ရ၏။ ကျွန်မ၏ ကိုယ်ပိုင် စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကို ဖုံးဖိဖို့ လူတို့၏ ခံစားချက်များနှင့် ညီပြီး သမ္မာတရားနှင့် ကိုက်ညီပုံရသည့် စကားများကို ကျွန်မသုံးခဲ့ပြီး ထိုသို့ဖြင့် လူတိုင်းကို လှည့်ဖြား၍ ဇဝေဇဝါဖြစ်စေကာ အလွန်အမင်း စိတ်ရှုပ်ထွေးစေပြီး နောက်ဆုံးတွင် မိမိကိုယ်ကိုယ် သက်သေပြခဲ့သည်။ ဤအရာကို ကျွန်မသဘောပေါက်သည့်အခါတွင်သာ ကျွန်မသည် ယုတ်မာကာ လှည့်ဖြားတတ်ပြီး လျှို့ကတ်သော လူဖြစ်မှန်း မြင်ခဲ့သည်။ ယခင်က လူတို့၏ ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခဲ့ချိန်တွင် ကျွန်မသည် ထိုသို့သော လူမဟုတ်ဟု တွေးထင်ရင်း မိမိကိုယ်ကိုယ်အဖို့ လုံးဝ မကျင့်သုံးခဲ့သော်လည်း ကျွန်မ၏ ပတ်ဝန်းကျင်က ကျွန်မကို ထုတ်ဖော်ပြသည့်အခါနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံ၍ သုံးသပ်ပြီးနောက်တွင် နောက်ဆုံး၌ ကျွန်မ၏ ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် အသိအနည်းငယ် ရရှိခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မဆက်လက်သုံးသပ်ခဲ့သည်။ အမှုအရာများစွာတွင် ကျွန်မ၏ ဆိုးယုတ်သော စိတ်သဘောထားအား ဖော်ထုတ်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ များမကြာမီပင် ညီအစ်မဝမ်ကို အလုပ်တစ်ခု လွှဲပြောင်းပေးရန်နှင့် ကျွန်မ၏ ဦးစီးခေါင်းဆောင်မှုကို သူ့အား လွှဲပေးရန် ကြီးကြပ်ရေးမှူးက ကျွန်မကို ခိုင်းလာ၏။ ဤအစီအစဉ်ကို ကျွန်မကြားသည့်အချိန်တွင် စိတ်ပျက်သွားသည်။ ဤအလုပ်ကို ကျွန်မကြီးကြပ်လာသည်မှာ နှစ်နှစ်ကျော်နေပြီ ဖြစ်၍ ဤတာဝန်တွင် ကျွန်မကို မည်သူကမျှ အစားမထိုးနိုင်ဟု တွေးခဲ့သည်။ ထိုတာဝန်ကို အခြားတစ်ဦးထံ ပေးလိုက်ကြမည်ဟု ကျွန်မမတွေးမိခဲ့ပါ။ ထိုတာဝန်ကို ကျွန်မဆက်လက်ကြီးကြပ်၍ ရနိုင်မည်လားဟု ကြီးကြပ်ရေးမှူးကို ကျွန်မမေးချင်ခဲ့သော်လည်း ကျွန်မသည် အလွန်ရည်မှန်းချက်ကြီးပြီး မလျော်ကန်ဟု ကြီးကြပ်ရေးမှူးက တွေးထင်မည်ကို ကြောက်ခဲ့သည်၊ ထို့ကြောင့် မည်သည့်အရာမျှ ကျွန်မမပြောခဲ့ပါ။ အပြင်ပန်းတွင် ကျွန်မနာခံခဲ့သော်လည်း အလုပ်ကို ကျွန်မလွှဲပြောင်းပေးသည့်အခါ ကြီးကြပ်ရေးမှူးနှင့် ညီအစ်မဝမ်တို့ ရှိနေခြင်းကို အသုံးချကာ ဤအလုပ်ထဲရှိ အဓိက အသေးစိတ် အချက်အချို့ကို တမင်ပြောပြခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်ရာတွင် ကျွန်မစုဆောင်းခဲ့သည့် အတွေ့အကြုံနှင့် သင်ယူခဲ့ရသည့် စည်းမျဉ်းများကို ရက်သတ္တပတ် အနည်းငယ်အတွင်း သင်ယူ၍ မရနိုင်သည်ကို သူတို့အား မြင်စေချင်ခဲ့သည်။ ထိုမှသာ ကြီးကြပ်ရေးမှူးက ကျွန်မကို ဤတာဝန်အား ဆက်လက်ထမ်းဆောင်ခွင့် ပေးချင်ပေးမည် ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် လွှဲပြောင်းပြီးသည့်နောက် ကြီးကြပ်ရေးမှူးက ကျွန်မကို ညီအစ်မဝမ်၏ လက်တွေ့လုပ်ဆောင်မှုတွင် သူ့ကို နည်းနည်းကြာကြာ သင်ပြပေးနိုင်မလားဟု မေးလာ၏။ ဤသို့ကြားရသည်ကို ကျွန်မအလွန်ပျော်ခဲ့သည်။ အလုပ်ကို ကျွန်မ ဆက်လက်မကြီးကြပ်နိုင်ခဲ့သော်လည်း ကျွန်မပြောခဲ့သည့်အရာ၏ ရည်ရွယ်ချက်က အထမြောက်သွားပြီဖြစ်သည်။ ထို့နောက်တွင် ညီအစ်မဝမ်က သူ၏တာဝန်၌ ပြဿနာများနှင့် အခက်အခဲများ ရှိသည့်အခါ ကျွန်မဆီလာ၍ ကိစ္စများကို ချင့်တွက်ပြီး အကဲဖြတ်ခိုင်းကာ အလုပ်တိုင်းကို ဆန်းစစ်ပေးဖို့လည်း မေတ္တာရပ်ခံခဲ့သည်။ ဤနည်းဖြင့် အာဏာကို တိတ်တိတ်လေး ကျွန်မ ပြန်ကိုင်စွဲခဲ့၏။ ထိုအချိန်က ကျွန်မ၏ အပြုအမူကို ပြန်ကြည့်သည့်အခါ ကျွန်မ၏ နေရာအား ညီအစ်မဝမ်ယူမည်ကို ကျွန်မသိသိသာသာပင် မလိုချင်ခဲ့သော်လည်း ကျွန်မသည် မာနထောင်လွှားပြီး မလျော်ကန်ဟု ကြီးကြပ်ရေးမှူးက မတွေးထင်စေဖို့ရန် ကျွန်မ၏ အရင်းအနှီးကို ကြွားဖို့ အလုပ်လွှဲပြောင်းပေးသည့် အခွင့်အရေးကို အသုံးချပြီး ကြီးကြပ်ရေးမှူး၏ လက်ခံမှုကို အရယူခဲ့သည်။ အာဏာကို ကျွန်မတရားဝင် ရရှိခဲ့ပြီး ကိုင်စွဲခဲ့ကာ ကျွန်မ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို “လိမ္မာပါးနပ်စွာ” ဖုံးဖိခဲ့သည်။ စဉ်းလဲသော နည်းများနှင့် အကြံအစည်များတွင် ကျွန်မအလွန်ကျွမ်းကျင်ခဲ့၏။ ကျွန်မအပြုအမူအပေါ် သုံးသပ်လေ၊ ကြောက်မိလေ ဖြစ်သည်။ ကျွန်မသည် ထိုသို့သော လူတစ်ဦးဖြစ်သည်ကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့၏။

စုဝေးပွဲအတောအတွင်းတွင် အန္တိခရစ်များ၏ ဆိုးယုတ်သော စိတ်သဘောထားများကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရသည်၊ ယင်းက ကျွန်မကို မိမိကိုယ်ကိုနှင့်ဆိုင်သည့် အသိပညာအချို့ ပေးခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်များ၏ဆိုးယုတ်မှုတွင် အဓိက ထူးခြားသော လက္ခဏာ တစ်ခုရှိသည်— ယင်းကို မည်သို့ပိုင်းခြားသိမြင်ပုံနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက်ကို သင့်တို့အား ငါဝေမျှမည်။ လျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်— ပထမဦးစွာ ၎င်းတို့၏ အပြောအဆိုတွင်ဖြစ်စေ၊ ၎င်းတို့၏အပြုအမူတွင်ဖြစ်စေ ၎င်းတို့သည် သင့်အတွက် ဉာဏ်မမီနိုင်ပေ။ ၎င်းတို့ကို သင်အဓိပ္ပာယ်မကောက်နိုင်ပေ။ သင့်ကို ၎င်းတို့ စကားပြောနေသည့်အခါတွင် ၎င်းတို့၏မျက်လုံးများက အမြဲပင် ကစားနေပြီး ၎င်းတို့အနေဖြင့် မည်သည့်အကြံအစည်မျိုး လျှို့ဝှက်ကြံစည်နေသည်ကို သင်မသိနိုင်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့က ‘သစ္စာရှိသည်’၊ သို့မဟုတ် အထူးသဖြင့် ‘ရိုးသားသည်’ ဟု သင့်အား ခံစားစေသော်လည်း၊ ဤသည်မှာ အမှန်မဟုတ်ပေ၊ သင်သည် ၎င်းတို့အား မည်သည့်အခါမျှ ရိပ်စားမိနိုင်မည် မဟုတ်ချေ။ သင်၏စိတ်နှလုံးထဲ၌ အထူး ခံစားချက်တစ်ခု ရှိသည်၊ ၎င်းတို့၏ အတွေးများအတွင်း နက်ရှိုင်းသော သိမ်မွေ့နက်နဲမှု၊ ဉာဏ်မမီသော နက်ရှိုင်းမှု ရှိသည်ဆိုသည့် ခံစားမှုတစ်ခုဖြစ်သည်။ ၎င်းတို့က ဆန်းကြယ်ပြီး ပဟေဠိဆန်ပုံရသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”)‘ထူးဆန်းခြင်း နှင့် နားလည်ရခက်ခြင်း’၊ ဤနေရာတွင် ‘ထူးဆန်းခြင်း’ ဟူသည်မှာ ပုံမှန်မဟုတ်ခြင်းဟု အဓိပ္ပာယ်ရပြီး ‘နားလည်ရခက်ခြင်း’ ဟူသည့် စကားလုံးက အန္တရာယ်ပေးတတ်ပြီး စဉ်းလဲခြင်းဟု အဓိပ္ပာယ်ရသည်။ စကားစုတစ်ခုအနေဖြင့် ယင်းတို့က အပြုအမူအားဖြင့် အန္တရာယ်ပေးတတ်ခြင်း၊ စဉ်းလဲခြင်းနှင့် အထူးသဖြင့် ပုံမှန်မဟုတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ‘ပုံမှန်မဟုတ်ခြင်း’ က နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်မှာ သာမန်လူများ မတွက်ဆနိုင်သော၊ သို့မဟုတ် ဖုံးကွယ်ထားသူက မည်သည့်အရာကို တွေးနေသည်ဖြစ်စေ၊ လုပ်နေသည်ကိုဖြစ်စေ မမြင်နိုင်သော အရာတစ်ခုကို ရည်ညွှန်းသည်။ ထိုသို့သော လူများ၏ လုပ်ရပ်များ၏ အမျိုးအစားနှင့် တွန်းအား၊ သို့မဟုတ် ယင်းတို့၏နောက်ကွယ်မှ ကြံရွယ်ချက်များက အခြားသူများအတွက် မတွေးတတ်အောင် ခက်ခဲနက်နဲသည်ဟု အဓိပ္ပာယ်ရပေသည်။ တစ်ခါတစ်ရံတွင် ထိုသို့သော လူများသည် သိုသိပ်ပြီး ခိုးကြောင်းခိုးဝှက်နိုင်သည်။ အပြုအမူအားဖြင့် ထူးဆန်းခြင်းနှင့် ပဟေဠိဆန်ခြင်းတို့၏ လက်တွေ့ကျသော သရုပ်သကန်နှင့် အခြေအနေကို အကျဉ်းရုံးနိုင်သည့် စကားစုတစ်ခုရှိပြီး ယင်းမှာ အခြားသူများက မယုံကြည်နိုင်လောက်အောင်၊ ဉာဏ်မမီနိုင်လောက်အောင် ဖြစ်ရသည့် ‘ပွင့်လင်းမြင်သာမှု မရှိခြင်း’ ဖြစ်သည်။ အန္တိခရစ်တို့၏ လုပ်ရပ်များ၌ ဤထူးခြားသောလက္ခဏာရှိသည်။ တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် လုံးဝ မရိုးရှင်းသည်ကို သင် သတိပြုမိသည့်အခါ၊ သို့မဟုတ် အာရုံခံစားမိသောအခါ၊ သင်သည် အတော်အတန် ကြောက်ရွံ့ပေသည်၊ သို့ရာတွင် ၎င်းတို့၏ကြံရွယ်ချက်၊ သို့မဟုတ် ရည်ရွယ်ချက်ကို သင် အချိန်တိုအတွင်းဖြစ်စေ၊ အခြားအကြောင်းရင်းအချို့ကြောင့်ဖြစ်စေ မရိပ်စားမိနိုင်သည့်အခါ၊ ၎င်းတို့၏ အပြုအမူသည် အတော်အတန် ထူးဆန်းပြီး နားလည်ရခက်သည်ကို သင်၏ မသိစိတ်မှ ခံစားလိုက်ရသည်။ ယင်းက သင့်အား အဘယ့်ကြောင့် ဤနည်းဖြင့် ခံစားရစေသနည်း။ အကြောင်းမှာ မည်သူကမျှ ၎င်းတို့၏ လုပ်ရပ်များ၊ သို့မဟုတ် စကားများ၏ အကြောင်းရင်းကို စူးစမ်းဖော်ထုတ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ယင်းမှာ အကြောင်းအရင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ အတိအကျ မည်သည့်အရာကို လုပ်ဆောင်ဖို့ ရည်ရွယ်သည်ကို ၎င်းတို့စကားများ၊ သို့မဟုတ် ၎င်းတို့လုပ်ရပ်များ၏ အမျိုးအစားနှင့် နည်းစနစ်တို့မှ ဆုံးဖြတ်သတ်မှတ်ရန် သင့်အတွက် အလွန်ခက်ခဲပေသည်၊ ၎င်းတို့သည် မကြာခဏ ‘အရှေ့မှ ခြောက်ပြီး အနောက်ကခြေလှမ်းသည်’၊ ပြီးလျှင် စစ်မှန်သော စကားကို ပြောခဲလှပြီး နောက်ဆုံးတွင် ၎င်းတို့ပြောသည့် မှန်သည့်အရာများသည် မှားယွင်းပြီး မှားယွင်းသည့်အရာများက မှန်ကန်သည်ဟု သင့်အား တွေးစေသည်။ ၎င်းတို့စကား၏ မည်သည့်အစိတ်အပိုင်းက မှားယွင်းပြီး၊ မည်သည့်အစိတ်အပိုင်းက မှန်ကန်သည်ကို သင်မသိပေ၊ ပြီးလျှင် သင်သည် လှည့်စားပြီး ကစားခံနေရခြင်းဖြစ်သည်ဟူသည့် ခံစားချက်လည်း သင်၌ မကြာခဏရှိသည်။ ဤခံစားချက်ကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ ယင်းက ထိုကဲ့သို့သော လူစားမျိုး၏ လုပ်ရပ်များ၌ ပွင့်လင်းမြင်သာမှု မကြာခဏ ကင်းမဲ့ခြင်းမှ လာသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်နေသည်၊ သို့မဟုတ် ၎င်းတို့ မည်သည့်အရာဖြင့် အလုပ်ရှုပ်နေသည်ကို သင် ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်၊ ၎င်းတို့၏ စိတ်သဘောထားသည် လှည့်စားတတ်ကာ၊ အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ဆိုးယုတ်ကြောင်း နောက်ဆုံးတွင် သင်မြင်သည့်အချိန်မှသာ သင်သည် ၎င်းတို့အား သံသယမရှိဘဲ နေနိုင်မည် ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏”) အန္တိခရစ်များ၏ စိတ်သဘောထားများက အလွန်အမင်း ဆိုးယုတ်သည်ကို ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြခဲ့သည်။ သူတို့ပြောဆိုလုပ်ဆောင်သည့် အရာတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက် အမြဲရှိပြီး ယင်းက သူတို့ကို ခဲကတ်စေသည်။ သူတို့သည် မိမိတို့၏ ရည်ရွယ်ချက် အထမြောက်ရန် လူတို့ကို လှည့်ဖြားကာ ဇဝေဇဝါဖြစ်စေဖို့ အတွေးမှားများနှင့် မရိုးသော နည်းစနစ်များကို မကြာခဏ အသုံးပြုကြ၏။ သူတို့၏ စကားများက မှန်သလော၊ မှားသလောကို မည်သူမျှ မသိဖို့အလို့ငှာ လူတိုင်းကို အလွန်အမင်း စိတ်ရှုပ်ထွေးစေကြ၏။ ကျွန်မ၏ အပြုအမူများက အန္တိခရစ်ကဲ့သို့ပင် မရိုးခဲ့သည်ကို ကျွန်မတွေ့ရသည်။ ကျွန်မ၏ စကားများနှင့် လုပ်ရပ်များတွင် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များ အမြဲရှိနေခဲ့သည်။ ကျွန်မတာဝန်တွင် အခက်အခဲရှိသည့်အခါ ယင်းကို ရှောင်ရှားဖို့ နည်းလမ်းရှာရန်နှင့် ကျွန်မ၏ ကြီးကြပ်ရေးမှူးထံ ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှုအမှန် ဖော်ထုတ်ခံရခြင်းကိုလည်း တားဆီးရန် ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့သည်။ ကျွန်မတာဝန်ရှိ ပြဿနာများကို ခေါင်းဆောင်က ဖော်ထုတ်သည့်အခါ ကျွန်မစဉ်းစားသမျှမှာ ကျွန်မသည် သမ္မာတရားကို လက်ခံသူတစ်ဦး ဖြစ်ကြောင်း လူတို့ထင်အောင် မည်သို့လုပ်ရမည်ဆိုသည့်အရာသာ ဖြစ်ပြီး တစ်ချိန်တည်းတွင်လည်း ကျွန်မ၏ တာဝန်ကို ခေါင်းရှောင်ဖို့ ကြိုးစားခဲ့သည်။ အာဏာကို သိမ်းပိုက်ပြီး မိမိရာထူးကို ထိန်းသိမ်းချင်သည့်အခါ ကျွန်မစဉ်းစားသမျှမှာ ကျွန်မ၏ ရည်မှန်းချက်များကို မည်သို့မဖော်ထုတ်ရမည်ဆိုသည်နှင့် ကျွန်မအား အလုပ်ကို ထိန်းသိမ်းပြီး ဆုံးဖြတ်ပိုင်ခွင့် ကြီးကြီးရေးမှူးပေးရန် မည်သို့ပြုရမည်ဆိုသည်တို့သာ ဖြစ်သည်။ ကျွန်မပြောဆိုလုပ်ဆောင်ခဲ့သည့်အရာတွင် ပြောမထွက်နိုင်သည့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များစွာ ရှိနေခဲ့မည်ဟု ကျွန်မလုံးဝ မမျှော်လင့်ခဲ့ပါ။ ကျွန်မ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မတွေးသမျှမှာ ကျွန်မကိုယ်ကျွန်မ မည်သို့ဖုံးဖိပြီး အခြားသူများကို မည်သို့လှည့်ဖြားရမည်နည်းသာ ဖြစ်သည်။ အထူးသဖြင့် ကျွန်မ၏ ခေါင်းဆောင်နှင့် ကြီးကြပ်ရေးမှူးရှေ့တွင် စကားလုံးတိုင်းကို မပြောမီ မည်သည့်စကားများက ကျွန်မ၏ ရည်ရွယ်ချက်ကို ရရှိစေပြီး တကယ့်အတွေးများကိုလည်း ကွယ်ဝှက်ပေးမည်ဆိုသည်နှင့်ပတ်သက်၍ သေချာစွာ ကျွန်မစဉ်းစား၏။ ထိုသို့မရိုးသော အရာများကို လုပ်ဆောင်သည့် လူများသည် အန္တိခရစ်လုပ်သည့် အရာကို အတိအကျ လုပ်ဆောင်နေခြင်းပင် ဖြစ်သည်ဟု ဘုရားက ပြောသည်။ ဤအရာအပေါ် သုံးသပ်သည်နှင့်အမျှ ကျွန်မအနည်းငယ် ကြောက်ရွံ့လာ၏။ ဘုရားက ကျွန်မတို့ကို ရိုးသားသော လူများဖြစ်ရန် တောင်းဆိုသည့်အပြင် ကျွန်မတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်း၊ ကျွန်မတို့ နားမလည်သည့်အရာနှင့် မလုပ်နိုင်သည့်အရာအပါအဝင် တကယ်တွေးသည့်အရာတို့ကို ပြောဖို့ တောင်းဆိုသည်။ သို့ရာတွင် ကျွန်မတွေးသမျှမှာ မိမိကိုယ်ကိုယ် မည်သို့ရုပ်ဖျက်ရမည်၊ ကျွန်မအပေါ် လူတို့အထင်ကြီးလာအောင် မည်သို့လုပ်ရမည်၊ ကျွန်မ၏ ပုံရိပ်ကို မည်သို့ထိန်းသိမ်းရမည်ဆိုသည်တို့သာ ဖြစ်သည်။ ကျွန်မလုပ်သမျှက အပိုင်တွက်ထားခြင်း ဖြစ်ကာ ယုတ်မာပြီး မရိုးသကဲ့သို့ ကျွန်မဖော်ထုတ်သမျှကလည်း လှည့်ဖြားတတ်ပြီး စာတန်၏ ဆိုးယုတ်သော စိတ်သဘောထားသာ ဖြစ်နေသည်။ ဤအရာကို သဘောပေါက်လိုက်သည်နှင့် အဖြစ်အပျက်များက ကျွန်မမျက်စိတွင် တဖျတ်ဖျတ် စတင်ပေါ်လာသည်။ ကျွန်မ၏ ကလေးဘဝကို ပြန်သတိရမိ၏။ ကျွန်မမိခင်က “မြင်းလျင်သည် ကြာပွတ်မလို၊ အသံကျယ်ဗုံသည် ရိုက်တံအလေး မလို” ဟု သွန်သင်ခဲ့သည်။ ထို့ကြောင့် “မြင်းလျင်” နှင့် “အသံကျယ်ဗုံ” ဖြစ်ရန်၊ နာခံတတ်ပြီး လိမ္မာသည့် ကလေးဖြစ်ရန် ကျွန်မအမြဲကြိုးပမ်းခဲ့သည်။ အမှားတစ်ခုခု လုပ်မိပါက သတိပေးစရာ မလိုဘဲ ကျွန်မချက်ချင်း ဝန်ခံခဲ့သည်။ ကျွန်မကလေးဘဝတွင် မိဘများက ကျွန်မကို ဆူရခြင်း၊ ဆုံးမပဲ့ပြင်ရခြင်း မရှိသလောက် ဖြစ်သည်။ ထို့ကြောင့် လိမ္မာပါးနပ်ပြီး မိမိ၏ အမှားများကို ဝန်ခံခြင်းဖြင့် ဆင်းရဲဒုက္ခများစွာကို ရှောင်ရှား၍ ရသည်ဟု ကျွန်မထင်ခဲ့သည်။ ဥပမာအနေဖြင့် ကျွန်မစာမေးပွဲကျပါက မိဘများ၏ အပြစ်တင်ခြင်း၊ အပြစ်ပေးခြင်း မခံရဖို့ သူတို့စကားမပြောနိုင်မီ ကျွန်မစငိုလိုက်ပြီး ကျွန်မကိုယ်ကျွန်မ သနားစရာ၊ ကူကယ်ရာမဲ့ ဖြစ်နေသကဲ့သို့ ပုံဖော်ဖို့ ကြိုးစားခဲ့သည်။ ကျွန်မငိုသည့်အခါ ကျွန်မမိဘများက မကြည့်ရက်ပါ။ ဖိအားပိုပေးလျှင် ကျွန်မမခံနိုင်မည်ကို ကြောက်ကြသောကြောင့် ကျွန်မကို အပြစ်မတင်ကြတော့ပါ။ ထိုအစား နှစ်သိမ့်ပေးကြ၏။ ဤသို့ဖြင့် မိဘများ၏ အပြစ်ဖော်ဆုံးမမှုကို ကျွန်မမခံရဘဲ လွတ်သွားပြီး ကိုယ့်သိက္ခာကိုယ် လေးစားသည့်စိတ်ကလည်း မထိမခိုက်ဘဲ ဖြစ်သွားသည်။ ဘုရားကို ယုံကြည်ပြီးနောက်တွင် ဤသို့ ကျွန်မဖြစ်နေဆဲ ဖြစ်သည်။ ကျွန်မတာဝန်ကို ကောင်းကောင်း မလုပ်နိုင်သဖြင့် တာဝန်များယူဖို့ လိုလာသည့်အခါ လှည့်ကွက်များ လုပ်ခဲ့သည်၊ သနားစရာအဖြစ် ဟန်ဆောင်ခဲ့ပြီး မည်သူကမျှ ကျွန်မကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်း မရှိစေဖို့အလို့ငှာ တာဝန်တွင် ကျွန်မ၏ သတိမမူဖြစ်ကာ တာဝန်မဲ့သော အပြုအမူကို ဖုံးဖိဖို့ စောဒကတက် ရှင်းချက်ထုတ်ခဲ့သည်။ ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်းက ကျွန်မကို အမှန်တကယ် တိုး၍ ကောက်ကျစ်ကာ လှည့်ဖြားတတ်စေခဲ့သည်။ ယုတ်မာသော လှည့်ကွက်များစွာ သုံးရင်း အခြေအနေအရိပ်အကဲကို ကျွန်မအမြဲစောင့်ကြည့်ကာ ကျွန်မကိုယ်ကျွန်မ အသက်ရှင်သော စာတန် ဖြစ်စေခဲ့သည်။ ထိတ်လန့်စရာ အကောင်းဆုံးသော အရာမှာ လှည့်ကွက်များနှင့် လှည့်စားခြင်းက ကျွန်မအဖို့ ပုံမှန်နီးပါး ဖြစ်နေခဲ့ခြင်း ဖြစ်၏။ ကျွန်မ၏ညီအစ်မက ကျွန်မကို သတိပေးပြီး မဖော်ထုတ်ခဲ့လျှင် အသိအနည်းငယ်မျှ ရှိခဲ့မည်မဟုတ်၊ မည်သည့်အရှက်မျှ ခံစားခဲ့မည် မဟုတ်ပါ။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မသတိရမိခဲ့သည်။ “ရားသခင်အလိုရှိသောအရာမှာ ရိုးသားသောလူများ ဖြစ်သည်။ အကယ်၍ သင်သည် မုသားများနှင့် လှည့်ဖြားခြင်း တတ်စွမ်းနိုင်ပါက၊ သင်သည် သစ္စာမဲ့ပါက၊ ကောက်ကျစ်၍ အန္တရာယ်ပြုမည့် လက္ခဏာရှိသော လူတစ်ဦးဖြစ်ပြီး ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ အကယ်၍ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပါက ဘုရားသခင်သည် သင့်ကို ကယ်တင်ရန် အခွင့်အရေးရှိမည် မဟုတ်သကဲ့သို့ သင်သည် ကယ်တင်ခြင်းကို ခံရနိုင်မည်မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားက လှည့်ဖြားတတ်သော လူများကို မုန်းတီး၊ စက်ဆုပ်သည်ကို ဘုရားနှုတ်ကပတ်တော်မှ ကျွန်မတို့ မြင်နိုင်သည်။ လှည့်ဖြားတတ်သော လူများသည် သူတို့၏ စိတ်နှလုံးတွင် မကောင်းသော သွင်ပြင်များစွာ ရှိကြ၏။ သူတို့၏ စကားနှင့် လုပ်ရပ်များက အမြဲ လှည့်ဖြားကာ ဇဝေဇဝါဖြစ်စေပြီး ဘုရားနှုတ်ကပတ်တော်ကို သူတို့လုံးဝ လက်တွေ့မလုပ်ဆောင်ကြပါ။ ဘုရားကို သူတို့ယုံကြည်လာသည်မှာ နှစ်ပေါင်းမည်မျှ ကြာနေသည်ဖြစ်စေ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မပြောင်းလဲသကဲ့သို့ ကယ်တင်ခြင်းကိုလည်း သူတို့လုံးဝ မရရှိနိုင်ကြပါ။ ဤအရာကို ကျွန်မသဘောပေါက်လိုက်သည်နှင့် ကျွန်မသည် တကယ့်အန္တရာယ်တွင် ရှိနေသည်ကို ခံစားလိုက်ရ၏။ ကျွန်မနောင်တရချင်ပါသည်ဟု ဘုရားထံ ဆုတောင်းခဲ့ပြီး အစစ်အမှန် ပြောင်းလဲဖို့ ကျွန်မကို လမ်းပြကာ ကူညီပေးပါရန် ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။

တစ်နေ့တွင် ဘုရားနှုတ်ကပတ်တော်ထဲ၌ ဤအရာကို ဖတ်ခဲ့ရ၏။ “ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍)ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ— ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် သမ္မာတရားသို့ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခုဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့်၊ သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ၊ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားသူများကလည်း သင်သည် အခြေခံသဘောတရားနှင့်အညီ၊ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ သင်မိတ်သဟာယပြုသည့်အချိန်တွင် မည်သို့ဖွင့်ဟပြောဆိုရမည်ကို သင်ယူခြင်းသည် ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်ကမည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ငြင်းပယ်ပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လည်ပြီး လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား စက်ဆုပ်ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ နာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိန်းထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ ဟန်ဆောင်လှည့်စားခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်များက ကျွန်မစိတ်နှလုံးကို တို့ထိခဲ့သည်။ ဘုရား၏ သတ်မှတ်ချက်က တကယ်ပင် ရိုးရှင်းလှပါ၏။ ယင်းမှာ ကျွန်မတို့အနေဖြင့် ဖြူဖြူစင်စင်နှင့် ရိုးရိုးသားသား ပြောဆို၊ ပြုမူဖို့၊ ကျွန်မတို့ စိတ်နှလုံးတွင် လှည့်ဖြားမှုနှင့် ဟန်ဆောင်မှု၊ လိမ်လည်မှုတို့ မရှိဖို့၊ ဘုရားအပေါ် ရိုးသားသော စိတ်နှလုံးရှိဖို့နှင့် အခြားသူများအပေါ်တွင်လည်း ရိုးသားဖို့ ဖြစ်သည်။ အမှားတစ်ခုခု လုပ်မိပါက၊ လိမ်လည်မိပါက ဝန်ခံကာ မိမိတို့ကိုယ်ကို သုံးသပ်ပြီး စစ်မှန်သော သဘောထားဖြင့် အမှန်တရားကို လက်ခံဖို့ လိုသည်။ ဤနည်းဖြင့်သာ ကျွန်မတို့၏ ဆိုးယုတ်သော စိတ်သဘောထားကို တဖြည်းဖြည်း ဖြေရှင်းနိုင်မည် ဖြစ်သည်။ ကျွန်မတို့၏ ညီအစ်ကို မောင်နှမအချို့က ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ ထိုခဏတွင် သူတို့အရှက်ရသော်လည်း လက်ခံကာ နာခံနိုင်ကြသည်။ ထို့နောက်တွင်မူ သမ္မာတရားကို သူတို့ရှာနိုင်၏၊ မိမိတို့ကိုယ်ကို သုံးသပ်နိုင်ပြီး မိမိတို့ ကျရှုံးမှု၏ အကြောင်းတရားကို ရှာနိုင်ကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ယခင်ထက် သာ၍ တိုးတက်လာကြသည်၊ မိမိတို့တာဝန်များတွင် ယခင်ထက် သာ၍ ပိုတော်လာကြပြီး ဘုရား၏ လမ်းပြမှုနှင့် ကောင်းချီးများ ရှိကြသည်။ သို့ရာတွင် ကျွန်မမှာမူ မိမိကိုယ်ပိုင် ပုံရိပ်နှင့် အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကျွန်မ၏ တာဝန်များကို ခေါင်းရှောင်ရန်အပြင် တရားစီရင်ခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ရှောင်ရှားရန် အချို့သော နည်းလမ်းများကို အမြဲ အသုံးပြုခဲ့ပြီး ထက်မြက်သည့်နည်းဖြင့် ကိစ္စများကို လုပ်ဆောင်နေခဲ့သည်ဟု ခံစားခဲ့သည်။ ထိုအတွက် နောက်ဆုံး၌ မည်သည့်အရာကို ကျွန်မရခဲ့သနည်း။ ဘုရားသခင်ကို နှစ်နှင့်ချီ ယုံကြည်ပြီးနောက် ကျွန်မ၏ အသက်စိတ်သဘောထားက မပြောင်းလဲသေးပါ။ ကျွန်မသည် အလွန်ဉာဏ်များ၊ လှည့်ဖြားတတ်ကာ ဆိုးယုတ်ဆဲ ဖြစ်သည်။ စည်းမျဉ်းများကို သဘောမပေါက်ဘဲ မိမိတာဝန်ကို လုပ်ခဲ့ပြီး ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို မသိခဲ့ပါ။ တာဝန်ကို ခေါင်းရှောင်ပြီး ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို ရှောင်ရှားဖို့ လှည့်ကွက်များ အဖန်ဖန် အသုံးပြုခြင်းအားဖြင့် ကျွန်မသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် ငြင်းပယ်ကာ သမ္မာတရား ရရှိဖို့ အခွင့်အရေးများအား ဖျက်ဆီးနေခြင်း ဖြစ်သည်ကို နောက်ဆုံး၌ သဘောပေါက်သွားသည်။ တာဝန်ကို ရှောင်ရှားဖို့ လှည့်ကွက်များ အသုံးပြုသည့် အချိန်တိုင်း ပြောရမည့်အရာနှင့် အသုံးပြုရမည့် ဆင်ခြေကို ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့ရသည်။ တစ်ကြိမ်တစ်ခါ လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း ကျွန်မ၏ ဂုဏ်သတင်းနှင့် ပုံရိပ်တို့ ထိပါးခံရမည့် အန္တရာယ်က တွဲပါလာသည့် နောက်တစ်ကြိမ်တွင်မူ လူတို့ကို လှည့်ဖြားဖို့ နောက်တစ်နည်းကို ကျွန်မစဉ်းစားရသည်။ လှည့်ဖြားတတ်ပြီး မရိုးသားသော ဤအခြေအနေတွင် နေ့တိုင်း အသက်ရှင်ခြင်းက အလွန်ပင်ပန်းစရာ ဖြစ်သည်၊ ယင်းကို ဘုရားက မုန်းတီး၊ စက်ဆုပ်ပြီး နောက်ဆုံးတွင် သမ္မာတရားရပြီး ကယ်တင်ခံရမည့် ကျွန်မ၏ အခွင့်အရေးများကို ကျွန်မဖျက်ဆီးမိမည် ဖြစ်သည်။ ကျွန်မတော်နေခဲ့ခြင်း ဖြစ်ပါသလား။ ဤသည်မှာ မသိနားမလည်ခြင်း၊ မိုက်မဲခြင်း ဖြစ်၏။ ဤအရာကို သဘောပေါက်သည့်အခါ ကျွန်မ၏ လှည့်ဖြားတတ်ပြီး ဆိုးယုတ်သော စိတ်သဘောထားကို ဖြေရှင်းကာ ရိုးသားသော လူတစ်ဦး ဖြစ်လာရန် စိတ်အားထက်သန်စွာ လိုချင်ခဲ့သည်။

ညီအစ်ကိုဝမ်က သူ့အား လူသစ်နှင့် မိတ်သဟာယပြုခိုင်းရသည့် ကျွန်မ၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကို မသိသေးဟု ကျွန်မတွေးမိသည်။ သူ့ထံ ကျွန်မဖွင့်မပြောပါက ကျွန်မအပေါ် သူချင့်ချိန်နိုင်စွမ်း မရှိမည်သာမက ကျွန်မကို အထင်ကြီးကာ အပျက်သဘောဆောင်သည့် အခြေအနေတွင် ဆက်ရှိပြီး အလုပ်ကို သူမလုပ်နိုင်ဟု ဆက်တွေးထင်ဦးမည် ဖြစ်သည်။ ထို့ကြောင့် ညီအစ်ကို ကလော့ဒ်ထံ ကျွန်မသွားကာ လူသစ်နှင့် မိတ်သဟာယပြုရန် သူ့ကို စေလွှတ်ရသည့် ကျွန်မ၏ ရည်ရွယ်ချက်များအကြောင်း ဖွင့်ပြောခဲ့ပြီး ဤကိစ္စမှ ကျွန်မသင်ယူခဲ့သည့်အရာကို သူ့အား ပြောပြခဲ့သည်။ လူသစ်နုတ်ထွက်သွားခြင်းအတွက် တာဝန်အများစုကို ကျွန်မယူပါကြောင်းနှင့် ကျွန်မသည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်ကြောင်းတို့ကိုလည်း ပြောခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင်သိက္ခာနှင့် အကျိုးစီးပွားများကို ကာကွယ်ဖို့ သက်သက်အတွက်နှင့် သူ့ကို ကျွန်မလှည့်ဖြားပြီး တာဝန်ယူစေခဲ့သည်။ ထို့နောက်တွင် သူ၏ မိမိကိုယ်ကိုယ် သုံးသပ်ခြင်း၊ အသိပညာနှင့် ဤကိစ္စရပ်မှ သူရလိုက်သည့် အရာများအကြောင်း ကျွန်မကို သူဖွင့်ပြောခဲ့သည်။ သူနှင့် မိတ်သဟာယပြုပြီးနောက်တွင် ကြီးမားသည့် လွတ်မြောက်သော ခံစားချက်တစ်ခုကို ကျွန်မခံစားခဲ့ရ၏။ သမ္မတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ ငြိမ်သက်ခြင်းနှင့် လုံခြုံမှုကို ခံစားရနိုင်ကြောင်း ကျွန်မတွေ့ကြုံခဲ့ရသည်။

ထို့နောက်တွင် ကျွန်မတို့ အလုပ်ရှိ သွေဖည်မှုများကို စစ်ဆေးဖို့ အစည်းအဝေးတစ်ခုကို ကြီးကြပ်ရေးမှူးက စီစဉ်ခဲ့သည်။ ထိုလတွင် ကျွန်မ၏ ထိရောက်မှုက အလွန်အမင်း ကျဆင်းသွားသည်။ ထိုအလုပ်အစည်းအဝေးမှ ကျွန်မထွက်ပြေးလွတ်မြောက်ချင်ခဲ့သည်။ သို့ရာတွင် ကျွန်မ မည်သို့ပြုမူသည်ကို မြင်ရန်၊ ကျွန်မ၏ ပုံရိပ်နှင့် အဆင့်အတန်းကို ခုခံကာကွယ်ပြီး ကျွန်မ၏ အားနည်းချက်များနှင့် ပြဿနာများကို ဖုံးဖိကာ ဖုံးကွယ်ဖို့ ကျွန်မ၏ လှည့်ကွက်ဟောင်းများကို ပြန်လုပ်မည်လား၊ သို့မဟုတ် ကျွန်မ၏ ပြဿနာများကို ရင်ဆိုင်ကာ ပွင့်ပွင့်လင်းလင်း စကားပြောပြီး ရိုးသားသော လူတစ်ဦး ဖြစ်မည်လားဆိုသည်ကို မြင်ရန် ကျွန်မ၏ စကားနှင့် လုပ်ဆောင်ချက်များကို ဘုရားက ဆန်းစစ်နေမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့သည်။ ကျွန်မ၏ ပုံရိပ်ကို ထိခိုက်မည်ဆိုလျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဖို့ မိမိကိုယ်ကိုယ် ပြောလိုက်သည်။ ထို့ကြောင့် ထိုကာလအတောအတွင်း ကျွန်မအလုပ်တွင် ဖြစ်သလိုလုပ်ပြီး လှည့်ကွက်များ လုပ်ခဲ့ပုံအကြောင်း ကျွန်မဖွင့်ပြောခဲ့ပြီး ကျွန်မ၏ သွေဖည်မှုများနှင့် ပြဿနာများကို ပေါင်းရုံးသုံးသပ်ပါ့မည်၊ ကျွန်မ၏ တာဝန်အပေါ် သဘောထားကို ပြောင်းလဲပါ့မည်၊ ပိုမိုထိရောက်ဖို့ ကြိုးစားပါ့မည်ဟု ပြောခဲ့သည်။ ဤမိတ်သဟာယပြီးသည့်နောက်တွင် ကြီးမားသည့် လွတ်မြောက်မှု ခံစားချက်ကို ခံစားခဲ့ရပြီး ကျွန်မ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ လိုအင်ဆန္ဒနှင့် လှုံ့ဆော်မှု ရှိခဲ့သည်။ ကျွန်မပြောပြီးသွားသည့်နောက် ညီအစ်ကို မောင်နှမများက ကျွန်မကို အထင်မသေးခဲ့ကြပါ။ ထိုအစား ကျွန်မတို့ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအချို့ကို ကျွန်မနှင့်အတူ ဆွေးနွေးပေးခဲ့ကြသည်။ သူတို့၏ မိတ်သဟာယက ကျွန်မအတွက် များစွာအကျိုးရှိခဲ့ပြီး မိမိ၏ သွေဖည်မှုများကို ပြောင်းလဲဖို့ နောက်ထပ် နည်းလမ်းများကိုလည်း သိခဲ့သည်။ ထို့နောက်တွင် ဤလမ်းကြောင်းများကို ကျွန်မလက်တွေ့လုပ်ဆောင်ခဲ့ပြီး ကျွန်မ၏ အလုပ်တွင် တဖြည်းဖြည်း ပိုမိုထိရောက်လာခဲ့သည်။ ဘုရားကို ကျွန်မအလွန်ကျေးဇူးတင်ရှိပါသည်။

ဤအတွေ့အကြုံမှတစ်ဆင့် မည်သည့်အမှားများကို ကျွန်မတို့ ပြုလုပ်မိသည်ဖြစ်စေ၊ ကျွန်မတို့၏ တာဝန်များတွင် မည်သည့်ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်ဖြစ်စေ ကိစ္စများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သရွေ့၊ ကျွန်မတို့ စိတ်နှလုံးများကို ဖွင့်ဟနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ မည်သူကမျှ ကျွန်မတို့ကို အထင်မသေးမည်သာမက မိမိကိုယ်ကို ကျွန်မတို့ သုံးသပ်ပြီး မိမိတို့၏ တာဝန်များကို ပိုကောင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျွန်မတကယ်ပင် ခံစားခဲ့ရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသော လူတို့သည်သာ အကျင့်စရိုက်နှင့် သိက္ခာရှိကြပြီး သူတို့သည်သာ ‌အမှန်တကယ် စိတ်အေးလက်အေးဖြစ်ကာ လွတ်မြောက်မှု ခံစားရသည်ဟုလည်း ကျွန်မခံစားမိခဲ့သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း

ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...

လွှတ်ပေးထားသည့်နည်းကို ကျွန်မ အသုံးပြုမည်မဟုတ်တော့ပါ

လီဖေး အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လမှာ ကျွန်မအသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကျွန်မ ကြီးကြပ်ရတယ်။ အလုပ်က များလာတော့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။