အခု ကျွန်တော် နှလုံးသားထဲကနေ စကားပြောဆိုနိုင်ပြီ

23.01.2022

မက်ချူး ပြင်သစ်နိုင်ငံ

တခြားညီအစ်ကိုမောင်နှမတွေနဲ့အတူ အစ်ကို့တာဝန်ကို ထမ်းဆောင်နေတုန်းမှာ လူတစ်ယောက်ရဲ့ အမှား ဒါမှမဟုတ် သမ္မာတရားနဲ့မကိုက်ညီတာတစ်ခုခုကို သူတို့လုပ်တာကို အစ်ကိုသတိပြုမိရင် အစ်ကိုက သတိပေးသင့်တယ်၊ ကူညီသင့်တယ်ဆိုတာ ကောင်းကောင်းသိပေမဲ့ ဘယ်သူ့ကိုမှ စိတ်ဆိုးအောင်မလုပ်မိဖို့ ကြိုးစားပြီး ဒီလိုပြဿနာတွေကို အစ်ကို ရှောင်လေ့ရှိခဲ့တယ်။ သိပ်မကြာခင်တုန်းက ဒီလိုအပြုအမူရဲ့ နစ်နာမှုနဲ့ အကျိုးဆက်တွေကို အစ်ကိုသဘောပေါက်အောင်လုပ်ပေးပြီး ပြောင်းလဲအောင်ကူညီပေးခဲ့တဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။

အခုရက်ပိုင်း၊ စုဝေးပွဲတစ်ခုအပြီးမှာ ဦးဆောင်သူအစ်မက ပြောတယ်။ ရေလောင်းတာဝန်လုပ်နေတဲ့ အစ်ကိုတို့တွေထဲက ဧဝံဂေလိမျှဝေပေးမယ့်သူ တချို့ကို ရွေးချယ်ဖို့အတွက် ပြင်ဆင်ဖို့လိုတယ်တဲ့။ ပြီးတော့ ရေလောင်းတာနဲ့ ဧဝံဂေလိအလုပ်နှစ်ခုလုံးက အရေးကြီးတာကိုလည်း ထပ်ပြောတယ်။ ဒါကို အခြေခံစည်းမျဉ်းတွေနဲ့ယှဉ်ပြီး အလေးအနက်စဉ်းစားပြီးတော့ အဖွဲ့လိုက်ဆွေးနွေးပြီး ဆုံးဖြတ်ဖို့ပြောတယ်။ အစ်ကို အံ့သြသွားရတာက အစ်ကို့တာဝန်မှာ အတူတူလုပ်တဲ့ အစ်ကိုဂျိမ်းက နောက်တစ်နေ့မနက်မှာ အစ်ကို့ကို ခေါ်ပြီးပြောတယ်။ သူက ညီအစ်ကိုမောင်နှမတချို့ကို ရွေးပြီးထားပြီးတော့ သူတို့တွေကို အတူတူစုဖို့ စီစဉ်ထားတယ်တဲ့ သူတို့တာဝန်တွေကို ပြောင်းတာနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တဲ့နေရာမှာ သူနဲ့အတူပါဝင်ဖို့ အစ်ကို့ကိုပြောတယ်။ သူဒီလိုပြောတာကို ကြားရတော့ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒါ အစ်ကို့ဘက်ကနေ သေချာမစဉ်းစားဘဲ အမြန်လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်မျိုးမဟုတ်ဘူးလား။ ဒါကို ကျွန်တော်တို့ အားလုံး အတူတူမဆွေးနွေးရသေးဘူး။ ပြီးတော့ လူတိုင်းက အခု သူတို့ရဲ့ တစ်ဦးချင်းတာဝန်တွေကို လုပ်နေကြတာ။ အစ်ကိုက ဒီလို ကြောင်းကျိုးမမြင်ဘဲ ပြောင်းလဲလိုက်ပြီး အဲဒါက မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ရင် အသင်းတော် အလုပ်ကို ထိခိုက်မှာ မဟုတ်လား” တဲ့။ အစ်ကို တကယ် တွေးမိတဲ့အရာကို အစ်ကိုဂျိမ်းကို ပြောပြချင်ပေမဲ့ ဖုန်းမှာ သူ့အသံက ဘယ်လောက်စိတ်လှုပ်ရှားနေတယ်ဆိုတာကြားရတော့ စိတ်က ဒွိဟဖြစ်လာတယ်။ သူက ဆုံးဖြတ်ချက်ကို အရမ်းကို အလျင်စလိုလုပ်နေတယ်၊ ဒီလို ကြိုမစဉ်းစားဘဲ ကိစ္စတွေကို မလုပ်သင့်ဘူးဆိုတာကို သူ့ကိုပြောပြလိုက်ရင် သူ စိတ်မကောင်းဖြစ်သွားနိုင်တယ် ပေါ့။ သူ့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ရင် ငါက သူ့စိတ်ကူးတွေကို ကဖျက်ကယက် လုပ်နေတယ်လို့ သူခံစားရပြီး ငါက မာနကြီးတယ်လို့ မထင်လောက်ဘူးလားပေါ့။ ဒီလိုအတွေးတွေကြောင့် တွန့်ဆုတ်သွားပြီး စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ သူ့ရဲ့အဆိုပြုချက်အပေါ် အစ်ကိုစိုးရိမ်နေပေမဲ့ သူ့ရဲ့ဖိတ်ခေါ်မှုကို အစ်ကိုလက်ခံခဲ့ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုဖို့အတွက် သူနဲ့အတူ စုဝေးပွဲကို ဧည့်ခံပြောဆိုဖို့ သဘောတူခဲ့တယ်။

ဖုန်းချပြီးတဲ့နောက်မှာ WhatsApp ဂရုမှာ ရှယ်ထားတဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်။ “ကိုယ်ပိုင်အတွေးအခေါ်များ မရှိဘဲနှင့် လူတို့အား ကျိုးကြောင်းမမြင်ဘဲ သဘောတူလျက် စိတ်ရှုပ်ထွေးခြင်း မရှိရပေ။ ထို့ထက် သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှမလာသော ထိုအရာများကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်နေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသော လူတစ်ယောက် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂)) သိလားညီလေး။ အဲဒီနှုတ်ကပတ်တော်တွေက အစ်ကို့ကို တိုက်ရိုက်ပြောနေသလို အစ်ကိုခံစားခဲ့ရတယ်။ ဒါဟာ ဘုရားသခင်က အစ်ကိုတို့စိတ်နှလုံးအတွင်းထဲကို ဘယ်လိုအမှန်တကယ်မြင်နိုင်တယ်ဆိုတဲ့ တကယ်လေးနက်တဲ့ အတွေ့အကြုံတစ်ခုပဲ။ အစ်ကိုက တစ်ခုခုမှားနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပေမဲ့ တိတ်ဆိတ်နေတဲ့ ဘုရားနှုတ်ကပတ်တော်မှာ ဖော်ထုတ်ထားတဲ့ လူစားမျိုး အတိအကျပဲမဟုတ်ဘူးလား။ မဖြစ်ဘူး။ ငါ ဒီလိုလူမျိုး မဖြစ်သင့်တော့ဘူးပေါ့။ အဲဒါနဲ့ အစ်ကိုက သတ္တိမွေးပြီး ထုတ်ပြောဖို့ ရည်ရွယ်လိုက်တယ်။ ဒါပေမဲ့ အစ်ကိုဂျိန်းက ဘယ်လောက်စိတ်အားထက်သန်တယ်ဆိုတာ စဉ်းစားမိတော့ အစ်ကိုက သူ့ကိုတားဆီးရင် အစ်ကိုက သူနဲ့ အတိုက်အခံလုပ်နေတယ်လို့ သူခံစားမိမှာကို အစ်ကို စိုးရိမ်ခဲ့တယ်။ စိတ်ထဲမှာ ခဏတိုက်ပွဲဖြစ်နေပြီးတဲ့နောက်မှာ အစ်ကို ကိုယ့်ကိုယ်ကိုယ်ပဲ နှစ်သိမ့်လိုက်တယ်။ အစ်ကိုက မှန်တယ်ဆိုတာ သိပ်မသေချာလောက်ပါဘူးဆိုပြီး တွေးလိုက်တယ်။ အစ်ကို မမြင်တာတစ်ခုခုရှိကောင်းရှိနိုင်တယ်ပေါ့။ အဲဒါနဲ့ အစ်ကို သမ္မာတရားကို စွန့်လွှတ်ခဲ့တယ်။ ဘုရားရဲ့ အပြစ်တင်ဆုံးမမှုကို လျစ်လျူရှုလိုက်တယ်။ အစ်ကိုဂျိန်းကို ဘာမှမပြောခဲ့ဘူး။ နောက်ပိုင်းမှာ အစ်ကိုဂျိန်းရဲ့အစီအစဉ်အတိုင်း လိုက်လုပ်ခဲ့ပြီး အလုပ်ကို စစီစဉ်တယ်။

လတ်တလောအချိန်မှာ ဦးဆောင်သူအစ်မကို အစ်ကို အဲဒီအကြောင်းပြောပြလိုက်တယ်။ အဲဒါကို ကြားပြီးတော့ သူက ဂျိန်းနဲ့အစ်ကို့ကို အွန်လိုင်းမှာ ချက်ချင်းခေါ်တွေ့ပြီး ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။ “ဝန်ထမ်းအပြောင်းအလဲတွေအတွက် စီစဉ်စီမံတာတွေအတွက် သီးသန့်လိုအပ်ချက်တွေရှိပါတယ်။ အသင်းတော်ရဲ့အလုပ် မနှောင့်နှေးအောင်လို့ လူတွေကို သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်တွေကိုကြည့်ပြီး ဧဝံဂေလိမျှဝေဖို့အတွက်၊ ရေလောင်းတာဝန်အတွက် ရွေးချယ်ပေးရပါတယ်။ ရှင်တို့က လူတစ်စုကို ဧဝံဂေလိဖြန့်ဝေဖို့ စီစဉ်တကျမရှိဘဲ ပြောတာဟာ အသင်းတော်အလုပ်ကို ပရမ်းပတာဖြစ်စေတာမဟုတ်ဘူးလား။ ရှင်တို့က သမ္မာတရား အခြေခံသဘောတရားတွေကို မရှာဖွေဘူး၊ လူတိုင်းနဲ့ မဆွေးနွေးဘူး။ ဒါဟာ အနှစ်သာရအားဖြင့် အကြောင်းမဲ့ပြုမူနေတာပဲ” တဲ့။ သူဒီလိုပြောတာကို အစ်ကိုကြားတော့ တော်တော်စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိတယ်လို့ခံစားမိခဲ့တယ်။ ဒါဟာ ဘုရားသခင်က အစ်ကို့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနေတာဆိုတာ အစ်ကိုသိခဲ့ပါတယ်။ သူပြောတာ လုံးဝ မှန်ပါတယ်။ အစ်ကိုတို့က အကြောင်းမဲ့ပြုမူနေပြီး စည်းမျဉ်းတွေကို မလိုက်နာဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး အသင်းတော်အတွက် အကျိုးမရှိတဲ့အရာမှန်သမျှကို ငြင်းပယ်ပြီး တားဆီးသင့်တယ်ဆိုတာ အစ်ကို နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ တစ်ခုခုကို အစ်ကို အပြည့်အဝနားမလည်ရင်တောင် အစ်ကို့စိတ်ထဲရှိတာကို ပြောသင့်ပြီး ရှာဖွေသင့်တယ်။ လူတိုင်းနဲ့အတူ မိတ်သဟာယပြုသင့်ပါတယ်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အစ်ကို မစဉ်းမစားနဲ့ လိုက်မလုပ်သင့်ဘူး။ ဒါပေမဲ့ အစ်ကိုဂျိန်းနဲ့ ဆက်ဆံရေးကို ကာကွယ်ပြီး သူက အစ်ကို့ကို မကောင်းမမြင်ဖို့ ကြိုးစားတဲ့အနေနဲ့ သူ့ရဲ့ပြဿနာကို ထောက်မပြခင်မှာ အသင်းတော်အလုပ်ကို နှောင့်နှေးစေဖို့ အသင့်ဖြစ်နေခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းနဲ့ လမ်းပြမှုကိုတောင် ကျောခိုင်းခဲ့တယ်။ အစ်ကိုက ဘယ်လောက် ဉာဏ်များပြီး တစ်ကိုယ်ကောင်းဆန်ပြီး ရွံရှာဖွယ်ဖြစ်တယ်ဆိုတာ အစ်ကိုမြင်ခဲ့ပါတယ်။ ဒါကို အစ်ကိုစဉ်းစားကြည့်လေလေ၊ ရူးမိုက်သလို ခံစားရလေလေပဲ။ ကိုယ့်ကိုယ်ကိုယ် ရွံရှာမုန်းတီးမှုတွေနဲ့ ပြည့်နေခဲ့တာပေါ့။

နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်ရင်းနဲ့ အစ်ကိုက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ့်အစား ဘာလို့ ကိုယ့်အကျိုးစီးပွားကို အမြဲတမ်းကာကွယ်နေသလဲဆိုတာ တွေးတောမိတယ်။ စိတ်သောကရောက်နေရင်းနဲ့ အစ်ကို ဘုရားရှေ့ကိုလာပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အမှုအရာတွေကို ကျွန်တော်လုပ်ဆောင်ပါတယ်။ ကျွန်တော့်အတွက် အရမ်းရှင်းလင်းနေတာတောင်မှ သမ္မာတရားကို ကျွန်တော် လက်တွေ့မလုပ်ဆောင်ခဲ့ပါဘူး။ ကျွန်တော်ဟာ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ဘယ်လောက်ဆိုးဆိုးဝါးဝါးခံထားရတယ်ဆိုတာ သိပါတယ်။ ဘုရားသခင် ကျေးဇူးပြု၍ ကျွန်တော့်ကို ကယ်တင်တော်မူပါ” ဆိုပြီးတော့။ နောက်ပိုင်းမှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို အစ်ကိုတွေ့တယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်း ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်တွေက အစ်ကို့အတွက် အရမ်းကို စိတ်ထိခိုက်မိတယ်။ ဘုရားအပေါ် တကယ်ယုံကြည်သူက ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိကြတယ်။ ပြဿနာကို ရင်ဆိုင်ရတဲ့အခါမှာ သူတို့က ဘုရားသခင်ဘက်မှာ ရပ်တည်ရင်းနဲ့ သမ္မာတရားကို ရှာနိုင်ပီး လက်တွေ့လုပ်ဆောင်နိုင်တယ်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတွေက စာတန်ဘက်မှာ ရပ်တည်ပြီး အသင်းတော်ကို နိမ့်ကျစေရင်းနဲ့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနောက်ကို လိုက်ကြတယ်။ လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်တာဟာ စာတန်ဘက်မှာ အစ်ကိုရပ်နေခြင်းပဲဆိုတာ သဘောပေါက်လိုက်တယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ရပ်တည်ဖို့လိုအပ်တဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ရတဲ့အခါတိုင်းမှာ လူတွေ စိတ်ဆိုးမှာကြောက်ပြီး၊ သူတို့စိတ်နှလုံးထဲမှာရှိနေတဲ့ အစ်ကို့ရဲ့နေရာပျောက်မှာကိုကြောက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တယ်။ အစ်ကိုက အဲဒီတိုင်းပဲဆက်သွားနေရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်း၊ ဖယ်ရှားခြင်းကို ခံရမယ်ဆိုတာ အစ်ကိုသိခဲ့တယ်။ ဒီနေရာမှာ လူ့အကြိုက်လိုက်သူတွေလုပ်တဲ့အရာတွေရဲ့ သဘောသဘာဝကိုပဲ အစ်ကိုနားလည်ခဲ့တာ။ အစ်ကိုရဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အရင်းအမြစ်ကို ဘာမှနားမလည်သလောက်ပဲ။ ဒါကြောင့် ဘုရားသခင်က အစ်ကို ကိုယ့်ကိုယ်ကိုယ်ပိုသိလာအောင် ကူညီဖို့အတွက် အစ်ကိုတစ်ယောက်ကနေတစ်ဆင့် အစ်ကို့ရဲ့ချွတ်ယွင်းချက်တွေကို ထောက်ပြခဲ့တယ်။

အစ်ကို မှတ်မိတယ်။ တစ်ခါက အစ်ကိုမိုက်ကယ်နဲ့ အစ်ကိုက ရေလောင်းတာဝန်ကို အတူတူလုပ်နေတုန်း သူက ထုတ်ပြောတယ်။ အစ်ကိုမက်သရူး၊ “အခုနောက်ပိုင်းမှာ ကျွန်တော်တို့ အဖွဲ့လိုက်လုပ်တာ နည်းနည်းလာတယ်။ ကျွန်တော့်အမှားတွေကို အစ်ကို သိပ်ထောက်မပြဘူး။ သမ္မာတရားနဲ့မညီတာတစ်ခုကို ကျွန်တော်လုပ်နေတာတွေ့ရင် အစ်ကိုက ဘာမှမပြောဘူး။ အဲဒီလိုပုံစံနဲ့ ကျွန်တော်က ဘယ်လိုလုပ် တိုးတက်မှုတစ်ခုခုကို ကြုံတွေ့ရမှာလဲ။ ပြဿနာတွေကို မြင်ဖို့အတွက် အကူအညီလိုပြီးတော့ တိုးတက်မှုရှိဖို့အတွက် ကျွန်တော်က ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရဖို့လိုတယ်” တဲ့။ သူဒီလိုပြောတော့ အစ်ကို စိတ်မကောင်းဘူး။ အစ်ကို့ခေါင်းထဲမှာ အစ်ကိုတို့ဆက်ဆံရေးတွေကို ပြန်စဉ်းစားကြည့်တယ်။ သူက သူ့တာဝန်မှာ စိတ်မပါဘဲလုပ်နေပြီး ယုံကြည်သူအသစ်တွေအတွက် စုဝေးပွဲတွေမှာ အပေါ်ယံပဲလုပ်နေတယ်ဆိုတာကို အစ်ကို အခုရက်ပိုင်းမှာ သတိထားမိတယ်။ သူက အစ်ကိုတို့ပြောဖို့ စီစဉ်ထားတဲ့ ဘယ်ခေါင်းစဉ်ကိုမဆို တိုက်ရိုက်ပဲ မိတ်သဟာယပြုလိုက်တယ်။ သူတို့ရဲ့ တကယ့်ပြဿနာနဲ့ အခက်အခဲတွေကို အခြေခံပြီး ပြဿနာတွေကို ဖြေရှင်းပြီး အကျိုးအမြတ်ရရှိခြင်း အခြေခံသဘောတရားတွေကို အခြေခံပြီး ချက်ချင်းပြင်ဆင်တာတစ်ခုခုမလုပ်ဘူး။ အဲဒီစုဝေးပွဲတွေရဲ့ ရလဒ်က အကောင်းဆုံးမဖြစ်ဘူး။ တချို့ လူသစ်တွေက သူတို့ပြဿနာတွေကို အချိန်မီ မဖြေရှင်းနိုင်ကြဘူး။ ဒါတွေကို တစ်ခုမှ သူ့ကို အစ်ကို ပြောမပြခဲ့ဘူး။ သူစိတ်ဆိုးသွားမှာ၊ အစ်ကို့ကို မကြည်တော့မှာကို စိုးရိမ်ခဲ့တယ်။ အဲဒီ ပြဿနာတွေ အားလုံးကို အစ်ကို ရှောင်ကွင်းသွားခဲ့တယ်။ ပြီးတော့ အစ်ကိုမိုက်ကယ်ပြောတာ ဟုတ်တယ်။ သူ့ပြဿနာတွေကို အစ်ကိုမြင်ပြီးပေမဲ့ သူ့ကို လုံးဝပြောမပြခဲ့ဘူး။ အစ်ကိုက လူတိုင်းရဲ့ အချစ်ဆုံးသူငယ်ချင်းလိုမျိုး ပြုမူနေရင်းနဲ့ လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်နေခဲ့တာပါ။ လူ့အကြိုက်လိုက်သူတစ်ယောက်လို တွေးတာဟာ အစ်ကို့ကို ဆက်ပြီး ထိန်းချုပ်နေတယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပိတ်ပင်နေတယ်ဆိုတာ အစ်ကို သိခဲ့တယ်။ ဘာလုပ်ရမယ်ဆိုတာ မသေချာတာနဲ့ ဘုရားသခင်ကို ဒီလို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော်ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို သိပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားရဲ့ အချုပ်အနှောင်တွေကို စွန့်ပစ်ဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “လူ၏သဘာဝကို သင်မည်သို့ နားလည်သနည်း။ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် စံနှုန်းများ၏ ရှုထောင့်မှ ခွဲခြားသိမြင်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသကဲ့သို့သော စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် ကမ္ဘာမြေ၏ အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် စကားများသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။...စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ လှည့်စားဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- ‘သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။’ ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ ‘“အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။” ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်’ ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းနှင့် သက်မွေးမှုလုပ်ငန်းတို့သည် သူ၏အသက် ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဒီဘုရားနှုတ်ကပတ်တော်တွေက ပြဿနာရဲ့ အရင်းအမြစ်ကို အစ်ကို့ကို ပြသခဲ့တယ်။ ရှင်သန်ရေးအတွေးအခေါ်တွေနဲ့ အယူလွဲတွေထဲမှာ အစ်ကို နှစ်မြုပ်သွားအောင် စာတန်က အစ်ကိုတို့ရဲ့ လူမှုအဖွဲ့အစည်းနဲ့ နည်းလမ်းတကျပညာရေးကို အသုံးပြုတာကြောင့် အစ်ကိုက အမြဲတမ်းပဲ “သဘောကောင်းသူ” တစ်ယောက်ဖြစ်နေခဲ့တာပေါ့။ ဥပမာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသောစကားများကို ပြောပါ” ဆိုတာနဲ့ တခြားဟာမျိုးတွေပေါ့။ အဲဒါတွေက အစ်ကိုရဲ့ ပြုမူလုပ်ဆောင်မှုမှာ စည်းမျဉ်းတွေဖြစ်လာတယ်။ တကယ်တမ်းမှာ အစ်ကိုငယ်ငယ်တုန်းက ပြောဆိုပြုမူရာမှာ အတော်လေးဟန်ဆောင်မှုကင်းတယ်။ အစ်ကိုမြင်တဲ့ဘယ်အရာကိုမဆို ထုတ်ပြောတယ်။ ကျောင်းမှာ အတန်းဖော်တစ်ယောက်က အနိုင်ကျင့်တာခံရတာကို မြင်ရင် အစ်ကိုက မားမားမတ်မတ်ရပ်ပြီး သူတို့ကို ကာကွယ်ပေးတယ်။ အစ်ကို့ကို နှောင့်ယှက်ဖို့ ပစ်မှတ်တစ်ခုဖြစ်စေတယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေရဲ့ ကိုယ်ရေးကိုယ်တာ အားနည်းချက်တွေကို သတိပြုမိရင်၊ သူတို့တစ်ခုခုမကောင်းတာလုပ်တာကို မြင်ရင် အစ်ကိုက ချက်ချင်း ထုတ်ပြောတယ်။ သူတို့က သိပ်မကျေမနပ်ဖြစ်လေ့ရှိပြီး အစ်ကို့ကို စိတ်ဆိုးကြတယ်။ မခေါ်မပြောတောင်လုပ်ကြတယ်။ အဆင်ပြေအောင် ကြိုးစားတဲ့အနေနဲ့ အစ်ကိုက သူတို့ကို တောင်းပန်ပြီး ခွင့်လွှတ်ပေးဖို့ပြောတယ်။ ဒီအတွေ့အကြုံတွေရဲ့ရလဒ်အနေနဲ့ ဒီကမ္ဘာမှာ ရပ်တည်နိုင်ဖို့အတွက် အရှိကိုအရှိအတိုင်းပြောတာဟာ သေချာပေါက်ကောင်းတဲ့ အရာတစ်ခုမဟုတ်ဘူး၊ ကိုယ့်ကိုယ့်ကိုယ် မလိုအပ်တဲ့ပြဿနာတွေဖြစ်စေနိုင်တယ်လို့ ခံစားလာရတယ်။ အဲဒီအချိန်ကစပြီး အစ်ကိုက မရိုးမသားဖြစ်လာပြီး မပွင့်လင်းတော့ဘူး။ တစ်ယောက်ယောက်က မလုပ်သင့်တာ တစ်ခုခုလုပ်တာကို အစ်ကိုမြင်ရင် ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် ပါးစပ်ပိတ်ထားလိုက်တယ်။ ဒီလိုလုပ်တော့ သူများတွေနဲ့ အစ်ကို့ရဲ့ဆက်ဆံရေးက တော်တော်ပိုပြီး “သဟဇာတ” ဖြစ်လာတာကို တွေ့ရတယ်။ လူတိုင်းနီးပါးနဲ့ အဆင်ပြေလာနိုင်တယ်။ တချို့လူတွေက ဒီအတွက် အစ်ကို့ကို ချီးတောင်ချီးမွမ်းကြတယ်။ တဖြည်းဖြည်းနဲ့ အစ်ကိုက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေဖြစ်တဲ့ “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏”၊ “တိတ်တိတ်နေခြင်းသည်ရွှေ”၊ “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသောစကားများကို ပြောပါ”၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုတာမျိုးတွေကို လက်ခံလာခဲ့တယ်။ ပြီးတော့ ဒါတွေကို ရှင်သန်နေထိုင်ဖို့အတွက် စကားတွေအဖြစ်၊ အစ်ကို့ရဲ့ အပြုအမူကို လမ်းပြပေးတဲ့ စည်းမျဉ်းတွေအဖြစ် ယူခဲ့တယ်။ လောကမှာ မြှောက်ပင့်သူတွေ၊ ဖားသူတွေ အခြေအနေကို အကဲဖြတ်မှန်းဆဖို့ အမြဲတမ်း ကြိုးစားနေသူတွေ၊ နည်းလမ်းတကျနဲ့ ရှေ့တစ်မျိုး၊ နောက်တစ်မျိုးလုပ်သူတွေဟာ တော်တော်အောင်မြင်ကြတယ်။ သူတို့တွေဟာ ဉာဏ်ထက်မြက်မှု၊ စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုရဲ့ စံနမူနာတွေအဖြစ် မကြာခဏ ချစ်ခင်လေးစားခံရတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောတဲ့ သတင်းတင်ဆက်သူတွေ၊ လူမှုရေးမမျှတမှုတွေကို ဖော်ထုတ်သူတွေဟာ ဆိုးဆိုးဝါးဝါး အဆုံးသတ်ရလေ့ရှိတယ်။ အနည်းဆုံးတော့ သူတို့တွေ အလုပ်ပြုတ်ကြတယ်။ အဆုံးဆုံးအနေနဲ့ လူတွေက သူတို့ကို လက်စားချေကြပြီး သုူတို့ရဲ့ အသက်အန္တရာယ်တောင် ထိခိုက်နိုင်ကြတယ်။ လူမှုအဖွဲ့အစည်းအားလုံးက ဆိုးယုတ်တဲ့ စဉ်းစားပုံနဲ့ ငြင်းခုံမှုတွေကို ကိုးကွယ်ကြတယ်။ ဒါကြောင့် ဒီ ရှင်သန်ရေးအတွေးအခေါ်တွေကို လိုက်နာဖို့ အရမ်းကိုလိုအပ်တယ်လို့ အစ်ကိုပိုပြီးသေချာသွားတယ်။ ဒါကြောင့် ဒီဆိုးယုတ်တဲ့ မိစ္ဆာဒိဌိအယူတွေ၊ အယူလွဲတွေ၊ ဒီလောကီဆိုင်ရာ အတွေးအခေါ်တွေကို အစ်ကိုတို့က ယုံကြည်လက်ခံလိုက်တာနဲ့ ဘဝနဲ့ လောကအပေါ် အစ်ကိုတို့ရဲ့ အမြင်က ကောက်ကွေ့လာတယ်။ အစ်ကို ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ ဘုရားသခင်က အစ်ကိုတို့ဆီက ရိုးသားမှုကိုလိုအပ်တယ်ဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ ထိန်းချုပ်ခြင်းကိုခံရပြီး အစ်ကို ရှင်းရှင်းလင်းလင်းနားလည်ထားတဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သေးဘူး။ အစ်ကိုမိုက်ကယ်က ကိစ္စတွေကို စိတ်မပါဘဲလုပ်နေပြီး စုဝေးပွဲရဲ့ ထိရောက်မှုကို ထိခိုက်နေတာကို မြင်ရတဲ့အချိန်မှာ အစ်ကိုက တစ်ခုခုပြောပြီး အသင်းတော်အသက်တာကို ထိန်းသိမ်းဖို့ ဆန္ဒရှိမနေခဲ့ဘူး။ အစ်ကိုဂျိန်းက တစ်ဖက်သတ်ပြုမူနေပြီး ဒါဟာ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေမယ်ဆိုတာ အစ်ကိုသိပေမဲ့ သူ့ကို မတားဆီးခဲ့ဘူး။ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းကိုတောင် အစ်ကိုက စိတ်ခံစားမှုကင်းမဲ့စွာနဲ့ ကျောခိုင်းခဲ့တယ်။ အဲဒီအစား သူ စိတ်မဆိုးအောင်၊ အစ်ကို့ကို မကောင်းမမြင်အောင် သူ့ကို ကူညီပေးခဲ့တယ်။ အစ်ကိုက ရှင်သန်ရေးအတွက် စာတန်ရဲ့ စည်းမျဉ်းတွေနဲ့ နေထိုင်နေပြီး ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်လာတယ်။ မုန်းတီးစရာကောင်းလာတယ်။ မယုံကြည်ရတော့ဘဲ မရိုးမသားဖြစ်လာတယ်ဆိုတာ မြင်ခဲ့တယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို အစ်ကိုလုံးဝ မကာကွယ်နိုင်ခဲ့ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုအသိစိတ် လုံးဝ မရှိခဲ့ဘူး။ အစ်ကို ရှင်သန်ခဲ့တဲ့ပုံစံက ဆိုးယုတ်ပါတယ်။ အဲဒီနောက်မှာ အစ်ကို ဘုရားဆီကို ဆုတောင်းပြီး စာတန်ရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်ပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်အောင် ကူညီပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကိုယ့်ဘာသာလုပ်ဖို့က အရမ်းခက်လွန်းတာကြောင့်ပေါ့။

ဆုတောင်းပြီးတော့ အစ်ကို့စိတ်နှလုံးထဲမှာ ပိုပြီး ငြိမ်သက်ခြင်းရှိလာတယ်။ နောက်တော့ အစ်ကို့အတွေ့အကြုံကို ညီအစ်ကိုမောင်နှမတွေကို ဖွင့်ပြောခဲ့တယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့က စိတ်ထဲပေါ်လာတယ်။ “ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ စိတ်ရင်းမှန်ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃))ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားရဲ့ အနှစ်သာရက သန့်ရှင်းဖြောင့်မတ်တယ်။ ဒါကြောင့် သူပြောသမျှ၊ လုပ်သမျှတိုင်းဟာ ယုံကြည်လို့ရတယ်။ ဘယ်အရာကမှ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ ရောထွေးနေခြင်းမရှိဘူး။ ဘုရားအတွက် အမဲကအမဲ၊ အဖြူက အဖြူပဲ။ ကြားမရှိဘူး။ သခင်ယေရှုပြောခဲ့တာတစ်ခုကို သွားသတိရတယ်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇) ဘုရားသခင်က အစ်ကိုတို့ကို အမြဲတမ်းပဲ ရိုးသားသူတွေဖြစ်ဖို့ အလိုရှိပါတယ်။ ဒါဟာ သမ္မာတရားပဲ။ စာတန်နဲ့ဆိုင်တဲ့ ဒီကမ္ဘာမှာ ရိုးသားသူတွေကို ကောင်းကောင်းလက်မခံကြဘူး။ ရပ်တည်ဖို့အတွက် ခက်ခဲကြတယ်။ ဒါပေမဲ့ ဘုရားအိမ်တော်မှာတော့ ဒီလိုမျိုးမဟုတ်ပါဘူး။ ဘုရားသခင်က ရိုးသားသူ၊ ဖြောင့်မတ်သူ၊ တရားမျှတမှုအသိစိတ်ရှိသူ သမ္မာတရားကို ဖော်ထုတ်ဖို့ ရဲရင့်သူ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူတွေကို အလိုရှိတယ်။ သူတို့တွေသာ ဘုရားသခင်ရဲ့ လက်ခံခြင်းကို ရရှိနိုင်တယ်။ သူတို့ကိုသာ ဘုရားက ချစ်ပြီးလက်ခံတယ်။ အောင်မြင်သူတွေအကြောင်း ဗျာဒိတ်ကျမ်းမှာပါတဲ့အရာတစ်ခုကို ကျွန်တော် သတိရမိတယ်။ “အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။(ဗျာဒိတ်ကျမ်း ၁၄:၅) ဘုရားသခင်က ရိုးသားသူတွေကို ချစ်တယ်၊ မရိုးသားသူတွေ၊ မယုံကြည်ရသူတွေ၊ လူတွေကို ဘယ်လိုမြှောက်ပင့်ရမယ်ဆိုတာကိုသာ သိသူတွေကို ရွံမုန်းတယ်ဆိုတာ ဒီဘုရားနှုတ်ကပတ်တော်တွေကနေ အစ်ကိုတို့ နားလည်နိုင်ပါတယ်။ ဒီလိုလူတွေဟာ အဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားခြင်းကိုသေချာပေါက် ခံရမှာပဲ။ ဒါဟာ လောကနဲ့ ဘုရားအိမ်တော်ကြား ကွာခြားမှုပဲ။ ဘုရားအိမ်တော်မှာ အရာရာကို အုပ်စိုးတာဟာ သမ္မာတရားပဲဆိုတာ အစ်ကို နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒါကြောင့် တစ်ယောက်ယောက် စိတ်ဆိုးမှာစိုးလို့ဆိုပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်တာ မဖြစ်သင့်ဘူး။ အဲဒီအစား စာတန်နောက်လိုက်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်တဲ့အတွက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမှာကို ကြောက်သင့်တာပါ။ တခြားလူတစ်ယောက်ရဲ့ ငြင်းပယ်ခြင်း၊ ရှုတ်ချခြင်းကို ခံရတာက ကြောက်စရာမဟုတ်ဘူး။ လူတစ်ယောက်က ကိုယ့်အပေါ်မြင်တဲ့အရာက ကိုယ့်ရဲ့နောက်ဆုံးရလဒ်ကို အဆုံးအဖြတ်မပေးပါဘူး။ ဘုရားသခင်ကသာ ကိုယ့်ရဲ့ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တာပါ။ အစ်ကို အာရုံစိုက်သင့်တာက ဘုရားသခင်က ကိုယ့်အပေါ် ဘယ်လိုထင်လဲဆိုတာနဲ့ ဘုရားသခင်နဲ့ အစ်ကို့ရဲ့ ဆက်ဆံရေးပဲ။ တခြားလူတွေနဲ့ အစ်ကို့ရဲ့ ဆက်ဆံရေးမဟုတ်ဘူး။ သမ္မာတရားကို အကြိမ်ကြိမ်ကျောခိုင်းရင်းနဲ့ သူများတွေနဲ့ အစ်ကို့ဆက်ဆံရေးကို အမြဲတမ်း ကာကွယ်လေ့ရှိတယ်။ ဒါပေမဲ့ အစ်ကိုလိုက်လျှောက်ဖို့ လိုအပ်တာက ဘုရားသခင်ရဲ့လက်ခံမှုအပြင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း၊ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်းနေခြင်းတို့ပဲဆိုတာ နောက်ဆုံးတော့ အစ်ကို သဘောပေါက်ခဲ့တယ်။ တကယ်တမ်းတော့ သူများတွေကို သတိပေးတာတွေ၊ မှတ်ချက်ပေးတာတွေဟာ ကျွန်တော်တို့ထင်သလို သူတို့ကို စိတ်မကျေမနပ်မဖြစ်စေဘူးဆိုတာ ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ တခြားလူတစ်ယောက်က သမ္မာတရားကို ရှာဖွေသူဆိုရင် သူတို့ရဲ့ မာနကို ချက်ချင်းထိခိုက်သွားစေနိုင်ပေမဲ့ အဲဒီနောက်မှာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သင်ခန်းစာတစ်ခုကို သူတို့သင်ယူနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေ အချင်းချင်းပိုရင်းနှီးသွားကြတယ်။ ဒါကသာ ပုံမှန် အပြန်အလှန်ဆက်ဆံရေးပဲ။

အဲဒီနောက်မှာ အစ်ကို သမ္မာတရားကို ပြောပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်လာခဲ့တယ်။ နောက်ပိုင်းမှာ တွမ်လို့ခေါ်တဲ့ အစ်ကိုတစ်ယောက်က လူသစ်တွေနဲ့ သူ့ရဲ့ စုဝေးပွဲကို အလေးအနက်မထားဘဲ အပေါ်ယံဘဲလုပ်နေတာကို အစ်ကို တွေ့ရတယ်။ သူ့ပြဿနာကို မိတ်သဟာယမှာ သူ့ကို ပြောပြချင်ပေမဲ့ စိတ်ထဲမှာ ချီတုံချတုံဖြစ်လာတယ်။ သူ့ပြဿနာကို ဖော်ထုတ်ပြလိုက်ရင် သူ့ကို အစ်ကိုက အများကြီးမျှော်လင့်နေတယ်လို့ ထင်နိုင်ပြီး အစ်ကို့ကို မခင်လောက်တော့ဘူး ပေါ့။ တိုးတက်နေတဲ့ အစ်ကိုတို့ဆက်ဆံရေးကို ထိခိုက်သွားနိုင်မလား အစ်ကို တွေးမိတယ်။ အဲဒီအတွေးတွေ ပေါ်လာတဲ့အချိန်မှာ အစ်ကို့ရဲ့ အရင်က ကျရှုံးမှုတွေကို ချက်ချင်းပြန်တွေးလိုက်တယ်။ အဲဒါနဲ့ ဘုရားဆီကို ဆုတောင်းလိုက်တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်အောင် ဦးဆောင်လမ်းပြပေးဖို့ ဘုရားကို တောင်းလျှောက်လိုက်တယ်။ တစ်နေ့မှာ စုဝေးပွဲတစ်ခုအပြီးမှာ အစ်ကိုတွမ်ကို အစ်ကိုရှာပြီးတော့ သူ့တာဝန်မှာ တာဝန်ခံမှုမရှိတာအပြင် စုဝေးပွဲတွေကို သူ သာမန်ပဲသဘောထားတာကို အစ်ကို ထောက်ပြလိုက်တယ်။ အဲဒီနောက်မှာ အစ်ကိုတို့တာဝန်နဲ့ပတ်သက်လို့ ဘုရားအလိုတော်ကို ပိုပြီးနားလည်ဖို့အတွက် အသင်းတော်အသက်တာရဲ့ စည်းမျဉ်းတွေအပေါ် မိတ်သဟာယဖွဲ့ခဲ့ကြတယ်။ သူက စိတ်မကောင်းမဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ပိုင်အားနည်းချက်ကို မြင်အောင်ကူညီပေးလို့ဆိုပြီး အစ်ကို့ကို တကယ်ကို ကျေးဇူးတင်တော့ အစ်ကို အံ့သြဝမ်းသာဖြစ်သွားတယ်။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကိုလည်း သူရှာတွေ့နိုင်သွားတယ်။ သူက နောက်ပိုင်းမှာ စုဝေးပွဲတစ်ခုမှာ ပြောပြတယ်။ “ညီအစ်ကိုမောင်နှမတစ်ယောက်က အကြံပြုချက်ပေးတာ၊ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ၊ အမှားတွေကို ထောက်ပြတာဟာ ကျွန်တော်တို့အတွက် တကယ်ကို အထောက်အကူဖြစ်စေပါတယ်” တဲ့။ အဲဒီနောက်မှာ စုဝေးပွဲတွေမှာ သူက တာဝန်တွေကို ပိုပြီးယူလာတာကို တွေ့ရတယ်။ အစ်ကို ပျော်သွားတာပေါ့။ သမ္မာတရားကို အမှန်တကယ်လိုက်လျှောက်သူတွေက အစ်ကိုက အမှန်တရားကိုပြောတဲ့အတွက် မကျေမနပ်ဖြစ်မှာမဟုတ်ဘူးဆိုတာ အစ်ကို သဘောပေါက်လိုက်တယ်။ အစ်ကိုက ဉာဏ်များလွန်းနေခဲ့တာ။ တခြားလူတွေကို အမြဲတမ်းပဲ ကြိုတင်မှန်းဆနေပြီးတော့ လူတွေကို မကောင်းမြင်နေတာပါ။ ရိုးသားသူတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုပြောခြင်းကညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် အရမ်းအကျိုးရှိတယ်ဆိုတာကိုလည်း အစ်ကို အမှန်တကယ် နားလည်ခဲ့တယ်။

အဲဒီအတွေ့အကြုံက အစ်ကို ဘုရားအလိုတော်ကို နားလည်ပြီး ရိုးသားခြင်းကြောင့် ငြင်းပယ်ခံရမှာကို မကြောက်တော့အောင် ကူညီပေးခဲ့တယ်။ အစ်ကို့ရဲ့ ဉာဏ်များတဲ့ သဘာဝကို နားလည်ပြီး စာတန်ရဲ့ အတွေးအခေါ်တွေအပေါ် သိမြင်မှုတချို့ကိုပေးတဲ့အတွက် ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြခြင်းနဲ့ လမ်းပြခြင်းကို ကျေးဇူးတင်မိတယ်။ ဘုရားရဲ့ ဖြောင့်မတ်သန့်ရှင်းတဲ့အနှစ်သာရအပေါ်လည်း နည်းနည်း အမြင်ဖွင့်ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထိုနေ့ရောက်လာသောအခါတွင်- ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်ကြီးမြတ်ပြီး၊ သူ၏ အနှစ်သာရသည် အလွန်သန့်ရှင်းသည်- ဘုရားသခင်၌ လှည့်စားခြင်း မရှိ၊ ဆိုးယုတ်ခြင်း မရှိ၊ မနာလိုခြင်း မရှိသကဲ့သို့၊ ခိုက်ရန်ဖြစ်ခြင်း မရှိဘဲ၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့ တောင့်တသင့်ပေသည် ဟု ပြောသည့် လူအချို့ ရှိလိမ့်မည်ဟု ငါယုံကြည်သည်။ လူသားတို့သည် ယင်းအတွက် ကြိုးပမ်းသင့်ပြီး ဆန္ဒပြင်းပြသင့်ပေသည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လူသားမျိုးနွယ်၏ အရည်အချင်းသည် မည်သည့်အခြေခံ အကြောင်းရင်းပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ၎င်းတို့၏ နားလည်မှု အခြေခံအကြောင်းရင်းနှင့် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုအပေါ်တွင် တည်ဆောက် ထားပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်း အတွက် ရာသက်ပန် သင်ခန်းစာတစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးပမ်းပြီး၊ ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်သည့် ရာသက်ပန် ရည်မှန်းချက်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်ကနေ ဘုရားရဲ့ သန့်ရှင်းခြင်း၊ ကောင်းမြတ်ခြင်းကို ခံစားလို့ရတယ်။ ဘုရားသခင်ဆီမှာ လှည့်စားခြင်း၊ ကောက်ကျစ်ခြင်းမရှိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ယုံကြည်စိတ်ချရခြင်းနဲ့ ဖြောင့်မတ်ခြင်းပဲရှိတယ်။ ချစ်ခင်ဖွယ်ဖြစ်ခြင်းက ဘုရားသခင်၏ အရာအားလုံးနဲ့ ဖြစ်ခြင်းကို ပျံ့နှံ့စေပါတယ်။ အစ်ကိုရဲ့ စိတ်နှလုံးထဲကနေ ဘုရားကို ကျေးဇူးတင်တယ်။ ဘုရားချစ်တဲ့ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ အားထုတ်ဖို့ ဆန္ဒရှိနေတယ်။ ဘုရားနဲ့လူကို လှည့်စားဖို့ မကြိုးစားတော့ဘူး။ အာမင်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခုနှစ်နှစ် စမ်းသပ်ခြင်းများက ကျွန်တော့်၏ စရိုက်မှန်များကို ထုတ်ဖော်ပြသည်

ချင်ဟွေး၊ ဟေလုံကျန်းစီရင်စု ၁၉၉၄ ခုနှစ်တွင်၊ ကျွန်တော့် အမေနှင့်အတူ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါသည်။...

လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...

ဘုရားသခင် အလွန် ဖြောင့်မတ်သည်

ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...

နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ

ရှင်းချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။