လိမ်ညာပြောဆိုမှုများကို ကျွန်မ ရပ်ခဲ့သည့် နည်းလမ်း

23.01.2022

မာလီနက်ထက် ပြင်သစ်နိုင်ငံ

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခင်တုန်းက ကျွန်မဟာ အမှန်အတိုင်းပြောပြီးလူတွေကို စိတ်ပျက်စေမှာ၊ စိတ်ဆိုးစေမှာကိုစိုးလို့၊ သေချာမစဉ်းစားဘဲနဲ့ လူတွေအပေါ် လိမ်ညာပြီး မျက်နှာလိုမျက်နှာရလုပ်ခဲ့ပါတယ်။ ၂၀၁၈၊ နိုဝင်ဘာလမှာ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့တယ်။ သူက လူ့အကြိုက်လိုက်သူတွေနဲ့ ကောက်ကျစ်တဲ့သူတွေကို မုန်းတီးတယ်ဆိုတာ သူ့နှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ နည်းနည်းကြိုးစားပြီးတဲ့နောက်မှာ အချိန်အများစုမှာ ကျွန်မ ရိုးရိုးသားသား ပြောနိုင်လာတယ်။ ဥပမာ ကျွန်မရဲ့ ဆေးဝါးတွေအတွက် ယူရို ၅၀ ကျော်ပေးရမှာ ဖြစ်ပေမဲ့ ဆေးရောင်းသူက မှားတွက်မိပြီး တစ်ဝက်ပဲ ယူတဲ့အချိန်မှာ ကျွန်မ စဉ်းတောင်မစဉ်းစားနေဘဲ မှားနေတာကို ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုခုက ကျွန်မရဲ့ ဂုဏ်သတင်း၊ ကိုယ့်အကျိုးစီးပွားအပေါ် ထိခိုက်လာတဲ့အခါမှာ ပွင့်လင်းရတာ ပိုခက်တယ်။

ဒီနှစ် မတ်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အနေနဲ့အစေခံနေပြီး တစ်ချိန်လုံး အလုပ်များနေခဲ့ပါတယ်။ တစ်ခါတလေမှာ အိပ်ရေးမဝဖြစ်ပြီး ကျွန်မ တော်တော်ကို ပင်ပန်းတယ်။ တစ်နေ့လည်မှာ ကျွန်မ တစ်မှေးအိပ်မလို့လုပ်တုန်းမှာပဲ ကျွန်မရဲ့ အလုပ်ဖော် အစ်မလီက ကျွန်မတို့အလုပ်အကြောင်းပြောချင်တယ်ဆိုပြီး ကျွန်မကို ပြောတယ်။ ကျွန်မက ပင်ပန်းပြီး ဘာကိုမှ မဆွေးနွေးချင်တာကြောင့် သူ့စာကိုမြင်ရတာ သိပ်မပျော်နေဘူး။ ကျွန်မ အဲဒီအချိန်မှာ နားချင်တာကလွဲပြီး တခြားဘာမှ မစဉ်းစားနိုင်ဘူး။ ဒါပေမဲ့ အစ်မလီကို အဲဒီလိုမျိုး တဲ့တိုးကြီးမပြောချင်ခဲ့ဘူး။ ကျွန်မက ပျင်းနေတာတစ်ခုခု ဖြစ်မယ်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို အရမ်းအလေးထားတယ်လို့ ထင်ပြီး သူ ကျွန်မကို မကောင်းမြင်မှာ စိုးခဲ့တယ်။ အဲဒါနဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက် သူ့ကို ပြောလိုက်တယ်။ “ဆောရီးပါ။ ကျွန်မမှာ အရေးကြီးချိန်းထားတာတစ်ခုရှိတယ်။ ဆရာဝန်ဆီကို သွားရမယ်” ပေါ့။ ကျွန်မ စဉ်းတောင်မစဉ်းစားလိုက်ရပဲနဲ့ မုသားက ကျွန်မပါးစပ်ထဲကနေ ထွက်လာတယ်။ နောက်ဆုံးတော့ ကျွန်မက ဒီအပေါ်မှာ အပြစ်ရှိသလိုခံစားရပြီး ဘာအနားမှမရလိုက်ဘဲ တစ်ချိန်လုံး စိတ်ညစ်နေခဲ့တယ်။ ဘုရားက ရိုးသားသူတွေကို နှစ်သက်တယ်။ ဘယ်လိုဖြစ်ပြီး အရမ်းကို သာမန်ကာလျှံကာနဲ့ လိမ်မိတာလဲ။ ဒါဆိုရင် ကျွန်မကို ဘယ်လိုယုံကြည်လို့ရမှာလဲ။ ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သာဖို့အတွက် လိမ်တာဟာ မမှန်ကန်ဘူး၊ ဘုရားက ဒါကို နှစ်သက်မှာမဟုတ်ဘူး၊ အသင်းတော်အလုပ်ကို ဦးစားပေးသင့်တယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ကျွန်မ အစ်မလီကို ချက်ချင်းပဲ ဆက်သွယ်လိုက်တယ်။ ကျွန်မ ချိန်းထားတာကနေ ပြန်ရောက်နေပြီလားလို့ သူက မေးတယ်။ ကျွန်မ သူ့ကို အမှန်အတိုင်းမပြောဘဲ ဆက်လိမ်နေခဲ့တယ်။ သူ့ရှေ့မှာ အကြည့်ရဆိုးပြီး ကျွန်မက ဉာဏ်များတဲ့သူလို့ သူ့ကို ထင်မသွားစေချင်ခဲ့ဘူး။ ကျွန်မက ဆရာဝန်နဲ့ မတွေ့ခဲ့ရဘူး၊ သူ ကာကွယ်ဆေး ဆေးခန်းကို သွားရမှာဖြစ်လို့ ကပ်ပြီးတော့ ဖျက်လိုက်တယ်လို့ ကျွန်မ သူ့ကိုပြောလိုက်တယ်။ အဲဒီနောက်မှာ ကျွန်မတို့ စကားပြောတာ အလုပ်ဖြစ်သွားပေမဲ့ ကျွန်မ တော်တော်ကို စိတ်မသက်မသာဖြစ်မိတယ်။ ကျွန်မ သူ့ကို တစ်ကြိမ်ညာခဲ့ပြီးတော့ ဝန်မခံဘဲ ဆက်ညာနေခဲ့တယ်။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက ဘယ်လောက်ဆိုးမှန်း ကျွန်မ မြင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်။ သူ့မျက်လုံးကို ကျွန်မ နည်းနည်းမှ မကြည့်နိုင်ဘူး။ သူ့ကို ကျွန်မ လှည့်စားခဲ့တယ်။ ဒါဟာ ကျွန်မက တကယ်ကို မရိုးသားတဲ့သူတစ်ယောက်ဆိုတဲ့ သဘောပဲ။ ကျွန်မ တကယ်ကို စိတ်ထဲမှာ ဒွိဟဖြစ်နေခဲ့တယ်။ ကျွန်မ သူ့ကို ဖွင့်ပြောလိုက်ရင်၊ ကျွန်မအပေါ် သူ့ရဲ့အမြင်က ပျက်စီးသွားမှာဖြစ်ပြီး ကျွန်မကို မရိုးသားသူအဖြစ် သူက မြင်မှာ။ ဒါပေမဲ့ ကျွန်မ ဆက်လိမ်ညာနေရင် ကျွန်မကြောင့် ဘုရားသခင်က စက်ဆုပ်ရွံရှာလိမ့်မယ်။ အဲဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ဘုရားရှေ့ကို လာခဲ့ပါတယ်။ ဆင်ခြင်သုံးသပ်တဲ့အခါမှာ ကျွန်မအသက်တာမှာ ကျွန်မက တော်တော်ကို ယုံကြည်လို့မရဖြစ်ပြီး ကောက်ကျစ်တယ်ဆိုတာ သဘောပေါက်လိုက်တယ်။ တစ်ခါတော့ ခေါင်းဆောင်တစ်ယောက်က ကျွန်မကို မေးတယ်။ အဲဒီညနေက စုဝေးပွဲအကြောင်းကို အစ်မကျောက်ကို အသိပေးလိုက်သလားပေါ့။ ကျွန်မ အသိမပေးရသေးဘူးဆိုတာ သတိပြုမိလိုက်တယ်။ ဒါပေမဲ့ ကျွန်မအပေါ် သူ့အမြင်ကို ကာကွယ်ချင်ပြီးတော့ ခေါင်းဆောင်ကို အမှန်အတိုင်း မပြောခဲ့ဘူး။ ကျွန်မ အခုပဲ သူ့ကို အသိပေးလိုက်တယ်ဆိုပြီး လိမ်ညာလိုက်တယ်။ အဲဒီနောက်မှာ အစ်မကျောက်ဆီကို စုဝေးပွဲအကြောင်းပြောပြတဲ့စာကို သူ့ဆီ ကျွန်မ ချက်ချင်းပို့လိုက်တယ်။ နောက်ပြီးတော့လည်း ကျွန်မ သောကြာမနက်တိုင်းမှာ ဈေးဝယ်ထွက်လေ့ရှိတယ်။ အဲဒါကြောင့် အဲဒီတုန်းက ကျွန်မ စုဝေးပွဲတွေကို အချိန်ကပ်ပြီး မသွားနိုင်ခဲ့ဘူး။ ကျွန်မက အမှန်အတိုင်းမပြောဘဲ ခေါင်းဆောင်ကိုပဲ တိုက်ရိုက်ပြောလိုက်တယ်။ ကျွန်မက နောက်သုံးလေးရက်မှာ မီးဖိုချောင်မှာ ပစ္စည်းဖြည့်တင်းဖို့အတွက် အစားအစာသွားဝယ်ရမယ်၊ ဈေးဝယ်ဖို့အတွက် ကျွန်မမှာ အဲဒီအချိန်ပဲရှိတယ်ပေါ့။ ကျွန်မမှာ တခြားစုဝေးပွဲရှိတယ်၊ ချိန်းထားတာရှိတယ်၊ ဒါကြောင့် ကျွန်မ မသွားနိုင်တာဆိုပြီး သူ့ကို ပြောတယ်။ ကျွန်မက ကိုယ့်ပုံရိပ်ကို ကာကွယ်ပြီး တာဝန်မှာ အချိန်ပြည့်အလုပ်များနေတယ်လို့ ခေါင်းဆောင်ထင်အောင် လုပ်ဖို့သက်သက်နဲ့ ကိစ္စတွေကို မလိမ့်တပတ်လုပ်တယ်၊ ဉာဏ်များပြီးတော့ လှည့်စားနေတာပါ။ ကျွန်မဟာ ရိုးသားမှုအတွက် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ လုံးဝ မနီးစပ်တာကို မြင်ခဲ့ရတယ်။ အဲဒါနဲ့ ဆုတောင်းလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ကျွန်မရဲ့ လိမ်ညာလှည့်စားမှုကို တကယ် နောင်တရပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာသက်သာမှုအတွက် လိမ်တာကို ရပ်ကိုမရပ်နိုင်ဘူး။ ကျွန်မဟာ ရိုးသားသူတစ်ယောက် လုံးဝ မဟုတ်ပါဘူး။ ဘုရားသခင် ဒီဖောက်ပြန်ပျက်စီးမှုကနေ လွတ်မြောက်ဖို့အတွက် ကျေးဇူးပြုပြီး လမ်းပြတော်မူပါ။ သမ္မာတရားကို နားလည်အောင် ကူညီတော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “လူတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများတွင် အဓိပ္ပာယ်မရှိသော၊ မမှန်ကန်သော၊ မသိနားမလည်သော၊ မိုက်မဲသော၊ ကျိုးကြောင်းပြပြောဆိုသောအရာများစွာကို ပြောဆိုကြသည်။ အခြေခံအကြောင်းရင်းမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဘဝင်မြင့်မှုကို ဖြည့်ဆည်းရန်အတွက်လည်းကောင်း ဤအရာများကို ပြောဆိုကြသည်။ ဤမုသားများကို ၎င်းတို့ ဖွင့်ဟခြင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်ထွက်လာခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းခြင်းသည် သင်၏ စိတ်နှလုံးကို သန့်စင်စေလိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် သင့်အား ပို၍ပင် သန့်စင်စေပြီး အစဉ်ပို၍ ရိုးသားစေလိမ့်မည်။ အမှန်တကယ်တွင် လူတို့အားလုံးသည် ၎င်းတို့က အဘယ်ကြောင့် မုသားများကို ပြောဆိုကြသည်ကို သိကြသည်။ ယင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာအတွက်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ရာတွင် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်နှင့် သမာဓိကို ထိန်းသိမ်းဖို့အတွက် ၎င်းတို့၏ အရှိအတိုင်းထက် ကျော်လွန်၍ ပြောဆိုကြသည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် သိက္ခာ၊ သမာဓိနှင့် ဂုဏ်ဆုံးရှုံးရခြင်းဖြင့် အဆုံးသတ်ရသည်။ ဤသည်မှာ သင်သည် မုသားများစွာကို ပြောသောကြောင့်ဖြစ်သည်။ သင်ပြောသည့်အရာ တစ်ခုချင်းစီတိုင်းသည် မုသားဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့်အရာကမျှ မမှန်ကန်ပေ။ မုသားတစ်ခုကို သင်ပြောသောအခါ ထိုနေရာ၌ပင် သင် မျက်နှာမပျက်ရသော်လည်း၊ သင့်စိတ်နှလုံးထဲတွင် သင် လုံးလုံးလျားလျား ဂုဏ်သိက္ခာထိခိုက်ခံရပြီဟု သင်ခံစားပြီး၊ သင်၏ အသိစိတ်က သင့်ကို မရိုးသားဟု စွပ်စွဲလိမ့်မည်။ အတွင်းစိတ်ထဲတွင် သင်သည် သင့်ကိုယ်သင် စက်ဆုပ်ရွံရှာပြီး သင့်ကိုယ်သင် အထင်သေးလိမ့်မည်ဖြစ်ပြီး ‘ငါ ဘာကြောင့် အလွန် သနားစရာကောင်းအောင် အသက်ရှင်ရတာလဲ။ အမှန်တရားကို ပြောဖို့ တကယ်ပဲ အလွန်ခက်သလား။ ငါ့ဂုဏ်သတင်းအတွက်နဲ့ ဒီအလိမ်အညာတွေကို ပြောရမလား။ ဘဝဟာ ငါ့အတွက် ဘာကြောင့် ဒီလောက် ငြီးငွေ့စရာကောင်းရတာလဲ’ ဟု တွေးမိလိမ့်မည်။ သင်သည် ငြီးငွေ့စရာကောင်းသော အသက်တာကို နေထိုင်ရန် မလိုအပ်သော်လည်း သက်သာငြိမ်းအေးခြင်းနှင့် လွတ်လပ်ခြင်း၏ လမ်းကြောင်းကို သင် မရွေးချယ်ရသေးပေ။ သင်၏ဂုဏ်သတင်းနှင့် သင်၏ဝင့်ဝါခြင်းအား ထိန်းသိမ်းထားခြင်း လမ်းကြောင်းတစ်ခုကို သင်ရွေးချယ်ထားသောကြောင့် သင့်အတွက် ဘဝက အလွန်ငြီးငွေ့စိတ်ပျက်ဖွယ်ရာ ဖြစ်လေသည်။ လိမ်ညာခြင်းမှ သင်မည်သည့် ဂုဏ်သတင်း ရရှိသနည်း။ နာမည်ဂုဏ်သတင်းသည့် အနှစ်မဲ့သော အရာတစ်ခုဖြစ်ပြီး တကယ်ကို တစ်ပြားမျှမတန်ပေ။ လိမ်ညာခြင်းအားဖြင့်၊ သင်၏ သမာဓိနှင့် ဂုဏ်သိက္ခာကို သင် ရောင်းစားပေသည်။ ဤအလိမ်အညာများက သင်၏ ဂုဏ်သိက္ခာကို ဆုံးရှုံးစေပြီး ဘုရားသခင် ရှေ့မှောက်တွင် သမာဓိမရှိ ဖြစ်စေသည်။ ဘုရားသခင်သည် ဤအရာကို နှစ်သက်ခြင်းမရှိသကဲ့သို့ ယင်းကို သူ မုန်းတီးစက်ဆုပ်သည်။ ထို့ကြောင့် ယင်းသည် အကျိုးရှိသလော။ ဤလမ်းကြောင်းသည် မှန်ကန်သလော။ ယင်းသည် မမှန်ကန်သည့်အပြင် ယင်းကို လိုက်လျှောက်ခြင်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်နေခြင်း မဟုတ်ပေ။ သင်သည် အလင်းတွင် အသက်ရှင်မနေသည့်အခါ၊ သင် ခြေကုန်လက်ပန်းကျသည်။ သင်သည် အဓိပ္ပာယ်မရှိသော အရာကို ပြောဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားနေကာ၊ သင့်ကိုယ်သင် ဆင်းရဲဒုက္ခ များစွာ ခံစားစေရင်း၊ နောက်ဆုံး၌ သင်က၊ ‘အလိမ်အညာများကို ကျွန်ုပ် နောက်ထပ် မည်သို့မျှ မပြောရ။ ကျွန်ုပ် နှုတ်ဆိတ်မြဲနှုတ်ဆိတ်ကာ စကားအနည်းငယ်သာ ပြောမည်’ဟု တွေးသည်အထိ အမြဲလိမ်ညာပြီး အလိမ်အညာများကို ယုတ္တိရှိပုံရအောင် ဖန်တီးဖို့ ကြိုးစားနေသည်။ သို့သော် သင်သည် မိမိကိုယ်ကိုယ် မထိန်းနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်၏ ဂုဏ်သတင်းနှင့် သိက္ခာကဲ့သို့သော အရာများကို သင်မစွန့်လွှတ်နိုင်သဖြင့် ၎င်းတို့ကို အလိမ်အညာများနှင့်သာ သင် ထိန်းသိမ်းထားနိုင်တော့သည်။ သင်သည် ဤအရာများကို ဖက်တွယ်ထားရန် မုသားများကို အသုံးပြုနိုင်သည်ဟု သင်ထင်မြင်သော်လည်း အမှန်မှာမူ သင်အသုံးမပြုနိုင်ပေ။ သင်၏တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စောင့်ထိန်းရာတွင် သင်၏မုသားစကားများက မအောင်မြင်သည့်အပြင် ပို၍အရေးကြီးသည်က သမ္မာတရားကို ကျင့်ဆောင်ရန်အခွင့်အရေးတစ်ရပ်ကို သင်ဆုံးရှုံးပြီ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ဂုဏ်သတင်းနှင့် သိက္ခာကို ထိန်းသိမ်းထားခဲ့စေကာမူ သမ္မာတရားကို သင်ဆုံးရှုံးသွားပြီ ဖြစ်သည်၊ ယင်းကို လက်တွေ့ကျင့်သုံးရန် အခွင့်အလမ်းအပြင် ရိုးသားသောလူဖြစ်ရမည့် အခွင့်အရေးကိုလည်း သင် ဆုံးရှုံးသွားပြီဖြစ်သည်။ ဤသည်မှာ ဆုံးရှုံးမှုများထဲတွင် အကြီးမားဆုံးဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဒါက ကျွန်မကို ပြည့်ပြည့်စုံစုံ ဖော်ပြပါတယ်။ ကျွန်မဟာ ဉာဏ်များပြီး လှည့်စားတတ်တယ်ဆိုတာ သိခဲ့တယ်။ ကျွန်မက အနားပဲ ယူချင်နေတဲ့အချိန်မှာ အရမ်းသေးငယ်တဲ့ကိစ္စတစ်ခုကို အမှန်အတိုင်း မပြောနိုင်ခဲ့ဘူး။ ကျွန်မ တစ်မှေးအိပ်ဖို့လိုတယ်၊ ခဏလောက်နေမှ သူနဲ့ တွေ့ချင်တယ်ဆိုတာကို ကျွန်မရဲ့ အလုပ်ဖော်ကို တိုက်ရိုက် မပြောခဲ့ဘဲနဲ့ အဲဒီအစား လိမ်ညာခဲ့တယ်။ ကျွန်မရဲ့ အရင်းခံအကြောင်းက ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကျွန်မအပေါ် တခြားလူတွေရဲ့ အမြင်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီလိုအပြုအမူမျိုးကို မုန်းတီးတယ်။ ကျွန်မလည်း အပြစ်ရှိသလို ခံစားခဲ့ရပါတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောသလိုပါပဲ။ “မုသားတစ်ခုကို သင်ပြောသောအခါ ထိုနေရာ၌ပင် သင် မျက်နှာမပျက်ရသော်လည်း၊ သင့်စိတ်နှလုံးထဲတွင် သင် လုံးလုံးလျားလျား ဂုဏ်သိက္ခာထိခိုက်ခံရပြီဟု သင်ခံစားပြီး၊ သင်၏ အသိစိတ်က သင့်ကို မရိုးသားဟု စွပ်စွဲလိမ့်မည်။ အတွင်းစိတ်ထဲတွင် သင်သည် သင့်ကိုယ်သင် စက်ဆုပ်ရွံရှာပြီး သင့်ကိုယ်သင် အထင်သေးလိမ့်မည်ဖြစ်ပြီး ‘ငါ ဘာကြောင့် အလွန် သနားစရာကောင်းအောင် အသက်ရှင်ရတာလဲ။ အမှန်တရားကို ပြောဖို့ တကယ်ပဲ အလွန်ခက်သလား။ ငါ့ဂုဏ်သတင်းအတွက်နဲ့ ဒီအလိမ်အညာတွေကို ပြောရမလား။ ဘဝဟာ ငါ့အတွက် ဘာကြောင့် ဒီလောက် ငြီးငွေ့စရာကောင်းရတာလဲ’ ဟု တွေးမိလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေနဲ့ ကျွန်မ တကယ်ကို ခွဲခြားသိရှိခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းကိုကာကွယ်ဖို့အတွက် လိမ်ညာပြောဆိုတာဟာ ခြေကုန်လက်ပန်းကျစရာ အသက်ရှင်နည်းတစ်ခုဖြစ်တာ၊ ကျွန်မရဲ့ အရင်မုသားတွေကို ဖုံးကွယ်ဖို့အတွက် မုသားတွေဆက်ပြောနေရတယ်ဆိုတာ၊ အဆုံးမှာ ကျွန်မက ပိုပိုပြီးတော့ အတုအယောင်ဖြစ်ပြီး မရိုးမသားဖြစ်လာတယ်ဆိုတာ တကယ်ကို သဘောပေါက်ခဲ့ပါတယ်။ ဘုရားသခင်ဟာ သန့်ရှင်းဖြောင့်မတ်တာကြောင့် ဒါကို မုန်းတီးတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့ မရိုးသားမှုတွေအားလုံးကို ပြန်စဉ်းစားကြည့်တော့ ကျွန်မ လိမ်ညာပြီးတဲ့နောက်မှာ ကျွန်မ အသိစိတ်က တကယ်ကို အပြစ်တင်ခံရသလို ခံစားရတယ်။ နောင်တရပြီး ဘုရားရှေ့မှာ ငိုကြွေးခဲ့တယ်။ ကျွန်မရဲ့ လိမ်ညာမှုကို ရှက်မိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပြီးတဲ့နောက်မှာ လိမ်ညာတာတွေ ထပ်ပြီးမပြောဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ တော်တော် ဖောက်ပြန်ပျက်စီးပြီး ရှက်စရာကောင်းပါတယ်။ လိမ်ညာတာဟာ ကျွန်မရဲ့ တကယ့်သဘာဝဖြစ်လာတယ်။ သခင်ယေရှုပြောခဲ့တာတစ်ခုကို ကျွန်မ သတိရမိတယ်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။(ရှင်မဿဲခရစ်ဝင် ၅:၃၇)သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) မှန်တယ်။ ကျွန်မ အဆက်မပြတ်လိမ်ညာနေတာဟာ ကျွန်မကနတ်ဆိုးနဲ့ ဆိုင်တယ်ဆိုတာကို ပြနေတယ်။ ကျွန်မက ကိုယ့်သိက္ခာနဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက်သက်သက် လုပ်နေတာပါ။ ဒါပေမဲ့ အဲဒါက ကျွန်မရဲ့ စရိုက်လက္ခဏာနဲ့ ဂုဏ်သိက္ခာအားလုံးကို ယူဆောင်သွားတယ်။ ကျွန်မ တော်တော် မိုက်မဲခဲ့တာပဲ။ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့၊ သက်သေခံပြီးတော့ စာတန်ကို အရှက်ရစေဖို့ ဘုရားသခင်က အခွင့်အရေးတွေကို ကျွန်မအတွက် ပြင်ဆင်ပေးနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက စာတန်ရဲ့ လှည့်ကွက်တွေထဲကို ကျရောက်ပြီး လှောင်ရယ်စရာတစ်ခုဖြစ်နေခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ဂုဏ်သတင်းအတွက်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖုံးကွယ်ဖို့ သက်သက်ပါပဲ။ ကျွန်မက ရိုးသားသူတစ်ယောက် မဟုတ်ခဲ့ဘဲ၊ သဘာဝအားဖြင့် လှည့်စားတတ်နေခဲ့တာပါ။

ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကိုလည်း ကျွန်မ ဖတ်ခဲ့ပါတယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ရိုးသားခြင်းဆိုတာ မိမိစိတ်နှလုံးမှာ လှည့်စားခြင်းမရှိတာ၊ လျှာမှာ လိမ်ညာမှုတွေမရှိတာ၊ ဘယ်ကိစ္စမှာမဆို ဘုရားနဲ့လူကို လုံးဝ လှည့်စားခြင်းမရှိတာကို ဆိုလိုတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မဟာ အရင်က အစ်မလီအပေါ် တကယ်ကို ဉာဏ်များခဲ့တယ်၊ ကျွန်မရဲ့ သိက္ခာနဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အမြဲတမ်းလိမ်ညာနေတယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက ပင်ပန်းပြီး တစ်မှေးအိပ်ချင်တယ်။ ဒါကြောင့် အဲဒီတုန်းက သူနဲ့ အသင်းတော်အလုပ်တွေကို ချက်ချင်း မဆွေးနွေးချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ စိတ်ထဲရှိတာကိုပဲ မပြောခဲ့ဘဲ အဲဒီအစား သူ ကျွန်မကို အထင်မသေးစေချင်လို့ ချိန်းထားတာရှိတယ်လို့ လိမ်ညာခဲ့တယ်။ ကျွန်မက အရမ်းပင်ပန်းနေပြီး နည်းနည်းအနားယူဖို့လိုတယ်လို့ ပြောဖို့ထက် အဲဒီအစည်းအဝေးကနေ ထွက်ရဖို့အတွက် လိမ်ဖို့ကို ပိုနှစ်သက်ခဲ့တယ်။ ကျွန်မတို့ အစည်းအဝေးကို လုပ်တဲ့အချိန်မှာ ကျွန်မ အမှားကို ဝန်မခံခဲ့ဘူး။ ဆက်ပြီး လိမ်ညာတယ်။ ပထမတစ်ခုကို ဖုံးကွယ်ဖို့အတွက် နောက်ထပ် မုသားတစ်ခုကို အသုံးပြုတယ်။ ကျွန်မ ခေါင်းဆောင်က အလုပ်အကြောင်းမေးတဲ့အခါမှာ ကျွန်မ တကယ်မလုပ်ခဲ့တာတစ်ခုကို လုပ်ခဲ့တယ်ဆိုပြီး လိမ်ညာခဲ့တယ်။ ကျွန်မက တစ်ပတ်တစ်ခါ ဈေးဝယ်ဖို့ရှိပြီး အဲဒါက စုဝေးပွဲအချိန်နဲ့တိုက်နေတဲ့အခါမှာ ချိန်းထားတာတစ်ခုရှိတယ်ဆိုပြီး လိမ်ညာခဲ့တယ်။ အရာရာမှာ ကျွန်မရဲ့ သိက္ခာကိုပဲ ကာကွယ်ချင်ခဲ့တယ်။ ကျွန်မက တကယ်ကို ကောက်ကျစ်ပြီး လှည့်စားတတ်တဲ့ သဘာဝရှိတာကို မြင်ခဲ့ပါတယ်။ အခြေခံအကျဆုံးအရာတွေကိုတောင်မှ အမှန်အတိုင်းမပြောနိုင်ခဲ့ဘူး။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို အရမ်းကို ခံထားရပြီး နည်းနည်းလေးမှ မရိုးသားခဲ့ပါဘူး။

ကျွန်မ ဖတ်တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိပါတယ်။ “လူတို့သည် ရိုးသားဖို့ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး လူသားနှင့် တစ်စုံတစ်ရာ တူခြင်း ရှိမရှိဆိုသည်ကို သိနိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး၊ ၎င်းတို့ ကိုယ်တိုင်၏ သဘာဝနှင့်အနှစ်သာရကို သတိပြုမိနိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရနိုင်ပေသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို မည်သည့်အခါမျှ ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို မရရှိနိုင်သကဲ့သို့၊ သမ္မာတရားကို သင်နားမလည်ပါက၊ ဤသည်မှာ မည့်အရာကို ဆိုလိုပါသနည်း။ ယင်းမှာ သင်သည် ဘုရားသခင်ကို ရန်လိုသည်၊ သင်သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ သူသည် သင်၏ဘုရားသခင် မဟုတ်ဟု ဆိုလိုပေသည်။ အကယ်၍ ဘုရားသခင်သည် သင်၏ဘုရားသခင် မဟုတ်ပါက၊ သင်သည် ကယ်တင်ခြင်း မရနိုင်ပေ။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့်၊ လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက၊ ရိုးသားခြင်းဖြင့် စတင်ရမည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ရယူခြင်း ခံရမည့် သူများကို အမှတ်အသားပြုသည့် လက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်- ‘အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။’ (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ ‘သူတို့’ ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရကာ ကယ်တင်ခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ လုပ်ရပ်များ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ (၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပါ။) မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်ကာ သဘောပေါက်သင့်သည်- ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ အပြစ်နှင့်ကင်းလွတ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ အပြစ်နှင့်ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ပြည့်စုံသူသည် မည်သူနည်း။ (ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သူဖြစ်သည်။) မှန်သည်။ ရိုးရှင်းစွာပင် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သူဖြစ်သည်။ ဤသို့ဆိုလျှင် ပြည့်စုံခြင်းသည် အပြစ်မရှိခြင်းနှင့် ဆက်စပ်နေသလော။ ယင်းတို့သည် အတူတူဖြစ်သလော။ (ဖြစ်ပါသည်။) လုံးဝ မှန်ကန်သည်။ ဤသို့ဆိုလျှင် ‘အပြစ်မရှိခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ (ပြည့်စုံသော၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောလူများ ဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများ၊ ဘုရားသခင်၏ လမ်းနောက်သို့လိုက်နိုင်သောသူများ ဖြစ်ကြသည်။ ဤသို့သောလူတို့သည်သာ အပြစ်မရှိသောသူများဖြစ်ကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဒါကို သေချာစဉ်းစားကြည့်တော့ ကျွန်မ တော်တော်ကြောက်သွားတယ်။ ဘုရားသခင်ကပြောတယ်။ “သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို မည်သည့်အခါမျှ ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။” “အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။” လှည့်စားတဲ့သူတွေကို ဘုရားသခင်က မကယ်တင်ဘူးဆိုတာ မှန်ပါတယ်။ ကျွန်မက နောင်တမရရင် ဘုရားသခင်ရဲ့ ဖယ်ရှားခံရခြင်းနဲ့ အဆုံးသတ်မယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကြောင့် နောက်ဆုံးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည်ခဲ့ပြီး၊ ဒီလိမ်ညာမှုတွေဟာ နတ်ဆိုးဆီကလာတယ်ဆိုတာ သိခဲ့တယ်။ ပြီးတော့ ကျွန်မကို ပျိုးထောင်ခဲ့တဲ့ ပုံစံနဲ့ လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်မ လိမ်ညာတာပါ။ တစ်ယောက်ယောက်ရဲ့ ဆံပင် ဒါမှမဟုတ် အဝတ်အစားက ဘယ်လိုပဲအကြည့်ရဆိုးနေပါစေ သူတို့စိတ်ကို မထိခိုက်အောင် ကောင်းတာတွေကို ပြောရမယ်လို့ ကျွန်မအမေက ကျွန်မကို အမြဲတမ်း ပြောခဲ့ပါတယ်။ ဒီလိုမဟုတ်ရင် ကျွန်မ အကူအညီလိုတဲ့အခါမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူးတဲ့။ ဒီလိုမျိုး ပညာပေးပုံမျိုးနဲ့ ကျွန်မမှာရိုးသားဖို့ သတ္တိမရှိခဲ့ဘူး။ လူတွေက ကျွန်မကို နှစ်သက်ပြီး ကျွန်မက ကြင်နာတတ်တယ်လို့ ထင်အောင် ကျွန်မက ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ အမှန်တကယ်မှာတော့ အဆုံးမှာ အတုအယောင်၊ လှည့်စားတဲ့သူတစ်ယောက်ဖြစ်သွားတယ်။ ဒီဟာကြောင့် ကျမ်းစာထဲက ယောဘ ၁:၇ ကို ကျွန်မ သတိရမိတယ်။ “ယေဟောဝါက၊ အသင် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူ၏။ ထို့နောက် စာတန်က၊ မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်ဟု ယေဟောဝါကို ဖြေဆိုလေသည်။” စာတန်ရဲ့ စကားတွေက ဉာဏ်များပြီး သွယ်ဝိုက်တယ်။ တကယ်တမ်း ဘာကိုပြောနေတယ်ဆိုတာ မရှင်းဘူး။ လိမ်ညာခြင်းအားဖြင့် ကျွန်မက စာတန်လိုပဲ ဉာဏ်များနေတာမဟုတ်ဘူးလား။ ကျွန်မက စာတန်လိုမျိုး တူညီတဲ့ သဘာဝရှိတယ်ဆိုတာကို မြင်ရတော့ တော်တော်ကို ရှက်မိတယ်။ ကျွန်မက စာတန်ရဲ့စွမ်းအားအောက်မှာ ရှင်သန်နေပြီး ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကနေ လုံးဝ မလွတ်မြောက်ဘူး။ ကျွန်မက ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် ခရစ်တော်နဲ့ သဟဇာတဖြစ်မှာလဲ၊ ဘုရားသခင်ရဲ့ လက်ခံမှုကို ရရှိမှာလဲ။ နောင်တရဖို့အတွက် ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ ကျွန်မကို ခွင့်လွှတ်ဖို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းတီးပြီး တော်တော် အပြစ်ရှိသလို ခံစားရတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပါတယ်။ ကျွန်မ ဆက်လိမ်ညာပြီး သူ့ကို စိတ်ဆိုးအောင်လုပ်နေလို့ မဖြစ်ဘူးဆိုတာ သိလိုက်တယ်။ ကျွန်မ ဆင်ခြင်ခဲ့တဲ့ နောက်ထပ် အပိုဒ်က ဒီတစ်ခုပါ။ “နောက်ဆုံးတွင် ဘုရားသခင်၏ ရယူခြင်း ခံရမည့် သူများကို အမှတ်အသားပြုသည့် လက္ခဏာတစ်ခု ရှိသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်- ‘အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။’ (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ ‘သူတို့’ ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရကာ ကယ်တင်ခံရသူများ ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ရိုးသားသူတွေကို ဘုရားသခင်က တန်ဖိုးထားတယ်။ မရိုးသားသူတွေဟာ သူ့နိုင်ငံတော်ထဲကို လုံးဝ ဝင်ရမှာမဟုတ်ဘူး။ ကျွန်မ တကယ်ကို လိမ်တာကို ရပ်တန့်ချင်ပြီး လုံးဝ အပြစ်ဆိုစရာမရှိတာ ဖြစ်ချင်တယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ဘာသာ မလုပ်နိုင်ဘူး။ စာတန်ရဲ့ ထောင်ချောက်ထဲကို မကျစေဖို့အတွက် ဘုရားသခင်ရဲ့ အကူအညီကို ကျွန်မ ရှာဖို့ လိုအပ်ခဲ့ပါတယ်။ အမှန်ကို ပြောတာဟာ တစ်ခါတလေမှာ ရှက်စရာဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မ လိမ်ညာပြောတာတွေကို ရပ်တန့်ချင်ခဲ့တယ်။ နောက်တော့ “ရိုးသားသော ပုဂ္ဂိုလ်ဖြစ်ခြင်း၏ အခြေခံသဘောတရားများ”ကို ကျွန်မ ပြန်ဖတ်ပါတယ်။ “(၁) ရိုးသားသော ပုဂ္ဂိုလ်ဖြစ်တစ်ဦးဖြစ်ရန် မိမိကိုယ်ကို လေ့ကျင့်ရာတွင်၊ ဘုရားသခင့် အထံတော်တွင် အမှီပြုရန် လိုအပ်သည်။ ကိုယ်တော့်ထံသို့ သင်၏ နှလုံးသားကို ပေးလော့၊ ကိုယ်တော်၏ စိစစ်ခြင်းကို လက်ခံလော့။ သို့မှသာလျှင် အချိန်ကြာလာသည်နှင့်အမျှ လိမ်လည်ခြင်း နှင့် လှည့်ဖြားခြင်းကို စွန့်ပစ်နိုင်သည်။ (၂) သမ္မာတရားကို လက်ခံရန်၊ မိမိ၏ စကားလုံးတိုင်း နှင့် လုပ်ဆောင်မှုတိုင်းအပေါ် သုံးသပ်ရန် လိုအပ်သည်။ သင်၌ဖွင့်ပြသော ယိုယွင်းမှု၏ မူလအစ နှင့် အနှစ်သာရကို ဆန်းစစ်လော့၊ သင့်ကိုယ်သင် အမှန် သိလော့။ (၃) မည်သည့် အရေးကိစ္စများ၌ လိမ်လည်ခြင်းသည် ပွင့်ထွက်လျက်၊ လှည့်စားခြင်းသည် ခိုအောင်းနေကြောင်းကို စူးစမ်းလေ့လာရန် လိုအပ်သည်။ သင့်ကိုယ်သင် ဆန်းစစ်ရန် နှင့် သင့်ကိုယ်သင် မဖုံးကွယ်ရန် သတ္တိရှိပြီး၊ အခြားသူများကို တောင်းပန်ကာ အမှားပြင်ဆင်ခြင်းများပြုလော့။...” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀) အစ်မလီကို တောင်းပန်ရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မက အရမ်းကို လှည့်စားတတ်ခဲ့တယ်။ သူ့ကို နှစ်ကြိမ် လိမ်ညာခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အရင်းခံအကြောင်းတွေကို သူ့ကို ဖွင့်ပြောရမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါတွေကို ကျွန်မ မဖုံးထားနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ အမှန်အတိုင်းပြောပြီး ရိုးသားသူတစ်ယောက်ဖြစ်ရမယ်။ နောက်ထပ် အကြိမ်တော်တော်များများ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ အစ်မလီဆီကိုယ့်ကိုယ်ကိုယ် ဖွင့်ချဖို့အတွက် အားတင်းလိုက်တယ်။ ကျွန်မ သူ့ကို ဘယ်လိုလှည့်စားခဲ့တယ်၊ ဘုရားရှေ့မှာ ကျွန်မ နောင်တရခဲ့တယ်ဆိုတာတွေအားလုံးကို သူ့ကို အသေးစိတ်ပြောပြခဲ့တယ်။ ကျွန်မရဲ့ အလိမ်အညာတွေကို ဖုံးကွယ်တာကို ရပ်လိုက်တယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က ကျွန်မကို စောင့်ကြည့်နေမှန်း ကျွန်မသိတယ်လေ။ အားလုံးကို အသေးစိတ် မျှဝေခဲ့ရပါတယ်။ ပြီးသွားတဲ့နောက်မှာ အလေးကြီးတစ်ခုကို ကျွန်မဆီကနေ မသွားသလိုမျိုး ခံစားရပြီး တော်တော်လေး စိတ်သက်သာရာရခဲ့ပါတယ်။

အဲဒီနောက်မှာ တစ်ချိန်လုံး ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ ကျွန်မစိတ်နှလုံးကို စိစစ်ဖို့ တောင်းလျှောက်တယ်။ ဉာဏ်များတဲ့ ရည်ရွယ်ချက်မျိုးတွေရှိတဲ့အခါ၊ မရိုးမသားဖြစ်ပြီး လှည့်စားတတ်တဲ့အခါမှာ ကျွန်မကို ပဲ့ပြင်ဆုံးမပြီး တားဆီးဖို့ ဘုရားကို တောင်းလျှောက်တယ်။ လိမ်ညာတဲ့ပြဿနာက ချက်ချင်း ဖြေရှင်းလို့မရနိုင်ဘဲ ကျွန်မက အသက်တာမှာ တစ်ခါမှ အမှန်တကယ် ရိုးသားသူတစ်ယောက်မဖြစ်ခဲ့တာကို သိခဲ့ပါတယ်။ ရိုးသားသူတစ်ယောက်ဖြစ်လာဖို့ ကျွန်မ ဆက်ပြီး အားထုတ်ချင်ခဲ့ပါတယ်။ ဘုရားသခင်က ရိုးသားသူတွေကို နှစ်သက်ပြီး ကောင်းချီးပေးတယ်။ ရိုးသားသူတွေပဲ ကယ်တင်ခံရနိုင်ပါတယ်။ အဲဒီကတည်းကစပြီး ကျွန်မမှာ မရိုးမသားအတွေးတစ်ခုရှိနေတယ်လို့ သတိပြုမိတိုင်းမှာ ဘုရားရှေ့ကိုလာပြီး ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မ ပြဿနာတစ်ခု ကြုံတွေ့ရပါတယ်။ မလိမ်ညာဘဲနဲ့ မကျော်ဖြတ်နိုင်ဘူးလို့ ခံစားရပါတယ်။ ကျေးဇူးပြုပြီး သမ္မာတရားကို နားလည်အောင် ကျွန်မကို ဉာဏ်အလင်းပွင့်လင်းစေတော်မူပါ။ ဇာတိပကတိကို စွန့်လွှတ်ဖို့ ခွန်အားပေးတော်မူပါ။ ဘုရားသခင် ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကူညီတော်မူပါ။ ကိုယ်တော့်ကို အရမ်းကျေးဇူးတင်ပါတယ်” ပေါ့။

တစ်ခါတော့ စုဝေးပွဲတစ်ခုပြီးတဲ့နောက်မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မ ဘယ်လိုထင်လဲလို့ မေးတယ်။ သူက စုဝေးပွဲမှာ ပိုင်စိုးပိုင်နင်းနိုင်တယ်၊ သူ့မိတ်သဟာယနဲ့ပတ်သက်ပြီး တခြားပြဿနာတွေရှိတယ်လို့ ကျွန်မ တကယ် သတိပြုမိတယ်။ ဒါပေမဲ့ သူ့မာနကို ကျွန်မက အမှန်တရားနဲ့ ထိခိုက်စေမိမှာ၊ ကျွန်မကို သူ မနှစ်သက်တော့မှာကို ကြောက်မိတယ်။ ကျွန်မ မရိုးသားချင်ခဲ့ဘူး။ ကျွန်မအပေါ် သူ့အမြင်ကို မပြောင်းချင်ခဲ့ဘူး။ အဲဒါနဲ့ “ကောင်းပါတယ်” ဆိုပြီး ပြောလိုက်တယ်။ ပြီးတော့ ဒီလိုပြောပြီးတာနဲ့ တစ်ပြိုင်နက် ကျွန်မ စိတ်ညစ်မိတယ်။ လိမ်ညာခဲ့မိပြီလို့ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ရိုးသားသူတစ်ယောက်ဖြစ်ပြီး အမှန်အတိုင်းပြောဖို့အတွက်လမ်းပြဖို့ ဘုရားကို ဆုတောင်းပြီး တောင်းလျှောက်ခဲ့ပါတယ်။ အဲဒါနဲ့ နောက်တော့ ကျွန်မ စုဝေးပွဲရဲ့ ပြဿာနာတွေအကြောင်းကို ခေါင်းဆောင်ကို သွားပြောခဲ့ပြီး တော်တော်ပိုပြီး အေးချမ်းသွားတယ်။ သူလုပ်တဲ့ နောက်စုဝေးပွဲက အများကြီး ပိုကောင်းသွားတယ်။ ကျွန်မတို့ စိတ်နှလုံးနဲ့ ဆုတောင်းတဲ့အခါ၊ ဘုရားသခင်က နားထောင်တယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ အချိန်နည်းနည်းလောက်ကြာပြီးတဲ့နောက်မှာ ကျွန်မ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကို သတိထားမိတယ်။ အရင်က ကျွန်မသိက္ခာနဲ့ ဂုဏ်အဆင့်အတန်းကိုကာကွယ်ဖို့အတွက် အမြဲတမ်းလိမ်တယ်။ ဒါပေမဲ့ ကျွန်မစိတ်နှလုံးကို ဘုရားသခင်ဆီ ပေးအပ်ပြီး ကျွန်မ စိတ်နှလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့၊ ကျွန်မကို စောင့်ရှောက်ဖို့၊ ထိန်းချုပ်ဖို့ တောင်းလျှောက်တဲ့အခါမှာ ကျွန်မရဲ့ ကိုယ်ပိုင်အခြေအနေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ဆုတောင်းခြင်းနဲ့ ဘုရားရှေ့ကိုလာပြီး ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခဲ့ပါတယ်။ ဒါက တစ်ခါတလေမှာ လူတွေကို စိတ်ဆိုးမိစေနိုင်တယ်။ ဒါပေမဲ့ ဘုရားရှေ့မှာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက ကျွန်မအတွက် ပိုအရေးကြီးပါတယ်။

အရင်က လူတွေပျော်ဖို့၊ ကျွန်မသိက္ခာနဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် လိမ်ညာတဲ့အကျင့်တစ်ခု ကျွန်မမှာ ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မအတွက် ဘုရားသခင် ပြင်ဆင်ပေးတဲ့ ပတ်ဝန်းကျင်အားလုံးမှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကျွန်မ လုပ်ဆောင်နေပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ ဒီနားလည်မှုအတွက် ဘုရားသခင်ကို ကျွန်မ တကယ် ကျေးဇူးတင်တယ်။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အကျည်းတန်မှုကို မြင်စေခဲ့ပြီး အပြောင်းအလဲတချို့ကို ကြုံရဖို့ ကူညီပေးခဲ့ပါတယ်။ လိမ်ညာတဲ့အလေ့အကျင့်ကို ပြောင်းလဲတာက ဖြစ်စဉ်တစ်ခုဆိုတာ၊ ကျွန်မ ကြုံတွေ့ရဖို့အတွက် အခြေအနေတစ်ခုပြီးတစ်ခု ဘုရားသခင်က ပြင်ဆင်ပေးနေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေတဲ့ လိမ်ညာမှုကို ကျွန်မ မပြောဖို့အတွက် သတိထားရမယ်။ အရေးကြီးဆုံးက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကို လက်ခံဖို့၊ လိမ်ညာတဲ့ဖက်ကို ယိမ်းယိုင်မှုကနေ အမှန်တကယ် လွတ်မြောက်ဖို့ ဘုရားကို ဆုတောင်းပြီး အမှီပြုဖို့ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကြီးပါစေ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

ဝန်ထုပ်တစ်ခုကို ကျွန်ုပ် အဘယ်ကြောင့် မထမ်းရွက်ချင်သနည်း

ထုံရှင်း ကိုးရီးယားနိုင်ငံ ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ၊ ဗီဒီယို ကြီးကြပ်တဲ့အလုပ်ကို ကျွန်မလုပ်နေခဲ့တာ။ အစ်ကို လီယိုနဲ့ အစ်မ ကလယ်ရာတို့နဲ့...

ကြီးကြပ်မှုကို အတိုက်အခံပြုပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း

မီဟွေ့ တရုတ်နိုင်ငံ ၂၀၂၁မှာ ကျွန်မက အသင်းတော်မှာ ရေလောင်းအလုပ်ကို ဦးဆောင်ရပါတယ်။ အဲဒီအချိန်ကာလမှာ ကျွန်မတို့ ခေါင်းဆောင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။