အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း
ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို ဖတ်ရသည့်အခါတိုင်းတွင် ကျွန်မက “အမှန်အတိုင်း တိတိကျကျ ပြောဖို့ဆိုတာ ကျွန်မ အတွက်တော့ မခက်ပါဘူး။ ဂေါ်ပြားကို ဂေါ်ပြားလို့ ခေါ်တာ၊ အရှိကို အရှိအတိုင်း ပြောတာပဲ မဟုတ်လား။ အဲဒီလို ပြောရတာ လွယ်တာဘဲ မဟုတ်လား။ ကျွန်မ ဒီကမ္ဘာမှာ အမုန်းဆုံးက စကားကို အရှိကို အရှိအတိုင်း မပြောဘဲ ပိုပြောတဲ့ လူတွေပဲ” ဟု တွေးမိပါသည်။ ထိုကဲ့သို့တွေးခြင်းကြောင့် ကျွန်မသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု အလွန်ရှိခဲ့ပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ဆိုသည်မှာ ကျွန်မအတွက်မှာမူ ပြဿနာ မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် လူတစ်ယောက်သည် သမ္မာတရားကို မဝင်ရောက်သည့်အပြင်၊ မိမိ၏ စိတ်သဘောထားကို မပြောင်းလဲဘူးဆိုပါက စကားကို အမှန်အတိုင်း တိတိကျကျ မည်သည့်အခါမျှ မပြောနိုင်ကြောင်းကို ဘုရားသခင်၏ ထုတ်ဖော်မှုကြောင့် ကျွန်မ ရှာဖွေတွေ့ရှိခဲ့ပါသည်။
တစ်ခါက ကျွန်မသည် XX ဟုခေါ်သည့် လူက သူတစ်ပါး၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုမစိုက်ခြင်း၊ မစဉ်းစားပေးခြင်းကို တွေ့သည့်အခါတွင် သူတို့၌ စာနာစိတ် မရှိဟု ပြောခဲ့မိသည်။ နောက်ပိုင်းတွင် တခြားလူများနှင့် မိဿဟာရဖွဲ့ခြင်းအားဖြင့် ကျွန်မနားလည်လာသည်မှာ ကျွန်မတို့ အသက်တာဝင်ရောက်ခြင်း ကို ယူဆောင်နိုင်ဖို့ ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားပေးကူညီခြင်းသည် စစ်မှန်သည့် မေတ္တာကို ကိုယ်စားပြုသည့် အပြုအမူဖြစ်ကြောင်းပင် ဖြစ်သည်။ နောက်တစ်ကြိမ်တွင်မူ XX ဟုခေါ်သည့် လူက သူတာဝန် ထမ်းဆောင်နေစဉ်တွင် ဒေါ်လာအနည်းငယ် ပိုသုံးသည်ကို ကျွန်မတွေ့ သည့်အချိန်တွင် ထိုလူ၏ စရိုက်က လောဘအရမ်းကြီးသည်ဟု ကျွန်မ ပြောခဲ့မိသည်။ နောက်တွင် အကျင့်ပျက်သည့် အပြုအမူ အနည်းငယ် လုပ်သည်နှင့် အကျင့်ပျက်သည့် စရိုက်ရှိခြင်းတို့သည် မတူကြောင်းကို ကျွန်မ သိလာသည်။ နောက်တစ်ကြိမ်တွင် ကျွန်မ၏ ခေါင်းဆောင်က ညီမ တစ်ယောက်၏ အခြေအနေကို လာမေးသည်။ ကျွန်မတွင် ထိုညီမလေးနှင့် ပတ်သက်သည့် ထင်မြင်ယူဆချက် တချို့ ရှိသောကြောင့်၊ တစ်ချို့တစ်ဝက်သာ အစီရင်ခံသင့်ကြောင်းကို သိသော်ငြားလည်း၊ ကျွန်မ တွေ့ခဲ့သည့် သူမ၏ သည့်ဖောက်ပြန်ပျက်စီးမှုကို ဆိုးဆိုးရွားရွား ပိုပိုသာသာ မပြောဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် သူမ၏ ကောင်းချက်များကိုမူ တစ်လုံးမှ မပြောခဲ့ပါ။ ကျွန်မ၏ အလုပ်တွင် အတိမ်းအစောင်းများ၊ ချွတ်ယွင်းချက်များ ရှိသည့်အခါတွင်လည်း ကျွန်မက မိမိ၏ မျက်နှာ မပျက်ရအောင်၊ မိမိ၏ အဆင့်အတန်းကို မထိခိုက်အောင် အမှန်တရားကို အမြဲတမ်း ဖုံးကွယ်ပြီး ခေါင်းဆောင်များကို ဖြစ်ပျက်နေသည့် အခြေအနေအကြောင်း တိတ်တဆိတ် အစီရင်ခံလေ့ရှိသည်။
ဤကဲ့သို့ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်မ လုံးဝ ခေါင်းရှုပ်သွားသည်။ ကျွန်မ ရင်ထဲတွင်မူ အမှန်အတိုင်း တိတိကျကျ ပြောချင်ပေသော်ငြားလည်း တကယ်တမ်း ပါးစပ်ထဲက ထွက်သည့်အခါတွင် မည်သည့်အတွက်ကြောင့် တစ်ခါမှ သမာသမတ်ကျကျ (သို့) အမှန်အတိုင်း တိတိကျကျ မပြောနိုင်ရသနည်း။ စိတ်ထဲတွင် ထိုမေးခွန်းကို တွေးပြီး ဘုရားသခင်ထံမှ လမ်းပြသွန်သင်မှုကို ရအောင် ကျွန်မ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ထို့နောက်တွင် ကျွန်မက ဤဒေသနာကို ဖတ်ရှုခဲ့ပါသည်၊ “ဘာကြောင့် လူတွေဟာ စကားကို အမှန်အတိုင်း တိတိကျကျ မပြောနိုင်တာလဲ။ အကြောင်းအရင်း (၃)ခု ရှိပါတယ်။ ပထမအချက်က လူတွေရဲ့ မှားယွင်းတဲ့ ခန့်မှန်းချက်တွေကြောင့် ဖြစ်တယ်။ အရေးကိစ္စတွေကို သူတို့ ကြည့်ပုံက လွဲမှားနေတာကြောင့် စကားပြောတဲ့ အခါမှာလည်း အမှန်အတိုင်း တိတိကျကျ မပြောတာ ဖြစ်တယ်။ ဒုတိယအချက်ကတော့ ကိုယ်ပိုင် စဉ်းစားတွေးနိုင်စွမ်း အလွန်အားနည်းလို့ပါ။ သူတို့ဟာ လက်တွေ့ကျကျ မစုံစမ်းဘဲ ကောလာဟလ စကားတွေ နားထောင်ရတာကို နှစ်သက်ကြပြီး အရာရာကို ပေါ့ပေါ့ဆဆ လုပ်တတ်ကြတယ်၊ အကျိုးဆက် အနေနဲ့ သူတို့ဟာ အရှိကို အရှိအတိုင်း မပြောဘဲ ပိုပိုသာသာ ပြောမိတတ်ကြတယ်။ တတိယအချက်ကတော့ လူတွေရဲ့ စိတ်သဘောထား ကိုက မကောင်းလို့ပါ။ သူတို့ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ထမြောက်ဖို့အတွက် စကားပြောတဲ့အခါမှာ သူတို့ဟာ ပုဂ္ဂိုလ်ရေးရာနဲ့ ရည်ရွယ်ချက်မျိုးစုံကို အသုံးချတတ်ကြပြီး တခြားသူတွေကို လိမ်ဖို့အတွက် အလိမ်အညာ စကားတွေ ပြောတတ်ကြတယ်၊ လူတွေကို လှည့်စားဖို့အတွက် မမှန်မကန် ပြောတတ်ကြတယ်။ အဲဒီလို အခြေအနေတွေက လူဖန်တီးတဲ့ အခြေအနေတွေ ဖြစ်တယ်၊ ပြီးတော့ သမ္မာတရားကို ကြိုးစားရှာဖွေခြင်း၊ မိမိရဲ့ ပင်ကိုယ်စရိုက်ကို အသိအမှတ်ပြုခြင်း အားဖြင့် အဲဒီလို အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တယ်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဟု ရေးထားသည်ကို ကျွန်မ ဖတ်ရပါသည်။ ထိုအကြောင်းအရာများကို ကျွန်မ ဖတ်ရသည့်အခါတွင် ကျွန်မ သဘောပေါက်သွား ပါသည်။ တိတိကျကျ စကားပြောဖို့ဆိုသည်မှာ ထင်သလောက် မလွယ်မှန်း ကျွန်မ နားလည်သွား ပါသည်။ လူများ စကားကို အမှန်အတိုင်း တိတိကျကျ မပြောသည့် အကြောင်းရင်းများစွာ ရှိပါသည်၊ ဥပမာအားဖြင့် လူများ၏ ရှုထောင့်များက တလွဲဖြစ်နေပြီး ရဲတင်းလွန်းနေခြင်း၊ သမ္မာတရား လုံးဝ မပါရှိခြင်း၊ လက်တွေ့ကျမှု လုံးဝ မရှိခြင်း (သို့) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း စသည့် အချက်များ ဖြစ်သည်။ ကျွန်မအနေနှင့် ဆိုပါက ကျွန်မက လုပ်သင့်သည်လို့ ထင်သည့်အရာ လူများ မလုပ်ကြဘူးဟု ထင်ရသည့်အခါတွင် ထိုလူများတွင် စာနာစိတ် မရှိဟု ကျွန်မ သူတို့ကို အလျင်စလို ဝေဖန်တတ်ပါသည်။ ဖောက်ပြန်ပျက်စီးသည့် အပြုအမူ အနည်းငယ်လုပ်သည်ကို တွေ့သည်နှင့် ထိုလူများသည် ဖောက်ပြန်ပျက်စီးသည့် စရိုက်ရှိသည့် လူများသာ ဖြစ်သည်ဟု ကျွန်မ သတ်မှတ်တတ်ပါသည်။ လူတစ်ယောက်နှင့် ပတ်သက်၍ ထင်မြင်ယူဆချက် တစ်ခုခု ရှိသည့်အခါတွင် ထိုလူ၏အကြောင်း တခြားလူကို ပြောပြသည့်အခါ ကျွန်မသည် အကျယ်ချဲ့ပြီး ပြောတတ်သည်၊ ပိုပိုသာသာ ပြောတတ်သည်။ အလုပ်လုပ်သည့်အခါတွင်လည်း ကိုယ်ကျိုးအတွက် သူများကို လှည့်စားတတ်သည်၊ ဘုရားသခင်ကိုလည်း လိမ်တတ်သည်။ ထိုကဲ့သို့အခြေအနေများနှင့် ထိုကဲ့သို့ပြုမူခြင်းများက ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့၍ ဖြစ်ခြင်းပင် မဟုတ်ပါလား၊ ကျွန်မ၏ အမြင်က တလွဲဖြစ်နေပြီး ရဲတင်းလွန်းသောကြောင့် ဖြစ်ခြင်း မဟုတ်လား၊ ကျွန်မ၏ စိတ်သဘောထား မပြောင်းလဲသေး၍ ဖြစ်ခြင်းပင် မဟုတ်ပါလား။ ယခုမှ ကျွန်မ နားလည်သည်။ လူတစ်ယောက်သည် သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို နားလည်မှ၊ သမ္မာတရားထဲကို ဝင်ရောက်မှ၊ ပြီးလျှင် မိမိ၏ စိတ်သဘောထားကို ပြောင်းလဲမှ အချက်အလက်များကို လွဲမှားမှုမရှိဘဲ သမာသမတ်ရှိရှိ သုံးသပ်နိုင်မည်ဖြစ်သည်၊ သူတို့၏ အသက်တာတွင် ဖြစ်နေသည့် အရာတစ်ခုစီကို သာမက ဖြစ်နေသည့်အရာ မှန်သမျှကို မျှမျှတတ၊ တရားမျှတစွာ ကြည့်နိုင်မည် ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မပိုင်ဆိုင်ထား ပါက၊ ကိစ္စတစ်ခုတွင် ပဓာနကျသည့်အရာ မည်သည့်အရာ ဖြစ်ကြောင်းကို မြင်နိုင်မည် မဟုတ်ပါ၊ အကျိုးဆက်အနေနှင့် တိတိကျကျလည်း ပြောနိုင်မည် မဟုတ်ပါ။ ဖောက်ပြန်တတ်သည့် သွေးသားဇာတိ၌ အသက်ရှင်နေမည်၊ စိတ်သဘောထားလည်း မပြောင်းလဲဘဲ အရင်အတိုင်း ရှိနေမည်၊ မိမိ၏ ကိုယ်ပိုင် ရည်ရွယ်ချက် ပန်းတိုင်များအတွက်ဘဲ လုပ်ဆောင်နေမည် ဆိုပါက တိတိကျကျ ပြောနိုင်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
အို ဘုရားသခင်၊ ကျွန်မရဲ့ ပင်ကိုယ်သဘာဝအပေါ် အမှီပြုခြင်းအားဖြင့်၊ ကျွန်မရဲ့ ကိုယ်ပိုင် ဇွဲရှိမှုကို အားကိုးခြင်းအားဖြင့် စကားပြောတဲ့အခါမှာ တိတိကျကျ ပြောနိုင်လိမ့်မယ်လို့ ကျွန်မ ရှုမြင်ခဲ့တာဟာ အရမ်းကို ရိုးအလွန်းတယ်၊ အရမ်းရယ်စရာ ကောင်းလွန်းလှတယ်ဆိုတာကို ကျွန်မသိစေတဲ့ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးမှု နဲ့ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီလို မာနထောင်လွှားပြီး၊ ပညာမဲ့တဲ့ ပုံစံနဲ့ ကျွန်မ ဝါကြွားနိုင်ခဲ့တယ်ဆိုတဲ့ အချက်က ကျွန်မကို စာတန်က ဘယ်လောက်တောင် အကျင့်ပျက်အောင် လုပ်ထားလဲဆိုတာ ကျမ လုံးဝ သတိမထားမိခဲ့ဘူးဆိုတာကို ပိုပြီးပေါ်လွင်စေပါတယ်။ ဒီနေ့ကစပြီး ကျွန်မ သမ္မာတရားကို ပိုအားစိုက်ပြီး ရှာဖွေဖို့၊ ကျွန်မရဲ့ စိတ်သဘောထား ပြောင်းလဲအောင် အားထုတ်ဖို့၊ လူတွေနဲ့ သက်မဲ့အရာတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း မြင်အောင် လေ့ကျင့်ဖို့၊ မှန်တာကို တိတိကျကျ ပြောပြီး အလုပ်ကို စိတ်ပါလက်ပါ လုပ်တတ်တဲ့ ရိုးသားတဲ့လူ ဖြစ်အောင် ကြိုးစားအားထုတ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။