ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

05.09.2019

ဟွမ်ဘောင် လျောင်နင်းစီရင်စု၊ ဒါလီယန်မြို့

ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင်နားနှင့် ကြားခွင့်ရပြီး ကိုယ်တော်၏ သာသနာပြုခြင်းကို ကိုယ်တိုင်ခံယူ ရရှိခဲ့သည့် ညီအစ်ကို မောင်နှစ်မများကို အစဉ် လေးစားအားကျမိသည်။ ကျွန်ုပ်၏ စိတ်နှလုံးသားထဲတွင် ကျွန်ုပ်သည် နောင်တစ်ချိန် တစ်နေ့နေ့တွင် ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင် နာကြားခွင့်ရခဲ့ပါက အဘယ်မျှလောက် ကောင်းလိုက်မည်နည်း၊ အကယ်၍သာ ကိုယ်တော်ရှင်ကို ကိုယ်တိုင် ဖူးမျှော်ခွင့်ရခဲ့ပါက အတိုင်းထက်အလွန် ဖြစ်မည်ဟု တွေးခဲ့မိပါသည်။ သို့ရာတွင် ယခုတစ်လော ကိုယ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းမှတစ်ဆင့် ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ဟု စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။

ယင်းသည် “အသက်၏ ဝင်လမ်းအကြောင်း ဟောပြောခြင်းနှင့် မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်း အတွဲ ၁-၃” အား ထုတ်ခဲ့သည့်အခါ ဖြစ်ပါသည်။ ကျွန်ုပ် ပထမအတွဲကို ကြားနာရသည့်အခါ၊ အထက်မှ ညီအစ်ကိုသည် အလွန်ကောင်းစွာ ပြောထားသည်ဟု ကျွန်ုပ်ခံစားမိ၏။ ခရစ်တော်မှ ဒုတိယအတွဲအား မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းကို ကျွန်ုပ်ကြားနာရစဉ်အခါ၊ (ဤအရာမှာ ခရစ်တော်၏ မိတ်ဿဟာယတော်ရှိကြောင်း ကျွန်ုပ်အား မည်သူမျှ မပြောပြသေးခင် အချိန်က ဖြစ်သည်) ဤသူမှာ အထက်မှ ညီအစ်ကို၏ လက်အောက်ရှိ သာမန် ခေါင်းဆောင်တစ်ယောက်ဟုသာ ထင်မြင်ယူဆမိသည်။ အထူးသဖြင့် သူသည် အသိပညာကို မည်ကဲ့သို့ ရှုမြင်ရမည်နည်းဟူသည့် အကြောင်းနှင့် ပတ်သက်သည့် ပြဿနာအား မိတ်ဿဟာယဖွဲ့ ဆွေးနွေးစဉ်တွင် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများထံမှ စိတ်အားထက်သန်စွာ တုံ့ပြန်ဆွေးနွေးခြင်းမျိုး မကြားခဲ့ရသည့် အတွက် ကျွန်ုပ်၏ အထင်မှာ မှန်ကန်သည်ဟု ကျိန်းသေခဲ့သည်။ ထိုသူသည် အထက်မှ ညီအစ်ကိုကဲ့သို့ ကောင်းမွန်စွာ မပြောဆိုခဲ့ဟုလည်း ကျွန်ုပ် ခံစားရသည့် အတွက် ကျွန်ုပ်သည် သေချာ နားမထောင်ခဲ့ပါ။ တတိယအတွဲကို ကျွန်ုပ်ကြားပြီးနောက်၊ အထက်မှ ညီအစ်ကို၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအပြီးတွင် ခရစ်တော်ကပင်လျှင် “ယခု ညီအစ်ကိုရဲ့ မိတ်ဿဟာယဖွဲ့ ဆွေးနွေးသွားခြင်းနဲ့ ပတ်သက်ပြီးတော့...” ဟု ပြောသံကို ကျွန်ုပ် ကြားသောအခါ၊ ဤသူသည် အထက်မှ ညီအစ်ကို၏ လက်အောက်ရှိ ခေါင်းဆောင်တစ်ယောက် ဆိုသည်မှာ ကျွန်ုပ်အတွက် ပိုသေချာသွားပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့လောကတွင် ခေါင်းဆောင်မှ ဦးစွာပြောပြီး ထိုနောက်တွင်မှ နောက်လိုက်များက ပြောရခြင်းမို့ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အသံချဲ့စက်ကို ပိတ်လိုက်ပြီး “နောက်အချိန်ရှိမှ နားထောင်မည်” ဟု တွေးလိုက်ပါသည်။ ထိုသူသည် တကယ်တမ်းတွင် ခရစ်တော်ဖြစ်သည်ကို ကျွန်ုပ် သိလိုက်ရသည့် နေ့တွင် ကျွန်ုပ်တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဒေသနာ၏ စကားလုံးတိုင်းကို တည်ကြည်လေးနက်စွာ နားထောင်ခဲ့ပါတော့သည်။

ထို့နောက်တွင် ကျွန်ုပ် တွေးတောလာမိသည်မှာ၊ ကျွန်ုပ်သည် ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအား ကိုယ်တိုင်နာကြားခွင့်ရရန် အလွန်တောင့်တခဲ့သော်လည်း၊ နောက်ဆုံးတွင် ကိုယ်တော်မှ ကျွန်ုပ်အား စကားပြောလာသည့်အခါတွင်မူ၊ အဘယ်ကြောင့် ပိုင်းခြားမသိမြင်နိုင်ရသနည်း ဆိုသည်ပင်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အခြေအနေနှင့် စပ်လျဉ်းနေသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင် သုံးဆောင်လာခဲ့ပြီး၊ ဘုရားသခင် မိန့်တော်မူသည်ကို မြင်လာခဲ့သည်မှာ- “လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု မည်သည့်ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကမျှ ပြောမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်ကို သင်တို့မမြင်ဖူးမီ၊ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ပုံပန်း၊ သူ၏စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် ထင်မြင်ချက်မျိုးစုံ လက်သင့်ခံထားနိုင်ဖွယ် ရှိသည်။ သို့ရာတွင် သင်တို့သည် သူ့ကို အမှန်တကယ်မြင်ရသည့်အခါ သင်တို့၏ ထင်မြင်ချက်များသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သိလိုသလော။ လူသား၏သဘောထားကို လျစ်လျူရှု၍ မရသည်မှာ မှန်သော်လည်း၊ ခရစ်တော်၏အနှစ်သာရကို လူသားက ပြောင်းလဲရန်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရ အသက်ရှင်သောသူ သို့မဟုတ် ပညာရှိဟု မှတ်ယူသော်လည်း ခရစ်တော်အား ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်ထားသော သာမန်လူဟု မည်သူကမျှ မှတ်ယူခြင်းမရှိ။ ထိုအတိုင်းဆိုလျှင် ဘုရားသခင်ကို မြင်တွေ့ရန် နေ့ရောညပါ တောင့်တကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး သူနှင့် သဟဇာတမဖြစ်ကြပေ။ ဤသည်မှာ လူသားဘက်က အမှားမဟုတ်ပေသလော။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာစောင့်သိမှုတို့နှင့်ဆိုပါက ခရစ်တော်၏မျက်နှာတော်ကို ရှုမြင်ထိုက်ရန် လုံလောက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ သို့သော် ပို၍လက်တွေ့ကျသောအရာများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားကြရန် သင်တို့ကို ငါတိုက်တွန်းပေ၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခဲ့သူ အများအပြားမှာ ကျရှုံးခဲ့ကြသည် သို့မဟုတ် ကျရှုံးကြလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ ထိုသူတို့အားလုံးသည် ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့ကျရှုံးရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ သင်တို့၏ အယူအဆများထဲတွင် ကြီးမြတ်ထည်ဝါပြီး ကြည်ညို လေးစားထိုက်သော ဘုရားသခင်တစ်ပါး ရှိနေခြင်းကြောင့်သာလျှင် ဖြစ်သည်။ သို့သော် အမှန်တရားမူကား လူသား၏အလိုအတိုင်းမဟုတ်။ ခရစ်တော်သည် ကြီးမြတ်ထည်ဝါခြင်းမရှိရုံသာမက သူသည် အထူးသဖြင့် သေးသိမ်၏။ သူသည် လူသားဖြစ်ရုံသာမက သာမန် လူသားတစ်ဦးဖြစ်၏။…ထိုသို့ဖြစ်သောကြောင့် လူများက ‘စစ်မှန်သောခရစ်တော်’ ကြွလာရန် စောင့်စားနေဆဲ အချိန်ကာလတစ်လျှောက်တွင် သူ့အား သာမန်လူတစ်ဦးကို ဆက်ဆံရသကဲ့သို့ ဆက်ဆံကြ၏၊ သူနှင့်အတူရှိစဉ် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံကြပြီး သူ့ကို ဂရုမစိုက်ဘဲ ပြောဆိုကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ဤအကြောင်းကြောင့် ခရစ်တော်ထံမှ မည်သည့်အရာကိုမျှ သင်တို့မရရှိသည့်အပြင် သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့ပြီဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအား ကြားနာရပြီးသည့်အခါ ကျွန်ုပ်သည် ကိုယ်တိုင်၏ ယိုယွင်းပျက်စီးနေသည့် စိတ်သဘောထားများ မည်သို့ ရုပ်လုံးပြသည်ကို စဉ်းစားမိသည်။ ကျွန်ုပ်သည် ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များနှင့် ဒေသနာတော်များကို ကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားနာလိုခဲ့ကာ၊ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းကို နောက်ဆုံးတွင် ကြားနာခဲ့ရသော်လည်း ကျွန်ုပ် ဂရုမစိုက်ခဲ့ပါ။ ကျွန်ုပ်သည် ခရစ်တော်ကို သေဆုံးနိုင်သော လူသာမန် တစ်ယောက်အနေနှင့် တွေ့မြင်ခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ ကျွန်ုပ်သည် ခရစ်တော်၏ အနှစ်သာရကို နားမလည်ခဲ့၊ ခရစ်တော်၏ နှိမ့်ချမှုနှင့် ဖုံးကွယ်ထိန်းသိမ်းမှု အလုံးစုံကို နားမလည်ခဲ့သောကြောင့်ဖြစ်ပြီး ခရစ်တော်နှင့် ပတ်သက်သည့် စဉ်းစားချက်များနှင့် အယူအဆများ အလွန်များပြားနေခဲ့သောကြောင့် ဖြစ်သည်။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် သူနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သူ ညီအစ်ကို မောင်နှမများအတွက်သာ ကန့်သတ်ထားပြီး ကျန်သူများမှာမူ ကိုယ်တော်၏ ဒေသနာတော်များကို သူတို့နားနှင့် ကိုယ်တိုင်နာကြားခွင့် မရကြဟု ကျွန်ုပ်တွေးထင်ထားခဲ့သည်။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် သူ၏ မည်သူမည်ဝါ ဖြစ်ခြင်းကို လူသိရှင်ကြား ကြေညာမှုနှင့် တွဲလျက်နေမည်ဟု ကျွန်ုပ်တွေးထင်ထားခဲ့၏။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် အံ့ခန်းသော လူတစ်ဦးဦးကဲ့သို့ အခြားသူများနှင့် မတူညီသော အသံတော်နှင့် ပြောဆိုပြီး ရည်မွန်ကျော့ရှင်းသော စကားစု အလှည့် အပြောင်းများ များစွာနှင့် ပြောဆိုလိမ့်မည်ဟု ကျွန်ုပ်တွေးထင်ထားခဲ့သည်။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် ကျွန်ုပ် ညီအစ်ကို မောင်နှမများ၏ စိတ်လှုပ်ရှားလျက် တက်ကြွသော အားပေးမှုများနှင့် တွဲလျက်နေလိမ့်မည်ဟု ကျွန်ုပ် တွေးထင်ထားခဲ့သည်။ အကယ်၍သာ အထက်မှ ညီအစ်ကိုနှင့် ခရစ်တော်တို့သာ အလှည့်ကျ ဟောပြောကြမည်ဆိုလျှင် ခရစ်တော်သည် ဦးစွာ ဟောပြောပြီး အထက်မှ ညီအစ်ကိုသည် နောက်မှ ဟောပြောလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။...ခရစ်တော်အား ကျွန်ုပ်မှ တိကျသော ပုံစံတစ်ခုနှင့် တွေးထင်ထားခဲ့သည့်အတွက် ကျွန်ုပ်သည် ခရစ်တော်၏ စကားတော်များနှင့် လုပ်ဆောင်ချက်များကို ကျွန်ုပ်၏ စိတ်ကူးနယ်နိမိတ်များ အတွင်း ကန့်သတ်ထားခဲ့သည်။ အချက်အလက်များသည် ကျွန်ုပ်၏ တွေးထင်ထားချက်များနှင့် ကွဲလွဲ နေသောအခါ ကျွန်ုပ်သည် သူ့ကို ဘုရားသခင် အဖြစ် ကျွန်ုပ်၏နှလုံးသားထဲတွင် မဆက်ဆံခဲ့ပါ။ ထိုအစား ကျွန်ုပ်သည် ခရစ်တော်အား လူသာမန်တစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့ပြီး ကိုယ်တော်၏ စကားတော်များအားလည်း လူသာမန် တစ်ယောက်၏ ပြောစကားများ အနေနှင့်သာ ယူဆမိခဲ့သည်။ အခြားလူများသည် မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းမှ များစွာ ရရှိနေချိန်တွင် ကျွန်ုပ်က ဘာမျှမရခဲ့ပါ၊ ထိုအစား ကျွန်ုပ်သည် ကိုယ်တိုင်၏ မာနထောင်လွှားမှု၊ ဘဝင်မြင့်မှု၊ သမ္မာတရားအား စက်ဆုပ်မှု၊ စာတန်၏ သဘာဝ စသည်တို့အား လုံးဝ လှစ်ဟ ထုတ်ပြခဲ့မိပြီး၊ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ခရစ်တော်အား ငြင်းပယ်၊ ခုခံသူတစ်ယောက် ဖြစ်စေခဲ့သည်။

နောက်ပိုင်းမှာတော့ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် မြင်လာရသည်မှာ- “သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်)သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ မာန ထောင်လွှားခြင်း၊ ပုန်ကန်တတ်ခြင်းနှင့် ဇီဇာကြောင်တတ်ခြင်း၊ ရာထူးနေရာ၊ အခြေအနေမဲ့သူများကို ထိုသူတို့ သမ္မာတရားအား ပြောပြနေလျှင်ပင် ကျွန်ုပ်မကြားနိုင်သည်အထိ အထင်သေးပြီးနေချိန်တွင် ရာထူးအခြေအနေ ရှိသူများအား နားယောင်လွယ်ကာ သဘောတူ ခေါင်းငြိမ့်တတ်သူဖြစ်ခြင်း စသည်တို့ကြောင့် ဘုရားသခင်၏ စကားသံအား နားမလည်နိုင်ခဲ့ခြင်းပင် ဖြစ်သည်ကို ကျွန်ုပ်အား နားလည်စေသည်။ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအား ကျွန်ုပ်နားထောင်သည့်အခါ သမ္မာတရားအား အာရုံမစိုက်ဘဲ သမ္မာတရားကို သိလိုစိတ် မရှိခဲ့ပါ။ ထိုအစား ကျွန်ုပ်၏စိတ်သည် ထင်မြင်ယူဆချက်များထုတ်ရန် စုံစမ်းခြင်းများလုပ်ရန်သာ အာရုံကပ်နေခဲ့၏။ မာန ထောင်လွှားမှုနှင့် ပုန်ကန်ထကြွမှု၊ အယူအဆနှင့် စိတ်ကူးတွေးထင်မှုများကိုသာ ကျွန်ုပ် လှစ်ဟ ပြသခဲ့မိသည်။ ကျွန်ုပ်ကဲ့သို့ မာနထောင်လွှားသူ၊ ပုန်ကန်တတ်သူနှင့် သမ္မာတရားအား လက်မခံနိုင်သူ တစ်ယောက်၊ ကျွန်ုပ်ကဲ့သို့ ဂရုဏာတရားမရှိ သမ္မာတရားအား တမ်းတမနေသူ တစ်ယောက်အဖို့ ဘုရားသခင်၏ အသံတော်ကို မည်သို့လျှင် ကြားနိုင်၊ သိနိုင်မည်နည်း။ ခရစ်တော်အား ဖူးမျှော်ဖို့ရန် မည်သို့လျှင် ထိုက်တန် ပါမည်နည်း။

ထိုဖွင့်ပြချက်မှ နောက်ဆုံးတွင် ကျွန်ုပ်သဘောပေါက် နားလည်လိုက်မိသည်မှာ ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ချင်သော်လည်း ကိုယ်တော်အား ဖူးမျှော်ရန် မထိုက်တန်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် စာတန်၏ ကျွန်ုပ်အား ဖျက်စီးယိုယွင်းထားမှုသည် အလွန်ပင်နက်ရှိုင်းပြီး၊ ကျွန်ုပ်သည် သဘာဝအားဖြင့် မာနထောင်လွှား၊ ပုန်ကန်တတ်ကာ၊ ကျွန်ုပ်တွင် သမ္မာတရားမရှိသကဲ့သို့ သမ္မာတရားအား ချစ်ခင် မြတ်နိုးခြင်းလည်း မရှိ၊ ကျွန်ုပ်သည် ခရစ်တော်၏ အနှစ်သာရကို နားမလည်၊ ကျွန်ုပ်သည် အမြီးအမောက် မတည့်သော ဘက်လိုက်မှုများဖြင့် ဆုံးဖြတ်ခဲ့ပြီး၊ ကျွန်ုပ်တွင် မှတ်ချက်များ၊ စဉ်းစားချက်များ များလွန်းကာ၊ ကျွန်ုပ်ယုံကြည်သော ဘုရားမှာလည်း ကြီးမြတ်၍ စကားပြောကောင်းသော ပုံသဏ္ဌာန်နှင့် မရေရာသည့် ဘုရားသာ ဖြစ်သောကြောင့်ဖြစ်သည်။ ခရစ်တော်အား အမှန်တကယ် မြင်တွေ့ခွင့်ရချိန်တွင်၊ ကျွန်ုပ်၏ အယူအဆများသည် အမြစ်တွယ်နေပြီဖြစ်ပြီး ကျွန်ုပ်၏ မာနာထောင်လွှားမှုသည် အချိန်မရွေး အညှောက် ပေါက်တော့မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပုန်ကန်တတ်သော သဘာဝကပင် ကျွန်ုပ်အား ဖျက်ဆီးနေခြင်း ဖြစ်သည်။ ယခုတော့ ကျွန်ုပ်သည် သမ္မာတရားအား ဝတ်ဆင်ကာ၊ ယိုယွင်း ပျက်စီးနေသော ကျွန်ုပ်၏ သဘာဝနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ခရစ်တော်၏ အနှစ်သာရကို နားလည်ရန် ရှာဖွေရမည်၊ ထို့နောက် ခရစ်တော်ကို နားလည်ပြီး ကိုးကွယ်သူ တယောက် ဖြစ်လာပေလိမ့်မည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုယ့်ရှင်သန်မှုအတွက် ကြိုးပမ်းခြင်း၏ အကျိုးဆက်များ

ရှောင်ဝေ တရုတ်နိုင်ငံ ၂၀၁၉မှာ အစ်မကွမ်စင်းကို ကျွန်မတို့ အသင်းတော်အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ပြောင်းရွှေ့လိုက်တယ်။ ကျွန်မက သူနဲ့...

ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊...

ကျွန်ုပ်၏ မာနကြီးသောပုံစံများကို ပြောင်းလဲခဲ့ပုံ

ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...

လူပီသအောင် နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း

ရှင်းချန် တရုတ်နိုင်ငံဂျပန်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်မ ဖတ်ဖူးတယ်။ အရောင်းစာရေးတစ်ယောက်အကြောင်းပေါ့။ သူက ဆံပင်မသန်တဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။