Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ၏ချစ်ခြင်းနှင့် ထိုက်တန်)
24.10.2024
၁
အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြ၊
နောက်ဆုံးသော ကာလ၏ ခရစ်တော် ပေါ်ထွန်းလာခဲ့ပြီဖြစ်။
ဘုရား၏ အသံကို ကျွန်ုပ်တို့ ကြား၍ ဘုရားရှေ့မှောက် ချီဆောင်ခံရပြီးဖြစ်။
ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်း စားသောက်ကာ
သမ္မာတရားကို ကျွန်ုပ်တို့ နားလည်လာ၍ ဘုရားကို တွေ့မြင်လာ။
ကျွန်ုပ်တို့၏ နှစ်ပေါင်းများစွာထားရှိခဲ့သော မျှော်လင့်ချက်ကို ဖြည့်ဆည်းပြီးဖြစ်ကာ
ကြီးမြတ်သော ကောင်းချီးမင်္ဂလာများတွင် ကျွန်ုပ်တို့ မွေ့လျော်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပံ့ပိုးရန်နှင့် ရေလောင်းပေးရန် နေ့စဉ် စကားပြော၍
ကျွန်ုပ်တို့၏ ရေဆာနေသော စိတ်နှလုံးများကို အာဟာရဖြစ်စေ။
ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်မှုနှင့် တရားစီရင်မှုသည်
ကျွန်ုပ်တို့စိတ်နှလုံးများကို ဖမ်းယူပြီးဖြစ်။
ဘုရားနှုတ်ကပတ်တော်၏ လမ်းညွှန်မှုနှင့် ဦးဆောင်မှုဖြင့်
ကျွန်ုပ်တို့သည် ဘုရားရှေ့မှောက် ရှင်သန်နေထိုင်ရန် တတ်စွမ်းလာ။
သမ္မာတရားကို နားလည်ရန် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက်၊
အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ၏ချစ်ခြင်းနှင့် ထိုက်တန်။
၂
ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရပြီးဖြစ်၍
ကျွန်ုပ်သည် ဘုရားရှေ့မှောက် ပျပ်ဝပ်။
ကျွန်ုပ် မည်မျှဖောက်ပြန်ပျက်စီးကြောင်းနှင့်
ကျွန်ုပ်တွင် လူသားပုံသဏ္ဌာန်မရှိကြောင်း ကျွန်ုပ်သိမြင်။
ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်သိရှိကာ
ကျွန်ုပ်စိတ်နှလုံးသည် နောင်တနှင့်ပြည့်နှက်။
ဘုရား၏ တရားစီရင်မှုကြောင့်မဟုတ်လျှင်
ကျွန်ုပ်သည် အသက်ရှင်နေထိုင်ရန် ထိုက်တန်မည်မဟုတ်။
ဘုရား၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသည် ဧကန်အမှန် အဖိုးတန်ပြီး
ကျွန်ုပ်ကို ကယ်တင်ခံရရန် အခွင့်အရေးကို ပေးကမ်း။
ဘုရား၏ တရားစီရင်မှုနှင့် စမ်းသပ်မှုများသည် ကျွန်ုပ်ကို နောင်တရရန် အချိန်ပေးအပ်ခဲ့သောကြောင့်
ယင်းတို့အတွက် ဘုရားကို ကျေးဇူးတင်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများတွင်
ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်ဘေးနား ရှိနေ။
ကျွန်ုပ်သည် အထီးကျန်ခြင်း သို့မဟုတ် စွန့်လွှတ်ခံရခြင်း မခံစားရသလို
နာကျင်ခြင်းလည်း မခံစားရ။
ဘုရားနောက် လိုက်လျှောက်ရာတွင် ကျွန်ုပ်မည်မျှပင် ဒုက္ခခံစားရပါစေ၊
ဘုရား၏ ကယ်တင်ခြင်းကို ကျွန်ုပ်ရရှိပြီးဖြစ်။
ယနေ့အချိန်ကာလတွင် ဘုရား၏ များလှစွာသော ချစ်ခြင်းကို ကျွန်ုပ်မွေ့လျော်ခံစားရပြီးဖြစ်သောကြောင့်
ဘုရားကို ပြန်ပေးဆပ်ရန် ကျွန်ုပ် အစွမ်းကုန်လုပ်ဆောင်သင့်။
ဘုရားထံ ကျွန်ုပ်၏ သစ္စာစောင့်သိခြင်းကို ဆက်ကပ်ရန်နှင့်
ဘုရားအတွက် ကြေညာ၍ သက်သေခံခြင်းဖြင့် ကျွန်ုပ်၏အသက်တာကို ကုန်ဆုံးရန် လိုလား။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုန်းအသရေနှင့် ချီးမွမ်းခြင်းနှင့် ထိုက်တန်ကာ
ကိုယ်တော်သည် လူ၏ချစ်ခြင်းနှင့် ထိုက်တန်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ