Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်သည် ချီးမွမ်းမှုနှင့်ထိုက်တန်)
12.11.2024
၁
ကျွန်ုပ်သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီးဖြစ်ကာ ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံရပြီးဖြစ်။
မြတ်နိုးခဲ့ရသည်မှာ ကြာပြီဖြစ်သော ကျွန်ုပ်၏ မျှော်လင့်ချက်သည် အကောင်အထည်ပေါ်လာပြီး
ကျွန်ုပ်၏ စိတ်နှလုံးသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်လျှံ။
ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်ကို စားသောက်၍ မွေ့လျော်ကာ အသင်းတော် အသက်တာကို နေထိုင်။
ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်လာ၍ ကျွန်ုပ်၏စိတ်နှလုံးသည် ဧကန်အမှန် တောက်ပ။
ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်၏ရည်ရွယ်ချက်များကို ဖော်ထုတ်ခဲ့၊
ကျွန်ုပ်သည် ကောင်းချီးများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ခဲ့။
ကျွန်ုပ်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် မိမိ၏တာဝန်ကို ထမ်းဆောင်နေခဲ့ခြင်းဖြစ်။
ကျွန်ုပ်တွင် မည်သည့်နည်းလမ်းဖြင့် အသိတရား သို့မဟုတ် အသိစိတ် ရှိခဲ့လေသနည်း။
ကျွန်ုပ်သည် မိမိဖောက်ပြန်ပျက်စီးမှု၏ သမ္မာတရားကို သိမြင်ခဲ့၍
ကျွန်ုပ်တွင် လူသားပုံသဏ္ဌာန်မရှိကြောင်း သိမြင်ခဲ့။
ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်မှုနှင့် တရားစီရင်မှုသည် ကျွန်ုပ်ကို နောင်တတရားနှင့် ပြည့်စေခဲ့။
၂
ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုမှတစ်ဆင့်သာ ကျွန်ုပ်ပြောင်းလဲခဲ့ခြင်းဖြစ်။
ကျွန်ုပ်သည် မိမိ၏ စာတန်ဆန်သော စိတ်သဘောထားဖြင့် ဘောင်ခတ်မခံရတော့ဘဲ ဧကန်အမှန် လွတ်လပ်လေခြင်း။
ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်ကို ကယ်တင်ခဲ့ပြီးဖြစ်ကာ
ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ်ကို ရှင်သန်နေထိုင်ခွင့်ပြုခဲ့ပြီးဖြစ်။
ကျွန်ုပ်သည် သမ္မာတရားအတိုင်း ပြောဆိုပြုမူကာ လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်။
ဘုရားသခင်က ဖော်ပြခဲ့သော သမ္မာတရားအလုံးစုံသည် ကျွန်ုပ်ကို သန့်စင်၍ ကယ်တင်ခဲ့ပြီးဖြစ်။
ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို သိမြင်၍
ဘုရားသခင်ကိုချစ်သော စိတ်နှလုံးကို ဖြစ်တည်။
ကျွန်ုပ်၏ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်၍
ဘုရားသခင်အတွက် သက်သေခံရန် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်။
ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကာ
ကိုယ်တော့်ကို ထာဝရ ကိုးကွယ်မည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ