Christian Song - လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ စစ်မှန်သော စိတ်ခံစားမှုများ - ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ

19.01.2026

အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထု ၄:၁၀-၁၁ တွင် မှတ်တမ်းတင်ထားသည်။ “ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို မြတ်နိုးတန်ဖိုးထားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တစ်သိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါ မြတ်နိုးတန်ဖိုးထားသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဤသည်တို့မှာ ဘုရားသခင်နှင့် ယောနတို့၏ စကားစမြည်ပြောဆိုခြင်းမှ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်စစ်စစ်များဖြစ်သည်။ ဤခွန်းတုံ့ဖလှယ်ခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ်အတွက် လက်လျှော့ရန် ဖန်ဆင်းရှင်၏ တွန့်ဆုတ်မှုနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ဂရုစိုက်မှုတို့နှင့် ပြည့်နေသည်။ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများအတွက် သူ၏စိတ်နှလုံးထဲတွင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် ခံစားချက်များကို ဤနှုတ်ကပတ်တော်များက ဖော်ပြသည်။ ဤနှုတ်ကပတ်တော်များသည် လူသားတို့ ကြားရခဲသော တိကျရှင်းလင်းသည့် ဘာသာစကားမျိုးဖြင့် ဘုရားသခင်က လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိနေသည်။ သူသည် လူသားအပြင် အရာခပ်သိမ်းနှင့် အမြဲတမ်း စကားပြောနေသည်။ ထို့အပြင် သူသည် အမှုသစ်များကို နေ့စဉ်လုပ်ဆောင်နေသည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန်စကားပြောဆိုခြင်းတွင် ဖော်ပြထားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး လူသားမျိုးနွယ်ကို စောင့်ကြည့်နေသည်။ သူသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ငြိမ်သက်စွာပြောရန်အတွက် သူ၏ တိတ်ဆိတ်သောစကားများကို အသုံးပြုသည်။ “ငါသည် ကောင်းကင်တွင် တည်ရှိ၏၊ ထို့ပြင် ငါသည် အရာခပ်သိမ်းအလယ်တွင် တည်ရှိ၏။ ငါသည် စောင့်ကြည့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏အပါးတွင် ရှိနေသည်...” ဟူ၍ ဖြစ်သည်။

သူ၏လက်များမှာ နွေးထွေးပြီး ခွန်အားကြီး၏၊ သူ၏ခြေလှမ်းတို့မှာ ပေါ့ပါး၏၊ သူ၏အသံမှာ သိမ်မွေ့၍ တင့်တယ်ပေ၏၊ သူ၏အသွင်သဏ္ဌာန်မှာ လှည့်ပတ်သွားလာ၍ လူသားမျိုးနွယ်အားလုံးကို ဝန်းရံ၏၊ သူ၏မျက်နှာတော်မှာ လှပ၍ နူးညံ့သိမ်မွေ့၏။ သူသည် မည်သည့်အခါမျှ ထွက်ခွာမသွား၊ မည်သည့်အခါမျှ ပျောက်ကွယ်မသွားဖူးပေ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှ ထွက်ခွာသွားခြင်း မရှိဘဲ သူတို့၏ အမြဲရှိနေသော အဖော်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ၏ ဂရုတစိုက်စောင့်ရှောက်ခြင်းနှင့် အထူးချစ်ခင်တွယ်တာမှုကိုလည်းကောင်း၊ လူသားအတွက် သူ၏စစ်မှန်သော စိုးရိမ်ပူပန်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း နိနေဝေမြို့ကို သူကယ်တင်သောအခါ၌ တစ်စပြီးတစ်စ ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြား ခွန်းတုံ့ဖလှယ်ခြင်းက မိမိကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ကြင်နာယုယမှုကို ပြည့်စုံစွာဖော်ထုတ်ပြခဲ့သည်။ ဤနှုတ်ကပတ်တော်များအားဖြင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ခံစားချက်များကို သင် နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်သည်...

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။