Myanmar Christian Song - ဖန်ဆင်းရှင်သာ ဤလူသားမျိုးနွယ်အပေါ် ကြင်နာမှုရှိ၏

12.04.2025

ဖန်ဆင်းရှင်သာ ဤလူသားမျိုးနွယ်အပေါ် ကြင်နာမှုရှိ၏။ ဖန်ဆင်းရှင်သာ ဤလူသားမျိုးနွယ်အပေါ် သနားကရုဏာနှင့် ချစ်ခင်တွယ်တာမှုပြ၏။ ဖန်ဆင်းရှင်သာ ခွဲဖို့ခက်သော ဤလူသားမျိုးနွယ်အပေါ် စစ်မှန်သော ချစ်ခင်တွယ်တာမှုထား၏။ ထိုနည်းတူပင် ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားကရုဏာနှင်းအပ်နိုင်ကာ မိမိ၏ဖန်ဆင်းခံများအားလုံးကို မြတ်နိုးတန်ဖိုးထားနိုင်သည်။

သူ၏နှလုံးသားသည် လူသား၏လုပ်ရပ်တစ်ခုစီတိုင်းဖြင့် တို့ထိခံစားရ၍ လူသား၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် ဒေါသထွက်ကာ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တ၊ ယုံကြည်လက်ခံမှုနှင့် ကျိုးနွံနာခံမှုတို့အပေါ် သူသည် ကျေနပ်အားရပြီး ဝမ်းမြောက်ကာ စိတ်နှလုံးပြောင်းလဲ၍ ကြည်နူးလေသည်။ သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်တည်နေ၍ လူသားကို ဗဟိုပြုနေသည်၊ လူသားမျိုးနွယ်အတွက် အလုံးစုံသာလျှင် သူ၏ဖြစ်ခြင်းနှင့် အရာအားလုံးကို ဖော်ပြ၏၊ သူ၏စိတ်ခံစားချက်တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။

လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ အပိုင်းအစတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် ထုတ်လွှတ်ပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်။...သူသည် မိမိကိုယ်တိုင်၏အသက်ကို တန်ဖိုးထားရကောင်းမှန်း လုံးဝမသိခဲ့ပေ၊ သို့တိုင်အောင် သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အစဉ်သဖြင့် မြတ်နိုးတန်ဖိုးထားခဲ့သည်။...သူသည် ဤလူ့လောကအတွက် သူ၌ရှိသမျှအားလုံးကို ပေးအပ်သည်။...သူသည် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ အကြွင်းမဲ့ချပေးသည်။ လူသားမျိုးနွယ်က သူ့မျက်စိရှေ့တွင်လည်းကောင်း၊ သူ၏အသက်ထောက်ပံ့ခြင်း အောက်တွင်လည်းကောင်း ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ပြုလုပ်သည်။ လူသားမျိုးနွယ်အနေဖြင့် တစ်နေ့တွင် သူ၏ရှေ့မှောက်၌ အရှုံးပေးအပ်နှံကာ၊ သူသာလျှင် လူသား၏ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ပံ့ပိုးပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ ပြုလုပ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။