Christian Dance (ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး ကျွန်ုပ်တို့ကို ကယ်တင်)

15.11.2024

ညီအစ်ကိုမောင်နှမတို့ အတူတကွ စုဝေးကြ၊

ဘုရားသခင်ကို ချီးမွမ်းရာမှာ သီဆိုကခုန်ကြ။

လူ့ဇာတိခံခြင်း၊ သမ္မာတရားကို ဖော်ပြခြင်းနဲ့ ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက်

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်။

နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ စားသောက်ပြီး မွေ့လျော်၊

သမ္မာတရားကို နားလည်လို့ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးတွေဟာ ချိုမြိန်မှုနဲ့ ပြည့်လာ။

ကမ္ဘာလောကရဲ့ မကောင်းမှုနဲ့ အမှောင်ထုကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီး

ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်အဘို့ အသုံးခံဖို့အတွက် အရာခပ်သိမ်းကို စွန့်ပစ်။

အသက်တာမှာ မှန်ကန်တဲ့ လမ်းကြောင်းအပေါ် ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြပေးတဲ့အတွက်

ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။

ကျွန်ုပ်တို့ကို ချည်နှောင်ထားတဲ့ လောကီဆိုင်ရာ အနှောင်အဖွဲ့တွေကို ဖယ်ရှားပြီး

ကိုယ့်တာဝန်တွေကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ ဘုရားရှေ့မှောက် ရှင်သန်နေထိုင်။

စာတန်ရဲ့ စွမ်းအားကနေ ကျွန်ုပ်တို့ကို ကယ်တင်ပေးတဲ့အတွက်

ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။

ကျွန်ုပ်တို့က သမ္မာတရားကို လိုက်စား၊ ထူးကဲတဲ့ သက်သေခံချက်ပေးပြီး

ဘုရားရဲ့ နိုင်ငံတော်မှာ အသက်ရှင်နေထိုင်။

ညီအစ်ကိုမောင်နှမတို့ အတူတကွ စုဝေးကြ၊

ဘုရားသခင်ကို ချီးမွမ်းရာမှာ သီဆိုကခုန်ကြ။

ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ခြင်းခံရပြီး စမ်းသပ်မှုတွေရဲ့ ထုတ်ဖော်ခြင်းခံရတဲ့အတွက်

ကျွန်ုပ်တို့ ဘယ်လောက်နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေလဲဆိုတာကို မြင်တွေ့ရ။

ကျွန်ုပ်တို့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေဟာ စာတန်ဆန်တဲ့ အတွေးအခေါ်တွေအပေါ် မှီခိုပြီး

လူသားပုံသဏ္ဌာန်တစ်ခုမှမရှိ။

ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြုပြင်ခြင်းကို ကျွန်ုပ်တို့လက်ခံ၊

ဧကန်အမှန် နောင်တရပြီး လူသစ်တွေ ဖြစ်လာ။

ကျွန်ုပ်တို့ကို တရားစီရင်၊ ပြစ်တင်ဆုံးမပြီး သန့်စင်ပေးတဲ့အတွက်

ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။

ကျွန်ုပ်တို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲခံရပြီး

ရိုးသားတဲ့ လူတွေရဲ့ ပုံသဏ္ဌာန်မှာ ကျွန်ုပ်တို့ ရှင်သန်နေထိုင်။

ကျွန်ုပ်တို့အပေါ် သမ္မာတရားနဲ့ အသက် ပေးကမ်းတဲ့အတွက်

ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။

ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ သိလာကြပြီ။

သူ့ကို ကျွန်ုပ်တို့ ကြောက်ရွံ့ပြီး ကျိုးနွံနာခံလာကြပြီ။

ညီအစ်ကိုမောင်နှမတို့ အတူတကွ စုဝေးကြ၊

ဘုရားသခင်ကို ချီးမွမ်းရာမှာ သီဆိုကခုန်ကြ။

ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ဘုရားသခင်က ဆင်းရဲဒုက္ခကြီးစွာခံပြီး ကြီးမားတဲ့ အဖိုးအခပေးရင်း

သူ့ကိုယ်သူ လူသားအဖြစ် နှိမ့်ချလေပြီ။

ကျွန်ုပ်တို့က ဘုရားသခင်ရဲ့ ကယ်တင်ခြင်းခံရပြီး သူ့ကောင်းချီးတွေကို

မွေ့လျော်လို့ သူ့ကို ပြန်ပေးဆပ်ဖို့အကြောင်း မစဉ်းစားရင် ကျွန်ုပ်တို့ကို လူလို့ မခေါ်ထိုက်ပါဘူး။

ဧဝံဂေလိတရားကို ဖြန့်ဝေမှုဟာ ဘုရားရဲ့ အဆောတလျင် ရည်ရွယ်ချက်ဖြစ်ပြီး

သူ့ကျေးဇူးတော်ကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်ရမှာဖြစ်။

သမ္မာတရားကို ဖော်ပြပြီး ကျွန်ုပ်တို့ကို ကယ်တင်တဲ့သူဟာ ကိုယ်တော်ဖြစ်တဲ့အတွက်

ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။

နောက်ဆုံးသောကာလမှာ ကယ်တင်ခြင်း လက်ခံရရှိတဲ့အတွက် ကျွန်ုပ်တို့ ကောင်းချီး အရမ်းခံစားရ၊

ဘုရားသခင်ကို ရာသက်ပန် ချစ်ပြီး သက်သေခံမည်။

သမ္မာတရားကို ဖော်ပြပြီး ကျွန်ုပ်တို့ကို ကယ်တင်တဲ့သူဟာ ကိုယ်တော်ဖြစ်တဲ့အတွက်

ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်။

နောက်ဆုံးသောကာလမှာ ကယ်တင်ခြင်း လက်ခံရရှိတဲ့အတွက် ကျွန်ုပ်တို့ ကောင်းချီး အရမ်းခံစားရ၊

ဘုရားသခင်ကို ရာသက်ပန် ချစ်ပြီး သက်သေခံမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။