Christian Dance (ဘုရားသခင်သည် လူသားမျိုးနွယ်ကို နိုးထစေရန် သမ္မာတရားကို ဖော်ပြ)
22.02.2025
၁
သမ္မာတရား၏ခရာ အသံမြည်လေပြီ။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို နိုးထစေရန် သမ္မာတရားကို ဖော်ပြ။
ဘုရားသခင်၏ အသံတော်ကို ကြားပြီးနောက် ကျွန်ုပ်သည် သူ့ရှေ့မှောက်ပြန်သွား။
ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်စားသောက်ပြီး မွေ့လျော်ကာ စားတော်ပွဲကို တက်ရောက်။
ဘုရားနှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ခြင်းဖြင့်
သမ္မာတရားကို ကျွန်ုပ်နားလည်ပြီး ပိုင်းခြားသိမြင်မှု ရရှိ။
လောကကြီးသည် မှောင်မိုက်ပြီး မကောင်းမှုဖြင့် ပြည့်ဝ၊
သမ္မာတရားကို လိုက်စားသောအခါမှသာ အလင်းရှိ။
ဘုရားသခင်နောက် လိုက်လျှောက်ရန် အရာခပ်သိမ်းကို ကျွန်ုပ်စွန့်လွှတ်ပြီး
မိမိတာဝန်ကို ထမ်းဆောင်။
သမ္မာတရားကို လက်ခံပြီး ကိုယ့်အကြောင်းကိုယ် သိသောအခါ
ကျွန်ုပ်သည် စစ်မှန်သော ပြောင်းလဲမှုကို ရရှိ။
ပြုပြင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းတို့ကြား ကျွန်ုပ်ကြီးထွားတိုးတက်။
သမ္မာတရားကို နားလည်သောအခါ
ကျွန်ုပ်သည် မိမိ၏အသက်တွင် တဖြည်းဖြည်း ကြီးထွားတိုးတက်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို တွေ့မြင်သောအခါ
သူ့ကို အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ကျွန်ုပ်ထင်မြင်။
ကျွန်ုပ်သည် ထာဝရအချိန်ထိ ဘုရားကို ချစ်ခင်မည်ဖြစ်ကာ ဘုရားအတွက် သက်သေခံမည်ဖြစ်။
၂
ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံရာတွင် ကျွန်ုပ် သန့်စင်ခံရပြီး ဘုရားသခင်၏အချစ်ကို မြည်းစမ်းရ။
ကျွန်ုပ်၏ စိတ်နှလုံးကို ထိုးဖောက်သော ကြမ်းတမ်းသည့် ဘုရားနှုတ်ကပတ်တော်များသည်
ကျွန်ုပ်ကို ကယ်တင်ရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်။
အတွေ့အကြုံမှတစ်ဆင့်သာ ဘုရားသခင်၏ စေ့စပ်သေချာသော ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်လာ။
ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံရရှိနိုင်ခြင်းသည် သူ၏ကောင်းချီးပေးမှုဖြစ်။
နှိပ်စက်ညှဉ်းပန်းမှုများစွာနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများစွာတို့ တစ်လျှောက်
အဆင်းနီသော နဂါးကြီး၏ သရုပ်မှန်ကို ကျွန်ုပ်တို့ တွေ့မြင်။
ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း ကျွန်ုပ်တို့ သိရှိကာ
ယုံကြည်မှုနှင့် ခွန်အား ရရှိ။
ကျွန်ုပ်တို့သည် စာတန်၏ အကြံအစည်များကို ရိပ်စားမိကာ
ကြောက်တတ်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မရှိတော့။
ဘုရားသခင်က ကျွန်ုပ်တို့အား သူ့သဘောကျ စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုရန်နှင့်
ဘုရားအတွက် ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ကျွန်ုပ်တို့ လိုလားစိတ်ရှိ။
ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အချစ်များစွာကို မွေ့လျော်ပြီးဖြစ်ကာ
သူ၏ ချစ်ခြင်းအတွက် ကျွန်ုပ်ပြန်မပေးဆပ်ပါက ကျွန်ုပ်ကို လူသားဟု မခေါ်ထိုက်။
ဧဝံဂေလိတရားကို ဖြန့်ချိရန်နှင့် ဘုရားသခင်အတွက်
သက်သေခံရန် ကျွန်ုပ်၏ သစ္စာစောင့်သိခြင်းကို ပေးအပ်ဖို့ ခိုင်မာစွာဆုံးဖြတ်။
ကျွန်ုပ်သည် ထာဝရအချိန်ထိ ဘုရားကို ချစ်ခင်မည်ဖြစ်ကာ ဘုရားအတွက် သက်သေခံမည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ