Christian Dance (ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ)
09.01.2025
၁
အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီး သောအခါ လူသားတို့သည်
ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။
၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသည့်တိုင် ၎င်းတို့တို့၏မျက်လုံးများကို မှိတ်ရန်
ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရင်း
ကိုယ်ပိုင်စိတ်ဝိညာဉ်များကင်းမဲ့သော ခန္ဓာကိုယ်များကို ပံ့ပိုးရန် ၎င်းတို့ကိုယ်ကိုယ် အားတင်းကြ၏။
သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။
ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌
ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို
အသည်းအသန် တောင့်တနေသောလူများကို ကယ်တင်လိမ့်မည်။
ယခုအချိန်အထိ အသိစိတ်မရှိသောလူများ၌
ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။
မည်သို့ပင် ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။
၂
အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊
တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ
အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်ကင်းမဲ့သော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။
သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊
သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊
သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။
သင် ပင်ပန်းနွမ်းနယ်သောအခါနှင့်
ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊
လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။
စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည်
သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။
၃
သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။
သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊
ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊
မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊
မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့်
မသိခဲ့သောအချိန်တစ်ချိန်တွင် “အဖ” တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊
ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် စောင့်ကြပ်နေကာ သင်ပြန်လာမည်ကို
ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း
သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။
၄
သူသည် ပြင်းပြသောတောင့်တမှုဖြင့်
စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။
သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊
ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။
ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍
၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။
သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ
အတိအကျ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် သိသင့်ပေသည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ