ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၉

08.04.2021

ဘုရားသခင်သည် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့ပြီး၊ သက်ရှိသတ္တဝါဖြစ်သည့် လူသားကို ဆောင်ကြဉ်း အသက်သွင်းခဲ့ပါသည်။ တစ်ဖက်တွင် လူတို့သည် မိဘဆွေမျိုးများ ရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူတို့သည် ရုပ်ဝတ္ထုကမ္ဘာကြီးအပေါ်တွင် စတင်မျက်စိကျပြီးသည့်အချိန်မှစကာ သူတို့သည် ဘုရားသခင် အပ်နှင်းထားသည့် အရာအတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရပါသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတို့အား အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် ပံ့ပိုးပေးသည့်အရာဖြစ်သည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားတို့သည် ဘုရားသခင်၏ ဂရုဏာအောက်၌ အသက်ရှင် ကြီးထွားနေသည်ကို မည်သူမှ ယုံကြည်ခြင်း မရှိကြပေ။ ထိုအစား သူတို့သည် သူတို့မိဘများ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု အောက်တွင် ကြီးထွားလာပြီး၊ ထိုကြီးထွားမှုကို ပင်ကိုယ်ဗီဇသဘာဝတို့က ထိန်းချုပ်ထားသည်ဟု မှတ်ယူကြပါသည်။ အကြောင်းရင်းမှာ လူသားသည် သူတို့အား ဘဝကို အပ်နှင်းထားသောသူကို မသိခြင်း သို့မဟုတ် မည်သည့်အရပ်မှ ဘဝလာသည်ကို မသိခြင်းကြောင့်ဖြစ်သည်။ ပင်ကိုယ်ဗီဇသဘာဝက အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို ပို၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် ဘဝတည်မြဲမှု၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် စိတ်ထဲတွင် ယုံကြည်မှုသည် အသက်ရှင်ရပ်တည်နိုင်မှု၏ အကြောင်းရင်းဖြစ်သည်ဟုသာ သိရှိကြသည်။ လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို မခံစားကြရပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင် အပ်နှင်းသော အသက်တာကို ဖြုန်းတီးပစ်ကြသည်။ နေ့နှင့်ည ကြည့်ရှု စောင့်ရှောက်ထားသော ဘုရားသခင်အား တစ်ဦးတစ်ယောက်မျှ မိမိအသိနှင့်မိမိ ဝတ်ပြုကိုးကွယ်လိုခြင်း မရှိကြပေ။ ဘုရားသခင်သည် သူတစ်စုံတစ်ခုပြန်ရရန် မျှော်လင့်ထားခြင်းမရှိသော သူ၏လူသားအတွက် သူစီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် အိပ်မက်မှ နိုးထကာ ရုတ်တရက် ဘဝ၏တန်ဖိုးနှင့် ရည်ရွယ်ချက်ကို နားလည်ပြီး၊ ဘုရားသခင်က လူသားအား ပေးထားသည့် အရာအားလုံး၏ အဖိုးအခကို နားလည်လာကာ ဘုရားသခင်သည် လူသား သူ့ထံ ပြန်လှည့်လာစေရန် မည်မျှမျှော်လင့်နေသည်ကို သိရှိရန် မျှော်လင့်နေသောကြောင့်ဖြစ်ပါသည်။ မည်သူမှ လူသား၏ မူလဘဝနှင့် ရှေ့ဆက်ဘဝတို့အတွက် လျှို့ဝှက်ချက်များကို စဉ်းစားခြင်းမရှိပေ။ ထိုသို့ဖြစ်လင့်ကစား အရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည် အရာအားလုံးကို သူ့ထံမှ အလကား ရယူနေသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားထံမှ နာကျင်စေမှုနှင့် ပစ်ပယ်မှုတို့ကို ငြိမ်သက်စွာ သည်းခံလျက်ရှိပါသည်။ လူသားတို့သည် ဘဝမှပေးသောအရာ အားလုံးကို အလိုအလျောက် ရယူနေပြီး၊ “လုပ်ရိုးလုပ်စဉ်အနေဖြင့်” လူသားတို့သည် ဘုရားသခင်အား သစ္စာဖောက်၍ မေ့လျော့ကြကာ ခြိမ်းခြောက်တောင်းယူလျက်ရှိသည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ လက်တော်မှလာသော သက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ အကြံအစည်သည် လုံးဝအရေးကြီးပါသည်။ သို့ရာတွင် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းခဲ့သော သက်ရှိများသည် သူ၏အကြံအစည်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူသားတို့ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အကြံအစည်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏ အကြံအစည်နှင့် သူ့ဇီဝအသက် မှုတ်သွင်းထားခဲ့သည့်အတွက်သာ နာကျင်မှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသားတို့၏ အသွေးအသားအတွက် မဟုတ်ဘဲ လူသားတို့၏ဘဝအတွက် ဖြစ်ပါသည်။ သူသည် လူသားတို့၏ အသွေးအသားကို ပြန်ရယူလိုခြင်းမဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်လည်ရယူလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ သူ၏အကြံအစည် ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

လူကို ကယ်တင်ဖို့ ဘုရားရဲ့ပြင်းပြဆန္ဒကို ဘယ်သူမှ နားမလည်

ဘုရား ဒီလောကကို ဖန်ဆင်းပြီး သူအသက်ပေးထားသော သက်ရှိသတ္တဝါ လူ(သား)ကို ဆောင်ကျဉ်းခဲ့ ထို့နောက် လူသည် မိဘဆွေမျိုးများရှိလာ၊ တစ်ယောက်တည်း မဟုတ်တော့။ လူသည် ဒီရုပ်ဝတ္ထုကမ္ဘာကို မြင်ပြီးကတည်းက ဘုရားစီမံမှုအတွင်း ရှင်သန်ရန် သတ်မှတ်ခံခဲ့ရ။ ဘုရားထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားရန် ပံ့ပိုးကူညီ။ ဒီဖြစ်စဉ်အားလုံးတွင် မိဘများ၏ ချစ်ခြင်းနှင့် စောင့်ရှောက်မှုကြောင့်သာ ဖြစ်သည်ဟု သူတို့ ယုံကြည်။ နေ့ရောညပါ ဘုရား စောင့်ရှောက်သော လူတစ်ယောက်မှ မိမိကိုယ်ပိုင်အသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။ ဘာမျှော်လင့်ချက်မှ မရှိသည့် လူသားတို့အပေါ် သူ၏စီစဉ်ထားသည့်အတိုင်း ဘုရား လုပ်ဆောင်လျက်ရှိ။ သူမျှော်လင့်သည်မှာ တစ်နေ့ လူသည် အိပ်မက်မှ နိုးထရန်၊ ဘဝ၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သိမြင်ရန်၊ လူတို့အား အရာရာပေးဆောင်ဖို့ ဘုရားပေးဆပ်သည့် အဖိုးအခ၊ လူတို့ သူ့ထံပြန်လာဖို့ သူ ဘယ်လောက်တောင့်တသည်ကို နားလည်ဖို့ ဟုတ်တယ်၊ လူတို့ သူ့ထံပြန်လာဖို့ သူတောင့်တနေသည်

လူသည် ဘုရား၏ စောင့်ရှောက်မှုအောက်တွင် ရှင်သန်ကြီးထွားသည်ဟု ဘယ်သူမှ မယုံကြည်။ လူ၏ ကြီးထွားမှုမှာ အလိုအလျောက်ဖြစ်သည်ဟု လူတို့ယုံကြည် အကြောင်းမှာ အသက်ပေးသူ၊ ထိုအသက်လာသည့်အရပ်၊ ပင်ကိုသဘာဝမှ အံ့ဖွယ်များ ဖြစ်စေပုံကို မသိကြ။ အို...သူတို့ စားသော အစာဟာ အသက်ဆက် စေသည် ဇွဲရှိလို့သာ လူတို့ အသက်ရှင်သည်၊ ယုံကြည်မှုများဖြင့် ရှင်သန်သည်ဟု သူတို့ ထင်မှတ်။ ဘုရား၏ထောက်မမှုကို သတိမပြုမိကြ။ ထို့နောက် ဘုရားပေးသည့် အသက်ကို ဖြုန်းတီးကြသည်။ နေ့ရောညပါ ဘုရား စောင့်ရှောက်သော လူတစ်ယောက်မှ မိမိကိုယ်ပိုင်အသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။ ဘာမျှော်လင့်ချက်မှ မရှိသည့် လူသားတို့အပေါ် သူ၏စီစဉ်ထားသည့်အတိုင်း ဘုရား လုပ်ဆောင်လျက်ရှိ။ သူမျှော်လင့်သည်မှာ တစ်နေ့ လူသည် အိပ်မက်မှ နိုးထရန်၊ ဘဝ၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သိမြင်ရန်၊ လူတို့အား အရာရာပေးဆောင်ဖို့ ဘုရားပေးဆပ်သည့် အဖိုးအခ၊ လူတို့ သူ့ထံပြန်လာဖို့ သူ ဘယ်လောက်တောင့်တသည်ကို နားလည်ဖို့ ဟုတ်တယ်၊ လူတို့ သူ့ထံပြန်လာဖို့ သူတောင့်တနေသည် နေ့ရောညပါ ဘုရား စောင့်ရှောက်သော လူတစ်ယောက်မှ မိမိကိုယ်ပိုင်အသိစိတ်နှင့် ဘုရားကို မကိုးကွယ်ကြ။ ဘာမျှော်လင့်ချက်မှ မရှိသည့် လူသားတို့အပေါ် သူ၏စီစဉ်ထားသည့်အတိုင်း ဘုရား လုပ်ဆောင်လျက်ရှိ။ သူမျှော်လင့်သည်မှာ တစ်နေ့ လူသည် အိပ်မက်မှ နိုးထရန်၊ ဘဝ၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သိမြင်ရန်၊ လူတို့အား အရာရာပေးဆောင်ဖို့ ဘုရားပေးဆပ်သည့် အဖိုးအခ၊ လူတို့ သူ့ထံပြန်လာဖို့ သူ ဘယ်လောက်တောင့်တသည်ကို နားလည်ဖို့ ဟုတ်တယ်၊ လူတို့ သူ့ထံပြန်လာဖို့ သူတောင့်တနေသည်

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။