Myanmar Praise Music (ဘုရားသခင်၏နှိမ့်ချ မှုသည် အလွန် ချစ်စဖွယ် ကောင်းသည်)
01.04.2020
ဘုရားသခင်၏နှိမ့်ချ မှုသည် အလွန် ချစ်စဖွယ် ကောင်းသည်
ဘုရားသခင်သည် သူ့ကိုယ်သူ နှိမ့်ချကာ
ညစ်ညူးပြီး ရွံစရာကောင်းတဲ့ လူသားတွေကို ပြည့်စုံလာအောင်
သူတို့အတွက် အမှုဆောင်သည်
ဘုရား လူ့ဇာတိကို ခံယူကာလူသားတွေကို ထိန်းကျောင်းပေးသည်
ညစ်ညူးသူတို့ကို ကယ်တင် ရယူဖို့ ဘုရားဟာအဆင်းနီသောနဂါးကြီးရဲ့ နှလုံးသားဆီသို့လာတယ်
သူတို့ကိုပြုပြင် ပြောင်းလဲကာ အသစ်ဖြစ်စေရန် ဆောင်ရွက်
ဘုရား ကြုံတွေ့ရသည့် ကြီးမားသော အခက်အခဲသည်
လူ့ဇာတိခံယူသည့် ဘုရား ကြုံတွေ့ရသည့်အခက်အခဲမျှသာ မဟုတ်၊
အဓိကအားဖြင့် ဘုရား၏ ဝိညာဉ်တော်သည်အဆုံးစွန်သော အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
ဘုရားသည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။
ဘုရားသည် လူသားများသည်သူ့အား သာမန်လူကဲ့သို့ မြင်စေရန်အလို့ငှာ၊
သာမန်လူတို့လိုအပ်သည့် အရာများကိုသူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ
လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏သဏ္ဌာန်ကို ဆောင်ခဲ့သည်။
အတိုင်းအတာတစ်ခုထိ နှိမ့်ချကြောင်းသက်သေပြသည်
ဘုရားရဲ့ မြင့်မြတ် ကြီးမြတ်တဲ့ ဝိညာဉ်တော်ဟာ
သူရဲ့အမှုတော်ကိုဆောင်ရွက်ဖို့သာမန်လူသားအနေနှင့်ဆင်းသက်လာသည်
ဘုရားရဲ့အမှုတော် နှင့်သူခံစားခဲ့တဲ့ ကြမ်းတမ်းမှု
များဟာ သင်တို့နှင့် မထိုက်တန်ပါ
ထို မထိုက် တန်မှုကို သင်တို့ အသိနှင့်စိတ်ထားတို့က ဖေါ်ပြနေသည်
ထို မထိုက်တန်မှုကိုသင်တို့ ဘဝနှင့်ကိုယ်ကျင့်တရား တို့က ပြနေသည်
ဘုရားသခင်သည် ကြီးမြတ်လွန်းလှသည်။
သူသည် အလွန်ကြီးမြတ်ပြီး လူသားများမူကားအလွန်နိမ့်ကျကာ သဘောထား သေးသိမ်သော်လည်း
ဘုရားသည် လူသားများအတွက် လုပ်ဆောင်ပေးမြဲဖြစ်သည်။
သူသည် လူ့ဇာတိခံယူရာတွင်လူသား များအတွက် ထောက်ပံ့ပေးရုံသာမဟုတ်၊
စကားပြောရုံသာလည်းမဟုတ်၊လူသားများနှင့် အတူတကွ နေထိုင်ခဲ့သည်။
ဘုရားဟာအလွန် နှိမ့်ချတတ်တယ်၊အလွန် ချစ်ဖွယ် ကောင်းတယ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ