Myanmar Gospel Testimony - ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့သည်
29.07.2022
သူသည် အာဖရိကတိုက်၊ ဘီနင်နိုင်ငံမှ ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူ၏အစွမ်းအစကောင်းကြောင့် အသင်းတော်ထဲတွင် ထပ်တလဲလဲ ရာထူးတိုးခံရသဖြင့် သူသည် တစ်မူထူးခြားပြီး သူ၏ ညီအစ်ကို မောင်နှမများထက် သမ္မာတရားကို ပို၍ကောင်းမွန်စွာ လိုက်စားကာ ဘုရားသခင်၏ မျက်နှာသာပေးခြင်း ခံရသည်ဟု ခံစားရသည်။ ထို့ကြောင့် သူသည် သာ၍ မာနထောင်လွှားသည်ထက် ထောင်လွှားလာခဲ့ပြီး အခြားလူတို့ကို ကြိမ်းမောင်းရန် သူ၏ ရာထူးကို မကြာခဏ အသုံးပြုလေသည်။ ထို့နောက်တွင် မိမိညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းခံရပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရပြီးနောက် ဘုရားသခင်က သူ့ကို ရှုတ်ချပြီးဖြစ်ကာ သူသည် ကယ်တင်မခံရနိုင်ဟု ယုံကြည်လျက် ဘုရားသခင်ကို သူအထင်လွဲလေသည်။ နောက်ဆုံးတွင် သူအလွန် အပျက်သဘောဆောင်လာသည်မှာ အသင်းတော်ကို စွန့်ခွာသွားသည်အထိပင် ဖြစ်လေသည်။ သူ၏ အထင်လွဲခြင်းသည် မည်သို့ပြေလည်သွားသနည်း။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲတွင် ဘုရားသခင်၏ မေတ္တာနှင့် ကယ်တင်ခြင်းကို သူမည်သို့မြင်လာသနည်း။ သိရှိဖို့ရန် ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့သည်ကို ကြည့်ရှုလိုက်ပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ