Christian Dance (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား အတူတကွ နီးကပ်စေသည်)
09.05.2024
၁
မရေတွက်နိုင်သော ပင်လယ်များနှင့်တောင်များ ခြားထားပါစေ
ကျွန်ုပ်တို့ကြား နယ်နိမိတ်များမရှိ
ဘာသာစကား၊ အသားအရောင်တွေ ကွဲပြားလည်း တို့အတူတူ
ဘုရား၏ နှုတ်ကပတ်တော် ဖြင့်ခေါ်သောကြောင့်
ကျွန်ုပ်တို့ ဘုရား၏ ပလ္လင်ရှေ့သို့ ချီဆောင်ခြင်းခံရ
ကျွန်ုပ်တို့ ဘုရား၏ ပလ္လင်ရှေ့သို့ ချီဆောင်ခြင်းခံရ
တစ်ခေါင်းလုံးဆံဖြူ သက်ကြီးရွယ်အိုနှင့်
ရောင်ခြည် တောက်ပဖြာထွက်သော လူငယ် ရှိသည်
လက်ချင်းတွဲ ပုခုံးချင်းယှဉ်လျက်
အခက်အခဲဘေးဒုက္ခကြား တစ်ဦးနှင့်တစ်ဦး အားပေးကာ မိုးလေထဲ အတူလျှောက်မည်
တစ်စိတ်တစ်ဝမ်းတည်း ကျွန်ုပ်တို့ တာဝန်ကို ထမ်းရွက်မည်
စိတ်နှလုံးချင်းဆက်လျက် ဘဝထဲတွင် ကျွန်ုပ်တို့ ရင်းနှီးသူများဖြစ်လာ
ဘုရား၏ ချစ်ခြင်းနှင့် နှုတ်ကပတ်တော်များ ကျွန်ုပ်တို့အား နီးစေပြီ
ဘုရား၏ ချစ်ခြင်းနှင့် နှုတ်ကပတ်တော်များ ကျွန်ုပ်တို့အား နီးစေပြီ
၂
ဘုရား၏နှုတ်ကပတ်တော်များ သက်စမ်းရေ ထွက်ရာရင်းမြစ်
ဘုရားနှုတ်ကပတ်တော်၌ မွေ့လျော်လျက် ကျွန်ုပ်တို့၏ စိတ်နှလုံးမှာ ချိုမြိန်မှုဖြင့် ပြည့်သည်
နှုတ်ကပတ်တော်၏ တရားစီရင်မှု နှင့်ပြစ်တင်ဆုံးမမှု
တို့ရဲ့ ဖောက်ပြန်သော စိတ်သဘောထားကို စင်ကြယ်စေ
နှုတ်ကပတ်တော်၏ တရားစီရင်မှု နှင့်ပြစ်တင်ဆုံးမမှု
တို့ရဲ့ ဖောက်ပြန်သော စိတ်သဘောထားကို စင်ကြယ်စေ
၃
ပြုပြင်ခံရ၍ ကျွန်ုပ်တို့ လူ့သဏ္ဌာန်နှင့်အညီ ရှင်သန်
မျှော်လင့်ချက်ကင်းမဲ့အားနည်းခြင်းထဲတွင် ကျွန်ုပ်တို့ အချင်းချင်းအားပေးကာ
အခက်အခဲတွေမှာ အတူရှိ
ကျွန်ုပ်တို့၏ သက်သေတွင် ခိုင်မာစွာ ရပ်တည်နိုင်လျက် စာတန်ကို ကျွန်ုပ်တို့ အနိုင်ယူသည်
ရှေ့ဆက်ရန် ကျွန်ုပ်တို့အား နှုတ်ကပတ်တော် အားပေး
နာကျင်မှု၊ စမ်းသပ်မှုများ ရှိလည်း ယုံကြည်ခြင်းအား စုံလင်စေ
ဘုရား၏ ဖြောင့်မတ်ခြင်းနှင့်လှပခြင်းကို ကျွန်ုပ်တို့ သိရှိ
အသက်စိတ်သဘောထားတွင် ကျွန်ုပ်တို့ ပြောင်းလဲမှုတစ်ခု ရှိသည်
ဘုရားသခင်၏ မျက်မှောက်တော်၌ ကျွန်ုပ်တို့ အသက်ရှင်သည်
ဘုရားနှင့်သာ ချစ်ခြင်းရှိ၊ ချစ်ခြင်းနှင့်သာ မိသားစုရှိ
ဘုရားကို ချစ်သူသာ မိသားစုဝင်ဖြစ်
ဘုရား၏ ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့ အတူနီးကပ်လာ
နှုတ်ကပတ်တော်နှင့် ကျွန်ုပ်တို့ကြီးပြင်းလာ
လှပသောနိုင်ငံတော်ထဲ၌ အသက်ရှင်လျက်
အနန္တတန်ခိုးရှင် ဘုရားအား ကျွန်ုပ်တို့ ထာဝရ ကိုးကွယ်မည်
အနန္တတန်ခိုးရှင် ဘုရားအား ကျွန်ုပ်တို့ ထာဝရ ကိုးကွယ်မည်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ