Christian Dance (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူများကြားရှိ)

25.09.2024

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ဘုရားသခင်သည် ယုဒပြည်မှ ဂုဏ်ကျက်သရေဖြင့် ထွက်ခွာခဲ့၏။

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူ့ဇာတိခံယူကာ

တရုတ်ပြည်သို့ နှိမ့်ချစွာနှင့် ပုန်းကွယ်စွာ ကြွလာခဲ့သည်။

သူသည် လူသားမျိုးနွယ်ကို တရားစီရင်၍ သန့်စင်ရန်

သမ္မာတရားကို ဖော်ပြခြင်းဖြင့် ပေါ်ထွန်းပြီး အမှုတော် ဆောင်ရွက်လေသည်။

ဘုရားနှုတ်ကပတ်တော်များသည် သူ၏ အနန္တတန်ခိုးကို ပြသလေသည်၊

ယင်းတို့သည် လူတစ်စုကို သိမ်းပိုက်၍ ကယ်တင်ခဲ့လေသည်။

ဘုရားသခင်၏ လူများသည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည့်

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဦးညွှတ်ကိုးကွယ်ကြလေသည်။

ဘုရားသခင်၏ လူများသည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည့်

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဦးညွှတ်ကိုးကွယ်ကြလေသည်။

အထွတ်အထိပ်ဖြစ်သော၊ ဂုဏ်သရေရှိသော ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် သူ့ကိုယ်သူ နှိမ့်ချကာ

ပေါ်ထွန်း၍ သူ့အမှုတော်ကို ဆောင်ရွက်လေသည်

သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသည်

သူ့ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ထုတ်ဖော်သည်။

နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသော လူသားသည် သိမ်းပိုက်ခံရရ၍ ဘုရားရှေ့မှောက် ကျိုးနွံနာခံလေသည်။

ကြီးစွာသော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းမှတစ်ဆင့်

၎င်းတို့သည် ဘုရားသခင်၏ သန့်စင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိလေသည်။

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုသည်

လူသားအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများ ဖြစ်လေသည်။

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုသည်

လူသားအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများ ဖြစ်လေသည်။

အမှုတော် ဆောင်ရွက်ရန် လူ့ဇာတိခံယူရာတွင်

ဘုရားသခင်သည် ကမ်းကုန်သော အရှက်တရားကို သည်းခံရလေသည်။

သူသည် လူတို့၏ ပြစ်တင်ရှုတ်ချမှုနှင့် အသရေဖျက်မှုကို

ခံစားရပြီး ဤခေတ်၏ ငြင်းပယ်မှုကို ခံရလေသည်။

နှစ်ပေါင်းကြာရှည်သော အခက်အခဲများကို ကျော်ဖြတ်၍ သူသည်

လူသားကို ကယ်တင်ရန် ဆက်တိုက်လုပ်ဆောင်လေသည်။

သူ၏ သွေး၊ ချွေးနှင့် မျက်ရည်တို့မှတစ်ဆင့် စကားပြောဆို၍ အမှုဆောင်ရွက်ကာ

လူတို့၏ နောင်တရမှုကို စောင့်ဆိုင်းနေလေသည်။

ဘုရားသခင်၏ ဖြောင့်မတ်မှုနှင့် သစ္စာရှိမှုသည်

သန်းနှင့်ချီသောလူတို့၏ စိတ်နှလုံးများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဘုရားသခင်၏ ဖြောင့်မတ်မှုနှင့် သစ္စာရှိမှုသည်

သန်းနှင့်ချီသောလူတို့၏ စိတ်နှလုံးများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို တွေ့မြင်ရသောအခါ

ကျွန်ုပ်တို့သည် ကြည်ညိုမှုနှင့် ပြည့်လျှံလေသည်။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းအကြောင်း သိရှိရာတွင်

ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်းဖြင့် ပြည့်လေသည်။

ဘုရားသခင်အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို မည်သည့်စကားလုံးကမျှ အပြည့်အဝ မဖော်ပြနိုင်ချေ။

ကျေးဇူးတရားနှင့် ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့စိတ်နှလုံး၏ နက်ရှိုင်းသောနေရာများတွင် မြှုပ်နှံထားလေသည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ရန်အတွက် ကျွန်ုပ်တို့ ဖြစ်တည်မှုတစ်ခုလုံးကို ဆပ်ကပ်မည်ဖြစ်ကာ

ကျွန်ုပ်တို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်မည်ဖြစ်သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ရန်အတွက် ကျွန်ုပ်တို့ ဖြစ်တည်မှုတစ်ခုလုံးကို ဆပ်ကပ်မည်ဖြစ်ကာ

ကျွန်ုပ်တို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်မည်ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။