Myanmar Hymn Song - အရာအားလုံးအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့် ဘုရားကို သိကျွမ်းလော့ကျူး

25.03.2021

လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု မည်ရွေ့မည်မျှရှိပါစေ၊

ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင် ကိုင်စွဲထားသည့် နေရာ အတိုင်းအတာလည်း ဖြစ်ပေသည်။

၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိ မည်ရွေ့မည်မျှ ကြီးမားပါစေ၊

ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မည်မျှကြီးမြတ်သည်ဆိုသည့်အရာ ဖြစ်၏။

သင် သိသည့် ဘုရားက အနှစ်မဲ့ပြီး မရေမရာ ဖြစ်ပါက၊

သင် ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး မရေမရာဖြစ်ပေသည်။

သင် သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်တာ၏

နယ်ပယ်ထိ ကန့်သတ်ထားခြင်း ခံရပြီး

စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်နှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။

ထို့ကြောင့် ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို သိခြင်း၊

ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းကို သိခြင်း၊

ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပင်ကိုလက္ခဏာကို သိခြင်း၊

သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊

သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကြားတွင် သူ ထင်ရှားစေပြီးဖြစ်သည့် လုပ်ရပ်များကို သိခြင်း-

ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားသည့်

လူတစ်ဦးစီတိုင်းအဖို့ အလွန် အရေးကြီးပေသည်။

ယင်းတို့သည် လူများအနေဖြင့် သမ္မာတရား၏ စစ်မှန်မှုထဲကို

ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် တိုက်ရိုက် ဆက်စပ်မှုရှိသည်။

သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏သိနားလည်မှုကို စကားလုံးများ

သက်သက်အဖြစ်သာ ကန့်သတ်ထားပါက၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအထိသာ၊

သင် ခန့်မှန်းသည့်အရာကို ဘုရားသခင်၏ကျေးဇူးတော်ဖြစ်ဖို့အထိ သို့မဟုတ်

ဘုရားသခင်အဖို့ သင်၏ နည်းပါးသော သက်သေခံချက်များ အထိသာ ယင်းကို ကန့်သတ်ထားပါက၊

သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင်ကိုယ်တိုင်

လုံးဝ မဟုတ်ဟု ဘုရားသခင်ပြော၏။

ထိုမျှမက သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး၊

စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။

ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် ဘုရားသခင်သည် အရာရာတိုင်းအပေါ် အုပ်စိုးသည့်၊

အရာရာတိုင်းအလယ်တွင် လျှောက်လှမ်းသည့်၊ အရာရာတိုင်းကို စီမံသည့်သူ ဖြစ်သည်။

သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် အရာရာတိုင်း၏

ကံကြမ္မာကို မိမိလက်တွင် ကိုင်စွဲထားသူ ဖြစ်သည်။

ဘုရားသခင်ပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည်

လူအစိတ်အပိုင်း အနည်းငယ်မျှအထိသာ ကန့်သတ်မထားပေ။

ဆိုလိုသည်မှာ ယင်းတို့သည် လတ်တလော၌

သူ့နောက်ကို လိုက်နေသည့်လူများ အထိသာ ကန့်သတ်မထားပေ။

သူ၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းထဲတွင်၊

အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် အရာခပ်သိမ်း၏ ပြောင်းလဲခြင်း

နိယာမများထဲတွင် သိသာထင်ရှားလေသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။