Christian Dance (လူသားကြွလာ ကမ္ဘာမြေမှာ)

12.10.2024

အရှေ့အရပ်မှ လျှပ်ပြက်၍ အနောက်အရပ်ထိတိုင် ထွန်းလင်း။

လူသားသည် ကမ္ဘာမြေပေါ် ကြွလာပြီဖြစ်။

သူသည် တရုတ်ပြည်တွင် ပေါ်ထွန်းပြီး အမှုပြုသော လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်သည်။

သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော် ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး ကမ္ဘာမြေပေါ်ရှိ နိုင်ငံတိုင်းကို တုန်ခါစေသည်။

နောက်ဆုံးသောကာလ၏ တရားစီရင်မှုသည် ဘုရားသခင်၏ အိမ်တော်နှင့် စတင်ပြီးဖြစ်သည်။

ဘုရားနှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့်ပြည့်ဝ၊

ယင်းတို့သည် လူတိုင်း၏ စိတ်နှလုံးများကို သိမ်းပိုက်ပြီးဖြစ်။

လူတိုင်း အကြွင်းမဲ့ လက်ခံယုံကြည်ကြကာ ဘုရားရှေ့မှောက် ရှိခိုးကိုးကွယ်လျက် ပျပ်ဝပ်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ဂုဏ်ကျက်သရေ ပလ္လင်တော်တွင် ထိုင်လေသည်။

လူသားသည် စကားများ မိန့်မြွက်ပြီး အသင်းတော်များကြား လျှောက်လှမ်းသည်။

သူသည် ကျွန်ုပ်တို့ကြား စကားပြောဆို၍ အလုပ်လုပ်လေသည်။

ကျွန်ုပ်တို့ကို ဘုရားသခင်ကိုယ်တိုင် ထိန်းကျောင်း၍ ရေလောင်းပေးသည်။

ကျွန်ုပ်တို့သည် သူနှင့်မျက်နှာချင်းဆိုင်၍ သူ့နှုတ်ကပတ်တော်များကို ရွတ်ဆိုသည်။

ဘုရား၏ တရားစီရင်မှု နှုတ်ကပတ်တော်များသည် ချွန်ထက်သော နှစ်ဖက်ချွန်ဓားတစ်ချောင်းကဲ့သို့ပင်

လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှု၏ အမှန်တရားကို ဖော်ထုတ်၍ စိစစ်သည်။

တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်တို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေးကာ

ကျွန်ုပ်တို့ကို စာတန်၏ အာဏာမှ အပြည့်အဝ ကယ်တင်ပေးလေသည်။

သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ ရရှိပြီးဖြစ်၊ ဘုရားထံ ချီးမွမ်းမှုများကို ကျွန်ုပ်တို့ ပူဇော်ဆက်ကပ်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစီရင်ရန်နှင့် သန့်စင်ရန်

သမ္မာတရားများကို ဖော်ပြလေသည်။

သူသည် တရုတ်ပြည်တွင် အောင်နိုင်သူတစ်စုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

သူသည် စာတန်ကို အကြွင်းမဲ့အောင်နိုင်ပြီးဖြစ်ကာ ဂုဏ်ကျက်သရေကို ရရှိပြီးဖြစ်သည်။

ဘုရားနှုတ်ကပတ်တော်များသည် တစ်ခုပြီးတစ်ခု ပြည့်စုံလာသည်။

လူသား၏ ပေါ်ထွန်းမှုနှင့် အမှုတော်သည် နိုင်ငံနှင့် တိုင်းဒေသကြီးအားလုံးကို တုန်ခါစေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကမ္ဘာအနှံ့ ကြေညာထားသည်။

ကြီးမြတ်သော ပလ္လင်ဖြူ၏ တရားစီရင်မှုကို အလုံးစုံ ဆောင်ရွက်ပြီးဖြစ်သည်၊

နိုင်ငံတော် ဧဝံဂေလိတရားသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအနှံ့ ပျံ့နှံ့လေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် ထာဝရ စိုးမိုးမည်ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။