2020 Myanmar Gospel Testimony | ဝမ်းမြောက်ဖွယ်ရာ နေထိုင်နည်းတစ်ခု

2020 Myanmar Gospel Testimony | ဝမ်းမြောက်ဖွယ်ရာ နေထိုင်နည်းတစ်ခု

69 |01.01.2021

အဓိကဇာတ်ကောင်သည် “သူများတွေကိုစိတ်ပျက်အောင်မလုပ်နှင့်” ဟူသည့်စကားအတိုင်း ဘဝကိုနေထိုင်ခဲ့သည်။ အခြားလူများနှင့် ဆက်ဆံရာတွင် သူများကို အရှက်မရစေရန်နှင့် သူတို့၏အားနည်းချက်များကို မဖော်ထုတ်မိရန်၊ သူတို့အား စိတ်မထိခိုက်စေရန်ကြိုးစားခဲ့သည်။ ထိုကဲ့သို့နေထိုင်ခြင်းသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် ညီအစ်ကိုမောင်နှမများ၏အမှုတော်တွင် ပြဿနာများရှိသည်ကို သူမ တွေ့ရှိခဲ့သော်လည်း မျက်ကွယ်ပြုခဲ့ပြီး အခြားလူများမကျေမနပ်ဖြစ်မည်ကို စိုးရိမ်ခဲ့သည်။ ပြဿနာတစ်ခုခုကို သူမ ပြောဆိုရသည့်အခါတွင် ဖော့ပြောခဲ့သောကြောင့် ညီအစ်ကိုမောင်နှမများက သူတို့ပြဿနာများ၏ ဆိုးရွားမှုကိုသဘောမပေါက်ဘဲ အသင်းတော်၏အလုပ်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှုများမှတစ်ဆင့် အဆိုပါစာတန်၏အတွေးအခေါ်များအတိုင်း အခြားလူများနှင့်ပေါင်းသင်းဆက်ဆံခြင်းသည် ထိုသူများကို ထိခိုက်စေကြောင်းကို သူမ နားလည်လာခဲ့ပြီး သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း ရိုးသားသည့်လူတစ်ယောက်ဖြစ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စတင်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည်။ ထိုနည်းလမ်းကသာလျှင် စစ်မှန်သည့်လူကောင်းတစ်ယောက်ဖြစ်နိုင်သည့်နည်းလမ်းဖြစ်သည်ကို သူမ သိမြင်ခဲ့သည်။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်