Myanmar Christian Testimony - အပိုင်း ၅၉၈ ကျွန်မအမေ ဆုံးပါးသွားမှန်း သိလိုက်ရပြီးနောက်
01.02.2026
သူမ အသက်တစ်နှစ်မပြည့်ခင်မှာပဲ သူမဖခင်ကို ဆုံးရှုံးခဲ့ရပြီး အမေက သူမနဲ့ သူမ၏မောင်နှမလေးယောက်ကို ဒုက္ခပင်ပန်းကြီးစွာခံပြီး ပြုစုပျိုးထောင်ခဲ့ရတယ်။ ငယ်စဉ်ကတည်းက အမေ့ကို သားသမီးဝတ်ကျေပွန်ဖို့ သူမ သစ္စာပြုခဲ့တယ်။ နောက်ပိုင်းမှာ သူမဟာ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ လွတ်မြောက်လာပြီးနောက်မှာ ရဲတွေရဲ့ စောင့်ကြည့်မှုကို ရှောင်ရှားဖို့ အဝေးမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အမေဆုံးပါးသွားမှန်း သိလိုက်ရတဲ့အခါမှာတော့ သူ့ကို ကောင်းကောင်းမစောင့်ရှောက်ခဲ့ရဘူး၊ နောက်ဆုံးအချိန်မှာတောင် တွေ့ခွင့်မရခဲ့ဘူးလို့ စဉ်းစားပြီး အပြစ်ရှိတဲ့စိတ်နဲ့ အကြွေးတင်တဲ့စိတ်တွေကြားမှာ နေထိုင်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့်သာ သူမဟာ နာကျင်မှုတွေကနေ လွတ်မြောက်ဖို့ လမ်းစကို ရှာတွေ့ခဲ့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ